Saturday, December 13, 2014

မနောပွဲဆက်ကျင်းပမည်ဟု ကန့်ကွက်သူများကို ပြည်နယ် အစိုးရပြော

Photo: မနောပွဲဆက်ကျင်းပမည်ဟု ကန့်ကွက်သူများကို ပြည်နယ် အစိုးရပြော
Saturday, December 13, 2014

ကချင်ပြည်နယ်အစိုးရက ကျင်းပဖို့ စီစဉ်ထားတဲ့ မနောပွဲကို ဆက်ကျင်းပသွားမယ်လို့ ကန့်ကွက်တဲ့သူတွေနဲ့ တွေ့ဆုံရာမှာ ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုတယ်လို့ ကန်ကွက်တဲ့သူတွေက ပြောပါတယ်။

Myitkyina-Burma-Kachin-pe-018ဇန်န၀ါရီ ၅-၁၁ နေ့ အထိ မြစ်ကြီးနားမှာ ကချင်ပြည်နယ်နေ့နဲ့အတူ မနောပွဲ ကျင်းပဖို့ အစိုးရက စီစဉ်နေပေမယ့် မနောပွဲကို မကျင်းပဖို့ လူ ၈၀၀၀ ကျော် လတ်မှတ်ရေးထိုးထားတဲ့ စာကို ပြည်နယ်ဝန်ကြီးချုပ်ထံ နိုဝင်ဘာ ၂၈ ရက်နေ့က ပေးပို့ခဲ့ပါတယ်။

ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ကန့်ကွက်တဲ့သူတွေကို ပြည်နယ် အစိုးရအဖွဲ့ မနောပွဲ ဖြစ်မြောက်ရေး အဖွဲ့တွေက တွေ့ဆုံခဲ့ပြီး မနောပွဲကို ဆက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောဆိုတဲ့အကြောင်း လတ်မှတ်ရေးထိုးရာမှာ ဦးဆောင် လှုပ်ရှားသူ ဦးဂွမ်ဂျာနော်က ပြောပါတယ်။

“သူတို့က ဆက်ပြီးကျင်းပမယ်လို့ ပြောပါတယ်၊ ဘာလိုလဲဆိုတော့ ဖိတ်စာတွေလည်း အားလုံးဝေပြီးပြီ၊ သံရုံးတွေလည်း အားလုံးဖိတ်ပြီးပြီနောက် ရပ်ဝေးက ဆွေးမျိုးတွေလို့ ပြောတာပဲ ဘယ်သူကို အတိအကျပြောမှန်းမသိပါဘူး၊ ဒါတွေကိုလည်း အားလုံး ဖိတ်ပြီးပြီး ပြောတယ်” လို့ ဦးဂွမ်ဂျာနော်က ပြောပါတယ်။

ဒီပြည်နယ်နေ့နဲ့ မနောပွဲကျင်းပတာဟာ ပြည်ထောင်စု အစိုးရက တိုက်တွန်းမှုမပါဘဲ ပြည်နယ်အစိုးရက ဦးစီးမှုအောက်မှာ ရှိတယ်ဆိုတဲ့အကြောင်း ပြောသွားတယ်လို့ သူက ပြောပါတယ်။

မနောပွဲကို ကန့်ကွက်တဲ့အကြောင်းနဲ့ အရင်က ပေးထားတဲ့အိတ်ဖွင့်ပေးစာပါ ကချင်ပြည်နယ်မှာ မတည်ငြိမ်တဲ့အတွက် မနောပွဲကျင်းပဖို့ မသင့်သေးတဲ့အကြောင်း တင်ပြခဲ့တယ်လို့ ဦးဂွမ်ဂျာနော်က ပြောပါတယ်။

ကချင်ပြည်နယ် မနောပွဲကို ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ နောက်ဆုံးကျင်းပခဲ့တာ ဖြစ်ပြီး မြစ်ကြီးနားမှာ မနောပွဲကို ပြန်ကျင်းပနိုင်ဖို့ အတွက် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

DVB
ကချင်ပြည်နယ်အစိုးရက ကျင်းပဖို့ စီစဉ်ထားတဲ့ မနောပွဲကို ဆက်ကျင်းပသွားမယ်လို့ ကန့်ကွက်တဲ့သူတွေနဲ့ တွေ့ဆုံရာမှာ ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုတယ်လို့ ကန်ကွက်တဲ့သူတွေက ပြောပါတယ်။

လက်ပံတောင်း ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့၊ သေနတ် ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာရ


Photo: လက်ပံတောင်း ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့၊ သေနတ် ပစ်ခတ်မှုကြောင့် နှစ်ဦးဒဏ်ရာရ
Saturday, December 13, 2014

လက်ပံတောင်းဒေသမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီကနေ့ နံနက်ပိုင်းက ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ အမျိုးသားနှစ်ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

လယ်ယာမြေလျော်ကြေး မယူထားတဲ့ လိပ်ခွံတောင်ကျေးရွာ အရှေ့ဘက် ခြံစည်းရိုးကာရံမယ့် နေရာသို့ ဒေသခံတွေက ဒီနေ့နံနက် ရှစ်နာရီဝန်းကျင်မှာ သွားရောက် တားဆီးရာကနေ ရဲတပ်ဖွဲ့နဲ့ အခြေအတင် ဖြစ်ခဲ့ကြပါတယ်။

အပြန်အလှန် လောက်လေးခွတွေနဲ့ ပစ်ခတ်ခဲ့ရာကနေ ပဋိပက္ခ စတင်ခဲ့တာဖြစ်တယ်လို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဒေသခံတစ်ဦးက ပြောပါတယ်။

ထိပ်တိုက်တွေ့ဆုံမှုမှာ မိုးကြိုးပြင်မြောက်ရွာ၊ မိုးကြိုးပြင်တောင်ရွာ၊ မိုးကြိုးပြင်အရှေ့ရွာနဲ့ ဆည်တည်းကျေး ရွာတွေက ဒေသခံတစ်ရာကျော် ပါဝင်ပြီး ရဲတပ်ဖွဲ့ဝင် အင်အား၂၀၀ ကနေ ၃၀၀ ကြားမှာရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အဖွဲ့တွေ ပြန်မရောက်သေးတာကြောင့် ဖြစ်စဉ် အသေးစိတ်ကို မသိရသေးဘူးလို့ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေထွန်းက ဒီနေ့ မွန်းလွဲ တစ်နာရီဝန်းကျင်မှာ The Voice သို့ ပြောဆိုပါတယ်။

ဒဏ်ရာရရှိသူတွေဖြစ်တဲ့ မိုးကြိုးပြင် အရှေ့ရွာက ဦးဇော်ထွန်းမှာ လက်မောင်းကို သေနတ်ထိမှန်ခဲ့တာ ဖြစ်ပြီး ဦးပေါဌေးဆိုသူမှာတော့ ပေါင်မှာ ဒဏ်ရာရရှိခဲ့တာလို့ မိုးကြိုးပြင် အရှေ့ရွာမှ ဦးသန်းထွန်းက ပြောပါတယ်။

The Voice Weekly
လက်ပံတောင်းဒေသမှာ ဒေသခံတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဒီကနေ့ နံနက်ပိုင်းက ပဋိပက္ခဖြစ်ပွားခဲ့ပြီး ရဲတပ် ဖွဲ့က သေနတ်နဲ့ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

ထိုင်းအိမ်ရှေ့မင်းသား၏ ကြင်ရာတော် တော်ဝင်အသိုက်အဝန်းမှ ဖယ်ရှားခံရ

Photo: ထိုင်းအိမ်ရှေ့မင်းသား၏ ကြင်ရာတော် တော်ဝင်အသိုက်အဝန်းမှ ဖယ်ရှားခံရ
Saturday, December 13, 2014

ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်းသား၏ ကြင်ရာတော်သည် တော်ဝင်မိသားစု အသိုက်အဝန်းမှ ဖယ်ရှားခံလိုက်ရကြောင်း သတင်းရရှိသည်။
 
အိမ်ရှေ့မင်းသား မဟာဗာဂျာရာလွန်ကွန်၏ ကြင်ရာတော် ဆရီရက်စ်မီ မင်းသမီးသည် သူမ၏ တော်ဝင် အဆောင်အယောင်များကို ပြန်လည် အပ်နှင်းခဲ့ပြီးဖြစ်ကြောင်း ထိုင်းတော်ဝင်နန်းတော်က ကြေညာခဲ့သည်။
 
ထိုင်းနိုင်ငံ၏ သက်တော်ရှည် ဘုရင်မင်းမြတ် ဘူမိဘော အဒူလိုင်ဒက်ဂ်ျ၏ ကျန်းမာရေး အခြေအနေ ဆုတ်ယုတ် ဆိုးရွားနေကြောင်း သတင်းများ ထွက်ပေါ်နေချိန်တွင် တော်ဝင်မိသားစု၌ ယခုကဲ့သို့ အပြောင်းအလဲတစ်ရပ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
 
ဘုရင်မင်းမြတ် ဘူမိဘောက မင်းသမီး ဆရီရက်စ်မီ အနေဖြင့် သူမ၏ တော်ဝင် အဆောင်အယောင်များကို စွန့်လွှတ်ရန် ခွင့်ပြုမိန့်ကို လက်မှတ်ရေးထိုး အတည်ပြုပေးခဲ့ကြောင်း နန်းတော်က တိုတိုတောင်းတောင်း ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
 
အဆိုပါ အခြေအနေက အိမ်ရှေ့မင်းသား အနေဖြင့် ကြင်ရာတော်ကို ကွာရှင်းရန် စီစဉ်နေကြောင်း ကောလာဟလများကို ပိုမိုခိုင်မာလာစေသည်။ မင်းသမီး ဆရီရက်စ်မီ၏ ဆွေမျိုးတော်စပ်သူ (၇)ဦးတို့သည် ရဲတပ်ဖွဲ့အတွင်း ခြစားနေမှုများနှင့် ပတ်သက်သည့် အမှုတစ်ခုတွင် ပါဝင်ဆက်နွှယ်ခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိပြီးနောက် တော်ဝင် မိသားစုအတွက် သိက္ခာကျစရာ ဖြစ်ခဲ့သည်။
 
အိမ်ရှေ့မင်းသားက မိမိကြင်ရာတော်၏ တော်ဝင်ဂုဏ်ပုဒ်များကို ရုပ်သိမ်းပေးပါရန် အစိုးရထံ တောင်းဆိုခဲ့ပြီးနောက် ၎င်းတို့နှစ်ဦး၏ (၁၃)နှစ်ကြာ အိမ်ထောင်ရေးမှာ ဆုံးခန်းတိုင်ရန် အကြောင်းဖန်လာခဲ့သည်။ အိမ်ရှေ့မင်းသား ဇနီးမောင်နှံတို့သည် ၂၀၀၁ ခုနှစ်က လက်ထပ် ထိမ်းမြားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့တွင် သားတစ်ဦး ဖွားမြင်ထားသည်။
 
_Ref: Channelnewsasia
7Day DAILY
ထိုင်းနိုင်ငံ၏ အိမ်ရှေ့မင်းသား၏ ကြင်ရာတော်သည် တော်ဝင်မိသားစု အသိုက်အဝန်းမှ ဖယ်ရှားခံလိုက် ရကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်ရှိမှု ပျော်ပွဲရွှင်ပွဲဖြင့် ဂုဏ်ပြုမည်

Photo: ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်ရှိမှု ပျော်ပွဲရွှင်ပွဲဖြင့် ဂုဏ်ပြုမည်
Saturday, December 13, 2014

သဘာဝဓာတ်ငွေ့နှင့် ကမ်းလွန်ရေနံထွက်ရှိသော ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်သည့် အထိမ်းအမှတ်အဖြစ် ရိုးရာပျော်ပွဲရွှင်ပွဲများကို ပြည်နယ်အစိုးရက ကျင်းပပေးမည်ဟု ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။

သဘာဝဓာတ်ငွေ့ ပေါများစွာထွက်ရှိသော်လည်း  ပြည်နယ်အတွင်း နေထိုင်သူ တို့ကိုမူ အစိုးရက လျှပ်စစ်ဓာတ်အား လုံလောက်စွာ မဖြန့်ဖြူးနိုင်သေးပေ။

ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်မည့် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲနှင့် အတူ မဟာဓာတ်အားလိုင်း ရောက်ရှိခြင်း ဂုဏ်ပြုပွဲကို ပူးတွဲကျင်းပမည်ဖြစ်သည်။

“ဖွံ့ဖြိုးမှုအခြေခံဖြစ်တဲ့ လျှပ်စစ်မီးရတော့ အထိမ်းအမှတ်အနေနဲ့ လုပ်တာပါ” ဟု ဆိုသည်။

မဟာဓာတ်အားလိုင်းမှ ရခိုင်ပြည်နယ်သို့ သွယ်တန်းခြင်းလုပ်ငန်းများကို နိုဝင်ဘာလကုန်တွင် အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ၊ စစ်တွေမြို့ပေါ်ဒေသအချို့ လျှပ်စစ်မီးဖြန့်ဝေပေးမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် ၂၀၀၉ ခုနှစ်က ကျောက်ဖြူ သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကို တရုတ်နိုင်ငံပိုင် CNPC ကုမ္ပဏီက စတင်ခဲ့ပြီး ၂၀၁၄ ဇူလိုင်လ ကစတင်၍ တရုတ်နိုင်ငံသို့ ပို့လွှတ်လျက်ရှိသည်။

ကျောက်ဖြူ ဒေသခံ ကိုထွန်းမောင်က “ကျွန်တော်တို့ ဒေသကထွက်တဲ့ ဓာတ်ငွေ့ရဲ့အကျိုးခံစားခွင့်က ဒီထက်မကပါဘူး။ ဒါပေမယ့် ဒီလောက် လျှပ်စစ်ရဖို့တောင် ဆယ်ကြိမ်ထက် မနည်းဆန္ဒပြခဲ့ရတယ်”ဟုဆိုသည်။

ရခိုင်ပြည်နယ်တွင် သဘာဝဓာတ်ငွေ့သာမက ကမ်းလွန်ရေနံလုပ်ကွက်များ ရှိသေးသော်လည်း ဒေသခံများအနေဖြင့် ၂၀၁၄ ခုနှစ် နှောင်းပိုင်းထိ မြို့နယ်မီးလင်းရေးအဖွဲ့များ အစီအစဉ်ဖြင့် မီးစက်ကြီးများဖြင့် ဖြန့်ဝေသည့် ဓာတ်အားစနစ်ကို တစ်ယူနစ်လျင် မြန်မာ ကျပ်ငွေ ငါးရာကျပ်ဖြင့် အသုံးပြုခဲ့ရသည်။

Mizzima - News in Burmese  

ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ပို့လွှတ်ရန် တည်ထောင်ထားသည့် ကျောက်ဖြူမြို့ရှိ စက်ရုံတစ်ရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကြယ်ပြာ၊ မဇ္ဈိမ)
ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့ကို တရုတ်နိုင်ငံသို့ပို့လွှတ်ရန် တည်ထောင်ထားသည့် ကျောက်ဖြူမြို့ရှိ စက်ရုံတစ်ရုံကို တွေ့ရစဉ်။ (ဓာတ်ပုံ-ကြယ်ပြာ၊ မဇ္ဈိမ)
သဘာဝဓာတ်ငွေ့နှင့် ကမ်းလွန်ရေနံထွက်ရှိသော ရခိုင်ပြည်နယ်သို့ မဟာဓာတ်အားလိုင်း ရောက်သည့် အထိမ်းအမှတ်အဖြစ် ရိုးရာပျော်ပွဲရွှင်ပွဲများကို ပြည်နယ်အစိုးရက ကျင်းပပေးမည်ဟု ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က ပြောသည်။

ဗန်းပြဆွေးနွေးပွဲများကို အလိုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား


Photo: ဗန်းပြဆွေးနွေးပွဲများကို အလိုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Saturday, December 13, 2014 

စစ်မှန်သောဆွေးနွေးပွဲသာ အမှန်တကယ်အရေးကြီးပြီး ဗန်းပြဆွေးနွေးပွဲများကို
အလိုမရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က
ပါတီ၏ ပထမအကြိမ်ဗဟိုကော်မတီ စတုတ္ထအကြိမ်အစည်းအဝေးတွင်
ပြောကြားလိုက်သည်။

