အင်္ဂလန် နိုင်ငံ City & Guilds
International(UK) က တိုက်ရိုက်စစ်ဆေး သောစာမေးပွဲတွင် Naypyidaw
EngineeringCenter(NEC) အင်ဂျင်နီယာဒီပလိုမာသင်တန်းကျောင်းမှ ၂၀၁၁-၂၀၁၂ ပညာ
သင်နှစ် ကျောင်း သားတစ်ဦးမှာ မြို့ပြအင်ဂျင်နီယာ ဘာသာရပ် တွင်
တစ်ကမ္ဘာလုံး၌ ပထမဆုရ ရှိသွားသဖြင့် ရွှေတံဆိပ်ဆု ချီးမြှင့်
ခြင်းခံခဲ့ရကြောင်း သိရသည်။
Tuesday, October 1, 2013
နိုင်ငံရေးမှာ တပ်မတော် ၀င်မပါဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
တပ်မတော်ဆိုတာ ပြည်သူတွေကို ကာကွယ်ဖို့နဲ့ တိုင်းပြည်ကို ကာကွယ်ဖို့ ပဲဖြစ်စေချင် တယ်၊ နိုင်ငံရေး ထဲမှာပါဝင်တဲ့ တပ်မတော် မဖြစ်စေချင်ဘူး လို့ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ပြောဆို လိုက်ပါတယ်။
ထန်းတပင်မြို့နယ်မှ မိခင်အရင်းကိုသတ်သည့်သားအား မော်လမြိုင်တွင် ဖမ်းဆီးရမိ
၂၉.၉.၂၀၁၃ ရက်နေ့ ၀၆၃၀အချိန် ထန်းတပင်မြို့နယ်၊ဆန္ဒယော်ကျေးရွာ အုပ်ချုပ်ရေးမှူး
ကားတိုက်ပြီး ထွက်ပြေးရခြင်းနှင့် ဒရိုင်ဘာတို့ ရင်ဖွင့်သံ ....................................................................
လက်ရှိ
မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေ တစ်ခုပါ။ ကားဒရိုင်ဘာများဟာ
ယာဉ်တိုက်မှု ဖြစ်ပြီးရင် ထွက်ပြေးတာ များပါတယ်။ အထူးသဖြင့် လမ်းဖြတ်ကူးသူ
လူကို တိုက်မိတာတို့၊ စက်ဘီး၊ ဆိုက်ကား တို့အား တိုက်မိတာတို့ ဆိုရင်
နောက်ပြန်မလှည့်ပဲကို ထွက်ပြေးပါတယ်။ အစကတော့ ယင်းကိစ္စနဲ့ ပက်သက်ပြီး
ဒရိုင်ဘာတွေကို အပြစ်တင်ချင် သလိုလို ရှိခဲ့ပေမယ့် တက္ကဆီ ဒရိုင်ဘာတစ်ဦးရဲ
့ ရင်ဖွင့် သံကိုကြားရ တော့ သူတို့ အဖြစ်ကိုလည်း သနားမိလိုက်ပါတယ်။
ပြည်သူများတောင်းဆိုလာပါက ပြည်တွင်းသစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းမည်ဟုဆို
၂၀၁၄ ခုနှစ်၊ ဧပြီလ၊ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံမှ ပြည်ပ သို့ကျွန်းသစ်များ အလုံးလိုက်တင် ပို့မှုကို ရပ်ဆိုင်းတော့မည်ဖြစ်ပြီး ပြည်သူများကတောင်းဆိုလာ ပါက ပြည်တွင်း၌သစ်ထုတ်လုပ်မှု ကိုရပ် ဆိုင်းသွားမည်ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း ကပြောသည်။
စက်တင်ဘာလ ၂၇ ရက် နေ့ကပြုလုပ်ခဲ့သော မြေအသုံးချ မှုစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ သတင်းစာ ရှင်းလင်းပွဲတွင် အဆို ပါပုဂ်္ဂိုလ်ကယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ် ပွဲစဉ်(၆)က အသင်းကြီးများ အခြေအနေကို ခံစားကြည့်ခြင်း
