Thursday, December 11, 2014

တေးသံရှင် သီရိဆွေ၏ မိခင်ကို လိမ်လည်မှုဖြင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်

Pop တေးသီချင်းများဖြင့် အနုပညာလောကတွင် အောင်မြင်နေသော တေးသံရှင် သီရိဆွေ၏ မိခင်ဖြစ်သူကို ဒီဇင်ဘာလ ၁၀ ရက် မွန်းလွဲ ၁ နာရီက ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးက ငွေအလွဲသုံးစား ပြုလုပ်မှု ပုဒ်မ ၄၀၆ ဖြင့် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ခွဲ အမိန့်ချမှတ်ခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရှိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်ရှိ Cupid ပရိဘောဂ စက်ရုံပိုင်ရှင်နှင့် စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းရှိ ပရိဘောဂ ရောင်းဝယ်ရေး Show Room ပိုင်ရှင်ဖြစ်သူ ဒေါ်ဆွေဆွေအုန်းမှာ ၂၀၁၃ ခုနှစ် ဧပြီလပိုင်းက ၎င်းထံ လာရောက်အပ်နှံထားသော ငွေကျပ်သိန်း ၃၀၀ တန်ဖိုးရှိ ကျွန်းသစ်ဆိုက်စုံနှင့် ပါကေးတုံးများကို အလွဲသုံးစားပြုမှုဖြင့် တရားရုံးတွင် ကိုးလကြာ တရားရင်ဆိုင်ခဲ့ပြီးနောက် ပြစ်ဒဏ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း တရားစွဲဆိုခဲ့သူ ဒေါ်ခင်ခင်စိန်က ပြောကြားသည်။

ဒီချုပ်နှင့် တပ်မတော်သားကိုယ်စားလှယ်များ တွေ့ဆုံရေးအထက်လူကြီးများ ၏ သဘောထား လိုအပ်နေသေးဟုဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ရန်ကိစ္စသည် အထက်လူကြီးများ၏ သဘောထားတောင်းခံရန် လိုအပ်နေ သေးကြောင်း တပ်မတော်သား လွှတ် တော်ကိုယ်စားလှယ်တစ်ဦးက ပြော ဆိုလိုက်သည်။

တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ''ကျွန်တော် တို့နဲ့ အင်န်အယ်လ်ဒီပါတီက ကိုယ် စားလှယ်တွေနဲ့ မိတ်ဆွေလို ပြောကြ ဆိုကြ အခြေအနေကို ရောက်နေကြ ပါပြီ။ ဒါပေမဲ့ ဒီချုပ်ပါတီ ကိုယ်စား လှယ်တွေနဲ့ သီးသန့်တွေ့ဆုံဖို့ သင့်၊ မသင့်ဆိုတာ မဆုံးဖြတ်နိုင်ဘူးလေ။ ကျွန်တော်တို့ အထက်မှာ လူကြီးတွေ ရှိတယ်လေ။ သူတို့သဘောထားကို တောင်းရဦးမယ်''ဟု ပြောသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သတင်းထုတ်ပြန်ချက်

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် စင်္ကာပူမြို့မှ ရန်ကုန်မြို့သို့ပျံသန်းသည့်ခရီးစဉ် Airbus A319 အမျိုးအစား လေယာဉ်အမှတ် 8M 232 သည် မွန်းလွဲ (၁၄)နာရီ (၅၂)မိနစ် ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်မည့် အချိန် (၁၀)မိနစ် ခန့် အလိုတွင် အမြင့်ပေ ၄၀၀၀ မှ ပျံသန်းနေရာ ငှက်ဖြင့်တိုက်မိသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့သဖြင့်

သယံဇာတပေါကြွယ်ပြီး ကမ္ဘာ့အဆင်းရဲဆုံးစာရင်းဝင် မြန်မာနိုင်ငံကို စာရင်းမှနုတ်ပယ်နိုင်ဖို့အရေး ကုလသမဂ္ဂ စဉ်းစားပေးနေဟုဆို

ကမ္ဘာ့အဆင်းရဲဆုံး LDC နိုင်ငံ စာရင်းမှ မြန်မာပြည် လွတ်မြောက်နိုင် ရန် ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများဖြစ်သည့် OHRLLS နှင့် UNDP တို့ပူးပေါင်းပြီး နည်းလမ်း ရှာဖွေနေကြောင်း မြန်မာနိုင်ငံ အခြေ စိုက် UNDP ရုံး၌ ဒီဇင်ဘာ ၁ဝရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် UN–OHRLLS မှ အဆင့်မြင့်ကိုယ်စား လှယ် Mr.Gyan Chandra Acharya က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသည် သဘာဝသယံ ဇာတပေါကြွယ်ဝသော်လည်း ပြီးခဲ့သော ဆယ်စုနှစ်များစွာတွင် ကမ္ဘာ့အဆင်းရဲ ဆုံး LDC နိုင်ငံစာရင်းမှ ရုန်းထွက်နိုင် ခြင်းမရှိဘဲ နှစ်ပေါင်းများစွာထည့်သွင်း ခြင်း ခံခဲ့ရသည်။

