Wednesday, March 30, 2016

အီဂျစ် လေကြောင်းလိုင်းပိုင် လေယာဉ်အား ပြန်ပေးဆွဲသည့် အမျိုးသားကို ဆိုက်ပရပ်စ် လေဆိပ်၌ ဖမ်းဆီးနိုင်

အီဂျစ်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းအား မတ် ၂၉ ရက် နံနက် အစောပိုင်းက ပြန်ပေးဆွဲခဲ့သည့် အမျိုးသားတစ်ဦးကို ဆိုက်ပရပ်စ်နိုင်ငံရှိ လာနာကာ လေဆိပ်၌ တာဝန်ရှိ သူများက ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အမျိုးသားသည် အီဂျစ်နိုင်ငံ ပင်လယ် ကမ်းရိုးတန်း မြို့ဖြစ်သော အလက်ဇန်းဒရီးယားမြို့မှ ကိုင်ရိုမြို့သို့ ဦးတည်ပျံသန်း လာသည့် အီဂျစ်လေကြောင်းလိုင်းပိုင် Airbus 320 ပြည်တွင်းပြေး ဆွဲသော လေယာဉ် တစ်စင်းကို မတ် ၂၉ ရက် အစောပိုင်းက ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူနှင့် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူများ ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး



အမေရိကန်နိုင်ငံ၏ အခြေအနေ

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ခြောက်လကျော် ကွာဝေးပါသေးသည်။ အမေရိကန်နိုင်ငံ၏ (၄၅) ဦးမြောက် သမ္မတ မည်သူဖြစ်လာမည်ဆိုသည်ကို မဆိုထားနှင့် ပါတီကြီးနှစ်ခုကို ကိုယ်စားပြုရန် မည်သူ့ကို အမည်စာရင်းတင်သွင်းမည်နည်းဆိုသည်ပင် သေချာတပ်အပ်မပြောနိုင်သော အနေအထားဖြစ်သည်။ သို့သော်မှီတင်းနေထိုင်သူပေါင်း သန်း ၃၂၀ ကျော်ရှိသော နိုင်ငံ၏လတ်တလောခံစားချက်နှင့် ကမ္ဘာတစ်ဝန်းမှ လူများအတွက် အဆုံးမရှိသော နိုင်ငံရေးအော်ပရာဟု ထင်မှတ်ရသော အခြေအနေတွင်နောက်ဆုံး၌ အောင်ပွဲခံမည့် အမျိုးသား (သို့) အမျိုးသမီးအတွက် ယင်းခံစားချက်မှာ မည်သည့်အဓိပ္ပာယ်ဆောင်မည်နည်းဆိုသည်ကို အကဲဖြတ်ရန်မှာ စောလွန်းလှသည် မဟုတ်ပေ။ယနေ့အမေရိကန်နိုင်ငံတွင် လွှမ်းမိုးနေသော ခံစားချက်မှာ လုံးလုံးလျားလျားဒေါသထွက်ခြင်း မဟုတ်လျှင်သော်မှအတိုင်းအတာတစ်ခုအထိ စိုးရိမ်ပူပန်နေသော အနေအထားဖြစ်သည်။ မကြာသေးမီကပင် ၀ါရှင်တန်ပို့စ်သတင်း စာကြီးက ဝေါလ်စထရိ၊ မွတ်စလင်များ၊ ကုန်သွယ်ရေးသဘော တူညီချက်များ၊ ၀ါရှင်တန်အစိုးရ၊ ရဲတပ်ဖွဲ့၏ပစ်ခတ်မှုများ၊ သမ္မတဘားရက်အိုဘားမား၊ ရီပက်ဘ လေကန်များ၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် အခြားအကြောင်းအရာများကို ပစ်မှတ်ထား၍ အပိုင်းလေးပိုင်းပါသော ဆောင်းပါးများ ဆက်တိုက်ဖော်ပြခဲ့သည်။
ယခုအချိန်တွင် လူတစ်ဦးတစ်ယောက်အား အဆိုးရွားဆုံးသုံးနှုန်းပြောဆိုသော စကားလုံးမှာ ‘ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမား’ ဟူသော အသုံးအနှုန်းဖြစ်သည်။ ယင်းစိတ်အခြေအနေအတွက် အကျိုးကျေးဇူးခံစားရသူများမှာ လွတ်လပ်စွာ ကုန်သွယ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးပြုပြင် ပြောင်းလဲမှုကို ဆန့်ကျင်သော မူဝါဒစိတ်ကူးထားသူများ၊ လက်ရှိအခွန်နှင့် ငွေကြေးသုံးစွဲမှု မူဝါဒများကို အောက်ခြေသိမ်းပြောင်းလဲပစ်ရန် တိုက်တွန်းနေသော အခိုင်အမာတည်ရှိပြီးသားအရာများကို ဆန့်ကျင်သည့် ကိုယ်စား လှယ်များပင်ဖြစ်သည်။ ၎င်းတို့ ထောက်ခံအားပေးသော အကြောင်းအရာအသေးစိတ်မှာ ကွဲပြားကောင်း ကွဲပြားပါလိမ့်မည်။ သို့သော်၎င်းတို့ ရွေးချယ်မည့် လမ်းကြောင်းများမှာ လက်ရှိပိုနေမြဲ၊ ကျားနေမြဲအနေအထားမှ သိသာစွာ ကွဲထွက်သွားပါလိမ့်မည်။
ယင်းခံစားချက်၏ အခြေခံမှာ သူ့ဘာသာထင်ရှားမြင်သာသည်မဟုတ်ပေ။ အကြောင်းမှာ အမေရိကန်နိုင်ငံမှာ ၂၀၀၇-၂၀၀၈  စီးပွားရေးအကျပ်အတည်းနောက် စီးပွားရေးအရ ကြည့်လျှင် အခြေအနေကောင်းနေသောကြောင့် ဖြစ်သည်။ စီးပွားရေးအ ကျပ်အတည်းနောက်ပိုင်း အလုပ်အကိုင်နေရာ ကိုးသန်းကျော် ဖန်တီးခဲ့သည်။ငွေကြေးအတိုးနှုန်းနည်းသည်။ (ယင်းအတွက် အိမ်နှင့်ကားများအတွက် ချေးငွေထုတ်ရန် တတ်နိုင်လာကြသည်) ဓာတ်ဆီဈေးနှုန်းကျဆင်းမှုမှာလည်း သာမန်အမေရိကန်မိသားစုတစ်စုအတွက် အခွန်ကန်ဒေါ်လာ ၇၀၀ လျှော့ချပေးလိုက်သော ပမာဏနှင့် ညီမျှနေသည်။ ထို့အပြင် စတော့ရှယ်ယာဈေးကွက်မှာလည်း လွန်ခဲ့သောခုနစ်နှစ်က အနိမ့်ဆုံးသို့ ကျဆင်းပြီးနောက်ပိုင်း ၂၀၀ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ယခင်က ကျန်းမာရေးအာမခံမရှိသော လူသန်းပေါင်းများစွာမှာလည်း ယခုအခါ ကျန်းမာရေး အာမခံရရှိသွားပြီဖြစ်သည်။
