Monday, February 17, 2014
" ကြယ်စင်မော်ကွန်းမှ ဘုန်းကြီးလူထွက် ဇာတ်ရုပ်နဲ့ပတ်သက်ပြီး ဖွင့်ဟလာတဲ့ လူမင်း "
Photo: " ကြယ်စင်မော်ကွန်းမှ ဘုန်းကြီးလူထွက် 
ဇာတ်ရုပ်နဲ့ပတ်သက်ပြီး ဖွင့်ဟလာတဲ့ လူမင်း "
Monday, February 17, 2014
ဗမာ့တပ်မတော်ရဲ့ ဖြစ်တည်လာပုံနဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ပုံရိပ်များကို ပုံဖော်ရိုက်ကူးထားတဲ့ ကြယ်စင်မော်ကွန်း ရုပ်ရှင်ဇာတ်ကားကြီးကို ရုံတင်ပြသ ရာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ လူမင်းက ဘုန်းကြီး ဝတ်ဘဝကနေ မျိုးချစ်စိတ်ကြောင့် ဗမာ့လွတ်လပ်ရေးတပ်မတော် BIA စတင်ဖွဲ့စည်းတာကိုသိရှိခဲ့ပြီး နောက် လူဝတ်လဲခဲ့ပြီး BIA တပ်မတော်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒီ့နောက် BIA ဖျက်သိမ်းပြီး BDA ပေါ်လာချိန်မှာပဲ BDA တပ်မတော်မှာ ထပ်မံတာဝန်ထမ်း ဆောင်ခဲ့ပြန်ပါတယ်။ 
ဒီဇာတ်ကားမှာ ဘုန်းကြီးလူထွက်ပြီး နိုင်ငံအတွက် တာဝန်ထမ်းဆောင်သူတစ်ယောက်အဖြစ် သရုပ်ဆောင်မှုကို ပရိသတ်တွေ ကြိုက်နှစ်သက်ခဲ့တာကြောင့် ရိုက်ကူးခဲ့ပုံနဲ့ပတ်သက်ပြီး လူမင်းကိုမေးကြည့်ရာ " အဲဒီဇာတ်ကောင်ကာရိုက်တာကိုက ကြိုက်တာ။ ဒါ ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကလေ။ စစ်ထဲကိုဝင်တယ်ဆိုတာ တိုင်းပြည်အတွက် ဘုန်းကြီး တောင် သင်္ကန်းချွတ်ပြီးတော့ တပ်ထဲကိုလိုက်တာ။ အဲဒီတုန်း က တိုင်းသူပြည်သားတွေရဲ့ စိတ်ဓာတ်က အဲဒီလိုမျိုးပေါ့။ တကယ်ကိုလေးစားလွန်းလို့ အဲဒီနေရာကိုလည်း ကြိုက် လွန်းလို့ ပါဝင်သရုပ်ဆောင်ဖြစ်ခဲ့တာပါ။ ပရိသတ် တွေက အားပေးကြတာ ဝမ်းသာစရာပါပဲ။ ကျေးဇူး တင်ပါတယ်။အကယ်ဒမီမှန်းနေကြတယ်ဆိုတာ ပရိသတ်တွေကလည်း ပြောကြပေမယ့် အကယ်ဒမီ နီးရင်တော့ ကိုလူမင်းတို့ကခေတ်စားတာပဲ။ပွဲကျရင် သာ မရတာလေ။ ကိုယ်တွေ ဖန်တီးတဲ့ အနုပညာကို အားပေးတယ်ဆို ဘာပိုက်ဆံနဲ့မှ ဝယ်ယူလို့ မရတဲ့ ကျေနပ်မှုမျိုးကိုရပါတယ်" လို့ ပြောပြခဲ့ပါ တယ်။ 
Popular Journal
ဗမာ့တပ်မတော်ရဲ့ ဖြစ်တည်လာပုံနဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ပုံရိပ်များကို ပုံဖော်ရိုက်ကူးထားတဲ့ ကြယ်စင်မော်ကွန်း ရုပ်ရှင်ဇာတ် ကားကြီး ကို ရုံတင်ပြသ ရာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ လူမင်း က ဘုန်းကြီး ဝတ်ဘဝကနေ မျိုးချစ်စိတ်ကြောင့် ဗမာ့လွတ်လပ်ရေးတပ်မတော် BIA စတင်ဖွဲ့စည်းတာကိုသိရှိခဲ့ပြီး နောက် လူဝတ်လဲခဲ့ပြီး BIA တပ်မတော်ထဲကို ဝင်ရောက်ခဲ့ပါတယ်။ ဒီ့နောက် BIA ဖျက်သိမ်းပြီး BDA ပေါ်လာချိန်မှာပဲ BDA တပ်မတော်မှာ ထပ်မံတာဝန်ထမ်း ဆောင်ခဲ့ပြန်ပါတယ်။ 
ဆယ်မိုင်ကျေးရွာမင်္ဂလာဆောင်မှ မိုးညှင်းသို့အပြန် ကားမှောက်၍ဒုက္ခရောက်သူများအား ထောက်ပံ့ငွေပေးအပ်
Photo: ဆယ်မိုင်ကျေးရွာမင်္ဂလာဆောင်မှ မိုးညှင်းသို့အပြန် ကားမှောက်၍ဒုက္ခရောက်သူများအား ထောက်ပံ့ငွေပေးအပ်
Monday, February 17, 2014
ကချင်ပြည်နယ် မိုးညှင်းမြို့ နှင့်ဆယ်မိုင်ကွာဝေးသော ဆယ်မိုင် ကျေးရွာရှိ မင်္ဂလာဆောင်သို့သွား ရောက်ပြီး အပြန်ယခုလ ၇ရက် က တိမ်းမှောက်ခဲ့သည့်တုံဖုန်ကား မှဒုက္ခသည်များအား မိုးညှင်းမြို့ အရှေ့ကျောင်းပရိယတ္တိစာသင်တိုက် စူဠဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တဇယန္တဦးစီးသော ဒါယကာ ဒါယိကာမများက ယခုလ ၁၃ရက် မွန်းလွဲ ၁နာရီတွင် ခုတင်(၁ဝဝ)ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး
ထောက်ပံ့အလှူငွေများ လှူဒါန်းခဲ့ ကြောင်း သိရသည်။
မိုးညှင်းမြို့ အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက် အတွင်းရှိ
စေတနာရှင်အခမဲ့ဆေးခန်းမှ အရေး ကြီးလူနာဖြစ်သော ထန်းတပင်
ကျေးရွာမှ ဒေါ်မုန်းအား ငွေကျပ် ၇ဝဝဝဝ၊ မျက်လုံးဒဏ်ရာနှင့် လက် ကျိုးဒဏ်ရာများရရှိကြသူ ဦးထွန်း ဝင်း၊ ဒေါ်အုန်းခင်၊ ဒေါ်တင်ရီတို့ အား ကျပ်၃ဝဝဝဝစီ၊ မျက်နှာနှင့် ဦးခေါင်းဒဏ်ရာပြင်းထန်၍ သေဆုံး ခဲ့သော ဒေါ်မငွေ၊ ဦးမျိုးသန့်၊ ဒေါ်သီတာမိသားစုတို့အား ကျပ် ၅ဝဝဝဝစီနှင့် ကျန်လူနာ ၁၈ဦးတို့ အား အသီးသီး ထောက်ပံ့လှူဒါန်း ငွေစုစုပေါင်းကျပ် ၅၃ဝဝဝဝ ပေး အပ်ခဲ့သည်။
ဆက်လက်ပြီး ထန်းတပင် ကျေးရွာအနီးရှိ သာသနာ့ရွှေသစ် ပင် ဆရာတော် တိဏ္ဏောဘာသနှင့် ဒါယကာများမှလည်း စုပေါင်းပြီး ငွေကျပ်၁ဝသိန်း၊ မိုးညှင်းမြို့ ဇီဝက ဆေးခန်းဒေါက်တာမောင်မောင်လေး နှင့်ဒေါ်ခင်ဝေမိသားစု
တို့မှ ကျပ် ၁၄ဝဝဝဝ ထပ်မံပေးအပ်လှူဒါန်းခဲ့ သည်။
The Union Daily
ကချင်ပြည်နယ် မိုးညှင်းမြို့ နှင့်ဆယ်မိုင်ကွာဝေးသော ဆယ်မိုင် ကျေးရွာရှိ မင်္ဂလာဆောင်သို့သွား ရောက်ပြီး အပြန်ယခုလ ၇ရက် က တိမ်းမှောက်ခဲ့သည့်တုံဖုန်ကား မှဒုက္ခသည်များအား မိုးညှင်းမြို့ အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက် စူဠဂန္ထဝါစကပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တဇယန္တဦးစီးသော ဒါယကာ ဒါယိ ကာမများက ယခုလ ၁၃ရက် မွန်းလွဲ ၁နာရီတွင် ခုတင်(၁ဝဝ)ဆံ့ ပြည်သူ့ဆေးရုံသို့ သွားရောက် ပြီး ထော က် ပံ့ အလှူငွေများ လှူဒါန်းခဲ့ ကြောင်း သိရသည်။
အများပိုင် ကုမ္ပဏီများတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် ဘဏ္ဍာရေးဒုဝန်ကြီး သတိပေး
Photo: အများပိုင် ကုမ္ပဏီများတွင် ကြီးမားစွာ ရင်းနှီးမြှုပ်နှံမှု မလုပ်ရန် ဘဏ္ဍာရေးဒုဝန်ကြီး သတိပေး
Monday, February 17, 2014
မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီး နောက်ပိုင်း အများအပြား ပေါ်ပေါက်လာသော အများပိုင် ကုမ္ပဏီများတွင် ပြည်သူများ အနေနှင့် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အများအပြား မပြုလုပ်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြစ်ကြီးနား မြို့တော်ခန်းမ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံစဉ် သတိပေး ပြောကြားသည်။
မြန်မာနိုင်ငံတွင် လွန်ခဲ့သော ၁၀ နှစ် ကျော်အချိန်ခန့်က ပေါ်ပေါက် ခဲ့သည့် ငွေစုငွေချေး အသင်းများပေါ်တွင် ပြည်သူများ ယုံကြည်၍ ငွေကြေး အမြောက်အမြား ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ကြပြီး ဆုံးရှုံးနစ်နာခဲ့ရသည့် သာဓကများ ရှိသည့်အတွက် ယခုနောက်ပိုင်း ပေါ်ပေါက်လာသော အများပိုင် ကုမ္ပဏီများ အပေါ်တွင်လည်း ရင်းနှီးမြှုပ်နှံမှု အများအပြား မပြုလုပ်ရန် သတိပေးခြင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆက်လက် ပြောကြားသည်။
