အွန်လိုင်း ပေါ်တွင် စိတ်ဝင် စားစရာ
ကောင်းသော အရာများကို လေ့လာ နေသော အဖွဲ့၏ အဆိုအရ ယနေ့ ခေတ် (အင်တာနက်ခေတ်)
လူနေမှု ဘဝ ပုံစံများ ပြောင်းလဲ လာသည်နှင့် အမျှ အင်တာနက်ကို သုံးစွဲ ကြသော
လူအများ စုသည် လိင်မှု ကိစ္စထက် Facebook နှင့် Twitter တို့ကို အဓိကထား
သုံးစွဲ ကြကြောင်း သိရသည်။
Thursday, October 18, 2012
ဂျိုးဖြူပိုက်လိုင်းအတွက် ရေတွန်းစက် ၁၃ ခုကိုတိုးချဲ့ တည်ဆောက်
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း အတွင်း ဂျိုးဖြူရေ ပေးဝေရာ တွင်
ရေပိုက်ဖျားပိုင်း မြို့နယ်များအတွက် ထပ်ဆင့်ရေတွန်းစက်ရုံ ၁၃ ခုကို
တိုးချဲ့တည်ဆောက်ပြီးဖြစ်ကြောင်း မြို့တော်စည်ပင်သာယာေ ရး ကော်မ တီကပြောဆိုသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်းကိစ္စနှင့် ဝိဇ္ဇာ-သိပ္ပံဘာသာတွဲများ တွဲခြင်း၊ ခွဲခြင်းကိစ္စရပ်တို့ကို လွှတ်တော်၌သာ အတည်ပြုတော့မည်
တက္ကသိုလ်ဝင်တန်း
စာမေးပွဲမေးခွန်းကိစ္စနှင့် ဝိဇ္ဇာ-သိပ္ပံဘာသာတွဲများ တွဲခြင်း၊
ခွဲခြင်းကိစ္စရပ်တို့ကို လွှတ်တော်၌သာ အတည်ပြုတော့မည်ဟု ပညာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီးက ပြောသည်။
''လက်ရှိ
အတိုင်း ပဲ သွားမှာ လား ဒါမှ မဟုတ်ပြောင်းမှာလား၊ ဒါကို လွှတ်တော်မှာပဲ
စုပေါင်း ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချတော့ မယ်''ဟု အထက်ပါ ပုဂ္ဂိုလ်က
ပြောသည်။
နိုင်ငံတကာ ပါလီမန်တွေနည်းတူ လွှတ်တော်ပြက္ခဒိန် parliament calendar တခု တိတိကျကျထားရှိပေးဖို့ သူရဦးရွှေမန်းက လက်မခံ
နိုင်ငံတကာ
ပါလီမန်တွေနည်းတူ လွှတ်တော်ပြက္ခဒိန် parliament calendar တခု
တိတိကျကျထားရှိပေးဖို့ ပုသိမ်မဲဆန္ဒနယ်က အင်န်အယ် လ်ဒီ ပြည်သူ့လွှတ်တော်အမတ်
ဦးဝင်းမြင့်တင်တဲ့ အဆိုကို ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယေဘုယျ အဖြေလောက်သာ ပေးပြီး
တိတိကျ ကျ ပြဋ္ဌာန်းပေးဖို့ ငြင်းဆိုလိုက်ပါတယ်။
အစိုးရ နှင့် ကချင်လွတ်လပ်ရေး အဖွဲ့(KIO) ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ယနေ့ထပ်မံ တွေ့ဆုံကြ
အပစ်အခတ်ရပ်စဲရေး အတွက် ပြည်ထောင်စု အဆင့် ဆွေးနွေးရန် အစိုး ရ နှင့်ကချင်လွတ်လပ်ရေး အဖွဲ့(KIO) ကိုယ်စားလှယ်များ တရုတ်နိုင် ငံ ရွှေ လီမြို့တွင်
ယနေ့ထပ်မံ တွေ့ဆုံကြသည်။
ရန်ကုန်မြို့တွင်း အခမဲ့ ယာဉ်ရပ်နားစခန်းများ ဆောက်မည်
