Tuesday, March 11, 2014

MPU ကတ်များ ငွေစုဘဏ်စာရင်းနှင့် ချိတ်ဆက်ရန် အဆင်သင့်ဟုဆို

Photo: MPU ကတ်များ ငွေစုဘဏ်စာရင်းနှင့် ချိတ်ဆက်ရန် အဆင်သင့်ဟုဆို
Tuesday, March 11, 2014

ပြည်တွင်းထုတ် ငွေပေးချေ ကတ်စနစ် MPU ကတ်စာရင်းကို အတိုးနှုန်း ရရှိသည့် ငွေစုဘဏ် အပ်ငွေစာရင်း (Saving Account) နှင့် ချိတ်ဆက် အသုံးပြုနိုင်မည့် ဝန်ဆောင်မှုပေးရန် MPU အဖွဲ့ဝင် ဘဏ်များအားလုံး အဆင်သင့် ဖြစ်ကြောင်း MPU (Myanmar Payment Union) အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။

ပြည်တွင်းဘဏ်များ ပူးပေါင်း ထုတ်လုပ်ထားသည့် MPU ကတ်များနှင့် ငွေစုဘဏ်စာရင်း တရားဝင် ချိတ်ဆက် အသုံးပြုနိုင်ရန် အတွက်မူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိရန် တင်ပြထားကြောင်း ၎င်းကရှင်းပြသည်။
“ဘဏ်တွေ အားလုံးက Ready (အဆင်သင့်) ပဲ။ ခွင့်ပြုချက် ကျတာနဲ့ ရပြီ” ဟု ၎င်းကဆိုသည်။

MPU ကတ်များကို ငွေစုဘဏ် အပ်ငွေစာရင်းနှင့် ချိတ်ဆက်နိုင်ပါက ကတ်စာရင်း သီးသန့် မလိုအပ်တော့သည့် အတွက် အဆင်ပြေကြောင်း ယင်းကတ်သုံးစွဲသူ များက ပြောဆိုသည်။

MPU ကတ်များကို ၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် စတင် ထုတ်ဝေခဲ့ပြီး ကတ်စာရင်းသို့ ငွေပမာဏ အကန့်အသတ် မရှိ ထည့်သွင်းနိုင်ကာ တစ်ရက်လျှင် ကျပ် ၁၀ သိန်းခန့် ထုတ်ယူနိုင်ကြောင်း ပုဂ္ဂလိက ဘဏ်များထံမှ စုံစမ်း သိရှိရသည်။

The Voice Weekly
ပြည်တွင်းထုတ် ငွေပေးချေ ကတ်စနစ် MPU ကတ်စာရင်းကို အတိုးနှုန်း ရရှိသည့် ငွေစုဘဏ် အပ်ငွေစာရင်း (Saving Account) နှင့် ချိတ်ဆက် အသုံးပြုနိုင်မည့် ဝန်ဆောင်မှုပေးရန် MPU အဖွဲ့ဝင် ဘဏ်များအားလုံး အဆင်သင့် ဖြစ်ကြောင်း MPU (Myanmar Payment Union) အမှုဆောင် အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောကြားသည်။

မြန်မာ့ကုန်သွယ်မှု မူဝါဒ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ရုံးတွင် သုံးရက်ကြာ သုံးသပ်မည်

မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော ကုန်သွယ်မှု မူဝါဒများနှင့် ပတ်သက်၍ လေ့လာသုံးသပ်ခြင်း လုပ်ငန်းစဉ်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် အဖွဲ့ဝင် ၁၄ ဦးတို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ (WTO) ရုံးတွင် မတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ကုန်သွယ်မှု မူဝါဒ ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းကျော်က The Voice သို့ ပြောကြားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတ မဲဆန္ဒနယ်မှ ဝင်ပြိုင်မည်ဟု ဦးဌေးဦး ပြောကြား

Photo: ၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတ မဲဆန္ဒနယ်မှ ဝင်ပြိုင်မည်ဟု ဦးဌေးဦး ပြောကြား
Tuesday, March 11, 2014

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတ မဲဆန္ဒနယ်မှ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ဧရာဝတီတိုင်း ဒေသကြီး ကန်ကြီးထောင့် မြို့နယ်သို့ ရောက်ရှိစဉ် ၂၀၁၀ ပြည့်နှစ်က ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရသည့် မူလ မဲဆန္ဒနယ် ဖြစ်သည့် ဟင်္သာတ မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်အစိုးရ လက်ထက်က ဧရာဝတီတိုင်း ဒေသကြီးတွင် တိုင်းမှူးအဖြစ် လည်းကောင်း၊ သမဝါယမဝန်ကြီး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး အဖြစ် တာဝန်ယူခဲ့ပြီးနောက် ၂၀၁၀ ရွေးကောက်ပွဲတွင် ဇာတိမြေ ဖြစ်သော ဟင်္သာတ မြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။

“အခြား နေရာတွေကလည်း ကျွန်တော့်ကို ခေါ်ထားတာတော့ ရှိပေမယ့် ဟင်္သာတ မြို့ကပဲ အရွေးခံမယ်၊ ဒီဒေသမှာ ရှိတဲ့ လယ်သမားတွေကို ငွေချေးဖို့ဆိုပြီး သမဝါယမဝန်ကြီး အဖြစ်နဲ့ရော လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး အဖြစ်နဲ့ပါ ရောက်ခဲ့တယ်။ ဒါတွေက ကျွန်တော့်အတွက် အမှတ်ရစရာတွေပါ” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

၎င်းက ယင်းသို့ ပြောဆိုခြင်းသည် လက်ရှိ အာဏာရ ပါတီ၏ ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ပထမဆုံးအကြိမ် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း၊ ပြိုင်ဘက် ပါတီများအနက် အဓိက ယှဉ်ပြိုင်ရမည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၀၁၅ ရွေးကောက်ပွဲ အတွက် မဲဆန္ဒနယ် ရွေးချယ်မည့် အကြောင်း ထုတ်ဖော် ပြောကြားခြင်း မရှိခင် ပြောဆိုခြင်းလည်း ဖြစ်ကြောင်း ပုသိမ်မြို့ရှိ နိုင်ငံရေး လေ့လာသူ တစ်ဦးက သုံးသပ်သည်။

“သူ့နယ်မြေမှာ ပြန်ပြိုင်မယ်ဆိုတာ ဆန်းတော့ မဆန်းပါဘူး။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲ လိုတော့ လွယ်မှာ မဟုတ်ဘူး” ဟု ဟင်္သာတမြို့ရှိ လူ့အခွင့်အရေးကွန်ရက် အဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးသည်၂၀၁၀ ရွေးကောက်ပွဲ၌ ဟင်္သာတ မဲဆန္ဒနယ်မှ အနိုင်ရရှိခဲ့သူ တစ်ဦးဖြစ်ပြီး၂၀၁၂ ခုနှစ် အတွင်းက ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်၏ လုပ်ပိုင်ခွင့်များအား ထိပါးစေနိုင်သော စကားများ ပြောဆိုခဲ့ရာ ထိုစဉ်က ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ တာဝန် ယူထားပြီး ယခု သာသနာရေး ဝန်ကြီးအဖြစ် တာဝန်ယူလျက် ရှိသည့် ဦးဆန်းဆင့်က တရားစွဲဆိုရန် စီစဉ်ခဲ့ဖူးသူ တစ်ဦးဖြစ်သည်။

လက်ရှိအချိန်၌ အဓိက ယှဉ်ပြိုင်ဘက် ဖြစ်လာနိုင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဟင်္သာတ ခရိုင်၌ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကိုသာ လုပ်ဆောင်လျက် ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲ အတွက် စည်းရုံးရေး လုပ်ငန်းစဉ်များ စတင်ခြင်း မရှိသေးပေ။

The Voice Weekly
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦးက၂၀၁၅ ရွေးကောက်ပွဲတွင် ဟင်္သာတ မဲဆန္ဒနယ်မှ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

ရာသီဥတုမူဝါဒ မရှိရင် ရေရှားမှုဒဏ်ခံရနိုင်

Photo: ရာသီဥတုမူဝါဒ မရှိရင် ရေရှားမှုဒဏ်ခံရနိုင်
Tuesday, March 11, 2014

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ နှောင့်နှေးနေမယ်ဆိုရင် မြန်မာနိုင်ငံမှာ ရေရှားပါးမှုဒဏ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက သတိပေးလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီ အခြေစိုက် East West Center က ကမကထပြုပြီး ရန်ကုန်မြို့ ကုန်သည်နဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ကျင်းပနေတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ညီလာခံ မှာ ပြောကြားခဲ့ကြတာပါ။

၂၄ ကြိမ်မြောက် Annual Condé Nast Traveler Environmental Award ဆုရရှိခဲ့သူ ဦးမြင့်ဇော် က မြန်မာနိုင်ငံမှာပြီးခဲ့တဲ့ ၃၅ နှစ်အတွင်း နှစ်စဉ် မုတ်သုန်ကာလ ရက်ပေါင်း ၄ဝ ဆုံးရှူံးခဲ့ တာကြောင့် သောက်သုံးရေနဲ့ စိုက်ပျိုးရေ ရှားပါးသွားမယ့် အခြေအနေမှာ ရှိနေပါတယ်၊ တစ်နှစ်မှာ မိုးရွာရင် ၁၄၅ ရက်ကနေ ၁ဝ၅ ရက်သာ ရှိတော့တဲ့အတွက် ပေါ်ပေါက်လာမယ့် အကျိုးဆက်တွေကို မိုးရေ အမှီပြုနေရတဲ့ နိုင်ငံ့လူဦးရေ ၇ဝ ရာနှုန်းခံစား ရမှာဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီကိစ္စကို သတင်းမီဒီယာကရော၊ အစိုးရကပါ စိတ်ဝင်စားမှု နည်းပါးနေပါတယ်လို့ ပြောကြား ခဲ့ပါတယ်။

အလားတူ မြန်မာနိုင်ငံ သဘာဝစွမ်းအင်အသင်း REAM ရဲ့ အတွင်းရေးမှူး ဦးအောင်မြင့်ကလည်း ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာရှိနေတဲ့ ဆည်ပေါင်း ၁၃၂ ခုမှာ ရေဝင်နှုန်း ၂၅ ရာနှုန်းသာ ရှိတော့တာ တွေ့ခဲ့ရပါတယ်၊ ဒါဟာ ရာသီဥတုပြောင်းလဲမှုကြောင့် ရေဝေရေလဲ ထိခိုက်ပျက်စီးသွားရတဲ့ လက္ခဏာဖြစ်ပါတယ်လို့ ပြောပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍ ဖြေရှင်းရေးဟာ ရေလှောင်တမံကြီးတွေမဟုတ်ဘဲ၊ ကျေးရွာဒေသအလိုက်၊ ဇီဝလောင်စာ၊ နေစွမ်းအင်နဲ့ အသေးစားရေအားလျှပ်စစ်သာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိရောက်တဲ့ မူဝါဒတွေ မချမှတ်နိုင်၊ အကောင်အထည်မဖေါ်နိုင်ဘူးဆိုရင် မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဆင်းရဲမွဲတေမှု လျှော့ချရေးလုပ်ငန်းတွေ မအောင်မြင်နိုင်ဘူးလို့လည်း ပြောကြားခဲ့ကြပါတယ်။

RFA Burmese
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒတွေ ချမှတ်ဆောင်ရွက်ဖို့ နှောင့်နှေးနေမယ်ဆိုရင် မြန်မာနိုင်ငံမှာ ရေရှားပါးမှုဒဏ်နဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေက သတိပေး လိုက်ပါတယ်။

လုပ်ခသက်သာအောင် ဟောင်ကောင်အထည်ချုပ် မြန်မာကို ရွှေ့မည်

Photo: လုပ်ခသက်သာအောင် ဟောင်ကောင်အထည်ချုပ် မြန်မာကို ရွှေ့မည်
Tuesday, March 11, 2014

ဟောင်ကောင် အထည်ချုပ်လုပ်ငန်း စက်မှုဇုန် ရန်ကုန်မှာ တည်ဆောက်တော့မှာ ဖြစ်ပါတယ်။

ရန်ကုန်အနီး ဂျပန်က တည်ဆောက်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ မြေငှားရမ်းပြီး ချည်မျှင်နဲ့ အထည်စက်ရုံလုပ်ငန်း စက်မှုဇုန်တည်ဆောက်ဖို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တယ်လို့ South China Morning Post သတင်းက ဖေါ်ပြ ပါတယ်။

အခုလို ရန်ကုန်မှာ လာရောက် ရင်းနှီးမြှုပ်နှံတာဟာ အလုပ်သမား လုပ်ခ ဈေးပေါတဲ့အတွက် ဟောင်ကောင် မှာထက် ထုတ်လုပ်မှုစရိတ် အနည်းဆုံး တဝက် သက်သာသွားမှာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။ လုပ်ငန်းစတင်လည်ပတ်ပြီဆိုရင် မြန်မာအထည်ချုပ် အလုပ်သမားတွေကို ဟောင်ကောင်က အလုပ် သမားတွေ ရတဲ့လုပ်ခရဲ့ ၂၀ ရာနှုန်းသာ ပေးရမှာဖြစ် ပါတယ်။

ဒီအတွက် ဟောင်ကောင် အထည်ချုပ်လုပ်ငန်းဒေသ မဲဆန္ဒနယ် ရဲ့ လွှတ်တော်အမတ် ဖိလစ်ချာင်းက အထည်ချုပ်လုပ်ငန်း ၁၂ ခုကို ကိုယ်စားပြုပြီး ဧက တစ်ထောင်ကျယ်ဝန်းတဲ့ ရန်ကုန် သီလ၀ါ အထူးစီးပွားရေးဇုန်ရဲ့ တဝက်ဖြစ်တဲ့ ဧက ၅၀၀ ကိုငှားရမ်းပြီး ဟောင်ကောင် အထည်ချုပ်လုပ်ငန်း စက်မှုဇုန်တည်ဆောက်ဖို့ စီစဉ်ဆောင်ရွက်ခဲ့တာပါ။

အဲဒီ စီမံကိန်းအတွက် မြေငှားရမ်းခ တစ်နှစ် အမေရိကန်ဒေါ်လာ ၅၂ သန်းနဲ့ နှစ် ၅၀ ငှားရမ်းမှာဖြစ်ပါ တယ်။ ဟောင်ကောင် အထည်ချုပ်လုပ်ငန်း စက်မှုဇုန်တည်ဆောက်ရေးမှာ မြန်မာနဲ့ ဂျပန်လည်း ဖက်စပ်ပါဝင်မယ်လို့ သိရပါတယ်။

တည်ဆောက်ရေးလုပ်ငန်းတွေကို လာမယ့် ၂၀၁၅ နှစ်လည်ပိုင်းမှာ စတင်မှာဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်ကုန်ပိုင်းမှာ လုပ်ငန်းတွေ စတင်လည်ပတ်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း လွှတ်တော်အမတ် ဖိလစ်ချောင်းက ပြောပါတယ်။

ဟောင်ကောင် အထည်ချုပ်လုပ်ငန်း စက်မှုဇုန်အနေနဲ့ မြန်မာအလုပ်သမား အနည်းဆုံး သုံးသောင်း ငှားရမ်းဖို့ စီစဉ်ထားပြီး၊ လုပ်ခအနေနဲ့ တစ်လ အမေရိကန်ဒေါ်လာ ၁ဝဝ ကနေ ၁၂ဝ အထိပေးမယ်လို့ ဆိုပါတယ်။ ဒီနှုန်းဟာ ဟောင်ကောင် အလုပ်သမားလုပ်ခရဲ့ ငါးပုံတစ်ပုံဖြစ်ပါတယ်။ ဒါ့ပြင် မြန်မာနိုင်ငံကို အီးယူ ဥရောပသမဂ္ဂက ပြန်လည်ပေးအပ်ထားတဲ့ ပို့ကုန်အခွန် သက်သာခွင့်ကိုလည်း ခံစားရဦးမယ်လို့ ဟောင်ကောင် လွှတ်တော်အမတ် ဖိလစ်ချောင်းက ပြောပါတယ်။

RFA Burmese
ဟောင်ကောင် အထည်ချုပ်လုပ်ငန်း စက်မှုဇုန် ရန်ကုန်မှာ တည်ဆောက်တော့မှာ ဖြစ်ပါတယ်။

ရန်ကုန်အနီး ဂျပန်က တည်ဆောက်နေတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်မှာ မြေငှားရမ်းပြီး ချည်မျှင်နဲ့ အထည်စက်ရုံလုပ်ငန်း စက်မှုဇုန်တည်ဆောက်ဖို့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တယ်လို့ South China Morning Post သတင်းက ဖေါ်ပြ ပါတယ်။

