Tuesday, June 25, 2013

သမီးအား စာလိုက်ပေးဖူးသူကို ဓားဖြင့်ထိုးသတ်

သမီးအား စာလိုက်ပေးဖူးသူကို ဓားဖြင့်ထိုးသတ်
Tuesday, June 25, 2013

တွံတေးမြို့နယ် အိုးဖိုးအနောက်ရပ်ကွက် စည်ပင်သာယာလမ်းတွင် ဇွန်လ ၂၄ ရက်နေ့ နေ့လည် ဆယ်နာရီ ခွဲခန့်၌ သမီးအား ရည်စားစကား လိုက်ပြောဘူးသော အသက်(၁၇)နှစ်အရွယ် လူငယ်တစ်ဦးအား ကောင်မလေး၏ ဖခင်ဖြစ်သူက ခေါ်၍ ဓားဖြင့်ထိုးလိုက်သောကြောင့် သေဆုံးသွားကြောင်း တွံတေးမြို့နယ် ရဲစခန်းမှ သိရသည်။

သေဆုံးသူ စိုးမိုးကျော်သည် မအူပင်မြို့နယ် ထနီးကျေးရွာအုပ်စု ကြုံဝကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တွံတေးမြို့ ငွေပုဇွန်ငါးဒိုင်၌ ငါရောင်း၍ အပြန်တွင် ဓားထိုးခံရပြီး ဆေးရုံးတွင် သေဆုံးခြင်းဖြစ်ကြောင်း မြို့နယ်ရဲ စခန်းမှ အရာရှိတစ်ဦးက ပြောကြားသည်။

“ကောင်လေးသွားတဲ့ အိမ်က ကောင်မလေးအိမ်နဲ့ အိမ်သုံးလုံးလောက်ပဲ ကွာတယ်။ အရင်နေ့တွေက ကောင်မလေးကို စာလိုက်ပေးလို့ သူ့အဖေကခေါ်ပြီးပြောထားဖူးတယ်တဲ့။ အဲဒီနေ့က သုံးလေးခေါက်လောက် ဆိုင်ကယ်နဲ့ဖြတ်သွားတော့ မထီမဲ့မြင် လုပ်တယ်ဆိုပြီး ခေါ်ပြီးဓားနဲ့ထိုးလိုက်တာ”ဟုယင်းက ဆက်လက်ပြောကြားသည်။

၎င်းကိစ္စအား တွံတေးမြို့နယ် ရဲစခန်းမှ (ပ) ၂၅၄/၁၃ ပုဒ်မ(၃၀၂)ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပိုင်လေး
မြန်မာ့ခေတ်
တွံတေးမြို့နယ် အိုးဖိုးအနောက်ရပ်ကွက် စည်ပင်သာယာလမ်းတွင် ဇွန်လ ၂၄ ရက်နေ့ နေ့လည် ဆယ် နာရီ ခွဲခန့်၌ သမီးအား ရည်စားစကား လိုက်ပြောဘူးသော အသက်(၁၇)နှစ်အရွယ် လူငယ် တစ်ဦး

facebook သုံးသူတွေ သိသင့် တဲ့ အချက် (၈) ချက်....

Photo: facebook သုံးသူတွေ သိသင့် တဲ့ အချက် (၈) ချက်....

(၁) တစ်စုံတစ်ယောက်ကို Block လုပ်ရန်Setting ထဲက Privacy Setting မှာ Block List ကို တွေ့ ရမှာပါ။ အဲဒီမှာ သင် Blockလုပ်ချင်သူရဲ့ Emial ရိုက်ထည့်ပြီး Remove လုပ်ရုံပေါ့။ Friend Requestထပ်ပို့ မှပဲ သင်တို့  သူငယ်ချင်း ဖြစ်နိုင်ပါတော့မယ်။

 

(၂) Comment တွေဖျက်ဖို့ Remove Button နဲ့  ခပ်လွယ်လွယ် ဖယ်ရှားလိုက်ရုံပေါ့။

 

(၃) သင့်ပုံ သူများ မမြင်စေချင်ရင်ကိုယ့် Profile Photo မှာ သူများ Tag ချိတ်ပေးတဲ့ ပုံတွေ များနေမယ်ဆိုရင် RemoveTag လုပ်ဖို့  လိုပါတယ်။ ကိုယ့်ရဲ့ Tag လုပ် ထားတဲ့ Photo ကိုဖွင့်လိုက်ပါ။ အဲဒီ Photo (ပုံ) အောက်မှာ Tag ချိတ်ထားတဲ့ကိုယ့်နာမည်ဘေးမှာ Photo နဲ့  Remove Tag ဆိုတာ တွေ့ ရပါမယ်။ Remove Tagလုပ်ရုံပါပဲ။ ဒါဆိုရင်သင့်ကို Tag လုပ်ထားတဲ့ ပုံတွေ မရှိတော့ပါဘူး။

 

(၄) ကိုယ့်ရဲ့ ပုံတွေ ဗွီဒီယိုတွေရဲ့ Privacy ကို ပိုပြီး စိတ်ချရအောင်Account ထဲက Privacy Settings က Profile Information ကို သွားပါ။ အဲဒီမှာ Bio, Birthday, Religions, Photo,Post, Allow Friends To Post My Wall, Comments စသဖြင့် ကိုယ့် Friendsတွေပဲ တွေ့ စေချင်တာလား။ တခြားလူတွေပါ မြင်စေ ချင်သလားဆိုတာ ရွေးပါ။Privacy Level မှာ Only Me, Block Specific People စသဖြင့် ကြိုက်ရာတစ်ခုခု လုပ်ပါ။ Preview My Profile ကို ရွေးပြီး Check ကြည့်ပါ။

 

(၅) သင့်နာမည်ကို Facebook ရဲ့ Search မှာ မတွေ့ စေချင်ရင်Settings ထဲက Privacy Setting ထဲက Search ကိုရှာပါ။ အဲဒီမှာ Only Friends ကို ရွေးချယ်ပါ။ ခုဆိုရင် သင့် Friendsတွေကပဲ သင့်ကို ရှာတွေ့ မှာပါ။

 

(၆) Facebook Layout ပြောင်းရန်Page Rage Super Profile က Facebook ရဲ့ Application ဖြစ်ပြီး သင့် Facebook Profile ရဲ့ Skin ကို ပြောင်းလဲပေးပါလိမ့်မယ်။ Yontoo Lages အမည်ရှိ Add on software တစ်ခုကို Installလုပ်ရမှာ ဖြစ်ပြီး ဒါက Facebook ရဲ့ Layout ကို ပြောင်းပေးမှာပါ။

 

(၇) Friends List ကို ဖျောက်ချင်ရင်Privacy Settings ထဲက Friends ဆိုတဲ့ Options မှာ “Every One” လား၊ “Friends ofFriends” လား၊ “Only Friends” လား၊ “Customize” လား တစ်ခုခု စိတ်ကြိုက်ရွေးလိုက်ပေါ့။

 

(၈) Game မကစားတော့ဘူးဆိုရင်Facebook ရဲ့ Farmville ကို သင်က အရင်က ဆော့ခဲ့ပေမဲ့ အခုတော့ ဆော့ဖြစ်တော့ဘူး ဆိုပါတော့။ဒါပေမဲ့ လက်ဆောင် များစွာ က နေ့ စဉ် ရောက်ဆဲပါ။ ဒီပြသနာအတွက် ApplicationSetting ကို ၀င်ပါ။ အဲဒီထဲက Game ကို (x) နဲ့  Remove လုပ်လိုက်ပါ။

