Friday, January 25, 2013
NLD စည်းရုံးရေးခရီးစဉ် သျှမ်းပါတီ၏အားနည်းချက်ကိုထောက်ပြ စည်းရုံး
Mong muနမ္မတူမြို့နယ် မိုင်းမုအုပ်စု
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးဆင်းရာတွင် သျှမ်းပါတီ ၂ ခု၏အားနည်းချက်ကိုပါ ထည့်သွင်းထောက်ပြပြောဆိုနေကြောင်း ဒေသတွင်းသတင်း ရပ်ကွက်ကဆိုပါသည်။
ပြည်ခိုင်ဖြိုးနဲ့ တပ်ကိုယ်စားလှယ်တွေ ကချင်အရေး အင်အားသုံးဖို့ လိုလား
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတာတွေ အဆုံးသတ်စေရေး ရည်ရွယ်ပြီးတော့ နေပြည်တော်မှာ ကျင်းပတဲ့ လွှတ်တော်တွင်း ဒီကနေ့ ဆွေးနွေးကြပါတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်တွေကတော့ မြန်မာအစိုးရတပ်တွေနဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင်တွေကြားမှာ တိုက်ခိုက်မှုတွေကို နိုင်ငံရေးအရ အဖြေရှာကြဖို့
အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ် ရောက် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ)
ငပလီကမ်းခြေတွင် နော်ဝေ နိုင်ငံသားတဦး ရေနစ်သေဆုံး
စစ်တွေ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်၊ ငပလီ ကမ်းခြေ အမတ ဟိုတယ်အနီးတွင် အသက် ၇၉ နှစ်အရွယ်ရှိ နော်ဝေနိုင်ငံသား Mr.Stabusvia Arnsinn သည် ဇန်နဝါရီလ ၂၃ ရက်နေ့က ရေဆင်းကူးရင်း ရေနစ် သေဆုံးသွားကြောင်း သိရသည်။
UNFC ၏ကြေငြာချက်များအား KNU သဘောမတူ
Photo: UNFC ၏ကြေငြာချက်များအား KNU သဘောမတူ
Friday, January 25, 2013
 UNFC နှစ်ပတ်လည်ညီလာခံတွင် အင်္ဂလိပ်ဘာသာဖြင့်ထုတ်ပြန်ခဲ့သောကြေငြာချက်အပါအ၀င် UNFC  ၏ကြေငြာချက်များအား KNU အဖွဲ့မှ လက်မခံ၊ သဘောမတူကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒို ကွယ်ထူးဝန်းမှ ပြောကြားခဲ့သည်။ ၄င်း UNFC ကြေငြာချက်တွင် အခုအချိန်မှစပြီး လာမယ့် အစိုးရနဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်နဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးကိစ္စများအား UNFC တစ်ဖွဲ့ထဲကနေ ဦးဆောင် သွားမည်ဆိုသော အချက်ကို သဘောမတူကြောင်း KNU အထွေထွေအတွင်းရေးမှူး ဖဒို ကွယ်ထူးဝန်းမှ ပြောကြားခဲ့သည်။ KNU အဖွဲ့မှ အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်ဆက်လက်လုပ်ဆောင်ရန် တစ်ဖွဲ့ခြင်းအနေဖြင့် အစိုးရအား ဆက်လက်တွေ့ဆုံရန် သဘောထားရှိပြီး ၎င်းအတိုင်းပင် ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း  ၎င်းမှ ပြောကြားသွားသည်။ KNU ခေါင်းဆောင်သစ်များအနေဖြင့် ယခင်တပ်ပေါင်းစု များဝင်ရောက်ခဲ့သည့်မူအတိုင်းပင် UNFC နှင့်ဆက်လက် လက်တွဲဆောင်ရွက်သွားမည်ဟုသိရှိရကြောင်း သို့သော် UNFC နှင့်ပတ်သက်၍ အချို့အချက်များအား မေးခွန်းထုတ်စရာ၊ စိစစ်စရာများ ရှိသည်ဟူသော သဘောထားများ KNU အတွင်းတွင်ရှိနေကြောင်း PNLO ဥက္ကဥ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ ပြောကြားခဲ့သည်။ UNFC မှ ချမှတ် ထားသောမူနှင့် KNU ၏ (၁၅) ကြိမ်မြောက်ကွန်ရက်မှ ချမှတ်ထားသည့်မူအကြား ကွဲလွဲမှုမရှိစေရန် ဇန်န၀ါရီလ (၂၁) ရက်နေ့တွင် ဗိုလ်မှူးကြီး ခွန်ဥက္ကဌ ပါဝင်သည့် UNFC ကိုယ်စားလှယ်အဖွဲ့မှ KNU အဖွဲ့အား မဲဆောက်မြို့ တွင် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း လည်းသိရှိရသည်။ 
