Thursday, September 19, 2013

Nintendo ဂိမ်းကုမ္ပဏီ ထူထောင်သူ ကွယ်လွန်

Photo: Nintendo ဂိမ်းကုမ္ပဏီ ထူထောင်သူ ကွယ်လွန်
Thursday, September 19, 2013

ကမ္ဘာကျော် နစ်တန်းဒိုး Nintendo ဂိမ်း ကုမ္ပဏီ ထူထောင်သူ ဂျပန် စီးပွားရေး လုပ်ငန်း ရှင်ကြီး ဟီရိုရှီ ယာမာအူချီ ဟာ အသက် ၈၅ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။

သူဟာ ၁၉၄၉ ခုနှစ် ကစလို့ ရာစုနှစ်ဝက်ကျော် နီးပါး ဒီလုပ်ငန်းကို ဦးဆောင်ခဲ့တာဖြစ်ပြီး၊ ကုမ္ပဏီ အသေးစားလေး ကနေ ဒစ်ဂျစ်တယ် နည်းပညာ ခေတ်သစ်မှာ အောင်မြင်တဲ့ ဗီဒီယိုဂိမ်း ကစားနည်းတွေကို တီထွင် ဖန်တီး ပေးခဲ့တဲ့ ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ် လာအောင် ပြောင်း လဲ နိုင်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ယာမာအူချီဟာ နစ်တန်းဒိုး ဂိမ်းစက်ကို ပထမဆုံး တီထွင်ကာ နစ်တန်းဒိုး အမှတ်တံဆိပ်ကို ဗီဒီယိုဂိမ်း လောကမှာ ရှေ့ရောက်အောင် လုပ်ဆောင်ပေးခဲ့တယ်၊ အထူးသဖြင့် Gameboy နဲ့ Nintendo DS ဂိမ်းစက်တွေက အောင်မြင်ခဲ့တယ်လို့ ဝေဖန် သုံးသပ် သူတွေက ပြော ပါတယ်။

BBC
ကမ္ဘာကျော် နစ်တန်းဒိုး Nintendo ဂိမ်း ကုမ္ပဏီ ထူထောင်သူ ဂျပန် စီးပွားရေး လုပ်ငန်း ရှင်ကြီး ဟီရိုရှီ ယာမာအူချီ ဟာ အသက် ၈၅ နှစ် အရွယ်မှာ ကွယ်လွန်သွားပါတယ်။

နေပြည်တော်ရဲနှင့် ၀ဲကြီးရွာသားများ ပဋိပက္ခဖြစ်

နေပြည်တော် ပုဗ္ပသီရိမြို့နယ် ၀ဲကြီးကျေးရွာမှာ စက်တင်ဘာ ၁၈ ရက် ညက ရဲနဲ့ ကျေးရွာသားတွေ ပဋိပက္ခဖြစ်ပွားပြီး ရဲ ၁၀ ယောက်လောက် ဆေးရုံတင်ထားရတယ်လို့ မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ဦးအောင်က ပြောပါတယ်။

ရွှေပြည်သာမှာ လယ်သမားတွေ ဆန္ဒပြခွင့် ငြင်းပယ်ခံရ

Photo: ရွှေပြည်သာမှာ လယ်သမားတွေ ဆန္ဒပြခွင့် ငြင်းပယ်ခံရ 
Thursday, September 19, 2013

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် အပိုင်း ၁ နဲ့ ၂ လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ လုပ်ကိုင်စားသောက်နေကြတဲ့ လယ် သမား ၁၀၀ ကျော်က မြို့နယ်ရဲတပ်ဖွဲ့ရုံးမှာ ဆန္ဒပြခွင့်တောင်းရာမှာ ရဲတပ်ဖွဲ့က လယ်သမားတွေ ဆန္ဒပြလိုတဲ့နေရာကို ခွင့်မပြုဘဲ ငြင်းပယ် လိုက်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

စက်မှုဇုန်မဆောက်ခင် လယ်သမားတွေက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဆီကနေ မြေငှားရမ်းပြီးစိုက်ပျိုးရာမှာ အခုရက်ပိုင်း အတွင်း မြေတူးတာနဲ့ ခြံစည်းရိုးခတ်တာတွေကြောင့် စိုက်ခင်းတွေ ပျက်စီးတာကို အကြောင်းပြုပြီး ဆန္ဒပြခွင့်တောင်းခံခဲ့တာလို့ ဆိုပါတယ်။

