Saturday, February 28, 2015

မအူပင်မြို့နယ်မှ ဆရာ၊ ဆရာမ လစာငွေများတွင် ကျပ်သိန်းငါးဆယ်မှာ စက္ကူအဖြူများဖြစ်နေဟုဆို

မအူပင်မြို့နယ်အတွင်း ရှိ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများအား လစာထုတ်ပေး ရန် မြန်မာ့စီးပွားရေးဘဏ်(မအူ ပင်)မှ ကျပ်သိန်းနှစ်ထောင်ခန့်ထုတ်ယူခဲ့ရာ ကျပ်သိန်းငါးဆယ် ခန့်မှာ စက္ကူအဖြူများ ဖြစ်နေ သောကြောင့် ဆရာ၊ဆရာမများ လစာလျှော့ယူခဲ့ရကြောင်း သ တင်းရရှိသည်။

ဖေဖော်ဝါရီ ၂၇ရက်က မအူ ပင်မြို့နယ်အတွင်းရှိ ဆရာ၊ဆရာ မ၀န်ထမ်း ၁,၅၁၄ ဦးကို လစာ ထုတ်ပေးရန် မအူပင်မြို့နယ်ဒုပ ညာရေးမှူးဦးမြင့်စိုးနှင့် ဆရာ၊ဆ ရာမ ငါးဦးသည် မြန်မာ့စီးပွားရေး ဘဏ်(မအူပင်)မှ ငွေကျပ်သိန်း နှစ်ထောင်ခန့် ထုတ်ယူခဲ့သည်။

ပင်မသပိတ်စစ်ကြောင်း မတ်လ ၁ ရက် ရန်ကုန်သို့ ချီတက်လာမည်

လက်ပံတန်းမြို့တွင် ရပ်နားထားသော ပင်မသပိတ်စစ်ကြောင်းသည် သတ်မှတ်တောင်းဆိုထားသည့်ရက် အတွင်း အမျိုးသားပညာရေးဥပဒေကို အတည်ပြုပေးနိုင်သော တိကျခိုင်မာသည့် တစ်စုံတစ်ရာမရရှိသော ကြောင့် မတ်လ ၁ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ချီတက်မည်ဟု ပင်မသပိတ် ကျောင်းသား ခေါင်းဆောင်များကပြောသည်။
မန္တလေးမှ ရန်ကုန်သို့ ခရီး ရှည်ချီတက်လာသော ပင်မသပိတ်စစ်ကြောင်းသည် အခြေခံပ ညာကျောင်းများ စာမေးပွဲဖြေဆို ချိန်အတွင်း သပိတ်စစ်ကြောင်း ရောက်ရှိသည့် လက်ပံတန်းမြို့ တွင် ဖေဖော်ဝါရီ ၁၈ရက်မှစတင် ကာ ၁၉ရက် ရပ်နားခဲ့သည်။ ထိုသို့ ရပ်နားချိန်အတွင်း အမျိုးသားပ ညာရေးဥပဒေကို အတည်ပြုပေးရန် တောင်းဆိုထားပြီး အတည်ပြုပေးနိုင်သော တိကျခိုင်မာသည့် ရလဒ်တစ်စုံတစ်ရာရရှိရန် တောင်းဆိုခဲ့သည်။