(၁) တစ်စုံတစ်ယောက်ကို Block လုပ်ရန်Setting ထဲက Privacy Setting မှာ Block List
 

မြန်မာ၏ ကံကောင်းခြင်း နိမိတ်ကို ယူလို၍ ဆင်ဖြူတော်ကို ထိုင်းက ဌားရမ်းခြင်းဟုဆို

Photo: မြန်မာ၏ ကံကောင်းခြင်း နိမိတ်ကို ယူလို၍ ဆင်ဖြူတော်ကို ထိုင်းက ဌားရမ်းခြင်းဟုဆို
Tuesday, June 25, 2013

ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ငှားရမ်းခြင်းသည် မြန်မာ နိုင်ငံ မှ ကောင်းသောနိမိတ်ကို ရယူ လိုသဖြင့် ငှားရမ်းခြင်းဖြစ်နိုင် ဖွယ်ရှိကြောင်း ဝါရင့်ဗေဒင်နက္ခတ် ပညာရှင်များက ထုတ်ဖော် ပြောဆိုလိုက်သည်။    နာမည်ကျော် ဆရာမင်းသိင်္ခ၏တပည့် ဆရာဇင်ယော်နီ က ''ထိုင်းနိုင်ငံက မြန်မာနိုင်ငံရဲ့ ဆင်ဖြူတော်ကို ငှားတယ်ဆိုတာ က သူတို့က ကောင်းတဲ့နိမိတ်ကို ယူချင်လို့ ငှားရမ်းတယ်လို့ ထင် တယ်။ ဆင်ဖြူ ဆိုတာက ငှားလို့ ကောင်းတဲ့ ပစ္စည်းမဟုတ်ဘူး။ ငှား လိုက်ရင် မြန်မာနိုင်ငံအတွက် ဆိုးကျိုး မရှိရင်တောင်မှ ကောင်းကျိုး ဖြစ်လာစရာ မရှိနိုင်ဘူး။ လက်ရှိ သူတို့ငှားတယ်ဆိုတာက မြန်မာ ပြည်ထက် ဘုန်းကံနိမ့်တယ်လို့  ယူဆ နေပုံရတယ်။ အဲဒါကြောင့် ဆင်ဖြူကို ငှားတယ်လို့ထင်တယ်'' ဟု သုံးသပ်ပြောသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများသည် လက် ရှိတွင်ပေါ်ထွန်းနေသည့် ဆင်ဖြူ တော်များ၏ အကျိုးသက်ရောက် မှု တစ်စိတ်တစ်ပိုင်းဖြစ်နိုင်သည် ဟု နက္ခတ်သိပ္ပံကျောင်းမှ အမှု ဆောင် ဒါရိုက်တာ ဦးဇေယျာကို က သုံးသပ်ပြောသည်။ ဦးဇေယျာကိုက ''အဓိကက တော့ မြန်မာ့သမိုင်းတွေမှာ ဆင် ဖြူတော်နဲ့ပတ်သက်ပြီး ပိုင်ဆိုင် တဲ့ဘုရင်တွေက ဘုန်းကြီးတယ်။ ကံကြီးတယ်။ တိုင်းပြည်အေးချမ်း သာယာတယ်။ အနော်ရထာမင်း နဲ့ အလောင်းစည်သူမင်းလက် ထက်မှာတုန်းက  ဆင်ဖြူတော် အစီး ၃ဝလောက် ပိုင်ဆိုင်တယ် ဆိုတာတွေ ရှိခဲ့ဖူးတယ်။ အခု လက်ရှိ ဒီမိုကရေစီနိုင်ငံမှာလဲ တိုင်းပြည်အေးချမ်းမှုနဲ့ စီးပွားရေး အလားအလာ ကောင်းတွေ က ဆင်ဖြူတော်တွေ ပိုင်ဆိုင်မှုရဲ့ အကျိုးသက်ရောက်မှု တစ်စိတ် တစ်ပိုင်းဖြစ်တယ်လို့ သတ်မှတ် လို့ရတယ်''ဟု သုံးသပ်ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအစိုး ရမှ မြန်မာ-ထိုင်း သံတမန်ဆက် ဆံရေး (၆၅)နှစ်မြောက်အထိမ်း အမှတ်အဖြစ် မြန်မာနိုင်ငံမှဆင် ဖြူတော်တစ်စီးကို ငှားရမ်းခဲ့သော် လည်း နိုင်ငံခြားရေးဝန်ကြီးဌာန မှ ငြင်းဆိုခဲ့ကြောင်းသိရသည်။ ဆင်ဖြူတော် များနှင့်ပတ် သက်၍ မြန်မာ့သမိုင်းအထောက် အထားများအရ  မြန်မာဘုရင် တစ်ပါးဖြစ်သည့် ဘုရင့်နောင်ကျော် ထင်နော်ရထာ လက်ထက်တွင် ထိုင်းနိုင်ငံမှဆင်ဖြူတော်ကို လက် ဆောင်ပဏ္ဍာအဖြစ် ဆက်သရန် တောင်းခံရာမှ ဆင်ဖြူတော်စစ် ပွဲဖြစ်ပွားခဲ့ကြောင်း သမိုင်းအ ထောက်အထားများအရ သိရ သည်။

ဦးဇေယျာကိုက ''ဆင်ဖြူ တော်တွေရှိနေတာက တိုင်းပြည် မှာ မင်္ဂလာရှိနေတာတွေနဲ့ တိုက် ဆိုင်နေတယ်။ ထိုင်းက ငှားရမ်း ပေမယ့် နိုင်ငံတော်အကြီးအကဲ တွေဘက်က ငှားဝံ့မယ်လို့မထင် ဘူး။ ငှားလိုက်လို့မှ  အကြောင်း တစ်စုံတစ်ရာ ဖြစ်သွားရင် နှစ် နိုင်ငံဆက်ဆံရေးကို ထိခိုက်နိုင် တယ်။ ထိုင်းတွေက မြန်မာတွေ ထက် ဗေဒင်လက္ခဏာကို ပိုယုံ ကြည်ကြတယ်။ ခေတ္တငှားလို့ရ ရင် သူတို့ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး တွေ တည်ငြိမ်လာမယ်။ ရင်လတ် အစိုးရရဲ့ ရာထူးတည်မြဲရေး အ တွက် ငှားတယ်လို့ ယူဆတယ်။ ဆင်ဖြူတော် ရောက်ရှိရင် သူတို့ ရဲ့စီးပွားရေးတွေ ပြန်ပြီးမြင့်တက် လာနိုင်မယ်ဆိုပြီး ယူဆထားပုံရ တယ်''ဟု သုံးသပ်ပြောသည်။

ဆရာဇင်ယော်နီက ''ဆင် ဖြူတော်ဆိုတာက အိမ်နီးချင်း နိုင်ငံတွေမှာ အုပ်ချုပ်ရေးတွေ ပြည်သူတွေရဲ့ အရေးတွေနဲ့ပတ် သက်တယ်လို့ ယူဆကြတယ်။ အ ရှင်တောင်မကဘူး။ ဆင်ဖြူ တော် အသေကိုတောင် ရူးခဲ့ကြ တယ်။ ဆင်ဖြူ တော် ဆိုတာကောင်း တဲ့ နိမိတ်ဆိုပြီး ယုံကြည်တဲ့အ တွက် ထိုင်းနိုင်ငံကလဲ ငှားရမ်းတာ ဖြစ်နိုင်ပါတယ်''ဟု ပြောသည်။ ၁၉၆၂ခုနှစ် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီးနေဝင်းလက်ထက်တွင် ဆင် ဖြူတော် တစ်စီး ပေါ်ထွက်လာ ခဲ့ပြီး ယင်းဆင်ဖြူတော်သေဆုံး ပြီးနောက်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလည်း ကျဆုံးခဲ့ကာ ယင်းဆင်ဖြူတော် သေဆုံးခဲ့ခြင်း ကို ပြည်သူများအား အသိပေး ခြင်းမရှိခဲ့ကြောင်း သိရသည်။  လက်ရှိ မြန်မာ နိုင်ငံ တွင် ဆင်ဖြူတော်များ ပေါ်ထွက်နေ ခြင်းမှာ နက္ခတ္တဗေဒသဘောတရား များအရ အင်္ဂါဂြိုလ်ထိပ်ဆုံးတွင် ရောက်ရှိနေခြင်းကြောင့်ဖြစ် ကြောင်း၊ လာမည့် ဇွန် ၂၃ရက် နောက်ပိုင်းတွင် အင်္ဂါဂြိုလ်မှာ အညံ့ပိုင်း တွင်ရှိ နေပြီး  ပြည်တွင်း ၌ နိုင်ငံရေးဆိုင်ရာအခက်အခဲ များကို ဖြစ်ပေါ်သောကြောင့် ထိုင်းနိုင်ငံသို့ တခြားရိုးရိုးဆင် တစ်စီးကို လက်ဆောင်အဖြစ်ပေး သင့်ကြောင်း ယင်းကထပ်မံပြော သည်။

