၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲတွင် သံဃာများပါတီ ထူထောင်ခွင့်နှင့် မဲပေးခွင့်ရရန် နိုင်ငံတော်သမ္မတထံ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့က တောင်းဆိုထားသည်မှာ မဟုတ်မှန် ကြောင်း မဘသ (ဗဟို)ဥက္ကဋ္ဌ ဆရာတော်က ငြင်းဆိုလိုက်သည်။
လွှတ်တော်တွင်း သံဃာအ မတ် ၂ဝ ရာခိုင်နှုန်းပေးရမည်အစ ရှိသည့် တောင်းဆိုချက်များ ရေး သားထားသည့် ထုတ်ပြန်ချက်တွင် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေး (ဗဟို)၏ ထုတ်ပြန် ချက်ဟု ဖော်ပြထားပြီး၊ မဘသ (ဗဟို) ဥက္ကဋ္ဌဆရာတော်၏ လက် မှတ်နှင့် နာမည်ကို ဖော်ပြထားသည့် အဆိုပါထုတ်ပြန်ချက်မှာ လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသည့်အတွက် ငြင်းဆိုလိုက်ခြင်းဖြစ်သည်။