 UNFC အဖွဲ့သည် အဖွဲ့(၁၁)ဖွဲ့ ဖွဲ့စည်းထားပြီး အဖွဲ့၎ဖွဲ့သာ လက်နက်ကိုင်အင်အား အသင့်အတင့် ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ဖွဲ့စည်းထားသော်လည်း ကျန်အအဖွဲ့များမှာမူ နိုင်ငံတွင်းတွင် ပြောပ လောက်သည့် လက်နက်ကိုင်အဖွဲ့များမရှိကြောင်း သိရှိရသည်။
Ref မဇ္ဈိမ UNFC နှစ်ပတ်လည်ညီလာခံတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန် ခဲ့သောကြေငြာချက်အပါအ၀င် UNFC ၏ကြေငြာချက်များအား KNU အဖွဲ့မှ လက်မခံ၊ သဘောမတူကြောင်း KNU အထွေထွေအတွင်းရေးမှူး
အန္တာတိကတွင် သိပ္ပံပညာရှင်များ ပျောက်ဆုံးလျက်ရှိ
Photo: အန္တာတိကတွင် သိပ္ပံပညာရှင်များ ပျောက်ဆုံးလျက်ရှိ
Friday, January 25, 2013
အန္တာတိကတိုက်တွင် ပျောက်ဆုံးသွားသော ကနေဒါ နိုင်ငံသား (၃)ဦးကို လိုက်လံ ရှာဖွေနေသည့် လုပ်ငန်းများသည် ဆိုးရွားလှသော ရာသီဥတုကြောင့် နှောင့်နှေးနေကြောင်း သိရှိရသည်။
အန္တာတိကတိုက် အရှေ့ဖျား ဒေသအနီးတွင် အရေးပေါ် အကူအညီ တောင်းခံသည့် အချက်ပြမီးကို တွေ့ရှိရသည့်နောက် DC-3 လေယာဉ် တစ်စင်းက သွားရောက် ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် မဖြစ်မနေ 
အခြေစိုက် စခန်းထံ ပြန်လှည့်ခဲ့ရကြောင်း သတင်းများက ဆိုသည်။ 
အဆိုပါ ကနေဒါ နိုင်ငံသားများသည် လေယာဉ် တစ်စင်းနှင့်အတူ အန္တာတိကတိုက်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ 
Planet Myanmar Network အန္တာတိကတိုက်တွင် ပျောက်ဆုံးသွားသော ကနေဒါ နိုင်ငံသား (၃)ဦးကို လိုက်လံ ရှာဖွေနေသည့် လုပ်ငန်းများသည် ဆိုးရွားလှသော ရာသီဥတုကြောင့် နှောင့်နှေးနေကြောင်း သိရှိရသည်။
သတ္တုကဏ္ဍတွင် ရင်နှီးမြှုပ်နှံသူများ ဖိတ်ခေါ်၊ ပြည်ပ ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး
Photo: သတ္တုကဏ္ဍတွင် ရင်နှီးမြှုပ်နှံသူများ ဖိတ်ခေါ်၊ ပြည်ပ ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး
Friday, January 25, 2013
မြန်မာနိုင်ငံ၏ သတ္တုကဏ္ဍတွင် ပြည်တွင်း-ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအား သတ္တုတွင်းဝန်ကြီးဌာနမှ ဖိတ်ခေါ်လျက်ရှိပြီး အမေရိကန်၊ သြစတြေးလျ၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့က စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ
ဆွေးနွေးခဲ့ကြောင်း သိရသည်။
“ပြည်တွင်း-ပြည်ပ ရင်းနှီးမြှုပ်နှံသူများ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန်နှင့် ကူးသန်းရောင်းဝယ်မှု များပြုလုပ်ရန်ဆက်သွယ်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ ခေတ်သစ်စနစ်သစ်ကို အမိအရဆုပ်ကိုင်၍ ဈေးကွက်စီးပွားရေး
စနစ်နှင့် အညီ အကျိုးရှိစွာ ရင်းနှီးမြှုပ်နှံရန် နိုင်ငံပေါင်းစုံမှ ရင်းနှီးမြှုပ်နှံသူ