ပရီးမီးယားလိဂ် ပွဲစဉ်(၆)မှာ ကစားသွားခဲ့တဲ့ အသင်းကြီးများရဲ့ အခြေအနေကို စာရေးသူ မြင်သလောက် သုံးသပ်တင်ပြချင်ပါတယ်။ အသင်းကြီးတွေရဲ့ အားနည်းချက် အားသာချက်တွေကို ကောက်နုတ် တင်ပြခြင်းလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ စာရေးသူ အနေနဲ့ ဥာဏ်မီ သလောက်ကို ထုတ်နုတ် ချပြခြင်း သက်သက် ဖြစ်ပါတယ်။ စာရေးသူထက် မြင်တတ်တဲ့ စာဖတ်သူတွေ ဒုနဲ့ဒေးပါ။ စာဖတ်သူများနဲ့ ဆွေးနွေးခြင်းလို့ ပြောရင်လည်း ရပါတယ်။ တင်ပြချက်တွေကိုလည်း စာဖတ်သူများ အနေနဲ့ စာရေးသူနဲ့ အမြင် တူမတူ၊ စာဖတ်သူတို့ရဲ့ အမြင်လေးကိုလည်း မှတ်ချက်လေး နဲ့ ဆွေးနွေးပေးစေ ချင်ပါတယ်။
မြန်မာ့ယဉ်ကျေးမှုများကို ပြန်လည်ဆန်းသစ်ဖော်ထုတ်ရန် လိုအပ်နေပြီဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား
နိုင်ငံ ခြားယဉ်ကျေးမှုများ မြန်မာနိုငငံ သို့ပျံ့နှံ့ဝင်ရောက်မှုအန္တရာယ်
အတိုင်းအဆမရှိ ဖြစ်လာနေသည့် အတွက် မြန်မာ့ ယဉ်ကျေးမှုများ ကို
ပြန်လည်ဆန်းသစ်ဖော်ထုတ် ရန် လိုအပ်နေပြီဖြစ်ကြောင်း ရန်
ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြားလိုက် သည်။
ယင်းကဲ့သို့ နိုင်ငံခြားမှ ယဉ် ကျေးမှုများ လွယ်လင့်တကူပျံ့နှံ့ ဝင်ရောက် လာခြင်းသည် နည်း ပညာမြင့်မားလာခြင်းကြောင့်ဖြစ် ကြောင်း အကြိမ် (၂၀)မြောက် မြန်မာ တိုင်းရင်း သားရိုးရာ ယဉ် ကျေးမှုအဆို၊ အက၊ အရေး၊ အတီး အဆင့်မြင့် ပညာအဆင့်ပြိုင်ပွဲ ဖွင့်ပွဲတွင် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြား ခဲ့ ခြင်းဖြစ်သည်။
ယင်းကဲ့သို့ နိုင်ငံခြားမှ ယဉ် ကျေးမှုများ လွယ်လင့်တကူပျံ့နှံ့ ဝင်ရောက် လာခြင်းသည် နည်း ပညာမြင့်မားလာခြင်းကြောင့်ဖြစ် ကြောင်း အကြိမ် (၂၀)မြောက် မြန်မာ တိုင်းရင်း သားရိုးရာ ယဉ် ကျေးမှုအဆို၊ အက၊ အရေး၊ အတီး အဆင့်မြင့် ပညာအဆင့်ပြိုင်ပွဲ ဖွင့်ပွဲတွင် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောကြား ခဲ့ ခြင်းဖြစ်သည်။
သံတွဲတွင် အကြမ်းဖက်မည့် သတင်းကြောင့် ဈေးဆိုင်များနှင့် ကျောင်းများ ပိတ်ထား
မီးရှို့မှုများ
ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် သံတွဲမြို့တွင် အကြမ်းဖက်မည် ဆိုသည့်
ကောလာဟလ သတင်း များကြောင့် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ
ဈေးများရှိ ဈေးဆိုင်များနှင့် စာသင်ကျောင်းများ ပိတ်ခဲ့ကြကြောင်း
သံတွဲခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဦးဝင်းနိုင် က
ပြောကြားသည်။
ရွှေမန်းမြေက ထုတ်ပေးလိုက်တဲ့ အလှပဂေးမော်ဒယ်လေးတစ်ယောက်
အချိန်တို အတွင်း ပရိသတ် အားပေးမှုကို ရရှိနေတဲ့ မန္တလေး မြို့က မော်ဒယ်
အလင်္ကာခေတ်ကို ပရိသတ်နဲ့ မိတ်ဆက်ပေး ပါမယ်။ သူ့ဓာတ်ပုံတွေကို ဘေဘုတ်တွေ၊
မဂ္ဂဇင်း၊ ဂျာနယ် တွေမှာအတွေ့ ရများလာပြီ ဖြစ်သလို၊ ဗီစီဒီနဲ့ ကြော်ငြာတွေ
မှာလည်း တွေ့နေရပါပြီ။
အလင်္ကာခေတ် ကတော့ ကွန်ပျူ တာတက္ကသိုလ် ကျောင်းသူ အဖြစ်ကျောင်း တက်ခဲ့ မန္တလေး
ကွန်ပျူတာတက္ကသိုလ်မှာ First Year ကနေ Final အထိ တက် ဖြစ်ခဲ့ပြီး
ထင်ရှားခဲ့တာပါ။ အလင်္ကာခေတ်ကတော့ ၂ဝ၁၁ မတ်လ ၂၃ ရက်နေ့မှာ အနုပညာလောက ထဲကို
စတင်ဝင်ရောက်ခဲ့ပြီး အဲဒီနေ့ကတော့ သူ့အတွက် မှတ်မှတ် ရရပါပဲလို့
“ကွန်ပျူတာတက္ကသိုလ်ပထမနှစ်မှာ ရှိုး လျှောက်ဖို့ဖြစ် လာတယ်။ Queen
ရွေးပွဲပေါ့။ အဲဒီမှာ Queen ဖြစ်သွား တယ်အဲဒါနဲ့ သူ ငယ်ချင်းတွေက
ပြောပေးလို့ MRTV-4 ရဲ့ စတိုင်ရှိမှ စတားဖြစ်တယ် ပွဲလာ လုပ်တာကို
ဝင်ပြိုင်ရင်း ‘စတိုင်ရှိမှ စတားဖြစ်မယ်’ ဆုရသွားတယ်။
ဘီကီနီ ၀တ်ရတာအဆင်မပြေဘူးဆိုတဲ့ Miss Universe Myanmar ပြိုင်ပွဲဝင် အမရာငြိမ်း
Miss Universe Myanmar ပြိုင်ပွဲဝင် အလှမယ် တစ်ဦးဖြစ်သူ အမရာငြိမ်းနှင့်
တွေ့ဆုံပြီး ပြိုင်ပွဲ အတွက် လေ့ကျင့် ပြင်ဆင်နေမှုများ၊ ပရိသတ်များ
ကြိုက်နှစ်သက်ကြသည့် သူမရိုက်ကူးသော ဓာတ်ပုံများ အကြောင်း၊ သူမနှင့်
ပတ်သက်၍ ထွက်ပေါ်ခဲ့ဖူးသော ကောလာဟလအပေါ် သူမ၏ သဘောထားတို့ကို The Voice က
မေးမြန်းထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲမှု ငါးဆကျော်အထိ တိုးတက်လာမည်ဟု တယ်လီနောခန့်မှန်း
တယ်လီနောကုမ္ပဏီ အတွက် ဈေးကွက် သစ်တစ်ခုဖြစ် သော မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ငှားရမ်းသုံး စွဲမှုမှာ ၂၀၁ရ အကုန် ၌ နိုင်ငံ့လူဦးရေ၏ ထက်ဝက်ခန့်အ ထိ ငါးဆကျော်မြင့်တက်လာမည် Telenor ASA ၏ အမှုဆောင် အရာရှိချုပ်ဂျွန်ဖရက်ဒရစ်ဘက
ယခုနှစ်ကုန်တွင် လိုင်စင် တရားဝင်ချပေးလိမ့်မည်ဟု နော့ ဒစ်ဒေသ၏ အကြီးဆုံးဖုန်း ကုမ္ပဏီ နှင့် မြန်မာ့ ဆက်သွယ်ရေးကွန် ရက်တည်ဆောက်ရေး အတွက် ရွေးချယ် ခံရသော အော်ပရေတာ နှစ်ဦး အနက် တစ်ဦးဖြစ်သော တယ် လီနောက မျှော်လင့်ထားသည်ဟု မစ္စတာ ဘက်ခ်ဆတ်စ်က ပြော ကြားခဲ့သည်။ ယင်းသို့ချထားပေး ပြီးနောက် ခုနစ်လမှ ရှစ်လအတွင်း ဝန်ဆောင်မှုများ စတင် မည်ဖြစ် ကြောင်းလည်း စက်တင်ဘာ ၂၈ ရက်က စင်ကာပူတွင်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။