ဗိုလ်မင်းရောင် အိမ်ရာတိုက်ခန်းများ ဝယ်ယူခွင့် လျှောက်လွှာ စတင်ခေါ်ယူ

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသော ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် (၄၂) ရပ်ကွက်၊ ဗိုလ်မင်းရောင် လမ်းမပေါ်ရှိ အခန်းပေါင်း ၈၀၀ ပါဝင်သော ဗိုလ်မင်းရောင် တန်ဖိုးမျှတ အိမ်ရာတိုက်ခန်းများ ဝယ်ယူခွင့်ကို ဧပြီလ ၁၁ ရက်နေ့ နောက်ဆုံးထားကာ လျှောက်လွှာ တင်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားသည်။

မလေးရှား လေယာဉ်ကို လေယာဉ် ၃၅ စင်း၊ ရေယာဉ် ၃၀ စီးဖြင့် နိုင်ငံပေါင်း ၉ နိုင်ငံ ပူးပေါင်း ရှာဖွေသော်လည်း ပဟေဠိဆန်စွာ ပျောက်ဆုံးနေဆဲ

Photo: မလေးရှား လေယာဉ်ကို လေယာဉ် ၃၅ စင်း၊ ရေယာဉ် ၃၀ စီးဖြင့် နိုင်ငံပေါင်း ၉ နိုင်ငံ ပူးပေါင်း ရှာဖွေသော်လည်း ပဟေဠိဆန်စွာ ပျောက်ဆုံးနေဆဲ
Tuesday, March 11, 2014

ကွာလာလမ်ပူမှ တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းသို့ ပျံသန်းသွားစဉ် ထူးဆန်းစွာ ပျောက်ဆုံးသွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုင်းအင်း ၇၇၇ ခရီးသည်တင် လေယာဉ်ကို ဒေသတွင်း နိုင်ငံပေါင်း ၉ နိုင်ငံ ပူးပေါင်းကာ လေယာဉ် ၃၄ စင်း၊ သင်္ဘော ၃၀ စီးတို့ဖြင့် သဲကြီးမဲကြီး ရှာဖွေလျက် ရှိသော်လည်း သုံးရက်နီးပါး ကြာချိန်အထိ ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း နိုင်ငံတကာ မီဒီယာများ၏ ရေးသား ဖော်ပြချက်များအရ သိရသည်။ 

ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦး လိုက်ပါသွားသည့် အဆိုပါ လေယာဉ်သည် မတ်လ ၈ ရက်နေ့ နံနက် အစောပိုင်းက မလေးရှားနိုင်ငံမှ တရုတ်ပြည်သို့ ပျံသန်းသွားစဉ် ဗီယက်နမ်တောင်ပိုင်း ဒေသအရောက် အဆက်အသွယ် ပြတ်တောက် သွားခဲ့ခြင်း ဖြစ်ပြီး ယင်းလေယာဉ် ပျောက်ဆုံး မှုကို ဒေသတွင်း နိုင်ငံများသာမက နိုင်ငံတကာ မီဒီယာ အားလုံးနီးပါးက စိတ်ဝင်တစား အလေးအနက်ထား ဖော်ပြခဲ့ကြသည်။ 

ယင်းလေယာဉ်ကို အမြန်ဆုံး ရှာဖွေနိုင်ရေး အတွက် မလေးရှားနှင့်အတူ ဗီယက်နမ်၊ တရုတ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ အမေရိကန် ပြည်ထောင်စု၊ ထိုင်း၊ သြစတြေးလျ၊ ဖိလစ်ပိုင်နှင့် နယူးဇီလန်တို့ အတူတကွ ပူးပေါင်း လုပ်ဆောင်လျက် ရှိသော်လည်း သုံးရက်နီးပါးမျှ ကြာမြင့်လာချိန် (တနင်္လာနေ့ ညပိုင်း) အထိ တစ်စုံတစ်ရာ တွေ့ရှိခြင်း မရှိခဲ့ပေ။

“လူကြီးမင်းတို့ခင်ဗျာ၊ ကံမကောင်းစွာပဲ ပျောက်ဆုံးနေတဲ့ လေယာဉ်နဲ့ ဆက်စပ်တဲ့ အရာတစ်ခုတလေမျှ ကျွန်တော်တို့ ရှာဖွေ မတွေ့ရှိခဲ့ပါဘူး” ဟု မလေးရှား အရပ်ဘက် လေကြောင်းဌာန ညွှန်ကြားရေးမှူး အဇာဒင်အပ္ပဒူရာမန်က ပြောကြားသည်။ 

ယမန်နေ့ (တနင်္ဂနွေ) ညပိုင်းက မီဒီယာအချို့တွင် ပျောက်ဆုံးနေသော အဆိုပါ လေယာဉ်၏ တံခါးချပ် တစ်ခုကို တွေ့ရှိပြီ ဖြစ်သည်ဟု သတင်းများ ဖော်ပြခဲ့ကြသော်လည်း ယင်းသတင်းသည် ဟုတ်မှန်မှု မရှိကြောင်း ဗီယက်နမ် အာဏာပိုင်များက ငြင်းဆိုခဲ့ကြောင်း ၎င်းကဆိုသည်။

“အဲဒီသတင်းကို ဗီယက်နမ်နိုင်ငံက အရာရှိကြီးတွေက အတည်ပြုပေးခြင်း မရှိခဲ့ပါဘူး။ နောက်ပြီးတော့ လေယာဉ်ပျံရဲ့ အမြီးပိုင်းကို တွေ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်လည်း ထွက်လာပါသေးတယ်။ အဲဒီသတင်းလည်း မှန်ကန်မှု မရှိပါဘူး” ဟု ၎င်းက အတည်ပြု ပြောကြားသည်။ 

ယမန်နေ့က ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ထိုင်းပင်လယ်ကွေ့ အတွင်း ရေပြင်ပေါ်တွင် လောင်စာဆီကွက်ကြီး တစ်ခုကို တွေ့ရှိခဲ့၍ ယင်းလောင်စာဆီ နမူနာကို စုံစမ်းစစ်ဆေး ကြည့်ရာ၌ လေယာဉ်လောင်စာ မဟုတ်ဘဲ ကုန်တင်သင်္ဘောများ အတွက် အသုံးပြုသော လောင်စာ အမျိုးအစား ဖြစ်နေသည်ကို တွေ့ရှိရကြောင်း အာဏာပိုင်တို့က သတင်းထုတ်ပြန်သည်။ 

အဆိုပါ လေယာဉ် ပျောက်ဆုံးမှုကို မစ္စတာ အဇာဒင်အပ္ပဒူရာမန်က ကြုံတောင့် ကြုံခဲ ဖြစ်သော လေကြောင်း ပဟေဠိပုစ္ဆာ အဖြစ် သတ်မှတ် ပြောဆိုသည်။ 

ပျောက်ဆုံးနေသည့် လေယာဉ်ပေါ်တွင် တရုတ်လူမျိုး ခရီးသည် အများဆုံး ပါဝင်လျက်ရှိပြီး တရုတ်မီဒီယာများက မလေးရှားနိုင်ငံသည် လေယာဉ် ရှာဖွေသည့် လုပ်ငန်းစဉ်ကို အလေးအနက်ထား လုပ်ဆောင်ခြင်း မရှိဟု ဝေဖန် ရေးသားကြသည်။ 

CNN သတင်းဌာန၏ ရေးသား ဖော်ပြချက်အရ လေယာဉ် ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ပညာရှင်များသည် ရှုထောင့် ပေါင်းစုံမှ ဖြစ်နိုင်ခြေများ အားလုံးကို ထည့်သွင်း တွက်ချက်လျက် ရှိသည်။ 

မလေးရှား အရပ်ဘက် လေကြောင်း ဌာနကမူ ယင်းလေယာဉ်ပေါ်တွင် ပါရှိသွားသော ခရီးသည်များ၏ ဆွေမျိုးသားချင်းများ အနေနှင့် အဆိုးဆုံး အတွက် ပြင်ဆင်ထားရန် တိုက်တွန်း ပြောဆိုပြီး ရှာဖွေမှုများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ကြေညာသည်။ 

အဆိုပါ ဖြစ်ရပ်ကြောင့် အာရှဒေသတွင် အကြီးဆုံး လေကြောင်းလိုင်း တစ်ခုဖြစ်သော မလေးရှား လေကြောင်း၏ အစုရှယ်ယာ တန်ဖိုးမှာ တနင်္လာနေ့တွင် ၁၈ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း The Star သတင်းစာက ရေးသား ဖော်ပြသည်။

The Voice Weekly
ကွာလာလမ်ပူမှ တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းသို့ ပျံသန်းသွားစဉ် ထူးဆန်းစွာ ပျောက်ဆုံးသွားသော မလေးရှား လေကြောင်းလိုင်းပိုင် ဘိုင်းအင်း ၇၇၇ ခရီးသည်တင် လေယာဉ်ကို ဒေသတွင်း နိုင်ငံပေါင်း ၉ နိုင်ငံ ပူးပေါင်းကာ လေယာဉ် ၃၄ စင်း၊ သင်္ဘော ၃၀ စီးတို့ဖြင့် သဲကြီးမဲကြီး ရှာဖွေလျက် ရှိသော်လည်း သုံးရက် နီးပါး ကြာချိန်အထိ ရှာဖွေ တွေ့ရှိခြင်း မရှိသေးကြောင်း နိုင်ငံတကာ မီဒီယာများ၏ ရေးသား ဖော်ပြချက်များအရ သိရသည်။ 

Iron Cross ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ရန်ကုန် ရွှေထွဋ်တင် ကွင်းတွင် ပြုလုပ်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ရန်ကုန်) ၏ ရုံးခန်း နေရာသစ် အဖြစ် အသုံးပြုမည့် တိုက်ခန်းတစ်ခန်း ဝယ်ယူရန် နှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက် လိုအပ်သော ကဏ္ဍများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ၏ အအောင်မြင်ဆုံး ရော့ခ်တီးဝိုင်းနှင့် တေးဂီတ အဖွဲ့ဖြစ်သော Iron Cross ၏ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို မတ်လ ၂၂ ရက်နေ့ ည ၇ နာရီတွင်၊ တာမွေ မြို့နယ် အရှေ့မြင်းပြိုင်ကွင်း လမ်းရှိ ရွှေထွဋ်တင် ကွင်း၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း NLD အဖွဲ့ချုပ် (ရန်ကုန်) ၏ အလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဌေးက ပြောကြားသည်။

အန္တရာယ်ရှိ ဓာတုပစ္စည်းပါ အိုအိရှိနှင့် DeeDo အအေးဘူး ဈေးကွက် ကျဆင်းမှုမရှိ

Photo: အန္တရာယ်ရှိ ဓာတုပစ္စည်းပါ အိုအိရှိနှင့် DeeDo အအေးဘူး ဈေးကွက် ကျဆင်းမှုမရှိ
Tuesday, March 11, 2014

စားသုံးသူ ကာကွယ်ရေး အသင်းက ကျန်းမာရေးနှင့် ကိုက်ညီမှု မရှိသော ဓာတုပစ္စည်း ပါဝင်သည့် အိုအိရှိ အာလူးကြော်နှင့် ထိုင်းနိုင်ငံထုတ် DeeDo အအေးဘူးကို မသောက်သုံးရန် ကြေညာ ထားသော်လည်း ပြည်တွင်း ဈေးကွက်တွင် မတ်လ ၁၀ ရက်နေ့အထိ ဝယ်လိုအား ကျဆင်းမှု မရှိကြောင်း ရန်ကုန်မြို့ ညောင်ပင်လေးဈေး အချိုရည် ဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။

“ဈေးသည်တွေက ရိုးနေပြီ၊ သတင်းထွက်တဲ့ ခဏတော့ ငြိမ်မယ်။ ပြီးရင် ပြန်စားကြတာပဲ” ဟု ညောင်ပင်လေးဈေးရှိ ကုန်မျိုးစုံ ရောင်းဝယ်ဖြန့်ဖြူးရေး ဆိုင်ရှင် တစ်ဦးက ပြောကြားသည်။

ယင်းအပြင် အိုအိရှိ အာလူးကြော်တွင် မီးလောင်စေသော ဓာတုပစ္စည်းများ ထည့်သွင်းထားကြောင်း ကောလာဟလများ ထွက်ပေါ်နေသော်လည်း စားသုံးသူဈေးကွက် ပုံမှန်သာ ရှိနေကြောင်း အဆိုပါ ညောင်ပင်လေး ဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။

“အန္တရာယ်ဖြစ်တာ သေချာရင်တော့ မရောင်းပါဘူး။ သေချာအောင်လည်း မုန့်တွေကို စစ်ဆေး ပေးစေချင်တယ်။ မကောင်းဘူး ဆိုရင်တော့ မြောင်းထဲ ပို့ရမှာပဲ” ဟု အဆိုပါ ဆိုင်ရှင်က ဆက်လက် ပြောဆိုသည်။

အဆိုပါ အန္တရာယ်ရှိ စားသောက်ကုန်များ အတွက် ကျန်းမာရေး ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ ဓာတ်ခွဲ စစ်ဆေးရန် ရှိ၊ မရှိ မေးမြန်းရာတွင် တာဝန်ရှိသူ ခရီးလွန်နေ၍ မဖြေကြားနိုင်ကြောင်း The Voice သို့ အကြောင်း ပြန်ခဲ့သည်။

အိုအိရှိ အာလူးကြော်သည် ပြည်တွင်း Myanmar Liwayway Food Industries Ltd. ကုမ္ပဏီက ထုတ်လုပ်သော အသင့်စား မုန့်ဖြစ်ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အသိအမှတ်ပြု လက်မှတ်ရမုန့် ဖြစ်ကြောင်း၊ အလားတူ DeeDo အချိုရည်သည်လည်း ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက အသိအမှတ်ပြု လက်မှတ်ရ တံဆိပ်တစ်ခု ဖြစ်ကြောင်း ပြည်တွင်းသို့ ထိုင်းစားသောက်ကုန်များ တင်သွင်းနေသူ တစ်ဦးက ရှင်းပြသည်။

စားသုံးသူ ကာကွယ်ရေး အသင်းက အိုအိရှိ အာလူးကြော်ကို စားသုံးရန် မသင့်ကြောင်း ကြေညာချက်ကိုမူ Myanmar Liwayway Food Industries Ltd. က မတ်လ ၁၀ ရက်နေ့အထိ တစ်စုံတစ်ရာ ပြန်လည် ဖြေရှင်းခြင်း မရှိသေးပေ။

ပြည်တွင်း ကုန်စည် ဈေးကွက်တွင် ကျွဲရိုင်း အချိုရည်နှင့် အချိုမှုန့်များကို စားသုံးရန် မသင့်ကြောင်း အကြိမ်ကြိမ် ကြေညာထားသော်လည်း လက်တွေ့ အရေးယူမှုပိုင်း အားနည်းချက်ကြောင့် တင်သွင်းသူများ ရှိနေဆဲ ဖြစ်ကြောင်း၊ ယင်းကြောင့် အိုအိရှိနှင့် DeeDo ဈေးကွက်မှာလည်း သိသိသာသာ ကျဆင်းနိုင်ဖွယ် မရှိကြောင်း ညောင်ပင်လေးဈေးတွင် အချိုရည်မျိုးစုံ ရောင်းချနေသူများက ပြောကြားသည်။

သမဝါယမ ဝန်ကြီးဌာန ဓာတ်ခွဲခန်း၏ စစ်ဆေးချက်တွင် အိုအိရှိ အာလူးကြော်၌ စားသုံးသင့်သော ပမာဏထက် အက်စစ် ပါဝင်နှုန်း မြင့်နေပြီး DeeDo အချိုရည်တွင် တစ်လီတာဘူး၌ မှိုခြောက်သိန်း အထိ ပါနေကြောင်း မတ်လ ၉ ရက်နေ့ စားသုံးသူ ကာကွယ်ရေး အသင်း သတင်းစာ ရှင်းလင်းပွဲ၌ အသိပေး ကြေညာလိုက်သည်။

မြန်မာနိုင်ငံတွင် ဓာတုဆိုးဆေး အလွန်အကျွံ သုံးစွဲထားသော အသင့်စား မုန့်များနှင့် ပတ်သက်၍ တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှု မရှိသေးကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသို့ စားသုံးသူ ကာကွယ်ရေး လှုပ်ရှားသူများက တိုက်တွန်း ပြောကြားထားသည်။