သို့သော်ငြားလည်း ထိုသို့ စီးပွားရေးသတင်းကောင်းများမှာ မိသားစုဝင်ငွေအမှန်တကယ်တိုးတက်မှု အားနည်းမှုနှင့် ဘဲစားဘဲချေဖြစ်သွားခဲ့သည်။ ငွေကြေးဖောင်းပွမှုနှုန်း တွက်ချက်ပြီးသား စစ်မှန်သော မိသားစုဝင်ငွေတိုးတက်မှု တန့်နေသည်မှာ ၁၅ နှစ်ရှိပြီဖြစ်သည်။ အချိန်ပြည့်အလုပ်နှင့် အမေရိကန်နိုင်ငံသား ရာခိုင်နှုန်းမှာ လွန်ခဲ့သော ခုနစ်နှစ်က အနေအထားသို့ ပြန်မရောက်သေးပေ။ ၎င်းတို့အနက်အများအပြားမှာ နိုင်ငံရပ်ခြားမှ ယှဉ်ပြိုင်မှု နည်းပညာသစ်များနှင့် ပြင်ပသို့ အလုပ်အပ်နှံလုပ်ကိုင်ခြင်း (Outso-urcing) ကြောင့် ၎င်းတို့၏ အလုပ်အကိုင်များ ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေကြပါသည်။
အမေရိကန်နိုင်ငံသားအများအပြားပို၍ အသက်ရှည်ရှည်နေထိုင်လာကြရသည်။ သို့သော် ၎င်းတို့ ပင်စင်ယူပြီး အသက်အရွယ်ကြီးရင့်ချိန်အထိ နေထိုင်နိုင်ရန် လိုအပ်သော ငွေကြေးများ မစုဆောင်းနိုင်ဖြစ်လာသဖြင့် စိုးရိမ်ပူပန်နေကြသည်။ အချို့မှာ အို ဘားမားအစိုးရလက်ထက် ပြဋ္ဌာန်းလိုက်သော ဥပဒေကြောင့် ယခင် က ၎င်းတို့ရှောင်လွှဲခဲ့သော ကျန်းမာရေးအာမခံပရီမီယံကြေးများ ထည့်သွင်းနေကြရသည်။
မညီမျှမှုဆိုသော အကြောင်းကိစ္စကလည်း ရှိနေသည်။ သို့သော်ပြဿနာမှာ မညီမျှမှုကိစ္စတစ်ခုတည်း မဟုတ်ပေ။ (မညီမျှမှုမှ ပိုဆိုးလာသော်လည်း အကြောင်းအရာသစ် မဟုတ်ပေ) အခွင့်အရေးနည်းပါးလာမှုဖြစ်သည်။ အမေရိကန်အိပ်မက်နေရာ၌ လူတန်းစားခွဲခြားမှု ၀င်ရောက်လာသည်။ မည်သူမဆို အလုပ်ကြိုးစားလုပ်ကိုင်မှုဖြင့် မိမိ၏ အခြေအနေကို တိုးတက်အောင်လုပ်နိုင်သည်ဟူသော စံနှုန်းပေါ်တွင် တည်ထောင်ခဲ့သော နိုင်ငံတစ်နိုင်ငံအတွက် သိမ်မွေ့နူးညံ့သော အပြောင်းအလဲတစ်ခုဖြစ်သည်။
သို့သော်စိုးရိမ်ပူပန်မှုများနှင့် အမျက်ဒေါသတို့မှာ စီးပွားရေး ပကတိအခြေအနေနှင့် စိုးရိမ်ပူပန်မှုများကို ဖောက်ထွင်းစီးဆင်းသွားသည်။ စိတ်ပိုင်းဆိုင်ရာမဟုတ်သော ကိုယ်ပိုင်းဆိုင်ရာမလုံခြုံမှုကလည်း ရှိနေသည်။ ယင်းမှာ ရာဇဝတ်မှုအကြမ်းဖက်ဝါဒအပေါ် ကြောက်ရွံ့မှုလည်း ဖြစ်နိုင်ပါသည်။
လူ့အဖွဲ့အစည်းနှင့် နိုင်ငံအများအပြားမှာကဲ့သို့ပင် ယဉ်ကျေးမှုနှင့် လူ့အဖွဲ့အစည်း၏ လားရာအပေါ် စိုးရိမ်ပူပန်မှုများလည်း ရှိနေပါသည်။ခေတ်သစ်မီဒီယာများကလည်း အရှိတရားကို ချဲ့ကားပုံဖော်တတ်သည်။ ကျွန်ုပ်တို့၏ခေတ်မှာ ကျယ်ပြန့်စွာ အသံလွှင့်ခြင်း (Broadcasting) မဟုတ်မူဘဲ ကျဉ်းမြောင်းစွာ အသံလွှင့်ခြင်း (Narrowcasting) ခေတ်ဖြစ်သည်။ လူအများအပြားက ၎င်းတို့၏ ရှုထောင့်အမြင်များနှင့် ၀ါဒတို့ကို အားဖြည့်ခိုင်မာစေသော ဝက်ဘ်ဆိုက်များနှင့် ကေဘယ်ရုပ်သံလိုင်းများကို ပိုမိုကြည့်ရှုလာကြသည်။
ယခုအကြောင်းအရာအများစုမှာ စိတ်ချလက်ချဖြစ်စရာ မရှိသလောက်ရှိသည်။ အမေရိကန်နိုင်ငံ၏ ခံစားချက်မှာ ရွေးကောက်ပွဲ မဲဆွယ်ပွဲကို ဖြတ်သန်းသွားပြီး အစိုးရသစ်နှင့် လွှတ်တော်အတွက်စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်လာပါလိမ့်မည်။ ဒီမိုကရက်တစ်နှင့် ရီပက်ဘလေကန်ပါတီတွင်း နှစ်ခြမ်းကွဲမှုများနှင့် ပါတီနှစ်ခုအကြား ကွဲပြားခြားနားမှုများကြောင့် နိုင်ငံကိုအုပ်ချုပ်နိုင်ရန် လိုအပ်သော အပေးအယူလုပ် ညှိနှိုင်းမှုနှင့် မဟာမိတ်ဖွဲ့ခြင်းများ လုပ်ဆောင်ရေး မဖြစ်နိုင်သလောက်ပင် ဖြစ်ပါသည်။
ပင်စင်ကိစ္စစိုးရိမ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုကုန်ကျစရိတ်အပေါ် စိုးရိမ်ပူပန်မှုများကြောင့်လည်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ရန် ပိုမိုခက်ခဲပါလိမ့်မည်။ လွတ်လပ်စွာ ကုန်သွယ်ရေး (Free Trade) မှာလည်း အလုပ်အကိုင်ဆုံးရှုံးမှုများအတွက် အပြစ်တင်ခံနေရပြီး ထောက်ခံမှုကျဆင်းလာသည်။ Free Trade ကြောင့်ပင် အလုပ်အကိုင်သစ်များ ဖန်တီးနိုင်ခြင်းနှင့် စားသုံးသူ ရွေးချယ်စရာ ပိုများလာခြင်းမှာ အမှန်ပင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်း အမေရိကန်၏ မဟာဗျူဟာရပ်တည်ချက်ကို ပိုမိုခိုင်မာလာစေသော်လည်း ထောက်ခံမှုလျော့လာခြင်းဖြစ်သည်။ အချိန်ကြာမြင့်စွာကပင် အမေရိကန်၏ အစဉ်အလာတစ်ခုဖြစ်ပြီး လူတော်လူကောင်းများစွာ ရရှိခဲ့ရာ ရင်းမြစ်ဖြစ်သော လူဝင်မှုကြီးကြပ်ရေးကိစ္စမှာလည်း အငြင်းပွားစရာ အလွန်များပြားနေပြီဖြစ်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ရန် အလားအလာအလွန်နည်းပါးသည်။