ထိုနိုင်ငံစာရင်းသတ် မှတ်ရာတွင်

နိုင်ငံ့ လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် စစ်သားများထက် ပြည်သူ့အင်အားကသာ အာမခံချက်အပြည့် ရှိဟုဆို

ရန်ကုန်၊ နိုင်ငံ၏ လုံခြုံရေးနှင့် ကာကွယ်ရေးအ တွက် စစ်သားများထက် စည်းလုံးညီညွတ်မှု ရှိသော ပြည်သူ့အင်အားကသာ အာမခံချက် အပြည့်ရှိကြောင်း လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက ပြောသည်။

ဒီဇင်ဘာ ၁ဝ ရက်က ရန်ကုန်မြို့ ရွှေတိ ဂုံဘုရားအနီးရှိ M3 စားသောက်ဆိုင်၌ ပြု လုပ်သည့် (၆၆)ကြိမ်မြောက် နိုင်ငံတကာ လူ့ အခွင့်အရေးနေ့ အခမ်းအနားတွင် ယင်းက ပြောခဲ့ခြင်းဖြစ်သည်။

''နိုင်ငံအတွက် လုံခြုံရေးနဲ့ ကာကွယ် ရေးက စစ်သားတွေတင် အဓိက မဟုတ်ပါ ဘူး။ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုက သာ အရေးကြီးပါတယ်။ ပြည်သူ့အင်အားက သာ နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးကို အာမခံပါလိမ့်မယ်''ဟု လူ့အခွင့်အရေး ကာ ကွယ် မြှင့်တင်သူများအဖွဲ့မှ အမှုဆောင် ဒါရိုက် တာ ဦးမြင့်အေးက ပြောသည်။

နိုက်ကလပ်၊ စင်တင်တေးဂီတနှင့် KTV ဆိုင်များ ည ၁၁ နာရီ နောက်ဆုံးပိတ်ရန် အမိန့်ထုတ်

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး၌ နိုက်ကလပ်၊ KTV နှင့် အနှိပ်ခန်းများကို ဥပဒေ စည်းမျဉ်းစည်းကမ်းများ ပြဋ္ဌာန်းပြီး တရားဝင် ခွင့်ပြုပေးရန် အဆိုတင်သွင်းခဲ့ပြီး တစ်ရက်အကြာတွင် ဒေးကလပ်၊ နိုက်ကလပ်၊ စင်တင်တေးဂီတဆိုင်နှင့် ကေတီဗီဆိုင်များ အများဆုံး တည်ရှိရာ မင်္ဂလာဈေးဝင်းရှိ ဆိုင်များကို ဒီဇင်ဘာလ ၉ ရက်နေ့မှ စတင်ကာ ည ၁၁ နာရီ နောက်ဆုံးထား ပိတ်သိမ်းရန် မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဌာနက အမိန့်စာ ထုတ်ပြန်ခဲ့ကြောင်း မြို့နယ်ရဲမှူး သိန်းအောင်က The Voice သို့ ပြောကြားသည်။

တရားမ၀င် မြန်မာအလုပ်သမားများ တင်ဆောင်လာသည့်ကား ထိုင်းတောင်ပိုင်းတွင်တိမ်းမှောက် တစ်ဦးသေ၊ ၃၀ ဦး ဒဏ်ရာရ

တရားမ၀င် မြန်မာလုပ်သားများကို သယ်ဆောင်လာသော ကားတစ်စီး ဒီဇင်ဘာ ၁၀ ရက် နံနက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း၌ တိမ်းမှောက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၃၀ ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံတောင်ပိုင်း ချွန် ဖွန်းခရိုင် ဘန့်နမ့်ယဉ်ကျေးရွာအ နီးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပြီး မြန်မာလုပ်သားများ ထိုင်းနိုင်ငံသို့ တရားမ၀င်ဝင်ရောက်ရန် သယ်ဆောင်လာသည့် ကားသုံးစီးအနက် တစ်စီးတိမ်းမှောက်ခြင်းဖြစ်သည်။

ဟိုအခန်းဖြတ် -ကိုမျိုး(မြန်မာစာ)