ကရင်ပြည်နယ်တွင် အစိုးရတပ်နှင့် စောဆန်းအောင်အဖွဲ့ တိုက်ပွဲပြင်းထန်

အစိုးရတပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့တို့နှင့် ဒီကေဘီအေက ထုတ်ပယ်လိုက်သည့် စောဆန်း အောင်၏ လက်နက်ကိုင်အဖွဲ့ တို့အကြား ကရင်ပြည်နယ်၊ ကြာ အင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ထိခိုက် ကျဆုံးမှုများရှိကြောင်း သတင်း ရရှိသည်။
ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံကျေးရွာအုပ်စုတွင် ဖေ ဖော်ဝါရီ ၂၇ ရက် နံနက်မှစတင် ကာ ယင်းနေ့တစ်နေ့လုံး တိုက်ပွဲ များ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။ဖေဖော်ဝါရီ ၂၇ရက်ညနေ အထိ တပ်မတော်မှတစ်ဦးနှင့် နယ်ခြားစောင့်တပ်မှ နှစ်ဦးကျဆုံး ခဲ့ပြီး စောဆန်းအောင်၏အဖွဲ့မှ ကျဆုံးစာရင်းမသိရသေးသော် လည်း လက်နက်နှင့်အတူအစိုးရ တပ်က လူတစ်ဦး ဖမ်းဆီးထား နိုင်ကြောင်းသတင်းရရှိသည်။

ဓားဖြင့် ခုတ် လုယက်ခံရသော စပိန်နိုင်ငံသားကို ပြန်တွေ့

ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသနေရင်း ပျောက်ဆုံး သွားသော စပိန်နိုင်ငံသားသည် ဆာကူရာဆေးရုံ၌ ဆေးကုသ နေသည်ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက်က ပြန်တွေ့ရှိခဲ့ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းကြည်ကပြောကြားသည်။
ပဲခူးမြို့အထွက် ဘဏ္ဍာ ကုန်းကျေးရွာအနီးတွင် ဓားဖြင့် ခုတ်ခံရခြင်းကြောင့် ဒဏ်ရာ အ ပြင်းထန်စွာ ရရှိထားသော စပိန်နိုင်ငံသားသည် ဖေဖော်ဝါရီ ၂၅ရက်၌ ရန်ကုန်ဆေးရုံကြီးမှထွက် ပြေးသွားပြီး ပျောက်ဆုံးနေခြင်း ဖြစ်ပြီး ဆာကူရာဆေးရုံတွင် ပြန် လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပညာရေးဝန်ထမ်းများအတွက် မအူပင် မြန်မာ့စီးပွားရေးဘဏ်မှ လစာငွေထုတ်ယူရာတွင် ကျပ်ငါးထောင်တန် ငွေစက္ကူအုပ်များအတွင်း စက္ကူဖြူများ ပါဝင်နေဟုဆို

မအူပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအတွက် လစာငွေများကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁ဝ နာရီခန့်တွင် မအူပင်မြို့နယ် ဒုမြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ သွားရောက်ထုတ်ယူရာ ယူဆောင်လာသည့် လစာငွေကျပ် သိန်းနှစ်ထောင်ကျော်အနက် ငါးထောင်ကျပ်တန် ငွေစက္ကူဆယ်ထုတ်တွင် စက္ကူအဖြူများပါ ရောနှောပါဝင်နေသည်ဟု မအူပင်မြို့နယ်ပညာရေးဌာနမှ သတင်းရရှိသည်။ ဖြစ်စဉ်မှာ အဆိုပါနေ့တွင် မအူပင်မြို့နယ် ကမ်းနားလမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများကို လစာငွေများ ထုတ်ပေးရန်အတွက်ဆိုကာ ဒုမြို့နယ်ပညာရေးမှူးနှင့် တာဝန်ကျဆရာ၊ ဆရာမ ငါးဦးအဖွဲ့မှ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း ၁၅၁၄ ဦးအတွက် လစာငွေ စုစုပေါင်း ကျပ် ၂ဝ၁ဝ သိန်းကျော်ကို ထုတ်ယူခဲ့ကြောင်း၊ ယင်းသို့ ထုတ်ယူရာတွင် လစာငွေများကို တစ်အုပ်ခြင်း စိစစ်ခြင်းမပြုခဲ့ဘဲ ပိုက်ဆံအုပ်အရေအတွက်ကိုသာ စိစစ်ခဲ့ကြောင်း၊ ယင်းငွေများကို ဒုမြို့နယ်ပညာရေးမှူး ဦးမြင့်စိုးမှ သက်ဆိုင်ရာ နယ်မြေတာဝန်ခံများထံ ခွဲဝေပေးခဲ့ကြောင်း၊ နယ်မြေတာဝန်ခံများထံသို့ လစာငွေများ