များအား တာဝန်ယူမှု၊ ပွင့်လင်းမြင်သာရှိမှု၊ လုံခြုံမှုတို့နှင့်အတူ ယုံကြည်စွာဖြင့်
မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ပါတယ်” ဟု သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်အောင် က ဇန်နဝါရီလ ၂၂ ရက်က ဆီဒိုးနားဟိုတယ်၌ ပြုလုပ်ခဲ့သည့် 2nd Myanmar Mining Summit ပွဲ၌ ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်နိုင်ငံ Free Posts ကုမ္ပဏီ၊ သြစတြးလျနိုင်ငံ white Energy ကုမ္ပဏီနှင့် Evolation Mine ကုမ္ပဏီ၊ မလေးရှားနိုင်ငံ Malaysia SMETING Corporation၊ အိန္ဒိယနိုင်ငံ MNDASTUR Co နှင့် တနင်္သာရီ အင်တာနေရှင်နယ် ကုမ္ပဏီတို့မှ စီးပွားရေး လုပ်ငန်းရှင်များ၊ သတ္တုပညာရှင်များအား ထိုနေ့တွင်ပင် တွေ့ဆုံကာ သတ္တုတွင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
“သတ္တုကဏ္ဍမှာ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မှာ ဖြစ်တဲ့အတွက် လူမှုစီးပွားတွေ ဖွံ့ဖြိုးတိုးတက်စေနိုင်မှာပါ။ တဖက်ကလည်း သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိတဲ့ ရေမြေ၊ သစ်တောနဲ့ သတ္တုအရင်းအမြစ်တွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် စနစ်တကျ အဆင့်ဆင့် ပြုလုပ်သွားဖို့ လိုပါတယ်” ဟု ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက သုံးသပ်ပြောကြားသည်။
၂၀၁၂ ခုနှစ်၊ ဧပြီ ၁ ရက်မှ သြဂုတ် ၂၄ ရက်အထိ ပြည်ပနိုင်ငံများသို့ သတ္တုတွင်းထွက် တင်ပို့မှုမှာ နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၆၈.၀၃၄ သန်း၊ ပုဂ္ဂလိက ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၄၈.၃၆၀ သန်း၊ စုစုပေါင်း အမေရိကန် ဒေါ်လာ ၃၁၆.၃၉၄ သန်း တင်ပို့ရောင်းချပြီးဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
ခင်မျိုးသွယ်
မဇ္ဈိမမြန်မာနိုင်ငံ၏ သတ္တုကဏ္ဍတွင် ပြည်တွင်း-ပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများအား သတ္တုတွင်းဝန်ကြီးဌာနမှ ဖိတ်ခေါ်လျက်ရှိပြီး အမေရိကန်၊ သြစတြေးလျ၊ မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့က စီးပွားရေးလုပ်ငန်းရှင် များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
သစ်ရွက်လိပ်ပြာ
Photo: သစ်ရွက်လိပ်ပြာ
Friday, January 25, 2013
လိပ်ပြာရယ်မလို့မဟုတ်ပဲ ဓားခုတ်ကောင်လို့ မြန်မာခေါ်ခေါ်တဲ့ အင်းဆက်မျိုး ဖြစ်ပါတယ်။ နာမည်အပြည့်အစုံကတော့ Phyllidae လို့ခေါ်ပါတယ်။
တောင်အာရှ၊ အရှေ့ တောင်အာရှ နဲ့ သြစတေးလျတို့ထိ တွေ့မြင်နိုင်တဲ့ အင်းဆက် သတ္တဝါ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာလည်း ရှိနေတတ် ပါတယ်။ တကယ့် သစ်ရွက်များနဲ့ ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားပါတယ်။ အတောင်တွေက အစ တကယ့် သစ်ရွက်ပါပဲ။
walking leaves လို့လည်းခေါ်ပါတယ်။ တစ်ကောင်နဲ့တစ်ကောင် ပုံစံချင်းလည်း မတူပါဘူး။ အကောင်လို့တောင် ထင်ချင်စရာ မရှိပဲ အရွက်များနဲ့ စုဖွဲ့ထားတဲ့ Phyllidae ကို ယခုလို မြင်တွေ့ ရပါတယ်။
