Tuesday, September 8, 2015

မော်ဒိုဗာပြည်သူများ ကန်ဒေါ်လာ တစ်ဘီလီယံ လိမ်လည်မှုကို ဆန့်ကျင်ဆန္ဒပြ


အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် "Dignity and Truth" (DA) က ဦးဆောင်ပြုလုပ်သော အစိုးရဆန့်ကျင်ရေးချီတက်ပွဲတွင် မော်ဒိုဗာနိုင်ငံတော်အလံများလွှင့်ထူကာ ပါဝင်သည့် ဆန္ဒပြသူများကို အလယ်ပိုင်း ချီဆင်နုမြို့တွင် စက်တင်ဘာ ၆ ရက်က တွေ့ရစဉ် (Valery Korchmar/Reuters)
 လူနေထိုင်မှုအဆင့်အ တန်းများကို ထိခိုက်စေခဲ့သော ကန်ဒေါ်လာ တစ်ဘီလီယံတန်ဖိုး ရှိ ဘဏ်လိမ်လည်မှုနှင့် ပတ်သက် ၍ မြို့တော်ချီဆင်နုတွင် မော်ဒို ဗာနိုင်ငံသား ထောင်ပေါင်းများစွာ စုဝေးကာ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဆန္ဒပြကြပြီး သမ္မတနုတ်ထွက်ပေးရန်နှင့် ရွေး ကောက်ပွဲစော၍ ကျင်းပရန် တောင်းဆိုခဲ့ကြသည်။ယင်းဆန္ဒပြပွဲသို့ အခြား ဒေသကြီး၊ ငယ်များမှ ဆန္ဒပြသူ များလည်း လာရောက်ပူးပေါင်းခဲ့ ကြပြီး ဆန္ဒပြသူ ၃၅,၀၀၀ နှင့် ၄၀,၀၀၀ ကြားရှိသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

တူရကီကို ဂိုးပြတ်ရှုံးပြီးနောက် နယ်သာလန် ယူရိုခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်နည်းလာ


ကမ္ဘာ့ထိပ်တန်းအသင်းအဖြစ်သတ်မှတ်ခံရသည့် နယ်သာလန်အသင်းသည် တူရကီအား ယူရို ၂၀၁၆ အုပ်စု (A) ပွဲစဉ်တွင် ၃-၀ ဂိုးပြတ်ဖြင့် ရှုံးခဲ့ရပြီး နောက် ခြေစစ်ပွဲအောင်ရန် မျှော် လင့်ချက်နည်းသလောက်ဖြစ် သွားကာ ယူရို ၉၆ တွင် အင်္ဂလန်ကို ၄-၁ ဂိုးပြတ်ဖြင့် ရှုံးပြီးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်လာသည်။
တူရကီမှာပွဲတွင် အိမ်ရှင်ဖြစ်ပြီး ယခုပွဲနိုင်ခဲ့လျှင် အိုက်စလန် နှင့်ချက်တို့ နောက်၌ တတိယနေရာရမည်ဖြစ်၍ အနိုင်ကစားသွား  သည်။  ထို့ကြောင့် အိုက်စလန်နှင့် ချက်တို့သည် ခြေစစ်ပွဲတိုက်ရိုက် အောင်သွားပြီး တူရကီမှာလည်း နယ်သာလန်ထက် နှစ်မှတ်သာကာ ၁၂ မှတ်ဖြင့် အကောင်းဆုံး တတိယဖြင့် အုပ်စုလက်ကျန်နှစ်ပွဲကစားရန် ပိုမိုအခြေအနေ ကောင်းသွားသည်။
နယ်သာလန်၏ အုပ်စုတက်ရေးကံကြမ္မာမှာလည်း တူရကီလက်ထဲသို့ ကျရောက်သွားသည်။

သတ္တုတူးဖော်ရေးလုပ်ငန်းခွင်မှ မိုင်းခွဲမှုများကြောင့် ကျေးရွာအတွင်း ကျောက်ခဲများကျရောက်