ယခုနှစ် မန္တလေးသင်္ကြန်တွင် အမျိုးသမီးများ သရုပ်ပျက်ဝတ်စားပါက ထောင်ဒဏ်အထိ အရေးယူမည်ဟုဆို

ယခုနှစ် မန္တလေးမဟာ သင်္ကြန်ပွဲတော်တွင် အမျိုးသမီး များ သရုပ်ပျက်အ၀တ်အစားများ ၀တ်ဆင်ပါက ထောင်ဒဏ်အထိအရေးယူမည်ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ခရိုင်မှူးဒုတိယရဲ မှူးကြီးစိန်ထွန်းက ပြောကြား သည်။သင်္ကြန်ပွဲတော်ကာလတွင် အမျိုးသမီးများသရုပ်ပျက်အ၀တ် အစားများဝတ်ဆင်မှုတစ်နှစ် ထက်တစ်နှစ်  လျော့ကျစေရန် မန္တလေးမြို့ရှိ   မြို့နယ်များ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတစ် ဆင့် မိဘများထံသို့ သတိပေး ခြင်း၊ မဏ္ဍပ်ဆောက်လုပ်မည့်သူ များအနေဖြင့် မဏ္ဍပ်ပေါ်တွင်သ ရုပ်ပျက်အ၀တ်အစားများဝတ် ဆင်ခြင်းမရှိစေရန် သတိပေးနေကြောင်း ဒုတိယရဲမှူးကြီးစိန်ထွန်းက ပြောသည်။
‘‘ဥပဒေအရ အရေးယူမယ် ဆိုရင်တော့ သရုပ်ပျက်အ၀တ်အ စားနဲ့ပတ်သက်ပြီး အရေးယူလို့ရ တယ်။ ဒါပေမဲ့ မဏ္ဍပ်ပေါ်မှာတက် ပြီး အရေးယူတာမျိုးဆိုရင်အဆင် မပြေနိုင်ဘူး။ သင်္ကြန်ကာလမှာ မှု ခင်းနည်းအောင်ဆောင်ရွက်နေ တဲ့အချိန် ဒါမျိုးတွေကတစ်ဆင့် ပြဿနာတွေပိုကြီးနိုင်တယ်။ အရမ်းသရုပ်ပျက်တဲ့ပုံစံမျိုးဆိုရင်တော့ခေအများပြည်သူစိတ်အနှောင့် အယှက်ဖြစ်စေနိုင်သည့်အ၀တ် အစားမျိုးဝတ်ဆင်ထားသူကို တွေ့ရှိပါက သွားရောက်သတိ ပေးခြင်း(သို့မဟုတ်) ၎င်း၏ မိဘများထံသို့အပ်နှံ၍ သတိပေးသွားမည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

သူရဲကောင်းတို့ တိုင်းပြည်၏ ရဲရဲတောက် တပ်မတော်

သွေးသစ္စာဖြင့် ဖွဲ့စည်းခဲ့သည့် တပ်မတော် 
ကျွန်ုပ်တို့၏ တပ်မတော်ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်က ၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဖွဲ့စည်းခဲ့သည်။ ဖွဲ့စည်းစဉ်က ရဲဘော်သုံးကျိပ် ရွတ်ဆိုခဲ့သော သစ္စာမှာ ''ဗမာ့လွတ်လပ်ရေးကို မရမချင်း အသက်ပင် သေ သေ အရေပင်ခန်းခန်း မခွဲတမ်း မခွာတမ်း လုံးပန်းတိုက်ခိုက်ကြ မည်'' ဟူ၍ဖြစ်သည်။ ဤသို့ သစ္စာမဆိုမီ ရဲဘော်သုံးကျိပ်တို့က မိမိတို့၏ လက်မောင်းသွေးများကို ဖောက်ကာ စုပေါင်း သစ္စာဆိုပြီးနောက် သွေးသစ္စာ ရေသောက်ကြသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ တပ်မတော်သည် သွေးသစ္စာဖြင့် ဖွဲ့စည်းခဲ့သော တပ်မတော်ဖြစ်သည်။ လက်မောင်း သွေးဖောက်၍ သစ္စာဆိုပြီး သွေးသစ္စာ ရေသောက်ခြင်း သည် မြန်မာ့သူရဲကောင်းတို့၏ လုပ်ရပ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ထပ်ဆင့်၍ ဆိုရပါက ကျွန်ုပ်တို့ တပ်မတော်သည် မြန်မာ့သူရဲကောင်းတို့၏ ထုံးကိုနှလုံးမူ၍ ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။