The Voice Weekly
စားသုံးသူ ကာကွယ်ရေး အသင်းက ကျန်းမာရေးနှင့် ကိုက်ညီမှု မရှိသော ဓာတုပစ္စည်း ပါဝင်သည့် အိုအိရှိ အာလူးကြော်နှင့် ထိုင်းနိုင်ငံထုတ် DeeDo အအေးဘူးကို မသောက်သုံးရန် ကြေညာ ထားသော်လည်း ပြည်တွင်း ဈေးကွက်တွင် မတ်လ ၁၀ ရက်နေ့အထိ ဝယ်လိုအား ကျဆင်းမှု မရှိကြောင်း ရန်ကုန်မြို့ ညောင်ပင်လေးဈေး အချိုရည် ဈေးကွက်ထံမှ စုံစမ်း သိရှိရသည်။

ကချင်ဒီမိုကရက်တစ် ပါတီကိုသာ မဲပေးရန် တိုက်တွန်းမည်ဟု ကချင်ပြည်သူ့အသံ ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ပြောကြား

ကချင်ပြည်နယ်ရှိ ကချင်တိုင်းရင်းသား နိုင်ငံရေးပါတီများ စုပေါင်းကာ ၂၀၁၅ ခုနှစ် မတိုင်မီ ဘုံပါတီတစ်ရပ် ထူထောင်ရေး အစီအစဉ် အကောင်အထည် မဖော်နိုင်သဖြင့် ကချင်လူထုများ အနေနှင့် လာမည့် ရွေးကောက်ပွဲတွင် ကချင်ဒီမိုကရက်တစ် ပါတီ (KDP) ကိုသာ ဆန္ဒမဲပေးရန် အတွက် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ကချင်ပြည်သူ့အသံ ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးလမောင်လတောင်က ပြောကြားသည်။

လူဦးရေ ၁၀၀ကျော် ခိုလှုံနေသည့် လက်ကျိုက်ကျေးရွာ ဘုန်းကြီးကျောင်း သုံးရက်အတွင်း ဖယ်ရှားပေးရန် စစ်တပ်က ထပ်မံ အကြောင်းကြား

လှည်းကူးမြို့နယ်ရှိ သမီးကလေး ကျေးရွာနှင့် အတူ ဖယ်ရှားခံရသော ကျေးရွာ ခြောက်ရွာတွင် ပါဝင်သည့် လူဦးရေ တစ်ရာကျော် ခိုလှုံနေသော လက်ကျိုက်ကျေးရွာရှိ လက်ကျိုက်ကုန်း ရတနာသိဒ္ဓိ တောရကျောင်းတိုက်ကို သုံးရက်အတွင်း ဖယ်ရှားပေးရန် မတ်လ ၉ ရက်နေ့တွင် တပ်မတော်က ထပ်မံ အကြောင်းကြားခဲ့ကြောင်း အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသူများ ထံမှ သိရှိရသည်။ 

အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေတွင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ထည့်ပြင်

ငွေဒဏ် ပြစ်ဒဏ်သာ ထည့်သွင်း ပြဋ္ဌာန်းထားသည့် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ တွင် တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ထည့်သွင်း ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။

လယ်မြေပြဿနာ ဖြေရှင်းပေးဖို့ ဆန္ဒပြသူများ ထောင်ဒဏ်ကျခံရ

Photo: လယ်မြေပြဿနာ ဖြေရှင်းပေးဖို့ ဆန္ဒပြသူများ ထောင်ဒဏ်ကျခံရ
Tuesday, March 11, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာနဲ့ ကံကြီးကုန်းကျေးရွာက လယ်ယာမြေပြဿနာ ဖြေရှင်းပေးဖို့ ဆန္ဒပြခဲ့ကြတဲ့ တောင်သူ သုံးဦးကို ရွှေဘိုခရိုင်တရားရုံးက ဒီနေ့ ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပါတယ်။

အဲ့ဒီလယ်သမား ၃ ဦး အမှုကိစ္စကို လိုက်ပါကူညီပေးနေတဲ့ ခင်ဦးမြို့နယ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဒုတာဝန်ခံ ဦးမြင့်ချွန်က အမိန့်ချလိုက်တဲ့ အခြေအနေကို အခုလို ပြောပါတယ်။

"တောင်သူလယ်သမားတွေက အမှုကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းခြင်းမရှိတဲ့အတွက် မြို့ပေါ်မှာ စီမံခန့်ခွဲရေးကော်မတီအဖွဲ့နဲ့ လယ်ယာစီမံခန့်ခွဲရေး ကော်မတီအဖွဲ့ကို ဆန္ဒထုတ်ဖော်တာပါ၊ တရားရုံးကဆန္ဒပြတဲ့ သုံးယောက်စလုံးကို ပုဒ်မ ၁၈ နဲ့ သုံးလစီချပြီးတော့ ဦးညွှန့်ဆွေကို ၅ဝ၅(ခ)နဲ့ နှစ်နှစ်အသီးသီးချလိုက်တာဗျ"

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ခင်ဦးမြို့မှာ တောင်သူ ၃ ဦးက သူတို့ဆုံးရှုံးခဲ့တဲ့ လယ်ဧကတချို့အတွက် ဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုရာမှာ ခင်ဦးမြို့နယ်မှူးက တရားစွဲဆိုခဲ့တာပါ။ အဲဒီအထဲက ၂ ဦးကို တရားမ၀င် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ ထောင်ဒဏ် ၃ လစီ၊ ကျန်တစ်ဦးကို ပုဒ်မ ၁၈ အပြင် ဆူပူအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅(ခ) တို့နဲ့ ထောင်ဒဏ် ၂ နှစ်နဲ့ ၃ လကျခံဖို့ ရွှေဘိုခရိုင်တရားရုံးက ဒီနေ့ အမိန့်ချမှတ်ခဲ့ပါတယ်။

အမိန့်ချပြီးတဲ့နောက် လယ်သမား ၃ ဦးကို ရွှေဘိုအကျဉ်းထောင်ကို ပို့လိုက်တယ်လို့ သိရပါတယ်။

RFA Burmese
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာနဲ့ ကံကြီးကုန်းကျေးရွာက လယ်ယာမြေပြဿနာ ဖြေရှင်းပေး ဖို့ ဆန္ဒပြခဲ့ကြတဲ့ တောင်သူ သုံးဦးကို ရွှေဘိုခရိုင်တရားရုံးက ဒီနေ့ ထောင်ဒဏ်အသီးသီး ချမှတ် လိုက် ပါတယ်။

ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်း လွယ်ကူသော ဖြေရှင်းနည်းများ

Photo: ကိုယ်ဝန်ရှိစ ပျို့အန်သူများအတွက် ရိုးရှင်း လွယ်ကူသော ဖြေရှင်းနည်းများ
Tuesday, March 11, 2014

ကိုယ်ဝန်ဆောင် ကာလမှာ ပျို့အန်ခြင်း
- ချင်းဖျော်ရည်သောက်ပါ
ချင်းကို ပါးပါးလှီးပြီး ရေနွေးတစ်ခွက်နဲ့ စိမ်ပြီး ပျို့အန်ချင်တိုင်းသောက်ပါ။ ဆေးဖက်ဝင် ကုသမှုထဲမှာ စိတ်အချရဆုံး ဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပါ။

- စမုန်စပါးစေ့ကို ဝါးစားပါ
စမုန်စပါးစေ့ဟာလည်း ပျို့အန်တာကို သက်သာစေနိုင်ပါတယ်။ စမုန်စပါးစေ့ကို ရေနွေးနဲ့ ဖျော်သောက်စရာ မလိုပါဘူး။ ပလတ်စတစ် အိတ်ထဲထည့်ပြီး သွားလေရာတစ်ပါတည်း ယူသွားကာ မကြာခဏ ဝါးစားပေးပါ။ စမုန်စပါးစေ့ဟာ ကလေးနို့တိုက် မိခင်တွေ အတွက်လည်း နို့ထွက်အား ကောင်းစေပါတယ်။

- နှိပ်နယ်နည်း
သင့်ညာလက်ညှိုးနဲ့ လက်ခလယ်ကို ညှပ်ရိုးနှစ်ခုကြားမှာ ထားပြီး ညာဘက်ညှပ်ရိုး ထိပ်အလုံးကို အသာအယာ ဖိအားပေးပါ။ တစ်မိနစ်ခန့် ဖိအားပေးပါ။ ပျို့အန်ချင်တိုင်း ဖိနှိပ်ပေးနိုင်ပါတယ်။

- နံနက်တိုင်း အချဉ်ရည်သောက်ပါ
မနက်တိုင်း အိပ်ရာထကာစမှာ ရေတစ်ခွက်ကို ရှာလကာရည် တစ်ဇွန်းနဲ့ ရောစပ်ပြီး သောက်ပေးပါ။ ပျို့အန်တာ အမြန် သက်သာသွား နိုင်ပါတယ်။

 မြ၀တီ
ကိုယ်ဝန်ဆောင် ကာလမှာ ပျို့အန်ခြင်း
- ချင်းဖျော်ရည်သောက်ပါ
ချင်းကို ပါးပါးလှီးပြီး ရေနွေးတစ်ခွက်နဲ့ စိမ်ပြီး ပျို့အန်ချင်တိုင်းသောက်ပါ။ ဆေးဖက်ဝင် ကုသမှုထဲမှာ စိတ်အချရဆုံး ဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပါ။

MH370 ပျောက်ဆုံး သွားပြီးနောက်မှာ အလားတူ သမိုင်းတစ်လျောက် ထူးဆန်းစွာ ပျောက်ဆုံးသွား ခဲ့တဲ့၊ ပျက်ကျ ခဲ့ရတဲ့ လေယာဉ် ၁၀စင်း အကြောင်းကို တင်ပြ ပေးလိုက် ပါတယ်

Photo: MH370 ပျောက်ဆုံး သွားပြီးနောက်မှာ အလားတူ သမိုင်းတစ်လျောက် ထူးဆန်းစွာ ပျောက်ဆုံးသွား ခဲ့တဲ့၊ ပျက်ကျ ခဲ့ရတဲ့ လေယာဉ် ၁၀စင်း အကြောင်းကို တင်ပြ ပေးလိုက် ပါတယ်။
Tuesday, March 11, 2014

၁၀။ Amelia Earhart
အမေရိကန် စွန့်ဦး လေယာဉ်မှုး Amelia Earhart ကအတ္တလန္တိတ် သမုဒ္ဓရာကို တစ်ဦးတည်း ဖြတ်ကျော်ခဲတဲ့ ပထမဆုံး အမျိုးသမီး အဖြစ် ကျော်ကြားပြီး ပစိဖိတ် သမုဒ္ဓရာ အလယ်ပိုင်းက Howland ကျွန်းနားမှာ ပျောက်ဆုံး သွားခဲ့ပါတယ်။ ၁၉၃၇ ဇူလိုင်လ ၂ရက်နေ့မှာ သူမနဲ့ သူ မရဲ့ လမ်းပြ Fred Noonan တို့က ကမ္ဘာကို တစ်ပတ်ပတ်မယ့် ခရီးစဉ် စတင်ပြီး ၂၉ရက် အကြာမှာ ပျောက်ဆုံး သွားခဲ့တာပါ။ တစ်ချို့တွေက သူမကို သမ္မတ Franklin D Roosevelt ရဲ့စပိုင် တစ်ယောက် ဖြစ်တာကြောင့် ဂျပန်တွေက ဖမ်းဆီး သွားတာလို့ ကောလဟာလ တွေထွက်ခဲ့ ပါတယ်။ တချို့ကတော့ သူမက ကျွန်းပေါ်မှာ လေယာဉ် ပျက်ကျပြီး သေဆုံး သွားတယ်လို့ ဆိုပါတယ်။ နောက်၂နှစ် အကြာမှာ သူမကို သေဆုံး သွားပြီလို့ သတ်မှတ် ခဲ့ပါတယ်။

၉။ အင်္ဂလိပ် ရေလက်ကြားမှာ ပျောက်ဆုံးသွားခဲ့တဲ့ Glenn Miller
Glenn Miller ကဂန္တ၀င် Big band တေးဂီတ ပညာရှင် တစ်ယောက် ဖြစ်ပြီးတော့ ဒီဇင်ဘာ ၁၅၊ ၁၉၄၄မှာ စစ်သားတွေကို ဖျော်ဖြေဖို့ အတွက် UK ကနေ ပြင်သစ်ကို ထွက်လာ ခဲ့ပါတယ်။ သူရဲ့လေယာဉ်က Clapham ကနေ ထွက်လာ ခဲ့ပြီး English Channel အင်္ဂလိပ် ရေလက်ကြားကို အဖြတ်မှာ ပျောက်ဆုံး သွားခဲ့ပါတယ်။ ပျောက်ဆုံး သွားတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ထင်ကြေး ၃ခု ထွက်လာ ခဲ့ပါတယ်။ ပထမ တစ်ခုက Royal Air Force ရဲ့ဗုံးထိမှန် ခဲ့တာပါတဲ့။ ဒုတိယက friendly fire ပါတဲ့။ ရန်သူနဲ့ မှားယွင်းပြီး အချင်းချင်း ပစ်ခတ် ခံထိတာပါတဲ့။ နောက်ဆုံး ကတော့ Glenn Miller ကပြင်သစ်ကို ရောက်ခဲ့ပြီး နှလုံး တိုက်ခိုက်ခံ ရပြီး ကွယ်လွန် ခဲ့ပေမယ့် အမေရိကန် စစ်တပ်က ဒီသတင်းကို ဖုံးထား ခဲ့တာပါလို့ ဆိုပါတယ်။

၈။ နာမည်ကျော် Bermuda Triangle နဲ့ Flight 19
၁၉၄၅ ဒီဇင်ဘာလ ၅ရက်နေ့မှာ လေယာဉ် ၆စီးက ဘာမြူဒါ တြိဂံ ဒေသမှာ ရုတ်တရက် ပျောက်ဆုံး သွားပြီး လျို့ဝှက်တဲ့ ဘာမြူဒါ ပုံပြင်ကို စအသက် သွင်းခဲ့ ပါတယ်။ အတွေ့အကြုံ ရင့်ကျက် နေတဲ့ လေယာဉ် ညွှန်မှုး Charles Taylor ဦးဆောင်တဲ့ Navy Avenger လေယာဉ် ၅စီးက လေ့ကျင့်ရေး အတွက် Fort Lauderdale, Florida ကနေ ထွက်လာ ခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နာရီခွဲ အကြာမှာ လေယာဉ်မှုး တွေက သူတို့ ဦးတည်ချက် ပျောက်နေပြီး၊ သူတို့ အောက်က မြေပြင် အနေအထားကို စိမ်းနေတယ်လို့ သတင်းပို့ ခဲ့ကြပါတယ်။ Taylor ကသူရဲ့ သံ လိုက် အိမ်မြှောင် ကလည်း အလုပ် မလုပ်ဘူးလို့ စခန်းကို လှမ်းသတင်း ပို့ခဲ့ပါတယ်။ စခန်းက လမ်းညွှန်ချက် ပေးဖို့ ကြိုးစားခဲ့ ပေမယ့် လေ ယာဉ် တွေက ဆင်းသက်ဖို့ နေရာ ရှာမရဘဲ နောက်ဆုံးမှာ ပင်လယ်ထဲကို ထိုးကျခဲ့ပြီး လူအားလုံး ၁၄ယောက် သေဆုံး ခဲ့ပါတယ်။ ကယ် ဆယ် ရေးအတွက် လေယာဉ် တစ်စီး ထပ်မံ လွှတ်ခဲ့ပေမယ့် အဲ့လေယာဉ် ကပါ အစရှာ မရဘဲ ပျောက်ဆုံး သွားခဲ့ရ ပါတယ်။

၇။ Star Dust နဲ့လျို့ဝှက် ကုတ်နံပတ်
၁၉၄၇မှာ British South American Airways ရဲ့လေယာဉ် Star Dust ကအာဂျင်တီးနား နိုင်ငံ Buenos Aires ကနေ ချီလီနိုင်ငံ Santiago ကိုအသွား၊ Andes mountains တွေကို ဖြတ်အကျော်မှာ ပျောက်ဆုံး သွားခဲ့ ပါတယ်။ ဒါပေမယ့် မပျောက်ဆုံး ခင်မှာ radio operator က "STENDEC" ဆိုတဲ့ cryptic morse code message ကို နှစ်ကြိမ်တိုင်တိုင် ပြောပြီး နောက်ဆုံး ပေးခဲ့ပါတယ်။ လေယာဉ် ဘယ်လို ပျောက်ဆုံး သွားတာလဲ။ ဒီကုတ်က ဘာကို ဆိုလိုတာလဲ ဆိုတာကို နှစ်ပေါင်းများစွာ လူတွေက ဖော်ထုတ်ဖို့ ကြိုးစား ခဲ့ကြပါတယ်။ UFOတွေ၊ အဖျက် သမား တွေကြောင့်၊ ခရီးသည် တစ်ယောက်မှာ သယ်လာတဲ့ လျို့ဝှက်စာ တွေကို ဖျောက်ချင်လို့ ဖျက်ချတာ စတဲ့ ထင်ကြေးတွေ ထွက်ပေါ် လာခဲ့ပါတယ်။ နောက်နှစ်ပေါင်း ၅၀အထိ ရှာမတွေ့ ခဲ့ကြဘဲ ၁၉၉၈မှ အာဂျင်တီးနား တောင်တက် သမား ၂ယောက်က Mount Tupungato မှာအင်ဂျင် အပျက်အစီး တွေနဲ့ အ၀တ်စတွေ ရှာဖွေ တွေ့ရှိခဲ့ပြီး လူအလောင်း တွေပါ တူးဖော် တွေ့ရှိခဲ့ ရပါတယ်။ "STENDEC" ရဲ့အဓိပ္ပါယ် ကတော့ ခုထိ ပဟေဋ္ဌိ ဖြစ်နေဆဲပါ။