 ကျောက်ဆည်မြို့နယ် ဘော်တောင်ဒေသ ဒဟတ်ရေး ကျေးရွာအနီးတွင် ရွှေဖူးအိမ် သတ္တုတူးဖော်ရေးကုမ္ပဏီက ရွာ အနီးကပ်လျက် ဖောက်ခွဲတူးဖော် နေမှုများကြောင့် လူနေအိမ်များ၊ လမ်းမများပေါ်တွင် မိုင်းစကျောက်ခဲကြီးငယ်များကျရောက်ကာ နေ အိမ်အမိုးအကာများထိမှန်ပေါက် ကွဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သ တင်းရရှိသည်။ယင်းကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာ ၇ ရက်တွင် ဒဟတ် ရေးကျေးရွာနေ ဒေသခံများနှင့် ကျောက်ဆည်မြို့နယ် ၈၈ (ငြိမ်း၊ ပွင့်)အဖွဲ့အစည်းတို့ ပူးပေါင်း၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို မန္တလေးမြို့ မီဒီယာစင်တာ၌ ပြုလုပ်ခဲ့သည်။

အနည်းဆုံး လုပ်ခလစာဂယက် ဘယ်အထိဆက်မလဲ


အနည်းဆုံး လုပ်ခလစာ အတည် ပြုသတ်မှတ်ပြီး ရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ စက်ရုံအလုပ်ရုံများ အကြား လှုပ်ခတ်မှုများ ဆက် တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ သည်။အလုပ်သမားတစ်ဦးအား အနိမ့်ဆုံး တစ်ရက်လုပ်အားခ ကျပ် ၃,၆၀၀ ပေးရန် ခက်ခဲသည် ဆိုသော အကြောင်းပြချက်ဖြင့် စက်ရုံဝင်ငွေထိန်းညှိရန် စက်ရုံ အခြေခံလုပ်သားအင်အားလျှော့ ချဖြေရှင်းလာခြင်းကြောင့်ဖြစ် သည်။
အလုပ်သမား၊ အလုပ်အ ကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန စာရင်းများအရ သြဂုတ် ၂၄ ရက် က အင်းစိန်မြို့နယ်ရှိ အာရှနှင်းဆီအထည်ချုပ်စက်ရုံမှ အလုပ်သ မား ၁၉၆ ဦး၊ သြဂုတ် ၃၁ ရက်တွင်ဧရာဝတီဆေးဆိုးပန်းရိုက်စက်ရုံ မှ ၃၈ ဦး၊ ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံမှ ၄၄၉ ဦးတို့ကို ဝန်ထမ်းလျှော့ချခဲ့ပြီး  စက်တင်ဘာ ၅ ရက်တွင် သာကေတမြို့ နယ်ရှိ ZYP ရှူးဖိနပ်စက်ရုံမှ ဝန်ထမ်း ၇၉ ဦးတို့ကို လုပ်သက်အ လိုက်လျော်ကြေးပေးကာ  လျှော့ချမှုများ    ပြုလုပ်ခဲ့သည်ဟုဆို သည်။

သရုပ်ဆောင် ပွင့်နှင့် စကားစမြည်


‘‘ပိန်သွားအောင် အဆီထုတ်တာမျိုးလုပ်ရင် လှမယ်ဆိုရင်တောင် အစ်မဘယ်တော့မှ လုပ်ဖြစ်မှာမဟုတ်ဘူး’’

သရုပ်ဆောင် ပွင့်နှင့် စကားစမြည်
Thursday, September 3, 2015

တီဗီကြော်ငြာများတွင် ပရိသတ် အကြိုက်ဖြစ်ခဲ့ပြီး ဟာသဇာတ် ရုပ်၌လည်း အံဝင်ခွင်ကျသရုပ် ဆောင်နိုင်သည့် ပြည်သူ့အချစ် တော် ပွင့်နှင့် လတ်တလောအနု ပညာလှုပ်ရှားမှုနှင့် အလှအပ အပေါ် သဘောထားတို့ကို မေး မြန်းဖြစ်ခဲ့ပါသည်။

လတ်တလော အစ်မရဲ့အနုပညာ လှုပ်ရှားမှုတွေ အခုနောက်ပိုင်း ဗီဒီယိုဇာတ်ကားတွေမှာ အတွေ့ ရနည်းလာတဲ့အပေါ် ပြောပြပါ ဦး။