--
Ref:wiki
International news for myanmar လိပ်ပြာရယ်မလို့မဟုတ်ပဲ ဓားခုတ်ကောင်လို့ မြန်မာခေါ်ခေါ်တဲ့ အင်းဆက်မျိုး ဖြစ်ပါတယ်။ နာမည်အပြည့်အစုံကတော့ Phyllidae လို့ခေါ်ပါတယ်။
တိုင်ကြားသည်ကိုအေ၇းမယူပါက အရေးမယူသည့်ဌာနကိုပါ အရေးယူမည်
Photo: တိုင်ကြားသည်ကိုအေ၇းမယူပါက အရေးမယူသည့်ဌာနကိုပါ
အရေးယူမည်
Friday, January 25, 2013
ခရီးသွားပြည်သူများအနေ ဖြင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များက မခြေမငံဆက်ဆံခြင်း၊ ရိုင်းပြစွာပြောဆိုနေခြင်းများကို တိုင်ကြား
လာသော်လည်း တိုင် ကြားခံရသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်
များအား အရေး ယူဆောင်ရွက်ပေးခြင်းမရှိပါက တိုင်ကြားခဲ့သည့် ဖုန်းနံပါတ်၊နေ့ ရက်၊အချိန်ဌာနပါဖော်ပြ၍ ယာဉ် မောင်းနှင့်ယာဉ်နောက်လိုက်
အပြင် တိုင်ကြားခဲ့သည်ကိုအရေးယူ ဆောင်ရွက်ပေးခြင်းမရှိသည့် ဌာန ကိုပါ တိုင်ကြားနိုင်ကြောင်း ဇန် န၀ါရီ ၂၄ရက်ကပြုလုပ်ခဲ့သော မီဒီယာများနှင့် မထသ ဗဟိုတွေ့ ဆုံပွဲတွင်တာဝန်ရှိသူတစ်ဦးကပြော ကြားသည်။
““ဒါကို အဘတို့ဆီကို ဖုန်းနဲ့ လည်း တိုင်တယ်။စာနဲ့လည်းတိုင် တယ်။အဲဒါတွေအားလုံးကို အဘ တို့ မထသဗဟိုကနေ ထိရောက် စွာအရေးယူဆောင်ရွက်ပေးနေ တယ်။အဓိကအဖြစ် အဘတို့ဆီ က အတွင်းရေးမှူးကိုတာဝန်ပေး ပြီးတော့ အဲလိုတိုင်တာတွေ အား လုံးကိုဖြေရှင်းပေးနေတယ်။ခရီး သွားပြည်သူတွေတိုင်တဲ့အတိုင်းပဲ အဘတို့ကထိရောက်စွာအရေးယူ ပေးနေတယ်။အဘတို့ မထသ 
Website ကနေလည်း ဓာတ်ပုံနဲ့ တကွတိုင်နိုင်တယ်။တစ်ခုပဲရှိတယ် ခရီးသွားပြည်သူတွေအပေါ်ကို ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက် တွေက ဒီလိုဆက်ဆံတယ်။ ဒါကို တိုင်ကြားခံရတဲ့ဌာနက ယာဉ် မောင်းနဲ့ယာဉ်
နောက်လိုက်ကိုပါ အရေးမယူဘူးဆိုရင် တိုင်ကြားတဲ့ ဌာနကိုပါဖော်ပြပြီး အဘတို့ မထသဗဟိုကိုဆက်တိုင်ပါ ဒါကို ထိရောက်စွာအရေးယူ
ဆောင်ရွက် ပေးသွားမယ်””ဟု ပြောကြားခဲ့ သည်။
ခရီးသွားပြည်သူများကို ယာဉ် မောင်းနှင့်ယာဉ်နောက်လိုက်များ က မချေမငံဆက်ဆံခြင်း၊ရိုင်းပြစွာ ပြောဆိုခြင်းများပြုပါက တိုင်ကြား
နိုင်ရန်အတွက် ဖုန်းနံပါတ်များကို ယာဉ်လိုင်းအသီးသီးရှိယာဉ်များ တွင်ရေးသားဖော်ပြထားကြောင်း သိရသည်။
ဖြိုးအောင်
The Hot News ခရီးသွားပြည်သူများအနေ ဖြင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များက မခြေမငံဆက်ဆံခြင်း၊ ရိုင်းပြစွာပြောဆိုနေခြင်းများကို တိုင်ကြား
ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲကျင်းပမည်
Photo: ရိုးမရန်ကုန်အပြည်ပြည်ဆိုင်ရာမာရသွန်ပြိုင်ပွဲကျင်းပမည်
Friday, January 25, 2013
ရန်ကုန်မြို့တွင် ပထမဆုံးကျင်းပသော ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ တွင် နိုင်ငံပေါင်း ၂၀မှ အပြေးသမား ၅၀၀ခန့် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ယင်းပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီမှသိရသည်။