သန်းနိုင်ဦး ၊ ဝေဝေနှင်း
YMG
ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှ ဆင်ဖြူတော်ကို ငှားရမ်းခြင်းသည် မြန်မာ နိုင်ငံ မှ ကောင်းသောနိမိတ်ကို ရယူ လိုသဖြင့် ငှားရမ်းခြင်းဖြစ်နိုင် ဖွယ်ရှိကြောင်း ဝါရင့်ဗေဒင်နက္ခတ် ပညာရှင်များက ထုတ်ဖော် ပြောဆို လိုက်

အလိုလျောက် လည်နေတဲ့ အီဂျစ် ရုပ်တု

Photo: အလိုလျောက် လည်နေတဲ့ အီဂျစ် ရုပ်တု
Tuesday, June 25, 2013

မန်ချက်စတာမြို့ ပြတိုက်က မှန်ခန်းထဲမှာ ပြသ ထားတဲ့ ဘီစီ ၁၈၀၀ လောက် က အီဂျစ် ရုပ်တုဟာ သူ့ အလို အလျောက် တဖြည်းဖြည်း ချင်း လည်နေ ခဲ့ တာကို ကင်မရာ ကနေ မှတ်တမ်း တင်ထားနိုင်ခဲ့ ပါတယ်။

၁၀ လက္မ အရွယ် ဒီရုပ်တုရဲ့ အနေ အထား ပြောင်းနေတာကို ပြတိုက် တာဝန် ရှိသူတွေ ကနေ သတိထား မိရာ ကနေ ကင်မရာ တပ်ပြီး ကြည့်ရာမှာ တကယ် လည်နေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ပြတိုက် တာဝန်ရှိသူ တဦး ကတော့ ဒါဟာ လူတွေ သွားလာ လှုပ်ရှားနေတဲ့ တုန်ခါမှုကြောင့် မဖြစ်နိုင်ကြောင်းနဲ့ တခြားသော ရူပဗေဒ စွမ်းအင် ဆိုင်ရာ ရွေ့လျားမှုတွေလည်း မဖြစ်နိုင်ကြောင်း ပြောပါတယ်။

သူ့ အထင် ကတော့ ရှေးဟောင်း အီဂျစ် လူမျိုးတွေဟာ အခုလို ရုပ်တုတွေမှာ ဝိညာဉ် သွင်းထားလေ့ ရှိတာနဲ့ ဆက်စပ် နိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

BBC Burmese
မန်ချက်စတာမြို့ ပြတိုက်က မှန်ခန်းထဲမှာ ပြသထားတဲ့ ဘီစီ ၁၈၀၀ လောက် က အီဂျစ် ရုပ်တုဟာ သူ့ အလို အလျောက် တဖြည်းဖြည်းချင်းလည်နေခဲ့တာကို ကင်မရာကနေ မှတ်တမ်း တင်ထားနိုင်ခဲ့ပါတယ်။

" ရတနာမိုင်ရဲ့ ဖြစ်ရပ်မှန် အကြောင်း "

Photo: " ရတနာမိုင်ရဲ့ ဖြစ်ရပ်မှန် အကြောင်း "
Tuesday, June 25, 2013

ပထမအခွေ “မရှိလို့မဖြစ်” နဲ့ဒုတိယခွေ”ပဖဗဘမ”တို့ထွက်ရှိထားပြီးတဲ့ ရုပ်ရှင်သရုပ်ဆောင် အဆိုတော်ရတနာမိုင်က သူ့ရဲ့တတိယတစ်ကိုယ်တော်ခွေကို သြဂုတ် လဝန်းကျင်လောက်မှာ ထွက်ဖို့ရှိကြောင်း ပြောပါတယ်။ ရတနာမိုင်က တတိယတစ်ကိုယ်တော် အခွေထွက်ပြီးတော့မှပဲ “ပဖဗဘမ” ဗီစီဒီကို ဆက်လက် ရိုက်ကူး သွားမှာဖြစ်ကြောင်း ပြောပါတယ်။

ရတနာမိုင်က သူ့ရဲ့ တတိယတစ်ကိုယ်တော်ခွေ နဲ့ပတ်သက်ပြီး ပြောပြတာက” မိုင်လေးရဲ့တတိယတစ်ကိုယ်တော်အခွေကို ဇူလိုင်၊ သြဂုတ်လဝန်းကျင်လောက် ထွက်ဖို့ရှိပါတယ်။ ခေါင်းစဉ်ကိုတော့ ” ဖြစ်ရပ်မှန်” လို့လည်း ပေးထားပါတယ်။ Who are you လို့ လည်း ပေးထားတယ်။ ဘာဖြစ်မယ် မှန်းတော့ မသိသေးဘူး။

သီချင်းပုံစံတွေက အမြူးရော၊ သီချင်းအေးအေးလေးတွေရော အစုံပါပါမယ်။ သီချင်း ၁၂ ပုဒ် လောက်တော့ ခန့်မှန်းထားပါ တယ်။ မေမေ မိုင်ရဲ့ “မလွမ်းပို” ဆိုတဲ့သီချင်းလေးကိုလည်း ထည့်ဆိုထားပါတယ်။ မိုင်လေးအများကြီးကြိုးစားထားတဲ့အတွက် အများကြီးအားထားထားပါ တယ်” လို့ပြောပါတယ်။

မိခင်ဖြစ်သူ မိုင်ရဲ့သီချင်းတွေကို ပြန်လည်သီဆိုရတဲ့အခါမှာ ကိုယ့် အတွက်တာဝန်ကြီးတယ်လို့ ခံစား မိလားဆိုတော့ ရတနာမိုင်က” မိုင်လေးက ဘယ်လိုခံယူ ထားသလဲဆိုတော့ အခုခေတ် ပုံစံပေါ့။ မိုင်လေး ကိုယ့်ပုံစံနဲ့ကိုယ်ပဲ ပြန်ဆိုတယ်။ မေမေမိုင်ရဲ့ ပုံစံ အတိုင်း တထေရာတည်း မယူဘဲ ကိုယ့်ပုံစံဖြစ်အောင်ဆိုတဲ့အတွက် မိုင်လေးအတွက် အခက်အခဲတော့ သိပ်မရှိပါဘူး” လို့ ပြောပါတယ်။

သီချင်းဆိုတဲ့ အခါမှာအသံစွဲ ဆောင်မှုရှိတဲ့ ရတနာမိုင်က အသံအတွက် သီးသန့်ထိန်းသိမ်းတာမျိုးတော့မရှိဘဲ အသံသွင်းခါနီး ကျမှသာ ရှောင်သင့်တဲ့အစားအစာကို ရှောင်ကြောင်းပြောပါ တယ်။သရုပ်ဆောင်ဘက် မှာရော၊အဆိုဘက်မှာပါ အား ပေးကြတဲ့ပရိ သတ်တွေကို ကျေးဇူးအထူးတင် ကြောင်း ပြောတဲ့ရတနာမိုင်က တတိယတစ်ကိုယ်တော် အခွေထွက်လာရင်လည်း အားပေးကြပါဦးလို့ ရတနာမိုင်ကပြောပါတယ်။

