Monday, November 23, 2015

မဲဆွယ်ခဲ့သည်ဟု ဆိုကာ ဒီချုပ်ပါတီဝင်များ မဲရုံဝန်ထမ်းများကို ပြည်ခိုင်ဖြိုးကိုယ်စားလှယ်အမှုဖွင့်

မဲရုံအတွင်းနှင့် မဲရုံ ပရိဝုဏ်ကိုက်ငါးရာအတွင်း မဲ ဆွယ်ခဲ့သည်ဟု ဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်နှင့် မဲရုံမှူးအပါအ၀င် မဲရုံဝန်ထမ်းများကို ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ်က အမှုဖွင့်တိုင်ကြားခဲ့သည်။

‘‘ရဲစခန်းမှာ အမှုဖွင့်မှာက ၁၁ မှုရှိတယ်။ ၀န်ကြီးဌာနတွေကို တင်ပြမှာက သုံးမှု၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်အထိ တင်မှာက ငါးမှုရှိတယ်။ နိုဝင်ဘာ လ ၂၂ ရက်အတွင်းမှာ အပြီးလုပ် မယ်’’ဟု ပြည်ခိုင်ဖြိုးပါတီမှ အောင်လံမြို့နယ် တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးခင်ဆွေက ပြောသည်။

နိုဝင်ဘာ ၁၉ ရက် ညနေက အောင်လံမြို့မရဲစခန်းသို့ လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင် လာရောက်အမှုဖွင့်ခဲ့ကြောင်း ရဲ အရာရှိတစ်ဦးက ပြောသည်။

မြို့မရဲစခန်းတွင် အမှု ၁၀ မှု ဖွင့်ခဲ့ပြီး မဲရုံမှူး၊ မဲရုံ၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ၀န်ထမ်းခုနစ်ဦးနှင့် ဒီချုပ်ပါတီဝင် ၂၀ ကျော်အထိ ပါဝင်နေကြောင်း ရဲအရာရှိက ဆိုသည်။

အများစုသည် မဲရုံအတွင်း နှင့် မဲရုံပရိဝုဏ်ကိုက်ငါးရာအ တွင်း မဲဆွယ်သည်ဟု ဆိုကာ အမှုဖွင့်တိုင်ကြားခံရခြင်းဖြစ်ပြီး မဲရုံဝန်ထမ်းများက နှိပ်ရမည့်အကွက်ကို လက်ထောက်ပြခြင်း၊ မည်သူ့အား မဲပေးရန် ပြောဆိုခြင်း၊ ကိုယ်စားမဲလာထည့်ခြင်းနှင့် ဘက်လိုက်ဆောင်ရွက်ခြင်းစသည့် အချက် များဖြင့် စွပ်စွဲတိုင်ကြားခြင်းဖြစ် ကြောင်း သိရသည်။

ဖားကန့်မြေစာပုံပြိုကျမှု သေဆုံးသူ ၁၀၀ ကျော်ရှိလာ

ဖားကန့် စွန့်ပစ်မြေစာပုံ ပြိုကျမှုတွင် သေဆုံးသူအရေအ တွက် တိုးလာနေပြီး စုစုပေါင်း ၁၀၅ ဦးရှိပြီဖြစ်ကြောင်း ဖားကန့် မြို့မရဲစခန်းမှ သတင်းရရှိသည်။


နိုဝင်ဘာ ၂၁ ရက် နံနက် ၄ နာရီခန့်က ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှ ပေ ၁,၀၀၀ ခန့်အမြင့်ရှိ စွန့်ပစ်မြေစာပုံသည် ရေမဆေးကျောက်ရှာဖွေသူများ နေ ထိုင်သည့် တဲအိမ်များအပေါ် ပြိုကျခဲ့ခြင်းဖြစ်သည်။

မြေစာပုံအောက်တွင် ပိနေ သူများအနက် နိုဝင်ဘာ ၂၁ ရက် ညအထိ ရုပ်အလောင်း ၇၉ လောင်း ပြန်လည်တူးဖော်နိုင်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်တွင် ၂၆ လောင်း ထပ်မံရှာဖွေနိုင်ခဲ့သည်ဟု ဖားကန့်မြို့မရဲစခန်းမှူး ဒုတိယရဲမှူး နိုင် ဝင်းက ပြောကြားသည်။

‘‘မြေပိသေဆုံးတာ စုစုပေါင်း ၁၀၅ ယောက် ပြန်ရှာတွေ့ထားတယ်။ အမျိုးသမီးအလောင်း နှစ် လောင်းပါတယ်။ ဒီညနောက်ဆုံးစာရင်းပဲ။ မနက်မှ ဆက်ရှာမယ်’’ဟု ဖားကန့်မြို့မရဲစခန်းမှူး နိုင်ဝင်းက ပြောသည်။