Photo: ဟိုအခန်းဖြတ် -ကိုမျိုး(မြန်မာစာ)
Thursday, December 11, 2014

ဇာတ်သိမ်းထိမကြည့်နဲ့ ဆိုတဲ့ဒါရိုက်တာ
ညီလေးညိုမင်းလွင်ရိုက်တဲ့ဇာတ်ကားရဲ့ 
ဆင်ဆာအခန်းတွေကို ဒီဇင်ဘာ၁၀ရက်
နေ့ ကမြန်မာ့ရုပ်ရှင်မြှင့်တင်ရေးအစည်း
ဝေးခန်းမမှာကျင်းပတဲ့ရုပ်ရှင်လောက
သားတွေနဲ့ ရုပ်ရှင်မြှင့်တင်ရေးတာဝန်ရှိသူ
တွေမျက်နှာစုံညီတွေဆုံဆွေးနွေးကြမှုမှာစိတ်ဝင်တစားကြည့်ရူနေကြပုံတွေပါပဲ။
မိန်းကလေးတစ်ဦးကိုယောကျာင်္သားတစ်
စုအဓမ္မပြုကျင့်ပုံဇာတ်ဝင်ခန်းဖြစ်လို့ အား
လုံးပဲ မျက်လုံးပြူးကျယ်ခဲ့ပါလိမ့်မယ်။
ဒီအခန်းအများပြည်သူကိုပြသင့်မပြသင့်
ဆင်ဆာကြည့်သူနဲ့ ဆင်ဆာမိသူတို့ အ
မြင်မတူနိုင်သလိုဘဝတူအနုပညာသည်
ချင်းကိုယ်ချင်းစာမှုတွေနဲ့ ကြည့်ကြလို့ 
အနုပညာဖန်တီးသူအနေနဲ့ ဇာတ်လမ်း
လိုအပ်ချက်အရပြတာဖြစ်ကောင်းဖြစ်နိုင်
ကောင်းကြောင်းတွေးနေခဲ့ကြပါလိမ့်မယ်။
ဆင်ဆာမိတဲ့ထိတဲ့ဇာတ်ကွက်လောက်သာကြည့်ပြီးအနုပညာပြကွက်တစ်ခု
အပေါ်တစ်ကွက်စာနဲ့ ထင်မြင်ချက်မပေး
သင့်ကြကြောင်းသတိပြုမိပေမဲ့အခြား
ဆင်ဆာမိတဲ့ဇာတ်ကားအကြွေး တော်
ပုံအောင်ရမည် မှဆင်ဆာမိတဲ့ထိတဲ့
အခန်းတစ်ချို ကောက်နုတ်ပြတဲ့အခါ
လက်ခုပ်သံပင်ထွက်လာပါတယ်။
ဒါတင်မကအဲ့ဒီဇာတ်ကားရဲ့ သက်ဆိုင်
သူတစ်ဦးဖြစ်တဲ့သရုပ်ဆောင်အနုပညာ
ရှင်ကိုခန့် စည်သူကိုယ်တိုင်ရှိနေလို့ ပြန်
လည်ခုခံချေပပြောသွားနိုင်တယ်။
ရုပ်ရှင်ဥက္ကဋ္ဌဟောင်းဦးဇင်ဝိုင်းကိုယ်တိုင်
ကပင်အကြွေးတော်ပုံအောင်ရမည်ကားဆင်ဆာထိတဲ့၁၉ချက်ကိုဆင်ဆာမူဝါဒ
များနဲ့ တစ်ချက်ချင်းပြန်လည်မေးခွန်း
ထုတ်ခုခံချေပသွားပါတယ်။ဒီတော့ညီမျှတဲ့ခုခံချေပနိုင်ခွင့်ဖြစ်စေရေးကလိုအပ်
လာနိုင်တဲ့အတွက်သတင်းမီဒီယာကနေ
ပြန်လည်ချေပခွင့်ရှိစေဖို့ ဒီနေ့ မှာမီဒီယာ
ကနေသက်ဆိုင်ရာဇာတ်ကားအနုပညာ
ဖန်တီးရှင်ကို ပြောဆိုပိုင်ခွင့်ပေးပါ့မယ်။
ဆင်ဆာထိကြတဲ့ဇာတ်လမ်းပုံစံနဲ့ ဇာတ်
ဝင်ခန်းအကြောင်းအရာကတော့မတူကြပေမဲ့အကြောင်းပြခုခံချေပမှုကတော့တူမျှစေရပါမယ်။
ဘယ်နေရာမှာမဆိုပြုသူဖြစ်သူအမြင်မတူနိုင်တဲ့သဘောရှိကြတာသဘာဝပဲမို့ ပြန်
လည်ခုခံချေပပြောဆိုမှုအပေါ်လက်သင့်
ခံနိုင်ခြင်းမခံနိုင်ခြင်းနဲ့ ဆင်ဆာကြည့်သူ
ဆင်ဆာမိသူတို့ အမြင်တူခြင်းမတူခြင်း
တို့ ကနေ ရှေ့ မှာရေးဆွဲမူချပြဋ္ဌာန်းကြ
ရတော့မယ့်ဥပဒေအတွက်သေချာပေါက်
အထောက်အကူရကြမှာဖြစ်ပါတယ်။
ဥပဒေရေးဆွဲပြဋ္ဌာန်းသူနဲ့ ဥပဒေလိုက်နာ
ကျင့်သုံးရသူတို့ မှာရည်ရွယ်ရည်မှန်းချက်
်ဦးတည်ချက်ဘုံယုံကြည်ချက်တူဖို့ ရာ
လိုအပ်မယ်လို့ မျှတစွာရူမြင်သုံးသပ်နိုင်
ကြစေလိုပါတယ်။အဲ့ဒီဘုံယုံကြည်ချက်ကပရိသတ်လို့ ခေါ်ဆိုတဲ့အများပြည်သူ
လူထု ကိုမထိခိုက်ဖို့ သာဂရုပြုရှေးရူမှုဆို
ပါရင်နတ်လူသာဓုခေါ်ဆိုနိုင်မယ်လို့ (အ
နုပညာဟာအနုပညာအတွက်လို့ ဆိုတဲ့။
အနုပညာဟာအနုပညာသမားအတွက်လို့ ဆိုတဲ့။အနုပညာဟာပြည်သူလူထု
အတွက်လို့ ဆိုတဲ့ဆန္ဒစွဲ ဘောင်ခတ်သမှု
တွေမပါဝင်ဘဲ)အကြံပြုတိုက်တွန်းလိုက် ရပါတယ်