မျိုးမောင်

Popular Journal
ပထမအခွေ “မရှိလို့မဖြစ်” နဲ့ဒုတိယခွေ”ပဖဗဘမ”တို့ထွက်ရှိထားပြီးတဲ့ ရုပ်ရှင်သရုပ်ဆောင် အဆိုတော် ရတနာမိုင်က သူ့ရဲ့တတိယ တစ်ကိုယ်တော်ခွေကို သြဂုတ်လဝန်းကျင်လောက်မှာ ထွက်ဖို့ ရှိကြောင်း ပြောပါတယ်။ ရတနာမိုင်က တတိယတစ်ကိုယ်တော် အခွေထွက်ပြီးတော့မှပဲ “ပဖဗဘမ” ဗီစီဒီကို ဆက်လက် ရိုက်ကူး သွားမှာဖြစ်ကြောင်း ပြောပါတယ်။

မလေးရှား အကြမ်းဖက်မှုကြောင့် သေဆုံးသူ သုံးဦး သဂြုင်္ိဟ်ရန် ကျန်ရှိ

မလေးရှားနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် အကြမ်းဖက်မှုများကြောင့် သေဆုံးခဲ့သူ ခုနစ်ဦးအနက် သုံးဦးမှာ သံရုံးမှ ခွင့်ပြုချက် စောင့်ဆိုင်းနေရသေးသဖြင့် သဂြုင်္ိဟ်ရန် ကျန်ရှိနေသေးကြောင်း ကပုန်း ခုနစ်ရက် သားသမီး နာရေးကူညီမှု အသင်းထံက စုံစမ်း သိရှိရသည်။

မန်ယူရုပ်သံလိုင်း (MUTV) နှင့် SkyNet တို့ တရားဝင် သဘောတူညီမှုရရှိ

မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး မန်ချက်စတာယူနိုက်တက် အသင်း၏ တရားဝင် ရုပ်သံလိုင်းဖြစ်သော

ခင်ဇာခြည်ကျော် ပရိတ်သတ်များအတွက် အတုနဲ့ အစစ် ကွဲပြားစေဖို့ အသိပေး


Photo: ခင်ဇာခြည်ကျော် ပရိတ်သတ်များအတွက် အတုနဲ့ အစစ် ကွဲပြားစေဖို့ အသိပေး
Tuesday, June 25, 2013

သရုပ်ဆောင် ခင်ဇာခြည်ကျော်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အတူနဲ့ အစစ် ခွဲခြား သိစေဖို့ ဗီဒီယို ကလစ် တခုကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က တင်ထားပါတယ်။

ခင်ဇာခြည်ကျော် အစစ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ အတုနဲ့ အစစ် ခွဲခြား သိစေဖို့ ဗီဒီယို ကလစ်ကို တင်ရတဲ့ အကြောင်းကတော့ ခင်ဇာခြည်ကျော် ရဲ့ ဖေ့စ်ဘုတ် အဟောင်းဟာ ဟက်ကာရဲ့ လက်ချက်မိပြီး မဟုတ်တဲ့ သတင်းတွေ တင်ထားလို့ဖြစ်တယ်လို့ သူက ပြောထားပါတယ်။

"ကျမ ဒီဗီဒီယို ဖိုင်လေးကို တင်လိုက်ရတာ ဖေ့စ်ဘုတ်ပေါ်မှာ ခင်ဇာခြည်ကျော် ၂ ယောက်ဖြစ်နေလို့ပါ" လို့ ခင်ဇာခြည်ကျော် က ပြောပါတယ်။

သူ့ရဲ့ အကောင့် အစစ်အမှန်က Khinzar Chikyaw Zar Lay ( https://www.facebook.com/zin.ni.16) ပဲဖြစ်ပါတယ်တဲ့။ သူ့ရဲ့ Fan Page ကိုလည်း အသစ်ဖွင့်ထားတယ်လို့ သူက ဆက်ပြောပါတယ်။

သူ့ရဲ့ အဟက်ခံလိုက်ရတဲ့ ဖေ့စ်ဘုတ်အကောင့်နဲ့ Fan Page အဟောင်းတွေ နဲ့ပတ်သက်လို့လည်း သူက "ဇာလေးကို ချစ်တယ်ဆိုရင် အရင် Report များများ လုပ်ပေးကြပါ" လို့ ပြောပါတယ်။

အဲဒီ ခင်ဇာခြည်ကျော်ရဲ့ ဖေ့စ်ဘုတ် အကောင့်အဟောင်းတွေကနေ သူ့ကို သိက္ခာချမှုတွေ၊ မဟုတ် သတင်း လုပ်ကြံဖန်တီးမှုတွေ ရှိနေလို့ သူက အဲဒီလိုပြောရတာပါတဲ့။

" Aroma နဲ့ ကျမကို အမှုဖြစ်တယ်၊ တရားစွဲမယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး" လို့ သူက ရှင်းပြပါတယ်။

လာမယ့် ဇူလိုင်လ ၇ ရက်နေ့၊ အမျိုးသားဇာတ်ရုံမှာ လုပ်မယ့် Aroma ရှိုးပွဲမှာလည်း ၀တ်စုံ ၃ စုံနဲ့ ပါဝင် ဖို့ ရှိနေသလို မောင်နှမတွေလိုဖြစ်နေတဲ့ Aroma နဲ့ ဘာမှ ပြဿနာတွေလည်း မရှိဘူးဆိုတာ ထပ်ပြောပါ တယ်။

ဧရာဝတီblog
သရုပ်ဆောင် ခင်ဇာခြည်ကျော်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကတဆင့် အတူနဲ့အစစ်ခွဲခြား သိစေဖို့ ဗီဒီယိုကလစ်တခုကို ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က တင်ထားပါတယ်။

သာယာဝတီ ကျွဲသတ်အင်းရွာတွင် တစ်နှစ်အမျိုးသမီးတစ်ဦးပျောက်

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း သာယာဝတီမြို့နယ် အင်းရွာကျေးရွာအုပ်စု ကျွဲသတ်အင်း ကျေးရွာတွင်

အင်ဒိုနီးရှား သမ္မတ မလေးရှားနဲ့ စင်္ကာပူကို တောင်းပန်


Photo: အင်ဒိုနီးရှား သမ္မတ မလေးရှားနဲ့ စင်္ကာပူကို တောင်းပန်
Tuesday, June 25, 2013

အင်ဒိုနီးရှားမှာ အကြီးအကျယ် တောမီးလောင်ကျွမ်းမှု ရက်အတော်ကြာ ဖြစ်ခဲ့ပြီးတဲ့နောက် မီးခိုးတွေက အိမ်နီးချင်းနိုင်ငံတွေဆီ ပြန့်နှံ့ သွားခဲ့တာကြောင့် သမ္မတ ဆူဆီလို ဘန်ဘန် ယူဒိုရိုနိုင်က စင်္ကာပူနဲ့ မလေးရှား နိုင်ငံတို့ကို တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

တောမီးကို အင်ဒိုနီးရှား အနေနဲ့ ကြိုးစားပမ်းစား ငြိမ်းသတ်ခဲ့ရပြီး စိုက်ပျိုးရေး လုပ်ဖို့ ရည်ရွယ်ချက် ရှိရှိနဲ့ တောခုတ် မီးရှို့ခဲ့တဲ့ ကုမ္ပဏီ မှန်သမျှကို စုံစမ်း စစ်ဆေးမယ်လို့ သမ္မတ ယူဒိုရိုနို က ပြောပါတယ်။