“အများပိုင် ကုမ္ပဏီတွေ ထောင်ထားကြပေမယ့် အချိန်မရွေး ထွက်လို့ရအောင် လေယာဉ်လက်မှတ် ဝယ်ထားပြီး အရေးအကြောင်းဆိုရင် ယိုးဒယား ထွက်ပြေးမယ်။ စင်ကာပူ ထွက်ပြေး လို့ရအောင် လုပ်ထားတဲ့ လူတွေချည်းပဲ။ ငွေတွေထည့်ပြီးမှ သူ့တို့ ကိုတရားစွဲဖို့ မစဉ်းစားနဲ့။ ငွေစုငွေချေး အသင်းတုန်းကလည်း တရားစွဲဖို့ ကြိုးစားတာပဲ။ ဘယ်သူမှ မအောင်မြင်ဘူး။ အမှုနိုင်သွားပေမယ့် ဘာပစ္စည်းမှ မရဘူး။ အခုအဲဒါမျိုးတွေ ပေါနေတယ်။ ဒါကြောင့် စဉ်းစားဆင်ခြင်ပြီးမှ လုပ်ကြပါ” ဟု ဒုဝန်ကြီးက ဆိုသည်။
အဆိုပါ ဖြစ်စဉ်များမှာ မြန်မာနိုင်ငံ၌သာ ဖြစ်ပျက်နေခြင်း မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံကြီး များတွင်လည်း စတော့ရှယ်ယာ ကုမ္ပဏီများ စတင်ပေါ်ပေါက်လာသည့် အချိန်မှစတင်ကာ ယင်းကဲ့သို့သော အဖြစ်အပျက်များ အများအပြား ပေါ်ပေါက်ခဲ့ကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။
လက်ရှိ အများပိုင် ကုမ္ပဏီများသည် နိုင်ငံတော်၏ ပြောင်းလဲလာသည့် မူဝါဒများအရ နိုင်ငံတော်၏ အားပေးမှုကြောင့် ကုမ္ပဏီများ အက်ဥပဒေဖြင့် စနစ်တကျ တရားဝင် ဖွဲ့စည်းထားရှိသည့် ကုမ္ပဏီများ ဖြစ်ရာ ပြည်ထောင်စု ဒုတိယဝန်ကြီး၏ ပြောဆိုမှုမှာ ပြည်သူများ ပါဝင်နိုင်သည့် အခန်းကဏ္ဍများ ဖော်ဆောင်ပေးရန် ဆိုသည့် အစိုးရ၏ မူဝါဒကို ထိခိုက်သွားနိုင်သည်ဟု မြင်ကြောင်း ပြည်ထောင်စု ဒုဝန်ကြီးနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ကချင်ပြည်နယ် အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဒေါ်ဂျာဆိုင်းခွန်က ဆိုသည်။
“ဒုဝန်ကြီးပြောတဲ့ ငွေစုငွေချေး လုပ်ငန်းတွေဆိုတာ စနစ်တကျ ဖွဲ့စည်းထားတဲ့ လုပ်ငန်းတွေ မဟုတ်ဘူး။ ပြီးတော့ ဒုဝန်ကြီးက IKBZ အာမခံ ကုမ္ပဏီရုံးချုပ် ဖွင့်ပွဲကို လာတာဆိုတော့ အဲဒီ အာမခံ လုပ်ငန်းအပိုင်းကို အမွှန်းတင်ရင်းနဲ့ ဒီဘက်ကို လက်လွတ်စပယ် ပြောသွား တယ်လို့ မြင်တယ်။ ပြည်ထောင်စုဒုဝန်ကြီး တစ်ဦးအနေနဲ့ ဒီလို မပြောသင့်ပါဘူး” ဟု ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီ ဥက္ကဋ္ဌက မှတ်ချက်ပြု ပြောဆိုသည်။
လက်ရှိ ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီကို ကချင်ပြည်နယ် ဝန်ကြီးချုပ်က ဦးဆောင်ကာ ကုမ္ပဏီ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွဲ့စည်းထားခြင်း ဖြစ်ပြီး လုပ်ငန်းအချို့ စတင်လည်ပတ်နေပြီ ဖြစ်ကြောင်း ကချင်ပြည်နယ် အများပိုင် ကုမ္ပဏီထံမှ သိရသည်။
The Voice Weekly
မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီး နောက်ပိုင်း အများအပြား ပေါ်ပေါက်လာသော အများပိုင် ကုမ္ပဏီများတွင် ပြည်သူများ အနေနှင့် အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု အများအပြား မပြုလုပ်ရန် ပြည်ထောင်စု အစိုးရ အဖွဲ့ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် မြစ်ကြီးနား မြို့တော်ခန်းမ၌ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံစဉ် သတိပေး ပြောကြားသည်။
အငှားယာဉ်တင်သွင်းခွင့် လာမည့် ဘဏ္ဍာနှစ်မှသာ ပြန်စဉ်းစားမည်
Photo: အငှားယာဉ်တင်သွင်းခွင့် လာမည့် ဘဏ္ဍာနှစ်မှသာ ပြန်စဉ်းစားမည်
Monday, February 17, 2014
ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ပိတ်ဆို့မှု များပြားနေခြင်းကြောင့် ပြည်ပမှ အငှားယာဉ် (Taxi) တင်သွင်းခွင့်ကို ယခုဘဏ္ဍာနှစ်ကုန် (မတ်လ ၃၁ ရက်နေ့) အထိ ရပ်ဆိုင်းထားမည် ဖြစ်ပြီး လာမည့် ဘဏ္ဍာနှစ်မှသာ ပြန်လည် စဉ်းစား သုံးသပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ယခုဘဏ္ဍာနှစ်ကုန်အထိ အငှားယာဉ် တင်သွင်းခွင့် ဆက်လက် ပိတ်ထားမည် ဖြစ်ပြီး ပြန်လည် တင်သွင်းခွင့်ပြုမည့် အချိန်ကိုမူ မပြောနိုင်သေးကြောင်း လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က The Voice သို့ ပြောကြားသည်။
အငှားယာဉ် တင်သွင်းခွင့် ပိတ်သိမ်းခြင်းကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအတွင်းမှ စတင်ရပ်ဆိုင်းထားခြင်း ဖြစ်ပြီး ကုမ္ပဏီအချို့က တင်သွင်းခွင့် လျှောက်ထားသည့် အစီးရေရာနှင့်ချီ၍ ရှိကြောင်း လမ်းပန်းဆက်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
အငှားယာဉ် တင်သွင်းမည့် ကုမ္ပဏီသည် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက် ပါရှိရမည် ဖြစ်ပြီး ကုမ္ပဏီတစ်ခုလျှင် အစီးရေ ၅၀ တင်သွင်းခွင့်ရမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ယာဉ်ကြီးကြပ်ဌာနထံမှ သိရသည်။
အငှားယာဉ် တင်သွင်းခွင့် ရပ်ဆိုင်းထားသော်လည်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ကနဦးယာဉ် မှတ်ပုံတင်ဌာနသို့ အငှားယာဉ်နံပါတ် ပုံမှန်လာရောက် ထုတ်ယူနေဆဲ ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် DD/၆၀၆၆ နံပါတ်အထိ လာရောက် ထုတ်ယူပြီး ဖြစ်ကြောင်း အဆိုပါဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံခွင့်ပြုရာတွင် အက္ခရာများ ထပ်တိုးအပ်နှံခွင့်ပြုလိုက်ပါက ရန်ကုန်မြို့တွင်း မော်တော်ယာဉ် အစီးရေ သုံးသောင်းခန့်လမ်းပေါ်မှ ပျောက်ဆုံးသွားမည် ဖြစ်ခြင်းကြောင့် လမ်းပိတ်ဆို့မှု အနည်းငယ် သက်သာသွားနိုင်ကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ဝယ်ရောင်း ဦးအေးကျော်က ဆိုသည်။
The Voice Weekly
ရန်ကုန်မြို့တော်တွင် ယာဉ်ကြော ပိတ်ဆို့မှု များပြားနေခြင်းကြောင့် ပြည်ပမှ အငှားယာဉ် (Taxi) တင်သွင်း ခွင့်ကို ယခုဘဏ္ဍာနှစ်ကုန် (မတ်လ ၃၁ ရက်နေ့) အထိ ရပ်ဆိုင်းထားမည် ဖြစ်ပြီး လာမည့် ဘဏ္ဍာနှစ်မှသာ ပြန်လည် စဉ်းစား သုံးသပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်း ဆက် သွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
AFC Challenge Cup ရလဒ်က လစာလျော့ချခံထားရသော မြန်မာကစားသမားများကို လစာတိုးစေဦးမည်မဟုတ်
လက်ရွေးစင်အသင်း အောင်မြင်မှုရလျှင် လစာလျှော့ချထားသော မြန်မာကစားသမားများကို လစာပြန် တိုးပေးမည်ဟု အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသော်လည်း မေလအတွင်းကစားရမည့် AFC Challenge Cup ပြိုင်ပွဲ ရလဒ်အပေါ်မူတည်၍လစာအပြောင်းအလဲ ရှိဦးမည်မဟုတ်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။
စွန်အလှပြိုင်ပွဲတွင် စွန်ပြုလုပ်စရိတ် ထောက်ပံ့ပေးမည်
အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရိုးရာအားကစားအဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပမည့် ဒသမ အကြိမ်မြောက် မြန်မာ့ရိုးရာစွန်အလှပြိုင်ပွဲတွင် စွန်ပညာရှင်များကို စွန်ပြုလုပ်စရိတ်ထောက်ပံ့ပေးမည်ဟု ရိုးရာအားကစား အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူး မသက်သက်မာက မဇ္ဈိမသို့ ပြောသည်။ ပြိုင်ပွဲတွင် မြန်မာ့ရိုးရာစွန်အလှပြိုင် ပွဲနှင့် စွန်ဖြတ်ပြိုင်ပွဲ အမျိုးအစားနှစ်ခု ပါဝင်မည်ဖြစ်သည်။