ရွှေပြည်သာ သာဓုကန် ဘုရားလမ်းကနေ ဘုရင့်နောင်လမ်းမမှာရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအထိ ဆန္ဒပြခွင့်လျှောက်ထားတာကို ရဲတပ်ဖွဲ့က ခွင့်မပြုဘူးလို့ လယ်သမား ဦးသိန်းလွင်က RFA ကိုပြောပါတယ်။

အဲဒီ သာဓုကန်စက်မှုဇုန် အပိုင်း ၁၊ ၂ မှာရှိတဲ့ လယ်မြေဧက ၁၀၀ ကို လယ်သမားဆယ်ဦးက ၂၀၀၇ ခုနှစ်မှာ ရွှေပြည်သာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီဌာနကနေ ငှားရမ်းလုပ်ကိုင်ခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှာ လွှတ်တော် လယ်ယာမြေ စုံစမ်း စစ်ဆေးရေးကော်မတီက အဲဒီစက်မှုဇုန် ဆောက်မယ့်နေရာမှာ ငှားရမ်း လုပ်ကိုင်နေတဲ့ လယ်သမားတွေနဲ့ လုပ်ငန်းရှင်တွေ အကြား ပြေလည်မှု ရအောင် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

RFA Burmese
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန် အပိုင်း ၁ နဲ့ ၂ လို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ လုပ်ကိုင်စားသောက်နေကြတဲ့ လယ် သမား ၁၀၀ ကျော်က မြို့နယ်ရဲတပ်ဖွဲ့ရုံးမှာ ဆန္ဒပြခွင့်တောင်းရာမှာ ရဲတပ်ဖွဲ့က လယ်သမားတွေ ဆန္ဒပြလိုတဲ့နေရာကို ခွင့်မပြုဘဲ ငြင်းပယ် လိုက်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

အီဂျစ် လုံခြုံရေးနဲ့ သေနတ်သမားတွေ ပစ်ခတ်

Photo: အီဂျစ် လုံခြုံရေးနဲ့ သေနတ်သမားတွေ ပစ်ခတ်
Thursday, September 19, 2013

အီဂျစ် နိုင်ငံ ကိုင်ရိုမြို့ ဆင်ခြေဖုံးက မွတ်ဆလင် ညီနောင်များ အဖွဲ့ ခြေကုပ်ယူရာ အရပ်မှာ အမည်မသိ သေနတ်သမားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

ဒီနေ့ မနက် အစောပိုင်းတုန်းက ကိုင်ရိုမြို့ ဆင်ခြေဖုံး Kerdasa ကာဒါဆာ ဒေသမှာ လုံခြုံရေး တပ်ဖွဲ့ဝင် အလုံးအရင်းဟာ ရဟတ် ယာဉ်တွေနဲ့ တိုက်ခိုက်နေကြပြီး ထိပ်တန်း ရဲ အရာရှိ တစ်ယောက် သေ ဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေဟာ အိမ်တွေကို တစ်အိမ်တက်ဆင်းနဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ခေါင်းဆောင်တွေကို ရှာဖွေနေခဲ့တာဖြစ်ပြီး ဒါဇင်နဲ့ချီတဲ့ လူတွေကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဘီဘီစီ သတင်းထောက် တစ်ယောက်က ပြောပါတယ်။

အာဏာပိုင်တွေဘက်ကတော့ ပြီးခဲ့တဲ့ လတုန်းက ရဲ ၁၁ ယောက်ကို သတ်ဖြတ်သွားသူတွေကို ရှာဖွေနေတာဖြစ်တယ်လို့ ပြောပါတယ်။

BBC
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ဆင်ခြေဖုံးက မွတ်ဆလင်ညီနောင်များအဖွဲ့ ခြေကုပ်ယူရာအရပ်မှာ အမည် မသိ သေ နတ် သမားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။

မွန်ဘိုင်း အုပ်စုဖွဲ့ မုဒိမ်းမှု စွဲချက်တင်ပြီ

Photo: မွန်ဘိုင်း အုပ်စုဖွဲ့ မုဒိမ်းမှု စွဲချက်တင်ပြီ
Thursday, September 19, 2013

အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှာ ပြီးခဲ့တဲ့ လတုန်းက ဓာတ်ပုံ သတင်းထောက်မလေး တစ်ယောက်ကို အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်ခဲ့သူ ၄ ယောက်ကို တရားရုံးက စွဲချက်တင်လိုက်ပါပြီ။