၂၀၁၃ ခုနှစ်ကတည်းက တောင်းဆိုခဲ့သော လေးပွင့်ဆိုင် ဆွေးနွေးပွဲနှင့်
လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုသော ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ
တို့ကို သူမ ထောက်ခံကြောင်း၊ သို့သော် ထိရောက်မည့် ဆွေးနွေးပွဲများကို
မဖြစ်အောင် လမ်းလွဲရန် ပြုလုပ်နေသည့် ခြေလှမ်းများကိုမူ မထောက်ခံကြောင်း
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မဟာ ၂၀၁၃ ခုနှစ်ကတည်းက လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဆိုပြီး
တောင်းဆိုခဲ့ပါတယ်။ ဘာကြောင့်လေးပွင့်ဆိုင်ကိုတောင်းဆိုခဲ့သလဲဆိုတော့
စတင်ပြီးတော့ ဆွေးနွေးတဲ့နေရာမှာ ထိရောက်ဖို့လိုပါတယ်။ ပွင့်ပွင့်လင်းလင်းနဲ့
ညှိနှိုင်းတိုင်ပင်ဖို့လိုပါတယ်။ ကျွန်မတို့က နောင်မှ အကျယ်ကျယ် လုပ်သွားချင်တာ
ဟာ အစမှာ ပွင့်ပွင့်လင်းလင်းနဲ့ မဆွေးနွေးနိုင်လို့ရှိရင်၊ နောင်ဆက်ပြီးတော့
ထိရောက်ဖို့ဆိုတာဟာ မလွယ်ပါဘူး။ ပါဝင်တဲ့သူတွေများလို့ရှိရင်၊ သဘောတရား
တွေများလို့ရှိရင်၊ ကွဲလွဲမှုတွေများလို့ရှိရင်စပြီးတော့ နားလည်မှုယူဖို့က ခက်ခဲတတ်
ပါတယ်။ ဒါကြောင့် ကျွန်မတို့က လက်တွေ့ကျကျတောင်းဆိုတာဖြစ်ပါတယ်။
ကန့်သတ်ချင်လို့မဟုတ်ပါဘူး။ အများမပါဝင်တာကို မလိုလားလို့မဟုတ်ပါဘူး။
လက်တွေ့ကျကျ ထိရောက်တဲ့ ဆွေးနွေးပွဲတွေဖြစ်စေချင်လို့ ကျွန်မတို့က
လေးပွင့်ဆိုင်ကို တောင်ဆိုတာဖြစ်ပါတယ်။ လွှတ်တော်အထဲမှာ ခြောက်ပွင့်
ဆိုတဲ့သဘောနဲ့ အဆိုပြုပြီးတော့ အားလုံးက ထောက်ခံတဲ့အပေါ်မှာလည်း
ကျွန်မတို့က ထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သဘောတရားအရ
မကွာပါဘူး။ ကျွန်မတို့တောင်းဆိုတဲ့ ဘေးပွင့်ဆိုင်ဆိုတဲ့ သဘောတရားနဲ့
လွှတ်တော်အတွင်းမှာ တောင်းဆိုတဲ့ ခြောက်ပွင့်ဆိုင်ဆိုတဲ့ သဘောတရားများ
ဟာ တူညီမှုရှိတယ်လို့မြင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့ဒါကို လက်ခံပါတယ်။
ဒါပေမဲ့ ဒီလိုထိရောက်မယ့် ဆွေးနွေးပွဲတွေကို မဖြစ်အောင်လို့ အမျိုးမျိုး လမ်းလွဲဖို့
လုပ်တဲ့ခြေလှမ်းတွေကိုတော့ ကျွန်မတို့ အားမပေးပါဘူး။ မထောက်ခံပါဘူး။” ဟု
ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးအဖွင့်တွင် ထည့်သွင်းပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံအတွက် အရေးကြီးသည်မှာ တွေ့ဆုံဆွေးနွေးရေးကို
မူအဖြစ်ချမှတ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးရေးအားဖြင့် ရရှိလာသော
အမျိုးသားရင်ကြားစေ့ရေးအားဖြင့်သာ မြန်မာနိုင်ငံကို ညီညွတ်သော၊
တိုးတက်သော၊ အေးချမ်းသာယာသော နိုင်ငံဖြစ်နိုင်မည် ဆိုသည်မှာ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်တည်ထောက်ခဲ့သော ၁၉၈၈ ခုနှစ်
ကတည်းက ပါတီ၏ ခိုင်မာသော ယုံကြည်ချက်ဖြစ်ကြောင်း ဆက်လက်
ပြောကြားသည်။

“အခုဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝင်ခြင်းအားဖြင့် အခွင့်အလမ်း
တွေ အခွင့်အရေးတွေရလာမယ်။ ကိုယ်ပိုင်အခွင့်အရေးတွေ ကောင်းမွန်လာမယ်
လို့ ထင်တဲ့သူတွေလည်းရှိပါတယ်။ ကျွန်မတို့အဖွဲ့ဝင်များဟာ ဒီမိုကရေစီ
အတွက်လုပ်နေတာ၊ နိုင်ငံအတွက်လုပ်နေတာ ဆိုတာ သဘောပေါက်ဖို့ပါတယ်။
တစ်ဦးချင်းတစ်ဦးချင်း ချမ်းသာဖို့အတွက်၊ တစ်ဦးချင်းတစ်ဦးချင်း သြဇာရှိဖို့
အတွက်၊ တစ်ဦးချင်းတစ်ဦးချင်း အာဏာရှိဖို့အတွက် လုပ်နေတာ မဟုတ်ဘူး
ဆိုတာ ကျွန်မ သတိပေးချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က
ပါတီဝင်များကို ပြောကြားခဲ့သည်။

ဗဟိုကော်မတီအစည်းအဝေးတွင် အစီရင်ခံစာတင်သွင်းခြင်းမှာ အဓိကကျသော
အလုပ်မဟုတ်ကြောင်းနှင့် အဓိကျသော အလုပ်မှာ နိစ္စဓူဝ ပြည်သူများနှင့်
ထိတွေ့ပြီး ပြည်လူထု၏ စိုးရိမ်ကြောင့်ကျမှုများ၊ လိုအပ်ချက်များ၊ မျှော်မှန်းချက်
များကို သေသေချာချာ အကောင်အထည်ဖော်ပေးနိုင်မှသာလျှင် ပြည်သူနှင့်
လက်တွဲ၍ လိုချင်သော ဒီမိုကရေစီကို ထူထောင်နိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသွားသည်။

ယနေ့ကျင်းပသော အမျိုးသားဒီမိုကရေစီအဖွဲချုပ် ပထမအကြိမ်ဗဟိုကောင်မတီ
စတုတ္ထအစည်းအဝေးကို သဘာပတိအဖြစ် ရန်ခိုင်ပြည်နယ်မှ ဦးညီပုက
ဆောင်ရွက်ပြီး ဒီဇင်ဘာ ၁၃ နှင့် ၁၄ ရက်များတွင်ကျင်းပမည်ဖြစ်ဖြစ်ကာ ပါတီ၏
ရေးရာကော်မတီများနှင့် တိုင်းသေကြီး၊ ပြည်နယ်များ၏ ဗဟိုကောင်မတီဝင်များက
အစီအရင်ခံစာများတင်သွင်းဆွေးနွေးသွားမည်ဟု သိရသည်။

သော်ဇင်စိုး
The Myanma Age
စစ်မှန်သောဆွေးနွေးပွဲသာ အမှန်တကယ်အရေးကြီးပြီး ဗန်းပြဆွေးနွေးပွဲများကို အလိုမရှိကြောင်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပါတီ၏ပထမအကြိမ်ဗဟိုကော်မတီ စတုတ္ထ အကြိမ် အစည်းအဝေးတွင် ပြောကြားလိုက်သည်။

နိုင်ငံတကာ လူ့အခွင့်အရေး နေ့တွင် မြောက်ကိုရီးယား ပြည်ပြေး လူငယ် နှစ်ဦး က နိုင်ငံအတွင်းမှ ရက်စက်မှုများကို ဖွင့်ဟ


Photo: နိုင်ငံတကာ လူ့အခွင့်အရေး နေ့တွင် မြောက်ကိုရီးယား ပြည်ပြေး လူငယ် နှစ်ဦး က နိုင်ငံအတွင်းမှ ရက်စက်မှုများကို ဖွင့်ဟ 
Saturday, December 13, 2014

ဒီဇင်ဘာ ၁၀ ရက်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် မြောက်ကိုရီးယား နိုင်ငံမှ ပြည်ပြေး လူငယ် နှစ်ဦးဖြစ်သူ ပါ့ခ်ယီအွန်မီနှင့် ဂျိုးဇက်ကင် တို့က ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် မြောက်ကိုရီးယား နိုင်ငံ အတွင်းမှ ဆိုးရွားလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်မှု များကို ဖွင့်ဟ ပြောပြ ခဲ့ကြသည်။

ပါ့ခ်ယီအွန်မီသည် ၂၀၀၇ ခုနှစ်တွင် မြောက်ကိုရီးယား နိုင်ငံမှ လွတ်မြောက်လာ ခဲ့ပြီး လက်ရှိတွင် တောင်ကိုရီးယား၌ နေထိုင်လျှက် ရှိသည်။

အသက် ၂၁ နှစ်သာ ရှိသေးသည့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ပါ့ခ်ယီအွန်မီက ၎င်းအသက် ကိုးနှစ် အရွယ်တွင်  သူငယ်ချင်း တစ်ယောက်၏ မိခင် ဖြစ်သူ သည် တရားမ၀င် ဒီဗီဒီများ ကြည့်သည့် ရာဇ၀တ်မှု အတွက် လူပုံ အလယ်တွင် ကွပ်မျက် ခံရပုံကို ၎င်း၏ ရွာတစ်ရွာလုံးအား အဓမ္မ ကြည့်ခိုင်း ခဲ့ကြောင်း ပြောကြား ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံတွင် နိုင်ငံတကာမှ ဇာတ်လမ်း၊ ရုပ်ရှင်၊ သီချင်းများကို တားမြစ်ထားခဲ့ပြီး တောင်ကိုရီးယား ဇာတ်လမ်းတွဲများလည်း အပါအ၀င် ဖြစ် သည်။

အခြား ပြည်ပြေးတစ်ဦး ဖြစ်ပြီး လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ တစ်ဦးလည်း ဖြစ်သူ ဂျိုးဇက်ကင် ကလည်း ၁၉၉၀ ပြည့်လွန် နှစ်များက နိုင်ငံအတွင်း အငတ်ဘေး ဆိုက်ချိန်တွင် ဖခင်ဖြစ်သူမှာ အငတ်ဘေးကြောင့် ပိန်ချုံးချိနဲ့စွာ သေဆုံးခဲ့ရပြီး မိသားစုဘ၀ အစိတ်စိတ် အမြွှာမြွှာ ပြိုကွဲခဲ့ရခဲ့ကြောင်း ပြောကြား ခဲ့သည်။ အဆိုပါ လူငယ် နှစ်ဦးသည် ၀ါရှင်တန်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်သော လူ့အခွင့်ရေးနေ့ အထိမ်းမှတ် အခမ်းနားတွင် မြောက်ကိုရီးယား နိုင်ငံအတွင်း ညှင်းပန်း နှိပ်စက်ခံရမှုနှင့် ငတ်မွတ် ခေါင်ပါးမှု ဒုက္ခများ အတွင်း အသက်ရှင် နေထိုင်ခဲ့ရပုံ များကို ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ပက်ခ်သည် ဟေးဆန်တွင် မွေးဖွားခဲ့သူ တစ်ဦးဖြစ်ပြီး အစိုးရ အရာရှိတစ်ဦး၏ သမီးဖြစ်သည်။ ၎င်းတို့ မိသားစုသည် တရုတ်နိုင်ငံ အနီးတွင် နေထိုင်ရသဖြင့် အခြားသူများထက် ပြင်ပကမ္ဘာနှင့် ပိုမိုထိတွေ့ ဆက်ဆံခွင့်များကို ရရှိခဲ့သည်။ ထို့ကြောင့် ပက်ခ်သည် Titanic ကဲ့သို့သော  ဟောလီးဝုဒ် ဇာတ်ကားများ အပြင် ရုရှ၊ တရုတ်နှင့် ကမ္ဘာတစ်ဝှမ်းမှ ရုပ်ရှင်ကားများကို ကြည့်ရှုခွင့် ရခဲ့ကြောင်းနှင့် ယင်းဇာတ်ကား များကြောင့် တစ်ခြား ကမ္ဘာတွင် ဖြစ်ပျက်နေပုံများကို သိရှိခဲ့ရကြောင်း၊ သူငယ်ချင်း တစ်ယောက်၏ မိခင်ဖြစ်သူသည် တားမြစ်ထားသော ဒီဗီဒီနှင့် အတူ ဖမ်းမိခဲ့ပြီး လူပုံအလယ်တွင် ကွပ်မျက်ခံခဲ့ရသည့် အချိန်က ဘ၀သည် မရေမရာ ဖြစ်ခဲ့ရကြောင်း ပါ့ခ်က ပြောကြား ခဲ့သည်။

ငတ်မွတ် ခေါင်းပါးမှု ဖြစ်ပွားခဲ့သည့် အချိန်က ဖခင် ဖြစ်သူသည် တရုတ်သို့ ကုန်စည်များ ကုန်ကူးသည့် တရားမ၀င် စီးပွားရေး လုပ်ငန်း တစ်ရပ်ကို လုပ်ကိုင် ခဲ့ခြင်းကြောင့် အသက်ရှင်ခွင့် ရခဲ့ကြောင်း ပက်ခ်က ပြောကြားသည်။ ယခုအခါ အသက် ၂၁ နှစ်အရွယ် ရှိပြီဖြစ်သည့် ပါ့ခ်က"ဈေးကွက်ဟာ အရေးပါတဲ့ အရာတစ်ခု ဆိုတာ ကျွန်မ စဉ်းစားမိတယ်။ ဒါဟာ ဆိုရင် အာဏာရှင် စနစ်ကို အကြီးမားဆုံး ခြိမ်းခြောက်မှု တစ်ခု ဖြစ်ပါတယ်"ဟု ၀ါရှင်တန်ရှိ သံတမန် ပရိသတ်များကို ပြောကြား ခဲ့သည်။

Ref: AFP
Mizzima - News in Burmese
ဒီဇင်ဘာ ၁၀ ရက်နေ့က ကျရောက်ခဲ့သည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် မြောက်ကိုရီးယား နိုင်ငံမှ ပြည်ပြေး လူငယ် နှစ်ဦးဖြစ်သူ ပါ့ခ်ယီအွန်မီနှင့် ဂျိုးဇက်ကင် တို့က ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် မြောက်ကိုရီးယား နိုင်ငံ အတွင်းမှ ဆိုးရွားလှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်မှု များကို ဖွင့်ဟ ပြောပြ ခဲ့ကြသည်။

လူ ၄၀ ကျော် သတ်ခဲ့သူက ထောင်မှလွတ်လျှင် ထပ်သတ်ဦးမည် ဟုဆို

Photo: လူ ၄၀ ကျော် သတ်ခဲ့သူက ထောင်မှလွတ်လျှင် ထပ်သတ်ဦးမည် ဟုဆို
Saturday, December 13, 2014

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုး မြို့တွင် လူသတ်မှုဖြင့် ရဲများ ဖမ်းမိထားသူ တစ်ဦးက ၎င်းသည် ပြီးခဲ့သည့် ဆယ်နှစ် အတွင်း လူပေါင်း ၄၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံလိုက်ပြီး သူ၏ အပြုအမူ အတွက် နောင်တမရဘဲ ထောင်မှ လွတ်လျှင် လူများကို ထပ်သတ် ဦးမည်ဟု ဆိုသောကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။ ဘရာဇီးတွင် သေဒဏ် မရှိသဖြင့် အဆိုပါ လူသတ်သမား မှာ ထောင်ဒဏ်သာ ကျခံရမည် ဖြစ်ပြီး သေဒဏ်ပေးခြင်းကို အသုံးပြုရမည်လားဟု မေးခွန်းများလည်း ထွက်ပေါ် လာစေ ခဲ့သည်။

မြို့ ဆင်ခြေဖုံး အရပ် တစ်နေရာတွင် ဒီဇင်ဘာ ၁၀ ရက်က အမျိုးသမီးတစ်ဦးအား ဓားဖြင့် ထိုးသတ်ခဲ့သည့် ဟိုဆေးဂရာကာ့စ်ကို ရဲများက ဖမ်းမိခဲ့ခြင်းဖြစ်သည်။ ဖမ်းခံခဲ့ရသည့် ဟိုဆေးက ၎င်းသည် အမျိုးသမီး ၃၇ ဦး၊ အမျိုးသား သုံးဦးနှင့် နှစ်နှစ်အရွယ် မိန်းကလေးတစ်ဦး တို့ ကို သတ်ခဲ့ကြောင်း ရဲထံ ဝန်ခံခဲ့ခြင်း ဖြစ်သည်။ ဟိုဆေး၏ သားကောင် ဖြစ်ခဲ့သူများကို ရဲများက ရှာဖွေလျက်ရှိပြီး လေးဦးကို အထောက်အထား တွေ့ ထားပြီ ဖြစ်ကြောင်း ပြောသည်။
       