ဆူမတ်တြား ကျွန်းမှာ တောမီး စရှို့တယ်လို့ သင်္ကာမကင်းဖြစ်တဲ့ လယ်သမား နှစ်ယောက်ကို ဖမ်းထားတယ်လို့ အရာရှိတွေက ပြောပါတယ်။

အင်ဒိုနီးရှား နိုင်ငံ တဝိုက် ဒေသတွင်းမှာ လေထု ညစ်ညမ်းမှု အဆင့်ဟာ အန္တရာယ်ရှိတဲ့ အတိုင်းအတာ အထိ ရက်တော်တော်ကြာ ရောက်ခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
လေထု ညစ်ညမ်းမှု အန္တရယ်ရှိတဲ့ အဆင့်ရောက်နေ
အင်ဒိုနီးရှားမှာ အကြီးအကျယ် တောမီးလောင်ကျွမ်းမှု ရက်အတော်ကြာ ဖြစ်ခဲ့ပြီးတဲ့နောက် မီးခိုးတွေက အိမ်နီးချင်းနိုင်ငံတွေဆီ ပြန့်နှံ့ သွားခဲ့တာကြောင့် သမ္မတဆူဆီလို ဘန်ဘန် ယူဒိုရိုနိုင်က စင်္ကာပူနဲ့ မလေးရှား နိုင်ငံတို့ကို တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံ တောင်ပိုင်းတွင် မိကျောင်းများစွာ လွတ်မြောက်

Photo: တရုတ်နိုင်ငံ တောင်ပိုင်းတွင် မိကျောင်းများစွာ လွတ်မြောက်
Tuesday, June 25, 2013

တရုတ်နိုင်ငံ တောင်ပိုင်းတွင် မိကျောင်းများစွာ လွတ်မြောက်သွားသည်
ဆိုသော သတင်းကြောင့် လူအများ ထိတ်လန့်တကြား ဖြစ်နေကြောင်း သိရှိရသည်။

မိကျောင်းကောင်ရေ ရာဂဏန်းမျှသည် မွေးမြူရေးစခန်းတစ်ခုမှ လွတ်မြောက်
သွားခြင်းဟု သတင်းများထွက်ပေါ်နေသော်လည်း ဂွမ်ဇူးမြို့ရှိ မိကျောင်းမွေးမြူရေးစခန်း ပိုင်ရှင်ကမူ သတင်းများ ထွက်ပေါ်နေ
သလောက် ကောင်ရေ မများပြားဟု ငြင်းဆိုထားသည်။

သို့သော်လည်း ပျောက်ဆုံးနေသော မိကျောင်း အရေအတွက်ကိုမူ တိတိကျကျ ပြောဆိုခြင်း မရှိပေ။

ယခုနှစ်ဆန်းပိုင်းက တောင်အာဖရိကနိုင်ငံရှိ မိကျောင်းမွေးမြူရေး စခန်းတစ်ခုတွင် လင်ပိုပို မြစ်ရေလျှံရာမှ မိကျောင်းကောင်ရေ တစ်သောင်းခွဲကျော် လွတ်မြောက်ခဲ့ဖူးကြောင်းလည်း သိရှိရသည်။

Planet.com.mm
တရုတ်နိုင်ငံ တောင်ပိုင်းတွင် မိကျောင်းများစွာ လွတ်မြောက်သွားသည် ဆိုသော သတင်းကြောင့် လူအများ ထိတ်လန့်တကြား ဖြစ်နေကြောင်း သိရှိရသည်။

အက်ဒွပ် စနိုဒင်ကို သူတို့ဆီ ပြန်လွှဲပေးဖို့ ရုရှားကို အမေရိကန် တိုက်တွန်း

Photo: အက်ဒွပ် စနိုဒင်ကို သူတို့ဆီ ပြန်လွှဲပေးဖို့ ရုရှားကို အမေရိကန် တိုက်တွန်း
Tuesday, June 25, 2013

အမေရိကန်ရဲ့ လျှို့ဝှက်ချက်တွေကို လူသိရှင်ကြား ထုတ်ဖော်ခဲ့တဲ့ ထောက်လှမ်းရေး အက်ဒွပ် စနိုဒင်ကို သူတို့ဆီ ပြန်လွှဲပေးဖို့ ရုရှားကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

အဲဒီလို လွှဲမပေးရင် အမေရိကန်နဲ့ ရုရှား ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့လည်း အမေရိကန်က သတိပေးလိုက်ပါတယ်။

အမေရိကန်က လူတွေရဲ့ အင်တာနက်နဲ့ ဖုန်းဆက်သွယ်မှုတွေကို စောင့်ကြည့်နေတယ်ဆိုတဲ့ လျှို့ဝှက်ချက်တွေကို ရုရှားကို မသွားခင် ဟောင်ကောင်မှာ နေတုန်း မစ္စတာ စနိုဒင် က အများသိအောင် ထုတ်ပြောခဲ့တာ ဖြစ်ပြီး ၊ လက်ရှိ သူ မော်စကိုမြို့မှာ ရှိနေတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ယူဆနေပါတယ်။

သူဟာ မော်စကိုမြို့ကနေ ကျူးဘားနိုင်ငံကို မနေ့က တနလာနေ့ တုန်းက သွားမှာ ဖြစ်ပေမယ့် လေယာဉ်ပေါ်မှာ သူ့ထိုင်ဖို့ စာရင်းသွင်းထားတဲ့ ခုံမှာ ထိုင်သူမဲ့နေပါတယ်။

မစ္စတာ စနိုဒင် ဟာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံထားတဲ့ အီကွေဒေါ ကို သွားဖို့ ကြိုးစား နေတာ ဖြစ်ပါတယ်။

တရုတ် အစိုးရ အနေနဲ့ သူ့ကို ဖမ်းဖို့ ခိုင်လုံတဲ့ ဝရမ်း ရှိပေမယ့် ရည်ရွယ်ချက် ရှိရှိနဲ့ မစ္စတာ စနိုဒင်ကို နိုင်ငံက ထွက်ခွာသွားဖို့ လွှတ်ပေးလိုက်တာ ဖြစ်တယ်လို့ ဆိုပြီး အမေရိကန်က တရုတ်ကို ပြင်းပြင်းထန်ထန် တိုးမြှင့် ဝေဖန်ခဲ့ပါတယ်။

တရုတ် အစိုးရရဲ့ ဒီ ဆုံးဖြတ်ချက်က အမေရိကန် တရုတ် ဆက်ဆံရေးကို ဆိုးရွား ထိခိုက်စေတယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

BBC Burmese
ဟောင်ကောင်တလွှား စနိုဒင် သတင်းဓါတ်ပုံများ
အမေရိကန်ရဲ့ လျှို့ဝှက်ချက်တွေကို လူသိရှင်ကြား ထုတ်ဖော်ခဲ့တဲ့ ထောက်လှမ်းရေး အက်ဒွပ် စနိုဒင်ကို သူတို့ဆီ ပြန်လွှဲပေးဖို့ ရုရှားကို အမေရိကန်က တိုက်တွန်းလိုက်ပါတယ်။

သင်္ဘောမှောက်ပြီး ရေအောက်တွင် ၃ ရက်ကြာ ပိတ်မိခဲ့သူ အသက်ရှင်လွတ်မြောက်

Photo: သင်္ဘောမှောက်ပြီး ရေအောက်တွင် ၃ ရက်ကြာ ပိတ်မိခဲ့သူ အသက်ရှင်လွတ်မြောက်
Tuesday, June 25, 2013

အသက်(၂၉)နှစ်ရှိ ဟယ်ရီဆန် အိုကီနီက မိမိကိုယ်ကိုယ် သေလူအဖြစ် သတ်မှတ်ထားပြီးမှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ နိုက်ဂျီးရီးယား နိုင်ငံသား ထမင်းချက်သည် မေလ (၂၆)ရက်နေ့က အတ္တလန္တစ် သမုဒ္ဒရာအတွင်း နိုက်ဂျီးရီးယား ကမ်းလွန်တွင် Jascon-4 သင်္ဘော နစ်မြုပ်စဉ်က ရေအောက်သို့ ရောက်ရှိသွားခဲ့ . . .