Viber ကို ဂျပန်နာမည်ကြီး Global Market Website ကုမ္ပဏီ Rakuten က၀ယ်ယူခဲ့
Photo: Viber ကို ဂျပန်နာမည်ကြီး Global Market Website ကုမ္ပဏီ Rakuten က၀ယ်ယူခဲ့
Monday, February 17, 2014
ကမ္ဘာတစ်လွှားလူကြိုက်များနေတဲ့ Viber Media ကုမ္ပဏီကို ဂျပန်နိုင်ငံရဲ့ ဈေးကွက်မှာထိပ်တန်းနေရာကိုရယူထားတဲ့Rakutenကုမ္ပဏီက၀ယ်ယူလိုက်ကြောင်းသိရှိရသည်။
အဆိုပါ Viber Media ကိုဝယ်ယူဖို့အတွက်အမေရိကန်ဒေါ်လာ ၉၀၀ မီလီယံကို Rakuten သူဌေး Hiroshi Mikitani ကအကုန်အကျခံခဲ့ပါသည်။ Rakuten ဟာနာမည်ကြီး Online Shopping Website တစ်ခုဖြစ်ပြီး လက်ရှိမှာဂျပန်နိုင်ငံရဲ့ဈေးကွက်ကိုစိုးမိုးထားပါသည်။
Viber ကိုအသုံးပြုသူ ၃၀၀မီလီယံရှိကာ Rakuten ကိုအသုံး ပြုသူက ၂၀၀ မီလီယံရှိပြီး သူဌေးဖြစ်တဲ့ Mikitani က Rakuten ကိုပိုမိုအောင်မြင်အောင်ပြု လုပ်ဖို့အတွက် Viber ကိုဝယ်ယူ လိုက်တာဖြစ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး Mikitani က “ မိမိတို့ Messaging စနစ်ကို အဆင့်မြှင့်တင်ဖို့ အတွက်ဆို ရင်ကိုယ်တိုင်လုပ်ဆောင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
ဒါပေမဲ့ Rakuten သုံးတဲ့ Customer တွေအနေနဲ့ Viber Messages ကနေတစ် ဆင့်မိမိတို့ပစ္စည်းကို မှာယူမယ်ဆိုရင်တော့ဖြစ်နိုင်ခြေ အများကြီးရှိပါတယ်” လို့ပြောကြားသွားခဲ့ပါသည်။
ထက်ပြီး Viber ရဲ့ Chief Executive ဖြစ်သူ Marco က “Rakuten နဲ့ပူပေါင်းလိုက်ခြင်းဟာကုမ္ပဏီရဲ့လက်ရှိအနေအထားကိုပိုမိုကောင်းမွန်အောင်ပြုလုပ် နိုင်မှာဖြစ်ပြီး Application တိုးတက်ဖို့ကို Free Voice Calls နှင့် Message အတွက်သာမက Digital Content အတွက်ပါလုပ် ဆောင်သွားနိုင်မှာဖြစ်တယ်” လို့ပြောခဲ့သည်။
သိပ်မကြာသေးတဲ့အချိန်က Viber ဟာ Messaging Application ကို Computer တွေမှာအသုံးပြုလို့ရအောင်ပြုလုပ်ပေးခဲ့ပြီး ၎င်းရဲ့ပြိုင်ဘက်ဖြစ်တဲ့ Skype ကိုတိုက်ခိုက်ဖို့အတွက်ထုတ်လုပ်ခဲ့ကြောင်းသိရသည်။
Viber ကို Rakuten ကမတ်လကုန်လောက်မှာလုံးဝပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကုမ္ပဏီနှစ်ခုစလုံး ကပြောကြား ထားခဲ့သည်။
Wai Phyo Aung
ကမ္ဘာတစ်လွှားလူကြိုက်များနေတဲ့ Viber Media ကုမ္ပဏီကို ဂျပန်နိုင်ငံရဲ့ ဈေးကွက်မှာထိပ်တန်းနေရာကို ရယူထားတဲ့Rakutenကုမ္ပဏီက၀ယ်ယူလိုက်ကြောင်းသိရှိရသည်။
အူမကြီးကင်ဆာ ရောဂါကို ကာကွယ် နိုင်သည့် နည်းလမ်းငါးသွယ်
Photo: အူမကြီးကင်ဆာ ရောဂါကို ကာကွယ် နိုင်သည့် နည်းလမ်းငါးသွယ်
Monday, February 17, 2014
၁။ ဓာတ်တိုး ဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်သော ကော်ဖီ သောက်ပါ
နေ့စဉ် ကော်ဖီသုံးခွက် သောက်တာကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ကြောင်း ဗင်ဒါဗစ် တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ခန္ဓာကိုယ်တွင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေဟာ ကော်ဖီမှ Chlorogenic နဲ့ Caffeic အက်စစ်ကို စုပ်ယူခဲ့ရင် ကင်ဆာဆဲလ်အဖြစ် မပြောင်းလဲခင်မှာပင် ကြီးထွားမှု ရပ်တန့်သွားတာကြောင့်လို့ ဆိုပါတယ်။
၂။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို နံနက်စာအဖြစ် စားသုံးပါ
မနက်တိုင်း ကောက်နှံတစ်ခုလုံး ပါဝင်တဲ့ ကွေကာ (Bran Cereal) ကို ခွက်တစ်ဝက်စာ စားသုံးတာကြောင့် အူမကြီးအတွင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားမှု ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း USDA ရဲ့ လေ့လာမှုအရ တွေ့ရှိခဲ့ပါတယ်။ အမျှင်ဓာတ်တွေဟာ အူအမြှေးပါးတွေကို ပျက်စီးစေနိုင်တဲ့ သည်းခြေ အက်စစ်တွေနဲ့ ပူးပေါင်းလိုက်တာကြောင့်ပါ။ ဒါ့အပြင် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်စပ်နေတဲ့ ဝမ်းချုပ်တာ မဖြစ်အောင်လည်း ကာကွယ်ထားနိုင်လို့ပါ။
၃။ ကင်ဆာဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်း လျှော့ချနိုင်အောင် သစ်သီးများများစားပါ
နေ့စဉ် ခွက်နှစ်ခွက်ခွဲစာ သစ်သီးစားသုံးသူတွေဟာ ကင်ဆာအကြို ဖြစ်နိုင်ခြေ အူမကြီးအတွင်း အသားပို (Polyp) ထွက်နှုန်း ၃၈ ရာခိုင်နှုန်း လျော့နည်းသွားနိုင်ပါတယ်။ Polyp ရှိသူတွေဟာ ငါးနှစ်မှ ၁၀ အတွင်း ကင်ဆာဖြစ်သွားတတ်လို့ပါ။ သစ်သီးတွေမှာ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများအပြား ပါဝင်လို့ပါ။
၎။ ဟင်းခတ်အမွှေးအကြိုင်များ အသုံးပြုပါ
နနွင်းကို အဝါရောင်ဖြစ်စေတဲ့ ကာကူမင်ဒြပ်ပေါင်းဟာ ၂၄ နာရီအတွင်း အူမကြီး ကင်ဆာဆဲလ်တွေရဲ့ ၂၅ ရာခိုင်နှုန်းကို ဖျက်ဆီးပစ်နိုင်တယ်လို့ လူစီယားနား တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ နေ့စဉ် ဟင်းချက်တိုင်း နနွင်း အသုံးပြုပေးပါ။
၅။ အရက်ပမာဏ လျှော့သောက်ပါ
ဝီစကီ၊ ဂျင်မ်၊ ဒါမှမဟုတ် ဗော်ဒကာကို အပတ်စဉ် ကိုးခွက်ထက် ပိုသောက်သူတွေဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ သုံးဆ ပိုများတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါပေမဲ့ နေ့စဉ် ဝိုင်အနီ တစ်ခွက် သောက်တာဟာ ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။ ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဖလေဗိုးနွိုက်တွေ ပါဝင်လို့ပါ။
Today Myanmar
၁။ ဓာတ်တိုး ဆန့်ကျင် ပစ္စည်း အများအပြား ပါဝင်သော ကော်ဖီ သောက်ပါ
နေ့စဉ် ကော်ဖီသုံးခွက် သောက်တာကြောင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ကြောင်း ဗင်ဒါဗစ် တက္ကသိုလ်မှ သုတေသီတွေက ဆိုပါတယ်။ ခန္ဓာကိုယ်တွင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေဟာ ကော်ဖီမှ Chlorogenic နဲ့ Caffeic အက်စစ်ကို စုပ်ယူခဲ့ရင် ကင်ဆာဆဲလ်အဖြစ် မပြောင်းလဲခင်မှာပင် ကြီးထွားမှု ရပ်တန့်သွားတာကြောင့်လို့ ဆိုပါတယ်။
ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း
Photo: ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း
Monday, February 17, 2014
ကွန်ပျူတာ သုံးတာ ကြာပြီ ဆိုတော့ ခါးနာ ရောဂါလည်း ဖြစ်လာ တာပေါ့။
ဒီနှစ်ပိုင်းမှာ ခါးက ပိုနာ လာတယ်။ ဆေးနည်းက နက္ခတ္တ ရောင်ခြည်ကနေ ရထားတာ ကြာလှပြီ။ အမှုအမှတ်မဲ့ မစမ်းကြည့် ဖြစ်ဖူး။ အခုတော့ စမ်းမှ ဖြစ်မယ်ဆိုပြီး -
အာလူးကြီး တစ်လုံးကို ခပ်ပါးပါး အလွှာတွေ ရအောင် လွှာပြီး ညအိပ်ယာ ၀င်တော့ နာနေတဲ့ ခါးပေါ်မှာ စီပြီး ကပ်လိုက်တယ်။ အားကစားသမားတွေ သုံးတဲ့ အလပ်စတစ် ပတ်တီး ပတ်ပြီး အိပ်လိုက်တယ်။ မနက်ကျတော့ ခါးနာ နေတာ ယူပစ်သလို ပျောက်သွားတယ်။ အံ့ရောပဲ ...