Ko Myo Myanmarsar
ဇာတ်သိမ်းထိမကြည့်နဲ့ ဆိုတဲ့ဒါရိုက်တာ
ညီလေးညိုမင်းလွင်ရိုက်တဲ့ဇာတ်ကားရဲ့ 
ဆင်ဆာအခန်းတွေကို ဒီဇင်ဘာ၁၀ရက်
နေ့ ကမြန်မာ့ရုပ်ရှင်မြှင့်တင်ရေးအစည်း
ဝေးခန်းမမှာကျင်းပတဲ့ရုပ်ရှင်လောက
သားတွေနဲ့ ရုပ်ရှင်မြှင့်တင်ရေးတာဝန်ရှိသူ
တွေမျက်နှာစုံညီတွေဆုံဆွေးနွေးကြမှုမှာစိတ်ဝင်တစားကြည့်ရူနေကြပုံတွေပါပဲ။
မိန်းကလေးတစ်ဦးကိုယောကျာင်္သားတစ်
စုအဓမ္မပြုကျင့်ပုံဇာတ်ဝင်ခန်းဖြစ်လို့ အား
လုံးပဲ မျက်လုံးပြူးကျယ်ခဲ့ပါလိမ့်မယ်။

ဖွံ့ဖြိုးရေးဂျာနယ် သတင်းထောက်ကို ရိုက်နှက်မှု သုံးရက်အတွင်း တောင်းပန်ရမည်ဟုဆို

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် Development Journal ၏ သတင်းထောက်တစ်ဦးကို ဆိပ်ကမ်းအာဏာပိုင် ရုံးမှ လုံခြုံရေးက ရိုက်နှက်ခဲ့မှုနှင့် ပတ်သက်၍ သုံးရက်အတွင်း တောင်းပန်ရန် အကြောင်းကြားထားကြောင်း အဆိုပါဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးမိုးဇော်မြင့်က ပြောကြားသည်။

သတင်းယူရန်သွားစဉ် Development Journal သတင်းထောက် ဦးကျော်လင်းက မီဒီယာကျင့်ဝတ်နှင့် မညီသည့် အချက်များကို ပြုမူခြင်း မရှိခဲ့သဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း တောင်းပန်ခြင်းမရှိပါက ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားကာ ယင်းကိစ္စကို ဖြေရှင်းမည် ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုသည်။

သမ္မတ ဦးသိန်းစိန် ကိုရီးယားသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးသွားရောက်

သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အာဆီယံ- တောင်ကိုရီးယား ဆက်ဆံရေး ၂၅ နှစ် မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးသို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ်

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး ခြောက်ပွင့်ဆိုင် အစား ဆယ့်နှစ်ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး အရေးကြီး အဆိုကို ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က အတည်ပြု

ပထမအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အထူး အစည်းအဝေး(၂/၂ဝ၁၄) ဆဋ္ဌမနေ့ကို တိုင်းဒေသကြီး လွှတ်တော်ရုံး ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် လွှတ်တော် ကိုယ်စားလှယ် ၁ဝ၈ ဦး တက်ရောက်ခဲ့သည်။

တိုင်းဒေသကြီး လွှတ်တော်သို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ကြယ်ပွင့်ပြထားသော မေးခွန်း (၆)ခုကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ တိုင်းဒေသကြီး အဆင့် အဖွဲ့ အစည်းဝင်များက ဖြေကြားခဲ့သည်။

ဗုဒ္ဓရုပ်ပွားတော်ပုံသုံး၍ကြော်ငြာသည့် ဘားဆိုင်တာဝန်ခံများကို အမှုဖွင့်

ဗုဒ္ဓရုပ်ပွားတော်ကို နား ကြပ်တပ်ထားသော ပုံဖြင့် ကြော်ငြာသည့် ရွှေတောင်ကြား တွင်ဖွင့်လှစ်သော VGastro Bar ဆိုင်မှာ ဖွင့်ပွဲနေ့မှာပင် အပိတ် ခံရပြီး ဆိုင်ပိုင်ရှင်၊ မန်နေဂျာနှင့် အထွေထွေမန်နေဂျာ နယူးဇီ လန် နိုင်ငံသား အပါအဝင် သုံးဦးကို သာသနာညှိုးနွမ်းစေမှုဖြင့် အမှု ဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

လက်ထောက်ဆရာဝန်များခန့်ထားရန် ဘုတ်အဖွဲ့သုံးဖွဲ့ခွဲ၍ စစ်ဆေးမည်

ရန်ကုန်တိုင်းဒေသကြီး အတွင်း ခန့်အပ်မည့် လက် ထောက်ဆရာဝန် ရာထူးနေရာ များအတွက် လာရောက်လျှောက် ထားသူ ၃၄၀ကျော်ရှိပြီး ၃၅ဦးသာ ဘုတ်အဖွဲ့သုံးဖွဲ့ခွဲ၍ လူတွေ့စစ် ဆေးရွေးချယ် သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးအစိုးရအစီ အစဉ်ဖြင့် ပထမဆုံးအကြိမ်ခန့် အပ်ခွင့်ပေးခဲ့သော လက်ထောက် ဆရာဝန်ရာထူးအတွက် မိမိတို့ အစိုးရအဖွဲ့က စိစစ်ရွေးချယ်မှု များ ပြုလုပ်မည်မဟုတ်ဘဲ ပြန် တမ်းဝင် အရာရှိရာထူးဖြစ်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့က ဦးဆောင်ရွေးချယ် မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက် တာမြင့်သိန်းကပြောသည်။

နာမည်ကျော် အဆိုတော်တစ်ဦး၏ မိခင်အား ကျပ်သိန်း ၃၀၀ ဖိုးခန့် အလွဲသုံးစားပြုမှုဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်

နာမည်ကျော် အဆိုတော်တစ်ဦး၏ မိခင်အား ငွေကျပ်သိန်း ၃ဝဝ ဖိုးခန့် အလွဲသုံးစားမှုဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တရားသူကြီးက ဒီဇင်ဘာ ၁ဝ ရက်တွင် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဂီတလောကတွင် နာမည်ရအဆိုတော် တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ဆွေဆွေအုန်းအား ပြစ်မှုကြီးအမှတ် ၂၆/၁၄၊ ပြစ်မှုပုဒ်မ ၄ဝ၆ ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် တရားသူကြီးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဧပြီ လလယ်ပိုင်းက တရားလို ဒေါ်ခင်ခင်စိန်က ၎င်းပိုင်ဆိုင်သည့် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၁ဝ ချပ်၊ တစ်ထုပ်လျှင် အတုံး ၁၅ဝ ပါဝင်သည့် ပါကေး ၂၃၄ အိတ် စုစုပေါင်းတန်ဖိုး သိန်း ၃ဝဝ ခန့်အား အဆိုတော်သီရိဆွေ၏မိခင် ဒေါ်ဆွေဆွေအုန်းပိုင်ဆိုင်သည့် ဒဂုံဆိပ်ကမ်း မြို့နယ်တွင်ရှိသည့် ဂိုဒေါင်တွင် အပ်နှံခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

နာမည်ကျော် အဆိုတော်တစ်ဦး၏ မိခင်အား ကျပ်သိန်း ၃၀၀ ဖိုးခန့် အလွဲသုံးစားပြုမှုဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်