သင်္ဘောမှောက်ရာမှ ရေအောက်ထဲ နစ်မြုပ်သွားသူ တစ်ဦးသည် ပိတ်မိနေသည့် အနေအထားတွင် (၃)ရက်ကြာ အ သက်ရှင်ပြီး လွတ်မြောက်လာခဲ့ကြောင်း သိရှိရသည်။ အသက်(၂၉)နှစ်ရှိ ဟယ်ရီဆန် အိုကီနီက မိမိကိုယ်ကိုယ် သေလူအဖြစ် သတ်မှတ်ထားပြီးမှ လွတ်မြောက်လာခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ နိုက်ဂျီးရီးယား နိုင်ငံသား ထမင်းချက်သည် မေလ (၂၆)ရက်နေ့က အတ္တလန္တစ် သမုဒ္ဒရာအတွင်း နိုက်ဂျီးရီးယား ကမ်းလွန်တွင် Jascon-4 သင်္ဘော နစ်မြုပ်စဉ်က ရေအောက်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်းသည် သင်္ဘောထဲတွင် ပိတ်မိနေပြီး မှောင်မည်း အေးခဲနေသော ရေထဲတွင် ရှိနေခဲ့ရာ စိတ်လျှော့ခါနီး အခြေအနေကျမှ အမှောင်ကို ဖောက်ထွင်းလာသည့် အလင်းရောင်တစ်ခုနှင့် ကယ်ဆယ်ရေးသမားများကို တွေ့ရှိခွင့် ရခဲ့ခြင်း ဖြစ်သည်။

အိုကီနီသည် ရေအောက် နစ်သွားသည့် ဆီတင်သင်္ဘောထဲတွင် (၄)ပေအမြင့်မျှ ရှိသည့် လေဟာနယ် အလွတ်နေရာ လေး တစ်ခု၌ ဆက်လက် နေထိုင်ခွင့် ရခဲ့ပြီး ကိုကာကိုလာ ဘူးများကို ဖောက်ကာ သောက်သုံး အသက်ရှင်ခဲ့ရသည်။ သို့သော်လည်း အဆိုပါ ရေမျက်နှာပြင်သည် တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး အိုကီနီအတွက် မျှော်လင့်ချက် မဲ့ခါနီး အနေအထားကျမှ တောင်အာဖရိက ကယ်ဆယ်ရေး ရေငုပ်သမားနှစ်ဦးက ၎င်းကို တွေ့ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ဆေးရုံမှဆင်းပြီး လန်းလန်းဆန်းဆန်း ဖြစ်လာသည့် အိုကီနီက ၎င်း၏ အထီးကျန် ခြောက်ခြားစရာ အတွေ့အကြုံကို ဖွင့်ဟလာခဲ့သည်။

"ရေထဲမှာပဲ ကျွန်တော် တောက်လျှောက် နေရတယ်။ လုံးဝ မှောင်မည်းနေတာဗျ။ ကျွန်တော့်အတွက် ဒါဟာ နောက်ဆုံးပဲလို့ တွေးခဲ့မိပါတယ်။ ရေက တဖြည်းဖြည်း တက်လာနေတော့ တစ်ခန်းလုံး ရေပြည့်သွားတဲ့ အချိန်ကျရင် ဆိုတာကို မတွေးဘဲ မနေနိုင်ခဲ့ဘူး။ တတ်နိုင်သမျှတော့ ကျွန်တော် အဲဒီအတွေးကို မောင်းထုတ်နေခဲ့ရတယ်"ဟု အိုကီနီက ဆိုသည်။ ၎င်းက "ကျွန်တော် အရမ်းဗိုက်ဆာတယ်။ ပိုဆိုးတာက ရေငတ်တာပါ။ ပင်လယ်ရေက ကျွန်တော့် လျှာက အရေပြာတွေကို တော်တော် ပွန်းသွားစေတယ်"ဟုလည်း ပြောကြားခဲ့သည်။ ၎င်းသည် အိမ်သာထဲတွင် ရှိနေစဉ် သင်္ဘော တိမ်းမှောက်သွားသည်ကို ခံစားသိရှိခဲ့ပြီးနောက် သတ္တုတံခါးကို တွန်းဖွင့် ထွက်လာခဲ့ရကြောင်းလည်း ရှင်းပြခဲ့သည်။

အိုကီနီသည် ယခုအခါ ၎င်း၏ ဇာတိမြို့ဖြစ်သော ဝါရီသို့ ပြန်ရောက်နေကာ Reutersသတင်းထောက်နှင့် လက်ခံ စကားပြောဆိုခဲ့သည်။ "ကျွန်တော်တို့ ဒယိမ်းဒယိုင်နဲ့ ထွက်ပေါက်ဆီ လာနေခဲ့ကြတယ်။ ကျွန်တော့်ရှေ့မှာ လူ(၃)ယောက်ရှိတယ်။ ရုတ်တရက် ရေလုံးကြီးတစ်ခုက အရှိန်နဲ့ ဆောင့်ထည့်လိုက်တာ သူတို့ (၃)ယောက်လုံး လွင့်ထွက်သွားတယ်။ နောက်တော့ ရေနဲ့အတူ ပါသွားတယ်။ သူတို့အားလုံး သေကုန်ကြတယ်ဆိုတာ နောက်ပိုင်းကျမှ ကျွန်တော် သိလာပါတယ်"ဟုလည်း အိုကီနီက ဆိုသည်။ ခြောက်ခြားနေသော အိုကီနီသည် နောက်ထပ် (၂)ရက်ခွဲလုံးလုံး မှောင်နှင့်မည်းမည်းတွင် မိမိကို ကယ်ဆယ်ရေးများက ရှာတွေ့ပါစေဟု တဖွဖွ ဆုတောင်းနေခဲ့ရရှာသည်။

အိုကီနီသည် (၄)ပေပတ်လည် အိမ်သာခန်းလေးထဲမှ အရာရှိ ကေဘင်ခန်းဘက် ရွှေ့ပြောင်းကာ ဝင်လာသော ရေများကိုလည်း လမ်းကြောင်းပြောင်း ဖယ်ရှားနိုင်ရန် ကြိုးစားခဲ့ရသည်။ ၎င်းသည် ဝိုးတဝါး အလင်းရောင်အောက်တွင် ငါးအသေကောင်များကို စမ်းမိခဲ့သော်လည်း မိမိ အသက်ရှူနေနိုင်ဆဲ ရှိခြင်းကို အံ့ဩမိကြောင်းလည်း ဝန်ခံခဲ့သည်။ ပင်လယ် ကြမ်းပြင်အောက် နစ်မြုပ်နေသော သင်္ဘောမှ အိုကီနီကို ကယ်ထုတ်နိုင်ချိန်တွင် ၎င်းသည် အတွင်းခံ ဘောင်းဘီလေးသာ ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ တဖြည်းဖြည်း ရေမြုပ်လာချိန်တွင် အိုကီနီက သတ္တိမွေးပြီး အိမ်သာတံခါးကို တွန်းဖွင့်ကာ အရာရှိခန်းဘက်သို့ ရေကူးလာခဲ့သည်။ ထို့နောက် မျက်နှာကျက်ပြားများကို ခွာကာ အအေးဒဏ်မှ လွတ်မြောက်စေရန်အတွက် ဖောင်ငယ်လေး တစ်ခုသဖွယ် ပြုလုပ်ဖွဲ့စည်းပြီး တက်ထိုင်နေခဲ့သည်။