သစ္စာလက်နက်ကို အစဉ်စွဲကိုင်ထားသည့် တပ်မတော်
သစ္စာတရားသည် တန်ခိုးအကြီးမားဆုံးသော အရာဖြစ်သည်။ အောင်မြင်မှုကို ရယူပေးနိုင် သော အရာဖြစ်သည်။ ''ကတိသစ္စာ တည်သောခါဝယ် သြဇာလေး နက် ပေါ်ဆီ တက်၍ နွယ် မြက်သစ်ပင် ဆေးဖက်ဝင်သည်'' ဟူ၍ပင် အဆိုရှိသည်။ ခေတ်အမီဆုံး၊ စွမ်းအားအပြင်းထန် ဆုံးသော လက်နက်များထက်ပင် သစ္စာလက်နက်သည် ပို၍ စွမ်းအားပြင်းထန်သည်။ အောင် မြင်မှုကို ရယူပေးနိုင်သည်။ တပ်မတော် တစ်ရပ်သည် မည်မျှပင် ခေတ်မီသော၊ စွမ်းအားပြင်း ထန်သော လက်နက်များ တပ်ဆင်ပေးထားစေကာမူ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာတရား၊ မိမိ တို့ အချင်းချင်းအပေါ် သစ္စာတရား ကင်းမဲ့နေပါက စစ်ပွဲကို ရှုံးရမည်သာဖြစ်သည်။ ထို့အတူ တပ်မတော် တစ်ရပ်သည် ခေတ်မမီသော လက်နက်များကို ကိုင်ဆောင်ထားစေကာမူ နိုင်ငံနှင့် လူမျိုးအပေါ် သစ္စာတရား၊ မိမိတို့ အချင်းချင်းအပေါ် သစ္စာတရား ကြီးမားနေပါက စစ်ပွဲကို အောင်နိုင်ရမည်သာ ဖြစ်သည်။ ထို့ကြောင့် စစ်ပွဲ၏ အနိုင်အရှုံးကို အဓိကအဆုံးအဖြတ် ပေး သော အရာမှာ စစ်လက်နက်၏ ခေတ်မီမှုက အဓိကမဟုတ်၊ တိုက်ပွဲဝင်စစ်သည်များ၏ သစ္စာ တရား ကြီးမားမှုကသာ အဓိကဖြစ်သည်ဟု ဆိုနိုင်သည်။ ကျွန်ုပ်တို့၏ တပ်မတော်သည် တိုက်ပွဲအောင်မြင်မှုကို အဆုံးအဖြတ်ပေးမည့် စွမ်းအား အထက်မြက်ဆုံးသော သစ္စာ လက် နက် လေးမျိုးကို ကိုင်ဆောင်ထားသည်။ ယင်းသစ္စာလက်နက် လေးမျိုးမှာ ''ငါတို့သည် နိုင်ငံ တော်နှင့် နိုင်ငံသားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်''၊ ''ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်''၊''ငါ့အား အထက်မှပေးအပ်သော အမိန့် နှင့်တာဝန် ကို ကျေပွန်အောင်ထမ်းဆောင်ပါမည်''၊ ''ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော် အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏'' ဟူ၍ဖြစ်သည်။ ဤစွမ်း အား ပြင်းထန် လှသော သစ္စာလက်နက် လေးမျိုးဖြင့် ကျွန်ုပ်တို့၏ တပ်မတော်သည် နိုင်ငံနှင့်လူမျိုး၏ ရန်သူ အပေါင်းအပေါ် တိုက်ပွဲတစ်ရာ၊ အောင်ပွဲတစ်ရာ ရရှိခဲ့သည်။ ဤသစ္စာ လက်နက်လေးမျိုးဖြင့် ပင် နိုင်ငံ၊ လူမျိုးနှင့် တပ်မတော်၏ ဂုဏ်ရောင်ထွန်းပြောင်သော သမိုင်းကို ရေးခဲ့သည်။
နိုင်ငံနှင့် လူမျိုးအပေါ် ပေးဆပ်လိုသည့် တပ်မတော်
လောက၌ လူ နှစ်မျိုး နှစ်စားရှိသည်။ ပထမတစ်မျိုးမှာ လောက ကောင်းကျိုးအတွက် မိမိဘဝ ကိုပေးဆပ်သူ၊ စတေးသူဖြစ်သည်။ ဒုတိယတစ်မျိုးမှာ မိမိဘဝ ကောင်းကျိုး အတွက် လောက ကို ပေးဆပ်စေသူ၊ စတေးစေသူဖြစ်သည်။ တပ်မတော်သည် နိုင်ငံနှင့် လူမျိုးကောင်းကျိုး အတွက် မိမိ၏ဘဝကို ပေးဆပ်သည့်၊ စတေးသည့် အဖွဲ့အစည်းဖြစ်သည်။ မိမိကောင်းကျိုး အတွက် နိုင်ငံနှင့်လူမျိုးကို စတေးသည့် အဖွဲ့အစည်းမဟုတ်ချေ။ နိုင်ငံနှင့်လူမျိုး၏ ကောင်း ကျိုးအတွက် လိုအပ်သည့်စွန့်စားမှုမှန် သမျှကို ရဲဝံ့စွာပြုလုပ်ခဲ့သည်။ စွန့်လွှတ်မှုမှန်သမျှကို ဂုဏ်ယူစွာပြုလုပ်ခဲ့သည်။ တပ်မတော် စတင်ဖွဲ့စည်းခဲ့သည့် ၁၉၄၁ ခုနှစ်မှစတင်၍ ယခုနှစ် ၂ဝ၁၆ ခုနှစ်အထိ နှစ်ပေါင်း ၇၅ နှစ်အတွင်း နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေးလှူခဲ့သော ကျဆုံးစစ်သည်များ၏ အရေအတွက်ကား ရာထောင်သောင်းမက ရှိခဲ့ပြီးဖြစ်သည်။ ထို့အတူ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ပြီး မသန်မစွမ်းဘဝကို ခံယူသွားသည့် အရေအတွက်ကလည်း များလှချေသည်။ ဤသို့ များပြားလှသော စစ်သည်များက မိမိတို့၏ အသက်ကိုလည်းကောင်း၊ မိမိတို့၏ ကိုယ်လက်အင်္ဂါ များကိုလည်းကောင်း ပေးလှူခဲ့ကြသည့်အတွက် ယနေ့ကျွန်ုပ်တို့ နိုင်ငံသားများသည် ကိုယ်ပိုင်နိုင်ငံတော်၊ ကိုယ်ပိုင်နိုင်ငံတော်အလံ၊ ကိုယ်ပိုင်နိုင်ငံတော်သီချင်း၊ ကိုယ်ပိုင်တပ်မတော် စသည့် ဂုဏ်အင်္ဂါရပ်များ အပြည့်အဝဖြင့် ကမ္ဘာ့အလယ် ခံ့ညားဝင့်ကြွား စွာ ရပ်တည် နေနိုင်ခြင်းဖြစ်သည်။
နိုင်ငံနှင့် လူမျိုးအပေါ် အနာခံဘဝဖြင့် ရပ်တည်သည့် တပ်မတော်
တပ်မတော်သည် နိုင်ငံနှင့်လူမျိုးအပေါ် အသာစံဘဝမျိုးကို မရယူပါ။ အနာခံ ဘဝမျိုးကိုသာ ရယူပါသည်။ တပ်မတော်သည် နိုင်ငံနှင့် လူမျိုးအပေါ် အသာစံသည့် အဖွဲ့အစည်းမဟုတ်ပါ။ အမြဲအနာခံသည့် အဖွဲ့အစည်းသာဖြစ်သည်။ အမိနိုင်ငံ လွတ်လပ်ရေးရရှိသည်နှင့် တစ်ပြိုင် နက် ပြည်တွင်းစစ်အန္တရာယ် ပေါ်ပေါက်သည်။ ပြည်ပ ကူမင်တန် တရုတ်ဖြူများက အမိနိုင်ငံ တွင်းသို့ ကျူးကျော်ဝင်ရောက်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတချို့ စတင် ဖွဲ့စည်းပြီး တော်လှန်ပုန်ကန်ကြသည်။ ရရှိပြီးသားလွတ်လပ်ရေး ပြန်လည်ဆုံးရှုံးမည့် အခြေ အနေသို့ ရောက်ရှိခဲ့သည်။ ထို့ကြောင့် တပ်မတော်က လွတ်လပ်ရေး မဆုံးရှုံးရစေရန် တိုက်ပွဲ များကိုမလွဲမသွေ ဆင်နွှဲရသည်။ လွတ်လပ်ရေး ရယူရန်အတွက် စစ်သည်များ၏ အသက် ပေါင်း များစွာကို ပေးဆပ်ခဲ့ရသကဲ့သို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်သည့် စစ်ပွဲများ တွင်လည်း စစ်သည်ပေါင်းများစွာ၏ အသက်ကို ဆက်လက် ပေးဆပ်ရပြန်သည်။ နိုင်ငံနှင့် လူမျိုးအတွက် အသက်ပေး လှူသွားခဲ့သော ကျဆုံးစစ်သည်များ၏ အရိုးစုများသည် အမိနိုင်ငံ ၏ တောတောင်ရေမြေ အနှံ့တွင် ယခုတိုင် တည်ရှိဆဲဖြစ်သည်။ ကျဆုံးစစ်သည်များ၏ အရိုးစု များဖြင့် အမိနိုင်ငံ၏ နယ်နိမိတ်မျဉ်း တစ်လျှောက် ခြံစည်းရိုးကာရံလျှင် ရနိုင်သည့်အခြေအနေ တွင်ရှိသည်။ ဤသို့အရေ အတွက်များပြားလှစွာ စွန့်လွှတ်စွန့်စား အနစ်နာခံခဲ့ကြသည့် အတွက် ကျွန်ုပ်တို့ အမိနိုင်ငံ၏ ပထဝီမြေပုံသည် မူလအရွယ်အစား အတိုင်း အပြောင်းအလဲ မရှိဘဲ ကမ္ဘာ့နိုင်ငံများ၏ မြေပုံပေါ်တွင် အထင်ကရ ဆက်လက်တည် ရှိနေနိုင်ခြင်းဖြစ်သည်။
နိုင်ငံနှင့် နိုင်ငံသားတို့၏ မှီခိုအားထားရာ တပ်မတော်