“အာဖရိက နဲ့ဥရောပနိုင်ငံတွေက အားကစားသမားတွေ လာရောက်ယှဉ်ပြိုင် မှာပါ။ပြိုင်ပွဲဝင်ကြေးတွေအားလုံးကို ပရဟိတ အဖွဲ့အစည်းများကို လှူဒါန်းပါမယ်” ဟု ကော်မတီဝင်တစ်ဦးဖြစ်သူဦးသိန်းဆွေက ပြောသည်။
၎င်းပြိုင်ပွဲတွင် ၄၂ ကီလိုမီတာ ၊ ၁၀ ကီလိုမီတာ နှင့် ၃ ကီလိုမီတာ အပျော်တမ်း ပြိုင်ပွဲများပါဝင်မည်ဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင် လိုသူများ အနေဖြင့် ၀င်ကြေး ၅၀၀၀ ကျပ်ဖြင့် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်ရှိ ဂရမ်းမီးရထား ဟိုတယ်၌ စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။
၎င်းပြိုင်ပွဲအား ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် First Myanmar Investment ( FMI )တို့ပူးပေါင်းကာ ကျင်းပမည်ဖြစ်သည်။
နိုင်ငံတကာ မာရသွန်ပြိုင်ပွဲတွင် သတ်မှတ်ကီလိုမီတာများအလိုက် အမြင့်ဆုံးဆုကြေး ၂၅၀၀ ဒေါ်လာမှ အနိမ့်ဆုံး ၁၀၀ ဒေါ်လာအထိ သတ်မှတ်ထားကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီကပြောကြားသည်။
ညွန့်ဝင်း ၊ပြည့်ဖြိုး
Popular Myanmar News Journalရန်ကုန်မြို့တွင် ပထမဆုံးကျင်းပသော ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ တွင် နိုင်ငံပေါင်း ၂၀မှ အပြေးသမား ၅၀၀ခန့် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု ယင်းပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီမှ သိရ သည်။
ဟာဝိုင်ယီတွင် ဒေါ်အောင်ဆန်းစုကြည် ရိုတေရီ ငြိမ်းချမ်းရေးဆု သွားရောက် ရယူ
Photo: ဟာဝိုင်ယီတွင် ဒေါ်အောင်ဆန်းစုကြည် ရိုတေရီ ငြိမ်းချမ်းရေးဆု 
သွားရောက် ရယူ
Friday, January 25, 2013
မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်
ယမန်နေ့က ရန်ကုန်မှ ဟာဝိုင်ယီသို့ သွားရောက်ကာ ရိုတေရီ ငြိမ်းချမ်းရေးဆု ကို သွားရောက်ရယူမည်ဖြစ်ကြောင်း
သိရသည်။
မြန်မာ့လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်သည်
ဟာဝိုင်ယီတွင် ရိုတေရီ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးဖိုရမ်
ဆွေးနွေးပွဲ တက်ရောက်ပြီး နောက် လူ့အခွင့်အရေးနှင့်
အကြမ်းမဖက် လှုပ်ရှားမှုတို့အတွက် ရိုတေရီ ငြိမ်းချမ်းရေးဆု လက်ခံရယူမည် ဖြစ်သည်။
ယခုခရီးစဉ်သည် ဒေါ်စုအတွက် အမေရိကန်၏ ကျွန်းပြည်နယ် တစ်ခုဖြစ်သော ဟာဝိုင်ယီသို့ ပထမဆုံးခရီးစဉ် ဖြစ်သည်။
ရိုတေရိအဖွဲ့သည် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်
ထားမှု အကူအညီပေးရေးအဖွဲ့ကြီးဖြစ်ကာ အဖွဲ့ဝင် ၁ ဒဿမ
၂ သန်းခန့် ရှိ သည်။
ဆုလက်ခံပြီးနောက် ဒေါ်စုသည် တောင်ကိုးရီးယားတွင်
ကျင်းပမည့် ၂၀၁၃ ဆောင်းရာသီအိုလံပစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည် ဖြစ်သည်ဟု သိရသည်။
REF: AP
PHOTO: Thet Htoo
The Myanma Age မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့က ရန်ကုန်မှ ဟာဝိုင်ယီသို့ သွားရောက်ကာ ရိုတေရီ ငြိမ်းချမ်းရေးဆုကို သွားရောက်ရယူမည်ဖြစ်ကြောင်း သိရသည်။