ပညာရေးဝန်ထမ်းများအတွက် မအူပင် မြန်မာ့စီးပွားရေးဘဏ်မှ လစာငွေထုတ်ယူရာတွင် ကျပ်ငါးထောင်တန် ငွေစက္ကူအုပ်များအတွင်း စက္ကူဖြူများ ပါဝင်နေဟုဆို

မအူပင်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများအတွက် လစာငွေများကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁ဝ နာရီခန့်တွင် မအူပင်မြို့နယ် ဒုမြို့နယ် ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ သွားရောက်ထုတ်ယူရာ ယူဆောင်လာသည့် လစာငွေကျပ် သိန်းနှစ်ထောင်ကျော်အနက် ငါးထောင်ကျပ်တန် ငွေစက္ကူဆယ်ထုတ်တွင် စက္ကူအဖြူများပါ ရောနှောပါဝင်နေသည်ဟု မအူပင်မြို့နယ်ပညာရေးဌာနမှ သတင်းရရှိသည်။   ဖြစ်စဉ်မှာ အဆိုပါနေ့တွင် မအူပင်မြို့နယ် ကမ်းနားလမ်းရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်းများကို လစာငွေများ ထုတ်ပေးရန်အတွက်ဆိုကာ ဒုမြို့နယ်ပညာရေးမှူးနှင့် တာဝန်ကျဆရာ၊ ဆရာမ ငါးဦးအဖွဲ့မှ မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း ၁၅၁၄ ဦးအတွက် လစာငွေ စုစုပေါင်း ကျပ် ၂ဝ၁ဝ သိန်းကျော်ကို ထုတ်ယူခဲ့ကြောင်း၊ ယင်းသို့ ထုတ်ယူရာတွင် လစာငွေများကို တစ်အုပ်ခြင်း စိစစ်ခြင်းမပြုခဲ့ဘဲ ပိုက်ဆံအုပ်အရေအတွက်ကိုသာ စိစစ်ခဲ့ကြောင်း၊ ယင်းငွေများကို ဒုမြို့နယ်ပညာရေးမှူး ဦးမြင့်စိုးမှ

အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးအား နေပြည်တော်စည်ပင်တရားရုံးမှ ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး အသက် ၈၂ နှစ် အရွယ် အဘွားအိုတစ်ဦးအား ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲဆိုထား


နေပြည်တော်ကောင်စီနယ်မြေ သမ္မတ တိုက်ရိုက်အုပ်ချုပ်သည့်နယ်မြေတွင် အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအိုတစ်ဦးအား စည်ပင်ပုဒ် မ ၂၆ ဖြင့် နေပြည်တော်စည်ပင်တရားရုံးမှ တရားသူကြီး ဒေါ်မိမိသန်းက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ပြီး အသက် ၈၂ နှစ်အရွယ် အဘွားအိုတစ်ဦးအား ပုဒ်မ ၂၇ ဖြင့် ထပ်မံတရားစွဲဆိုထားကြောင်း သိရသည်။   လယ်ဝေးမြို့နယ်၊ နယ်မြေ ၁၆၊ အမှတ် ၆ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၈၈ နှစ်အရွယ် ဒေါ်တင်လှိုင်အား နေပြည်တော်စည်ပင်မှ ကျူးကျော်အဖြစ်သတ်မှတ်ကာ ယခုလို ထောင်ဒဏ်ချမှတ်ခဲ့ပြီး ရှမ်းစုကျေးရွာအုပ်စု၊ ဆင်အုံကြို့ပင်ရွာ ကွင်းအမှတ် ၁၈၄၄ တွင်နေထိုင်သည့် အသက် ၈၂ အရွယ်ရှိ ဒေါ်ညိုအား ၂ဝ၁၄ ခုနှစ်တွင် စည်ပင်ပုဒ်မ ၂၆ ဖြင့် ထောင်ဒဏ်တစ်လ ကျခံခဲ့ရပြီး နေထိုင်သည့်