နာမည်ကျော် အဆိုတော်တစ်ဦး၏ မိခင်အား ငွေကျပ်သိန်း ၃ဝဝ ဖိုးခန့် အလွဲသုံးစားမှုဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တရားသူကြီးက ဒီဇင်ဘာ ၁ဝ ရက်တွင် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဂီတလောကတွင် နာမည်ရအဆိုတော် တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ဆွေဆွေအုန်းအား ပြစ်မှုကြီးအမှတ် ၂၆/၁၄၊ ပြစ်မှုပုဒ်မ ၄ဝ၆ ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် တရားသူကြီးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

သိမ်းငှက်နဲ့ ထိလို့ MAI လေယာဉ်ထိပ်ပိုင်းပွင့်

Photo: သိမ်းငှက်နဲ့ ထိလို့ MAI လေယာဉ်ထိပ်ပိုင်းပွင့်

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၁၄ 

စင်္ကာပူနိုင်ငံကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒီဇင်ဘာလ ၁၀ ရက် ညနေ ၄ နာရီခန့်က ခရီးသည် ၁၂၀ ဦး တင်ဆောင်လာတဲ့ Myanmar Airway International (MAI) လေကြောင်းလိုင်းက လေယာဉ်တစ်စီးဟာ သိမ်းဌက်နဲ့ ထိမှန်ရာကနေ လေယာဉ်ထိပ်ပိုင်း ပွင့်ထွက်ခဲ့တယ်လို့ အဲဒီလေကြောင်းလိုင်းဆီကနေ သိရှိရပါတယ်။

MAI လေကြောင်းလိုင်း ခရီးစဉ်အမှတ် 8M-232 လေယာဉ်အမျိုးအစား A-319 ဟာ မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီက စင်္ကာပူနိုင်ငံမှ ထွက်ခွာလာစဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ဖို့ ၁၀ မိနစ်ခန့်အလို အခုလို ဖြစ်ပွားခဲ့တာလို့ MAI ရဲ့ ဈေးကွက်နဲ့ လူမှုဆက်ဆံရေးဌာန မန်နေဂျာ ဒေါ်အေးမရသာက ပြောပါတယ်။

ပဲခူးမြို့ပေါ်ကနေ အမြင့်ပေ ၄၀၀၀ ခန့် ပျံသန်းနေစဉ် သိမ်းငှက်နဲ့ လေယာဉ်ထိပ်ပိုင်း တိုက်မိတဲ့အတွက် တစ်ပေ ပတ်လည်ခန့်ရှိ အပေါက် ပွင့်ထွက်ခဲ့တာလို့ သူက ဆိုပါတယ်။

သိမ်းငှက်နဲ့ တိုက်မိလို့ လေယာဉ်ထိပ်ပိုင်း ပွင့်ထွက်ခဲ့ပေမယ့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အန္တရာယ်ကင်းစွာ ကောင်းမွန်စွာ ဆင်းသက်နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးဆီကနေ သိရှိရပါတယ်။

The Voice Weekly
စင်္ကာပူနိုင်ငံကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒီဇင်ဘာလ ၁၀ ရက် ညနေ ၄ နာရီခန့်က ခရီးသည် ၁၂၀ ဦး တင်ဆောင်လာတဲ့ Myanmar Airway International (MAI) လေကြောင်းလိုင်းက လေယာဉ်တစ်စီးဟာ သိမ်းဌက်နဲ့ ထိမှန်ရာကနေ လေယာဉ်ထိပ်ပိုင်း ပွင့်ထွက်ခဲ့တယ်လို့ အဲဒီလေကြောင်းလိုင်းဆီကနေ သိရှိရပါတယ်။

အကယ်ဒမီရွှေကြိုရွေးချယ်ခြင်းခံထားရသူအချို့၏ စကားသံများ

Photo: အကယ်ဒမီရွှေကြိုရွေးချယ်ခြင်းခံထားရသူအချို့၏ စကားသံများ
====================================

မေမြတ်နိုး
************
''မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဆိုတာက အနုပညာရှင်တွေအတွက် တော့ တကယ်ကိုတန်ဖိုးထားရတဲ့ ပွဲတစ်ပွဲပါ။ မြတ်နိုးလဲ အနုပညာရှင် တွေစုပေါင်းပြီးတော့ လုပ်တဲ့ပွဲလေး တစ်ခုဖြစ်တဲ့အတွက် မြတ်နိုးအနေ နဲ့ ပါဝင်ကူညီချင်တဲ့ စိတ်တစ်ခုတည်း နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။
အကယ်ဒမီပွဲတွေမှာ ပါဝင်ခွင့်ရတဲ့ ရွှေကြိုတွေ ကိုလဲ မြတ်နိုးသဘောကျတယ်။ အခု လိုမျိုး ဒီနှစ်မှာမြတ်နိုးကိုယ်တိုင်ကိုယ် ကျ ပါဝင်ခွင့်ရတဲ့အတွက်လဲ အရမ်း ကို ပျော်ရွှင်ရပါတယ်''