ရှူတဲ့လေနဲ့ ဖုန်းအားသွင်းမယ့် AIRE mask
ရှူတဲ့လေနဲ့ ဖုန်းအားသွင်းမယ့် AIRE mask
အနာဂတ်မှာ လျှပ်စစ်ဓာတ်အားကို ဘယ်လိုထုတ်ရမလဲလို့ စဉ်းစားရင်း၊ တီထွင်ရင်း နောက်ဆုံးတော့ ရှူတဲ့လေကိုတောင် အလွတ်မပေးတော့ပဲ ဖန်တီး သူတို့က AIRE mask ဆိုပြီး ထုတ်ဖော်ပြသပါတယ်။
ဘယ်သွားသွား၊ ဘယ်လာလာ ဖုန်းအားသွင်းလို့ရပါမယ်။ ပါးစပ်နဲ့ နှားခေါင်းကို ဖုံးထားမယ့် ယင်း လေရှူမျက်နှာဖုံးမှာ တာဘိုင်သေးသေး လေးပါပါတယ်။ ယင်း တာဘိုင်ဟာ ရှူတဲ့လေ၊ ထုတ်တဲ့လေကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။
iPhone နဲ့ iOS သုံး iPad,iPod တို့မှာ အသုံးပြုလို့ရမယ်လို့ဆိုပါတယ်။ ယင်း ဒီဇိုင်းကို ၂၀၁၂ ခုနှစ်ကတည်းက ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ သို့ပေမ့် မဝေးတော့ပါဘူး။ လေစွမ်းအင်သုံး လျှပ်စစ် ပန်ကာတာဝါတိုင်ကြီးများ ကိုပဲ ပြန်လည်အခြေခံထားတာ ဖြစ်ပါတယ်။ ဒီမှာတော့ မျက်နှာဖုံး အစွပ်ထဲ မှာပဲ လိုအပ်တဲ့ ပစ္စည်းများကို ရှုံပြီး ထည့်ရုံပဲ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်အတွင်း ထွက်ရှိလာနိုင်မယ့် Gadget တစ်ခုဖြစ်ပြီး Android OS များအတွက်ပါ ထုတ်လုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
http://blog.techspace.com.mm/2013/01/aire-mask.html
အေးချမ်းမွန်မှ  TechSpace Journal တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
အနာဂတ်မှာ လျှပ်စစ်ဓာတ်အားကို ဘယ်လိုထုတ်ရမလဲလို့ စဉ်းစားရင်း၊ တီထွင်ရင်း နောက်ဆုံးတော့ ရှူတဲ့လေကိုတောင် အလွတ်မပေးတော့ပဲ ဖန်တီး သူတို့က AIRE mask ဆိုပြီး ထုတ်ဖော်ပြသပါတယ်။
ယာသီးနှံ စိုက်ပျိုးစရိတ် ချေးငွေ တစ်ဧက နှစ်သောင်းတိုးမြှင့် သတ်မှတ်
ယာသီးနှံများဖြစ်သော မြေပဲ ၊ နှမ်း ၊ နေကြာ ၊ ပဲမျိုးစုံ ၊ အစေ့ထုတ်ပြောင်း ၊ ဝါစိုက်ပျိုးသည့် တောင်သူများ စိုက်ပျိုးစရိတ်ကာမိစေရန် လာမည့် ၂၀၁၃ - ၂၀၁၄ ဘဏ္ဍာနှစ်မှစတင်ကာ တစ်ဧကလျင် ကျပ် တစ်သောင်းမှ ကျပ်နှစ်သောင်းသို့ တိုးမြှင့်ထုတ်ချေးပေးမည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရှိရသည်။
လဂျားယန် ဒေသသို့ ရောက်ရှိ လာသော အရပ်ယာဉ် တစ်စီးအား မလိုလား အပ်သည့် ထိခိုက် မှုများ မဖြစ် စေရန် အတွက် ပြန်လည် စေလွှတ်ခဲ့
လဂျားယန် ဒေသသို့ ရောက်ရှိ လာသော အရပ်ယာဉ် တစ်စီးအား မလိုလား အပ်သည့် ထိခိုက် မှုများ မဖြစ် စေရန် အတွက် ပြန်လည် စေလွှတ်ခဲ့
မြစ်ကြီးနား- ဗန်းမော် ကားလမ်း ပေါ်ရှိ ဒေါ့ဖုန်းယန် မြို့သို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီခွဲ ခန့်က မြန်မာ့ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်မှ ကိုနေမျိုးဇင် အပါအဝင် လူငါးဦးသည် လိုက်ထရပ် ယာဉ် အမှတ် (၂င/ ၆၈၁၃) ဖြင့် ရောက်ရှိ လာပြီး ကချင် ပြည်နယ် အတွင်း တိုက်ပွဲကြီး/ ငယ်ဖြစ်ပေါ် လျက်ရှိသည့် လဂျားယန် ဒေသမှ တစ်ဆင့် KIA ဌာနချုပ် ရှိရာ လိုင်ဇာသို့ သွားရောက်လိုသည့် အကြောင်း ပြချက်ဖြင့် တာဝန် ရှိသူများ တားဆီး သည့် ကြားမှ ဆက်လက် ထွက်ခွာခဲ့သည်။