ဆက်သွယ်ရေးဥပဒေ သမ္မတပြင်ဆင်ချက်အားလုံး ဥပဒေကြမ်းကော်မတီ သဘောတူ
ဆက်သွယ်ရေး ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ၏ သဘောထား မှတ်ချက်များဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့သော ဆက်သွယ်ရေး ဥပဒေကြမ်း ပြင်ဆင်ချက် အားလုံးကို ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောတူကြောင်း ယင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။
MRTV က အောက်တိုဘာလတွင် Channel သုံးခု ထပ်တိုးထုတ်လွှင့်မည်
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက အောက်တိုဘာလ ၂၅ ရက်မှစတင်ပြီး Channel
သုံးခု တိုးမြှင့်ကာ ရုပ်သံများကို ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ
၂၃ ရက်က ကျင်းပသော လယ်/ဆည် ဝန်ကြီးဌာနပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာနမှ
ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်။
အဆိုပါ Channel
သုံးခုမှာ တောင်သူလယ်သမားကဏ္ဍ Channel, တိုင်းရင်းသားလူမျိုးစုများ Channel
နှင့် လွှတ်တော် Channel ဟူ၍ပါရှိပြီး လွှတ်တော် Channel ကို Sky Net မှ
လွှင့်သကဲ့သို့ မဟုတ်ဘဲ ပြန်လည် သုံးသပ်ခြင်း၊ ဥပေဒကြမ်းများအား
ပြည်သူ များနှင့် ဆွေးနွေးခြင်းနှင့် ပြန် လည်ဆွေးနွေးခြင်း တို့ ပါဝင်မည်
ဖြစ်ကြောင်း ၎င်းကပြောသည်။
ရုံးမတက်ဘဲ ဖမ်းဆီးခြင်းဥပဒေကို မလေးရှား၌ ဆန္ဒပြ
မလေးရှားပါလီမန်မှ အဆို တင်ပြသော လုံခြုံရေးဆိုင်ရာအ ကြံပြုချက်အား ကန့်ကွက်သည့် လှုပ်ရှားတက်ကြွသူ ၃ဝခန့် ပါလီ မန်သို့ ချီတက်ကြပြီး ကန့်ကွက် စာကို ပေးခဲ့ကြကြောင်း သိရ သည်။ကန့်ကွက်သူများတွင် လူ့ အခွင့်အရေးဆိုင်ရာ ရှေ့နေများ၊ ပြည်သူလူထုမှ ကိုယ်စားလှယ် များပါဝင်ကြပြီး ယခုပါလီမန်မှ အဆိုပြုမှုသည် စစ်ဆေးမှုမရှိဘဲ ဖမ်းဆီးထားခွင့်ဖြစ်၍ အစိုးရ သည် ပေးပြီးသောကတိကို ဖောက် ဖျက်ကြောင်း ထုတ်ဖော်ပြောဆို ကြသည်။
ပြည်တွင်းငြိမ်းချမ်းရေး ရရှိပြီးမှသာ ဓာတ်ငွေ့ပို့လွှတ်ရန် ကျောက်ဖြူ-တရုတ် ပိုက်လိုင်းဖြတ်သန်းရာ ဒေသများမှ လိုလား
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရကြား
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်မှုမရသေး ချိန်အထိကျောက်ဖြူ-တရုတ်
သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ပို့လွှတ်ခြင်းကို ရပ်နားထားရန်
လိုလားကြောင်း ပိုက်လိုင်းဖြတ်သန်းရာ ပြည်နယ်နှင့် တိုင်းဒေသကြီးလေးခုမှ
ကိုယ်စားလှယ်များက စက်တင်ဘာ ၃၀ ရက်တွင် မဇ္ဈိမသို့ ပြောကြားလိုက်သည်။
မြန်မာနိုင်ငံကို ပြန်လည် ထူထောင်မည် ဆိုပါက စေတနာရှိရုံနှင့် မရဘဲ အကောင်အထည် ဖော်နိုင်သည့် အရည်အချင်းနှင့် သတ္တိများ ရှိရမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား
မြန်မာနိုင်ငံကို
ပြန်လည်ထူထောင်မည် ဆိုပါက စေတနာရှိရုံဖြင့် မရဘဲ အကောင်အထည် ဖော်နိုင်သည့်
အရည်အချင်းနှင့် သတ္တိများ ရှိရမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက
သူရဦးရွှေမန်းက စက်တင်ဘာ ၂၉ ရက်က ပြောကြားသည်။
ရန်ကုန်မြို့ရှိ
အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဗဟိုဌာန (IBC) ၌ ရခိုင်တိုင်းရင်းသား
မိသားစု များနှင့် တွေ့ဆုံပွဲ ပြုလုပ်ရာတွင် ပြည်ထောင်စု လွှတ်တော်နာယကက
ယင်းကဲ့သို့ ထည့်သွင်း ပြောကြား သွားခြင်း ဖြစ်သည်။
ဖက်ဒရယ်မူနှင့် ပတ်သက်၍ တိုင်းရင်းသားအားလုံး လွတ်လပ်စွာ ဆွေးနွေးနိုင်ဖို့ လွှတ်တော်ပြင်ပတွင် ညီလာခံတစ်ခု ပြုလုပ်ခွင့်ပေးရန် တောင်းဆို
မွန်အမျိုးသား ကွန်ဖရင့်တွင် တက်ရောက်လာသော တိုင်းရင်းသား ပါတီများနှင့် ပညာရှင်တို့က တိုင်းရင်းသား လူမျိုးစုအားလုံး ဖက်ဒရယ်မူနှင့် ပတ်သက်၍ လွှတ်တော်ပြင်ပတွင် လွတ်လပ်စွာ တိုင်ပင်ဆွေးနွေးနိုင်သော ညီလာခံတစ်ခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၂၈ ရက်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ပြုလုပ်ခဲ့သည့် မွန်အမျိုးသား ကွန်ဖရင့်သို့ ပြည်ထောင်စု ၀န်ကြီးများ တက်ရောက် ဆွေးနွေးရာတွင် ယခုကဲ့သို့ တောင်းဆို ခဲ့ခြင်း ဖြစ် သည်။
သံတွဲမြို့ အခြေအနေ တည်ငြိမ်လျက်ရှိ
သံတွဲမြို့ကို
နှစ်ရက်တာ လုံခြုံရေးတင်းကြပ်စွာ ချထားပြီးနောက် သံတွဲမြို့
ဘောဓိကုန်းရပ်ကွက်နှင့် သုံးမိုင်ခန့် ဝေးသော ရာဘာခြံရှိ
ခြံစောင့်တဲတစ်လုံး စက်တင်ဘာ ၃၀ ရက် ည ၇ နာရီခန့်က
မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သံတွဲမြို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဦးကျော်တင့်က
ပြောသည်။
“လမ်းဆုံတိုင်းမှာ လုံခြုံရေးတွေချထားပြီး ကျွန်တော်တို့
မြို့ကို လှည့်ပြီး စောင့်နေပါ တယ်။ ဗောဓိကုန်း ရပ်ကွက်နဲ့
တောင်တစ်လုံးခြားပြီး သုံးမိုင်လောက်ဝေးတဲ့ ရာဘာခြံက တဲတစ်လုံး