"အရမ်း၊ အရမ်းကိုအေးတယ်။ ပြီးတော့ မည်းမှောင်နေတာပဲ။ ကျွန်တော် ဘာမှ မမြင်ရဘူး"ဟု ၎င်းက ဆိုသည်။ "သင်္ဘောပေါ်က လူတွေရဲ့ အလောင်းတွေက ကျွန်တော့်ဘေးနားမှာ ရှိနေမှန်း သိတယ်။ ကျွန်တော် အနံ့တွေ ရနေတယ်။ နောက်တော့ ငါးတွေက အဲဒီအလောင်းတွေကို လာတွတ်တဲ့ အသံတွေပါ ကြားလာရတယ်။ အင်မတန် ခြောက်ခြားစရာကောင်းတယ်"ဟုလည်း အိုကီနီက ပြောကြားခဲ့သည်။ ၎င်းက လွတ်မြောက်လာသည့် အတွေ့အကြုံကိုလည်း ပြန်ပြောင်း ပြောပြခဲ့သေးသည်။

"အဲဒီနေ့က ကျွန်တော် သင်္ဘောကိုယ်ထည်ကို တူနဲ့ထုနေတဲ့ အသံကို ကြားလိုက်တယ်။ တဒုံးဒုံး မြည်နေတယ်။ ကျွန်တော် အောက်ဘက်နည်းနည်းကို ကူးလိုက်တော့ ရေထုတ်ပေါက် တစ်ခုကို တွေ့တယ်။ ကျွန်တော် ရေစစ်ကို ဆွဲလာပြီး သင်္ဘောကိုယ်ထည်ကို ထုတယ်။ တစ်ယောက်ယောက် ကြားမယ် ထင်လို့ပါ။ နောက်တော့ ရေငုပ်သမားတွေ သိသွားတယ်။ သူတို့ ကျွန်တော့်အသံကို ကြားသွားတယ်။ ရေငုပ်သမားတစ်ယောက် ရောက်လာတော့ ကျွန်တော် လက်ပြလိုက်တယ်။ သူ့ကြည့်ရတာ ကျွန်တော့်ကို အသက်ရှင်လျှက် မြင်ရလို့ အင်မတန် အံ့ဩ တုန်လှုပ်သွားပုံပဲ"ဟု အိုကီနီက ဆိုသည်။

ရေငုပ်သမားများသည် အိုကီနီကို အောက်စီဂျင် မျက်နှာဖုံးတစ်ခု တပ်ဆင်ပေးပြီး ရေငုပ်ဝတ်စုံနှင့် ခေါင်းစွပ်တို့ကိုပါ ဝတ်ဆင်စေသည်။ ထို့နောက် ရေအနက် မီတာ(၃၀)မှ ၎င်းကို ဘေးလွတ်ရာသို့ အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့သည်။ ရေအောက်တွင် အိုကီနီသည် နာရီပေါင်း(၆၀)ကျော်မျှ ပိတ်မိနေခဲ့ကြောင်းလည်း သိရှိလာသည်။ ကယ်ဆယ်ရေးများသည် အိုကီနီကို နောက်ထပ် နာရီ(၆၀)ကျော်ကြာအောင် ဖိအားထိန်းညှိ အခန်းထဲတွင် နေထိုင်စေပြီး ပတ်ဝန်းကျင် ဖိအားဒဏ်နှင့် လိုက်လျောညီထွေ ဖြစ်မှု သေချာအောင် ထားရှိခဲ့သည်။ "တကယ်လို့ ရုတ်တရက် ကျွန်တော် အပြင်ထွက်လိုက်ရင် ချက်ချင်း သေသွားနိုင်တယ်လို့ သူတို့က ပြောတယ်ဗျ"ဟု အိုကီနီက ရှင်းပြခဲ့သည်။

အိုကီနီက မိမိ၏ အသက်ဘေးမှ လွတ်မြောက်မှုသည် အံ့ဩဘနန်း ဖြစ်စဉ်တစ်ခုဟု ဝန်ခံခဲ့သည်။ မည်သို့ပင်ဖြစ်စေ မိမိ၏ မှောင်မည်းအေးစက်သော ဖြတ်သန်းမှုသည် ပင်လယ်ထဲ နောက်တစ်ကြိမ် သွားရောက်ရမည်ကို ကြောက်ရွံ့စိတ် ဖြစ်သွားစေခဲ့ကြောင်းလည်း ၎င်းက ဖွင့်ဟခဲ့သည်။ "ကျွန်တော် အိမ်ပြန်ရောက်တော့ အိပ်ရာထဲ ဝင်အိပ်တာတောင် စိတ်ထဲမှာ ရေထဲနစ်သလို ခြောက်ခြား ခံစားမိတယ်။ ကိုယ့်ကိုယ်ကိုယ် ပင်လယ်ထဲ ရောက်သွားသလိုပဲလေ။ ကျွန်တော် ခုန်ချပြီး အလန့်တကြား အော်မိတယ်"ဟု အိုကီနီက ခေါင်းတယမ်းယမ်းဖြင့် ပြောကြားခဲ့သည်။ ၎င်းက "အဲဒီအခန်းလေးထဲ ရေပြည့်မသွားအောင် ဘာက ဘယ်လို ပိတ်ဆို့ တားဆီးထားတယ် ဆိုတာတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျွန်တော် ဘုရားသခင်ကိုတိုင်တည် ဆုတောင်းခဲ့တယ်။ သူလုပ်ပေးခဲ့တယ် ထင်ပါတယ်။ တကယ့်ကို အံ့ဩထူးခြားတဲ့
အခြေအနေမျိုး ဆိုပါတော့"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။ 

Planet.com.mm
အသက်(၂၉)နှစ်ရှိ ဟယ်ရီဆန် အိုကီနီက မိမိကိုယ်ကိုယ် သေလူအဖြစ် သတ်မှတ်ထားပြီးမှ လွတ်မြောက်

ငါးနှစ်အရွယ် ကလေးငယ် မိမိကိုယ်ကိုယ် မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိ၍ သေဆုံး

ငါးနှစ်အရွယ် ကလေးငယ် မိမိကိုယ်ကိုယ် မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိ၍ သေဆုံး 

အမေရိကန် နိုင်ငံတွင် (၅)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသည် မိမိကိုယ်ကိုယ် မတော်တဆ သေနတ်ဖြင့် ပစ်ခတ်မိသဖြင့် သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။ 

ရဲများက နယူးအော်လန်တွင် နေထိုင်သည့် မိန်းကလေးငယ်၏ အလောင်းကို တနင်္ဂနွေနေ့က စစ်ဆေးခဲ့ပြီးနောက် မတော်တဆ ဖြစ်စဉ်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေမိသလို ဖြစ်သွားခြင်းဟု ပြောကြားခဲ့သည်။

 ဖြစ်စဉ်ကို ဒေသဆိုင်ရာ စုံထောက်အဖွဲ့ တာဝန်ရှိသူများက သွားရောက် လေ့လာခဲ့ပြီးနောက် အစောပိုင်းက ကလေးမလေး၏ မိခင်ကို ဒုတိယအဆင့် သတ်မှတ်ချက် လူသတ်မှု စွဲချက်ဖြင့် တရားစွဲဆိုမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သေးသည်။ 