သတ်ဖြတ်ရန် ရွေးချယ်ထားသူများ နောက်သို့ အမဲလိုက် သကဲ့သို့ လိုက်ခဲ့ကြောင်း၊ စိတ်ဓာတ် တက်ကြွမှု၊ ကြောက်ရွံ့ မှုများ ခံစားရ၍ ယင်းသို့ လူများကို သတ်ဖြတ်ခြင်း ဖြစ်ကြောင်း ဟိုဆေးက ပြောသည်။ ထို့ ပြင် ထောင်ဒဏ်ကျရာမှ ပြန်လွတ်လာ ခဲ့လျှင်လည်း ထပ်ပြီး လူသတ်ဦးမည် ဖြစ်သည်ဟု ဟိုဆေးက ရဲများကို ပြောခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် သေဒဏ်ကို အသုံးပြုနေသည့် နိုင်ငံပေါင်း ၅၆ နိုင်ငံ ရှိပြီး ယင်းနိုင်ငံများတွင် ဘရာဇီး နိုင်ငံ ပါဝင်ခြင်း မရှိသောကြောင့် ဟိုဆေး အနေဖြင့် အများဆုံး ပစ်ဒဏ်အဖြစ် ထောင်ဒဏ်သာ ချမှတ် ခံရမည် ဖြစ်သည်။ ဘရာဇီး နိုင်ငံတွင် ဟိုဆေး ကဲ့သို့ စိတ္တဇ လူသတ်သမားများ များစွာ ထွက်ပေါ် ခဲ့ဖူးပြီး ယင်းတို့ အားလုံးကို ထောင်ဒဏ်သာ ချမှတ် နိုင်ခဲ့သည်။
      
လူဖြူ အမျိုးသမီးများကို သတ်ရသည်က ပို၍ နှစ်သက်စရာ ကောင်းကြောင်း၊ လူဖြူ အမျိုးသမီးများကို လည်ပင်းညှစ်ကာ သတ်ပစ် ခဲ့ခြင်း ဖြစ်ကြောင်း ဟိုဆေးက ပြောခဲ့သည်။ "ကျွန်တော်က သတ်ဖြတ်မယ့် သူတွေကို လနဲ့ ချီပြီး စောင့်ကြည့်တယ်။ ပြီးတော့မှ အခွင့်အရေးကို ချောင်းနေပြီး သတ်ပစ်ခဲ့တာ ဖြစ်တယ်"ဟု ဟိုဆေးက ထပ်လောင်း ပြောခဲ့သည်။
       
ဟိုဆေးသည် မီဒီယာများတွင် အထူးဖော်ပြ ခံရခြင်းကို နှစ်လိုသည့် စိတ်ရောဂါတစ်ရပ် ခံစားနေရသူ ဖြစ်နိုင်ကြောင်း၊ စစ်ဆေးကြည့် သင့်ကြောင်း ပညာရှင်များက ပြောသည်။

Ref: BBC
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုး မြို့တွင် လူသတ်မှုဖြင့် ရဲများဖမ်းမိထားသူတစ်ဦးက ၎င်းသည် ပြီးခဲ့သည့် ဆယ်နှစ်အတွင်း လူပေါင်း ၄၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဝန်ခံလိုက်ပြီး သူ၏အပြုအမူ အတွက် နောင်တမရဘဲ ထောင်မှ လွတ်လျှင် လူများကို ထပ်သတ် ဦးမည်ဟု ဆိုသောကြောင့် အုတ်အော် သောင်းနင်း ဖြစ်သွားခဲ့သည်။ ဘရာဇီးတွင် သေဒဏ် မရှိသဖြင့် အဆိုပါ လူသတ်သမား မှာ ထောင်ဒဏ် သာ ကျခံရမည် ဖြစ်ပြီး သေဒဏ်ပေးခြင်းကို အသုံးပြုရမည်လားဟု မေးခွန်းများလည်း ထွက်ပေါ် လာစေ ခဲ့သည်။

အထိုင်အထမှာ ဒူးခေါင်းရိုးတွေ အသံမြည်တာ စိုးရိမ်ရပါသလား


Photo: အထိုင်အထမှာ ဒူးခေါင်းရိုးတွေ အသံမြည်တာ စိုးရိမ်ရပါသလား
Saturday, December 13, 2014 

မတ်တပ်ရပ်လိုက်တဲ့အခါ ဒူးဆစ်တွေက အသံမြည်သွားတာမျိုး ဖြစ်ဖူးမှာပါ။ ဒါ  စိုးရိမ်ရမလားလို့ မေးရင်…

နာကျင်မှုခံစားလာရတာ သို့မဟုတ် ယောင်ယမ်းလာတာတို့ မဖြစ်ဘူးဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး။ အရိုးဆစ်တွေ ချိုးတာဟာ အဆစ်ရောဂါ ဖြစ်စေကြောင်း ကျွမ်းကျင်ပညာရှင်တွေက ယူဆခဲ့ကြပေမယ့် နောက်ဆုံးသုတေသနမှာတော့ ဒီလို ဖော်ပြမထားပါဘူး။ တချို့သော အကြောင်းကြောင်းတွေကြောင့် အသံမြည်တာ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ မတ်တပ်ရပ်လိုက်တဲ့အချိန်မှာ အရိုးဆစ်တွေပေါ် ပိကျလာတဲ့ ဝန်က ပြောင်းလဲသွားပါတယ်။ ဒါကြောင့် synovial fluid လို့ခေါ်တဲ့ ဒူးဆစ်တွေကို ချောမွတ်စေတဲ့ အကျိချွဲထဲ gases လေတွေ ဖြစ်စေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အရိုးဆစ်တွေ ပုံမှန်အတိုင်း အလုပ်မလုပ်တော့ပါဘူး။ ဒါ့ကြောင့် တစ်ခုနဲ့ တစ်ခု ပွတ်တိုက်မိသံတွေ ကြားကောင်း ကြားရနိုင်တယ်။ ဒါမှမဟုတ် အရိုးအချင်းချင်းဆက်ပေးတဲ့ တစ်ရှူးအရွတ်တွေ တင်းကျပ်လာတာလည်း ကြားရကောင်းကြားရနိုင်ပါတယ်။

နာကျင်ကိုက်ခဲလာလို့ အသံမြည်လာခြင်းဟာ အရိုးဆစ်ရောဂါ အခြေအနေ ပြတာလည်းဖြစ်နိုင်ပါတယ်။ အဲဒါဟာ အရိုးနုတွေ ယိုယွင်းလာပြီး အရိုးဆစ်တွေထဲ ပွတ်တိုက်မိကြတဲ့အချိန်မှာပေါ့။ ဒီတော့ ကုသမှုကတော့ ခန္ဓာကုထုံးနဲ့ အလေးချိန်လျော့ချတာမျိုးကို ရောလုပ်ပေးရမှာ ဖြစ်ပါတယ်။

Source: Health
Trend Myanmar
မတ်တပ်ရပ်လိုက်တဲ့အခါ ဒူးဆစ်တွေက အသံမြည်သွားတာမျိုး ဖြစ်ဖူးမှာပါ။ ဒါ  စိုးရိမ်ရမလားလို့ မေးရင်…
နာကျင်မှုခံစားလာရတာ သို့မဟုတ် ယောင်ယမ်းလာတာတို့ မဖြစ်ဘူးဆိုရင်တော့ စိုးရိမ်စရာမလိုပါဘူး။ အရိုးဆစ်တွေ ချိုးတာဟာ အဆစ်ရောဂါ ဖြစ်စေကြောင်း ကျွမ်းကျင်ပညာရှင်တွေက ယူဆခဲ့ကြပေမယ့် နောက်ဆုံးသုတေသနမှာတော့ ဒီလို ဖော်ပြမထားပါဘူး။

နိုင်ဂျီးရီးယားတွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် လူ ၃၀ ခန့် သေဆုံး

Photo: နိုင်ဂျီးရီးယားတွင် ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် လူ ၃၀ ခန့် သေဆုံး 
Saturday, December 13, 2014 

 နိုင်ဂျီးရီးယားနိုင်ငံ ဂျို့စ်မြို့၏ လူစည်ကား လှသော နေရာတွင် ဒီဇင်ဘာ ၁၁ ရက်က ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၃၀ သေဆုံးသွား ခဲ့သည်။ ယခုရက်ပိုင်း အတွင်း နိုင်ဂျီးရီးယား၌ တည်ငြိမ်မှု ဆိုးဆိုးရွားရွား ပျက်ယွင်းနေပြီး ဗုံးပေါက်ကွဲမှုများ ခတ်စိပ်စိပ် ဖြစ်ပွားနေသည်။ ဒုတိယ အကြီးဆုံး ကာနိုမြို့တွင်လည်း ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားကာ လူပေါင်း ရာချီ သေဆုံးထားသည်။ ယခု ဗုံးပေါက်ကွဲ ခဲ့သော နေရာ အနီးရှိ ဈေးတစ်ခု အနီးတွင်လည်း မေလအတွင်းက ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ဖူးသည်။

ဂျို့စ် မြို့မှာ မွတ်စလင်နှင့် ခရစ်ယာန် ဘာသာဝင်များ ရောနှောနေထိုင် ကြသော မြို့ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းတွင် ဘိုကိုဟာရမ် စစ်သွေးကြွ များသည် ထိုမြို့ရှိ ခရစ်ယာန် ဘုရားကျောင်းများ နှင့် မွတ်စလင် ဗလီများကို တိုက်ခိုက် ခဲ့ကြသည်။ ယခုနှစ် အတွင်းတွင်လည်း ထိုအဖွဲ့သည် လူ ၂၀၀၀ ကျော်ကို သတ်ဖြတ် ခဲ့ပြီး ဖြစ်သည်။

တားမနက်စ် ဘတ်စ်ကားမှတ်တိုင် အနီးရှိ စီးပွားရေး အချက်အချာ ကျသော နေရာအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် ယခု ဗုံးပေါက်ကွဲမှု နှင့် ပတ်သတ်၍မူ မည်သည့် အဖွဲ့ကမျှ ၄င်းတို့၏ လက်ချက် ဖြစ်ကြောင်း ထုတ်ဖော် ဝန်ခံခြင်း မရှိသေး သော်လည်း ဘိုကိုဟာရမ် တို့၏ လက်ချက်ဖြစ် နိုင်ကြောင်း တာဝန်ရှိသူ များက သံသယ ဖြစ်ပေါ်လျက် ရှိသည်။ ပထမ ဗုံးမှာ လဟာပြင် စားသောက်ဆိုင် တစ်ဆိုင်တွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကာ ဒုတိယဗုံးမှာ ဈေးနေရာတွင် ပေါက်ကွဲ ခဲ့ခြင်း ဖြစ်သည်။  

နိုင်ဂျီးရီးယား နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် ကာနို မြို့တွင်လည်း အသေခံဖောက်ခွဲရေး ခါးပတ် ပတ်ထားသော အသက် ၁၃ နှစ်အရွယ် မိန်းကလေး တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုမြို့ရှိ ရဲတပ်ဖွဲ့က ဆိုခဲ့သည်။ ဒီဇင်ဘာ ၁၀ ရက်ကလည်း ကာနိုမြို့တွင် အမျိုးသမီးနှစ်ဦး၏ အသေခံဗုံးခွဲ တိုက်ခိုက်မှုများ ကြောင့် အနည်းဆုံး လူ လေးဦး သေဆုံးခဲ့ရကာ ခုနစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။ ပြီးခဲ့သည့် လကလည်း ကာနိုမြို့ရှိ အကြီးဆုံး ဗလီများထဲမှ တစ်ခု ၌ လူများဝတ်ပြု ဆုတောင်း နေချိန်တွင် ဗုံးပေါက်ကွဲမှု နှင့် သေနတ်သမား များ၏ တိုက်ခိုက်မှုကြောင့် လူ ၁၀၀ ကျော် သေဆုံး ခဲ့ရသည်။  

နိုင်ဂျီးရီယား နိုင်ငံ၏ အဓိက သောင်းကျန်းသူ အဖွဲ့ဖြစ်သည့် ဘိုကိုဟာရမ် အဖွဲ့သည် နိုင်ဂျီးရီးယား အရှေ့မြောက်ပိုင်းရှိ မြို့ရွာ အများအပြားအား သိမ်းပိုက် ထားနိုင်လျက် ရှိပြီး ၄င်းတို့ သိမ်းပိုက် ထားသော နယ်မြေများအား စုပေါင်း၍ အစ္စလာမ် ဘာသာရေး နိုင်ငံအဖြစ် ကြေညာ ထားသည်။ ထိုအဖွဲ့၏ ငါးနှစ်ကြာ သူပုန်ထမှုကြောင့် လူပေါင်း တစ်သန်းကျော် မှာ အိုးအိမ်များကို စွန့်ခွာ ထွက်ပြေး ခဲ့ကြရပြီး  လူထောင်ပေါင်း များစွာ သေဆုံးခဲ့ကြ ရသည်။   

Ref: BBC
Mizzima - News in Burmese
နိုင်ဂျီးရီးယားနိုင်ငံ ဂျို့စ်မြို့၏ လူစည်ကား လှသော နေရာတွင် ဒီဇင်ဘာ ၁၁ ရက်က ဗုံးနှစ်လုံး ဆက်တိုက် ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၃၀ သေဆုံးသွား ခဲ့သည်။ ယခုရက်ပိုင်း အတွင်း နိုင်ဂျီးရီးယား၌ တည်ငြိမ်မှု ဆိုးဆိုးရွားရွား ပျက်ယွင်းနေပြီး ဗုံးပေါက်ကွဲမှုများ ခတ်စိပ်စိပ် ဖြစ်ပွားနေသည်။ ဒုတိယ အကြီးဆုံး ကာနိုမြို့တွင်လည်း ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားကာ လူပေါင်း ရာချီ သေဆုံးထားသည်။ ယခု ဗုံးပေါက်ကွဲ ခဲ့သော နေရာ အနီးရှိ ဈေးတစ်ခု အနီးတွင်လည်း မေလအတွင်းက ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွား ခဲ့ဖူးသည်။

လစ်ဗျား လေကြောင်းလိုင်း အားလုံးအား ဥရောပ ဝေဟင် ပိုင်နက်အတွင်း ဝင်ရောက်ခွင့် ဥရောပသမဂ္ဂက ပိတ်ပင်

Photo: လစ်ဗျား လေကြောင်းလိုင်း အားလုံးအား ဥရောပ ဝေဟင် ပိုင်နက်အတွင်း ဝင်ရောက်ခွင့် ဥရောပသမဂ္ဂက ပိတ်ပင်
Saturday, December 13, 2014 

လစ်ဗျား လေကြောင်းလိုင်း အားလုံးအား ဥရောပ ဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက် ခွင့် ပိတ်ပင် တားမြစ်ရန် ဥရောပ သမဂ္ဂက ဒီဇင်ဘာလ ၁၁ ရက်က ဆုံးဖြတ် လိုက်ကြောင်း သိရသည်။

လစ်ဗျား နိုင်ငံ အတွင်းရှိ ပြိုင်ဘက် အုပ်စုများအကြား အကြမ်းဖက် ပဋိပက္ခများ ဖြစ်ပွါးလျက် ရှိရာ လစ်ဗျား အာဏာပိုင်များ အနေဖြင့် လစ်ဗျား လေကြောင်းလိုင်း များ၏ ဘေးကင်း လုံခြုံရေးကို အာမခံချက် ပေးနိုင်မည် မဟုတ်တော့ သဖြင့် ဥရောပ သမဂ္ဂက ထိုကဲ့သို့ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

“လစ်ဗျား လေကြောင်းကဏ္ဍရဲ့ ဘေးကင်း လုံခြုံရေးနဲ့ ပတ်သတ်တဲ့ အပြည်ပြည်ဆိုင်ရာ တာဝန် ဝတ္တရား တွေကို လစ်ဗျား လေကြောင်း အာဏာပိုင်တွေက ဆက်ပြီးတော့ ဖြည့်စွမ်း ပေးနိုင်စွမ်း မရှိတော့တဲ့ အခြေအနေမျိုး ဆီကို လတ်တလော ဖြစ်ရပ်တွေက ဦးတည်သွား ခဲ့ပါတယ်” ဟု အီးယူ သယ်ယူ ပို့ဆောင်ရေး အကြီးအကဲ ဗိုင်အိုလီတာဗက်က ပြောကြားသည်။   