မီးလောင်မှုဖြစ်တာပါ” ဟု ခရိုင်ရဲမှူး ဦးကျော်တင့်က မဇ္ဈိမသို့ ပြောသည်။
ပြည်ထောင်စုလွှတ်တော် ပြန်စသည့် ယနေ့တွင် မြေယာသိမ်းဆည်းမှုကိစ္စ အဓိကဆွေးနွေးမည်
ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်တွင်
လွှတ်တော်အမတ်ဦးရေ ၇၀ အထိပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည့်
လယ်ယာမြေပြဿနာများကို အောက်တိုဘာ ၁ ရက်တွင် ပြန်စမည့် အဌမ အကြိမ်မြောက်
ပြည်ထောင်စုလွှတ်တော်တွင် အဓိကဆွေးနွေးမည်ဖြစ်သည်။
သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင်း အဓိကပြဿနာဖြစ်ခဲ့ရသည့်
လယ်ယာမြေပြဿနာ များကိုဖြေရှင်းနိုင်ရန် ပြည်ထောင်စုလွှတ်တော်က
ကော်မရှင်တစ်ရပ် ဖွဲ့စည်းပေးခဲ့ပြီး ယင်းကော်မတီ တွေ့ရှိခဲ့သည့် အစီရင်ခံစာ
၃ ခုအနက် ၂ ခုကို ၀န်ကြီးဌာန ၅ ခုမှ ပြည်ထောင်စုအဆင့် ၀န်ကြီးငါးဦးက
ယနေ့တွင်ဆွေးနွေးမည် ဖြစ်သည်။
လှယုံမက ဝချင်သေးပါလျှင်
ကိုယ်အလေးချိန် တိုးချင်တာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ “ငါးကျီးခြောက် ကြပ်တင်”လို့၊ “ငါးဖေါင်ရိုးခြောက်” လို့ အခေါ်ခံနေရသူများလို၊ မွေးရာပါ မျိုးဗီဇကိုက ခပ်ပိန်ပိန် သမားများ အတွက်ဆို ပိုခက်မည်။ ငါးမှာတောင် ပိန်ရင် ငါးရာမသွင်းဘူး ထင်ပါရဲ့။
ဝချင်ရင် အရင်ဆုံး ရောဂါဘယတွေ ကင်းနေဘို့ လိုပါတယ်။ သိတဲ့အတိုင်း နာတာရှည် ရောဂါတွေက လူကို ပိန်သွား စေပါတယ်။ TB, HIV-AIDS ကင်ဆာ၊ လည်ပင်ကြီးဟော်မုန်း များနေ သ
ထိုင်းနိုင်ငံ ဂလုတ်မြို့မှ ပန်းရန်အလုပ်သမား ၁၁၀ နှင့် လုပ်ငန်းရှင်ကိုယ်စားလှယ် သဘောတူညီမှုရရှိ
ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားနယ်စပ် နရသီဝပ်
ခရိုင် ရှန်ခိုင်းဂလုတ်မြို့ ဘူကစ်တာ(Buketta) အရပ် AEKSUPACHOK
ဆောက်လုပ်ရေးကုမ္ပဏီမှ အလုပ်သမား ၁၁၀ တို့၏လုပ်အားခကို အောက်တိုဘာ ၎
ရက်တွင် ရှင်းပေးမည်ဖြစ်ကြောင်း အလုပ်ရှင်၏ကိုယ်စားလှယ် က
နယ်မြေရဲစခန်းတွင် သဘောတူ လက်မှတ် ထိုးလိုက် ပြီဖြစ်ကြောင်း
ထိုင်းနိုင်ငံသို့ သွား ရောက် အလုပ်လုပ် ကိုင် နေကြသော မြန်မာနိုင်ငံ သား များ၏
ဆက်သွယ်ပြောကြား ချက်အရသိရသည်။
ကုမ္ပဏီယာဉ်မောင်းဝန်ထမ်းတစ်ဦး အရိုက်ခံရ၍ သေဆုံး
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ညောင်ပင်သာ နယ်မြေရဲစခန်း၏
အနောက်မြောက်ဘက် သုံးမိုင်ခန့် အကွာ ရန်ကုန်-မန္တလေး အမြန် လမ်းမကြီး
မိုင်တိုင်အမှတ် (၁၀၇/၄) အနီး ၌ မြတ်အိနြေ္ဒကုမ္ပဏီမှ ယာဉ်မောင်းတစ်ဦးမှာ