အသက် ၂၂ အရွယ် ဓာတ်ပုံ သတင်းထောက်မလေး ဟာ မွန်ဘိုင်းမြို့လယ်က စက်ရုံဟောင်းကြီး တစ်ခုကို အလုပ်ကိစ္စနဲ့ ရောက်နေတုန်း အဲဒီလူတွေက တိုက် ခိုက်ပြီး ထပ်တလဲလဲ အဓမ္မ ပြုကျင့်ခဲ့ကြတာလို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ငါးယောက်မြောက် မုဒိမ်းသမားက အသက် ၁၈နှစ်အောက်သာ ရှိသေးတာမို့ သူ့ကိုတော့ ကလေးတရားရုံးမှာ သီးခြား တရားစွဲဆိုဖို့ ရှိကြောင်း သိရပါတယ်။

ဒေလီမြို့က ဘတ်စ်ကားပေါ်မှာ ဆေးကျောင်းသူလေး တစ်ယောက်ကို အလားတူ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ဖြစ်ခဲ့ပြီး လအနည်းငယ် အကြာမှာ ဒီအမှု ဖြစ်ခဲ့တာပါ။

အိန္ဒိယ နိုင်ငံမှာ ခုလို အမှုတွေ ထပ်မံ ဖြစ်ပွားပြီး အမျိုးသမီးတွေ လုံခြုံမှု မရှိတဲ့ အပေါ် လူတွေရဲ့ ဒေါသ တိုးပွားလာခဲ့ပါတယ်။

BBC
အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်သူများရဲ့ ပုံကြမ်း
အိန္ဒိယရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ အုပ်စုဖွဲ့ မုဒိမ်းမှု ကျူးလွန်သူများရဲ့ ပုံကြမ်း

အိန္ဒိယ နိုင်ငံ မွန်ဘိုင်းမြို့မှာ ပြီးခဲ့တဲ့ လတုန်းက ဓာတ်ပုံ သတင်းထောက်မလေး တစ်ယောက်ကို အုပ်စုဖွဲ့ပြီး မုဒိမ်းကျင့်ခဲ့သူ ၄ ယောက်ကို တရားရုံးက စွဲချက်တင်လိုက်ပါပြီ။

မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် သံတမန်များ၏ လုံခြုံရေးကို မြန်မာ့ရဲတပ်ဖွဲ့က သီးသန့်တာဝန်ယူ

မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများတွင် တာဝန်ထမ်းဆောင်နေကြသော သံအမတ်များ၏ သွားလာရေး ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က သီးသန့်လုံခြုံရေးပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ အဆင့်မြင့် အရာရှိတစ်ဦးက ရန်ကုန်တိုင်းမ် နေ့စဉ်သတင်းစာသို့ ထုတ်ဖော် ပြောကြားလိုက်သည်။

မြစ်ကြီးနား စစ်စခန်းများအကြောင်း ရုပ်ရှင်ရိုက်ကူးရန် ဟောလိဝုဒ် ဒါရိုက်တာ နှစ်ဦးရောက်ရှိ

ဒုတိ ယကမ္ဘာစစ်က မြန်မာနိုင်ငံ တွင် တာဝန်ထမ်းဆောင်ခဲ့သည့် လေသူရဲတစ်ဦး ၏သားဖြစ်သူ ဟော လိဝုဒ်ဒါရိုက်တာ Mr.Geoffrey Charies သည် ကချင်ပြည်နယ် တွင်ရှိသော စစ်စခန်းများနှင့် ပတ်သက် ပြီး ရုပ်ရှင်ရိုက်ကူးရန် အတွက် မြန်မာနိုင်ငံကိုရောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

သာစည်တွင် တောင်းရမ်းနေသူ ဘင်္ဂါလီတစ်ဦးကို မောင်တောသို့ ပြန်ပို့

Photo: သာစည်တွင် တောင်းရမ်းနေသူ ဘင်္ဂါလီတစ်ဦးကို မောင်တောသို့ ပြန်ပို့ 
Thursday, September 19, 2013

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် တောင်းရမ်း စားသောက်သူ တစ်ဦးအား မသင်္ကာသဖြင့် စစ်ဆေးရာ မြန်မာနိုင်ငံသား မဟုတ် ဘဲ မောင်တောမြို့နယ်တွင် နေထိုင်သည့် ဘင်္ဂါလီလူမျိုး တစ်ဦးဖြစ်သဖြင့် တရားစွဲဆိုခြင်း မပြုဘဲ စက်တင်ဘာ ၁၈ ရက်နေ့တွင် ရန်ကုန်မှ တစ်ဆင့် မောင်တောသို့ ပို့ဆောင်မည် ဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး လူဝင်မှု ကြီးကြပ...်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနထံမှ သိရသည်။