အာလူးထဲမှာ ပါတဲ့ ဓါတ်သဘာဝ တွေက အရေပြား ကနေ ခါးနာတဲ့ နေရာကို ၀င်သွားလို့ ဒါမှမဟုတ် ခါးနာ ဆီကနေ အာလူးက စုပ်ယူ လိုက်လို့  ပျောက်သွားတယ် ထင်တယ်။
နွယ်မြက်သစ်ပင် ရိုးရာ ဆေးမြီးတို လေးတွေလည်း အထင်မသေးကြနဲ့ဗျို့ ။
မြ၀တီ
ကွန်ပျူတာ သုံးတာ ကြာပြီ ဆိုတော့ ခါးနာ ရောဂါလည်း ဖြစ်လာ တာပေါ့။
သစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိပစ္စည်းများကို လေလံတင်ရောင်းချမည်
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဦးစီးဌာနမှ ကလေးခရိုင် အတွင်း ဖမ်းဆီးရမိသော ပုံစံ(၈)ဝင် ကျွန်း၊ သစ်မာ၊ အခြားသစ်၊ ခွဲသားများ၊ ချေသားရေနှင့် အခြား သစ်တောထွက် ပစ္စည်းများကို ခရိုင်သစ်တောဦးစီးဌာနရုံးတွင် ဖေဖော်ဝါရီ ၂၇ ရက် မွန်းတည့် ၁၂ နာရီတွင် မျက်မြင်အခြေအနေအတိုင်း ဈေးပြိုင်စနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
နိုင်ဂျီးရီးယား မြောက်ပိုင်း လူအစုလိုက် အပြုံလိုက် သတ်မှုဖြစ်
Photo: နိုင်ဂျီးရီးယား မြောက်ပိုင်း လူအစုလိုက် အပြုံလိုက် သတ်မှုဖြစ်
Monday, February 17, 2014
နိုင်ငံအရှေ့မြောက် Izghe မြို့က ထွက်ပြေးလွတ်မြောက် လာသူတွေရဲ့ အပြောအရ အမျိုးသား၃၀ လောက်ကို ဝိုင်းပိတ်ပြီး ပစ်သတ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။ အဲဒီနောက် တအိမ်တက်ဆင်း အထူးသဖြင့် အမျိုးသားတွေကို ပစ်သတ်ပါတယ်။ အချို့ကိုတော့ လည်လှီးပြီး သတ်ပါတယ်။
စုစုပေါင်း ၁၀၆ယောက်သေတယ်လို့ လွှတ်တော်အမတ် Mohammad Ali Ndume ကဘီဘီစီကိုပြောပါတယ်။
လွန်ခဲ့တဲ့ ၄ရက်ကလည်း ဘိုကို ဟာရမ်တွေရဲ့ လက်ချက်နဲ့ အခြားတိုက်ခိုက်မှုမှာ လူပေါင်း၃၉ယောက် သေဆုံးခဲ့ပါတယ်။
နိုင်ဂျီးရီးယား စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ အစိုးရ စစ်တပ်က နေရာတကာ မရောက်နိုင်ဘဲ အစ္စလမ် လက်နက်ကိုင်တွေကတော့ တနေရာနဲ့တနေလျာ ရွှေ့ပြောင်းနေတာလို့ ဘီဘီစီကို ပြောပါတယ်။ စစ်သွေးကြွတွေရဲ့ စခန်းတွေ ဖျက်ဆီးခံလိုက်ရလို့ သူတို့ဖက်က အခြေအနေ အတော်ဆိုးနေတာလို့လည်း စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။
အခု အတိုက်ခံရတဲ့မြို့ဟာ စစ်သွေးကြွတွေ ပုန်းအောင်းတဲတောတောင်ထူထပ်တဲ့ ပြည်နယ် ၂ခုရဲ့နယ်စပ်နားမှာရှိပါတယ်။ အခုနှစ်ဆန်း ၁လခွဲ လောက်အတွင်း ဘိုကိုဟာရမ်တို့ရဲ့ တိုက်ခိုက်မှုကြီးတွေကြောင့် လူပေါင်း ၂၅၀လောက် သေဆုံးခဲ့ရပြီလို့ ဒေသတွင်း ဘီဘီစီသတင်းထောက်က သတင်းပေးပို့ ပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
ဘိုကို ဟာရမ် အစ္စလမ် လက်နက်ကိုင်အဖွဲ့များ
ဘိုကို ဟာရမ် အစ္စလမ် လက်နက်ကိုင်အဖွဲ့များ
နိုင်ငံအရှေ့မြောက် Izghe မြို့က ထွက်ပြေးလွတ်မြောက် လာသူတွေရဲ့ အပြောအရ အမျိုးသား၃၀ လောက် ကို ဝိုင်းပိတ်ပြီး ပစ်သတ်တယ်လို့ အတည်ပြု ပြောကြားပါတယ်။ အဲဒီနောက် တအိမ်တက်ဆင်း အထူးသဖြင့် အမျိုးသားတွေကို ပစ်သတ်ပါတယ်။ အချို့ကိုတော့ လည်လှီးပြီး သတ်ပါတယ်။
ချင်းပြည်နယ်အတွင်း သောက်သုံးရေ ရရှိရေးအတွက် ပြည်နယ်အစိုးရက ရေအချိုးကျ ခွဲဝေပေးလျက်ရှိ
ချင်းပြည်နယ်အတွင်း သောက်သုံးရေရှားပါး လျက်ရှိနေသောနေရာများသို့ ပြည်နယ် အစိုးရမှ ရေရရှိစေရန် အချိုးကျခွဲဝေ ဖြန့်ဖြူး ပေးလျက်ရှိနေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီး ဦးကျော်ငြိမ်း က ပြောသည်။
မွေးကင်းစ စွန့်ပစ်ဌာနတွေ တရုတ်မှာဖွင့်
Photo: မွေးကင်းစ စွန့်ပစ်ဌာနတွေ တရုတ်မှာဖွင့်
Monday, February 17, 2014
တရုတ် နိုင်ငံမှာ မွေးကင်းစ ကလေးတွေကို မလိုချင်တဲ့ မိဘတွေက လာစွန့်ပစ်နိုင်တဲ့ နေရာ ၂၅ ခုကို အစိုးရက နိုင်ငံအနှံ့ ဖွင့်လှစ် ပေးထား ပါတယ်။
ကလေး စွန့်ပစ်မှုတွေ တိုးလာအောင် အားပေး နေတာလို့ ဝေဖန်မှု တွေ ရှိနေပေမယ့် ဒီလို ကလေး လက်ခံ ဌာနတွေ နောက်ထပ် အများကြီး ဖွင့်ဖို့ စီစဉ် နေတယ်လို့ တရုတ် အာဏာပိုင် တွေက ပြောပါတယ်။
အနွေးဓာတ်ပေးတဲ့ ဖန်အုပ်ဆောင်း တခုထဲကို ကလေးကို ဘယ်သူမှ မသိဘဲ လာထားနိုင်မှု၊ နောက် မိဘတွေ ထွက်သွားပြီး ၁ဝ မိနစ် နေမှ အချက်ပေးတဲ့ စနစ် တပ်ဆင်ထားတဲ့ ဒီစွန့်ပစ်ဌာနတွေဟာ ကလေးရဲ့ အသက်ရှင် ကျန်ရစ်မှုကို သိသိသာသာ တိုးမြင့်စေတယ်လို့ သိရပါတယ်။
နှစ်စဉ် လမ်းပေါ်မှာ အစွန့်ပစ် ခံရတဲ့ ကလေး အများစုမှာ ကျန်းမာရေး ချို့ယွင်းမှု နဲ့ ရောဂါ ကြီးကြီးမားမား တွေ ပါလာတတ်တာကို တွေ့ရကြောင်း ၊ မိဘတွေကလည်း သူတို့ မမွေးနိုင် မကြည့်နိုင်လို့ ဒီကလေးတွေကို စွန့်ခဲ့ရတယ် ဆိုတဲ့ စာလေးတွေ ထားခဲ့တာ တွေ့ရကြောင်း တရုတ် အရာရှိ တွေက ဆိုပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
တရုတ် နိုင်ငံမှာ မွေးကင်းစ ကလေးတွေကို မလိုချင်တဲ့ မိဘတွေက လာစွန့်ပစ်နိုင်တဲ့ နေရာ ၂၅ ခုကို အစိုး ရက နိုင်ငံအနှံ့ ဖွင့်လှစ် ပေးထား ပါတယ်။
အမေရိကန်ရဲ့ အထက်မြက်ဆုံး သမ္မတကတော် Eleanor Roosevelt
Photo: အမေရိကန်ရဲ့ အထက်မြက်ဆုံး သမ္မတကတော် Eleanor Roosevelt
Monday, February 17, 2014
အမေရိကန်ပြည်ထောင်စုမှာ အထက်မြက်ဆုံး သမ္မတကတော်ဟာ Eleanor Roosevelt ဖြစ်တယ်လို့ အမေရိကန် သမိုင်းပညာရှင်တွေနဲ့ တခြားပညာရှင်တွေ ပါဝင်တဲ့အဖွဲ့က ၅ ကြိမ်ဆက်တိုက်မြောက် ရွေးချယ်ခဲ့ပါတယ်။
မစ္စက် Roosevelt ဟာ နောက်ကြောင်းရာဇဝင် တိုင်းပြည်အတွက် တန်ဖိုးရှိမှု၊ ခေါင်းဆောင်မှု၊ အောင်မြင်မှု၊ သတ္တိရှိမှု၊ အမျိုးသမီး တယောက်အနေနဲ့ ကိုယ်ပိုင်အသွင်အပြင်နဲ့ ရပ်တည်နေထိုင်မှု စတဲ့ အချက် ၆ ချက်မှာ ထိပ်ဆုံးနေရာမှာ ရှိတယ်လို့ Siena College သုတေသနသိပ္ပံနဲ့ C-Span ရုပ်သံဌာနတို့က ပြုလုပ်ခဲ့တဲ့စစ်တမ်းက ပြောပါတယ်။
စုစုပေါင်း ကဏ္ဍ ၁၀ မျိုးအတွက် စစ်တမ်းကောက်ခံခဲ့တာဖြစ်ပါတယ်။ Eleanor Roosevelt ဟာ အမေရိကန်မှာ ၁၉၃၃ ကနေ ၁၉၄၅ အထိသမ္မတလုပ်ခဲ့တဲ့ Franklin Roosevelt ရဲ့ ဇနီးဖြစ်ပါတယ်။ အမေရိကန်မှာ စီးပွားရေး မဟာပျက်ကပ်ကြုံနေချိန်နဲ့ ဒုတိယကမ္ဘာစစ်ပွဲ ကာလ ခက်ခဲကြမ်းတမ်းတဲ့ ကာလတွေမှာ ပြည်သူတွေကို အကောင်းမြင် မျှော်လင့်ချက်ပေးခဲ့သူတယောက်လို့ သူမကို သတ်မှတ်ကြပါတယ်။
နောက်ပိုင်းမှာ သူဟာ ကုလသမဂ္ဂမှာ လူ့အခွင့်အရေးလှုပ်ရှားသူအဖြစ် ဆောင်ရွက်ခဲ့ပြီး ကမ္ဘာပေါ်မှာ အကျော်ကြားဆုံးနဲ့ လေးစားအခံရဆုံး အမျိုးသမီးတယောက်ဖြစ်ခဲ့ပါတယ်။
စစ်တမ်းမှာ ဒုတိယအကောင်းဆုံး သမ္မတကတော်အဖြစ် ရွေးချယ်ခံခဲ့ရတာ သမ္မတဟောင်း John Adams ရဲ့ဇနီးဖြစ်သူ Abigail Adams ဖြစ်ပါတယ်။ သူဟာ အိမ်ဖြူတော်မှာ ပထမဆုံးနေထိုင်ခဲ့တဲ့ သမ္မတကတော်ဖြစ်ပြီး ကျွန်စနစ်ကို အစောပိုင်းထဲက ဆန့်ကျင်ခဲ့သူ ဖြစ်ပါတယ်။
အကောင်းဆုံး သမ္မတကတော်များ စစ်တမ်းမှာ သမ္မတကတော် Jacqueline Kennedy က တတိယ၊ Dolley Madison က စတုတ္ထနဲ့ လက်ရှိသမ္မတကတော် Michelle Obama က ပဉ္စမနေရာတွေ ရခဲ့ပါတယ်။
သမ္မတကတော်ဟောင်းလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်ခဲ့တဲ့ Hillary Clinton ကတော့ နံပါတ် ၆ အကောင်းဆုံး သမ္မတကတော်လို့ သမိုင်းပညာရှင်တွေနဲ့ တခြားပညာရှင်ပေါင်း ရာနဲ့ချီပါတဲ့အဖွဲ့က ရွေးချယ်ခဲ့ပါတယ်ရှင်။
ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်ရဲ့ အထက်မြက်ဆုံးသမ္မတကတော် Eleanor Roosevelt i
အမေရိကန်ရဲ့ အထက်မြက်ဆုံးသမ္မတကတော် Eleanor Roosevelt 
အမေရိကန်ပြည်ထောင်စုမှာ အထက်မြက်ဆုံး သမ္မတကတော်ဟာ Eleanor Roosevelt ဖြစ်တယ်လို့ အမေရိကန် သမိုင်းပညာရှင်တွေနဲ့ တခြားပညာရှင်တွေ ပါဝင်တဲ့အဖွဲ့က ၅ ကြိမ်ဆက်တိုက်မြောက် ရွေး ချယ် ခဲ့ပါတယ်။
လွှတ်တော်သက်တမ်းတစ်လျှောက် မေးခွန်းမေးမြန်းခြင်းမရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၁၆၀ ကျော် ရှိ
Photo: လွှတ်တော်သက်တမ်းတစ်လျှောက် မေးခွန်းမေးမြန်းခြင်းမရှိသည့် လွှတ်တော်ကိုယ်စားလှယ် ၁၆၀ ကျော် ရှိ
Monday, February 17, 2014
လွှတ်တော်နှစ်ရပ်၏ သက်တမ်း ၂ နှစ်ကျော်အတွင်း မေးခွန်းမေးမြန်းဖူးခြင်းမရှိသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၆၀ ကျော် ရှိကြောင်း လွှတ်တော်စောင့်ကြည့်လေ့လာရေးအစီအစဉ် ပြုလုပ်နေသည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ ဖေဖော်ဝါရီလတွင် ထုတ်ပြန်လိုက်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။
လွှတ်တော်တွင် မေးခွန်းတစ်ခုမှ မေးမြန်းဖူးခြင်းမရှိသည့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များမှာ ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ် ၁၂၅ ဦး ရှိပြီး အမျိုးသားလွှတ်တော်မှ ကိုယ်စားလှယ် ၄၀ ဦး ဖြစ်သည်ဟု ယင်းအစီရင်ခံစာတွင် ပါရှိသည်။
ပထမအကြိမ် လွှတ်တော်မှ ဆဋ္ဌမပုံမှန်လွှတ်တော်အစည်းအဝေးအတွင်း ကိုယ်စားလှယ်များ၏ မေးခွန်းမေးမြန်းမှုကို လေ့လာကာ ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့က လွှတ်တော်စောင့်ကြည့်လေ့လာရေးအစီရင်ခံစာ အမှတ် (၁) ကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
ယင်းလွှတ်တော်သက်တမ်းအတွင်းပင် မေးခွန်းမေးမြန်းခဲ့ဖူးခြင်း မတွေ့ရသည့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၇၄ ဦး ရှိပြီး အလားတူ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈၁ ဦး ရှိသည်ဟုလည်း လွှတ်တော်စောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် ထည့်သွင်းထားသည်။
ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်သော်လည်း လွှတ်တော်တွင် လူထုကိုယ်စားပြုကာ မေးခွန်းမေးမြန်းဖူးခြင်းမရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်နှင့် ပါတီများကို လာမည့် အစီရင်ခံစာများတွင် ထည့်သွင်းသွားရန်ရှိသည်ဟု ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ သုတေသနဒါရိုက်တာ ကိုအေးခိုင်က ပြောသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲတွင် ပါဝင်သည့် တိုင်းရင်းသားမျိုးနွယ်စုအရေအတွက် ၂၉ ခု ရှိပြီး ယင်းတို့ထဲမှ တိုင်းရင်းသားမျိုးနွယ်စုသုံးခု၏ မေးခွန်းမေးမြန်းမှုကို မတွေ့ရှိရကြောင်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များထဲတွင်လည်း တိုင်းရင်းသားမျိုးနွယ်စု ၁၆ ခု ပါဝင်ပြီး ယင်းတို့ထဲမှ တိုင်းရင်းသားမျိုးနွယ်စု နှစ်ခု၏ မေးခွန်းများ မေးမြန်းမှုကို မတွေ့ရှိရဟု လွှတ်တော်အစည်းအဝေး ခြောက်ခုကို လေ့လာထားသည့် အဆိုပါ အစီရင်ခံစာတွင် ပါရှိသည်။
ပြည်သူ့လွှတ်တော်သည် မြန်မာနိုင်ငံရှိ မြို့နယ်တစ်ခုချင်းစီမှ ကိုယ်စားလှယ်တစ်ဦးစီဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ် ၃၃၀ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦး တို့ ပါဝင်ရမည်ဟု ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၆၂ ဦးကို ပြည်သူများက တိုက်ရိုက်ရွေးကောက်တင်မြှောက်ခဲ့သည်။
အမျိုးသားလွှတ်တော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုလျှင် ကိုယ်စားလှယ် ၁၂ ဦး စီ နှုန်းဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခု ရှိသည့်အတွက် တိုက်ရိုက်ရွေးကောက်ခံကိုယ်စားလှယ် ၁၆၈ ဦး ရှိနေသည်။
Author:  ရန်မျိုးနိုင်
7day Daily
လွှတ်တော်နှစ်ရပ်၏ သက်တမ်း ၂ နှစ်ကျော်အတွင်း မေးခွန်းမေးမြန်းဖူးခြင်းမရှိသည့် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၁၆၀ ကျော် ရှိကြောင်း လွှတ်တော်စောင့်ကြည့်လေ့လာရေးအစီအစဉ် ပြုလုပ်နေ သည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင်အဖွဲ့၏ ဖေဖော်ဝါရီလတွင် ထုတ်ပြန်လိုက်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။
ဓာတုပစ္စည်းသုံး၍ ရွှေချက်နေမှုကို ၀ိုင်းမော်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ တားမြစ်
ရန်ကုန်မှာ ဆန်ဈေးတွေ ခုန်တက်
Photo: ရန်ကုန်မှာ ဆန်ဈေးတွေ ခုန်တက်
Monday, February 17, 2014
လူဦးရေ ၆ သန်းလောက် နေထိုင်တဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆန်ဈေးတွေ ၁၀ ရာ ခိုင်နှုန်း လောက်အထိ တက်သွားပါတယ်။
လာမဲ့ နွေစပါး မပေါ်ခင်ထိ ဈေးတွေ တက်ဖို့ရှိနေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။
ရန်ကုန်မှာ ဆန်ဈေးတွေ လက်လီ ဈေးကွက်မှာ တစ်ပြည်ကို ကျပ်၃၀ဝ လောက် တက်သွားကြောင်း ရန်ကုန်က အိမ်ရှင်မ တစ်ယောက်က ပြောပါတယ်။
ဒီရက်ပိုင်းမှာလည်း ရန်ကုန်မြို့ကို ဆန်အဝင် နည်းနေပြီး ရန်ကုန်မြို့ကို ဆန်အဓိက ပို့နေတဲ့ ဘုရင့်နောင် ပွဲရုံဘက်က သတင်းတွေအရ ဆိုရင် ရန်ကုန်ကို ဆန်ဟောင်း အဝင် နည်းနေပြီးတော့ ဆန်သစ် မပေါ်ခင်မှာ လက်ကျန် ပြတ်နေကြတယ်လို့လဲ ကုန်သည်တွေက ပြောပါတယ်။
ပြည်တွင်းက ဆန်ကို အခုရက်ပိုင်းမှာ တရုတ်ဘက် ကလည်း နယ်စပ် ကနေ တစ်ဆင့် ဝယ်နေပြီးတော့ အညာဒေသဘက်က ဆန်အထွက်နည်းလို့ ဈေးတက် လာတာ ဖြစ်ပါတယ်။
ဒီအတိုင်းဆိုရင် မြန်မာလူထုရဲ့ အခြေခံ စားကုန်ဖြစ်တဲ့ ဆန်ဟာဟာ ဆန်သစ် ဈေးကွတ်ထဲဝင် မလာခင်အချိန်ထိ တက်ဖို့ ရှိနေတယ်လို့ အကဲခပ်တွေက ပြောပါတယ်။
စိုက်ဧကပေါင်း သန်း၂၀ ရှိတဲ့ မြန်မာနိုင်ငံဟာ နှစ်စဉ် ဆန်စပါး တင်းပေါင်း သန်း၁၅၀ဝ လောက် ထွက်ပြီးတော့ ပြည်တွင်းစားသုံးမှုဟာ တင်းသန်းတစ်ထောင် ရှိတယ်လို့ တရားဝင်စာရင်းတွေအရ သိရပါတယ်။
ဘီဘီစီ (မြန်မာပိုင်း)
လူဦးရေ ၆ သန်းလောက် နေထိုင်တဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆန်ဈေးတွေ ၁၀ ရာ ခိုင်နှုန်း လောက်အထိ တက်သွားပါတယ်။
ဝန်ကြီးကို ရာထူးက ထွက်ပေးဖို့ တစ်ကိုယ်တော် ဆန္ဒပြ
Photo: ၀န်ကြီးကို ရာထူးက ထွက်ပေးဖို့ တစ်ကိုယ်တော် ဆန္ဒပြ
Monday, February 17, 2014
မကွေးတိုင်း၊ မကွေးမြို့နယ်၊ သစ်ရာကောက် ရွာသားတွေကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောဆိုခဲ့တဲ့အပေါ် ၀န်ကြီးကိုရာထူးက ရပ်စဲပေးဖို့ သပိတ်ကျင်းဒေသခံ ဦးအေးသိန်းက မန္တလေးမှာ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ဦးအေးသိန်းက ဝန်ကြီး ဦးအုန်းမြင့်ကို တာဝန်ကရပ်စဲစေပြီး ဥပဒေပုဒ်မ တစ်ချို့နဲ့ပါ အရေးယူပေးဖို့ တောင်းဆိုကြောင်း အခုလို ပြောပါတယ်။