ကျွန်ုပ်တို့နိုင်ငံသားများ၏ ဘဝသည် တည်ငြိမ်သည်၊ လုံခြုံစိတ်ချရသည်၊ အေးချမ်းသာယာမှု နှင့် ဂုဏ်သိက္ခာ ရှိသည်။ မည်သည့်အတွက်ကြောင့် ဤကဲ့သို့ တည်ငြိမ် အေး ချမ်းသော ဘဝ မျိုးကို ပိုင်ဆိုင်သည်ကို မတင်ပြမီ နိုင်ငံမဲ့ဘဝဖြင့် ဒုက္ခပင်လယ် ဝေနေကြရသူများ၏ အဖြစ်ကို တင်ပြလိုသည်။ ကမ္ဘာပေါ်ရှိ တချို့သော နိုင်ငံများ တွင် ပြည်တွင်းစစ် မီးတောက်မီးလျှံကြီး တောက်လောင်ပြီး သွေးချောင်းစီးနေသည်။ တိုက်ပွဲများအကြား အသက်ကို လုပြေးရင်း မိ တကွဲ၊ ဖတကွဲဖြစ်ကာ မိသားစုပြိုကွဲနေကြ သည်။ လူမမယ် ကလေးများ မိမဲ့ဖမဲ့ ဖြစ်နေကြ သည်။ မိမိနိုင်ငံ၊ မိမိလူမျိုး၏ ဇာတိသွေး၊ ဇာတိမာန်ကို စွန့်ပစ်ပြီး ဒုက္ခသည်အဖြစ် သတ်မှတ် ခံရရေးအတွက် အသနားခံနေကြသည်။ မည်သည့်နိုင်ငံကမျှ လက်မခံသည့်အတွက် ရေမျော ကမ်းတင် ဖြစ်နေကြသည်။ စားရမဲ့၊ သောက်ရမဲ့၊ ခိုနားရာမဲ့ဘဝဖြင့် လူဖြစ်သော်လည်း လူနှင့် တူအောင်မနေရသည့် ဘဝမျိုးကို ရောက်ရှိနေကြသည်။ ဤကဲ့သို့ ဘဝမျိုးကို မည်သည့် အကြောင်းကြောင့် ရောက်ရှိနေကြပါသနည်း။ အဖြေမှာရှင်းပါသည်။ ယင်းနိုင်ငံများ၏ တပ်မ တော်များသည် ပြည်တွင်း စည်းလုံးမှုနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို မတည်ဆောက် နိုင် သောကြောင့်လည်းကောင်း၊ ပြည်တွင်းစစ်ကို နိုင်အောင် ထိန်းချုပ်နိုင်စွမ်း မရှိသောကြောင့် လည်းကောင်း ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးသည် မိမိ၏ နိုင်ငံအတွင်း ဂုဏ်သိက္ခာရှိစွာ နေထိုင်နိုင်သည်။ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးကိုမှ အသ နားခံ နေစရာမလိုဘဲ မိမိတို့၏ ဇာတိသွေး၊ ဇာတိမာန်အတိုင်း တည်ကြည် ခံ့ညားစွာနေနိုင် သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ တပ်မတော်သည် ပြည်တွင်း စည်းလုံးညီညွတ်မှု နှင့် ပြည်တွင်းငြိမ်းချမ်းရေးကို အောင်မြင်စွာ တည်ဆောက်နိုင်မှုနှင့် ပြည်တွင်းစစ်ကို နိုင် အောင် ထိန်းချုပ်နိုင်စွမ်း ရှိမှု တို့ကြောင့် ဖြစ်သည်။
ယုံကြည်ချက်၊ ခံယူချက်နှင့် ရပ်တည်ချက် မှန်ကန်သည့် တပ်မတော်
နိုင်ငံနှင့် လူမျိုးအပေါ် ထားရှိသည့် တပ်မတော်၏ ယုံကြည်ချက်၊ ခံယူချက်တို့သည် မှန်ကန် မွန်မြတ်သည်။ ဥပမာတစ်ခုကို ထုတ်နုတ် တင်ပြရမည်ဆိုပါက တပ်မတော် ထမ်းဆောင်နေသည့် ဒို့တာဝန် အရေးသုံးပါးပင် ဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲလျှင် ပြည်ထောင်စု ပြိုကွဲမည်။ ပြည်ထောင်စု ပြိုကွဲလျှင် အချုပ်အခြာ အာဏာ ပျောက်ကွယ်မည်။ ဤ အခြေအနေမျိုးကို အဖြစ်ခံ၍မရ။ အချိန်မီ တားဆီးကာကွယ်ရမည်။ မတားဆီး၊ မကာ ကွယ်နိုင်ပါက တိုင်းပြည်နှင့်လူမျိုး ပျောက်မည်။ ဤယုံကြည်ချက်သည် တပ်မတော်၏ ယုံ ကြည်ချက်ဖြစ်သည်။ တိုင်းပြည်နှင့်လူမျိုးကို အပျောက်မခံနိုင်။ ထို့ကြောင့် ဒို့တာဝန် အရေး သုံးပါးကို ဖျက်ဆီး နှောင့်ယှက် သူ ပြည်တွင်းပြည်ပ ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း မှန်သမျှကို ရှင်းလင်းဖယ်ရှားရမည်။ ဤခံယူချက်သည် တပ်မတော်၏ ခံယူချက်ဖြစ်သည်။ တပ်မတော် သည် သိမ်မွေ့နူးညံ့စွာ ဆက်ဆံသည်။ သို့သော် သိမ်ငယ်စွာ မည်သူ့ကိုမျှ မဆက်ဆံပါ။ တပ်မတော်သည် စဉ်းစားဆင်ခြင် ဥာဏ်အပြည့်အဝနှင့် ပြောင်းလွယ်၊ ပြင်လွယ်ရှိသည်။ သို့သော် ယော ယိမ်းလိုက်၊ ဘသားယိမ်းလိုက် အဖွဲ့အစည်းမဟုတ်ပါ။ တပ်မတော်သည် မိမိ၏ ရည်မှန်းချက် တာဝန်ကို အောင်မြင်သည်အထိ မဆုတ်မနစ် ကြိုးစားပါသည်။ သို့သော် နွား၏ ဦးချိုမှ နို့ညှစ်သည့် အပြုအမူမျိုး မပြုလုပ်။ တပ်မတော်သည် ဆုံးဖြတ်ချက် သန္နိဋ္ဌာန် ခိုင်မာပါ သည်။ သို့သော် ခေါင်းမာမိုက်မဲခြင်းမရှိပါ။ တပ်မတော်သည် တိကျပြတ်သားစွာ ပြောဆိုဆက် ဆံပါသည်။ သို့သော် မောက်မာစွာ ပြောဆိုဆက်ဆံခြင်းမပြုပါ။ တပ်မတော်သည် နိုင်ငံနှင့် လူမျိုး၏ အားကိုးအားထားပြုရာ အဖွဲ့အစည်းဖြစ် သည်။ ကျောက်ဆောင်၊ ကျောက်သားကဲ့သို့ မာကျောကြံ့ခိုင်နေရမည်။ သို့မှသာ နိုင်ငံနှင့် လူမျိုးအတွက် မားမားမတ်မတ်၊ ကြံ့ကြံ့ခိုင်ခိုင်၊ တည်တည်ကြည်ကြည် ရပ်တည် ပေးနိုင်မည်ဖြစ်သည်။
အစဉ်နုပျိုနေသော တပ်မတော်
အမိနိုင်ငံနှင့် လူမျိုးအတွက် တပ်မတော် ထူထောင်လာခဲ့သည်မှာ နှစ်ပေါင်း ၇၅ နှစ်တိုင်ခဲ့ပြီ။ ကျွန်ုပ်တို့၏ တပ်မတော် မအိုသေးပါ။ အစဉ်နုပျိုလန်းဆန်းဆဲ၊ တက်ကြွဆဲ၊ အားမာန် အပြည့် ဖြင့် ချီတက်ဆဲဖြစ်သည်။ ကျွန်ုပ်တို့တပ်မတော် အင်အား မကုန်ခန်းသေးပါ။ ပိုမိုခေတ်မီ၊ ပိုမို အင်အား ကြံ့ခိုင်နေပါသည်။ နိုင်ငံနှင့်လူမျိုးအပေါ် ထားရှိသည့်သစ္စာ မပျက်ပြယ်ပါ။ ပိုမိုကြီးမား သော သစ္စာတရား ရှိနေပါသည်။ တပ်မတော်သည် ယခုအချိန်တွင် စိန်ခေါ်မှု အမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။ နိုင်ငံနှင့် လူမျိုးအပေါ် ကျရောက်နေသော အန္တရာယ်များနှင့် အခြေအနေ ဆိုး အမျိုးမျိုးကိုလည်း ဖြေရှင်းပေးနေရသည်။ ယင်းစိန်ခေါ်မှုများနှင့် အန္တရာယ်ဆိုး၊ အခြေ အနေဆိုးများကို တပ်မတော်က အောင်ပွဲများအဖြစ် ပြောင်းလဲပစ်သည်။ နောင်အနာဂတ်တွင် လည်း ပိုမိုကြီးမားသော စိန်ခေါ်မှုများ၊ ပိုမိုရှုပ်ထွေးသော အန္တရာယ်နှင့် အခြေအနေဆိုးများကို ရင်ဆိုင်ရဦးမည်။ ယင်းတို့သည် တပ်မတော်အတွက် အနာဂတ် အောင်ပွဲများဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် တပ်မတော်သည် သစ္စာ၊ သူရ၊ သိပ္ပ၊ သီလ စသည့် အရည်အချင်း များကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။ ''ဘဲအုပ်ကတစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်း၊ အယက်အကန်ခံလို့ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ''ဟုဆိုနိုင် သည်။ ပြဿနာ၊ အန္တရာယ်၊ အခက်အခဲတို့က သောင်းခြောက်ထောင် ရှိနေပါသည်။ သို့သော် ကျွန်ုပ်တို့ တပ်မတော်ကမူ နိုင်ငံနှင့် လူမျိုးအတွက် အောင်ပန်းအမျိုးမျိုး ပန်ဆင်လျက် ချီတက်ဆဲ ရှိနေပါသည်။