၆။ Bermuda Triangle မှာပျောက်ဆုံး ခဲ့တဲ့ Star Tiger
British South American Airways ရဲ့ Star Tiger လေယာဉ်က ၁၉၄၈၊ ဇန်န၀ါရီလမှာ Santa Maria ကနေ Bermuda ကိုပျံသန်းရင်း ထပ်မံ ပျောက်ဆုံး ခဲ့ရပါတယ်။ လေယာဉ် ပေါ်မှာ ခရီးသည် ၂၅ဦး ပါဝင်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်က Air Marshal သူရဲကောင်း Sir Arthur Con ingham လည်းအပါအ၀င်ပါ။ လေထန် နေပြီး ရာသီဥတု ဆိုးတာကြောင့် Lancastrian plane နောက်ကနေ ခပ်နိမ့်နိမ့်ပဲ ပျံသန်း လိုက်ခဲ့ပါ တယ်။ ဒါပေမယ့် ရှေ့က လေယာဉ်က ချောချောမွေ့မွေ့ ရောက်သွားခဲ့ပြီး Star Tiger ကတော့ ပျောက်ချင်းမလှ ပျောက်သွား ခဲ့ရပါတယ်။ ဖြစ် နိုင်ချေက လေထန် နေတာကြောင့် ပင်လယ်ထဲ ထိုးကျခဲ့ တာလို့ ဆိုပါတယ်။

၅။ Flight 191
Flight 191 ကတော့ အမေရိကန် လေယာဉ် သမိုင်းတလျောက်မှာ လူအသေအပျောက် အများဆုံး ဖြစ်ရပ်ဆိုး တစ်ခုပါ။ ၁၉၇၉ခုနှစ် မေလ ၂၅ရက်မှာ ချီကာဂိုက O'Hare International Airport ကနေ ထွက်ခွာပြီး မိနစ်ပိုင်းမှာပဲ ပျက်ကျခဲ့ပြီး ခရီးသည်ပေါင်း ၂၅၈ယောက်နဲ့ လေယာဉ် အမှုထမ်း ၁၃ယောက် အပြင် မြေပြင်မှာ ရှိနေတဲ့ လူ၂ယောက်၊ စုစုပေါင်း ၂၇၃ဦး သေဆုံး ခဲ့ပါတယ်။ လေယာဉ် စပျံတက်ဖို့ အရှိန်ယူ နေစဉ်မှာပဲ လေယာဉ်ရဲ့ အင်ဂျင် နံပတ်၁ pylon မှာမီးခိုး ထွက်နေတာကို တွေ့ရှိခဲ့ ပါတယ်။ အင်ဂျင်မှာ ပြဿနာ ရှိတာကို တွေ့ရှိပြီး နောက်မှာ Flight 191 ကိုလေဆိပ်ကို ပြန်လာဖို့ အကြောင်းကြား ခဲ့ပေမယ့် ဘာတုန့်ပြန်မှုမှ မလာတော့ ပါဘူး။ ပုံမှန်အားဖြင့် လေယာဉ်ရဲ့ အင်ဂျင် တစ်လုံးက အလုပ်မလုပ် တော့တဲ့ အခါ ကျန်တဲ့ ၂လုံးနဲ့ ထိန်းသွားလို့ ရပေမယ့် DC-10 လေယာဉ် အမျိုးအစားက separate mechanism မဟုတ်ဘဲ system ထဲက hydraulic pressure မှာပဲ မှီခိုပြီး အလုပ်လုပ် တာကြောင့် ပျက်ကျ ခဲ့ရပါတယ်။ maintenance ပိုင်းမှာ လစ်ဟာချက် တွေရှိတာကြောင့် ပျက်ကျ ခဲ့ရတာလို့ စစ်ဆေး တွေ့ရှိခဲ့ အပြီးမှာ အမေရိကန် အစိုးရက American Airlines ကိုဒေါ်လာ ငါးသိန်း ဒဏ်ရိုက်ခဲ့ ပါတယ်။ နောက်ထပ် 191 ဖြစ်ရပ် ဆိုးတွေ၊ ၁၉၆၇မှာ X-15 Flight 191 ပျက်ကျခဲ့မှုနဲ့ ၂၀၁၂မှာ JetBlue Airways flight 191 ရဲ့လေယာဉ်မှုး ရုတ်တရက် နှလုံး ထဖောက် ခဲ့တာကြောင့် ခရီးသည် တွေက လေယာဉ်ကို မောင်းပြီး ဆင်းသက် ခဲ့ရ တာတွေကြောင့် 191 ကိုလူတွေက အယူသီးပြီး မစီးရဲ ကြတာ တွေကြောင့် 191 flight တချို့ကို နားခဲ့ရ ပါတယ်။

၎။ Star Ariel လျို့ဝှက်စွာ ပျောက်ဆုံးမှု
British South American Airways ရဲ့နောက်ထပ် လေယာဉ် တစ်စီး Star Ariel က၁၉၄၉ခုနှစ်မှာ Bermuda ကနေ Jamaica ကိုအသွားမှာ ပျောက်ဆုံးသွား ခဲ့ပါတယ်။ Star Tiger လိုပါပဲ။ ရာသီဥတုက ကောင်းမွန် နေပေမယ့် communication problems တချို့ ရှိခဲ့ပြီး ခရီးသည် အယောက် ၂၀နဲ့အတူ ပျောက်ချင်းမလှ ပျောက်သွား ခဲ့ပါတယ်။

၃။ flight 571 အဖြစ်ဆိုး
ခရီးသည်ပေါင်း ၄၅ယောက် တင်ဆောင် ထားတဲ့ Uruguayan Air Force လေယာဉ်က ဆိုးရွားတဲ့ ရာသီဥတုကြောင့် Andes တောင်တန်းမှာ ပျက်ကျ ခဲ့ပါတယ်။ အဲ့အထဲမှာ Montevideo က Rugby အသင်းလည်း ပါဝင်ပါတယ်။ လေယာဉ် ပျက်ကျကျချင်း ၁၂ယောက် သေဆုံးခဲ့ပြီး ၆ယောက် ကတော့ နောက်ရက် တွေမှာ သေဆုံးခဲ့ ပါတယ်။ ကျန်တဲ့ ၁၆ယောက် ကတော့ လေယာဉ် အပျက်အစီးမှာ မှီခိုနေ ခဲ့ရပြီး သေ ဆုံးသွားတဲ့ သူတွေရဲ့ အလောင်း တွေကို စားသောက် နေထိုင် ခဲ့ရပါတယ်။ သူတို့ကို လေယာဉ် ပျက်ကျပြီး ၇၂ရက် ကြာပြီးတဲ့ အထိ ရှာမတွေ့ ခဲ့ကြဘဲ အဲ့ထဲက လူ၂ယောက်က တောင်တန်း တွေကို ဖြတ်ကျော်ပြီး အကူအညီ ရှာဖွေ ခဲ့ပါတယ်။ လူတစ်ယောက်နဲ့ တွေ့ပြီး အာဏာပိုင် တွေကို အကူအညီ တောင်းပြီး ကယ်ဆယ်ခံ ခဲ့ရပါတယ်။ သူတို့ အကြောင်းကို Alive (1993) ရုပ်ရှင်မှာ ကြည့်ရှု နိုင်ပါတယ်။

၂။ EgyptAir flight 990
၁၉၉၉ခုနှစ် အောက်တိုဘာလ ၃၁ရက်နေ့မှာ EgyptAir flight 990 လေယာဉ်က New York မြို့ JFK လေဆိပ် ကနေ Cairo ကိုအသွား အတ္တလန္တိတ် သမုဒ္ဓရာမှာ ပျက်ကျ ခဲ့ပြီး လူပေါင်း ၂၁၇ယောက် သေဆုံး ခဲ့ပါတယ်။ ဒီခရီးစဉ်ရဲ့ လက်ထောက် လေယာဉ်မှုး Gamil el-Batouty ကိုလိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနဲ့ EgyptAir ကအကြီးပိုင်း အရာရှိ တစ်ယောက်ဖြစ်တဲ့ Hatem Rushdy ကစွပ်စွဲ ထားခဲ့ပြီး သူကိုယ်တိုင် လည်း ဒီလေကြောင်းနဲ့ လိုက်လာ ခဲ့ပါတယ်။ Hatem Rushdy က Gamil el-Batouty ကိုဒီခရီးစဉ်က မင်းအတွက် နောက်ဆုံး ခရီးပဲ လို့ ဆိုခဲ့ပြီး Gamil el-Batouty ကမင်းအတွက်လည်း နောက်ဆုံး ခရီးပဲလို့ ပြန်တုန့်ပြန် ခဲ့ပါတယ်။ နောက်တော့ လေယာဉ်မှုးက သန့်စင်ခန်းကို ခဏ အသွားမှာ Gamil el-Batouty ရဲ့ "I rely on God" လို့ရေရွတ်သံကို အသံသွင်းစက် ကတဆင့် ကြားခဲ့ ပါတယ်။ အဲ့အချိန်မှာ သူက လေ ယာဉ်ကို autopilot ပြောင်းပြီး လေယာဉ်က အောက်ဆိုက် ဆင်းနေပါပြီ။ ကတ်ပတိန်က အမြန် ပြန်သွားပြီး လေယာဉ်ကို ပြန်ထောင် မတ်ဖို့ ဆွဲတင် ခဲ့ပေမယ့် အချိန်မမှီ တော့ပါဘူး။

၁။ Air France flight 447
၂၀၀၉ခုနှစ်မှာ Air France ရဲ့ Airbus A330 လေယာဉ်က Rio ကနေ Paris ကိုအသွား၊ ခရီးသည် ၂၈၈ယောက်ကို သယ်ဆောင် လာပြီး အတ္တလန္တိတ် သမုဒ္ဓရာမှာ ပျက်ကျ ခဲ့ပြီး လူအားလုံး သေဆုံး ခဲ့ပါတယ်။ ဘာကြောင့် ပျက်ကျခဲ့ သလဲ ဆိုတာကို ၃နှစ်ကြာ စုံစမ်းစစ်ဆေး ခဲ့ရပြီး လေယာဉ် ပေါ်က black box ကိုရှာတာတင် အချိန် ၂နှစ် ပေးခဲ့ရ ပါတယ်။ စုံစမ်း စစ်ဆေးသူ တွေက ယာဉ်ပေါ်က pitot tube လို့ခေါ်တဲ့ speed sensor ကပျက်သွား တာကြောင့်လို့ ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။ လေယာဉ်က မုန်တိုင်းထန် နေတဲ့ အချိန်မှာ ပျံသန်း နေခဲ့ရပြီး pitot tube ကရေခဲနှင်း တွေနဲ့ တစ်ပြီး အလုပ် မလုပ်တော့ တာကြောင့် auto-pilot နဲ့မောင်းလို့ မရဘဲ လေယာဉ်မှုး တွေ ကိုယ်တိုင် ထိန်းချုပ် မောင်းနှင် ခဲ့ရပါတယ်။ ဒါပေမယ့် pitot tube လိုအဓိက ကျတဲ့ စက်ပစ္စည်း တစ်ခု အလုပ်မလုပ် တော့တာဟာ အခြေအနေကို ထိန်းချုပ်ရ ခက်ခဲ သွားစေခဲ့ပြီး ပြဿနာရဲ့ အတိမ်အနက်ကို ခန့်မှန်းရ ခက်ခဲသွား စေခဲ့ပါတယ်။ လေယာဉ်မှုး တွေက ယာဉ်ကို ရေနဲ့ စထိတော့မှ ရေထဲ ပျက်ကျပြီ ဆို တာကို သိခဲ့ကြပြီး အကူအညီ တောင်းတာမျိုး distress signal တွေတောင် မလုပ်ခဲ့ ရပါဘူး။ ပျက်ကျပြီး ပင်လယ်ထဲမှာ အလောင်း ၅၀ကို ရှာ ဖွေတွေ့ရှိခဲ့ပြီး ၂၀၁၁ မေမှာ black box နဲ့အတူ အလောင်း ၁၀၄လောင်းကို ထပ်မံ တွေ့ရှိခဲ့ပြီး ၇၄လောင်း ကတော့ ပျောက်ဆုံး နေဆဲပါ။

Ref: Myanmar Youth Club Media
K.K(ကနောင်)
www.kanaung.net
၁၀။ Amelia Earhart
အမေရိကန် စွန့်ဦး လေယာဉ်မှုး Amelia Earhart ကအတ္တလန္တိတ် သမုဒ္ဓရာကို တစ်ဦးတည်း ဖြတ်ကျော်ခဲတဲ့ ပထမဆုံး အမျိုးသမီး အဖြစ် ကျော်ကြားပြီး ပစိဖိတ် သမုဒ္ဓရာ အလယ်ပိုင်းက Howland ကျွန်းနားမှာ ပျောက်ဆုံး သွားခဲ့ပါတယ်။ ၁၉၃၇ ဇူလိုင်လ ၂ရက်နေ့မှာ သူမနဲ့ သူ မရဲ့ လမ်းပြ Fred Noonan တို့က ကမ္ဘာကို တစ်ပတ်ပတ်မယ့် ခရီးစဉ် စတင်ပြီး ၂၉ရက် အကြာမှာ ပျောက်ဆုံး သွားခဲ့တာပါ။ တစ်ချို့တွေက သူမကို သမ္မတ Franklin D Roosevelt ရဲ့စပိုင် တစ်ယောက် ဖြစ်တာကြောင့် ဂျပန်တွေက ဖမ်းဆီး သွားတာလို့ ကောလဟာလ တွေထွက်ခဲ့ ပါတယ်။ တချို့ကတော့ သူမက ကျွန်းပေါ်မှာ လေယာဉ် ပျက်ကျပြီး သေဆုံး သွားတယ်လို့ ဆိုပါတယ်။ နောက်၂နှစ် အကြာမှာ သူမကို သေဆုံး သွားပြီလို့ သတ်မှတ် ခဲ့ပါတယ်။

တရုတ် CITIC ကုမ္ပဏီနှင့် အစိုးရ ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်းများ ပြည်သူအား တင်ပြရန် NDF ပါတီ တောင်းဆို

တရုတ်ပြည်သူ့ သမ္မတနိုင်ငံပိုင် CITIC ကုမ္ပဏီ လုပ်ငန်းစုများနှင့် အစိုးရ ပူးပေါင်း ဆောင်ရွက်မည့် စီမံကိန်း များကို ပြည်သူလူထုအား ပွင့်လင်း မြင်သာစွာ တင်ပြရန် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက မတ်လ ၁၀ ရက်နေ့တွင် ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

အပြာဗီဒီယိုဇတ်ကားရိုက်ပြီးကျောင်းစရိတ်ရှာဖွေသူ တက္ကသိုလ်ကျောင်းသူတစ်ဦး

ကျောင်းလခအတွက်တက္ကသိုလ်ကျောင်းသူ Knox တစ်ယောက်အပြာဇာတ် လမ်းရိုက်ကူးခဲ့တဲ့သတင်းဟာ Duke တက္ကသိုလ်ထဲမှာ တောမီးပမာပျံ့ နှံ့ နေတဲ့ သတင်းတစ်ပုဒ်ပါ။

လွှတ်တော်နှစ်ရပ် သဘောထားကွဲသည့် ဥပဒေကြမ်းနှစ်ခု ပြည်ထောင်စု လွှတ်တော်တွင် ဆုံးဖြတ်မည်

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောထား ကွဲလွဲနေသည့် စာချွန်တော် အမိန့်လျှောက် ထားမှုဆိုင်ရာ ဥပဒေကြမ်းနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းတို့ကို အတည်ပြု ပြဋ္ဌာန်းနိုင်ရန် အတွက် ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ် ရယူသွားမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ငွေကြေးခဝါချမှု ဥပဒေတွင် ပြစ်ဒဏ်အချို့ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ သဘောထား မှတ်ချက်ပို့