ဂုဏ်ရည်အေးကျော်
*********************
''အကယ်ဒမီရွှေကြိုကို ဂုဏ်ရည် စိတ်ဝင်စားတဲ့အတွက် ပါဝင်ယှဉ်ပြိုင် ဖြစ်တာပါ။ ဂုဏ်ရည်တို့ ပါဝင်ယှဉ် ပြိုင်နေစဉ်မှာ အလှမယ်ဆိုတဲ့ ဂုဏ် ပုဒ်နဲ့ မဟုတ်ဘဲ အကယ်ဒမီ ရွှေကြို ပြိုင်ပွဲဝင်တစ်ယောက်အနေနဲ့ ပါဝင် ယှဉ်ပြိုင်ခဲ့တာပါ။ ယှဉ်ပြိုင်နေစဉ်မှာ လဲ တခြားပြိုင်ပွဲဝင်တွေကို စစ်ဆေး မှုအတိုင်း ဂုဏ်ရည်တို့လဲ အဆင့်ဆင့် လူတွေ့စစ်ဆေးမှုတွေ ပြုလုပ်ပြီး တော့မှ အရွေးခံခဲ့ရတာပါ''

သံသာမိုးသိမ့်
***************
''အကယ်ဒမီရွှေကြိုအဖြစ် အ ရွေးခံရတဲ့အတွက် အရမ်းကိုဝမ်းသာ နေပါတယ်။ ညီမ အကယ်ဒမီရွှေကြို အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့်လဲ အ ရွေးခံရလိမ့်မယ်လို့တော့ မမျှော်လင့် ထားပါဘူး။ ဒါပေမဲ့ ညီမက ဘာပဲလုပ် လုပ် ယုံကြည်ချက်ရှိရှိ လုပ်တတ်တဲ့ အတွက် ပြိုင်ပွဲနဲ့ ပတ်သက်တာတွေ ကိုတော့ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ခဲ့ပါတယ်''

ခိုင်သဇင်ငုဝါ
***************
''အကယ်ဒမီရွှေကြို လူတွေ့စစ် ဆေးတဲ့နေ့တွေကဆိုရင် အရမ်းကို ရင်ခုန်နေတာ။ အခုလိုမျိုး အကယ် ဒမီရွှေကြိုအဖြစ် အရွေးချယ်ခံရမယ် လို့ လုံးဝကိုမမျှော်လင့်ထားခဲ့ဘူး။ အ နုပညာလောကမှာ အစဉ်အလာတစ် ခုရှိနေတာက အကယ်ဒမီရွှေကြိုအ ဖြစ် အရွေးချယ်ခံရပြီဆိုရင် အနုပညာ လောကမှာ စပြီးတော့ခြေလှမ်း စလှမ်း နိုင်တယ်ဆိုတဲ့စကားကို ယုံကြည်တဲ့ အတွက် ပါဝင်ယှဉ်ပြိုင်ဖြစ်တာပါ။အဲဒီအတွက်လဲ ငုဝါအမြဲတမ်းအနု ပညာအလုပ်တွေ လုပ်ကိုင်နိုင်ဖို့အ တွက် ကြိုးစားသွားမှာပါ''

ယွန်းမှီမှီကျော်
****************
''အကယ်ဒမီရွှေကြိုအဖြစ် အ ရွေးချယ်ခံရတဲ့အတွက် အရမ်းကို ဝမ်းသာပျော်ရွှင်ခဲ့တာပါ။ ဒီနှစ်က အကယ်ဒမီပေးပွဲကို ရုပ်ရှင်အစည်း အရုံးကနေပြီးတော့ တာဝန်ယူလုပ် ဆောင်ရမယ့် ပထမဦးဆုံးနှစ်မှာ ညီမတို့က အကယ်ဒမီရွှေကြိုအဖြစ် အရွေးချယ်ခံရတဲ့အတွက် ပိုပြီးတော့ ပျော်ရွှင်ရပါတယ်''