အဆိုပါ နယ်မြေသည် လုံခြုံရေး အရ တည်ငြိမ်မှု မရှိသေးခြင်း၊ KIA အကြမ်းဖက် အဖွဲ့များ၏ မိုင်းအန္တရာယ်များ များပြားလျက် ရှိခြင်းတို့ကြောင့် မလိုလား အပ်သည့် ဆုံးရှုံးမှုမျိုး ထိခိုက် ဒဏ်ရာ ရရှိစေခြင်း မဖြစ်စေရေး အလို့ငှာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါ ယာဉ်အား ဒေါ့ဖုန်းယန်မြို့ မြောက်ဘက် ၅ မိုင်ခန့် အကွာတွင် လာရာလမ်းသို့ ကောင်းမွန်စွာ တားဆီး ရှင်းပြလျက်  ပြန်လည် စေလွှတ်ခဲ့ကြောင်း သတင်း ရရှိသည်။
http://bit.ly/VaH9NW
မြစ်ကြီးနား- ဗန်းမော် ကားလမ်း ပေါ်ရှိ ဒေါ့ဖုန်းယန် မြို့သို့ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် နံနက် ၁၁ နာရီခွဲ ခန့်က မြန်မာ့ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေး ကွန်ရက်မှ ကိုနေမျိုးဇင်အပါအဝင် လူငါးဦးသည် လိုက် ထရပ်ယာဉ်အမှတ် (၂င/ ၆၈၁၃) ဖြင့် ရောက်ရှိလာပြီး ကချင် ပြည် နယ်အတွင်း တိုက်ပွဲကြီး/ ငယ်ဖြစ်ပေါ် လျက်ရှိသည့် လဂျားယန် ဒေသ
လိုင်ဇာ စစ်ပြေးဒုက္ခသည် ကလေးများ ဝမ်းရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာ
လိုင်ဇာ စစ်ပြေးဒုက္ခသည် ကလေးများ ဝမ်းရောဂါ ဖြစ်ပွားမှု ပိုမိုများပြားလာ
ဇန်နဝါရီလ ၂၅ ရက် ၂၀၁၃ ခုနှစ် 
ကချင်လွတ်မြောက်ရေးဌာနချုပ် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည် တနှစ်အောက်ကလေးငယ်များ ဝမ်းရောဂါ ဖြစ်ပွားမှု များပြားလာပြီး ယခုလအတွင်း သေဆုံးသူ အနည်းဆုံး ၇ ဦး ရှိနေပြီဟု လိုင်ဇာပြည်သူ့ဆေးရုံမှ ကလေးအထူးကု ဆရာဝန် ဒေါက်တာ ဆိုင်းမိုင်က ပြောသည်။ 
ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းမှ စတင်ဖြစ်ပွားခဲ့သော်လည်း ဇန်နဝါရီလတွင် ဝမ်းရောဂါ ဖြစ်ပွားမှု ပိုမို ပြင်းထန်လာ
ပြီး ၂၀ ရက်နေ့မှ ယနေ့ ၂၄ ရက်နေ့ထိ ကလေးငယ် ၃ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ 
“ဒီနေ့ ဆုံးသွားတဲ့ ကလေးက မျက်ဖြူလန်သွားတယ်။ တကိုယ်လုံး အရည်ဓါတ် ခန်းခြောက်ပြီး အဖျား ၄၀၊ ၄၁ ဒီကရီထိ တက်ပြီး ဆုံးသွားတယ်။ ဒီရောဂါက အရမ်း မြန်နေတယ်။ နှစ်ရက် သုံးရက်ဆိုရင် သေဆုံးသွားတယ်။ ဒီနေ့ ဆုံးတဲ့ ကလေး ကလဲ ဆေးတောင် မကုရသေးဘူး။ ရောက်တာနဲ့ ဆုံးသွားတယ်”ဟု ကလေးဆရာဝန် ဆိုင်းမိုင်ကပြောသည်။ 
ယနေ့ ကြာသာပတေးနေ့မှာဘဲ လိုင်ဇာမြို့ ဝိုင်ချိုင်ရပ်ကွက်မှ စစ်ပြေးဒုက္ခသည်စခန်းမှ ကလေးတဦး ထပ်မံ သေဆုံး
ခဲ့ပြီး ယနေ့တနေ့ထဲတင် ဝမ်းရောဂါ ခံစားနေရသူ ကလေး ၄ ဦး လိုင်ဇာဆေးရုံသို့ ထပ်မံ ရောက်ရှိလာနေသည်ဟု ၎င်းက မဇ္စျိမသို့ပြောသည်။
အဓိကအားဖြင့် ကလေးငယ်များ အာဟာရချို့တဲ့ခြင်း အပါအဝင် ဒုက္ခသည်စခန်းအတွင်း ကြပ်ကြပ်တည်းတည်း
နေထိုင်ရခြင်းနှင့် ပတ်ဝန်းကျင် သန့်ရှင်းမှု မရှိခြင်းတို့ကြောင့် ဖြစ်နိုင်သည်ဟု ကလေးဆရာဝန်က သုံးသပ်ပြောဆိုသည်။
ထို့ပြင် ကလေးငယ်များ သေဆုံးမှု မြန်ဆန်လာသဖြင့် ထူးဆန်းသည့် ဝမ်းရောဂါ ဖြစ်ပြီး အစိုးရနှင့် KIA တို့အကြား တိုက်ပွဲများ တနှစ် ကျော်ကြာ ဖြစ်ပွားနေသော လက်နက် ခဲယမ်း ဓါတ်ငွေ့များကြောင့် ဖြစ်နိုင်သည်ဟု ယူဆသော်လည်း လက်တွေ့ သုတေသန မပြုလုပ်နိုင်ကြောင်း သူက ဆက်ပြောသည်။ 