စက်တင်ဘာ ၂၆ ရက် နံနက် ၃ နာရီခန့် က ချောင်းရိုက်ခံရ၍ ဦးခေါင်းဒဏ်ရာ
ရရှိပြီး သေဆုံးသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ရန်ကုန်မြို့တော်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်၍ အရေးယူမှု တစ်လလျှင် ပျမ်းမျှ ၆၇ မှုခန့်ရှိပြီး ဒဏ်ငွေ ကျပ် ၃၃၀၀၀၀ ကျော်ရရှိ
ရန်ကုန်မြို့တော်တွင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်၍ အရေးယူမှု တစ်လလျှင်
ပျမ်းမျ ၆၇ မှုခန့်ရှိနေပြီး ယင်းအရေးယူမှု မှ ဒဏ်ငွေကျပ် ၃၃၅၀၀၀ ခန့်
ရရှိကြောင်း စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က
ပြောကြားသည်။
ကမာရွတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော် ကိုယ်စားလှယ် ဦးမြငွေ၏
''ရန်ကုန်မြို့တွင် လမ်းဘေးအမှိုက်များ၊ ရေမြောင်းပိတ်ဆို့မှုများ၊ လမ်းဘေး
ကျူးကျော်များ မြင်တွေ့ရပါသဖြင့် စည်ပင် သာယာ ဥပဒေနှင့်အညီ အရေးယူ
ဆောင်ရွက်ခြင်း ရှိ-မရှိနှင့် တစ်ရက်လျှင် (သို့မဟုတ်) တစ်လလျှင် မည်မျှ
အရေးယူထားကြောင်း၊ ဒဏ်ငွေမည်မျှ ရရှိကြောင်း'' မေးမြန်းမှုအပေါ်
ရန်ကုန် မြို့တော်ဝန် ဦးလှမြင့်က ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံခြား အကူအညီ အထောက်အပံ့များ ရယူသုံးစွဲရာတွင် အလေအလွင့်နှင့် အလွဲသုံးစား မဖြစ်စေရေး ကြပ်မက်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ပြောကြား
ဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံခြား အကူအညီ အထောက်အပံ့များ
ရယူသုံးစွဲရာတွင် အလေအလွင့်နှင့် အလွဲသုံးစား မဖြစ်စေရေး
ကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၃၀ ရက် ကနေ
ပြည်တော်၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ချေးငွေ/ထောက်ပံ့ ကူညီမှု
(Loan/Grant) များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှု အခမ်းအနားတွင်
ပြောကြားခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက်မည့် အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ စတင်မည်
သတ္တမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေး မကျင်းပမီ လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရ အဖွဲ့ ဒုတိယ၀န်ကြီးများကို တွေ့ရစဉ်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ကိစ္စများ အဓိက ဆောင်ရွက်မည့်
အဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးများ ယနေ့ (အောက်တိုဘာ ၁) ရက်တွင် ပြန်လည်