ရန်ကုန် (မဇ္ဈိမ) ။ ။ ယာဉ်ကြောပိတ်ဆို့မှုနှင့် ကားပါကင် ပြဿနာများ
အဆင်ပြေနိုင်ရန် အခမဲ့ ယာဉ်ရပ်နား စခန်း ခုနှစ်ခုကို
ပြု လုပ်ပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ
အရာထမ်း တဦးက ပြောသည်။
ယနေ့ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် OIC ကန့် ကွက်ဆန္ဒပြပွဲနှင့် သမ္မတ ဦးသိန်းစိန် ထောက်ခံပွဲ ပြုလုပ်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ တွင် ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့  နေ့ လည်
၁၁ နာရီခွဲတွင် OIC အစ္စလာမစ် နိုင်ငံများ ပူးပေါင်းေ ဆာင်ရွက်ရေးအဖွဲ့
မြန်မာနိုင်ငံအတွင်း ရုံးစိုက်မည်ကို ကန့် ကွက်ဆန္ဒထုတ်ဖော်ပွဲ နှင့် သမ္မတ
ဦးသိန်းစိန်အစိုးရအား ထောက်ခံကြိုဆိုပွဲတရပ်ကို ရခိုင်လူမှုကွန်ယက်အသင်း
(တောင်ကုတ်)က ဦးဆောင်၍ လူပေါင်း ၂၀၀၀ နီးပါးခန့် ငြိမ်းချမ်းစွာ
ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။
ငွေကျပ် သိန်း ၃၀ ဖြင့် တရုတ်မယား ဈေးကွက် ဗြောင်ဆွယ်နေ
ရန်ကုန် (မဇ္ဈိမ) ။ ။ ငွေကျပ် သိန်း ၃၀ ရရှိမည် ဟူသည့် မက် လုံးဖြင့်
မြန်မာ အမျိုးသမီးငယ်များကို တရုတ်နိုင်ငံ ရှိ အမျိုးသားများနှင့်
လက်ထပ်ရန် ပွဲစားများ အတင့်ရဲစွာ စည်းရုံးသိမ်းသွင်းမှုများ ရှိလာေ ကြာင်း
လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ဒု-ရဲမှူးကြီးညွန့် လှိုင် က
ပြောသည်။
Meeting on Myanmar in Tokyo ဆွေးနွေးပွဲ မှ မြန်မာနိုင်ငံ၏ အနာဂတ် စိန်ခေါ်မှု များဖြေရှင်းရေး
ဂျပန်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီး ဌာနက တာဝန်ယူ ကျင်းပသော Meetingon Myanmar အစည်း အဝေးသို့ ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Mr. Koriki Jojima နှင့်အတူတက်ရောက် ၍ မိန့် ခွန်းပြော ကြားခဲ့သည်။
စစ်တွေတွင် AZG ဆေးခန်းဖွင့်လှစ်မည်ကို မြို့ခံများက ကန့်ကွက်
ရခိုင်ပြည်နယ်၊
စစ်တွေမြို့တွင် ယနေ့နံနက် (၉) နာရီက AZG ဆေးခန်း ဖွင့်လှစ်မည်ကို
စစ်တွေမြို့ခံလူထု (၁၃၀) ကျော်က ဆန္ဒထုတ်ဖော်၊ ကန့်ကွက် ခဲ့ခြင်းကြောင့်
ဆေးခန်းဖွင့်လှစ်ခြင်းကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ်မြို့နယ် အတွင်းရှိ ကျေးရွာ ၅၀ ကျော် မှ တောင်သူလယ်သမားများ စုစည်း၍ ပုသိမ်မြို့နယ် တောင်သူ လယ်သမား သမဂ္ဂ ကို ဖွဲ့စည်းလိုက်