အစိုးရသစ်လက်ထက်တွင် အလုပ်အကိုင်အခွင့်အလမ်းနှင့် ဥပဒေများကို ဦးစားပေးလုပ်ရန် အလုပ်သမားအဖွဲ့များဆို

အစိုးရသစ်လက်ထက်တွင် အလုပ်သမားရေးရာကိစ္စနှင့်ပတ်သက်၍ အလုပ်အကိုင်အခွင့်အလမ်းသစ်များ ရှာဖွေပေးရေးနှင့် ဥပဒေများထိရောက်စွာကိုင်တွယ် ကျင့်သုံးပေးရေးတို့ကို ဦးစားပေးဆောင်ရွက်သင့်သည်ဟု အလုပ်သမားအဖွဲ့အစည်းခေါင်းဆောင်အချို့က အကြံပြုသည်။
မြန်မာနိုင်ငံတွင် အလုပ်သမားအရေးကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်သည့် အကြောင်းအရာများစွာရှိနေသော်လည်း အလုပ်အကိုင်အခွင့်အလမ်း ပေါများလာပါက ပြဿနာအများစုမှာ ပြေလည်သွားနိုင်၍ ဦးစားပေးလုပ်ငန်းအဖြစ် ထည့်သွင်းခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICSTUSF) ဒုတိယဥက္ကဋ္ဌ ဦးနော်အောင်က ပြောသည်။
‘‘အလုပ်အကိုင်ပေါရင် အလုပ်သမားတွေအနေနဲ့ ရွေးချယ်စရာပိုရလာမယ်။ ဝင်ငွေပိုင်းအနေနဲ့လည်း တိုးလာမယ်။ ဒါဆိုရင် အငြင်းပွားမှုပြဿနာတွေက အထိုက်အလျောက်တော့ ကျသွားမှာပါ’’ ဟု ၎င်းက ပြောသည်။
ထို့အပြင် ပြဋ္ဌာန်းထားပြီးဖြစ်သော အလုပ်သမားဥပဒေများ လက်တွေ့ကျကျ ကျင့်သုံးမှုအားနည်းခဲ့ခြင်းအပေါ် အစိုးရသစ်လက်ထက်တွင် ပြောင်းလဲရန် လိုအပ်သည်ဟု အလုပ်သမားခေါင်းဆောင်များက ပြောသည်။အလုပ်သမားဥပဒေများကို နိုင်ငံတကာစံနှုန်းဖြင့် နှိုင်းယှဉ်ရေးသားခဲ့ခြင်းဖြစ်သော်လည်း အမှန်တကယ်ကျင့်သုံးခြင်းမရှိရန် ဥပဒေ၏အသုံးဝင်မှုကို ရရှိခံစားနိုင်ခြင်းမရှိခဲ့ဟု ဆိုသည်။