“လေကြောင်း ကဏ္ဍနဲ့ ပတ်သတ်ပြီးတော့ ကျွန်မရဲ့ ဦးစားပေး အစီအစဉ်က ခရီးသည်တွေ ဘေးကင်း လုံခြုံရေးပါပဲ။ အဲဒါကို လုံးဝ လျှော့ပေးလို့ မရပါဘူး။ လစ်ဗျား နိုင်ငံရဲ့ အခြေအနေ တွေက ခွင့်ပြုလာမယ့် အချိန် ရောက်လာတာနဲ့ တစ်ပြိုင်တည်း လစ်ဗျား လေကြောင်း ကဏ္ဍကို အကူအညီပေးဖို့ ကျွန်မတို့ အသင့်ရှိ နေပါတယ်” ဟု ကြေညာချက် တစ်စောင်ထဲတွင် ဗက်က ဆိုထားသည်။  

အာဖရိက အဲဝေး၊ အဲလစ်ဗျား နှင့် လစ်ဗျား အဲလိုင်းစ် တို့အပါအဝင် လစ်ဗျား လေကြောင်း ကုမ္ပဏီ ခုနစ်ခုအား ပိတ်ပင် လိုက်ခြင်း ဖြစ်သည်။ ဥရောပ သမဂ္ဂ၏ လေကြောင်း ဘေးကင်း လုံခြုံရေး စာရင်းအား လုပ်နေကျ အတိုင်း လေ့လာ ဆန်းစစ် သုံးသပ်မှုများ ပြုလုပ် ခဲ့ပြီးနောက် ယခု ဆုံးဖြတ်ချက် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ကာလ၌ ထိုစာရင်း ထဲတွင် နိုင်ငံ ၂၁ နိုင်ငံမှ လေကြောင်းလိုင်း ၃၀၀ ကျော် ပါရှိပြီး ထိုလေကြောင်း လိုင်းများ အနေဖြင့် ဥရောပသမဂ္ဂ ၏ စံချိန် စံညွန်းများအား ပြည့်မီရန် လိုအပ်ကြောင်း သိရသည်။  

အခြား လေကြောင်းလိုင်း ၁၀ ခုမှာမူ ဥရောပ သမဂ္ဂ ဝေဟင်ပိုင်နက် အတွင်း ပျံသန်းခွင့် ရှိသော်လည်း ထိုလေကြောင်းလိုင်း ၁၀ ခုအား ကန့်သတ်မှု အချို့ ပြုလုပ်ထားသည်။

ဥရောပသမဂ္ဂ၏ လေကြောင်း ဘေးကင်းလုံခြုံရေး စာရင်းထဲတွင် ပါဝင်သော နိုင်ငံများမှာ အာဖဂန် နစ္စတန်၊ အန်ဂိုလာ၊ ဘန်နင်၊ ကွန်ဂို သမ္မတ နိုင်ငံ၊ ဒီမိုကရက်တစ် ကွန်ဂို သမ္မတ နိုင်ငံ၊ ဂျစ်ဘူဒီ နိုင်ငံ၊ ဂီနီ နိုင်ငံ၊ အယ်ရီ ထရီးယား၊ ဂက်ဘွန် ၊ အင်ဒိုနီးရှား၊ ကာဇက်စတန်၊ ကာဂျစ္စတန်၊ လိုက်ဘီးရီးယား၊ လစ်ဗျား၊ မိုဇမ်ဘစ်၊ နီပေါ၊ ဖိလစ်ပိုင်၊ ဆီယာရာလီယွန်၊ ဆာအိုတုမ်းမ် အန်ပရင့်စပီ၊  ဆူဒန် နှင့် ဇမ်ဘီယာ နိုင်ငံများ ပါဝင် ကြသည်။

Ref: AFP
Mizzima - News in Burmese

လစ်ဗျားလေကြောင်းလိုင်း အားလုံးအား ဥရောပ ဝေဟင်ပိုင်နက်ထဲသို့ ဝင်ရောက်ခွင့် ပိတ်ပင်တားမြစ်ရန် ဥရောပ သမဂ္ဂက ဒီဇင်ဘာလ ၁၁ ရက်က ဆုံးဖြတ် လိုက်ကြောင်း သိရသည်။

ဖေ့ဘွတ်ပိုစ်များတွင် မကြိုက်နှစ်သက်ကြောင်း သင်္ကေတ ထည့်ရန် စဉ်းစား

_78036169_163513138
အင်တာနက် လူမှုရေးကွန်ယက် ဖေ့ဘွတ်ရဲ့ပိုစ်တွေမှာ မကြိုက် နှစ်သက်ကြောင်း သင်္ကေတ ထည့်ဖို့ စဉ်းစားနေတယ်လို့ တည်ထောင်သူ မတ်ဇူကာဘတ်က ပြောပါတယ်။

မြန်မာစစ်တပ်ကို သင်တန်းပေးရေး အမေရိကန် လွှတ်တော်အမတ်များဝေဖန်


အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ မကြာခင် အတည်ပြုမယ့် ကာကွယ်ရေး အသုံးစရိတ် ဥပဒေအရ မြန်မာနဲ့ အမေရိကန် တပ်မတော်အကြား ဆက်ဆံရေးတိုးမြှင့်ဖို့ရှိပါတယ်။

တရုတ်လယ်သမားများနှင့်လက်ထပ်ခဲ့သည့် ဗီယက်နမ်အမျိုးသမီး ၁၀၀ ကျော် ပျောက်ဆုံး

Photo: တရုတ်လယ်သမားများနှင့်လက်ထပ်ခဲ့သည့် ဗီယက်နမ်အမျိုးသမီး ၁၀၀ ကျော် ပျောက်ဆုံး
Saturday, December 13, 2014 

တရုတ်ကျေးလက်က လယ်သမားတွေနဲ့ လက်ထပ်ခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး ၁ ရာကျော် ပျောက်ဆုံးနေတယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖော်ပြပါတယ်။

ဗီယက်နမ် အမျိုးသမီးတွေဟာ တရုတ်ပြည်မြောက်ပိုင်း ဟီဘိုင် ပြည်နယ်ထဲက ဒေသသုံးခုမှာနေတဲ့ လယ်သမားတွေနဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က တချိန်တည်းနီးပါး လက်ထပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီလို လက်ထပ်ဖို့အတွက် တရုတ် သတို့သားတွေက သတို့သမီးတယောက်စာအတွက် ဗီယက်နမ်အမျိုးသမီးပွဲစားကို တရုတ် ယွမ်ငွေ ၁ သိန်း၊ အမေရိကန် ဒေါ်လာ ၁ သောင်းခွဲ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အခုတော့ သတို့သမီးတွေလည်း ပျောက်နေသလို၊ ပွဲစားလည်း အစပျောက်နေတယ်လို့ ပူပူနွေးနွေး ဇနီးသည် ပျောက်နေတဲ့ ဇူဇောင်ဆိုတဲ့ အမျိုးသား ပြောပါတယ်။

ပွဲစားက ခေါ်သွားတဲ့ သတို့သမီးတွေထဲက ပြန်လွတ်လာတဲ့တယောက်က သူ အိပ်ရာက နိုးတဲ့အချိန်မှာ အလင်းရောင်မရှိတဲ့အခန်းထဲမှာ ရောက်နေတယ်လို့ ပြောပြပါတယ်။

ပွဲစားက သူ့ကို နောက်တယောက်နဲ့ လက်ထပ်ဖို့ စည်းရုံးတာကို သူက ငြင်းခဲ့ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ ဆိုပါတယ်။

ဒီနှစ်ပိုင်းတွေအတွင်း တရုတ်ပြည်ကျေးလက်ဒေသက အမျိုးသားတွေဟာ ဗီယက်နမ်က သတို့သမီးတွေကို ရဖို့ ပွဲစားခအကုန်အကျခံပြီး ကြိုးစားလာကြပါတယ်။

လူကုန်ကူးမှု၊ လိမ်လည် လှည့်ဖြားမှုတွေ ရှိပေမယ့် ဒီလုပ်ငန်းဟာ လျှော့မသွားဘဲ ပိုကျယ်ပြန့်နေပါတယ်။

တရုတ်ပြည်မှာ အမျိုးသားဦးရေနဲ့ အမျိုးးသမီး ဦးရေ မညီမျှတာဟာ နောက်ကွယ်က အကြောင်းရင်းတရပ်ဖြစ်သလို၊ တရုတ် သတို့သမီးအတွက် ကုန်ကျစရိတ်က ယွမ်ငွေ သိန်းပေါင်းများစွာ ရှိတာကြောင့် ဆင်းရဲတဲ့ လယ်သမားတွေဟာ အကုန်အကျ သက်သာတဲ့လမ်းကို လိုက်တာလည်း ပါတယ်လို့ ဒီလုပ်ငန်းကို နားလည်သူတွေက ဆိုကြပါတယ်။

လေလောဆယ် ဗီယက်နမ် အမျိုးသမီးတွေ ပျောက်ဆုံးနေတဲ့ ကိစ္စကို ရဲက ရှာဖွေနေတဲ့ အချိန်မှာတော့ တရုတ်လယ်သမားတွေဟာ ပူပူနွေးနွေး သတို့သမီးတွေ ပျောက်နေသလို၊ မိန်းမရဖို့ စုဆောင်းပြီး ပွဲစားကို ပေးရတဲ့ ငွေပါ ရှုံးနေကြပါတယ်။

ဒီဗွီဘီ
တရုတ်ကျေးလက်က လယ်သမားတွေနဲ့ လက်ထပ်ခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး ၁ ရာကျော် ပျောက်ဆုံးနေ တယ်လို့ ရိုက်တာသတင်းတရပ်မှာ ဖော်ပြပါတယ်။

မိုဘိုင်းဖုန်းကွန်ရက် အဆင့်မြှင့်တင်ခြင်းများ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ဆောင်ရွက်မည်

Photo: မိုဘိုင်းဖုန်းကွန်ရက် အဆင့်မြှင့်တင်ခြင်းများ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ဆောင်ရွက်မည်  
Saturday, December 13, 2014

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်း ကွန်ရက်စက်ပစ္စည်းများ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့အထိဆောင်ရွက်မည် ဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မိုဘိုင်းဖုန်းကွန်ရက် စက်ပစ္စည်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို (၆-၁၂-၂၀၁၄)၊(၉ -၁၂-၂၀၁၄)၊ (၁၁ -၁၂-၂၀၁၄) နှင့် (၁၂-၁၂-၂၀၁၄)ရက်နေ့ တို့တွင် မန္တလေးအနီး ဝန်းကျင်ဒေသများ၊ (၁၂ -၁၂- ၂၀၁၄) နှင့် (၁၆-၁၂-၂၀၁၄)ရက်နေ့ တို့တွင် မကွေးအနီး ဝန်းကျင်ဒေသများ၊ (၁၈-၁၂-၂၀၁၄) ရက်နေ့ တွင် မုံရွာအနီး ဝန်းကျင်ဒေသများ၊ (၁၉-၁၂-၂၀၁၄)ရက်နေ့တွင် မြစ်ကြီးနားအနီး ဝန်းကျင်ဒေသများ တွင် ဆောင်ရွက်မည် ဖြစ်ကြောင်း ကြေညာသည်။

(၂၃-၁၂-၂၀၁၄) ရက်နေ့တွင် လားရှိုးအနီး ဝန်းကျင်ဒေသများ၊ (၂၃ -၁၂-၂၀၁၄) နှင့် (၂၅-၁၂-၂၀၁၄) ရက်နေ့ တို့တွင် မိတ္ထီလာအနီး ဝန်းကျင်ဒေသများ၊ (၂၆-၁၂-၂၀၁၄)ရက်နေ့ တွင် ပခုက္ကူ နှင့် မူဆယ်အနီး ဝန်းကျင်ဒေသများ တွင် ည (၁၂)နာရီ အချိန်၌ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
လုပ်ငန်းဆောင်ရွက်နေစဉ် အချိန်အတွင်း ဆက်သွယ်မှုကွန်ရက် ချိတ်ဆက်မှုများ ယာယီပြတ်တောက်နိုင် ပြီး ပြတ်တောက်နိုင်သော အချိန်ကာလမှာ ခန့်မှန်းခြေ (၂၀)မိနစ် ခန့်ဖြစ်ကြောင်းမြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကြေညာသည်။

InternetJournal
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်း ကွန်ရက်စက်ပစ္စည်းများ အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၂၆ ရက်နေ့အထိဆောင်ရွက်မည် ဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ရှားပါး လင်းပိုင်မျိုးစိတ် ၂ ခု ထိန်းသိမ်းထားသည့် ဆန်ဒါဘန်းမြစ်ဝှမ်းတွင် ရေနံယိုဖိတ်

Photo: ရှားပါး လင်းပိုင်မျိုးစိတ် ၂ ခု ထိန်းသိမ်းထားသည့် ဆန်ဒါဘန်းမြစ်ဝှမ်းတွင် ရေနံယိုဖိတ်
Saturday, December 13, 2014

မျိုးတုံးပျောက်ကွယ်လုဖြစ်နေတဲ့ လင်းပိုင်မျိုးစိတ် ၂ ခုကို ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေခ်ျနိုင်ငံ၊ ဆန်ဒါဘန်း Sundarbans မြစ်ဝှမ်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က ရေနံဂါလန် ၁ သိန်းလောက် ယိုဖိတ်မှုဖြစ်ခဲ့ပါတယ်။

မြစ်ဝှမ်းထဲက ရှီလာမြစ်တွင်းမှာ ရေနံတင်သင်္ဘောနဲ့ ကုန်တင်သင်္ဘောတို့ မတော်တဆတိုက်မိခဲ့ပြီး ရေနံတွေ မြစ်ထဲယိုဖိတ်ခဲ့တာပါ။

ဆန်ဒါဘန်း   မြစ်ဝှမ်းကာကွယ်တောဟာ အိန္ဒိယနဲ့ ဘင်္ဂလားဒေခ်ျနိုင်ငံ နှစ်နိုင်ငံလုံးမှာပါဝင်ပြီး ကမ္ဘာ့အကြီးဆုံး ရေချိုကာကွယ်တောဖြစ်ပါတယ်။

ယူနက်စကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေအဖြစ်လည်း သတ်မှတ်ထားပြီး ဘင်္ဂလားကျားတွေနဲ့ မျိုးတုံးပျောက်ကွယ်တော့မယ့် ဂင်္ဂါလင်းပိုင်တွေနဲ့ ဧရာဝတီလင်းပိုင်တွေကို ထိန်းသိမ်းကာကွယ်ထားတာပါ။

အခုတော့ ဘင်္ဂလာဒေခ်ျ့အစိုးရက ရေနံယိုဖိတ်ခဲ့တဲ့ မြစ်ကြောင်းအတွင်း ရေယာဉ်အသွားအလာကို ရပ်ဆိုင်းထားလိုက်ပါပြီ။

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ဌာနေကိုယ်စားလှယ် Pauline Tamesis က ဘင်္ဂလာဒေခ်ျအစိုးရနဲ့ရော၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းပြီး ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်အောင် အစွမ်းကုန်ကြိုးပမ်းနေတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒီဗွီဘီ
မျိုးတုံးပျောက်ကွယ်လုဖြစ်နေတဲ့ လင်းပိုင်မျိုးစိတ် ၂ ခုကို ထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေခ်ျနိုင်ငံ၊ ဆန်ဒါ ဘန်း Sundarbans မြစ်ဝှမ်းမှာ ဒီဇင်ဘာ ၉ ရက်နေ့က ရေနံဂါလန် ၁ သိန်းလောက် ယိုဖိတ်မှုဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာလုပ်သားများ စာရင်း မြန်မာအစိုးရ ကောက်ယူမည်

Photo: ထိုင်းနိုင်ငံရှိ တရားမဝင် မြန်မာလုပ်သားများ စာရင်း မြန်မာအစိုးရ ကောက်ယူမည်
Saturday, December 13, 2014

ထိုင်းနိုင်ငံရှိ ခရိုင် ၇၇ ခုတွင် တရားမဝင် မြန်မာအလုပ်သမားများ နိုင်ငံသားအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနက သွားရောက်ကာ စာရင်းကောက်ခံသွားမည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဂရင်းအမရ ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

