Saturday, October 26, 2013

သီပေါမြို့နယ်အတွက် GSM ဖုန်း (၅၀၀)ရမည်ဟုဆို

သီပေါမြို့နယ်အတွင်း တန်ဖိုးနည်းဖုန်းများ ထပ်မံချပေးရာ အောက်တိုဘာလအတွက် ခွဲတမ်းမှာ GSM များသာ ပါရှိကြောင်း သိရှိရသည်။ အဆိုပါဖုန်းကတ်များအား သီပေါမြို့ပေါ် ရပ်ကွက် (၁၁)ခုနှင့် ကျေးရွာ (၇)အုပ်စုလုံးအား မဲနိုက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှိရသည်။

မလေးရှားတွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိထားသည့် မြန်မာအမျိုးသမီးကို ရန်ကုန်ပြန်ခေါ်ရန် စီစဉ်

မလေးရှားနိုင်ငံတွင်ဒဏ်ရာအပြင်း အထန်ရရှိထားသည့် အမျိုးသမီးကို မြန်မာနိုင်ငံ သို့ ပြန် လည်ခေါ် ဆောင် သွားမည်ဖြစ်ကြောင်း သီတဂူအထောက် အကူပြုအဖွဲ့ မှ တာဝန်ရှိသူ က ပြောသည်။
မလေးရှား၌ အောက်တိုဘာ ၁၈ရက်ကတိုက်ခိုက်ခံရပြီး ဒဏ် ရာရ ကာ ဆေးရုံ တက်နေရသော မြန်မာ အမျိုးသမီးကို သီတဂူအ ထောက် အကူပြုအဖွဲ့မှ လေယာဉ် စီးနိုင်သည့် အနေအထားရပါက မြန်မာ နိုင်ငံသို့ ပြန်ခေါ်လာပေး မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ဓာတ်ပုံ ကိုင်ဆောင်ဆန္ဒပြလျှင် ထောင်ချမည့် ပြင်ဆင်ချက် ဥပဒေကြမ်း ကန့်ကွက်ခံရ

ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ကိုင်ဆောင် ဆန္ဒပြလျှင် ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်နိုင်မည့် ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုချက် ရယူရာ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ကန့်ကွက်သဖြင့် အတည် မပြု နိုင်သေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ

မက္ကဆီကိုမှာရှိတဲ့ အမည်ဖော်ပြဖို့ မသင့်တဲ့ အသက်လေးဆယ်အရွယ် လူတစ်ဦးဟာ သူ့ချစ်သူ မိန်း ကလေး အခြား ယောက်ျားများ နှင့် မဖောက်ပြန်နိုင်အောင် ဂျင်းဘောင်းဘီကို
http://myanmaspectrum.blogspot.com/2013/10/blog-post_921.html#more

သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် သံသယရှိသူ ၈၀ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အချိန်အား လျော့ချရန် စီစဉ်



ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် နောက်ကွယ်မှ အကွက်ချ စီစဉ်ခဲ့သူများ အပါအ၀င်၊ ဖြစ်စဉ်၌ ပါဝင်ကျူးလွန်ခဲ့သူ ၈၀ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

ရာသီဥတုရဲ့ လက်ရှိအခင်းအကျင်းတွေ



ရာသီဥတုရဲ့ လက်ရှိအခင်းအကျင်းတွေ
Weather News Update
၂၈-၁၀-၂၀၁၃
မနက် (၆း၃၇) နာရီ 

(၁) အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်း မလာခဲ့ဘဲ တဖြည်းဖြည်းနဲ့ အားလျော့လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အ၀န်းအ၀ိုင်းဖြစ်တဲ့ တိမ်စွယ်တန်းတွေကတော့ မြန်မယပြည်အနောက်ပိုင်းကို တစ်ပိုင်းတစ်စ မိုးပေးနေပါတယ်။

(၂) မြန်မာနိုင်ငံအပိုင်းမှာတော့ အနောက်မြောက်ပိုငးနဲက အရှေ့တောင်ပိုင်းတွေမှာ မိုးစမိုးနတွေ တွေ့နေရပါတယ်။ ဒါဟာလည်း တရုတ်ပြည်မကြီးပေါ်က လေဖိအားများ ရပ်ဝန်းကြီးက မြန်မာပြည်အရှေ့ပိုင်းကို တိုးဝင်နေတာဖြစ်ပါ တယ်။ မြန်မာပြည်ပေါ် ကလေထုထဲမှာရေငွေ့တွေရှိနေသမျှ ဒီလိုလေအေးတွေတိုးဝင်လိုက်တိုင်း ကမ်းရိုးတန်းတလျှောက်မှာ မိုးတွေရွာလေ့ရှိပါတယ်။

(၃) Typhoon Francisco ကတော့ အကျပိုင်းရောက်သွားပါပြီ။ ဂျပန်နိုင်ငံ အပေါ်ခြိမ်းခြောက်နေတဲ့အန္တရာယ်တွေလျော့နည်းကျဆင်း
သွားပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက်ကတော့ အချိန်အခါနဲ့ဒေသအလိုက် မိုးရွာသွန်းမှုလေးတွေ ဟာ နိုဝင်ဘာလ လဆန်းပိုင်းလောက်အထိ ရှိနေဦးမှာဖြစ်ပါတယ်။