မျိုးဆက်ဇာတ်ကားနဲ့ ပထမဆုရသွားတဲ့ ဘုဏ်းသိုက်


သူငယ်ချင်းများနှင့်မိသား စုဝင်များ တိုက်တွန်းသောကြောင့် ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ဘဝတွင် ပထမဆုံးရရှိသည့် ပထမဆုဖြစ် ကြောင်း ဘုဏ်းသိုက်ကပြော သည်။‘‘ဆုရဖို့ဆိုတဲ့ရည်ရွယ်ချက် နဲ့ ဝင်ရိုက်တာမျိုးမဟုတ်ဘဲ ကိုယ် ဖန်တီးချင်တဲ့ဟာတစ်ခုကို ဒိုင် တွေအပါအဝင် အနုပညာခံစား တတ်သူတွေ ဒီထဲမှာ ကိုယ်ဘယ် လောက်ထိ အားထုတ်ထားတယ် ဆိုတာ မြင်ရရင် ကျေနပ်တယ် ဆိုတဲ့စိတ်နဲ့ဝင်ရိုက်တယ်။ ဒါပေ မဲ့ ဆုရခဲ့တဲ့အတွက် ပိုပြီးကျေနပ် တယ်’’ဟု Myanmar Youth Micro Film ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ဘုဏ်းသိုက်ကပြော သည်။ဘုဏ်းသိုက်သည် ယင်းပြိုင် ပွဲတွင် ‘မျိုးဆက်’ဟုအမည်ပေး ထားသော ငါးမိနစ်စာဇာတ်ကား ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ် ပြီး ပထမဆုအဖြစ် ဒေါ်လာတစ် သောင်းကျော်    ဆုကြေးငွေကို လည်းရရှိခဲ့သည်။

ဆောင်းစပါးစိုက်ပျိုးရာသီတွင် မိုးခေါင်ပြီး ပိုးမွှားကျနေခြင်းကြောင့် တောင်သူများစိုးရိမ်နေ


 ဆောင်းစပါး စတင်စိုက်ပျိုးသည့် ဩဂုတ်မှစ၍ ယခုလ အထိ မိုးခေါင်ပြီး ပိုးမွှားများကျ ရောက်နေခြင်းကြောင့် လယ်စိုက် တောင်သူများ စိုးရိမ်မှုဖြစ်ပေါ်နေ ကြောင်း ပုသိမ်ကြီးမြို့နယ်ရှိ လယ်စိုက်တောင်သူများထံမှ သတင်းရရှိသည်။
မန္တလေးတိုင်းဒေသကြီးအ တွင်း တစ်နှစ်လျှင် နွေစပါးနှင့် ဆောင်းစပါးနှစ်မျိုးစိုက်ပျိုးပြီး ဒုတိယအကြိမ် စပါးစိုက်ရာသီ ၌ မိုးခေါင်နေကာ ပိုးမွှားများ ကျရောက်နေခြင်းကြောင့် တောင် သူများအခက်တွေ့နေခြင်းဖြစ် သည်။‘‘ဒီစပါးဆိုတဲ့အမျိုးက သဘာဝမိုးရေလေးသောက်ရမှ ပိုးမွှားတွေလည်း ကင်းစင်ပြီး စံချိန်မီစပါးက အထွက်တိုးတာ။ အခုမိုးက မရွာတော့ ပိုးမွှားတွေ ကျ။ ခါတိုင်းတစ်ကြိမ်ဖျန်းရင် အခုသုံးလေးခါဖျန်းနေရတယ်။ ဓာတ်မြေဩဇာကျွေး၊ ပိုးသတ် ဆေးတွေ ပိုဖျန်းရနဲ့။ စပါးကို သူ့ ရာသီနဲ့သူစိုက်မှ။  နောက်ကျစိုက် ရင် ဆောင်းအဝင်အအေးမိပြီး အထွက်နှုန်းတွေလျော့ကုန်ရော’’ ဟု ပုသိမ်ကြီးမြို့နယ်နေ စပါး စိုက်ပျိုးသော တောင်သူဦးမျိုးသန့် က ရှင်းပြသည်။