အစိုးရက အရေးတကြီး အတည်ပြုပေးရန် လွှတ်တော်သို့ တောင်းဆို ထားသော ငွေကြေးခဝါချမှု တိုက် ဖျက်ရေး ဥပဒေကြမ်းတွင် ပါရှိသော ပြစ်ဒဏ်အချို့ ပြင်ဆင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သဘော ထား မှတ်ချက်ဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့ထားကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင်များက ပြောကြားသည်။ 

ရွှေဖီလက်ဖက် စိုက်ပျိုးရာသီအတွင်း တိုက်ပွဲများ လျှော့ချမည်ဟု TNLA ထုတ်ပြန်

လက်ဖက်လုပ်ငန်းကို အဓိက အသက်မွေးဝမ်းကျောင်း လုပ်ငန်းအဖြစ် လုပ်ကိုင်နေသော ပလောင်တိုင်းရင်း သား များ၏ ရွှေဖီလက်ဖက် ရာသီအတွင်း အစိုးရနှင့် နှစ်ဖက်ထိတွေ့မှု တိုက်ပွဲများကို လျှော့ချသွားမည် ဖြစ်ကြောင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA က မတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် ပျောက်ဆုံးခဲ့သော်လည်း ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်များ ပုံမှန်အတိုင်း သွားလာ

Photo: မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် ပျောက်ဆုံးခဲ့သော်လည်း ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်များ ပုံမှန်အတိုင်း သွားလာ
Tuesday, March 11, 2014

မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး မတ်လ ၈ ရက်နေ့က ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သော်လည်း မြန်မာနှင့် မလေးရှားသွား လေယာဉ်စီး ခရီးသည်များ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း Malaysia Airlines မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“လေယာဉ် ပျောက်ဆုံးမှု ဖြစ်ခဲ့ပေမယ့်လည်း မလေး သွားနေကြတာတော့ ပုံမှန်ပါပဲ” ဟု ၎င်းကဆိုသည်။

ကွာလာလမ်ပူ- ရန်ကုန် ခရီးစဉ်ကို Malaysia Airlines သည် ကွာလာလမ်ပူမှ နံနက် ၁၀ နာရီ ၅ မိနစ်တွင် ထွက်ခွာ၍ ရန်ကုန်ကို ၁၁ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ် ရောက်ရှိကြောင်း၊ ကွာလာလမ်ပူမှ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ထွက်ခွာ၍ ရန်ကုန်ကို ၃ နာရီ တစ်ကြိမ် ရောက်ရှိကြောင်း၊ ယင်းပုံစံဖြင့် ရန်ကုန်နှင့် ကွာလာလမ်ပူ နေ့စဉ် အသွားအပြန် လေးကြိမ် ပြေးဆွဲလျက် ရှိကြောင်း Malaysia Airlines ရန်ကုန် ရုံးထံမှ စုံစမ်း သိရှိရသည်။

အာရှ၏ အကြီးဆုံး လေကြောင်း တစ်ခုဖြစ်ပြီး ကမ္ဘာ့ဒေသပေါင်း ၈၀ သို့ ခရီးသည်ပေါင်း ၃၇,၀၀၀ ခန့်ကို နေ့စဉ် ပို့ဆောင် ပေးနေသော လေကြောင်းလိုင်း တစ်လိုင်း ဖြစ်သည့် မလေးရှားနိုင်ငံ၏ နိုင်ငံပိုင် လေကြောင်းလိုင်းမှ ဘိုးရင်း ၇၇၇ လေယာဉ်သည် မတ်လ ၈ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ပျံသန်းစဉ် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းသို့ အရောက် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံး သွားခဲ့သည်။

အဆိုပါ လေယာဉ် ပျောက်ဆုံးရာတွင် ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦး စုစုပေါင်း ၂၃၉ ဦး ပါဝင်ပြီး ယင်းပျောက်ဆုံးမှုကို အကြမ်းဖက်မှု ဟုတ် မဟုတ် မလေးရှား အာဏာပိုင်များက စုံစမ်းလျက်ရှိသည်။

The Voice Weekly
မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး မတ်လ ၈ ရက်နေ့က ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သော်လည်း မြန်မာနှင့် မလေးရှားသွား လေယာဉ်စီး ခရီးသည်များ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း Malaysia Airlines မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယူကရိန်းစစ်စခန်းတွေ ရုရှားဆက်လက်သိမ်းပိုက်

Photo: ယူကရိန်းစစ်စခန်းတွေ ရုရှားဆက်လက်သိမ်းပိုက်
Tuesday, March 11, 2014

ရုရှားနိုင်ငံကိုလိုလားတဲ့ တပ်ဖွဲ့တွေက ခရိုင်းမီးယားမှာရှိတဲ့ ယူကရိန်းစစ်စခန်းတွေကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် ယူကရိန်းနိုင်ငံက လက်ယာအစွန်းရောက် တက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်ကိုလိုလားနေတဲ့ ယူကရိန်းအစိုးရတို့ဟာ နိုင်ငံအရှေ့ပိုင်း ခရိုင်းမီးယားဒေသရဲ့ အခြေအနေတွေ ဖရိုဖရဲဖြစ်အောင် ဖန်တီးနေတယ်လို့ ရုရှားက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ရုရှားလိုလားတဲ့တပ်ဖွဲ့တွေ သိမ်းပိုက်ထားထားတဲ့ ခရိုင်မီးယားကျွန်းဆွယ်မှာရှိတဲ့ လူအများစုဟာ ရုရှားဘာသာစကားကို ပြောဆိုကြပါတယ်။

လက်ယာအုပ်စုလို့ဆိုတဲ့ ယူကရိန်းနိုင်ငံက လက်ယာအစွန်းရောက် တက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ အကြမ်းဖက်မှုတွေကို မျက်ကွယ်ပြုထားကြတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ စွပ်စွဲပြောဆိုထားပါတယ်။

ယူနီဖောင်းဝတ်ဆင်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ ခရိုင်းမီးယားရေတပ်အခြေစိုက်စခန်းနဲ့ စစ်ဆေးရုံတစ်ရုံကို ဝိုင်းဝန်းထားပြီး သိမ်းပိုက်လိုက်ကြတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပြီးတဲ့နောက် အခုလိုရုရှားဘက်က ကြေညာချက် ထွက်ပေါ်လာတာပါ။

ခရိုင်းမီးယားရေတပ် အခြေစိုက်စခန်းရှိရာအရပ်က ဒေသခံတွေကို သတင်းထောက်တွေက မေးမြန်းတာကို ရဲက ဝင်ရောက်ဟန့်တားခဲ့ပြီး သတင်းထောက်ရဲ့မှတ်စုစာအုပ်ကို သိမ်းဆည်းမယ်ဆိုပြီးတော့ ခြိမ်းခြောက်ခဲ့တဲ့အကြောင်း နယူးယောက်တိုင်းမ်သတင်းစာမှာ ဖော်ပြထားပါတယ်။

ယူကရိန်းနိုင်ငံ ယာယီဝန်ကြီးချုပ် အာဆင်ညီ ယတ်ဆန်ယွတ် (Arseniy Yatsenyuk)  ဟာ ဗုဒဟူးနေ့မှာ ဝါရှင်တန်ဒီစီ မြို့တော်ကို လာရောက်ပြီး အမေရိကန်သမ္မတ ဘာရက် အိုဘားမားနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။

ယူကရိန်းနိုင်ငံဝန်ကြီးချုပ်ရဲ့ အလည်အပတ်ခရီးစဉ်ဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်း ပြည်သူလူထုကို ထောက်ခံကြောင်း ပြသလိုက်တာဖြစ်သလို တွေ့ဆုံဆွေးနွေးရာမှာ စီးပွားရေးအရ ကူညီမှုတွေပေးဖို့နဲ့ လာမယ့်မေလမှာ ကျင်းပမယ့် ယူကရိန်းနိုင်ငံရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်ရာမှာ ကူညီဖို့ကိစ္စတွေပါဝင်တယ်လို့ အိမ်ဖြူတော်က တနင်္လာနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ရုရှားလိုလားတဲ့ ယူကရိန်းနိုင်ငံပိုင်၊ ခရိုင်းမီးယားဒေသတွင်းက ယူကရိန်းစစ်အခြေစိုက်စခန်းတွေကို ဆက်လက်သိမ်းပိုက်နေတယ်လို့ ယူဆရတဲ့ ရုရှားတပ်။
ရုရှားလိုလားတဲ့ ယူကရိန်းနိုင်ငံပိုင်၊ ခရိုင်းမီးယားဒေသတွင်းက ယူကရိန်းစစ်အခြေစိုက်စခန်းတွေကို ဆက်လက်သိမ်းပိုက်နေ တယ်လို့ ယူဆရတဲ့ ရုရှားတပ်။

ရုရှားနိုင်ငံကိုလိုလားတဲ့ တပ်ဖွဲ့တွေက ခရိုင်းမီးယားမှာရှိတဲ့ ယူကရိန်းစစ်စခန်းတွေကို သိမ်းပိုက်လိုက်ပြီး တဲ့နောက် ယူကရိန်းနိုင်ငံက လက်ယာအစွန်းရောက် တက်ကြွလှုပ်ရှားသူတွေနဲ့ အနောက်ကိုလိုလားနေတဲ့ ယူကရိန်းအစိုးရတို့ဟာ နိုင်ငံအရှေ့ပိုင်း ခရိုင်းမီးယားဒေသရဲ့ အခြေအနေတွေ ဖရိုဖရဲဖြစ်အောင် ဖန်တီးနေ တယ်လို့ ရုရှားက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် တဦးတည်းပြိုင် တဦးတည်း အရွေးခံရ

Photo: မြောက်ကိုရီးယား ခေါင်းဆောင် တဦးတည်းပြိုင် တဦးတည်း အရွေးခံရ
Tuesday, March 11, 2014

မြောက်ကိုရီးယားနိုင်ငံမှာ အဆင့်အမြင့်ဆုံးဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ဦးစီးပြည်သူ့လွှတ်တော်ရွေးကောက်ပွဲမှာ နိုင်ငံ့ခေါင်းဆောင် Kim Jong Un ကို သူ့မဲဆန္ဒနယ်က မဲထည့်ဝင်သူအားလုံးက သူ့ကိုထောက်ခံမဲပေးပြီး ရွေးချယ်လိုက်ပါတယ်။

မဲဆန္ဒနယ် ၆၈၇ နယ်မှာ တနယ်ကို ဝင်ရောက်ယှဉ်ပြိုင်သူ တဦးစီပဲရှိတာကြောင့် ရုပ်ပြသက်သက်ဖြစ်တဲ့ ဦးစီးပြည်သူ့လွှတ်တော်ရဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေအနေနဲ့ ဘယ်သူ့ကိုမဲပေးမလဲဆိုတာ ရွေးချယ်ခွင့်မရှိပါဘူး။

ဒီရွေးကောက်ပွဲကတော့ ၅ နှစ်အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပတာဖြစ်ပြီး Kim Jong Un ရဲ့အုပ်ချုပ်မှုအောက်မှာ ပထမဦးဆုံးလည်း ဖြစ်ပါတယ်။ အခုလို ရွေးကောက်ပွဲမှာ အနိုင်ရတာကြောင့် သူ့ရဲ့နာမည်နောက်က ဘွဲ့ထူးဂုဏ်ထူးရှည်ကြီးနောက်မှာ နောက်ထပ်ဂုဏ်ပုဒ်တခု တိုးသွားခဲ့ပြီ ဖြစ်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာဆိုရင် ဦးစီးပြည်သူ့လွှတ်တော်က အာဏာအကြီးဆုံးဖြစ်ပေမယ့် တကယ့် လက်တွေ့မှာတော့ သူ့မှာ နိုင်ငံရေးလုပ်ပိုင်ခွင့် မရှိသလောက်ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong ရွေးကောက်ပွဲအတွက် the Kim Il Sung တက္ကသိုလ်ကို ရောက်ရှိစဉ်။ (မတ် ၉၊ ၂၀၁၄)
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong ရွေးကောက်ပွဲအတွက် the Kim Il Sung တက္ကသိုလ်ကို ရောက်ရှိစဉ်။ (မတ် ၉၊ ၂၀၁၄)

မြောက်ကိုရီးယားနိုင်ငံမှာ အဆင့်အမြင့်ဆုံးဥပဒေပြုအဖွဲ့အစည်းဖြစ်တဲ့ ဦးစီးပြည်သူ့လွှတ်တော်ရွေးကောက် ပွဲမှာ နိုင်ငံ့ခေါင်းဆောင် Kim Jong Un ကို သူ့မဲဆန္ဒနယ်က မဲထည့်ဝင်သူအားလုံးက သူ့ကိုထောက်ခံ မဲပေးပြီး ရွေးချယ်လိုက်ပါတယ်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ Crimea ပြင်ဆင်

Photo: ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ Crimea ပြင်ဆင်
Tuesday, March 11, 2014

ယူကရိန်းနိုင်ငံ Crimea ဒေသ အာဏာပိုင်တွေက ရုရှားနဲ့ပူးပေါင်းဖို့ ရှေ့တိုးလုပ်ဆောင်နေတဲ့အချိန်မှာပဲ Crimea ဒေသကို ရုရှားတပ်ဖွဲ့တွေကို ပိုမို တင်းကြပ် ချုပ်ကိုင်လာနေပြီ ဖြစ်ပါတယ်။

ရုရှားနိုင်ငံနဲ့ ပေါင်းစည်းရေး လူထုဆန္ဒခံယူပွဲကို စီစဉ်ထားတဲ့အတိုင်း လာမယ့် တနင်္ဂနွေနေ့မှာ ပြုလုပ်သွားမယ်လို့ Crimea ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ Myhkailo Malyshev က တနင်္လာနေ့မှာ ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေက Crimea ဒေသအနောက်ပိုင်း နယ်စပ်စခန်းကို သိမ်းပိုက်လိုက်တဲ့အတွက် အထဲမှာ လူ ၃၀ လောက် ပိတ်မိနေတယ်လို့ ဆိုပါတယ်။ အခုချိန်မှာ ရုရှားတပ်ဖွဲ့တွေက Crimea  ဒေသအတွင်းမှာရှိတဲ့ နယ်ခြားစောင့်စခန်း ၁၁ ခုကို သိမ်းပိုက်ထားပြီးဖြစ်တယ်လို့ ယူကရိန်းစစ်တပ် ပြောခွင့်ရက ဆိုပါတယ်။

ပြိုင်ဘက်အုပ်စုတွေ Crimea ဒေသအတွင်းမှာရော ယူကရိန်းနိုင်ငံအတွင်းက တခြား ဒေသတွေမှာပါ ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့သလို Sevastopol မှာလည်း ရုရှားလိုလားတဲ့အုပ်စုတွေက ယူကရိန်းလူမျိုးတွေကို တိုက်ခိုက်ခဲ့တဲ့အတွက် ထိခိုက် ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

ယူကရိန်းနိုင်ငံပိုင်နက် တစ်စင်တီမီတာမှ ရုရှားထဲကို အပါခံမှာမဟုတ်ဘူးလို့ ယူကရိန်းလူမျိုး မျိုးချစ် ကဗျာဆရာကြီး Taras Shevchenko ရဲ့ အနှစ် ၂၀၀ မွေးနေ့ပွဲကျင်းပချိန် ၀န်ကြီးချုပ် Arseniy Yatsenyuk က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ရုရှားလိုလားသူ ခရိုင်းမီးယားဝန်ကြီးချုပ် Sergei Askyonov (လယ်)
ရုရှားလိုလားသူ ခရိုင်းမီးယားဝန်ကြီးချုပ် Sergei Askyonov (လယ်) 

ယူကရိန်းနိုင်ငံ Crimea ဒေသ အာဏာပိုင်တွေက ရုရှားနဲ့ပူးပေါင်းဖို့ ရှေ့တိုးလုပ်ဆောင်နေတဲ့အချိန်မှာပဲ Crimea ဒေသကို ရုရှားတပ်ဖွဲ့တွေကို ပိုမို တင်းကြပ် ချုပ်ကိုင်လာနေပြီ ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ ကွန်မြူနစ် သူပုန်တွေ တိုက်ခိုက်

Photo: ဖိလစ်ပိုင်မှာ ကွန်မြူနစ် သူပုန်တွေ တိုက်ခိုက်
Tuesday, March 11, 2014

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ကွန်မြူနစ် သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲနဲ့ စစ်တပ်က လုံခြုံရေး တပ်ဖွဲ့ဝင် ၉ ဦး ထက်မနည်း သေဆုံးသွားပါတယ်။