တောင်သူ လယ်သမားများ ၏ အရေးကိစ္စများကို ထိရောက် စွာ
ဆောင်ရွက်နိုင်ရေးအတွက် ပုသိမ်မြို့နယ် အတွင်းရှိ ကျေးရွာ ၅၀ ကျော် မှ
တောင်သူလယ်သမားများ စုစည်း၍ ပုသိမ်မြို့နယ် တောင်သူ လယ်သမား သမဂ္ဂ ကို
ဖွဲ့စည်းလိုက်သည်။
ပါတီတွင်းပြဿနာများကို အချင်းချင်း ပြေလည်အောင် ဖြေရှင်းကြရန် NLD နာယက ဦးတင်ဦးကပြောကြား
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
ညီလာခံမခေါ်ယူမီ ဖြစ်ပေါ်နေသည့် ပါတီတွင်းပြဿနာများကို အချင်းချင်း
ပြေလည်အောင် ဖြေရှင်းကြရန် NLD နာယက ဦးတင်ဦးက တိုက်တွန်းလိုက်သည်။
ပြည်သူ့အကျိုးဆောင်ကွန်ယက်အဖွဲ့ကဦးဆောင်ကာပြုလုပ်သည့်လက်ပန်းတောင်းတောင်ပြည်သူ့ညီလာခံသို့ လူအင်အား ၂၀၀၀ခန့်တက်ရောက်ခဲ့
ပြည်သူ့အကျိုးဆောင်ကွန်ယက်အဖွဲ့ ကဦးဆောင်ကာ အောက်တိုဘာ ၁၈ ရက် နံနက် ၇ နာရီမှ ည ၇ နာရီအထိ မုံရွာမြို့၊ ဆည်တည်းကျေးရွာတွင်ပြုလုပ်နေသော လက်ပန်းတောင်းတောင်ပြည်သူ့ညီလာခံသို့ ဒေသခံကျေးရွာ ၂၆ ရွာမှဒေသခံများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ၊ မုံရွာ၊ မန္တလေး၊ ရန်ကုန်မှဆရာတော်များစုစုပေါင်း လူအင် အား ၂၀၀၀ ခန့်တက်ရောက်ခဲ့ကြသည်ဟုသတင်းရရှိသည်။
Flickrကသာ သိသွား လို့ တရားဝင်တိုင်ခဲ့ရင် ညီမကို Vote လုပ်ထားတဲ့ မဲတွေအားလုံးဟာ Auto Delete ဖြစ်သွားနိုင်တယ်လို့ ပြောထားသည့် နန်းခင်ဇေယျာ
ဂျပန်နိုင်ငံအိုကီနာဝါမြို့ မှာ
ကျင်းပတဲ့ ၅၂ကြိမ်မြောက် Miss International 2012 Pageant
ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ နန်းခင်ဇေယျာကို
အင်တာ နက်ဖေ့စ်ဘုတ် စာမျက်နှာတွေဟာလည်း တစ်ခုပြီးတစ်ခု hack ခြင်းများခံ
ခဲ့ရပြီး နန်းခင်ဇေယျာရဲ့ ဖေ့စ်ဘုတ်လို့ ယူဆရတဲ့ www.facebook. com / nangkhin.zayyar.9 ကို ဖေ့စ်ဘုတ်ပေါ်မှာ ပုံများနှင့်တကွ အောက်တို ဘာ ၁၃ရက်နေ့ မနက်မှာ တွေ့ရပြီး
အဲဒီစာမျက်နှာမှာ ‘အားပေးပံ့ပိုး ကူညီကြ သူများ အား မေတ္တာရပ်ခံခြင်း’
လို့ဖော်ပြထားတာကို တွေ့မိတာကြောင့် ပရိ သတ်ကြီး အတွက် ဖော်ပြပေးလိုက်ပါတယ်။
နိုင်ငံတော်သမ္မတကြီး ပြည်တွင်း မီဒီယာများနှင့် တွေ့ဆုံ၍ မေးခွန်းများ ဖြေကြားမည့် အစီအစဉ်
(၂၁-၁၀-၂၀၁၂)ရက်နေ့နံနက်(၉)နာရီ၌ နေပြည်တော်တွင် ပြုလုပ် ပါမည်။
လိုက်ပါသတင်းယူလိုသူများ
(၁)ဆရာဦးကိုကို (ရန်ကုန်တိုင်းမ်)၊