စတင်မည်ဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ
လေ့လာ သုံးသပ်ရေး ကော်မတီ သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်မှု
အစီရင်ခံစာကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ပြည်ထောင်စု
လွှတ်တော်သို့ တင်ပြရမည်ဖြစ်ရာ ယခုစတင်မည့် လွှတ်တော် အစည်းအဝေး များတွင်
သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အလေးထား ဆောင်ရွက် ရမည်
ဖြစ် သည်။
တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ် ပြေးလမ်းပေါ်၌ အရှိန်ထိန်းချုပ်သည့် လေထီးမပွင့်၍ ရန်ကုန်လေဆိပ် ခေတ္တပိတ်ခဲ့ရ
မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်းအား ၂၀၁၃ မတ် ၁၉ ရက်က ရန်ကုန်လေဆိပ်၌ တွေ့ရစဉ် (ဓာတ်ပုံ-ရွှန်းလဲ့ဝင်း)
မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်မှ တိုက်လေယာဉ်တစ်စင်း ရန်ကုန်လေဆိပ်
ပြေးလမ်းပေါ်၌ အရှိန် ထိန်းချုပ်သည့် လေ ထီးမပွင့်မှုကြောင့် ၂၀၁၃ ခုနှစ်၊
စက်တင်ဘာ ၃၀ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်အား
ခေတ္တပိတ်ခဲ့ရကြောင်း သတင်းရရှိသည်။
ချင်းတောင်ခြေတွင် တောင်ကျရေ ကျဆင်းလာမှုကြောင့် မြေပြိုခြင်း အိမ်၊ တိရစ္ဆာန်များ မျောပါခြင်းနှင့် လူသေဆုံးမှုများ ရှိခဲ့
ကလေးဝမြို့နယ် ကျောက်ခုတ်ကျေးရွာအနီး မြေပြိုမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်သူထွန်း)
ကလေး၊ ကလေးဝ၊ တမူးမြို့နယ်များတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်
တောင်ကျချောင်းရေများ အရှိန်အဟုန်ဖြင့် စီးဆင်းလာသဖြင့် မြေပြိုကျခြင်း၊
အိမ်များ၊ တိရစ္ဆာန်များ မျောပါခြင်းများ ဖြစ်ခဲ့ကာ ဒေသ တွင်းရှိ ကားလမ်းများ
ပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။
လက်ပံတောင်းတောင် စီမံကိန်းအတွင်းရှိ လယ်တီဆရာတော်ကြီး ၏ စေတီနှင့် သိမ်တော် ကိစ္စ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြနေစဉ် အတွင်း မူလအတိုင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရကတိပြု
လက်ပံတောင်းတောင် ဒေသရှိ လယ်တီဆရာတော် ဘုရားကြီး၏ သိမ်တော်နှင့် စေတီအား ပြည်ထောင်စု လွှတ်တော်တွင် တင်ပြနေစဉ်အတွင်း မူလအတိုင်း မပျက်မယွင်း ထားရှိရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင် ကတိပြု လက်မှတ်ထိုးခဲ့ကြောင်း သိရသည်။
Subscribe to:
Posts (Atom)