မင်ဒါနို ကျွန်းပေါ်က ရဲစခန်းကို New People Army လို့ခေါ်တဲ့ အဖွဲ့က သူပုန်တွေ ဒါဇင်နဲ့ချီပြီး ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ ပြန်အဆုတ်မှာ နောက်က လိုက်တဲ့ စစ်တပ်က စစ်သားတချို့ဟာ လမ်းနံဘေးမှာ ထောင်ထားရစ်ခဲ့တဲ့ မိုင်းဗုံးကွဲမှုကြောင့် သေဆုံးခဲ့ရပါတယ်။

ဒီ New People Army ဟာ ၁၉၆၀ ပြည့်နှစ်ကျော် နှစ်တွေကတည်းက ဖိလစ်ပိုင် အစိုးရကို တိုက်ခိုက်နေခဲ့တာ ဖြစ်ပါတယ်။

အစိုးရနဲ့ သူပုန်အကြား ငြိမ်းချမ်းရေး စကားပွဲဟာ မနှစ်တုန်းက မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

ကွန်မြူနစ် သူပုန် New People Army အဖွဲ့ဝင်အချို့
ကွန်မြူနစ် သူပုန် New People Army အဖွဲ့ဝင်အချို့
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ကွန်မြူနစ် သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲနဲ့ စစ်တပ်က လုံခြုံရေး တပ်ဖွဲ့ဝင် ၉ ဦး ထက်မနည်း သေဆုံးသွားပါတယ်။

ဗီယက်နမ်ကမ်းလွန်ပိုင်း လောင်စာဆီကွက် ပျောက်ဆုံးလေယာဉ်နဲ့ မပတ်သက်

Photo: ဗီယက်နမ်ကမ်းလွန်ပိုင်း လောင်စာဆီကွက် ပျောက်ဆုံးလေယာဉ်နဲ့ မပတ်သက်
Tuesday, March 11, 2014

မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ်တစီး ဘာ့ကြောင့်မှန်းမသိ ရုတ်တရက်ကွယ်ပျောက်သွားတဲ့ကိစ္စက ပိုပြီး စဉ်းစားရကြပ်လာပြီး ဗီယက်နမ်ကမ်းရိုးတန်းမှာတွေ့ရတယ်ဆိုတဲ့ ရေပြင်ပေါ်ကလောင်စာဆီတွေက ပျောက်ဆုံးသွားတဲ့လေယာဉ်နဲ့ မသက်ဆိုင်ဘူးလို့ ဒီကိစ္စကို ဖော်ထုတ်စုံစမ်းနေသူတွေက ကောက်ချက်ချလိုက်ပါတယ်။

ထိုင်းပင်လယ်ကွေ့ရေပြင်မှာ တွေ့ရတဲ့ဆီတွေကို ဓာတ်ခွဲခန်းမှာ စမ်းသပ်ကြည့်တော့ ဒီဆီတွေဟာ သင်္ဘောတွေမှာအသုံးပြုတဲ့ လောင်စာဆီမျိုး ဖြစ်တယ်လို့ Kuala Lumpur က အရာရှိတွေကပြောပါတယ်။ လေယာဉ်ဟာ လိုက်ပါသူ ၂၃၉ ဦးနဲ့ ဝေဟင်က ပျောက်သွားခဲ့တာ (၃) ရက်လောက် ရှိလာပေမယ့် ဒီလေယာဉ်ရဲ့ အရိပ်အယောင်တောင် ရှာလို့မတွေ့သေးဘူးလို့ မလေးရှား အရာရှိတွေကပဲ ဆိုပါတယ်။

ဗီယက်နမ်တောင်ပိုင်းရေပြင်မှာ အပျက်အစီးအပိုင်းအစတွေ တွေ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေရှိပေမယ့် ပျောက်သွားတဲ့ Boeing 777 လေယာဉ်က အပိုင်းအစတွေကို ရှာဖွေရေးသမားတွေ မတွေ့ဘူးလို့ ဖော်ထုတ်စုံစမ်းသူတွေက ပြောပါတယ်။ လေယာဉ်အမှတ် MH370 ဟာ မလေးရှား နိုင်ငံ Kuala Lumpur မြို့တော်ကနေ တရုတ်နိုင်ငံ ပီကင်းမြို့တော်ကို ဦးတည်ပျံတက်သွားပြီး တနာရီလောက်အကြာ စနေနေ့မနက်အစောကြီးမှာပဲ ရေဒါကနေ ပျောက်သွားခဲ့တာပါ။

ဒီလေယာဉ်ဘယ်လိုဖြစ်သွားတာလဲဆိုတာ ဖော်ထုတ်နိုင်ဖို့ လုံးဝမနီးစပ်သေးဘူးလို့ အရာရှိတွေကပြောပြီး လေယာဉ် ပြန်ပေးဆွဲတာရော လေထဲမှာ ဆိုးရွားတဲ့ထိခိုက်မှုဖြစ်သွားတာရော တခုမှမဟုတ်ပါဘူးလို့လည်း မငြင်းသေးပါဘူး။

လေယာဉ်ခရီးသည်တွေထဲမှာ ၃ ပုံ ၂ ပုံက တရုတ်နိုင်ငံသားတွေဖြစ်ပြီး တခြား အာရှနိုင်ငံသားတွေနဲ့ ဥရောပနဲ့ မြောက်အမေရိကားက ခရီးသည်တွေလည်း ပါဝင်ပါတယ်။ နိုင်ငံပေါင်း ၈ နိုင်ငံကလေယာဉ်တွေ၊ သင်္ဘောတွေအများကြီးနဲ့ ကယ်ဆယ်ရှာဖွေရေးတွေ လုပ်ဆောင်နေကြသလို ခိုးရာပါ နိုင်ငံကူးလက်မှတ်တွေနဲ့ လေယာဉ်ပေါ်လိုက်ပါသွားတဲ့ ခရီးသည် ၂ ဦးနဲ့ပတ်သက်ပြီးလည်း စုံစမ်းနေပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

ကယ်ဆယ်ရေးအရာရှိတွေနဲ့ သတင်းထောက်တွေ ဗီယက်နပ်လေတပ်က ရှာဖွေရေးယာဉ်ရှေ့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ လိုက်ပါဖို့ စုစည်းနေစဉ်
ကယ်ဆယ်ရေးအရာရှိတွေနဲ့ သတင်းထောက်တွေ ဗီယက်နပ်လေတပ်က ရှာဖွေရေးယာဉ်ရှေ့မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ လိုက်ပါဖို့ စုစည်းနေစဉ်

မလေးရှားလေကြောင်းပိုင် ခရီးသည်တင်လေယာဉ်တစီး ဘာ့ကြောင့်မှန်းမသိ ရုတ်တရက်ကွယ်ပျောက် သွားတဲ့ ကိစ္စက ပိုပြီး စဉ်းစားရကြပ်လာပြီး ဗီယက်နမ်ကမ်းရိုးတန်းမှာတွေ့ရတယ်ဆိုတဲ့ ရေပြင်ပေါ် ကလောင် စာ ဆီတွေက ပျောက်ဆုံးသွားတဲ့လေယာဉ်နဲ့ မသက်ဆိုင်ဘူးလို့ ဒီကိစ္စကို ဖော်ထုတ် စုံစမ်းနေ သူတွေက ကောက်ချက်ချလိုက်ပါတယ်။

နွားထိုးကြီးမြို့နယ် NLD ပါတီဝင်များ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

Photo: နွားထိုးကြီးမြို့နယ် NLD ပါတီဝင်များ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
Tuesday, March 11, 2014

လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။

ပြည်ထောင်စု လွှတ်တော်ကို ဒီကနေ့ လာရောက်လေ့လာတဲ့ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်က NLD ပါတီဝင်တွေနဲ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပါတယ်။

"ရွေးကောက်ပွဲက တရားမျှတရမယ်၊ လွတ်လပ်ရမယ်၊ အဲဒီတရားမျှတမှုအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းချင်တာပါ၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မဖြစ်နိုင်ဘူး၊ အဲဒါကြောင့်မို့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲရမယ်၊ အဲဒါကိုလုပ်တဲ့အခါမှာ ကျမတို့အားလုံးဟာ ညီညီညွှတ်ညွှတ်နဲ့ရှိရမယ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြောင်းလဲချင်တဲ့လူရှိတာပေါ့၊ ကိုယ့်ရဲ့ခံယူချက် ကိုယ့်ရဲ့ယုံကြည်ချက်ကို အများပြည်သူနားလည်အောင်လို့ ရှင်းပြရမယ်"

ပြည်သူတွေရဲ့ စားဝတ်နေရေး ခက်ခဲနေချိန်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အရေးမကြီးဘူးလို့ ပြောဆိုနေတာတွေရှိကြောင်း အန်အယ်လ်ဒီ အဖွဲ့ဝင်တွေရဲ့ တင်ပြချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့ စားဝတ်နေရေး ကြပ်တည်းနေတာ မှန်ကန်ကြောင်း အဲဒီအချက်ကို အကြောင်းပြုပြီး ရိုးရိုးသားသား ပြောဆိုကြသူတွေရှိသလို ဖွဲ့စည်းပုံကို မပြင်ဆင်လိုတဲ့သူတွေကလည်း ပြောဆိုတာတွေရှိနိုင်ကြောင်း အားလုံးနားလည်အောင် ရှင်းပြရမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

RFA Burmese
လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မှသာ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။

ဗိုက်မကြာခဏအောင့်၍ အဆိပ်သောက်ဟုဆို

သုံးခွမြို့နယ်တွင် ဗိုက်မကြာခဏအောင့်သည်ကိုမခံစားနိုင်သဖြင့် အဆိပ်သောက်ကာ မိမိ ကိုယ်မိမိ သေကြောင်းကြံစည်ခဲ့သည်ဆိုသူကို အရေးယူပေးရန်တိုင်ကြားခဲ့မှု မတ်လ ၆ ရက် နေ့က ဖြစ်ပွားခဲ့သည်။

ဇနီးနှင့်စကားများ၍ ခင်ပွန်းက ဆွဲကြိုးချသေဆုံးဟုဆို

လှည်းကူးမြို့နယ်တွင် ဇနီးဖြစ်သူနှင့် စကားများသည့် ခင်ပွန်းသည် ဆွဲကြိုးချသေဆုံးခဲ့မှု မတ်လ ၉ ရက်နေ့ ကဖြစ်ပွားခဲ့သည်။

ဆေးဖက်ဝင် မရမ်းသီး

Photo: ဆေးဖက်ဝင် မရမ်းသီး
Tuesday, March 11, 2014

မရမ်းသီးသည် သွေးဝမ်း သွားခြင်း၊ ၀မ်းကိုက်ခြင်း၊ သွေးကြောင့် ဖြစ်သော ရောဂါ၊ အဖျား ဟောင်းနှင့် ကိုယ်တွင်းပူ လောင်ခြင်း၊ အသားကြား အရိုးကြား တို့၌ နာကျင် ကိုက်ခဲခြင်းတို့ကို သက်သာ ပျောက်ကင်း စေသည်။

မရမ်းသီးကို သုပ်စားခြင်း၊ ချက်စားခြင်း၊ စသည်ဖြင့် ပြုလုပ် စားသုံးပါက ခံတွင်း ပျက်ခြင်းနှင့် ခံတွင်း အရသာ မပေါ်ခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

ဝမ်းကိုက်ခြင်း၊ မီးယပ်ဝမ် သွားခြင်းများ အတွက် မရမ်းသီး ဆားရည်စိမ် အရည် သောက်ပေးခြင်း၊ ဆားရည်စိမ် မရမ်းသီးကို သုပ်စား ပေးခြင်းဖြင့် ၀မ်းကိုက် ပိုးများကို သေစေ နိုင်သည်။

အသည်း အဆီဖုံးသော ရောဂါများကို ပျောက်ကင်း စေရန်နှင့် အဆီများသော သားငါးများတွင် မရမ်းသီး ထည့်၍ ချက်ပြုတ် ခြင်းဖြင့် ပိုလျှံ နေသော အဆီများကို ချေဖျက် နိုင်သည်။

အထူးသဖြင့် မရမ်းစေ့များကို ၀မ်းပိတ်ဆေး များတွင် အသုံးပြု နိုင်သည်။

မြ၀တီ
မရမ်းသီးသည် သွေးဝမ်းသွားခြင်း၊ ၀မ်းကိုက်ခြင်း၊ သွေးကြောင့် ဖြစ်သော ရောဂါ၊ အဖျား ဟောင်းနှင့် ကိုယ် တွင်းပူ လောင်ခြင်း၊ အသားကြား အရိုးကြားတို့၌ နာကျင်ကိုက်ခဲခြင်းတို့ကို သက်သာ ပျောက်ကင်း စေသည်။

ဘားအံဆွေးနွေးပွဲ ကျင်းပမည့်အချိန် ဧပြီလဆန်းမှသာ သတ်မှတ်မည်

Photo: ဘားအံဆွေးနွေးပွဲ ကျင်းပမည့်အချိန် ဧပြီလဆန်းမှသာ သတ်မှတ်မည်

ရန်ကုန်၊ မတ် ၁၀

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုရန်အတွက် အပြီးသတ် ဆွေးနွေးမည့် ဘားအံငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် အချိန်ကို အစိုးရနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ဧပြီလဆန်းတွင် ထပ်မံ တွေ့ဆုံပြီးမှသာ သတ်မှတ်နိုင်မည် ဖြစ်ကြောင်း တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာတွင် မတ်လ ၁၀ ရက်နေ့က ပြုလုပ်သည့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံ ဆွေးနွေးအပြီး ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“ဧပြီ ပထမပတ်မှာ ဆွေးနွေးပြီးတာနဲ့ ဘားအံကို ဆက်လုပ်သွားမှာပါ” ဟု ၎င်းကဆိုသည်။

ဧပြီလဆန်းတွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်၌ ပါဝင်မည့် အသေးစိတ် အချက်အလက် များကို နှစ်ဖက် ဆွေးနွေးပြီးပါက မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်များနှင့် လွန်စွာ နီးကပ်သွားပြီ ဖြစ်သည့်အတွက် ဘားအံ ဆွေးနွေးပွဲကို သင်္ကြန်ကာလ မတိုင်မီ  ပြုလုပ်ရန် မလွယ်ကူတော့ကြောင်း NCCT ဒုတိယ အဖွဲ့ခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ရှင်းပြသည်။

ဘားအံ ဆွေးနွေးပွဲတွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဒုတိယအကြိမ် စုံညီ တွေ့ဆုံ၍ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ်ကို အပြီးသတ် ညှိနှိုင်းမည် ဖြစ်ကြောင်း၊ ယင်းကြောင့် အစိုးရနှင့် တိုင်းရင်းသား ကိုယ်စားလှယ် ကိုးဦးစီ ပါဝင်သည့် စာချုပ်မူကြမ်း ရေးဆွဲရေး ကော်မတီ တစ်ရပ်ကို ယနေ့ ဖွဲ့စည်းလိုက်ကြောင်း၊ အစိုးရကိုယ်စားပြု အဖွဲ့မှ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်တို့ ဦးဆောင် ပါဝင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီထံမှ သိရသည်။

သို့သော် တပ်မတော် ကိုယ်စားပြု ပါဝင်မည့် အဖွဲ့ဝင် သုံးဦးနှင့် တိုင်းရင်းသားများ ကိုယ်စားပြု အဖွဲ့ဝင် ကိုးဦး၏ အမည်စာရင်းကို လတ်တလော အတည်မပြု နိုင်သေးကြောင်း၊ ဧပြီလဆန်း အမီ အတည်ပြု ပြောကြားမည် ဖြစ်ကြောင်း နှစ်ဖက် ကိုယ်စားလှယ်များက ပြောကြားသည်။

ဘားအံ ဆွေးနွေးပွဲ အကြိုအဖြစ် နှစ်ရက်ကြာ ကျင်းပသော ယခု ဆွေးနွေးပွဲ အပြီးတွင် အခန်း ခုနစ်ခန်းပါ အပစ်ရပ် စာချုပ်ကို ပူးတွဲပြုစုရန်နှင့် ထပ်မံ ပြုလုပ်မည့် ဆွေးနွေးပွဲများတွင် ကျန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုလည်း ဖိတ်ကြားရန် သဘောတူခဲ့သည်။ 
ဘားအံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မူလက ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပ ပြီးစီးသည့် လော်ခီးလာ တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ အပြီး ဆက်တိုက်ပြုလုပ်ရန် စီစဉ်ထားကြောင်း၊ သို့သော်လည်း အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ကြိုတင် ပြင်ဆင်မှုများ ပိုမို သေချာစေရန် အကြိမ်ကြိမ် နောက်ဆုတ်ခဲ့ရကြောင်း အစိုးရနှင့် တိုင်းရင်းသား ခေါင်းဆောင်များက ပြောကြားသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုရန်အတွက် အပြီးသတ် ဆွေးနွေးမည့် ဘားအံငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပမည့် အချိန်ကို အစိုးရနှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ဧပြီလဆန်းတွင် ထပ်မံ တွေ့ဆုံပြီးမှသာ သတ်မှတ်နိုင်မည် ဖြစ်ကြောင်း တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားသည်။