(၂) ကိုကျော်မင်းဆွေ (The Voice) ထံသို့ ဆက်သွယ်၍ အမည်စာရင်း ပေးကြရန် ဖြစ်ပါသည်။
(၁)ဆရာဦးကိုကို (ရန်ကုန်တိုင်းမ်)၊
(၂) ကိုကျော်မင်းဆွေ (The Voice) ထံသို့ ဆက်သွယ်၍ အမည်စာရင်း ပေးကြရန် ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်တွင်း၊ပြည်ပ မီဒီယာများနှင့်တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်တွင်း၊ပြည်ပ မီဒီယာ များနှင့်တွေ့ ဆုံကာ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို အောက်တိုဘာလ ၂၁ ရက် နံနက် ၉ နာရီတွင် နေပြည်တော်၌ ပြုလုပ်သွားမည်ဟု သိရသည်။
မြန်မာနိုင်ငံမှ ယခုဘဏ္ဍာနှစ်၏ နှစ်ဝက်အတွင်း ဆန်တန်ချိန် ၆၅၀၀၀၀ နီးပါး ပြည်ပတင်ပို့
မြန်မာနိုင်ငံမှ
ယခုဘဏ္ဍာနှစ်၏ ဘဏ္ဍာနှစ်ဝက် ကာလအတွင်း၌ ဆန်တန်ချိန် ၆၅၀,၀၀၀ နီးပါး ပြည်ပ
တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန
တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ် အမှုကို ဒဂုံမြို့နယ်တရားရုံးမှ ရုံးချိန်းခေါ်ယူထားသော်လည်း ခရိုင်ရုံးမှ စစ်ဆေးဆဲဖြစ်သောကြောင့် ကြားနာစစ်ဆေးမှုမပြုခဲ့ဘဲ အောက်တိုဘာ ၂၆ ရက်နေ့တွင် ရုံးချိန်းထပ်မံခေါ်ယူထား
သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ်တို့အကြား
ဖြစ်ပွားေ နသောအမှုကို ဒဂုံမြို့နယ်တရားရုံးက ယနေ့(အောက်တိုဘာ ၁၈) တွင်
ရုံးချိန်းခေါ်ယူထားသော်လည်း ခရိုင်ရုံးမှ
ယင်းအမှုကိုစစ်ဆေးဆဲဖြစ်ေ သာကြောင့် ကြားနာစစ်ဆေးမှုများ မပြုလုပ်ခဲ့ဘဲ
အောက်တိုဘာ ၂၆ ရက်နေ့တွင် ရုံးချိန်းထပ်မံခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။
ဘင်္ဂါလီအရေး လိုလားသူ ကနေဒါ NGO များက CFOB အဖွဲ့ကို အသင်းစုမှ ထုတ်ပယ်
ဧရာဝတီနှင့် ရန်ကုန်တိုင်း ဒေသကြီးများ၌ လယ်ယာမြေများ သိမ်းဆည်း ခံရမှု အများဆုံးဖြစ်နေ
ဧရာဝတီတိုင်းဒေသကြီးနှင့်
ရန်ကုန်တိုင်းဒေသကြီးများ၌ လယ်ယာမြေ များ သိမ်းဆည်းခံရမှု အများဆုံးဖြစ်ပြီး
သိမ်းဆည်းသည့် အဖွဲ့အစည်း အများစုမှာ ပုဂ္ဂလိကကုမ္ပဏီများဖြစ်ကြောင်း
ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့်
ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်မှ တာဝန်ရှိသူ တစ်ဦး က
ပြောကြားခဲ့သည်။
မြတ်စွာဘုရား ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင် အသက်ဆက်ပြီး ရှင်သန်ဆဲဟု သိပ္ပံပညာရှင်တို့ပြော..
လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရား ပွင့်ထွန်းခဲ့ရာ မဟာေ ဗာဓိ ညောင်ပင်မှာ ယနေ့ အချိန်အထိ ဆက်လက်ရှင်သန်ကြီးထွား
နေဆဲဖြစ်ေ ကြာင်းသိပ္ပံပညာရှင်များမှ လွန်ခဲ့သည့်ကြာသပတေး နေ့က
ပြောကြားလိုက်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရုံးဖွင့်ခွင့်ပြုတောမည့် မဟုတ်ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ OIC သို့အကြောင်းကြား
မြန်မာ နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ အစ္စလာမ်မစ် ပူးပေါင်းရေး အဖွဲ့ (အိုအိုင်စီ)
သို့ မြန်မာနိုင်ငံ၌ ရုံးဖွင့် ခွင့်ပြုတော့မည် မဟုတ်ကြောင်း
အကြောင်းကြားလိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ကရင်ပြည်နယ် သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ ထုတ်ပြန်ချက် အစ္စလာမ် သာသာရေး ၅ ဖွဲ ဖြေရှင်းပေးရန် လို
ဗုဒ္ဓဘာသာဝင်များ ပိုင်ဆိုင်သော အိမ်ခြံမြေ လယ်ယာများ မွတ်စလင်
တို့ကို ရောင်းချခြင်းမပြုရ ဟူသော အချက်အပါအ၀င် စည်းကမ်းချက် ၄ရက် ကရင်
ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ မှ
ထုတ် ပြန် ဟူ ၍ အမှတ် (၈၁ ) အောက်တိုဘာ ၁၉ရက်နေ့ ၊၂၀၁၂ နေ့ ထုတ်
မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ် မျက်နှာ ဖုံးပေါ် တွင် ဖော်ပြခဲ့သည်။
နယ်သာလန်နိုင်ငံပြတိုက်မှ ပေါင် ၁၀ သန်းကျော်ဖိုး ပန်းချီကား ၇ ချပ် သူခိုး ခိုးခံရ
ရုပ်ရှင်တွေထဲမှာပဲ မြင်ဖူး၊
ကြားဖူးတယ် မမှတ်ပါနဲ့။ ကမ္ဘာကျော် တန်ကြေးကြီး ပန်းချီကားချပ်တွေ ခိုးခြင်း
ခံရတာ အခု ကိစ္စက တကယ်ဖြစ်သွားပါတယ်။နာမည်ကြီး ပန်းချီပြခန်း တခုကနေ
စတာလင်ပေါင် သန်းနဲ့ချီတန်တဲ့ နာမည်ကြီးပန်းချီဆရာတွေရဲ့ ပန်းချီ ကား ၇
ချပ်ဟာ သူခိုး ခိုး ခံလိုက်ရပါတယ်။
စစ်ဘေးဒုက္ခသည်များအတွက် ဂျပန်က ဒေါ်လာ ၃ သန်း ကူညီမည်
ဂျပန်နိုင်ငံက မြန်မာနိုင်ငံကိုလူသားခြင်းစာနာ ထောက်ပံ့ကြေးအကူအညီ
အဖြစ် ဒေါ်လာ ၃ သန်း ပေးမည်ဖြစ်ကြောင်း ညီညွှတ်သောတိုင်းရင်းသား
လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့က ပြောသည်။
အိဒ်ပွဲတော်အတွက် ကျွဲနွားများ ဘင်္ဂလာသို့ တင်ပို့မူ ရခိုင်လယ်ယာ လုပ်ငန်း ထိခိုက်နိုင်
အိပွဲတော်ရက် နီးကပ်လာပြီ ဖြစ်သဖြင့် ဘင်္ဂလာဒေခ်ျ့တွင် ကျွဲနွားများ အထူး
ဈေးကောင်းနေရာ ရခိုင်ပြည်နယ်မှ အနှံ့မှ ကျွဲနွားများကို အကြီးအကျယ်
တင်ပို့နေကြသဖြင့် ရခိုင်ပြည်နယ်၏ လယ်ယာ လုပ်ငန်းကို ထိခိုက်နိုင်ကြောင်း
ကျောက်ဖြူ ဒေသခံ လယ်သမားကြီး တစ်ဦး က ပြောသည်။
ယနေ့ ပထမအကြိမ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးစတင်
ပထမအကြိမ်
အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွေကို
စတင်တော့မှာဖြစ်ပါတယ်။ ဒီတခါ လွှတ်တော် စည်းဝေးပွဲတွေကျရင်
နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို အတည်ြ ပုနိုင်ဖို့ ဆွေးနွေးကြမှာ ဖြစ် သလို အတည်ပြုထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပြင်ဆင် ချက်တွေကို ဆွေးနွေးကြမှာဖြစ်
ဒေါ်အောင်ဆန်းစုကြည်ကို ဆာကားအိမြို့ ငြိမ်းချမ်းရေးဆု ချီးမြှင့်
ဂျပန်နိုင်ငံ အိုဆာကားခရိုင် ဆာကားအိ (Sakai) မြို့ က မြန်မာ့ ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ငြိမ်း ချမ်းရေးဆု
