Tuesday, November 12, 2013

ထိုင်းနိုင်ငံရှိ မြန်မာ အချုပ်သား ၃၀၀၀ ကျော် လွတ်လမ်းမမြင်သေး

မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံနှင့်ကြားအကျဉ်းသားများ လဲလှယ်ရေးသ ဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးရန်အစီအစဉ်မရှိသေးကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီးဗိုလ်မှူးချုပ် ကျော်ဇံမြင့် ကပြောကြားလိုက်သည်။ နိုဝင်ဘာ ၁၁ ရက်က ပြုလုပ် သော ပြည်သူ့လွှတ်တော်အဋ္ဌမ ပုံမှန်အစည်း အဝေး ၂ဝရက် မြောက်နေ့တွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စား လှယ်ဦးသိန်းညွန့် ၏ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံအကျဉ်းထောင် များရှိ အကျဉ်းသားများကိစ္စနှင့် စပ်လျဉ်း သည့် မေးခွန်း အား ယင်းကဲ့သို့ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများကို အစိုးရ ထောက်ပံ့ရန် ဒေါ်အောင်ဆန်း စုကြည်မှတစ်ဆင့် တောင်းဆိုမည်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ် လက်ထက်တွင် လွတ်မြောက်လာ သည့် နိုင်ငံရေး အကျဉ်းသားဟောင်း များကို ကူညီ ထောက်ပံ့ပေးရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှတစ်ဆင့် အစိုးရထံ တောင်းဆို သွားမည် ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အင်အားစုအဖွဲ့ဝင် ဦးဇော်ထွဋ်ခေါင် က ပြော ကြား သည်။

ဗီဇာသက်တမ်းကုန် မြန်မာရွှေ့ပြောင်းလုပ်သားများ အခက်အခဲများကြုံတွေ့

ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသောမြန်မာရွှေ့ပြောင်း လုပ်သား များ ဗီဇာသက် တမ်းကုန် လွန်သွားပြီးနောက် အခက်အခဲ အမျိုး မျိုး ကြုံတွေ့နေရကြောင်း ရွှေ့ပြောင်း အလုပ် သမားအခွင့်အရေး ကွန်ရက်က နိုဝင်ဘာ ၁၁ရက် ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

NLD နာယက ဦးဝင်းတင်က ဖွဲ့စည်းပုံ အသစ်ရေးဆွဲလို

Photo: NLD နာယက ဦးဝင်းတင်က ဖွဲ့စည်းပုံ အသစ်ရေးဆွဲလို 
Tuesday, November 12, 2013

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံပဲ အခြေခံ ဥပဒေ အသစ်ရေးဆွဲရေးသာ လိုလားတယ် လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ထုတ်ဖော် 
ပြသ လိုက်ပါတယ်။ 

မနေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရန်ကုန်တိုင်းလုံးကျွတ် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ လူထုဆန္ဒ သဘောထား ရယူရေး ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းထဲက 
ဆွေးနွေးပွဲကြီးမှာ ဦးဝင်းတင်က အဲဒီလို ပြသလိုက်တာဖြစ်ပါတယ်။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသစ်ပြန်လည်ရေးဆွဲရေး အဆိုပြုလိုက်ချိန်မှာ ဦးဝင်းတင်ဟာ  ထောက်ခံ
တဲ့အနေနဲ့  တဦးတည်း လက်ထောင် ထားပါတယ်။ 

ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် မကြာခဏပြောဆိုခဲ့သလို တိုင်းရင်းသားတွေလိုလားနေတဲ့ ပြင်ဆင်ရခက်ခဲတဲ့ ဖွဲ့စည်းပုံအတွက် အသစ်ရေးဆွဲမှုဆိုတာအပေါ် မပစ် ပယ်ဘူးလို့ ပြောဆိုထားပါတယ်။  

မနေ့က ဗိုလ်စိန်မှန် အားကစားကွင်းမှာ လုပ်တဲ့ ဖွဲ့စည်းပုံဆိုင်ရာ လူထု သဘောထား ရရှိရေးဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ NLD ပါတီဝင်တွေနဲ့ လူထု အများစုက ပြင်ဆင်ရေးဆွဲလိုကြတာကို ပြသခဲ့ကြပြီး အသစ်ပြန် လည် ရေးဆွဲရေး လိုလားသူ အနည်းငယ်ကိုလည်း တွေ့ရပါတယ်။ 

 
အိမ့်သံစဉ် ~

ဧရာဝတီblog

အခု ဓာတ်ပုံတွေထဲမှာ မြင်ရတဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆိုပြုချိန်မှာ ဦးဝင်းတင်က ကန့်ကွက်တဲ့ အနေနဲ့ လက်  မထောင်ခဲ့ပါဘူး။
လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံပဲ အခြေခံ ဥပဒေ အသစ်ရေးဆွဲရေးသာ လိုလားတယ် လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထိပ်တန်း ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်က ထုတ်ဖော် ပြသ လိုက်ပါတယ်။