စာရင်းကောက်ယူမည့်အဖွဲ့ တစ်ဖွဲ့လျှင် ငါးဦးနှုန်းဖြင့် ဖွဲ့စည်းဆောင်ရွက်ထားပြီး စုစုပေါင်းအဖွဲ့ ၁၆ ဖွဲ့ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ခွင့်ပြုချက်ကိုလည်း ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးဌာနနှင့် ညှိနှိုင်းသဘောတူညီမှု ရရှိသည်ဟု ဆိုသည်။

“အဓိကအဖွဲ့ကြီး ငါးဖွဲ့ အထိုင်လုပ်မယ်။ အဲဒီအဖွဲ့အောက်မှာ အဖွဲ့သေး ၁၁ ဖွဲ့က နယ်တွေလှည့်ပြီး ကောက်ခံမယ်။ မတ်လအတွင်း အပြီးဆောင်ရွက်နိုင်အောင် လုပ်သွားမယ်” ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

ထိုင်းနိုင်ငံရှိ တရားမဝင်မြန်မာ အလုပ်သမားများကို ယာယီနေထိုင် အလုပ်လုပ်ပိုင်ခွင့် လက်မှတ် ထုတ်ပေးနိုင်ရန် ထိုင်းအစိုးရက တရားဝင် ဖိတ်ခေါ်ရာတွင် ၆၄၀,၀၀၀ ခန့် လျှောက်ထားခဲ့သည့်အတွက် လက်မှတ်ထုတ်ပေးထားပြီး ဖြစ်သည်။

အဆိုပါယာယီနေထိုင် အလုပ်လုပ်ပိုင်ခွင့်လက်မှတ်သည် ထိုင်းနိုင်ငံအနှံ့ သွားရောက်နိုင်ပြီး အောက်ခြေ ထိုင်းအစိုးရက ဖမ်းဆီးမှုများ ရှိလျှင် မြန်မာအလုပ်သမားများသည် ထိုင်းဖုန်း ၁၁၇၈ ကို ဆက်သွယ် တိုင် ကြားနိုင်ရန် မြန်မာအသံဖြင့် ပြုလုပ်ပေးထားသည်ဟုဆိုသည်။

အဆိုပါ ခြောက်သိန်းကျော်ကို နိုင်ငံကူးလက်မှတ် ပတ်စ်ပို့၊ အလုပ်လုပ်ပိုင်ခွင့် ပါမစ်၊ ဗီဇာများကို ထုတ်ပေးရန် ထိုင်းနိုင်ငံနှင့် မြန်မာ ပူးပေါင်းပြီး တရားဝင်ဆောင် ရွက်ပေးမည်ဖြစ်သည်။

ထိုင်းနိုင်ငံကလည်း တရားမဝင် မြန်မာအလုပ်သမားများကို ၂၀၁၅ ခု၊ မတ် ၃၁ ရက် တွင် စတင်ဖမ်းဆီးမှုများ ပြုလုပ်သွားမည်ဟု တရားဝင် ထုတ်ပြန်ထားသည်။

တရားမ၀င်မြန်မာအလုပ်သမားများကို ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးရာတွင် အလွယ်တကူ မဆောင်ရွက်ဘဲ သက်ဆိုင်ရာ မြန်မာနိုင်ငံ အဖွဲ့အစည်းများသို့ ဆက်သွယ်ပြီး အဆင့်ဆင့်လွှဲပြောင်းပေးရန်လည်း ညှိနှိုင်းအောင်မြင်ခဲ့သည်ဟု ညွှန်ကြားရေးမှူးချုပ်ကဆိုသည်။

လတ်တလောတွင် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာအလုပ်သမား တစ်သန်းကျော် ရှိသည်ဟု ခန့်မှန်းထားသည်။

Mizzima - News in Burmese 

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၁၄ ဇွန် ၃၀ ရက်က နေ့ချင်းပြီး ဆောင်ရွက်ပေးနေစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၁၄ ဇွန် ၃၀ ရက်က နေ့ချင်းပြီး ဆောင်ရွက်ပေးနေစဉ်။ (ဓာတ်ပုံ - အီးပီအေ)

ထိုင်းနိုင်ငံရှိ ခရိုင် ၇၇ ခုတွင် တရားမဝင် မြန်မာအလုပ်သမားများ နိုင်ငံသားအဖြစ် ဆောင်ရွက်ပေးနိုင်ရန် အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက သွားရောက်ကာ စာရင်းကောက်ခံ သွားမည်ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ဂရင်းအမရ ဟိုတယ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်းက သုံးနှစ်အတွင်း ကန်ဒေါ်လာ တစ်ဘီလီယံအထိ ရင်းနှီးမြှုပ်နှံမည်

ကမ္ဘာ့ဘဏ်အုပ်စုဝင် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IFC)သည် လာမည့်သုံးနှစ်တာ ကာလအတွင်း၌ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကကဏ္ဍများတွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံအထိ ရင်းနှီးမြှုပ်နှံ သွားမည် ဖြစ်ကြောင်း IFC ၏ အာရှပစိဖိတ် ဒေသဆိုင်ရာညွှန်ကြားရေးမှူး Mr. Vivek Pathak က ပြောကြားသည်။

ဘေဂျင်းကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်


Photo: ဘေဂျင်းကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်
Saturday, December 13, 2014

တရုတ်ဘေဂျင်းအစိုးရကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး ဂျင်မီလိုင် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ထိန်းသိမ်းခံရပြီးနောက် လူကြိုက်များသော မီဒီယာတစ်ခု ဖြစ်သည့် ပန်းသီး နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဒီမိုကရေစီရေး ဆန္ဒပြသမားများ နှစ်လကျော်ကြာ သိမ်းပိုက်ထားသည့် အဓိက ဆန္ဒပြနေရာများကို ရဲတပ်ဖွဲ့ဝင်များက ရှင်းလင်းလျက်ရှိပြီး တက်ကြွလှုပ်ရှားသူပေါင်း ၂၅၀ ခန့်ကို ဟောင်ကောင်ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ထိန်းသိမ်းခဲ့သည်။

ယင်းကဲ့သို့ ထိန်းသိမ်းခံရသူများထဲတွင် ဂျင်မီလိုင် ပါဝင်ပြီး သောကြာနေ့တွင် ထိန်းသိမ်းထားသူ အားလုံးကို ရဲက ပြန်လွှတ်ပေးလိုက်ကြောင်း RTHK သတင်းတွင် ဖော်ပြထားသည်။

လိုင်သည် ကိုယ့်အားကိုယ်ကိုးပြီး သန်းကြွယ်သူဌေး ဖြစ်လာသူ ဖြစ်ပြီး ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အဓိက ငွေကြေးထောက်ပံ့သူ ဖြစ်သည်။

“ပန်းသီးသတင်းစာ အယ်ဒီတာချုပ် ရာထူးကနေ လိုင် နုတ်ထွက်သွားပါတယ်။ သူ့နေရာမှာ Next မီဒီယာ အကြီးအကဲ ယူကင် တာဝန်ယူမှာပါ” ဟု ပန်းသီးသတင်းစာ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

Next မီဒီယာသည် Next မဂ္ဂဇင်းနှင့် ဒီမိုကရေစီရေး တောင်းဆိုရေးသားလေ့ ရှိသည့် ပန်းသီးသတင်းစာကို ထုတ်ဝေလျက်ရှိသည့် မီဒီယာဖြစ်သည်။

လိုင်ကို ဟောင်ကောင် အကျင့်ပျက်လာဘ်စားမှု အေဂျင်စီက ယခုနှစ်အတွင်း စစ်ဆေးလျက်ရှိပြီး သြဂုတ်လတွင် ၎င်း၏ နေအိမ်ကို အရာရှိများက ဝင်ရောက်ရှာဖွေခဲ့သည်။

၁၉၈၉ ခုနစ် တီအန်မင် ဒီမိုကရေစီရေး လှုပ်ရှားမှုနောက်ပိုင်း ဘေဂျင်းအာဏာပိုင်များကို အကြီးမားဆုံး စိန်ခေါ်လျက်ရှိသည့် ဟောင်ကောင်ဒီမိုကရေစီရေး လှုပ်ရှားမှုများကို ရဲတပ်ဖွဲ့က ကြာသပတေးနေ့တွင် ရပ်တန့်နိုင်လိုက်ပြီး ဟောင်ကောင်မြို့လယ် အတ်မော်ရယ်လ်တီ ဒေသရှိ အဓိက လမ်းမများကို ပြန်လည် ဖွင့်လှစ်နိုင်လိုက်သည်။

ဆန္ဒပြမှုများကြောင့် အရောင်းအဝယ် ထိခိုက်ခဲ့ရသည့် ဈေးဆိုင်ပိုင်ရှင်များက လမ်းမများ ပြန်လည်ဖွင့်လှစ်နိုင်မှုကို ကြိုဆိုလိုက်သည်။

The Voice Weekly
တရုတ်ဘေဂျင်းအစိုးရကို ဝေဖန်လေ့ရှိသည့် ဟောင်ကောင် မီဒီယာသူဌေး ဂျင်မီလိုင် ဒီမိုကရေစီရေး လှုပ်ရှားမှုတွင် ထိန်းသိမ်းခံရပြီးနောက် လူကြိုက်များသော မီဒီယာတစ်ခု ဖြစ်သည့် ပန်းသီး နေ့စဉ် သတင်း စာ အယ်ဒီတာချုပ် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မြန်မာကိုယ်စားပြုအလှမယ် ဂျူးစံသာ အာရှအလှဆုံးမယ်ဆုဆွတ်ခူး

Photo: မြန်မာကိုယ်စားပြုအလှမယ် ဂျူးစံသာ အာရှအလှဆုံးမယ်ဆုဆွတ်ခူး
Saturday, December 13, 2014

ဗင်နီဇွဲလားနိုင်ငံ လာရာပြည်နယ် ဘာကီစီမီတိုမြို့၌ ကျင်းပခဲ့သော (၉)ကြိမ်မြောက် နိုင်ငံတကာ Miss Tourism 2014 ပြိုင်ပွဲတွင် အာရှ၏ အလှဆုံးမယ်အဖြစ် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဂျူးစံသာက ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဆုရရှိခဲ့ခြင်းအပေါ် Miss Golden Land Myanmar Organization မှ ကိုဝေယံအောင်က ''ကျွန်တော်တို့ အဖွဲ့အစည်းကနေ ကိုယ့်မြန်မာနိုင်ငံအတွက် သွားရောက်ယှဉ်ပြိုင်တဲ့ အလှမယ်တစ်ယောက်အနေနဲ့အခုလို ဆုကြီးဆွတ်ခူးရယူနိုင်ခဲ့တဲ့အတွက် ဝမ်းသာဂုဏ်ယူရပါတယ်။ အကောင်းဆုံးကြိုးစားမှုနဲ့အတူ မိဘပြည်သူ
တွေရဲ့ အားပေးမှုကြောင့် သူအောင်မြင်မှု ရခဲ့တာလို့ ကျွန်တော်ယူဆမိတယ်။အခုပြိုင်ပွဲကို နိုဝင်ဘာ ၃ဝ ရက် ကနေ ဒီဇင်ဘာ ၁ဝ ရက်ထိ ပြုလုပ်တာပါ။

နိုင်ငံပေါင်း ၅၈ နိုင်ငံက အလှမယ်ပေါင်း ၅၈ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ Miss Tourism 2014 ဆုကို ဂျပန်နိုင်ငံမှ တိုမိုမိ ကွန်ဒိုးက ဆွတ်ခူးသွားတာ ပါ။ ဂျူးစံသာက ဗင်နီဇွဲလားနိုင်ငံကနေ ရန်ကုန်အ
ပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီဇင်ဘာ ၁၃ ရက် ညနေ ၄နာရီခွဲ လောက်မှာ ပြန်ရောက်လာမှာပါ။အ
ကောင်းဆုံးနဲ့ အနွေးထွေးဆုံး ကြိုဆိုသွားဖို့ ပြင်ဆင်ထားပါ တယ်''ဟု ပြောကြားသည်။

ဗြိတိန်အခြေစိုက် ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့အစည်းသည် ၂ဝဝဝ ပြည့်နှစ်မှစတင်၍ နိုင်ငံတကာခရီး သွားလာရေးလုပ်ငန်းများနဲ့ ယဉ်ကျေးမှုများအဆင့်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာမှ အလှမယ်များ ကို စုဝေးပြီးMiss Tourism ပြိုင်ပွဲများကို ကျင်းပခဲ့ခြင်းဖြစ်သည်။

အဆိုပါ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်သူများသည် အမိနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းစဉ်လာများ ကို နိုင်ငံတကာမှ တန်ဖိုးထားသိရှိ လာစေရန် ဖော်ပြခွင့်ရရှိပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူ စီးပွားရေးလုပ် ငန်းရှင်များ၊ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်နိုင်မည် ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံများအကြား ရင်းနှီးမှု တိုးပွားလာစေပြီး နိုင်ငံတကာခရီး သွားလုပ်ငန်းများ တွင်ကျယ်ကာ ကမ္ဘာပေါ်တွင်ရှိသော အလှစစ်များကို
ထောင့်ပေါင်းစုံမှ မျှဝေခံစား နိုင်မှာဖြစ်သလို မိမိနိုင်ငံ့ဂုဏ်ကို ခရီးသွားလုပ်ငန်းဖြင့် မြှင့်တင်နိုင်ပြီးနိုင်ငံအ တွက် များစွာအထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့ခရီး သွားလုပ်ငန်းအဖွဲ့အစည်း ဝက်ဘ် ဆိုက်၏ ထုတ်ပြန်ချက်များအရ သိရသည်။

ခင်ဇာလီ
The Mirror Daily
ဗင်နီဇွဲလားနိုင်ငံ လာရာပြည်နယ် ဘာကီစီမီတိုမြို့၌ ကျင်းပခဲ့သော (၉)ကြိမ်မြောက် နိုင်ငံတကာ Miss Tourism 2014 ပြိုင်ပွဲတွင် အာရှ၏ အလှဆုံးမယ်အဖြစ် မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် ဂျူးစံသာက ဆွတ်ခူးရရှိခဲ့ကြောင်း သတင်းရရှိသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရာမှာ တရုတ်ကို နမူနာယူပါ - ဦးရောဘတ်ဆန်းအောင်

Photo: အဂတိလိုက်စားမှုတိုက်ဖျက်ရာမှာ တရုတ်ကို နမူနာယူပါ - ဦးရောဘတ်ဆန်းအောင်
Saturday, December 13, 2014

ကမ္ဘာတ၀န်း အကျင့်ပျက်ခြစားမှုတွေကို စောင့်ကြည့်နေတဲ့ Transpriancy International အဖွဲ့က ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့စာရင်းမှာ မြန်မာနိုင်ငံဟာ အကျင့်ပျက်ခြစားမှု အဆိုးဝါးဆုံးအဆင့်မှာ ဆက်လက်ရပ်တည်နေကြောင်း ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၇၅ နိုင်ငံအနက် ၁၅၆ နိုင်ငံအဆင့်နဲ့ အဂတိလိုက်စားမှု အညွှန်းကိန်းမြင့်တက်ဆဲလို့ စောင့်ကြည့်အဖွဲ့က   သတ်မှတ်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လာဘ်ပေးလာဘ်ယူမှု၊ အကျင့်ပျက်ခြစားမှုတွေဟာ ဓလေ့ထုံးတမ်းသဘောဖြစ်လာနေပြီး တိုက်ဖျက်ရေး မအောင်မမြင်ဖြစ်နေတာနဲ့ ပတ်သက်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီမိုကရေစီ အသွင်ပြောင်းအစိုးရလက်ထက်မှာ ဘာဖြစ်လို့ အရင်နှစ်တွေတုန်းကအတိုင်း လာဘ်ပေးလာဘ်ယူထူပြောတဲ့နိုင်ငံ အညွှန်းကိန်းအတိုင်း ဆက်လက်ရှိနေတာလဲ။

“ဘာကြောင့် အဲဒီလို အဆိုးဆုံးအခြေအနေမှာ ရပ်တည်နေရသလဲဆိုတော့ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီးတော့ တိုင်တန်းတဲ့ တိုင်ကြားချက်တွေမှာ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးမှု မရှိတာတွေ၊ တိုင်ကြားတဲ့လူတွေကို လက်တုံ့ပြန်နုတ်ပိတ်ပြီးတော့ တရားစွဲဆိုမှုတွေ ကို ပြုလုပ်နေတဲ့ အတွက် နောက်ထပ် တိုင်မယ့်သူတွေက ကြောက်ရွံ့သွားတော့ ဒီအဂတိလိုက်စားမှုသံသရာကို ဆုံးအောင်မလုပ်နိုင်ဘူးဖြစ်နေတာ။” 