၅၉(စ)နှင့် အမြီးမတစ်စေချင်

၂၀၁၅နိုဝင်ဘာ ၈ ရက်မြန်မာ့သမိုင်းမှာ အထူး ခြားဆုံးသမိုင်း အလှည့်အပြောင်းတစ်ခုအဖြစ် အ ထွေထွေ ရွေးကောက်ပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။ ဒီလိုသမိုင်းဝင်ရွေးကောက်ပွဲကြီး ကို ဝေဖန်မှုများ၊ စိုးရိမ်မှုများကြားက အောင်အောင်မြင်မြင် ကျင်းပပေးနိုင်ခဲ့သည့် နိုင်ငံတော်သမ္မတကြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင်တို့ကို အထူး (အထူး)ကျေးဇူးတင်ကြောင်း ပြည်သူတစ်ယောက်အနေဖြင့် ပြောကြားလိုပါသည်။

ထို့ထက်ပိုသော သတင်း စကားအဖြစ် သမ္မတကြီးနှင့် ကာ ကွယ်ရေးဦးစီးချုပ်၊ ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်များက ပြည် သူတွေက တစ်ခဲနက်အတည်ပြု ထားတဲ့ ဆန္ဒကိုလေးစားပါမည်၊ လိုက်နာမည်ဖြစ်ကြောင်း၊ အနိုင် ရ NLD ပါတီခေါင်းဆောင်ကို သော်လည်းကောင်း၊ ပါတီဝင်တွေ ကိုသော်လည်းကောင်း ဂုဏ်ပြု နှုတ်ဆက်စကား၊ ချီးကျူးစကား များ ထုတ်ဖော်ပြောကြားလာတဲ့ အတွက် ပြည်သူတွေမှာ အချိုပေါ် သကာလောင်းသကဲ့သို့ ၀မ်း မြောက်ဝမ်းသာ ဖြစ်ရသည်ကို ခေါင်းဆောင်ကြီးများ သိရှိစေရန် ဒီနေရာကနေ သတင်းစကားပါး လိုပါသည်။

ချင်းတွင်းမြစ်ကြောင်းသွားရေယာဉ်သစ်များတွင် ရေလုံကန်ထည့်သွင်းတည်ဆောက်ရန် ညွှန်ကြား

မုံရွာအခြေပြုပြေးဆွဲနေ သည့် ချင်းတွင်းရေကြောင်းသွား ရေယာဉ်များ အသစ်တည်ဆောက်ပါက ခရီးသည်များ ဘေးအန္တရာယ်ကင်းဝေးစေရန် ရေလုံကန်များထည့်သွင်း တည်ဆောက်ရမည်ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်၊ မန္တလေး) ရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က နိုဝင်ဘာ ၁၉ ရက်တွင် ကျင်းပသော ပြည်တွင်းရေကြောင်းသွား ရေယာဉ် ပိုင်ရှင်များအသင်း အစည်းအဝေး ၌ ပြောကြားသည်။

ရေယာဉ်များတွင် ရေလုံ ကန်များထားရှိခြင်းဖြင့် ဘေးအန္တ ရာယ်ကြုံတွေ့ရချိန်၌ ခရီးသည် များ အသက်ကယ်ပစ္စည်းများရယူ ရန် အချိန်ရရှိနိုင်မည်ဟုဆိုသည်။ ‘‘ရေယာဉ်တွေက ဆောက် ချင်သလို ဆောက်၊ သွားချင်သလို သွား။ ရေယာဉ်ပိုင်ရှင်တွေရဲ့ဆန္ဒ ကို ပန်းပဲဆရာတွေက လိုက်လုပ် ပေးနေရတယ်။ ရေတိမ်မှာ သွား လို့ရအောင် ဆီစားလည်းသက် သာအောင်၊ အဓိကခရီးသည်တွေ ရဲ့ အသက်အန္တရာယ်ကင်းဝေး အောင် ဦးစားပေးတည်ဆောက် ရမယ်’’ဟု ဦးစိုးနိုင်က မုံရွာဒေသခံ ရေယာဉ်ပိုင်ရှင်များအား ပြော သည်။

ချင်းတွင်းရေကြောင်းသွား ရေယာဉ်များ ဘေးအန္တရာယ်ကင်း ဝေးစေရန် ရေကြောင်း အင်ဂျင်နီ ယာဌာနမှ ပညာရှင်များ၏ သုံး သပ်ချက်ဖြင့် ရေယာဉ်များဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင် မည့်ကဏ္ဍကို တိုးမြှင့်တည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။