ဦးအေးသိန်းဟာ မန္တလေးမြို့ မြို့တော်ဥယျာဉ်ကနေ ဈေးချိုအထိ လမ်းလျှောက်ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမယ့် စပြီးထွက်ချိန်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေက တားဆီးခဲ့တာကြောင့် အဲဒီအတားခံရတဲ့ နေရာမှာပဲ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် သစ်ရာကောက်ရွာသားတွေက ၀န်ကြီးဦးအုန်းမြင့်ကို ဆန္ဒပြဖို့ ဖေဖော်ဝါရီလ ၉ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှာ တင်ပြရာမှာ ပယ်ချခံခဲ့ရတဲ့အတွက် သစ်ရာကောက်ရွာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
အစိုးရနဲ့ ပြည်သူအကြား နားလည်မှုတွေ လွဲနိုင်တာကြောင့် ခွင့်မပြုတာလို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောကြောင်း သစ်ရာကောက်ဒေသခံတစ်ဦးဖြစ်သူ ကိုကျော်သူထွန်းက ပြောပါတယ်။
ဒေသခံတွေဟာ ၀န်ကြီး ဦးအုန်းမြင့်ကို ဒီလထဲမှာ ဆန္ဒပြခွင့်ရရေးအတွက် ထပ်မံ တင်ပြသွားမယ်လို့လည်း ပြောပါတယ်။
RFA Burmese
မကွေးတိုင်း၊ မကွေးမြို့နယ်၊ သစ်ရာကောက် ရွာသားတွေကို ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့် ပြောဆိုခဲ့တဲ့ အပေါ် ၀န်ကြီးကိုရာထူးက ရပ်စဲပေးဖို့ သပိတ်ကျင်းဒေသခံ ဦးအေးသိန်းက မန္တလေးမှာ ဒီနေ့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်များ ထပ်မံသတိပေးခံရ
Photo: ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်များ ထပ်မံသတိပေးခံရ
Monday, February 17, 2014
ပဲခူးတိုင်းဒေသကြီး အလံနီကျေးရွာက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ လှည်းကူးမြို့နယ်၊ သမီးလေးကျေးရွာက ဒုက္ခသည် အိမ်ထောင်စု ၁၄၀ နီးပါး ဖယ်ရှားပေးဖို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က သတိပေးလိုက်ပါတယ်။
ရှေ့လာမယ့် မတ်လ ကလေးတွေ စာမေးပွဲပြီးဆုံးမှ ပြောင်းရွှေ့ခွင့်ပေးဖို့ အောင်သိဒ္ဓိ ကျောင်းတိုက်ဆရာတော် ဦးအဂ္ဂဓမ္မက တိုင်းဒေသကြီး အစိုးရဆီ မေတ္တာရပ်ခံစာ ပေးပို့ထားတယ်လို့ အဲဒီဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ကိုဝင်းစိုးက ပြောပါတယ်။
“အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းကနေပြီးတော့ မနေ့က နောက်ဆုံးထားပြောင်းပေးဖို့ စာတွေလာကမ်းထားတယ်၊ ကျနော်တို့က ပြောင်းစရာနေရာလည်း မရှိတဲ့အတွက် ကျတော်တို့ ဘုန်းကြီးကျောင်းမှာပဲ ဆက်နေတယ်၊ မနေ့က အောင်သိဒ္ဓိ ဆရာတော်က ကျောင်းသားလေးတွေရဲ့ ပညာရေးကို ရှေ့ရှုပြီးတော့ပေါ့နော် ဒုက္ခသည်တွေကို နေခွင့်ပြုဖို့ သနားခံစာ သွားတင်ထားတယ်”
လှည်းကူးမြို့နယ် သမီးလေးကျေးရွာမှာ နေထိုင်သူတွေကို တပ်ပိုင်မြေနေရာနဲ့ မလွတ်ကင်းလို့ဆိုပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက် အာရုံတက်ချိန်လောက်မှာ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ စည်ပင်က အဲဒီရွာက အိမ်ခြေ ၄၀၀ နီးပါးလောက်ကို ၀င်ရောက်ဖျက်ဆီးခဲ့ပြီး အဲဒီရွာက ပြောင်းရွှေ့သူတွေဟာ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတာပါ။
မနေ့ကတုန်းက အဲဒီဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဗိုလ်မှူးဆန်းအောင်က လာရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီဒုက္ခသည်တွေကို ကရင်ပြည်နယ်ခေါ်သွားဖို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းထံ တင်ပြရာမှာ ၀န်ကြီး ဦးအောင်မင်းက လက်မခံပဲ ပြန်လည်နေရာချပေးနိုင်ရေးအတွက် စဉ်းစားပေးမယ်လို့ပြောကြောင်း ကျောင်းတိုက်ဆရာတော်က မိန့်ပါတယ်။
RFA Burmese
ပဲခူးတိုင်းဒေသကြီး အလံနီကျေးရွာက အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ လှည်းကူးမြို့နယ်၊ သမီးလေးကျေးရွာက ဒုက္ခသည် အိမ်ထောင်စု ၁၄၀ နီးပါး ဖယ်ရှားပေးဖို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က သတိပေးလိုက်ပါတယ်။
စစ်တွေမြို့ ဘောလုံးကွင်းဓမ္မာရုံပြိုကျ၍ တစ်ဦးသေ၊ လေးဦးဒဏ်ရာရ
Photo: စစ်တွေမြို့ ဘောလုံးကွင်းဓမ္မာရုံပြိုကျ၍ တစ်ဦးသေ၊ လေးဦးဒဏ်ရာရ
Monday, February 17, 2014
သေဆုံးသူမှာ ဦးကျော်အေး (၅၃) နှစ် (ဘ) ယောင်သာအောင် ကန်တော်ကြီးရပ်ကွက် ဖြစ်ကြောင်း အမှတ် (၁) ရဲစခန်းမှ  ဒုရဲအုပ်ဝင်းငြိမ်းနိုင်က အတည်ပြု ပြောကြားသည်။
“ ပွဲချင်းပီး သေတာက ဦးကျော်အေး (၅၃) နှစ်၊ ဒဏ်ရာရသူတွေက   မောင်စိုးစိုး(၂၂)နှစ်၊ မောင်ကျော်လှိုင် (၁၈)နှစ်၊  ကျော်လှသိန်း (၃၂)နှစ်နဲ့ ခင်ခင်မောင်အသက်(၂၄)နှစ် တို့ ဖြစ်ကြပါတယ်” ဟု သူက ဆိုသည်။
ယနေ့နံနက် ၉ နာရီကျော်ခန့်တွင် ဘော်လုံးရပ်ကွက် ဓမ္မာရုံ တိုးချဲ့ဆောင်အား တည်ဆောက်နေစဉ် ပြိုကျရာမှ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ဒဏ်ရာရသူ (၄) ဦးထဲမှ မောင်ကျော်လိုင်မှာ သေဆုံးသွားသူ ဦးကျော်အေး၏ သားဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရသူ (၄) ဦးစလုံးကို စစ်တွေဆေးရုံကြီးတွင် တင်ထားရပြီး မောင်စိုးစိုးအား ခွဲစိတ်ဆောင်တွင် အတွင်းလူနာ အဖြစ်၎င်း၊ မောင်ကျော်လိုင်အား အရိုးဆောင်တွင်၎င်း တင်ထားရပြီး   ကျော်လှသိန်းနှင့် ခင်ခင်မောင်တို့အား ပြင်ပလူုနာအဖြစ် ဆေးကုသနေရကြောင်း စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး တာဝန်ကျ ဆရာဝန် တစ်ဦးက ပြောသည်။
နိရဉ္စရာ
အခြေခံဥပဒေပြင်ဆင်ရေး သံလျင်မှာဆန္ဒပြ
Photo: အခြေခံဥပဒေပြင်ဆင်ရေး သံလျင်မှာဆန္ဒပြ
Monday, February 17, 2014
မြန်မာနိုင်ငံမှာ အချေအတင် ပြောစရာတွေနဲ့ ကြုံနေရတဲ့ အခြေခံဥပဒေကို အမြန်ဆုံး ပြင်ဆင်နိုင်ရေး ဖိအားပေးတဲ့အနေနဲ့ တနင်္ဂနွေနေ့က ရန်ကုန်မြို့ တဖက်ကမ်း သံလျင်မြို့နယ်ထဲမှာ တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြခဲ့ကြပါတယ်။ အဓိက နိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေ၊ ကျောင်းသားလူငယ်တွေ အပါအ၀င် ဆန္ဒပြရာမှာတော့ မြို့ခံတွေကလည်း အားပေးခဲ့ကြတဲ့အကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
မြန်မာနို်င်ငံမှာ နာဂစ်မုန်တိုင်းဖြစ်တဲ့အချိန်မှာအတည်ပြုရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို ပြင်ဆင်ရေးနဲ့ အများပြည်သူ လက်မခံတဲ့ပုဒ်မတွေကို ပြင်ဆင်ပေးဖို့ သန်လျင်မြို့မှာ ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြခေါင်းဆောင်သူတဦးဖြစ်တဲ့  ဗကသများအဖွဲချုပ် ရန်ကုန်တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂက  ကိုအောင်ကျော်မင်းက သူတို့ တောင်းဆိုချက်တွေကို အခုလို ပြောပါတယ်။
“ကြွေးကြော်သံသုံးခုနဲ့ပြတယ်ပေါ့နော်၊ ပထမတစ်ခုကြွေးကြော်သံတစ်ခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမြန်ဆုံး ပြင်ဆင်ရေးနဲ့ နောက်တစ်ခုက အများပြည်သူ သဘောမတူတဲ့ ပုဒ်မ မှန်သမျှကို အကုန်လုံးပြင်ဆင်ရေး-ပေါ့နော်၊ နောက်တစ်ခုက ဘာလဲဆိုတော့ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဆိုပြီးတော့ ကြွေးကြော်သံသုံးခုနဲ့ ကြွေးကြော်ဆန္ဒပြခဲ့တာပေါ့နော်။ ကျနော်တို့ သံလျင်မြို့နယ်၊ ကျိုက်ဒေးယုံဘုရားဝန်းနားမှာရှိတဲ့ လွတ်လပ်ရေးကျောက်တိုင်ကနေပြီးတော့ ကျနော်တို့ စထွက်တယ်။ သံလျင်ဈေးကို အရင်သွားတယ်။ ပြီးတော့ နာရီစင်၊ ထွေ/အုပ်ရုံးသွားတယ်။ နောက်ပြီးတော့ ပြီးတော့ မယကရုံးရှေ့သွားတယ်။ ရုံးတော်တော်များများရှေ့မှာ ရပ်ပြီးတော့ ကျနော်တို့ စကားတွေပြောတယ်။ နောက်ပြီးတော့ တမြို့လုံးကိုပတ်ပြီးတော့ စထွက်တဲ့ သံလျင်လွတ်လပ်ရေးကျောက်တိုင်ကိုပဲ ကျနော်တို့ပြန်ရောက်မှ လူစုခွဲလိုက်တာပေါ့ခင်ဗျာ။”