မြန်မာပြည်မှာ လွတ်လပ်ရေးရတဲ့ ၁၉၄၈ ခုနှစ်မှာပဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ တရပ်ရှိခဲ့တယ်။ ဒီဥပဒေရှိလျက်နဲ့ ဘာကြောင့် အကျင့်ပျက်ခြစားမှု ကြီးထွားနေရတာလဲ။

“၁၉၄၈ ဥပဒေက လက်ပူးလက်ကြပ်မမိသော်လည်းပဲ သူ့ရဲ့ပိုင်ဆိုင်မှုကို ကြည့်ပြီးတော့ အစဉ်အမြဲ လာဘ်စားတယ် မစားဘူးဆိုတာကို သုံးသပ်အရေးယူနိုင်တဲ့ ပြဋ္ဌာန်းချက်ပါတယ်။ အခုထုတ်ပြန်လိုက်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ၂၀၁၃ ဥပဒေမှာက အဲဒီလို အနေအထား သိပ်မတွေ့ရဘူး။ နောက်တချက်က အဂတိလိုက်စားမှုတွေဟာ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ခေတ်ကနေ တိုးပွားလာနေတာက မတည်ငြိမ်တဲ့ ကုန်ဈေးနှုန်းတွေကြောင့်ဖြစ်တယ်။ ဖဆပလ (ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့လွတ်မြောက်ရေးပါတီ) ခေတ်တုန်းက ငွေကြေးကို တည်ငြိမ်ခိုင်မာအောင် လုပ်ထားနိုင်တယ်၊ နိုင်ငံခြားအရန်ရွှေရှိတယ်၊ ဒေါ်လာရှိတယ်။ ကုန်ဈေးနှုန်းက အင်မတန်မှ တည်ငြိမ်တယ်။ အခုဟာက ကုန်ဈေးနှုန်းက တနေ့တခြား မြင့်မားလာတဲ့အခါကျတော့ အင်မတန်မှ လစာနည်းတဲ့ ၀န်ထမ်းတွေက ဒုက္ခသုက္ခနဲ့ ဖြတ်သန်းရင်း နောက်ဆုံး မလွှဲမရှောင်သာပဲ စက်ဆုပ်ရွံရှာဖွယ်ရာ အဂတိကို လိုက်စားနေရတာပဲဖြစ်တယ်။

“အဲဒီတော့ အဲဒီသံသရာကြီး ပျောက်ဆုံးဖို့ဆိုလို့ရှိရင် ၀န်ကြီးတွေရဲ့ လစာတွေကို လျှော့ပါ။ ၀န်ကြီး ၃ ယောက်လောက်မှ ကား ၁ စီးနဲ့သွားတာမျိုး ခြိုးခြံချွေတာပေးမယ်ဆိုရင်တော့ တိုင်းပြည်က တိုးတက်လာမယ်။ အခုလည်းကြည့်လေ အောက်ခြေ၀န်ထမ်းတွေကို တိုးမယ့်လစာနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုးမယ့်လစာက မိုးနဲ့မြေ ကွာနေတယ်။ အဲဒီတော့ တကယ်ပင်ပင်ပန်းပန်းလုပ်ကိုင်နေရတဲ့ အောက်ခြေ၀န်ထမ်းတွေရဲ့ဘ၀က နင်းပြားကနေ မတက်နိုင်တော့ဘဲနဲ့ အသက်ထွက်ကုန်ကြရတယ်။

“အရေးယူမှုပိုင်းမှာလည်းပဲ ဥပမာ- ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် တရာရုံးမှာ အမှုတခုရှိတယ်။ အဲဒါက နစ်နာသူက နစ်နာလို့ တွဲဘက်ခရိုင်တရားသူကြီးကို နုတ်နဲ့တိုင်တယ်။ တရားသူကြီးက အရေးမယူဘူး။ အရေးမယူတော့ အထက်တွေကို တိုင်တဲ့အခါမှာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်အဆင့်က တိုင်းဦးစီးမှူးက ခေါ်စစ်တယ်။ စစ်တဲ့အခါမှာ တွဲဘက်ခရိုင်တရားသူကြီးက တိုင်ပါလျက်သားနဲ့ အရေးမယူပေးပါဘူးလို့ ပြောလျက်သားနဲ့ အဲဒီတွဲဘက်ခရိုင်တရားသူကြီးကို အရေးယူရေးကိစ္စနဲ့ပတ်သက်ပြီး တိုင်းဦးစီးမှူးက ဘာမှမလုပ်ဘူး။ နောက်ဆုံးအဖြေထုတ်တော့ လာဘ်တောင်းခံရပြီးတော့ ပြန်ရတဲ့အခါမှာလည်းပဲ ၅ သိန်းမှာ ၄ သိန်းပဲပြန်ရတယ်၊ ၁ သိန်းလျော့သွားတယ်။ ပြီးတော့ သူ့ကို ပြည်သူ့ဝန်ထမ်းမဟုတ်ဘဲနဲ့ ပြည်သူ့ဝန်ထမ်းတွေကိုသာ အရေးယူရတဲ့ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၁၆၄ နဲ့ တရားစွဲဆိုထားတယ်။ ဒုက္ခသည်မိန်းမက အခု တရားရင်ဆိုင်နေရတယ်။ အဲဒီတော့ စာရေးကနေတဆင့် လာဘ်တောင်းပါတယ်ဆိုတဲ့ တွဲဘက်ခရိုင်တရားသူကြီးကတော့ ပန်းပန်နေသလို အဲဒါကိုသိပါလျက်နဲ့ အရေးမယူခဲ့တဲ့ တိုင်းဦးစီးကလည်းပဲ တိုင်းပြောင်းတာကလွဲရင် ဘာမှဖြစ်မလာဘူး။ အဲဒီတော့ ဘာဖြစ်လည်းဆိုတော့ လာဘ်တောင်းခံရတဲ့လူတွေက မတိုင်ရဲကြတော့ဘူး။ မတိုင်ရဲတော့ ဒီကိစ္စတွေက အစဉ်အလာတခု၊ ဓလေ့ထုံးစံတရပ်လိုဖြစ်နေတယ်။”

အကျင့်ပျက်ခြစားမှုနဲ့ဆက်နွယ်တဲ့ တရားမ၀င် သဒ္ဒါကြေး၊ ဘောက်ဆူး လုပ်သက်ဆု၊ ဆုကြေးတွေ၊ ခြောက်လှန့်တောင်းယူမှုတွေရှိတယ်။ အဲဒီအမူအကျင့်တွေက မြန်မာ့လူ့အဖွဲ့အစည်းမှာ ဘယ်လောက်တောင် အမြစ်တွယ်နေပြီလဲ။

“အဲဒါကတော့ ကုရန်ဆေးမရှိတော့တဲ့ ကပ်ရောဂါဆိုးကြီးလိုဖြစ်နေတယ် ဗမာပြည်မှာ။ ဘာဖြစ်လို့လည်းဆို ကျနော်တို့နဲ့နီးစပ်တာကို ပြောရမယ်ဆိုရင် မြို့နယ်တရားသူကြီး အများဆုံးရတာ ဒေါ်လာ ၂၀၀ လောက်ပဲရတယ်။ ရုံးသုံးပစ္စည်းတွေက သူ့အိတ်ထဲက ၀ယ်ထည့်ရတယ်။ စာရေးတွေလည်း ဒီအတိုင်းပဲ၊ ဒုက္ခ ရောက်နေတယ်။ ဒီလို ရုံးသုံးပစ္စည်းတွေကိုလည်း လောက်အောင် မပေးဘူး။ နေအိမ်ကို လုံလောက်အောင်မပေးဘူး။ ကြီးမားတဲ့ မာစတာကြီးတွေကတော့ (သိန်းလေးထောင်) (သိန်းငါးထောင်) တန်တဲ့မြေကွက်တွေကို တကွက်ပြီးတကွက် ရနေတယ်။ အလုပ်ပြုတ်သွားပြီးတော့ ထွက်လာပြန်တော့လည်းပဲ တွေ့တယ်မဟုတ်လား၊ ကြားတယ်မဟုတ်လား ၁ လကို ဒေါ်လာ ၈ သောင်းလောက်နဲ့ ငှားတဲ့ဟာတွေတောင်မှ သူတို့က ပိုင်ဆိုင်နေတယ်။ အောက်ခြေ၀န်ထမ်းတွေက ဘာမှမရှိဘူး။ ရုံးသုံးပစ္စည်းက အစမရှိဘူး။ မရှိတော့ ဒါက လိုအပ်ချက်ကို ဖြည့်ဆည်းရင်းနဲ့ နောက်ဆုံးတော့ အဂတိနယ်ပယ်ထဲမှာ သူလည်း ကျင်လည်ကျက်စားပြီး ပင်စင်နဲ့ထွက်ခွာသွားခဲ့ကြရတာပဲ။”

အစိုးရ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က ၅ ဦးစီပေါင်းစုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဖွဲ့ပြီးဆောင်ရွက်နေတာ အဲဒီကော်မရှင်ကရော အလုပ်ဖြစ်လား။ ၆ လအတွင်း တိုင်ကြားမှု ၅၀၀ ကျော်မှာ သုံးမှုပဲ တရားစွဲတယ်မဟုတ်လား။

“အဲဒါ မဖြစ်နိုင်တဲ့ ထုတ်ပြန်ချက်ပေါ့။ အမှုပေါင်း ၅၀၀ ကျော်မှာ သုံးမှုလောက်ပဲဖြစ်တယ်ဆိုတော့ အဲဒီသုံးမှုက အောက်ခြေက အသေးအမွှားလေးတွေ။ ဥပဒေမှာ စကားပုံတခုရှိပါတယ်။ ဥပဒေဆိုတဲ့ ပင့်ကူအိမ်မှာ ကျွဲတွေ၊ နွားတွေ၊ ဆင်တွေ မမိဘဲနဲ့ ပိုးမွှားလေးတွေပဲ မိတယ်ဆိုတာလို အဲဒီကော်မရှင်ပင့်ကူအိမ်မှာမိတာ အသေးလေးတွေပဲဖြစ်မယ်။ မမိပါဘူးလို့ ပြောတာကတော့ ဆင်ကြီးတွေ၊ ဂဠုန်ကြီးတွေပဲဖြစ်လို့နေမှာပါ။ အဲဒီလိုလုပ်နေသရွေ့ ဘယ်တော့မှ မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှု ကပ်ဆိုးကို မတိုက်ဖျက်နိုင်ဘူး။”

မုတ္တမပင်လယ်ကွေ့ဘက်မှာ ဆီတင်သင်္ဘောဖမ်းမိတာ တရားမ၀င်တွေ တွေ့တယ်၊ မပေါ်ဘူး။ သထုံမှာ ကျပ်သိန်းလေးထောင်ဖို့ မူးယစ်းဆေးဝါးမိတယ် မပေါ်ဘူး။ ရာဇ၀တ်မှုသေးလေးတွေ ဖမ်းမိတာတွေတော့မြင်ရတယ်။  လူထုအကြားမှာ ဖြစ်ပျက်နေတာနဲ့ ချိန်ထိုးပြပါလား။

“ဟုတ်ကဲ့။ ကျနော်ကိုယ်တိုင် မူးယစ်ဆေးဝါးအမှု ၂ မှု၊ ၃ မှုလောက် ၀င်လိုက်လိုက်တော့မှ တကယ်ကျူးလွန်တဲ့သူတွေက ဖမ်းဆီးတဲ့သူတွေကို သိန်း ၂၀၀၀ အထိ လာဘ်ထိုးပြီးတော့ လွတ်မြောက်သွားကြတယ်။ ဖမ်းမိပြီးတော့ အချုပ်ထဲရောက်တယ်၊ ထောင်ထဲရောက်တယ်၊ ပြန်လွတ်သွားကြတယ်။ အဲဒီမှာ ဘာမှမဆိုင်တဲ့လူက တရားခံဖြစ်ရလို့ တရားခံရဲ့ မိန်းမက တိုင်တယ်။ တိုင်လည်း မူးယစ်ဆေးဝါးဖမ်းဆီးရေးအဖွဲ့က ရဲအုပ်ဝင်းနိုင်က ဘာမှမဖြစ်ဘူး။ အရေးယူမခံရဘူး။ အခု မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့ တင်သွင်းထားတဲ့အမှုတွေ တော်တော်များများက တကယ့်တရားခံကြီးတွေမဟုတ်ဘူး။ တကယ့်တရားခံကြီးတွေအားလုံးလိုလိုက လွတ်နေတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ရင်လည်း ထိန်းချုပ်ရခက်နေတယ်၊ အားနည်းနေတယ်ဆိုတာက ကျပ် သိန်းထောင်နဲ့ချီပြီးတော့ လာဘ်စားမှုတွေကြောင့်ဖြစ်နေတယ်။  အရေးမယူဘူး။ အဲဒါက ရန်ကုန်အရှေ့ပိုင်းခရိုင်မှာ တင်ထားတယ် အမှုက။”

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဥပဒေကြီးရှိနေလျက်သားနဲ့ အခုလို မအောင်မမြင်ဖြစ်တာက ဒီဥပဒေကို ဥပဒေဘက်တော်သားတွေက အကောင်အထည်မဖော်လို့လား။ ဥပဒေအတိုင်းလုပ်ရင် တကယ်လုပ်ရကိုင်ရမှာ ခက်နေလို့လား။

“ဥပဒေအတိုင်း တကယ်မသက်မညှာ မျက်နှာမထောက်ပဲနဲ့ လုပ်ရမယ်ဆိုရင်။ မျက်နှာနာစရာကျေးဇူးရှင်တွေဖြစ်နေတော့ အရေးမယူနိုင်တဲ့သဘောလည်းဖြစ်တယ်။ နောက်တချက်က ကိုယ်က သွားစစ်ရမယ့်သူက ကိုယ့်ထက် (၁၂) ဆလောက် ရာထူးမြင့်တဲ့သူ ဖြစ်နေတယ်။ နောက်တချက်က ဒါကြီးက ကုန်ဈေးနှုန်းမတည်ငြိမ်မှုနဲ့ အခြေခံဝန်ထမ်းငယ်လေးတွေ၊ ၀န်ထမ်းလောကမှာ လုံလောက်တဲ့လစာ မရရှိမှုကလည်း ဆက်လက်ဖြစ်ထွန်းနေတဲ့အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဟာ ဘယ်လိုမှ မလုပ်နိုင်ဘူး။

“လုပ်မယ်ဆိုရင် တခြားကိစ္စတွေမှာ တရုတ်ပြည်ကို စံနမူနာ လက်ညှိုးထိုးပြသလို ကျနော်တို့ မြန်မာနိုင်ငံမှာလည်းပဲ ထိပ်တန်းရာထူးကြီးတွေနဲ့ ၀န်ကြီးတွေ၊ ဥပမာ- ဗိုလ်ခင်ညွန့်တို့လို ပုဂ္ဂိုလ်မျိုးတွေကို တရုတ်မှာ အရေးယူသလို သေဒဏ်ပေးလိုက်ပေါ့။ ခုတော့ ထောင်လေး ခနချ၊ ပြီးတော့အပြင်မှာ ပြန်ထား။ အဂတိလိုက်စားမှု ညိစွန်းတာမှန်ရင် သေဒဏ်ပေးပေါ့။ တရုတ်ကို လက်ညှိုးထိုးပြီးတော့ စံနမူနာပြတယ်ဆိုရင် တရုတ်ကလုပ်တဲ့ အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး သေဒဏ်ပေးသလို ပေးဖို့လိုတယ်။ ဗိုလ်ခင်ညွန့်တို့အမှုကို ပြန်စစ်ဆေးပြီး သေဒဏ်ပေးသင့်တယ်။”

လက်ရှိကော်မရှင်ကို အသစ်ပြင်ဆင်ဖွဲ့ဆောင်ရွက်မယ်ဆိုရင် ကော်မရှင်မှာ ဘယ်သူတွေ ပါသင့်လဲ။