“သူ့ကိုစစ်ဆေးတဲ့အခါမှာ မောင်တောကနေ လမ်းလျှောက်လာတာ သာစည် ထိ ရောက်လာတာလို့ သိရတယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါလူမှာ စိတ်ကျန်းမာရေး ချို့ယွင်းနေသူ ဖြစ်နေသဖြင့် တရားစွဲ ဆိုခြင်း မပြုတော့ဘဲ မောင်တောသို့ ပို့ဆောင်ခြင်း ဖြစ်မည် ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ကုသိုလ်တော် ဘုရား တောင်ဘက်မုခ် ရေလယ်ဓမ္မာရုံတွင် တစ်နှစ်ကျော်ကြာ မျှ တောင်းရမ်း စားသောက်နေသော တရုတ်နိုင်ငံသားတစ်ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ၎င်းကို တရားစွဲဆိုခြင်း မပြုဘဲ စက်တင်ဘာလ ၃၁ ရက်နေ့တွင် ၎င်း၏နေရပ် တရုတ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် တောင်းရမ်း စားသောက်သူ တစ်ဦးအား မသင်္ကာသဖြင့်

လောင်းကစား ဒိုင်ချုပ်များကို အရေးမယူပါက တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမည်

 Photo: လောင်းကစား ဒိုင်ချုပ်များကို အရေးမယူပါက တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမည် 
Thursday, September 19, 2013

လောင်းကစား ဒိုင်ချုပ်များကို အရေးယူမှုမပြုဘဲ လက်ခွဲဒိုင်များကိုသာ ဖမ်းဆီးမှုများ ပြုလုပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ပြည်သူလူထု အနေနှင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သတင်းပေးခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းကြရန် လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် အစိုးရသစ် တက်ပြီးစက လောင်း ကစား မှုများ လျော့နည်း ကျဆင်းခဲ့သော်လည်း လက်ရှိတွင် ပိုမိုများပြားလာကြောင်း မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ် ဦးမိုးနိုင်ကျော်က ယင်းလွှတ်တော်၌ မေးမြန်းရာတွင် ဝန်ကြီးက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်၏ စက်တင်ဘာလ ၁၈ ရက်နေ့ ပြုလုပ်သော သတ္တမ ပုံမှန်အစည်းအဝေးတွင် ဦးမိုးကျော်နိုင်က “ဆင်းရဲနွမ်းပါးမှုများ ဖြစ်ပေါ်လာနိုင်သော လောင်းကစား ပပျောက်ရန် သက်ဆိုင်ရာက မည်သို့ ညွှန်ကြား ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း” မေးခွန်းမေးမြန်းခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် နှစ်လုံး၊ သုံးလုံး၊ ဘောလုံး လောင်း ကစား မှုများကို ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ၃၄၄ မှု၊ တရားခံပေါင်း ၇၄၂ ဦး သိမ်းဆည်းရငွေ ကျပ် ၃၁၄ သိန်းကျော်၊ ၂၀၁၂ ခုနှစ်တွင် ၅၂၂ မှု၊ တရားခံပေါင်း ၁၁၉၇ ဦး၊ သိမ်းဆည်းရငွေ ကျပ်သိန်း ၅၈၀ ကျော်နှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၃၄၅ မှု၊ တရာခံပေါင်း ၆၉၇ ဦး၊ သိမ်ဆည်းရငွေ ၃၈၇ သိန်းကျော် ဖမ်းဆီအရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ဆက်လက်ပြောကြားသည်။

The Voice Weekly
လောင်းကစား ဒိုင်ချုပ်များကို အရေးယူမှုမပြုဘဲ လက်ခွဲဒိုင်များကိုသာ ဖမ်းဆီးမှုများ ပြုလုပ်ပါက သက် ဆိုင်ရာ တာဝန်ရှိသူအဆင့်ဆင့်ကို အရေးယူမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ပြောကြားသည်။

လောင်းကစား ဒိုင်ချုပ်များကို အရေးမယူပါက တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမည်

 Photo: လောင်းကစား ဒိုင်ချုပ်များကို အရေးမယူပါက တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမည် 
Thursday, September 19, 2013

လောင်းကစား ဒိုင်ချုပ်များကို အရေးယူမှုမပြုဘဲ လက်ခွဲဒိုင်များကိုသာ ဖမ်းဆီးမှုများ ပြုလုပ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ပြုလုပ်သော ပထမအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