စေတနာ မှန်ကို နား လည်ရင် ၂၀၁၅ ဆိုတာ ဂရုစိုက်စရာ မဟုတ် ဟု ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင် တို့ဆို

Photo: စေတနာမှန်ကို နားလည်ရင် ၂၀၁၅ ဆိုတာ ဂရုစိုက်စရာမဟုတ်
ဟု ပြည်ခိုင်ဖြိုး ထိပ်ပိုင်းခေါင်းဆောင်တို့ဆို
Tuesday, March 11, 2014

ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ၂ဝ၁၅ရွေးကောက် ပွဲတွင် ရှုံးနိမ့်ခဲ့ပါကလည်း ပြည်သူကို ဂရုမစိုက်စရာ အကြောင်းမရှိဟု ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားလိုက်သည်။

မိမိအနေဖြင့်လည်း ရှုံး နိမ့်သွားသည့် မဲဆန္ဒနယ်များ၌လည်း ပြည်သူ့အကျိုးအတွက် လုပ်ဆောင် သင့်သည်များကို ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း မတ် ၆ရက်က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ သတင်းမီဒီယာ များနှင့်တွေဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ရှုံးတဲ့အတွက် ပြည်သူ ကို ဂရုမစိုက်ဘဲမလုပ်တော့ဘူးလား။ နိုင်မှပဲလုပ်မှာလား၊ ကျွန်တော့်အ နေနဲ့ ပြောမယ်ဆိုရင် ရှုံးတဲ့နေရာ လဲ ကျွန်တော်လုပ်မယ်''ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဒုဥက္ကဋ္ဌဦးဌေးဦးကပြောသည်။

၂ဝ၁၂ ကြားဖြတ်ရွေး ကောက်ပွဲတွင်လည်း ¤င်းနေရာ ဖြစ်သော မရမ်းကုန်းမြို့နယ်တွင် ရှုံးနိမ့်သော်လည်း ပြည်သူ့အကျိုးပြု လုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုစဉ်က အချို့မှာ ရှုံးနိမ့်ခဲ့သဖြင့် စိတ်ထိခိုက်ခဲ့ကြသော်လည်း အရေး ကြီးသည်မှာ ပါတီသည် ပြည်သူ့အ တွက်သာဖြစ်သင့်ကြောင်း ¤င်းက ဆက်ပြောသည်။

''ပြည်သူအတွက်အကျိုး ရှိတဲ့လုပ်ငန်းတွေကို ရွေးကောက် ပွဲမှာ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကျွန်တော်တို့လုပ်ရမယ်။ စေတနာ မှန်တယ်ဆိုတာကို ပြည်သူနားလည် လာလို့ရှိရင် ၂ဝ၁၅ဆိုတာ ဂရုစိုက် စရာမလိုဘူး''ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးကပြောသည်။

သို့သော် ရွေးကောက်ပွဲ သည် ယှဉ်ပြိုင်ပွဲတစ်ခုဖြစ်သည့် အတွက် ရွေးကောက်ပွဲနီးလာသော အကြိုကာလတွင် မိမိအားမဲထည့် ရန် လုပ်ဆောင်မည်ဖြစ်သော်လည်း အမြဲတမ်းလုပ်ရမည်မှာ ပြည်သူကို အကျိုးရှိမည့်လုပ်ငန်းများ စဉ်းစား ပြီး လုပ်ရမည်သာဖြစ်ကြောင်းကို လည်း ¤င်းကဆက်ပြောသည်။

အလားတူ မတ် ၆ရက် က ပြည်ထောင်စုလွှတ်တော် နာယက ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌသူရဦးရွှေမန်း နှင့်မီဒီယာများ နေပြည်တော်၌တွေ့ ဆုံစဉ်ကလည်း ယခုကဲ့သို့ပြောကြား ထားသည်။

''ရွေးကောက်ပွဲကျလို့ရှိ ရင် သူတို့ကလဲ အနိုင်လုပ်မှာပဲ။ ကိုယ်တို့ကလဲ အနိုင်လုပ်မှာပဲ။ ဒီ လိုလုပ်တဲ့အခါ တရားမျှတတဲ့ သန့် ရှင်းတဲ့ ပြိုင်ဆိုင်မှု ဒီလိုပဲဖြစ်ရမှာ၊ တရားသဖြင့် ဥပဒေနဲ့အညီဆောင် ရွက်ရမယ်၊ ဒါနိုင်ငံရေးပဲ''ဟု သူရ ဦးရွှေမန်းကပြောသည်။

Flower News Journal
ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ၂ဝ၁၅ရွေးကောက် ပွဲတွင် ရှုံးနိမ့်ခဲ့ပါကလည်း ပြည်သူ ကို ဂရုမစိုက်စရာ အကြောင်းမရှိဟု ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဌေးဦးက ပြောကြားလိုက်သည်။

လွှတ်တော်ကြီးက ဘာကိုကိုယ်စားပြုသလဲ၊ အထူးအခွင့်အရေးရသူများသာ လုပ်ကိုင်နေသည့် စီးကရက်၊ အရက်အပါအ၀င် ကျန်းမာရေးကို ထိခိုက်စေသော ကုန်ပစ္စည်းများအပေါ် အခွန်တိုးကောက်မည့်အဆိုများ လွှတ်တော်၌ ရှုံးနိမ့်

အထူးအခွင့်အရေးရသူများသာ လုပ်ကိုင်ခွင့်ရသည့် စီးကရက်၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား၊ ပေါင်းဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်တို့နှင့် အရက်အမျိုးမျိုး၊ ဘီယာအမျိုးမျိုး၊ ၀ိုင်အမျိုးမျိုးတို့အား အခွန်နှုန်းထားများ ၂၀၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ပေးရန် ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က မတ် ၁၀ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ တင်သွင်းခဲ့သည်။

ထောက်ပံ့ရေး လျှော့ချမှုကြောင့် စစ်ရှောင်ဒုက္ခသည် လေးသိန်းကျော် အခက်ကြုံ

Photo: ထောက်ပံ့ရေး လျှော့ချမှုကြောင့် စစ်ရှောင်ဒုက္ခသည် လေးသိန်းကျော် အခက်ကြုံ

ရန်ကုန်၊ မတ် ၁၀

ငြိမ်းချမ်းရေးလုပ်ငန်း စတင် အကောင်ထည် ဖော်သည့် အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူထားပြီး နိုင်ငံရေး ဆွေးနွေးမှု မပြီးသေးသည့် အချိန်တွင် နိုင်ငံတကာမှ ကူညီပေးသော အဖွဲ့အစည်းများက ဒုက္ခသည် စခန်းများနှင့် I.D.P (နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်သူများ) စခန်းများတွင် နေထိုင်သူ လေးသိန်းကျော်ကို ထောက်ပံ့ မှုများ လျှော့ချမှုကြောင့် အခက်အခဲ ကြုံတွေ့ရလျက် ရှိကြောင်း ဒုက္ခသည် စခန်းများထံမှ စုံစမ်း သိရှိရသည်။

နိုင်ငံတကာမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများသည် ဒုက္ခသည် စခန်းရှိ နေထိုင်သူ များကို ထောက်ပံ့ရာတွင် ယခင်က အိမ်ထောင် တစ်စုလျှင် လူတစ်ဦးကို ဆန် ၁၂ ကီလိုဂရမ်နှင့် ဆားတစ်ရာဂရမ်၊ ကျောင်းသုံးစာအုပ်များ၊ ဆေးဝါးများ ပါဝင်ကာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီး နောက်ပိုင်း ထောက်ပံ့မှုများ ထက်ဝက်ခန့် လျှော့ချလိုက်ကြောင်း ထိုင်းနိုင်ငံနှင့် ကရင်ပြည်နယ် နယ်စပ်ရှိ ဖာပွန်မြို့နယ် အီးတုထ I.D.P စခန်းရှိ ကရင်အမျိုးသမီး အဖွဲ့မှ အတွင်းရေးမှူး နော်ထွေးက ပြောကြားသည်။

ယင်းကဲ့သို့ ထောက်ပံ့မှုများ လျှော့ချလိုက်သည့် အတွက် ဒုက္ခသည် စခန်းများမှ အမျိုးသမီးများမှာ အင်ဖက်ကောက်၍ အိမ်အမိုး ပြုလုပ်ကာ အနီးပတ်ဝန်းကျင်သို့ ရောင်းချခြင်း၊ တစ်ပိုင်တစ်နိုင် ဈေးဆိုင်ဖွင့်ခြင်းတို့ ပြုလုပ်နေရကြောင်း၊ ကလေးများကို ကျောင်းသုံးစာအုပ် ထောက်ပံ့ ပေးနိုင်ရန်၊ စားနပ်ရိက္ခာ ဖူလှုံရန်အတွက် အမျိုးသမီး အားလုံး ကြိုးစားနေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ထောက်ပံ့ရေးများ လျှော့ချရာတွင် ဒုက္ခသည် စခန်းများရှိ မူကြိုကျောင်း ၈၀ ကျော်လည်း ပါဝင်ကာ အမျိုးသမီးများနှင့် ကလေးငယ်များ ပိုပြီး ထိခိုက်၍ စားဝတ်နေရေး အခက်အခဲ ဖြစ်လာသောကြောင့် ကျန်းမာရေး၊ ပညာရေးများ အတွက် လုံလောက်သော ထောက်ပံ့မှုများ ရရှိရန် အခြားသော အဖွဲ့အစည်းများသို့ အကြံပြုချက် တင်ပြထားကြောင်း ကရင်လူငယ် အဖွဲ့အစည်းမှ ဖောခီးလာက ပြောကြားသည်။

“နိုင်ငံတကာက အကူအညီတွေ မရလည်း အမျိုးသမီးတွေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ အတွက် အသက်မွေးဝမ်းကျောင်း ပညာ သင်ထားပေးတာ ရှိတယ်” ဟု ၎င်းကဆိုသည်။ 

၂၀၀၆ ခုနှစ်က တပ်မတော်၏ ထိုးစစ်ဆင်မှု များကြောင့် တောင်ငူမြို့ မုန်းမြို့နယ်မှ ထွက်ပြေးရင်း ဖာပွန် မြို့နယ်ထဲသို့ ရောက်ရှိလာကာ အီးတုထ ဒုက္ခသည် စခန်းတွင် ဒုက္ခသည် အဖြစ် NGO များ၏ ထောက်ပံ့မှုဖြင့် ခိုလှုံနေထိုင်ရကြောင်း၊ အပစ်အခတ် ရပ်စဲရေး သဘောတူညီ ထားသောကြောင့် တညင်းပင်ဧက ၃၀ ကျော် ကျန်ခဲ့သော မုန်းမြို့နယ်သို့ နေထိုင်ရန်အတွက် ပြန်ခဲ့သော်လည်း ယင်းနေရာတွင် စစ်တပ်များ ရှိသေးသောကြောင့် နေထိုင်ခွင့် မရှိ၍ ပြန်လာရကြောင်း ယင်းစခန်းတွင် နေထိုင်သူ ဒေါ်ခင်ရီက ပြောကြားသည်။

“ငြိမ်းချမ်းရေးက မသေချာသေးဘူး။ ထောက်ပံ့မှုတွေက လျှော့ချနေလို့ ကိုယ့်မြို့ ကိုယ့်ရွာပြန်တာ မြန်မာစစ်တပ်တွေ တပ်စွဲထားသေးလို့ နေမရဘူး။ အဲဒါနဲ့ အီးတုတ စခန်းကို ပြန်လာပြီး ခေါက်ဆွဲကြော် ရောင်းနေတယ်” ၎င်းကဆိုသည်။

ဒုက္ခသည်များနှင့် I.D.P (နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်သူများ) နေထိုင်ရာ စခန်းပေါင်း ဆယ့်ငါးခုအနက် ကရင်အမျိုးသားအဖွဲ့ အစည်းအရုံး KNU နယ်မြေတွင် ခုနစ်ခုရှိကာ အဆိုပါ စခန်းများသည် မြန်မာနိုင်ငံ နယ်စပ်နှင့် ထိုင်းနိုင်ငံထဲတွင် တည်ရှိပြီး လူဦးရေ စုစုပေါင်း လေးသိန်းကျော် ရှိကြောင်း ကရင်လူငယ် အဖွဲ့အစည်းမှ ဖောခီးလာက ပြောကြားသည်။
ငြိမ်းချမ်းရေးလုပ်ငန်း စတင် အကောင်ထည် ဖော်သည့် အနေနှင့် တိုင်းရင်းသား လက်နက်ကိုင် များနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူထားပြီး နိုင်ငံရေး ဆွေးနွေးမှု မပြီးသေးသည့် အချိန်တွင် နိုင်ငံတကာမှ ကူညီပေးသော အဖွဲ့အစည်းများက ဒုက္ခသည် စခန်းများနှင့် I.D.P (နိုင်ငံတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်း နေထိုင်သူများ) စခန်းများတွင် နေထိုင်သူ လေးသိန်းကျော်ကို ထောက်ပံ့ မှုများ လျှော့ချမှုကြောင့် အခက်အခဲ ကြုံတွေ့ရလျက် ရှိကြောင်း ဒုက္ခသည် စခန်းများထံမှ စုံစမ်း သိရှိရသည်။

အခွန်တံဆိပ် မပါသည့် ပြည်တွင်းထုတ် အရက်၊ ဘီယာများ သိမ်းဆည်းမည်

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ အရက်ချက် စက်ရုံများကို ယခု သီတင်းပတ် အတွင်း လိုက်လံ စစ်ဆေးမည် ဖြစ်ပြီး အခွန် အမှတ်တံဆိပ်များ မပါရှိပါက ပစ္စည်းများ သိမ်းဆည်းမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ 

ပျောက်ဆုံးနေသော လေယာဉ်ရှာဖွေနေစဉ် အသက်ကယ်လှေ တစ်စင်းဖြစ် ဖွယ်ရှိသည့် သဲလွန်စကို တွေ့ရှိခဲ့သဖြင့် စုံစမ်းနေကြောင်း မလေးရှား ပြောကြား

Photo: ပျောက်ဆုံးနေသော လေယာဉ်ရှာဖွေနေစဉ် အသက်ကယ်လှေတစ်စင်းဖြစ်ဖွယ်ရှိသည့် သဲလွန်စကို တွေ့ရှိခဲ့သဖြင့် စုံစမ်းနေကြောင်း မလေးရှား ပြောကြား

ပျောက်ချင်းမလှ ပျောက်သွားခဲ့သော မလေးရှားလေကြောင်းလိုင်းလေယာဉ်ကို နိုင်ငံတကာက ၀ိုင်းဝန်းရှာဖွေနေစဉ် အသက်ကယ်လှေတစ်စင်း ဖြစ်နိုင်ဖွယ်ရှိသည့် အရာဝတ္ထုတစ်ခုကို တွေ့ရှိခဲ့သဖြင့် စုံစမ်းရန် သင်္ဘောများ စေလွှတ်ထားကြောင်း မလေးရှားက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။
    
လေယာဉ်ပျောက်ဆုံးသွားသည်ဟု ယူဆရသော တောင်တရုတ်ပင်လယ်တွင် မတ် ၈ ရက် နံနက်ပိုင်းက ကနဦးရှာဖွေမှုပြုလုပ်စဉ် ရေမိုင် ၅၀ (၉၂ ကီလိုမီတာ) ၀န်းကျင်ကို ရှာဖွေမှုပြုလုပ်ခဲ့သော်လည်း ရေမိုင် ၁၀၀ ၀န်းကျင်အထိ နှစ်ဆတိုးကာ ရှာဖွေသွားမည်ဖြစ်ကြောင်း မလေးရှားက မတ် ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
    
ဗီယက်နမ်၊  မလေးရှား၊ ထိုင်း၊ သြစတြေးလျ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ တရုတ်နှင့် အမေရိကန်တို့မှ လေယာဉ် ၃၄ စင်း၊ သင်္ဘောအစင်း ၄၀ တို့ ဖြင့် မြေပြင်ထိန်းချုပ်ရေးစခန်းနှင့် လေယာဉ်အဆက်အသွယ်ပြတ်သွားသော နေရာအနီးတွင် ရှာဖွေနေကြသည်။