“လွတ်လပ်တဲ့အဖွဲ့ဝင်တွေဖြစ်သင့်တယ်။ ဘာဖြစ်လို့လဲဆိုရင် အဲဒီလူတွေဟာ ၀န်ထမ်းရာထူး မထမ်းဆောင်ဖူးတဲ့ ပြင်ပက ၀ါရင့်ရှေ့နေတွေ၊ ဒီဥပဒေပိုင်းနဲ့ပတ်သက်လို့ ထဲထဲဝင်ဝင် ဆောင်ရွက်ဖူးတဲ့ ရှေ့နေတွေနဲ့လုပ်ဖို့လိုတယ်။ နောက်တချက်က ကော်မရှင်မှာပါတဲ့ သူတွေရဲ့ပိုင်ဆိုင်မှုတွေကိုလည်း  အရင်ဆုံးပြည်သူတွေသိအောင် ထုတ်ပြပြီးတော့ လုပ်ဖို့လိုတယ်။ ကော်မရှင်မှာပါတဲ့သူတွေက ရာထူးတာဝန်မှာ ရှိနေစဉ်တုန်းက သူတို့ ဘယ်လောက်တောင်မှ ပြည်သူ့ဘဏ္ဍာတွေယူထားသလဲ၊ ပိုင်ဆိုင်မှုတွေ ယူထားသလဲ၊ မြေကွက်တွေယူပြီးတော့ ဘာတွေကို ရောင်းစားပြီးတော့ အရင်းနှီးလုပ်ထားသလဲ။ အဲဒါမျိုးတွေ လုပ်ထား၊ မထား။ ရှိ၊ မရှိ ပြည်သူက သိအောင် အရင်ဆုံး ထုတ်ဖော်ပြသပေးရင် ပိုကောင်းမယ်။”

၂၀၁၃ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပြဋ္ဌာန်းစဉ်က မဲခွဲရာမှာ ပွတ်ကာသီကာနိုင်ခဲ့တယ်။ လက်ရှိအစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း ကြေညာသင့်ဆိုတာ တင်ပြခဲ့တာ ကန့်ကွက်ခံရတယ်။ ဒီတော့ ဒီဥပဒေအရ တိုက်ဖျက်ရေးက လွယ်ပါ့မလား။

“ဘယ်လိုမှ မလွယ်နိုင်ဘူး။ ဘယ်လိုမှ မလွယ်နိုင်ဘူးဆိုတာက လက်ရှိဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ပြကို ပြရမယ်။ တရုတ်ပြည်မှာတောင်မှ ပြနေပြီဗျာ။ တရုတ်ကို ကျေးဇူးရှိပါတယ်။ ကြောက်ရပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ဒီကိစ္စကျတော့ ရှောင်လွဲသွားကြတယ်။ တရုတ်ပြည်က သေဒဏ်ပေးတာတွေ ဖြစ်လာတယ်။ မသက်မညှာလုပ်လာတယ်၊ ဒါ ဘောင်ကျကျပဲ။ ကျနော်တို့ဆီမှာ အဲဒါမျိုးမဟုတ်ဘူး။ ဘာမဟုတ်တဲ့ မြို့နယ်တရားသူကြီးလေး ထောင်ချတာကျတော့ (၁၀) နှစ်လောက်ချတယ်။ စားတာကလည်း ဘာမှမရှိပါဘူး။ (လေး – ငါး – ဆယ် သိန်း) ကိစ္စ။ ဒီထက်မက စားနေတဲ့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ အပေါင်းပါ ထောက်လှမ်းရေးတွေ ကျတော့ နှစ်ပေါင်း (၁၀၀) တို့၊ (၉၀) တို့၊ (၈၀) တို့ ချပြီး အခု ဘာဖြစ်သွားလဲ။ ပြန်လွတ်သွားတယ်။ သူတို့ ပိုင်ဆိုင်မှုတွေကတော့ ဆက်လက်တည်မြဲနေတယ်။ အဲဒီတော့ သူတို့အတွက် ဘာမှ မထူးဘူး။ ထောင်ထဲမှာလည်း သူတို့က တလကို (၅) သိန်းလောက် သုံးနိုင်တယ်။ ကျန်တဲ့အကျဉ်းသားက မသုံးနိုင်ဘူးဗျ။”

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်တာ ၅၃၀ ကျော်တဲ့အနက် ၃ မှုကို တရားစွဲမယ်ဆိုတော့ ကျန်တဲ့တိုင်ကြားချက်တွေက ဘာတွေဖြစ်မလဲ အများပြည်သူသိခွင့်မရှိဘူးလား။

“ကျနော်တို့ရဲ့ဒီမိုကရေစီသမ္မတကြီး ဦးသိန်းစိန်က ပွင့်လင်းမြင်သာမှု ရှိအောင်လုပ်ရမယ်လို့ ပြောထားတာပဲ။ အဲဒီတော့ သမ္မတကြီး ပြောထားတဲ့စကားကို အသက်ပါပါလည်း လိုက်နာသောအားဖြင့် ပြည်သူလူထုကို အဲဒီ တိုင်စာပေါင်း ငါးရာကို စာအုပ်ချုပ်ပြီး ချရောင်းလိုက်ပါ။ ပြည်သူက အုပ်ရေ ၁ သန်းလောက် ၀ယ်မှာပါ။ အဲဒါဆို ပြည်သူက သိသွားမယ်။ သို့မဟုတ် သတင်းစာထဲမှာ ထည့်ပေးပါ။ အဲဒီအခါကျတော့ ပြင်ပက လွတ်လပ်တဲ့ ရှေ့နေတွေကလည်း ၀ိုင်းဝန်းပြီးတော့ ထောက်ပြမှာပေါ့။ အဲဒီတော့ ပြန်စစ်ပါ။ ဘယ်ဟာက ဘယ်လိုပါ ပြောမှာပေါ့။ အခုတော့ အဲဒီတိုင်စာတွေက သိုက်စာလို သိမ်းထားမယ်ဆိုရင်တော့ ဘယ်ဖြစ်မတုန်း။ ပွင့်လင်းမြင်သာမှုရှိဖို့ ကျနော်တို့ရဲ့သမ္မတကြီး ဦးသိန်းစိန်က လမ်းညွှန်ထားတယ်လေ။ သမ္မတကြီးကို အမှန်တကယ် ရိုသေးလေးစားလိုက်နယ်တယ်ဆိုရင် သမ္မတကြီးစကားကို မြေ၀ယ်မကျ နားထောင်ပြီးတော့ သတင်းစာထဲမှာ တိုင်စာ (၅၀၀) ကို ထည့်လိုက်ပါ။ သို့မဟုတ် စာအုပ်ထုတ်ရောင်းလိုက်ပါ။ တိုင်းပြည်လည်း ဘဏ္ဍာတိုးမယ်။ ပြည်သူလူထုလည်း လေ့လာနိုင်မယ်။”

မေလက ကုလသမဂ္ဂက ကောက်ယူတဲ့ စစ်တမ်းမှာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းအတွက် အကျင့်ပျက်ခြစားမှုဟာ ကြီးမားဆုံးအနှောင့်အယှက်ဖြစ်တယ်၊ ဒုတိယက ကျွမ်းကျင်လုပ်သားရှားပါးမှုနဲ့ နည်းပညာလိုအပ်ချက်ဖြစ်တယ်လို့ဖော်ပြတယ်။ ၇ လတာအတွင်း အစိုးရပိုင်းက ဒီစစ်တမ်းနဲ့ပတ်သက်လို့ ဘယ်လောက်အလေးထားတာ တွေ့ရလဲ။

“ကြားသိချက်အရဆိုရင် ကုလသမဂ္ဂကလုပ်တဲ့ စစ်တမ်းနဲ့ပတ်သက်လို့ ဘာမှလုပ်တာ မရှိပါဘူး။ နေမြဲ၊ စားမြဲ၊ တောင်းမြဲ၊ ရမ်းမြဲပဲ။ လုပ်ရမှာက ကျနော်တို့ ခုနက ပြောသလို သမ္မတကြီးကနေ အောက်ခြေအထိ သူတို့ပိုင်ဆိုင်မှုကို သက်ဆိုင်ရာဌာနအလိုက် သတင်းထုတ်ပြန်ပေးဖို့လိုတယ်။ အဲဒါမှလည်း ဖြစ်မှာ။ မဟုတ်ရင် ကြီးပွားရင်း ကြီးပွားဖြစ်နေတာကိုး စံပြနမူနာတွေဖြစ်နေတယ်။”

ဒါဆိုရင် ဥပဒေမှာ အစိုးရအဖွဲ့ဝင်တွေ နိုင်ငံရေးသမားတွေစသဖြင့် ပိုင်ဆိုင်မှုဖော်ပြကြဖို့ ထပ်ဖြည့်ပြီး ပြင်ရမယ့်သဘောဖြစ်နေတာလား

“ကျနော်တို့ရဲ့လွှတ်တော်က ခက်နေတာဗျ။ ဒီသက်တမ်းက အရည်အချင်းပိုမိုပြည့်ဝတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပိုမိုပြည့်ဝလာမှပဲ ဖြစ်တော့မယ်။ ဘာဖြစ်လို့လည်းဆိုရင် အခု ကျနော်တို့ဆီမှာ ဖြစ်နေတဲ့ ဥစ္စာက လွှတ်တော်မှာ ဥပဒေထုတ်လိုက်၊ ဘာမှ မကြာဘူး ပြန်ပြင်ရပြန်ပြီ ဒီဥပဒေလည်း ပြန်ပြင်ရဦးမှာပဲ။”

အဂတိလိုက်စားမှုလျော့ပါးရေးမှတဆင့် ကင်းစင်ပပျောက်ရေးအတွက် အန်ကယ့်အမြင်။

“အဂတိမလိုက်စားအောင် အောက်ခြေ၀န်ထမ်းတွေကို လစာကိုတိုးပြီးတော့ ကုန်ဈေးနှုန်းကို တည်ငြိမ်အောင် ဖဆပလ ဒီမိုကရေစီအစိုးရလုပ်သလို လုပ်ထားနိုင်မှ ရမယ်။ ဟိုတုန်းက ဖဆပလ ဒီမိုကရေစီအစိုးရလက်ထက်တုန်းက လဲလှယ်ခွင့်ရှိကြောင်းအာမခံတဲ့ (စံလင်း၊ မောင်ကောင်း) (ငွေစက္ကူပေါ်တွင် လဲလှယ်နိုင်ကြောင်း အာမခံချက်လက်မှတ်) ငွေစက္ကူမျိုးကို ထုတ်နိုင်မှဖြစ်မယ်။ အခုထုတ်သုံးနေတဲ့ ပိုက်ဆံတွေက လဲလှယ်ခွင့်ရှိကြောင်း အာမခံတယ်ဆိုတဲ့ စာသားတွေ မပါထားတော့ ကုန်ဈေးနှုန်းကလည်း သူတက်ချင်သလိုထုတ်နေတယ်။ ငွေစက္ကူကလည်း သူထုတ်ချင်သလို ထုတ်နေတယ်။

“ဥပမာဆိုပါစို့။ ၅၀၀ တန်ဆိုလည်း ၂ မျိုး၊ ၂၀၀ တန် ၂ မျိုး၊ ၁၀၀၀၀ တန် နှစ်မျိုး။ ၅၀၀၀ တန် ၂ မျိုးနဲ့ ၂ မျိုး ၂ ဖုံ ဖြစ်နေတော့ နောက်ထပ် ၂ ဘ၀လောက်တော့ ခံရဦးမယ်ဆိုတဲ့ အတိတ်နိမိတ်လိုဖြစ်နေတယ်။”

DVB

ဦးရောဘတ်ဆန်းအောင်
ဦးရောဘတ်ဆန်းအောင်
ကမ္ဘာတ၀န်း အကျင့်ပျက်ခြစားမှုတွေကို စောင့်ကြည့်နေတဲ့ Transpriancy International အဖွဲ့က ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့စာရင်းမှာ မြန်မာနိုင်ငံဟာ အကျင့်ပျက်ခြစားမှု အဆိုးဝါးဆုံးအဆင့်မှာ ဆက်လက် ရပ်တည်နေကြောင်း ဖော်ပြခဲ့ပါတယ်။

သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများ ပြန်သုံးသပ်ရန် အရေးကြီးအဆိုတင်မည်

Photo: သံလွင်မြစ် ရေအားလျှပ်စစ် စီမံကိန်းများ ပြန်သုံးသပ်ရန် အရေးကြီးအဆိုတင်မည်
Saturday, December 13, 2014

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် တာဆန်းအပါအဝင် ရေအားလျှပ်စစ် စီမံကိန်း ခြောက်ခု တည်ဆောက်ရေး ကိစ္စများကို ပြည်ထောင်စုအစိုးရက ပြန်လည်သုံးသပ်ပေးရေး အဆိုကို တိုင်းရင်းသား ကိုယ်စားလှယ် တချို့ကလာမည့် လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းမည်ဟု သိရသည်။

ဒေသခံများ၊ အရပ်ဘက်လူ့ အဖွဲ့အစည်းများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့များ ကန့်ကွက်နေသည့် အဆိုပါရေအား လျှပ်စစ် စီမံကိန်း ခြောက်ခုကို ဘားအံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေဟွာနှင့် ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော် အမှတ် (၃) ကိုယ်စားလှယ် ဦးစိုင်းစံမင်းတို့ကလာ မည့်နှစ်၊ ဇန်နဝါရီလတွင် စတင်မည့် ၁၂ ကြိမ်မြောက် လွှတ်တော်တွင် တင်သွင်းသွား မည်ဟု ပြောသည်။

ဒေါ်နန်းစေဟွာက “ကျွန်မတို့ရဲ့ မျိုးဆက်သစ်တွေအတွက်၊ ရေရှည် ဖွံ့ဖြိုး ရေးဆိုင်ရာ ကိစ္စရပ်တွေ အတွက် ဒီစီမံကိန်းတွေကို ပြန်သုံးသပ်ဖို့ လိုနေတဲ့အတွက် အဆိုတင်သွားမှာဖြစ်ပါတယ်” ဟု တယ်လီဖုန်း မှတစ်ဆင့် ဖြေကြားသည်။

စီမံကိန်း ခြောက်ခု အနက်သံလွင်မြစ် အပေါ်ပိုင်း ရှမ်း-တရုတ် နယ်စပ်တွင်နှစ် ခုဖြစ်ပြီး မြစ်အောက်ပိုင်း ဖြစ်သည့် ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တွင် လေးနေရာ တည်ဆောက်မည်ဖြစ်ကာ တာဆန်းမှ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇,၀၀၀ ကျော်ထွက်ရှိမည်ဟု ခန့်မှန်းထားကာ ကွမ်းလုံ၊ နောင်ဖ၊ မိုင်းတုံ၊ ရွာသစ်နှင့် ဟတ်ကြီးတို့မှ မဂ္ဂါဝပ် ၁၄,၉၆၀ စက်တပ်ဆင်အင်အားရှိမည်ဟု လျှပ်စစ် စွမ်းအားဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ဒေါ်နန်းစေဟွာက မကြာသေးမီက ထိုင်းနိုင်ငံတွင်ပြုလုပ်ခဲ့သည့် သံလွင်မြစ် ပေါ်တည်ဆောက်မည့် လျှပ် စစ်စီမံကိန်းများနှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ တစ်ရပ်တွင် စီမံကိန်းများကြောင့် သံလွင်မြစ် ကြောင်းတစ်လျှောက် တိုင်းရင်းသား လူမျိုးစု ၁၀ စုကျော် ပျောက်ကွယ် သွားနိုင်ကြောင်း၊ ဆည်တည် ဆောက်ခြင်းကြောင့် မြစ်အောက်ပိုင်း ရေမစီးနိုင်ပါက သံလွင်မြစ် တိမ်ကောလာခြင်း၊ ရေငန်များ တက်ခြင်းကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းများရှိ စပါးမျိုး ၁၀၀ ကျော် ပျက်စီးခြင်း၊ သစ်တောများ ပျက်စီးခြင်း၊ ဒေသရင်း မျိုးစိတ်များပျက်စီးခြင်းများ ကြုံတွေ့ရမည်ဖြစ်ကြောင်း ပြောသည်။

၎င်းက “ကျွန်မတို့ ကရင်ပြည်နယ်မှာ ဟတ်ကြီးဆည် လုံခြုံရေးကို အကြောင်းပြပြီး လက်နက်ကိုင် တပ်စွဲလာကြတာကြောင့် ပြည်သူတွေ
ရှောင်တိမ်းခဲ့ကြရပါတယ်” ဟုလည်း ဖြည့်စွက်ပြောသည်။