ယနေ့ အစိုးရအာဏာလွှဲပြောင်းမည်

သမ္မတသစ် ဦးထင်ကျော် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားမည်

နိုင်ငံတော်သမ္မတ သစ် ဦးထင်ကျော်၏ပထမအကြိမ် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ယနေ့(မတ်လ ၃၀ ရက်)တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ် တော်၌ ပြောကြားမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရထံမှ အစိုးရအဖွဲ့သစ်က နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူမည်ဖြစ်သည်။မတ်လ ၃၀ ရက် နံနက် ၁၀ နာရီတွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အ စိုးရအဖွဲ့သစ်ခေါင်းဆောင် သမ္မ တသစ် ဦးထင်ကျော်အပါအဝင် ဒုတိယသမ္မတများနှင့် အစိုးရအ ဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ က ကတိသစ္စာ ပြုကြမည်ဖြစ် သည်။
အစိုးရ အဖွဲ့သစ် ခေါင်း ဆောင် သမ္မတသစ် ဦးထင်ကျော် က နိုင်ငံတော်သမ္မတအဖြစ် တာ ဝန်ထမ်းဆောင်ရန် ကတိသစ္စာ ပြုပြီးနောက် ၎င်း၏ အစိုးရ လက်ထက်၌ ဆောင်ရွက်မည့် မူဝါဒများပါဝင်သော နိုင်ငံတော် အခြေပြမိန့်ခွန်းကို ပထမဆုံးအ ကြိမ် ပြောကြားမည်ဖြစ်သည်။သမ္မတသစ်၏မိန့်ခွန်းတွင် လာမည့် အစိုးရသစ်ငါးနှစ်သက် တမ်းအတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မည့် ကဏ္ဍများအ ကြောင်း၊ အစိုးရသစ်၏နိုင်ငံခြား ရေးမူဝါဒများ၊ ပြည်တွင်းငြိမ်းချမ်း ရေးတို့ကို ထည့်သွင်းပြောကြား လိမ့်မည်ဟု နိုင်ငံရေးလေ့လာသူ များက သုံးသပ်ကြသည်။
နိုင်ငံတော် သမ္မတသစ်အ ဖြစ် ရွေးချယ်တင်မြှောက်ခံထားရသည့် ဦးထင်ကျော်နှင့် ဒုတိယ သမ္မတများအဖြစ် ရွေးချယ်တင် မြှောက်ခံထားရသူများက ပြည် ထောင်စုလွှတ်တော်နာယကနှင့် ပြည်ထောင်စုလွှတ်တော် ရှေ့ မှောက်တွင် ကတိသစ္စာပြုခြင်း၊ နိုင်ငံတော်သမ္မတက ပြည်ထောင် စုလွှတ်တော်၌ မိန့်ခွန်းပြောကြား ခြင်းတို့ကို မြန်မာ့ရုပ်မြင်သံကြား (News Channel)၊ လွှတ်တော် (Channel)နှင့် မြန်မာ့အသံရေဒီ ယိုအစီအစဉ်တို့မှ ယင်းနေ့နံနက် ၁၀ နာရီမှစ၍ တိုက်ရိုက် ထုတ် လွှင့်ပေးမည်ဖြစ်ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။
သမ္မတသစ် ဦးထင်ကျော် သည် ပြည်ထောင်စုလွှတ်တော် တွင် ကတိသစ္စာပြုခြင်းနှင့် မိန့်ခွန်းပြောကြားခြင်းတို့ ပြုလုပ်ပြီးပါက သမ္မတအိမ်တော်သို့ သွားရောက် ကာ အာဏာ လွှဲပြောင်းပေးရန် စောင့်ဆိုင်းနေသည့် လက်ရှိအစိုး ရအဖွဲ့ခေါင်းဆောင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမည် ဖြစ် သည်။  ယင်းနောက် သီဟာသန ပလ္လင်ရှေ့တွင် သမ္မတတစ်ဦး၏ အဆောင်အယောင်ဖြစ်သော ရွှေ စလွယ်ကို လက်ရှိ အစိုးရအဖွဲ့ ခေါင်းဆောင် ဦးသိန်းစိန်က အစိုး ရအဖွဲ့သစ်ခေါင်းဆောင် သမ္မတ သစ် ဦးထင်ကျော်အား လွှဲပြောင်း ပေးအပ်မည်ဖြစ်သည်။
မတ်လ ၃၀ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် နိုင်ငံတော် သမ္မတအိမ်တော်၌ ကျင်းပမည့် အာဏာလွှဲပြောင်းပွဲအခမ်းအနား ကို MRTV News Channel နှင့် မြန်မာ့အသံရေဒီယိုအစီအစဉ်တို့ မှ တိုက်ရိုက်ထုတ်လွှင့်မည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ပြည်ထောင်စု လွှတ်တော် တွင် ကတိသစ္စာပြုခြင်း၊ နိုင်ငံ တော်အခြေပြမိန့်ခွန်း ပြောကြား ခြင်းနှင့် သမ္မတ အိမ်တော်၌ အာဏာလွှဲပြောင်းခြင်းတို့ ပြုလုပ်ပြီးနောက် ညနေပိုင်းတွင် သမ္မတအိမ်တော် မြက်ခင်းပြင်၌ ညစာစားပွဲပြုလုပ်မည်ဖြစ်သည်။