လက်ရှိ လိုင်ဇာဆေးရုံတွင် ၁၀ ဦးကျော် ဆေးကုသမှုခံယူပြီး တခြားဒုက္ခသည်စခန်းအတွင်း ဆေးကုသနေသူ အနည်းဆုံး ၁၀၀ ကျော် ဖြစ်ပွားနေသည်ဟု သိရသည်။ 
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တရုတ်နယ်စပ် ဂျယ်ယန်း ဒုက္ခသည်စခန်းအတွင်းမှ ကလေးများသာ ပိုမိုဖြစ်ပွားခဲ့သော်
လည်း ယခု နောက်ပိုင်း လိုင်ဇာမြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည် ကလေးများလည်း ဖြစ်ပွားမှု ပြန့်နှံ့လာနေခြင်း ဖြစ်သည်။ 
(Mizzima)
ဒေသတည်ငြိမ်မှုမရှိ၍ မြစ်ကြီးနားနဲ့ဝိုင်းမော်မှာ လျှပ်စစ်မီးများ ဆက်လက်ပြတ်တောက်
Photo: ဒေသတည်ငြိမ်မှုမရှိ၍ မြစ်ကြီးနားနဲ့ဝိုင်းမော်မှာ လျှပ်စစ်မီးများ ဆက်လက်ပြတ်တောက်
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ ကစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော် မြို့နယ်တွေမှာ လျှပ်စစ်မီးမရတာ ဒီကနေ့ဆိုရင် တစ်လပြည့်သွားပြီ ဖြစ်ပေမယ့် မီးပုံမှန်အတိုင်း ပြန်လည်ပေးနိုင်ဖို့ကတော့ အစိုးရနဲ့ ကေအိုင်အေ တို့နှစ်ဖက်ကြားက တိုက်ပွဲတွေအပေါ်မှာ မူတည်နေတယ် လို့ အဲဒီဒေသကို လျှပ်စစ်ဖြန့်ဖြူးနေတဲ့ ဘူးဂါးကုမ္ပဏီက RFA ကို ပြောပါတယ်။ 
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကန်တော်ယန်ကျေးရွာ မှာရှိတဲ့ ဘူးဂါးကုမ္ပဏီပိုင် မလိရေအားလျှပ်စစ် စက်ရုံနားတစ်ဝိုက်မှာ လုံခြုံရေး အခြေအနေမရှိမှု၊ မြေမြှုပ်မိုင်း အန္တရာယ်တွေအပြင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က နှစ်ဖက်တိုက်ပွဲကြောင့် ပျက်စီးခဲ့ရတဲ့ ဓာတ်တိုင်နဲ့ ဓာတ်ကြိုးတွေကို မပြင်ဆင်နိုင်သေးတဲ့အတွက် လျှပ်စစ်မီး ပုံမှန်အတိုင်း ပြန်လည်ဖြန့်ဖြူးပေးဖို့ အတိအကျ မပြောနိုင်သေးဘူးလို့ ဘူးဂါးကုမ္ပဏီရဲ့ လျှပ်စစ်မီး ဖြန့်ဖြူးရေးမန်နေဂျာ ဦးဇာမဲခင် က RFA ကို အခုလိုပြောပါတယ်။
"တိုက်ပွဲတွေ မရှိတော့ဘူးဆိုရင် တိုင်နှစ်တိုင်ကို အဆင်သင့်လဲဖို့ သံတိုင်တွေကို စီစဉ်ထားတယ်၊ အခုအဲဒီမှာ အရပ်သားဆိုတော့ လွတ်လွတ်လပ်လပ် သွားလို့မရတော့၊ မိုင်းတွေလည်း ထောင်ထားတော့ အဲဒီပတ်ဝန်းကျင်ကို သွားလို့မရတော့ ဒီအတိုင်းပဲ အဆင်သင့်စောင့်နေတဲ့ အနေအထားပဲ ရှိပါတယ်"
ဒီအတောအတွင်း ပျက်စီးသွားတဲ့ ဓာတ်တိုင်နဲ့ ဓာတ်ကြိုးတွေကို မပြင်ဆင်နိုင်သေးတဲ့ အခိုက်အတန့် ကာလမှာတော့ ဘူးဂါးကုမ္ပဏီက ၅၀၀ကေဗွီအေ အင်ဂျင်စက် ၃လုံးနဲ့ အချိန်ပိုင်းအလိုက် မီးပေးဖို့ စီစဉ်နေတယ်လို့ ဦးဇာမဲခင်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ကစပြီး မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ နယ်တွေမှာ လျှပ်စစ်မီးမရတာ ဒီကနေ့ဆိုရင် တစ်လပြည့်သွား ပြီ ဖြစ်ပေမယ့် မီးပုံမှန်အတိုင်း ပြန်လည်ပေးနိုင်ဖို့ကတော့ အစိုးရ နဲ့ ကေအိုင်အေ တို့နှစ်ဖက်ကြားက တိုက်ပွဲတွေအပေါ်မှာမူတည်နေ တယ်လို့ အဲဒီဒေသကို လျှပ်စစ်ဖြန့်ဖြူးနေတဲ့ ဘူးဂါးကုမ္ပဏီက RFA ကို ပြောပါတယ်။