သန်လျင်မြို့ခံလူထုကလည်း ဆန္ဒပြပွဲကို လိုက်လံအားပေး ကြည့်ရှုကြတယ်လို့ ဆိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ ဥပဒေရှုဒေါင့်က ကြည့်မယ်ဆိုရင် ပြင်ဆင်ဖို့ခက်ခဲကြောင်း၊ ခက်ခဲအောင်လည်း လုပ်ထားကြောင်း ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံရဲ့အားနည်းချက်က အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးပေါ့။ ဒီဒေါက်တိုင်တွေရဲ့အားနည်းချက်တွေ ဒီဖွဲ့စည်းပုံထဲမှာလည်းရှိနေတာပေါ့။ ဒီဖွဲ့စည်းပုံကို ဟိုနေရာလေးကွက်ပြင်လိုက်၊ ဒီနေရာလေး ကွက်ပြင်လိုက်ရုံနဲ့တော့ မလုံလောက်ဘူးလို့ တချို့ပြည်သူလူထုကတော့ အဲလိုလက်ခံတာပေါ့နော်။ သူပေးထားတာကတော့ အခန်း ၁၂ မှာက ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်တယ်ဆိုတဲ့ အနေအထားမျိုးကို စပေးထားတယ်။ ဒါပေမယ့် အဲဒါက လူထုနည်းနဲ့ ပြင်ဆင်မလားဆိုတဲ့ ဥစ္စာကျတော့လည်း သူက မဟုတ်ဘူး။ ဒီ ပြည်ထောင်စုလွှတ်တော်ထဲမှာပဲ ဒီဖွဲ့စည်းပုံဥပဒေမူကြမ်းကို တင်သွင်းရမယ်။ အဲဒီဖွဲ့စည်းပုံကို ပြည်ထောင်စုလွှတ်တော်ကိုတင်သွင်းတဲ့အခါမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၀ % ကနေ တင်ပြလာမှ တင်ဖို့ ဥပဒေမူကြမ်းကို လက်ခံ ဆွေးနွေးမယ်ဆိုတဲ့အဆင့်လောက်ပဲ ထားတာဗျ။ အဲဒီတော့ ဒီဖွဲ့စည်းပုံကို ကြည့်လို့ရှိရင် အင်မတန်မှခက်ခဲအောင်၊ ပြင်လို့မရအောင် လုပ်ထားတယ်ပေါ့နော။ ဒီနေ့ အာဏာရပါတီ အစိုးရနဲ့ တပ်မတော် ၂၅ % နဲ့ တွဲညှိထားတယ်ဆိုရင်တော့ ပြင်ဖို့ဆိုတာက အင်မတန်မှ ခက်ခဲတဲ့အနေအထားတွေရှိတယ်။”
မြန်မာနိုင်ငံမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်တဲ့ ကန့်သတ်ချက် ပုဒ်မတွေ ပါတဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ တောင်းဆိုမှုတွေ၊ ဆန္ဒပြမှုတွေ ရှိသလို အဲဒီ ပုဒ်မတွေဟာ လူတစ်ဦးတစ်ယောက်အတွက် မပြင်ဆင်သင့်ဘူးဆိုပြီး မပြင်ဆင်ဖို့အတွက် ထောက်ခံတဲ့ဆန္ဒပြပွဲတွေလည်း ရှိနေတာပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တိုင်းနဲ့ပြည်နယ် မြို့နယ်တချို့မှာ လူထုအစည်းအဝေးတွေလုပ်ပြီး တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
VOA
မြန်မာနိုင်ငံမှာ အချေအတင် ပြောစရာတွေနဲ့ ကြုံနေရတဲ့ အခြေခံဥပဒေကို အမြန်ဆုံး ပြင်ဆင်နိုင်ရေး ဖိအားပေးတဲ့အနေနဲ့ တနင်္ဂနွေနေ့က ရန်ကုန်မြို့ တဖက်ကမ်း သံလျင်မြို့နယ်ထဲမှာ တက်ကြွလှုပ် ရှားသူတွေ ဆန္ဒပြခဲ့ကြပါတယ်။ အဓိက နိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တွေ၊ ကျောင်းသားလူငယ်တွေ အပါအ၀င် ဆန္ဒပြရာမှာတော့ မြို့ခံတွေကလည်း အားပေးခဲ့ကြတဲ့ အကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ကုလ အထူးကိုယ်စားလှယ် ကချင် စစ်ဒုက္ခသည်စခန်း သွားကြည့်
Photo: ကုလ အထူးကိုယ်စားလှယ် ကချင် စစ်ဒုက္ခသည်စခန်း သွားကြည့်
Monday, February 17, 2014
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Tomas Quintana ဟာ အစိုးရနဲ့ ကေအိုင်အိုတို့ နှစ်ဖက်သဘောတူ ခွင့်ပြုချက်နဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ အနီးတ၀ိုက်က စစ်ဘေးဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။
လိုင်ဇာခရီးစဉ်နဲ့ ပတ်သက်ပြီး ကင်တားနားက မြစ်ကြီးနားမြို့က မထွက်ခွာခင် သတင်းထောက်တွေကို တွေ့ဆုံရာမှာ “လိုင်ဇာကို လည်ပတ်ခွင့်ရတာဟာ အထူးအရေးကြီးပါတယ်။ ကချင်ပြည်နယ်ဟာ နှစ်ပေါင်းများစွာ စစ်ဘေးကျရောက်ခဲ့တဲ့ ပြည်နယ်ဖြစ်သလို စစ်ဘေးဒုက္ခသည်တွေရဲ့ လက်ရှိအခြေအနေနဲ့ သူတို့ဖက်က ပြောဆိုလိုတဲ့ အခြေအနေတွေကိုလည်း သိရှိလိုပါတယ်။ အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်စလုံးက လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေ မဖြစ်တော့အောင် ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေ ဆက်မဖြစ်ဖို့ဟာ အရေးကြီးပါတယ် “ လို့ ရှင်းပြခဲ့ပါတယ်။
မြစ်ကြီးနားမြို့မှာ လူ့အခွင်အရေး အထူးကိုယ်စားလှယ်ဟာ ကချင်ပြည်နယ်အစိုးရအပြင် ကေအိုင်အို နည်းပညာအကြံပေး အလုပ်အဖွဲ့ရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်နဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေ အခြေအနေနဲ့ ပတ်သက်ပြီး အဓိကထား ဆွေးနွေးခဲ့တယ်လို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက RFA ကို ပြောပါတယ်။
“ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တိုးတက်လာမှု အခြေအနေကြောင့် အစိုးရအဖွဲ့ရဲ့ လက်လှမ်းမီတဲ့နေရာအပြင် ကျန်တဲ့လိုင်ဇာက ဒုက္ခသည်စခန်းတွေကိုလည်းပဲ UN အဖွဲ့၊ INGO အဖွဲ့နဲ့ အကောင်းဆုံး ပူးပေါင်းဆောင်ရွက်နေတယ်၊ အခုလည်းပဲ ထောက်ပံ့နေပါတယ်၊ ကချင်ပြည်နယ်အတွင်းမှာလည်း IDP Camp တွေကို အကုန်လုံးကနေပြီးတော့မှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေတဲ့အတွက်ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နေအိမ်အဆောက်အဦး စသဖြင့်ပေါ့လေ ဒါတွေအားလုံးကို အကောင်းဆုံးအနေအထားမျိုးနဲ့ ဆောင်ရွက်နိုင်တယ် ဆိုတာကိုလည်း ပြောပြပါတယ်၊ ဒါလည်း သူကလက်ခံပါတယ်”
မစ္စတာကင်တာနားဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၁၃ ရက်ကနေ့က စတင်ပြီး လာမယ့် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့အထိ သီတင်းတစ်ပတ်ကြာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး တိုးတက်ပြောင်းလဲမှု အခြေအနေကို လေ့လာနေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်တွေက ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောမြို့နယ်တွေမှာ သွားရောက်လေ့လာခဲ့သလို ရန်ကုန်တိုင်းဒေသကြီးအတွင်းက သီလဝါ အထူးစီးပွားရေးဇုန်ကို သွားရောက်လေ့လာခဲ့ပါတယ်။
RFA Burmese
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Tomas Quintana ဟာ အစိုးရနဲ့ ကေအိုင်အိုတို့ နှစ်ဖက်သဘောတူ ခွင့်ပြုချက်နဲ့ ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့ အနီးတ၀ိုက်က စစ်ဘေးဒုက္ခသည်စခန်းတွေကို ဒီနေ့ သွားရောက်လေ့လာခွင့်ရခဲ့ပါတယ်။
ဒုချီးရားတန်းအရေး စုံစမ်းစစ်ဆေးမှုကို ကျွမ်းကျင်သူများ၏ အကူအညီဖြင့် စတင်နေပြီး အစီရင်ခံစာကို သမ္မတထံသို့ တိုက်ရိုက်တင်သွင်းမည်
ဇန်န၀ါရီ ၁၃ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ခရေမြိုင်ရဲကင်းမှ လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးခဲ့သည့် ဒုချီးရားတန်းရွာ အရေးကိစ္စဖြစ်စဉ် ဖြစ်ရပ်အမှန် ပေါ်ပေါက်အောင် စစ်ဆေးရန် ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် မူခင်းဆေးပညာနှင့် တရားဥပဒေ ဆိုင်ရာ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ယခုလ ဖေဖော်ဝါရီ ၂၀ ရက်အထိ စုံစမ်းစစ်ဆေး မှု ပြုလုပ်ကာ အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ တိုက်ရိုက်တင်သွင်းသွားမည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူမှသာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ရမည်ဟူသည့် ပုဒ်မ ၄၃၆ ကို ပြုပြင်ပြောင်းလဲနိုင်ရန် ပူးပေါင်းဆောင်ရွက်မည်ဟု NLD နှင့် ၈၈ မျိုးဆက်တို့ ပူးတွဲကြေညာ