ပြည်သူလူထု အနေနှင့်လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် သတင်းပေးခြင်းဖြင့် ဝိုင်းဝန်းပူးပေါင်းကြရန် လိုအပ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် အစိုးရသစ် တက်ပြီးစက လောင်း ကစား မှုများ လျော့နည်း ကျဆင်းခဲ့သော်လည်း လက်ရှိတွင် ပိုမိုများပြားလာကြောင်း မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ် ဦးမိုးနိုင်ကျော်က ယင်းလွှတ်တော်၌ မေးမြန်းရာတွင် ဝန်ကြီးက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားသည်။

မန္တလေးတိုင်းဒေသကြီး လွှတ်တော်၏ စက်တင်ဘာလ ၁၈ ရက်နေ့ ပြုလုပ်သော သတ္တမ ပုံမှန်အစည်းအဝေးတွင် ဦးမိုးကျော်နိုင်က “ဆင်းရဲနွမ်းပါးမှုများ ဖြစ်ပေါ်လာနိုင်သော လောင်းကစား ပပျောက်ရန် သက်ဆိုင်ရာက မည်သို့ ညွှန်ကြား ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း” မေးခွန်းမေးမြန်းခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် နှစ်လုံး၊ သုံးလုံး၊ ဘောလုံး လောင်း ကစား မှုများကို ဖမ်းဆီးအရေးယူခဲ့ရာ ၂၀၁၁ ခုနှစ်တွင် ၃၄၄ မှု၊ တရားခံပေါင်း ၇၄၂ ဦး သိမ်းဆည်းရငွေ ကျပ် ၃၁၄ သိန်းကျော်၊ ၂၀၁၂ ခုနှစ်တွင် ၅၂၂ မှု၊ တရားခံပေါင်း ၁၁၉၇ ဦး၊ သိမ်းဆည်းရငွေ ကျပ်သိန်း ၅၈၀ ကျော်နှင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ ၃၄၅ မှု၊ တရာခံပေါင်း ၆၉၇ ဦး၊ သိမ်ဆည်းရငွေ ၃၈၇ သိန်းကျော် ဖမ်းဆီအရေးယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ဆက်လက်ပြောကြားသည်။

The Voice Weekly
လောင်းကစား ဒိုင်ချုပ်များကို အရေးယူမှုမပြုဘဲ လက်ခွဲဒိုင်များကိုသာ ဖမ်းဆီးမှုများ ပြုလုပ်ပါက သက် ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ကို အရေးယူမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုး က ပြောကြားသည်။

မကွေးတိုင်း ရေလယ်ကျွန်းတရွာလုံး ရေနစ်မြုပ်၊ စိုက်ပျိုးမြေများ ပျက်စီး

Photo: မကွေးတိုင်း ရေလယ်ကျွန်းတရွာလုံး ရေနစ်မြုပ်၊ စိုက်ပျိုးမြေများ ပျက်စီး 
Thursday, September 19, 2013

မကွေးတိုင်း သရက်မြို့နယ်နဲ့ အောင်လံမြို့နယ်တွေ မှာ ရေကြီးမှုကြောင့် ကျေးရွာတချို့ ရွာလုံးကျွတ် ရေနစ်မြုပ်ပြီး စိုက်ပျိုးမြေတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မကွေးတိုင်း သရက်ခရိုင်အတွင်း အိမ်ခြေ ၄၀၀ လောက်ရှိ တဲ့ ရေလယ်ကျွန်းကျေးရွာမှာ ဧရာဝတီမြစ်ရေတက်မှုကြောင့် အခုလ ၁၇ ရက်နေ့ကတည်းက ကုန်းမြေမပေါ်တော့တဲ့အထိ တရွာလုံး ရေ နစ်မြုပ်နေတယ်လို့ ဒေသခံရွာသား ဦးမြင့်အောင်က ပြောပါတယ်။

“တော်တော်လေး ရေကြီးတယ်။ တနေ့ကို တတောင်လောက် တက်သွားတယ်။ ကုန်းမြေမပေါ်တဲ့အထိ တက်သွားတယ်။ နီးစပ်ရာ ရွာတွေမှာ သွားနေကြရတယ်။ ကူညီကယ်ဆယ်ရေးကတော့ ကျနော်တို့ဆီမှာ မရှိဘူး။”