"အီဂျစ်လေယာဉ်အပိုင်စီးသူ အကြမ်းဖက်ရန် ရည်ရွယ်ချက် မရှိနိုင်ဟုဆို"

အီဂျစ် ခရီးသည်တင် လေယာဉ်ကို အပိုင်စီးထားသည့် အမျိုးသားသည် အကြမ်းဖက်မှု ရည်ရွယ်ချက်မျိုး မရှိနိုင်ကြောင်း ဆိုက်ပရပ်စ် အစိုးရက ပြောကြားခဲ့သည်။ အီဂျစ်လေကြောင်းပိုင် MS181ကို အပိုင်စီးကာ ဆိုက်ပရပ်စ်သို့ လမ်းကြောင်းပြောင်း ဆင်းသက်စေခဲ့သည့် အီဂျစ်အမျိုးသားသည် ခရီးသည် အများစုနှင့် အနည်းဆုံး လေယာဉ်ဝန်ထမ်း အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်သည်။
လတ်တလောတွင် နိုင်ငံခြားသား လေးဦးနှင့် လေယာဉ် အမှုထမ်းအချို့ကို ဆက်လက် ထိန်းသိမ်းထားသည့် ပြန်ပေးသမားက ၎င်း၏ ဇနီးဟောင်းဖြစ်သူ ဆိုက်ပရပ်စ် နိုင်ငံသူ အမျိုးသမီးကို ခေါ်ပေးရန် အာဏာပိုင်များကို တောင်းဆိုထားကြောင်း သိရသည်။

ပြန်ပေးဆွဲထားသည့် အီဂျစ်လေယာဉ်မှ ခရီးသည်အများစု ပြန်လွတ်လာ


အီဂျစ်လေကြောင်းပိုင် ပြည်တွင်းခရီးစဉ်အမှတ် MS181ကို ပြန်ပေးဆွဲထားသည့် အီဂျစ်အမျိုးသားက ခရီးသည် အများစုကို ပြန်လွှတ်ပေးလိုက်သော်လည်း လေယာဉ်အဖွဲ့သားများနှင့် နိုင်ငံခြားသား ခရီးသည် အချို့ကို ထိန်းချုပ်ထားဆဲဟု သိရသည်။
ပြန်ပေးသမားသည် အီဂျစ်နိုင်ငံသားတစ်ဦးဟု သတင်းများက ဖော်ပြထားပြီး ၎င်းသည် အီဂျစ်နိုင်ငံသား မဟုတ်သူ ခရီးသည် ၄ ဦးနှင့် အမှုထမ်းများကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။ လေယာဉ်သည် မူလက အလက်ဇန္ဒရီးယားမှ ကိုင်ရိုသို့ ဦးတည်ပျံသန်းသော်လည်း ပြန်ပေးသမား၏ တောင်းဆိုမှုကြောင့် ဆိုက်ပရပ်စ်တောင်ပိုင်းရှိ လန်ကာရာ လေဆိပ်တွင် ဆိုက်ကပ်ပြီး ပိတ်မိနေဆဲ ဖြစ်သည်။
အီဂျစ်လေကြောင်းလိုင်းက လေယာဉ်ပေါ် လိုက်ပါသွားသူ ၈၁ ဦး ရှိခဲ့ပြီး ခရီးသည် အများစု လွတ်မြောက်လာပြီဟု အတည်ပြု ကြေညာသည်။ မျက်မြင်များကလည်း လေယာဉ်ပေါ်မှ ဆင်းသက်လာသူများသည် ဘတ်စ်ကားတစ်စီး
ပေါ်တက်ကာ အခင်းဖြစ်ရာ နေရာမှ ထွက်ခွာသွားကြောင်း ပြောကြားခဲ့သည်။ ခရီးသည် တစ်ဦးက ပြန်ပေးသမားသည် ဖောက်ခွဲရေး ပစ္စည်းများ ပါရှိသည့် ခါးပတ်ကို ဝတ်ဆင်ထားကြောင်း ဆိုသည်။

လေယာဉ်ကို ပြန်ပေးဆွဲရသည့် အကြောင်းရင်းကို တိတိကျကျ မသိရသေးသော်လည်း ဆိုက်ပရပ်စ် မီဒီယာများက ပြန်ပေးသမား၏ ပုဂ္ဂိုလ်ရေးကိစ္စ တစ်ခုခုကြောင့် ဖြစ်နိုင်ကြောင်း ဖော်ပြကြသည်။ ဥပမာအားဖြင့် ခိုလှုံခွင့်ရရေး ကဲ့သို့ ရည်ရွယ်ချက်မျိုးနှင့် ဖြစ်နိုင်သည်ဟု ဆိုသော်လည်း ယင်းအချက်ကို အတည်မပြုနိုင်သေးချေ။
လတ်တလောတွင် လန်ကာရာ လေဆိပ်ကို ပိတ်ထားရပြီး လေဆိပ်သို့ ပျံလာသည့် လေယာဉ်များကို အခြားလေယာဉ်ကွင်းများသို့ လမ်းကြောင်းပြောင်း ဆင်းသက်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။
Ref: CNN