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်အဖွဲ့မှ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ-၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
ရန်ကုန်တိုင်းအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ငါးကြိမ်မြောက် ဆန္ဒပြမှုအဖြစ် သန်လျင်မြို့နယ်၌ ဒေသခံ ၃၀၀ ကျော်မှ ဆန္ဒပြ
Photo: ရန်ကုန်တိုင်းအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ငါးကြိမ်မြောက် ဆန္ဒပြမှုအဖြစ် သန်လျင်မြို့နယ်၌ ဒေသခံ ၃၀၀ ကျော်မှ ဆန္ဒပြ
Monday, February 17, 2014
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ-၅၉(စ)၊ ပုဒ်မ -၅၉(ဃ) ပြင်ဆင်ရေးဆွဲရေးအတွက် ရန်ကုန်တိုင်းသေကြီးတွင် ငါးကြိမ်မြောက် ဆန္ဒပြမှုကို သန်လျင်မြို့နယ်၌ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ဆန္ဒပြမှုကို သန်လျင်မြို့နယ်နေ ပြည်သူများနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ၃၀၀ ၀န်းကျင်တို့မှ တရားဝင်ခွင့်ပြုချက်ဖြင့် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အမြန်ဆုံးပြင်ဆင်ပေးရေး”၊ နိုင်ငံသားတိုင်း သမ္မတဖြစ်ခွင့်ကို ကန့်သတ်ထားသော “ပုဒ်မ-၅၉(စ)(ဃ)” အလိုမရှိ၊ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ အမြန်ဆုံးလုပ်ဆောင်ပေး စသည့်စာသားများ ရေးဆွဲထားသော ဆိုင်းဘုတ်များကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။
“ပြည်သူတွေရဲ့ဆန္ဒအစစ်အမှန်တွေ မပါပဲ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့အတွက် လူထုဆန္ဒပြ တောင်းဆိုမှုကို တရားဝင်ခွင့်ပြုချက်နဲ့လုပ်တယ်။ ဒါ့ပြင် ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အတူ ဖြစ်ပေါ်လာတဲ့ မတရားတဲ့ ပုဒ်မတွေကိုလည်း အစိုးရအနေနဲ့သော် လည်းကောင်း၊ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းအနေနဲ့သော် လည်းကောင်း ပယ်ဖျက်ပေးဖို့ တာဝန်ရှိပါတယ်။ ပြည်သူရွေးချယ်တင်မြောက်ထားတဲ့ အစိုးရဆိုရင် ပြည်သူတွေရဲ့ဆန္ဒ၊ ပြည်သူတွေပေးတဲ့ တာဝန်ကို လုပ်ဆောင်ရမှာပါ” ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူဖြစ်သည့် ကိုညီညီဦးက ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားခဲ့သည်။    
ယင်းကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ-၅၉(စ)၊ပုဒ်မ-၅၉(ဃ) ပြင်ဆင်ရေးဆွဲပေးရေးအတွက် အစိုးရသို့ ဆန္ဒပြတောင်းဆိုမှုကို ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တံတားမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ လှိုင်သာယာမြို့နယ်နှင့် အလုံမြို့နယ်တို့တွင်လည်း သက်ဆိုင်ရာဒေသခံများက ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလတို့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။  
Eleven Media Group
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုသူများကို တွေ့ရစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုသူများကို တွေ့ရစဉ်
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ-၅၉(စ)၊ ပုဒ်မ -၅၉(ဃ) ပြင်ဆင်ရေးဆွဲရေးအတွက် ရန်ကုန်တိုင်းသေကြီးတွင် ငါးကြိမ်မြောက် ဆန္ဒပြမှုကို သန်လျင်မြို့နယ်၌ ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်။
စတော့အိတ်ချိန်း စာရင်းဝင်လိုသည့် အများပိုင်ကုမ္ပဏီများ Myanmar Securities Exchange Centre တွင် လာရောက်တိုင်ပင်နိုင်
Photo: စတော့အိတ်ချိန်း စာရင်းဝင်လိုသည့် အများပိုင်ကုမ္ပဏီများ Myanmar Securities Exchange Centre တွင် လာရောက်တိုင်ပင်နိုင်
Monday, February 17, 2014
၂ဝ၁၅ ခုနှစ်တွင် စတော့အိတ်ချိန်း၌ စာရင်းဝင်ဖြစ်လိုသည့် အများပိုင် ကုမ္ပဏီများသည် Myanmar Securities Exchange Centre Co.,ltd(MSEC)တွင် လာရောက်တိုင်ပင်နိုင်ကြောင်း Daiwa Institute of  Research မှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ ရှိဂဲတိုကာရှီဝါဇာကီက ပြောသည်။
“လက်ရှိမြန်မာနိုင်ငံမှာ Securities ကုမ္ပဏီဆိုလို့ MSEC တစ်ခုပဲ ရှိပါသေးတယ်။ ဒီလို Securities ကုမ္ပဏီတွေအများကြီး ပေါ်ပေါက်လာရေးကလည်း အရေးပါပါတယ်” ဟု ၎င်းကဆိုသည်။
အဆိုပါ Securities ကုမ္ပဏီများမှာ စတော့အိတ်ချိန်းနှင့် ရင်းနှီးမြှုပ်နှံသူ အကြားတွင် ကြားခံပွဲစား ကုမ္ပဏီအဖြစ် လုပ်ဆောင်သွားမည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း ပေါ်ပေါက်လာပါက နိုင်ငံစီးပွားရေး ဖွံ့ဖြိုးမှုအတွက် များစွာအရေးပါလာမည်ဖြစ်ကြောင်း သိရသည်။
“ရင်းနှီးမြှုပ်နှံမယ့် သူတွေက ရှယ်ယာတွေကို Securities ကုမ္ပဏီတွေကတစ်ဆင့် ဝယ်ပေမယ့် အချိန်မရွေး ပြန်ပြီးရောင်းတာ၊ ဝယ်တာလုပ်နိုင်လို့ ငွေဖြစ်လွယ်တဲ့ဈေးကွက် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။
ရန်ကုန်စတော့အိတ်ချိန်း စတင်ချိန်တွင် ကုမ္ပဏီများမှ ထုတ်ဝေသည့် ရှယ်ယာများကို ဦးစွာရောင်းချမည် ဖြစ်သော်လည်း အနာဂတ်တွင် အခြားငွေကြေးသက်သေခံ လက်မှတ်များကိုပါ ရောင်းချနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ရန် အများပိုင် ကုမ္ပဏီတစ်ခုအတွက် သတ်မှတ်ချက်များတွင် ကုမ္ပဏီပိုင်ရှင်က အနည်းဆုံး ရှယ်ယာ ၁ဝ ရာခိုင်နှုန်း ပြည်သူကို ရောင်းချရန်လိုအပ်ပြီး ရှယ်ယာရှင်အနည်းဆုံး ၁ဝဝ ဦးရှိရမည်ဟု ယာယီသတ်မှတ်ထားကြောင်း Japan Exchange Group, inc မှ မစ္စတာမာဆာဟီရိုတာကာဒါက ပြောကြားသည်။
Eleven Media Group
ဂျပန်ပညာရှင် မစ္စတာတာကာဒါက ရှင်းလင်းပြောကြားနေစဉ်
ဂျပန်ပညာရှင် မစ္စတာတာကာဒါက ရှင်းလင်းပြောကြားနေစဉ်
၂ဝ၁၅ ခုနှစ်တွင် စတော့အိတ်ချိန်း၌ စာရင်းဝင်ဖြစ်လိုသည့် အများပိုင် ကုမ္ပဏီများသည် Myanmar Securities Exchange Centre Co.,ltd(MSEC)တွင် လာရောက်တိုင်ပင်နိုင်ကြောင်း Daiwa Institute of  Research မှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ ရှိဂဲတိုကာရှီဝါဇာကီက ပြောသည်။
အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးသည့် ပြည်န၀ဒေးတံတားအောက် လူသတ်မှုဖြစ်စဉ်အား မြန်မာနိုင်ငံ လူ့အခွင့်ရေးအခြေနေ အစီရင်ခံစာတွင် ထည့်သွင်းရေးသားသွားမည်
တစ်နှစ်နီးပါး ကြာမြင့်နေပြီ ဖြစ်သော်လည်း အမှုမှန်ပေါ်ပေါက်ခြင်း မရှိသေးသည့် ပြည်မြို့၊ န၀ဒေး တံတားအောက် လူသတ်လုယက်မှု ဖြစ်စဉ်အား ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီသို့ ရေးသားတင်သွင်း မည့် မြန်မာနိုင်ငံ လူ့အခွင့်ရေး အခြေအနေ အစီရင်ခံစာတွင် ထည့်သွင်းရေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း သွားရောက်တွေဆုံခဲ့သူများက ပြောကြားခဲ့သည်။