နောက်ပိုင်းတွင်မူ တနင်္ဂနွေနေ့ နံနက်ပိုင်းက ကလေးမလေး၏ သေဆုံးမှုမှာ မတော်တဆ ဖြစ်ရပ်ဟုသာ ရဲများက ကောက်ချက်ချခဲ့သည်။ ရဲတပ်ဖွဲ့သည် ကလေးမလေးကို သူမ၏ အိပ်ခန်းထဲတွင် ဦးခေါင်း၌ သေနတ်ဒဏ်ရာကြီးဖြင့် ရှာဖွေ တွေ့ရှိခဲ့သည်။ 

ထို့နောက် ဆေးရုံသို့ အလျင်အမြန် တင်ပို့ခဲ့သော်လည်း အသက်မမီခဲ့ချေ။ ထို့နောက်တွင်မူ ရဲများက ဖြစ်စဉ်အတွင်း ကလေးမလေး သည် နေအိမ်ထဲ တွင် တစ်ဦးတည်း ရှိနေပြီး .38 Revolver ပစ္စတို တစ်လက်ကို ယူဆော့မိရာမှ ယခုလို အဖြစ်ဆိုး ကြုံခဲ့ခြင်းဟု ပြောကြားခဲ့သည်။ 

ကလေးမလေး၏ မိခင်က သူမသည် အနီးရှိ စတိုးဆိုင် တစ်ခုသို့ ခေတ္တမျှ သွားရောက်စဉ် သေနတ်သံ ကြားရသဖြင့် ပြန်ပြေးလာရာ သမီးဖြစ်သူကို သေနတ်ဒဏ်ရာဖြင့် တွေ့ခဲ့ရခြင်းဟု ထွက်ဆိုခဲ့သည်။ 

ရဲများသည် သက်သေခံ သေနတ်ကိုလည်း သိမ်းဆည်းနိုင်ခဲ့သည်။ ရဲတပ်ဖွဲ့သည် မိသားစု၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ငဲ့ညှာသဖြင့် ကလေးမလေး၏ အမည်ကို ဖော်ပြခြင်း မပြုခဲ့ချေ။ ကလေးမလေး၏ ရုပ်အလောင်းကို တနင်္လာနေ့တွင် ခွဲစိတ်စစ်ဆေးမှု ပြုလုပ်မည်ဟုလည်း သိရှိရသည်။

Source: CNN
See More Here
http://www.planet.com.mm/news/read.cfm/id/21819
Planet News Journal
အမေရိကန် နိုင်ငံတွင် (၅)နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသည် မိမိကိုယ်ကိုယ် မတော် တဆ သေနတ်ဖြင့် ပစ်ခတ်မိသဖြင့် သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းမှုပါဝင်မည့် လွှတ်တော်ပုံမှန် အစည်းအဝေးများ ယနေ့ပြန်လည် စတင်မည်

6.24.6
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအား ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေး ကာလက တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)
ပထမအကြိမ် လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေးများကို ယနေ့ (ဇွန် ၂၅) တွင် နေပြည်တော်ရှိ

နောက်ကြောင်းပြန် အာဏာသိမ်းယူမှု မဖြစ်ပေါ်စေရန် စစ်တပ်ပိုင် အကျိုးစီးပွားများကို ထိပါးမှု မပြုသင့်ကြောင်း Educational Initiatives အဖွဲ့ ပြောကြား

နောက်ကြောင်းပြန် အာဏာသိမ်းယူမှုများ လုပ်ဆောင်မှု ရှိနေသည်ဟု ပြည်သူ အများစု ဝေဖန်နေ သည့် မြန်မာ့နိုင်ငံရေး အခြေအနေအတွက် စစ်တပ်မှ အာဏာသိမ်းယူမှု မဖြစ်ပေါ်ရန် စစ်တပ်ပိုင်

ဈေးကျနေသော်လည်း ထပ်မံထိုးကျမည်စိုး၍ ရွှေကစားသူများ ပြန်လည်ရောင်းချမှုများပြား

6.24.10
နိုင်ငံတကာရွှေဈေးမှာ အကျကြမ်းနေသည့် အတွက် ပြည်တွင်းရွှေဈေးမှာလည်း ယခုထက်ပို၍ ထပ်မံ

စာရွက်စာတမ်း အတုများဖြင့် ပွဲစားများမှတစ်ဆင့် လျှောက်ထားခြင်းကို စစ်ဆေးတွေ့ရှိပါက ဗီဇာကို ရာသက်ပန် ပိတ်ပင်သွားမည်ဟု ထိုင်းသံရုံးမှ သတိပေးချက်ထုတ်ပြန်

6.24.11
ထိုင်းသံရုံးတွင် ဗီဇာရရှိရန် စောင့်ဆိုင်းနေကြသူများအား ဇွန်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)
ထိုင်းဗီဇာ လျှောက်ထားခြင်းကို ကိုယ်တိုင်လာရောက် လျှောက်ထားရန်နှင့် စာရွက်စာတမ်း အတုများဖြင့်

စတုတ္ထအကြိမ် မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမား ၆၉ ဦး ဇွန် ၂၄ ရက်တွင် ပြန်လည် ရောက်ရှိလာပြီး ယခုတစ်ပတ်အတွင်း ၂၅၇ ဦး ထပ်မံရောက်ရှိမည်

စတုတ္ထအကြိမ် မလေးရှားနိုင်ငံမှ မြန်မာအလုပ်သမား ၆၉ ဦးသည် မွန်းလွဲ ၂ နာရီ ခန့်တွင် ရန်ကုန်လေ ဆိပ်သို့ အမ်အေအိုင် လေကြောင်းလိုင်းဖြင့် ရောက်ရှိလာခဲ့ပြီး ယခုတစ်ပတ် အတွင်းပင် မြန်မာ အလုပ် သမား ၂၅၇ ဦး ထပ်မံရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

မြစ်ဆုံစီမံကိန်း EIA အစီရင်ခံစာကို အပြစ်အနာအဆာ များသည်ဟု နိုင်ငံတကာ ပညာရှင်များ ဝေဖန်

6.24.13
နိုင်ငံတကာ မြစ်ချောင်းများနေ့ အခမ်းအနားကို ဧရာဝတီမြစ်ဆုံ၌ ၂၀၁၃ ခုနှစ် မတ် ၁၄ ရက်က ကျင်း ပနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
မြစ်ဆုံစီမံကိန်းအတွက် တင်ပြသော EIA အစီရင်ခံစာကို အပြစ်အနာအဆာများပြီး၊ တောင့်တင်းခိုင်မာမှု

ထိုင်းနိုင်ငံတွင် တရားမ၀င် မြန်မာအလုပ်သမားများအား ဖမ်းဆီးကာ နေရပ်သို့ ပြန်ပို့နေ

6.24.14
မြန်မာအလုပ်သမား အများစုရှိရာ ထိုင်းနိုင်ငံ မဲဆောက်မြို့ တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)
ထိုင်းနိုင်ငံတွင် လူကုန်ကူးမှုများ ဆက်တိုက်ဖြစ်ပေါ် နေသည့်အတွက် အထောက်အထား

မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များ နိုင်ငံတကာ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု မရှိသည့်အတွက် ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မရှိကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

6.24.18
ဇွန်၂၄ ရက်က ကျင်းပသည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အား တွေ့ ရစဉ်။ (ဓာတ်ပုံ-နေရိုင်း)
မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်များသည် အရည်အသွေးနှင့် နိုင်ငံတကာ စံချိန်စံညွှန်း ကိုက်ညီမှု

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် ပညာရေးညီလာခံ ကျင်းပရေး ကော်မတီမှ အဆိုပြုထားသည့် အမျိုးသား ပညာရေးမူဝါဒ (မူကြမ်း)အား ပြည်သူ့လွှတ်တော်သို့ ပေးပို့

မြန်မာနိုင်ငံ၏ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက် ပညာရေးလှုပ်ရှား ဆောင်ရွက်သည့် အဖွဲ့များ