စီမံကိန်းများတွင် မြန်မာနိုင်ငံမ ရရှိမည့် အကျိုးအမြတ်မှာ ၁၀ရာခိုင်နှုန်းဝန်းကျင်သာရှိပြီး ပြည်ပနိုင်ငံများနှင့် ပုဂ္ဂလိကလုပ် ငန်းရှင် တစ်စု ရရှိမည့် အကျိုးအတွက် ပြည်နယ်၏ ပတ်ဝန်းကျင်၊ အနာဂတ်ကို အထိခိုက်မခံနိုင်ဟုလည်း ပြောသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးကရသော အချက်အလက်များအရ ကွမ်းလုံစီမံကိန်းမှ မဂ္ဂ၀ပ် ၁,၄၀၀ အနက် မဂ္ဂ၀ပ် ၇၀၀၊ နှစ်စဉ် ကန် ဒေါ်လာ ၇၄ သန်း၊ နောင်ဖ စီမံကိန်းမှ မဂ္ဂါဝပ် ၁,၂၀၀ အနက် မဂ္ဂါဝပ် ၆၀၀ နှင့် နှစ်စဉ်ကန်ဒေါ်လာ ၈၁ သန်း၊ မန်တောင်း စီမံကိန်းမှ ၂၂၅ မဂ္ဂါဝပ်အနက် ၁၁၂ မဂ္ဂါဝပ်နှင့် နှစ်စဉ် ကန် ဒေါ်လာ ၁၂ သန်းကျော် ရရှိမည်ဆိုသော်လည်း အခြားစီမံကိန်းများ၏ အကျိုးအမြတ် ခွဲဝေမှုကို မသိရပေ။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမော်သာထွေးက ပြည်ထောင်စုအစိုးရသည် ပြည်ပနိုင်ငံများနှင့် ရေအားလျှပ်စစ်ပူးတွဲ ထုတ်လုပ်ရာ၌ ခေတ်နှင့် မလျော်ညီတော့သည့် စီမံကိန်းများကို ပြန်လည်စိစစ်ပေးမည်ဟု ပြီးခဲ့သည့် ၁၁ ကြိမ်မြောက် လွှတ်တော်တွင် ကတိပြု ပြောဆိုထားသည်။

Mizzima - News in Burmese 

မော်လမြိုင်မြို့အနီး ဖြတ်သန်းစီးဆင်းသွားသော သံလွင်မြစ်အတွင်း ဆိုက်ကပ် ထားသော သင်္ဘောများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
မော်လမြိုင်မြို့အနီး ဖြတ်သန်းစီးဆင်းသွားသော သံလွင်မြစ်အတွင်း ဆိုက်ကပ် ထားသော သင်္ဘောများကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဟောင်ဆာ (ရာမည)၊ မဇ္ဈိမ)
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် တာဆန်းအပါအဝင် ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခု တည် ဆောက်ရေး ကိစ္စများကို ပြည်ထောင်စုအစိုးရက ပြန်လည်သုံးသပ်ပေးရေး အဆိုကို တိုင်းရင်းသား ကိုယ်စားလှယ် တချို့ကလာမည့် လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းမည်ဟု သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး နှစ်ကုန်အပြီးသတ်မည်

Photo: မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ခြံစည်းရိုး နှစ်ကုန်အပြီးသတ်မည် 
Saturday, December 13, 2014

 မြန်မာနိုင်ငံ အနောက်ဘက်အခြမ်း ရခိုင်ပြည်နယ်၊ နယ်စပ် ခြံစည်းရိုး ကာရံခြင်းကို ယခုနှစ်ကုန် အပြီးသတ်မည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဖြစ်သော မောင်တောမြို့၊ အနောက်
ဘက်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ထွက်မှုများကို
တားဆီးနိုင်ရေးအတွက် မြန်မာအစိုးရဘက်က တည်ဆောက်နေခြင်း
ဖြစ်သည်။

“၉၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဒီလအတွင်းမှာ အပြီးသတ်မယ်” ဟု ဦးလှဟန်က ပြောသည်။

မြန်မာအစိုးရက မောင်တောနယ်စပ်ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ် လုပ်ငန်းများအတွက် မြန်မာကျပ်ငွေ ၃၆ ဘီလီယံကျော် အသုံးပြုမည် ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က နိုဝင် ဘာလအတွင်းက ပြည်ထောင်စုလွှတ်တော်တွင် ဖြေကြားထားသည်။

နယ်စပ်ခြံစည်းရိုးကာရံခြင်းသည် တရားမဝင် ဝင်ထွက်မှုများကို
ကာကွယ်နိုင်သော်လည်း အရေးပေါ်ကိစ္စ ရပ်များဖြစ်ပေါ်ပါက
သွားလာနိုင်ရေးအတွက် လမ်းဖောက်ပေးသင့်သည် ရခိုင်ပြည်နယ်
ရှေ့နေချုပ် ဦးသာပွင့် က ဆိုသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် သည် ကီလိုမီတာ ၃၂၀ ကျော်ရှည်လျားပြီး နယ်စပ်ကင်းစခန်းဂိတ် ၁ မှ ဂိတ် ၆၅ ထိ ဖွင့်လှစ်ထားရှိသည်။ နယ်စပ် ဂိတ်တစ်လျှောက်တွင် နယ်ခြားစောင့်တပ်များကို နေရာချထားပြီး လုံခြုံ ရေးကို ဆောင်ရွက်နေခြင်းဖြစ်သည်။

ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်သည် နယ်စပ်ခြံစည်းရိုးထက် ရေကြောင်း လုံခြုံရေးက အဓိကလိုအပ်သည်ဟုလည်း ပြည်နယ်လွှတ်တော် အမတ်အချို့က ဆိုသည်။

ပြည်နယ်အစိုးရအဖွဲ့ကမူ ရခိုင်ပြည်နယ် ရေကြောင်းလုံခြုံရေးအတွက် လက်နက် တပ်ဆင်ထားသော ကင်းလှည့်ရေယာဉ် နှစ်စင်းဖြင့်
နိုဝင်ဘာမှ စတင်ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

မောင်တောနယ်စပ်ခြံစည်းရိုးကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ မြေပိုင်နက်အငြင်းပွားမှု၊ ရေပိုင်နက် အငြင်းပွားမှု၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို တားဆီးနိုင်ရေးအတွက် ၂၀၀၈ ခုနှစ်က စတင်ကာရံခဲ့ ခြင်း ဖြစ်သည်။

Mizzima - News in Burmese  

ရခိုင်-မောင်တောနယ်စပ် ခြံစည်းရိုးကာရံထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးသာပွင့်)
ရခိုင်-မောင်တောနယ်စပ် ခြံစည်းရိုးကာရံထားသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဦးသာပွင့်)
 မြန်မာနိုင်ငံ အနောက်ဘက်အခြမ်း ရခိုင်ပြည်နယ်၊ နယ်စပ်ခြံစည်းရိုးကာရံခြင်းကို ယခုနှစ်ကုန် အပြီးသတ် မည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးလှဟန်က ပြောသည်။

ဒေါ်လာ ၂၅ မီလီယံတန်ကြေးရှိတဲ့ Ehibitionist ဇိမ်ခံသင်္ဘောကြီး

Photo: ဒေါ်လာ ၂၅ မီလီယံတန်ကြေးရှိတဲ့ Ehibitionist ဇိမ်ခံသင်္ဘောကြီး
Saturday, December 13, 2014

ဘီလီယံနာသူဌေးတွေအဖို့ ကစားစရာအရုပ်တွေ များလာသလိုပါပဲ။ superhero ရဲ့ အဆင့်အတန်းနဲ့ နီးနိုင်သမျှ အနားကပ်နိုင်ရင် ကျေနပ်စရာဖြစ်နေတာပေါ့။  Xhibitionist ခေါ်တဲ့ မဟာသင်္ဘောကြီးက အမြန်ယာဉ် Batmobile ဖြစ်လာပါပြီ။ ဒါပေမယ့် ပင်လယ်ရေပြင်မြင့်တွေအတွက်ပါ။  ဆွီဒင်အခြေစိုက် ကားဒီဇိုင်နာ Eduard Gray of Gray Design က ဖန်းတီးထားတဲ့ ဒီဇိမ်ခံသင်္ဘောကြီးရဲ့ တန်ဖိုးက ဒေါ်လာ ၂၅ မီလီယံရှိပါတယ်။

စပို့စ်ကားပုံစံ အပြည့်ဖမ်းထားပြီး သူ့ရဲ့တမူထူးခြားတဲ့ အောက်ခြေဝမ်းဗိုက်မှာ ရေထုနဲ့ အနီးတကပ်တည်ရှိပြီး အတည်တပ်ဆင်ထားတဲ့ ဆိုလာပြားတွေနဲ့အတူ ချောမွတ်တောက်ပြောင်နေတဲ့ အသွင်သဏ္ဍာန်နဲ့ပါ။ ဆိုလာပြားတွေမှာ သင်္ဘောကုန်းပတ်အောက်ခြေ ထိရှည်လျားပြီး သင်္ဘောကို စွမ်းအင်ပံ့ပိုးပေးဖို့ နဲ့ ဟယ်လီကော်ပတာတွေ အဆင်းအတက်ပြုတဲ့နရာနဲ့ တေးဂီတဖျော်ဖြေဖို့ နေရာလပ် အဖြစ်အသုံးပြုနိုင်တယ်။ အပေါ်ဆုံးထပ်မှာ Jacuzzi ရေချိုးကန်တစ်ခုနဲ့ အပန်းဖြေရှုခင်းတွေ ကြည့်ရှုခံစားနိုင်မယ့် နေရာအလုံအလောက်ပါရှိပါတယ်။

အောက်ခြေမှာတော့ လင်းလက်တောက်ပြောင်ပြီး တခြားဘယ်နေရာမှာမှ မရှိနိုင်တဲ့ ပရိဘောဂ အသုံးဆောင်တွေ ဆင်မြန်းထားတဲ့ အနုပညာလက်ရာ တစ်ခုပါရှိပါတယ်။ အရှေ့ဘက်ဝမ်းဗိုက်ပိုင်းမှာတော့ သီးသန့်ဆောက်ထားတဲ့ အခန်းငယ်လေးကြောင့် ပင်လယ်ပြင်ကို တမျှော်တခေါ်ကြီးကြည့်ရှုခံစားနိုင်ပြီး ရေသတ္တဝါတွေရဲ့ဘဝလှုပ်ရှားမှုမျိုးစုံကို ကြည့်ရှုခံစားနိုင်အောင်လည်း ဖန်တီးပေးထားတယ်။

ကွယ်ဝှက်ထားမယ့်အစား အင်ဂျင်တွေကို မှန်နံရံအကာရဲ့ အနောက်ဘက်ခြမ်းမှာ မြင်သာထင်သာအောင် ထားရှိခဲ့လို့ အလွယ်တကူ ထိန်းချုပ်နိုင်စေပါတယ်။

Ref:foxnews.com
Trend Myanmar
ဘီလီယံနာသူဌေးတွေအဖို့ ကစားစရာအရုပ်တွေ များလာသလိုပါပဲ။ superhero ရဲ့ အဆင့်အတန်းနဲ့ နီးနိုင်သမျှ အနားကပ်နိုင်ရင် ကျေနပ်စရာဖြစ်နေတာပေါ့။  Xhibitionist ခေါ်တဲ့ မဟာသင်္ဘောကြီးက အမြန်ယာဉ် Batmobile ဖြစ်လာပါပြီ။ ဒါပေမယ့် ပင်လယ်ရေပြင်မြင့်တွေအတွက်ပါ။  ဆွီဒင်အခြေစိုက် ကားဒီဇိုင်နာ Eduard Gray of Gray Design က ဖန်းတီးထားတဲ့ ဒီဇိမ်ခံသင်္ဘောကြီးရဲ့ တန်ဖိုးက ဒေါ်လာ ၂၅ မီလီယံရှိပါတယ်။

သီပေါမြို့နယ် ရဲကင်းကို သေနတ်သမားတစ်ဦး ဝင်ပစ်၍ နှစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်ရှိ ခိုလုံတံတား ရဲကင်းကို ဒီဇင်ဘာလ ၁၁ ရက် ည ၈ နာရီခန့်က သေနတ်ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးက မော်တော်ဆိုင်ကယ်ဖြင့် ဝင်ရောက်ပစ်ခတ်မှုကြောင့် တပ်ကြပ်အဆင့်ရှိ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာများ အပြင်းအထန် ရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

လူ့အရေပြားအစစ်အတိုင်းခံစားနိုင်စေမည့် အရေပြားအတု တီထွင်

Photo: လူ့အရေပြားအစစ်အတိုင်းခံစားနိုင်စေမည့် အရေပြားအတု တီထွင်
Saturday, December 13, 201

အထူးဖန်တီးထားသည့် အရေပြားအတုတစ်မျိုးသည် လက်ပြတ်သွားသူ လူ
နာတို့အား အစားထိုးပေးခဲ့ရာ ပင်ကိုအရေပြားအတိုင်း ထိတွေ့မှုခံစားချက်ကို ပြန်
လည်ရရှိစေကြောင်း သိရသည်။
ထိုအထူးအရေပြားသည် လူ့အရေပြားနှင့် အလွန်ဆင်တူကြောင်း တောင်ကို
ရီးယားလေ့လာသူတို့က ဆိုသည်။
အရေပြားအ စစ်ကဲ့သို့ပင် ဆွဲဆန့်နိုင်ပြီး သက်ရှိတစ်သျှူးကဲ့သို့ ခံစားရစေနိုင်
သည်။
ထိုအရေပြားသည် ဖိအား၊ အပူချိန်နှင့် စိုထိုင်းဆတို့ကို ခံစားနိုင်သည်။ လက်
အတုတွင် တပ်ဆင်ထားသော အရေပြားအတုကို လေ့လာသူတို့ စမ်းသပ်ခဲ့ရာ
အစားထိုးထားသူသည် ကလေးအနှီးစိုနေသလား၊ ခြောက်နေသလားကိုပင်
ခံစားသိရှိနိုင်ကြောင်း သိရသည်။
““လက်ပြတ်သွားသူတွေမှာ အစားထိုးတဲ့လက်အတုနဲ့ အရေပြားအတုတွေ
က လက်ဆွဲနှုတ်ဆက်တာ၊ ကီးဘုတ်ခေါက်တာ၊ ဘောလုံးဆုပ်ကိုင်တာ၊
ရေပူကိုင်တာ၊စိုစွတ်တဲ့အရာတွေ ထိတွေ့တာနဲ့ လူလူ
ချင်း ထိတွေ့တာ စတဲ့ရှုပ်ထွေးတဲ့ ကိစ်္စတွေမှာတောင် သိနိုင်ပါတယ်”” ဟု လေ့
လာသူတို့က ဆိုသည်။
လက်အရေပြားအသစ်ကို ပျော့ပျောင်းကြည်လင်သော ဆီလီကွန်ပစ်္စည်း
PMDS ခေါ်polydimethylsiloxaneဖြင့် ဖွဲ့စည်း ထားပြီး လူ့အရေပြားကဲ့သို့
ဆွဲဆန့်နိုင်ခြင်း၊ ကျုံ့ခြင်းတို့ ပြုလုပ်နိုင်ကြောင်း သိရသည်။
ဆီလီကွန် နာနိုရစ် ဘွန်များပါဝင်သဖြင့် လျှပ်စစ်စွမ်းအင် ထွက်ရှိကာ အာရုံခံ
စားနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
လေ့လာသူအသင်းသည် အရေပြားအတုပြုလုပ်ရာတွင် အရေပြားအစစ်အ
တိုင်း ခံစားစေလိုခဲ့ပြီး နွေးထွေးမှုကိုပါထည့်သွင်းခဲ့သဖြင့် ကလေးငယ်များကို
ပြုစုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုအရေပြားသည် အပူချိန် ၉၈ ဒီဂရီဖာရင်ဟိုက်အထိ ခံနိုင်ရည် ရှိ၊ မရှိ
သိရှိနိုင်ရန် လက်ထဲတွင် ပလတ်စတစ်ကလေးအရုပ် တစ်ရုပ်ထည့်ပေးခဲ့ရာ ခံနိုင်
ရည်ရှိကြောင်း တွေ့ရှိခဲ့ရသည်။

ဇွန် (Ref;DM)
Pyimyanmar
အထူးဖန်တီးထားသည့် အရေပြားအတုတစ်မျိုးသည် လက်ပြတ်သွားသူ လူနာတို့အား အစားထိုးပေးခဲ့ရာ ပင်ကိုအရေပြားအတိုင်း ထိတွေ့မှုခံစားချက်ကို ပြန်လည်ရရှိစေကြောင်း သိရသည်။