အလားတူ ရေလယ်ကျွန်းတဖက်ကမ်းမှာရှိတဲ့ အောင်လံမြို့နယ် ကံပေါက်ရွာမှာလည်း ရေကြီးမှု ဖြစ်ပွားနေပြီး သီးနှံစိုက်ပျိုးမြေတွေ နစ်မြုပ်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

“အင်းပေါက်ရွာမှာ အိမ်ခြေ ၁၉၀ ကျော်ရှိတဲ့ထဲက ၄၀ ကျော်လောက် ရေမြုပ် တယ်။ အခုလောလောဆယ် ရေဘေး ကူညီကယ်ဆယ်ရေးတွေ လာရောက်တာ မရှိသေးဘူး။ ကျနော်တို့ နီးစပ်ရာ ဆွေးမျိုးတွေဆီမှာ ဒီလိုပဲ ကပ်ပြီး နေကြတယ်။ ဧက ၃၀၀ လောက်တော့ လယ်တွေ နစ်မြုပ်တယ်။ စပါးရယ်၊ ပြောင်းရယ်၊ ၀ါရယ်၊ ပဲသီးရယ်ပေါ့။”

ရေလယ်ကျွန်းတရွာလုံး ရေမမြုပ်ခင် စက်တင်ဘာလဆန်း  ၇ ရက်နေ့လောက် ကတည်းကစပြီး  ရေတက်ပြီး စိုက်ပျိုးမြေ ရေနစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီဒေသတ၀ိုက်မှာ ထွက်ရှိတဲ့ ပြောင်းဖူး၊ မြေပဲနဲ့ ကန်ဇွန်းအစရှိတဲ့ စိုက်ပျိုးသီးနှံတွေကို သရက်၊ အောင်လံစတဲ့ မြို့တွေကို ဖြန်ဖြူးရောင်းချကြတာဖြစ်ပါတယ်။

အခုလိုစိုက်ပျိုးမြေတွေ ရေကြီးပျက်စီးမှုကြောင့် ဒေသခံတွေ စားဝတ်နေရး အခက်ကြုံမယ့် အနေအထားဖြစ်နေတယ်လို့ ပြောပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်  ဧရာဝတီမြစ်ရေမြင့်တက်နေပြီး မကွေးတိုင်း၊ မကွေး၊ မင်းဘူးမြို့နယ်တွေမှာလည်း ရေကြီးရေ လျှံမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီဒေသတွေမှာ လွန်ခဲ့တဲ့ ၇ နှစ်လောက်က ရေကြီးဖူးပေမယ့် ဒီနှစ်လောက် ရေမကြီးခဲ့ဘူးလို့ ပြောပါတယ်။
ရေကြီးမှုကြောင့် ကျေးရွာဘုန်းကြီးကျောင်းမှာ ဖွင့်ထားတဲ့ စာသင်ကျောင်းလည်း ပိတ်ထားရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၁ ပတ်လောက်ကတည်းက မိုသည်းထန်စွာရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်ပြီး မန္တလေးတိုင်းနဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းက မြို့နယ်တော်တော်များများမှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပါတယ်။
ဒီနေ့မှာတော့ မြို့နယ်တချို့ ရေကြီးတာ တန့်သွားပေမယ့် ရေလုံးဝကျသွားတာ မရှိသေးဘူးလို့ သိရပါတယ်။

နော်နိုရင်း  (ဒီဗွီဘီ)
မကွေးတိုင်း သရက်မြို့နယ်နဲ့ အောင်လံမြို့နယ်တွေမှာ ရေကြီးမှုကြောင့် ကျေးရွာတချို့ ရွာလုံးကျွတ် ရေ နစ်မြုပ်ပြီး စိုက်ပျိုးမြေတွေ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆီးရီးယားသူပုန် ဓာတုလက်နက်သုံးကြောင်း ရုရှားက သက်သေပြမယ်


ဆီးရီးယားနိုင်ငံရဲ့ ​ဓာတုလက်နက်မှာ ​ဘယ်ဖက်က ​အသုံးပြုခဲ့တယ် ​ဆိုတာနဲ့ပတ်သက်ပြီး ​ရုရှားနဲ့ ​ပြင်သစ်နိုင်ငံတို့ ​အငြင်းပွားကြပြီးနောက် ​ဓာတုလက်နက်တွေကို ​ဆီးရီးယားသူပုန်တွေ ​အသုံးပြုကြောင်း ​သက်သေသာဓကတွေ ​ဖော်ပြမယ်လို့ ​ရုရှားနိုင်ငံက ​ပြောလိုက်ပါတယ်။