"ရှာဖွေရေးလေယာဉ်တစ်စင်းက အသက်ကယ်လှေလို တစ်စုံတစ်ရာကို တွေ့ရှိခဲ့တယ်လို့ ဒီနေ့သတင်းရထားပါတယ်။ အတူရှာဖွေနေသူတွေကို ဆက်သွယ်ထားပြီး အတည်ပြုဖို့ သင်္ဘောတွေလွှတ်ထားပါတယ်" ဟု မလေးရှားပြည်တွင်းလေကြောင်း ဥက္ကဋ္ဌ အဇာရူဒင်အဒူရာမင်က ပြောကြားခဲ့သည်။
    
ဗီယက်နမ်တောင်ပိုင်းတွင် အပျက်အစီးရှာဖွေတွေ့ရှိကြောင်း အစောပိုင်း၌ သတင်းထွက်ပေါ်ခဲ့သဖြင့် လေယာဉ်ပျောက်ဆုံးမှုအတွက် ဆွေမျိုးမိသားစုများ၏ မချိတင်ကဲဖြစ်မှုများ၊ မချင့်မရဲဖြစ်မှုများ နက်ရှိုင်းစေခဲ့သည်။
    
လေယာဉ်တွင် လိုက်ပါသွားသူများအနက် နှစ်ဦးသည် ခိုးခံထားရသော နိုင်ငံကူးလက်မှတ်များကို သုံးစွဲခဲ့ကြောင်း တွေ့ရှိခဲ့ပြီးနောက် မလေးရှားက အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို စတင်ဆောင်ရွက်ခဲ့သည်။ အခိုးခံနိုင်ငံကူးလက်မှတ်သုံးခဲ့သူ နှစ်ဦးအနက် တစ်ဦးကို အတည်ပြုနိုင်ခဲ့ကြောင်း မလေးရှားရဲဦးစီးချုပ်က ပြောကြားခဲ့ပြီး အသေးစိတ်မပြောကြားခဲ့ပေ။
    
ပင်လယ်ပြင်အထက် ဝေဟင်၌ ပျောက်ဆုံးသွားခဲ့သော လေယာဉ်တစ်စင်းကို ခြေရာခံရန် ကြိုးပမ်းမှုသည် ရက်ပေါင်းများစွာ ကြာမြင့်နိုင်ကြောင်း သိရသည်။   

(ပျောက်ဆုံးနေသော လေယာဉ်နှင့်ပတ်သက်သည့် အချက်အလက်များအား AFP သတင်းဌာနမှ ဖော်ပြထားသော ဂရပ်ဖစ်ပုံ)
(ပျောက်ဆုံးနေသော လေယာဉ်နှင့်ပတ်သက်သည့် အချက်အလက်များအား AFP သတင်းဌာနမှ ဖော်ပြထားသော ဂရပ်ဖစ်ပုံ)

ပျောက်ချင်းမလှ ပျောက်သွားခဲ့သော မလေးရှားလေကြောင်း လိုင်းလေယာဉ် ကို နိုင်ငံတကာက ၀ိုင်းဝန်း ရှာဖွေနေစဉ် အသက်ကယ်လှေတစ်စင်း ဖြစ်နိုင်ဖွယ်ရှိသည့် အရာဝတ္ထုတစ်ခုကို တွေ့ရှိခဲ့သဖြင့် စုံစမ်းရန် သင်္ဘောများ စေလွှတ်ထားကြောင်း မလေးရှားက မတ် ၁၀ ရက်တွင် ပြောကြားခဲ့သည်။

အရက်ကို အခွန် ၅၀ ရာခိုင်နှုန်းနှင့် စီးကရက်အခွန် ၁၀၀ ရာခိုင်နှုန်း ကောက်ရန် လွှတ်တော် ဆုံးဖြတ်

အစိုးရက ရေးဆွဲပြီး လွှတ်တော်သို့ တင်သွင်းထားသော ပြည်ထောင်စု အခွန်အကောက်ဆိုင်ရာ ဥပဒေ ကြမ်းပါ အထူးကုန်စည်များ အခွန်ကောက်ခံခွင့်ဆိုင်ရာ အခန်းတွင်ပါရှိသော အရက်နှင့် ဆေးဝါးအမျိုးမျိုး (ဆေး ရွက်ကြီး ထွက်ကုန်) ကို ၅၀ ရာခိုင်နှုန်း အခွန် ကောက်ခံရန်နှင့် ဆေးလိပ်နှင့် စီးကရက်များကို ၁၀၀ ရာခိုင်နှုန်း အခွန် ကောက်ခံရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စား လှယ် များက ပြောကြားသည်။

အော်ရီဒူးဖုန်းကတ် ဝယ်ယူရန် ကြိုတင် လျှောက်လွှာ တင်ခိုင်းထားခြင်း မရှိ

Photo: အော်ရီဒူးဖုန်းကတ် ဝယ်ယူရန် ကြိုတင် လျှောက်လွှာ တင်ခိုင်းထားခြင်း မရှိ 
Tuesday, March 11, 2014

အော်ရီဒူးမြန်မာက ဇူလိုင်လအတွင်း စတင် ရောင်းချမည့် ဆင်းမ်ကတ်များ ဝယ်ယူနိုင်ရန် ပြင်ပ မိုဘိုင်းလ် ဖုန်းဆိုင်များတွင် ကြိုတင် လျှောက်လွှာဖြင့် လျှောက်ထားခိုင်းခြင်း မရှိကြောင်း အော်ရီဒူး မြန်မာမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ 

ရန်ကုန်မြို့တွင်းရှိ မိုဘိုင်းလ် ဖုန်းဆိုင် အချို့တွင် အော်ရီဒူး ဆင်းမ်ကတ်များ ရရှိရန် လျှောက်လွှာဖြင့် ကြိုတင် လျှောက်ထားနိုင်ကြောင်း ကြေညာထားပြီး အချို့ဆိုင်များက ကြိုတင် စာရင်းပေး လျှောက်ထားသူ များကို ဆင်းမ်ကတ်များ စတင် ရောင်းချချိန်တွင် အခမဲ့ ပေးအပ်သွားမည်ဟုပင် ကြေညာထားကြောင်း လျှောက်လွှာ တင်ထားသူများ ထံမှ စုံစမ်း သိရှိရသည်။ 

“လူတွေက အော်ရီဒူး ဆင်းမ်ကတ် ဝယ်ဖို့ လျှောက်လွှာ တင်ရဦးမှာလား ဆိုတဲ့ ယုန်ထင်ကြောင်ထင် ထင်တာမျိုးတွေ ဖြစ်လာတယ်။ အော်ရီဒူး မြန်မာဘက်က လုပ်ခိုင်းတာ လုံးဝ မဟုတ်ပါဘူး။ တရားဝင် ဘာမှ မကြေညာထားဘူး။ သုံးလေးလလောက် စောင့်ကြပါ။ ဖောင်တင်စရာ မလိုပါဘူး။ လူတိုင်း လိုသလောက် ရမယ်” ဟု အော်ရီဒူးမှ အဆိုပါ အရာရှိက ဆိုသည်။ 

ပြည်တွင်း မိုဘိုင်းလ်ဖုန်း ဈေးကွက်တွင်းရှိ သုံးစွဲသူများထံမှ အချက်အလက်များ ကောက်ယူနိုင်ရန် အော်ရီဒူးက မိုဘိုင်းလ် ဆိုင်များမှ တစ်ဆင့် ပြုလုပ်ခြင်းသာ ဖြစ်ပြီး ယင်းအချက်အလက် ကောက်ယူမှုသည် မတ်လ ၁ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ အထိသာ အကျုံးဝင်ကြောင်း အော်ရီဒူးမြန်မာမှ မိုဘိုင်းလ် ဖုန်းဆိုင်များသို့ ပေးအပ်ထားသော ခွင့်ပြုစာတွင် ဖော်ပြထားသည်။

အော်ရီဒူး ဖုန်းကတ် သုံးစွဲရန် စိတ်ဝင်စားသူများက အမည်၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ Email လိပ်စာတို့ ပေးအပ်ရန် လိုပြီး အခြား အခကြေးငွေ ပေးရန် မလိုအပ်ကြောင်း အဆိုပါ ဝန်ဆောင်မှု ပြုလုပ်ပေးနေသည့် Bestone မိုဘိုင်းလ် ဖုန်းဆိုင်ထံမှ သိရှိရသည်။ 

“အော်ရီဒူး ဆင်းမ်ကတ်တွေ လျှောက်ထားခိုင်းတယ် ဆိုတာက Survey (စစ်တမ်းကောက်ခြင်း) ပုံစံ လုပ်နေတာပါ။ ဈေးကွက်ထဲမှာ ဝယ်လိုအား ဘယ်လောက် ရှိလဲ သိချင်လို့ လုပ်နေတာ။ ကျွန်တော်တို့ ဆီမှာတော့ မလုပ်ပေးပါဘူး” ဟု Star မိုဘိုင်းလ် ဖုန်းဆိုင်မှ အရောင်းမန်နေဂျာက ဆိုသည်။

The Voice Weekly
အော်ရီဒူးမြန်မာက ဇူလိုင်လအတွင်း စတင် ရောင်းချမည့် ဆင်းမ်ကတ်များ ဝယ်ယူနိုင်ရန် ပြင်ပ မိုဘိုင်းလ် ဖုန်းဆိုင်များတွင် ကြိုတင် လျှောက်လွှာဖြင့် လျှောက်ထားခိုင်းခြင်း မရှိကြောင်း အော်ရီဒူး မြန်မာမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။ 

လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး စံချိန်တင်ကြာမြင့်ခဲ့ပြီး ည ၈ နာရီခန့်အထိ ကျင်းပခဲ့

Photo: လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း ပြည်ထောင်စုလွှတ်တော် အစည်းအဝေး စံချိန်တင်ကြာမြင့်ခဲ့ပြီး ည ၈ နာရီခန့်အထိ ကျင်းပခဲ့
Tuesday, March 11, 2014

လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း မတ် ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေးသည် စံချိန်တင်ကြာမြင့်ခဲ့ပြီး ည ၇ နာရီ ၄၅ အချိန်အထိ ကျင်းပခဲ့သည်။

ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ အစည်းအဝေးတွင် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းအား အတည်ပြုနိုင်ရန်အတွက် ယင်းကဲ့သို့ လွှတ်တော်သက်တမ်းတလျှောက် အကြာမြင့်ဆုံးအဖြစ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အဆိုပါအခွန်အကောက်ဥပဒေကြမ်းအား အပြီးပြတ်အတည်ပြုနိုင်ရန် ညနေ ၅ နာရီ လွှတ်တော်အစည်းအဝေးအား ကျင်းပရန် ကနဦးပြောကြားခဲ့သော်လည်း အမှန်တကယ်ပြုလုပ်ရာတွင် ထိုသို့ ည ၈ နာရီဝန်းကျင်ခန့်ထိ ကျင်းပခဲ့ခြင်းဖြစ်သည်။

"ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တို့က သီးခြားဖွဲ့စည်းထားတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စုအစိုးရ ဘဏ္ဍာရေးဝန်ကြီးနဲ့ အခြားဝန်ကြီးဌာန ၁၁ ခုနဲ့ ပြည်ထောင်စုရုံးဝန်ထမ်းများကို အထူးကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ယနေ့ဆွေးနွေးဆုံးဖြတ်မယ့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် အထူးအရေးကြီးပြီး အလေးအနက်ထား ဆောင်ရွက်ကြရမယ့်ကိစ္စရပ်များလည်း ဖြစ်ပါတယ်။ ယခင်နှစ်များက လွှတ်တော်မှာ ဆွေးနွေးဆောင်ရွက်နိုင်မှု မရရှိခဲ့တဲ့အတွက် ယခုနှစ်မှာတော့ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ယခုကဲ့သို့ စတင်ဆောင်ရွက်နိုင်အောင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့က ကြိုးပမ်းဆောင်ရွက်ပေးခဲ့တဲ့ စေတနာများကိုလည်း သိရှိနားလည် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အစည်းအဝေးကာလ ကျန်ရှိတဲ့ရက်အတွင်းမှာ အချိန်မီပြီးစီးနိုင်အောင် ဆောင်ရွက်ရတဲ့အတွက် အကယ်၍အမှားအယွင်းအချို့ပါရှိပါက လွှတ်တော်တွင်းမှာပဲ ပြင်ဆင်တည့်မတ်ဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ ယခုလို အချိန်လု အရေးတစ်ယူဆောင်ရွက်နေခြင်းဟာ ဘတ်ဂျတ်လည်း ၂၀၁၄ မတ်လမကုန်မီ ဥပဒေအတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် အင်မတန်မှ အရေးကြီးတဲ့အတွက် အခုလိုရုံးပိတ်ရက်မရှောင် ရုံးနားချိန်မရှောင် ဆောင်ရွက်ခဲ့တာ လေ့လာမယ်ဆို သိမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီဥပဒေကို ဒီနေ့ဆွေးနွေးတဲ့အခါမှာ အကယ်၍ ညနေ ၄ နာရီမှာ မပြီးဘူးဆိုရင် နောက်တစ်နာရီအတွင်း ငါးနာရီမှာဆက်ဆွေးနွေးလို့ ပြီးပြတ်မယ်ဆိုရင် ငါးနာရီအထိ ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်" ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ်တော်အဖွင့်တွင် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

ယခုဥပဒေကြမ်းအား အတည်ပြုရာတွင် အခြားဥပဒေကြမ်းများ ဆွေးနွေးသကဲ့သို့မဟုတ်ဘဲ ပြင်ဆင်ချက်အမည်စာရင်း တင်သွင်းထားသူများအပြင် အခြားဆွေးနွေးလိုသည့် ကိုယ်စားလှယ်များကိုပါ ၀င်ရောက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးနှစ်ဦး တစ်ယောက်ခြင်း၊ ထိုသို့ ဥပဒေကြမ်း ဆွေးနွေးဆုံးဖြတ်နေချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား တက်ရောက်လာသည့် ၀န်ကြီး (သို့မဟုတ်) ဒုဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား အစည်းအဝေးခန်းမပြင်ပသို့ထွက်ကာ သီးခြားဆွေးနွေးခြင်းများ ပြုလုပ်စေပြီးမှသာ ခန်းမအတွင်း ထပ်မံဆွေးနွေးအတည်ပြုခြင်းများ လုပ်ဆောင်ခဲ့သည်။

မတ် ၁၀ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် မူလအစီအစဉ်ပါ ၀င်ငွေခွန်ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို အတည်ပြုမည့်အစီအစဉ်ကို မပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတမှ ပြန်လည်ပေးပို့လာသည့် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် ဥပဒေများပြဌာန်းရေးကို လွှတ်တော်က မှတ်တမ်းတင်ခြင်း၊ စာချွန်တော်အမိန့် လျှောက်ထားမှုဆိုင်ရာ ဥပဒေကြမ်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေကြမ်း၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေကြမ်းများနှင့်ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာများကို ဖတ်ကြားခြင်းများ ဆောင်ရွက်ခဲ့သည်။

ပြီးခဲ့သည့်လွှတ်တော်အစည်းအဝေးများကို အချိန်ကြာမြင့်ဆုံးအဖြစ် ညနေ ၄ နာရီကျော်အချိန်အထိသာ ပြုလုပ်ခဲ့သည်။

Eleven Media Group

(မတ် ၁၀ ရက် ည ၈ နာရီခန့်အထိ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှ ပြန်ဆင်းလာကြသော လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ-စိုးမင်းထိုက်))
မတ် ၁၀ ရက် ည ၈ နာရီခန့်အထိ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှ ပြန်ဆင်း လာကြသော လွှတ်တော် ကိုယ်စားလှယ်များကို တွေ့ရစဉ်

လွှတ်တော်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း မတ် ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန်အစည်းအဝေးသည် စံချိန်တင်ကြာမြင့်ခဲ့ပြီး ည ၇ နာရီ ၄၅ အချိန်အထိ ကျင်းပခဲ့သည်။

အခွန်မပေးဆောင်သော ကုမ္ပဏီတစ်သောင်းကျော်ရှိနေပြီး ဦးတေဇ၏ AGD ဘဏ်၊ Mr. Serge Pun ၏ ရိုးမဘဏ်အပါအ၀င် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးအချို့ ပါဝင်

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် အခွန်စည်းကြပ်မှု မပြုရသေးသော ကုမ္ပဏီ ၁၀၀၀၀ ကျော်ရှိနေပြီး AGD ဘဏ်၊ Yoma ဘဏ်အပါအ၀င် နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံးအချို့ ပါဝင်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန၏ ထုတ်ပြန်ထားမှုအရ သိရသည်။