NN

- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
မေမြတ်နိုး
************
''မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ ဆိုတာက အနုပညာရှင်တွေအတွက် တော့ တကယ်ကိုတန်ဖိုးထားရတဲ့ ပွဲတစ်ပွဲပါ။ မြတ်နိုးလဲ အနုပညာရှင် တွေစုပေါင်းပြီးတော့ လုပ်တဲ့ပွဲလေး တစ်ခုဖြစ်တဲ့အတွက် မြတ်နိုးအနေ နဲ့ ပါဝင်ကူညီချင်တဲ့ စိတ်တစ်ခုတည်း နဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။
အကယ်ဒမီပွဲတွေမှာ ပါဝင်ခွင့်ရတဲ့ ရွှေကြိုတွေ ကိုလဲ မြတ်နိုးသဘောကျတယ်။ အခု လိုမျိုး ဒီနှစ်မှာမြတ်နိုး ကိုယ်တိုင်ကိုယ် ကျ ပါဝင်ခွင့်ရတဲ့အတွက်လဲ အရမ်း ကို ပျော်ရွှင်ရပါတယ်''

ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ လူ့အခွင့်အရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာ ပြည့်စုံမှုမရှိသဖြင့် ကန့်ကွက်ကြောင်းနှင့် လွတ်လပ်သည့် စစ်ဆေးမှု ထပ်မံပြုလုပ်ပေးရန် သေဆုံးသူ၏ဇနီး တောင်းဆို

တပ်မတော်မှ ဖမ်းဆီးခံထားရစဉ် အသတ်ခံခဲ့ရသည့် အလွတ်တန်း သတင်းထောက် ကိုပါကြီးသေဆုံးမှု အပေါ် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာသည် ပြည့်စုံမှုမရှိသဖြင့် ပြန်လည်စုံစမ်း စစ်ဆေးပေးရန် သေဆုံးသူ၏ ဇနီးဖြစ်သူ မသန္တာက ဒီဇင်ဘာ ၁ဝ ရက်တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကန့်ကွက်လွှာတွင် အချက် ပေါင်း ၁၉ ချက်ထည့်သွင်းရေးသားထားပြီး နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးေ က်ာမတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် စသည်တို့ကို လိပ်မူပေးပို့ခဲ့ကြောင်း သိရသည်။

ကိုပါကြီးသေဆုံးမှုနှင့် ပတ်သက်၍ လူ့အခွင့်အရေးကော်မရှင်၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာမှာ ပြည့်စုံမှုမရှိသဖြင့် ကန့်ကွက်ကြောင်းနှင့် လွတ်လပ်သည့် စစ်ဆေးမှု ထပ်မံပြုလုပ်ပေးရန် သေဆုံးသူ၏ဇနီး တောင်းဆို

တပ်မတော်မှ ဖမ်းဆီးခံထားရစဉ် အသတ်ခံခဲ့ရသည့် အလွတ်တန်း သတင်းထောက် ကိုပါကြီးသေဆုံးမှုအပေါ် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာသည် ပြည့်စုံမှုမရှိသဖြင့် ပြန်လည်စုံစမ်း စစ်ဆေးပေးရန် သေဆုံးသူ၏ ဇနီးဖြစ်သူ မသန္တာက ဒီဇင်ဘာ ၁ဝ ရက်တွင် ကန့်ကွက်လွှာတင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ကန့်ကွက်လွှာတွင် အချက် ပေါင်း ၁၉ ချက်ထည့်သွင်းရေးသားထားပြီး နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးေ က်ာမတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် စသည်တို့ကို လိပ်မူပေးပို့ခဲ့ကြောင်း သိရသည်။

မယ်ကမ္ဘာပြိုင်ပွဲတိုက်ရိုက်လွှင့်မည်

မယ်ကမ္ဘာပြိုင်ပွဲကို တိုက်ရိုက်ပြသခွင့်ရရှိသော်လည်း အိပ်မက်ဆုံရာအစီအစဉ်နှင့် အချိန်တိုက်နေ၍ ယင်းအစီအစဉ် ပြီးမှသာ ထုတ်လွှင့်ပြသမည်ဖြစ် သည်။

‘‘မယ်ကမ္ဘာပြိုင်ပွဲက ဒီဇင် ဘာ ၁၄ရက် မြန်မာစံတော်ချိန်ည ၉နာရီခွဲလောက်မှာ စမှာပါ။ အဲဒီ အချိန်က အိပ်မက်ဆုံရာရဲ့ Stage Performanceအစီအစဉ်နဲ့ တိုက် နေလို့အိပ်မက်ဆုံရာပြီးတဲ့အချိန် ကျမှပဲ ပြမယ်။ အိပ်မက်ဆုံရာက လည်း ပရိသတ်ရှိတော့ မရွှေ့ချင် တာကြောင့် မယ်ကမ္ဘာပြိုင်ပွဲကို တိုက်ရိုက်မလွှင့်နိုင်တော့ဘူး။ နာရီဝက်လောက်တော့ Delay ဖြစ်သွားမယ်’’ဟု Forever BEC-Tero၏ Country Manager ကို စိုးသူရက ပြောသည်။