ချီးမြင့်လိုက်ပါတယ်။
ကျောက်ဖြူ၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ်များတွင်OICအားထပ်မံကန့်ကွက်ဆန္ဒထုတ်ဖော်မည်ကို ခွင့်ပြုလိုက်ခြင်း
ကျောက်ဖြူ၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့များတွင် OIC
ရုံးဖွင့်လှစ်ခြင်းကို ထပ်မံဆန္ဒထုတ်ဖော်ရန် အတွက် ဒေသခံအာဏာပိုင်များက
လူဦးရေ အကန့်အသတ်ဖြင့် ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
ဒုတိယကမ္ဘာစစ်အတွင်း မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့်မိတ္ထီလာနယ်မြေများ၌ မြှုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစားလေယာဉ်အစီး ၆၀ အား ပြန်လည်ရှာဖွေတူးဖော်မည်
ဒုတိယကမ္ဘာစစ်အတွင်းက မြစ်ကြီးနား၊ မင်္ဂလာဒုံနှင့် မိတ္ထီလာ နယ်မြေများ၌
မြုပ်နှံသိမ်းဆည်းခဲ့သည့် Spitfire အမျိုးအစား လေ ယာဉ်အစီး ၆၀ နှင့်
ဆက်စပ်ပစ္စည်းများအား ပြန်လည်ရှာဖွေတူးဖော် မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ယင်းသို့ ပြန်လည်ရှာဖွေတူးဖော်နိုင် ရန် အောက်တိုဘာလ ၁၆ ရက်နေ့က
နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာ
ကိုမင်းကိုနိုင်၏ အသက် ၅၀ပြည့်မွေးနေ့တွင် ကျန်းမာရေး၊ပညာရေးနှင့် ပတ်သက်သည့် လူမှုအကူအညီပေးမှုများ လုပ်ဆောင်မည်
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ အသက်
၅၀ပြည့်မွေးနေ့တွင် ကျန်းမာရေး၊ပညာရေးနှင့်ပတ်သက်သည့် လူမှုအကူ အညီပေးမှုများ
လုပ်ဆောင်သွားမည်ဟု ကိုမင်းကိုနိုင်က ပြောကြားခဲ့ သည်။ကိုမင်းကိုနိုင်၏မွေးနေ့အလှူကိုရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ယုဇနဥယျာဉ်မြို့တော်၊
(၉၄) ရပ်ကွက်၊ပိတောက်လမ်းရှိ ထိန်လင်းကုသိုလ်ဖြစ်ဆေးခန်း၌ အောက်တိုဘာလ ၁၈
ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း
သိရသည်။
လွှတ်တော်တွင်းဆွေးနွေးမှု အကျိုးရှိစေရေး ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့
လွှတ်တော်ထဲမှာ ဆွေးနွေးကြတဲ့အခါ ဒီမိုကရေစီ နည်း ကျ ဆွေးနွေးမှုတွေနဲ့
လူထုအတွက် အကျိုးဖြစ်မယ့် အဆိုတွေ ကို ထောက်ခံဆွေးနွေးကြဖို့၊ လူထုအတွက်
အကျိုးမရှိ တဲ့ ဆွေးနွေး ချက်တွေကို ကန့်ကွက်ကြဖို့ ဒေါ်အောင်ဆန်း စုကြည်က
တိုက်တွန်းလိုက်ပါ တယ်။
လက်ပံတောင်းတောင် ပြည်သူ့ညီလာခံ ကျင်းပမည်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးနဲ့ အလုပ်သမား၊ လယ်သမား၊
တိုင်းရင်းသား အရေးတွေ ဆွေးနွေးမယ့် ပြည်သူ့ညီလာခံ တရပ်ကို
ကြေးနီစီမံကိန်းဒေသ ဆည်တဲကျေးရွာမှာ မနက်ဖြန် မနက်မှာ ကျင်းပဖို့
ပြင်ဆင်နေပြီး ညီလာခံ တက်ရောက်ဖို့ ကိုယ်စားလှယ် ၃၀၀ ကျော်
ရောက်ရှိနေပြီလို့ သိရပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးက မြန်မာအစိုးရနဲ့ဒေါ်စုကြည်ကို တွေ့
မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး
မိုက်ကယ်လ် ပေါ်စနာ (Michael Postner) နဲ့ အဖွဲ့ ဟာ ဗုဒ္ဓဟူးနေ့ က
နေပြည်တော်ဆီသွားပြီး အစိုးရအဖွဲ့ အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ ရော
ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါ တွေ့ဆုံခဲ့ပါတယ်။
Subscribe to:
Posts (Atom)