ဒေါက်တာထွန်းလွင်


Weather News Update


-၁၀-၂၀၁၃


မနက် (၆း၃၇) နာရီ




(၁) အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်း မလာခဲ့ဘဲ တဖြည်းဖြည်းနဲ့ အားလျော့လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အ၀န်းအ၀ိုင်းဖြစ်တဲ့ တိမ်စွယ်တန်းတွေ ကတော့ မြန်မယပြည်အနောက်ပိုင်းကို တစ်ပိုင်းတစ်စ မိုးပေးနေပါတယ်။

တောင်ငူမြို့အနီး မြေဧက ၅၃၀၀ ပေါ်တွင် စက်မှုဥယျာဉ် မြို့တော်နှင့် အိမ်ရာစီမံကိန်း တည်ဆောက်ရန် ကေတုမတီ အများပိုင် ကုမ္ပဏီက အစိုးရသို့ တင်ပြ

8.1.1
နိုင်ငံတကာ အဆင့်မီ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းနှင့် အိမ်ရာစီမံကိန်း တည်ဆောက် မည့် မြေနေရာ ကို တွေ့ရစဉ် (ဓာတ်ပုံ-ဇော်ဝင်းချစ်)
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ အနီးရှိ မြေဧက ၅၃၀၀ ပေါ်တွင် နိုင်ငံတကာ အဆင့်မီ စက်မှု ဥယျာဉ်မြို့တော် စီမံကိန်းနှင့် အိမ်ရာစီမံကိန်း နှစ်ခုကို တည်ဆောက်ရန်အတွက် ကေတုမတီ ဖွံ့ဖြိုးတိုးတက်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် Kaytumadi Development Public Co.,Ltd က သက်ဆိုင်ရာသို့ တင်ပြထားကြောင်း သတင်းရရှိသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံ အစိုးရဌာနများ အပါအ၀င် အဆောက်အအုံများ၌ ချိတ်ဆွဲထားရမည့် ဥပဒေကြမ်းကို လွှတ်တော်တွင် ဆွေးနွေး

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို အစိုးရ ဌာနဆိုင်ရာများ အပါအ၀င် အဆောက်အအုံများတွင် ချိတ်ဆွဲရမည့်အချက် ပါဝင်သည့် ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အောက်တိုဘာ ၂၅ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသများ အတွက် လမ်းတံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျှပ်စစ်မီးရရှိရေး လုပ်ငန်းများတွင် ဘတ်ဂျက်ခွဲဝေမှု နည်းပါးဟု လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်

ပြည်နယ်များရှိ ကျေးလက်ဒေသများ အတွက် တံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်း၊ လျပ်စစ်မီးရရှိရေး လုပ်ငန်းများအတွက် ဘတ်ဂျက်ခွဲဝေမှုသည် နည်းပါးနေသည်ဟု လွှတ်တော် ကိုယ်စားလှယ် များက ပြည်ထောင်စု လွှတ်တော် တွင် ဝေဖန်ခဲ့ကြသည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးရာတွင် ထည့်သွင်းဝေဖန် ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျရောက်နိုင်သော သဘာဝဘေး အန္တရာယ်ကြီး ကိုးမျိုးရှိပြီး ဒေသအလိုက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ကျရောက်နိုင်သော သဘာဝဘေး အန္တရာယ်ကြီး ကိုးမျိုးရှိကြောင်း၊ သဘာဝဘေး ကျရောက်နိုင်စွမ်းရှိသည့် ဒေသတို့ကို ကြိုတင်မှန်းဆ၍ သက်ဆိုင်ရာ ဒေသအတွင်းရှိ မီးသတ်တပ်ဖွဲ့များ ကြက်ခြေနီများနှင့် တာဝန်ရှိသူများမှ ကြိုတင် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ပြုလုပ်ရန် လိုအပ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရ သည်။

မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံရှိ ဆင်းဟတ်စ် တော်ဝင်စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာပြီး မိန့်ခွန်းပြောကြား

8.1.1
ဆင်းဟတ်စ် တော်ဝင်စစ် တက္ကသိုလ်သို့ ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနှုတ် ဆက် နေသည့် တော်ဝင်စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် Stuart Skeates (လက်ဝဲ) နှင့် ဒုတိယကျောင်းအုပ် ဗိုလ်မှူး Chris Sargent (လက်ယာ)တို့ကို တွေ့ရစဉ်
ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ ၂၅ ရက် ညနေပိုင်းတွင် အင်္ဂလန်တောင်ပိုင်း၊ ကင်ဘာလေ (Camberley) မြို့ရှိ ဆင်းဟတ်စ် (Sandhurst) တော်ဝင် စစ်တက္ကသိုလ်သို့ သွားရောက်လေ့လာပြီး မိန့်ခွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ တင်သွင်းလာသည်ဟု ယူဆရသော အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိ

မြန်မာနိုင်ငံမှ မှောင်ခိုတင်သွင်း လာသည်ဟု ယူဆရသော အမေရိကန်ဒေါ်လာ သန်း ၃၀ တန်ဖိုးရှိသည့် တရားမ၀င် မက်သမ်ဖက်တမင်း (methamphetamine) ဆေးအလုံးပေါင်း ငါးသန်းကျော် ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သောကြာနေ့တွင် ကြေညာခဲ့သည်။
ယခုဖမ်းဆီးရမိမှုသည် ထိုင်းနိုင်ငံ၌ နှစ်ပေါင်းများစွာအတွင်း အကြီးမားဆုံး ဖမ်းဆီးရ မိမှုဖြစ်ပြီး မြန်မာနိုင်ငံ တွင်လည်း amphetamine စိတ်ကြွဆေး ထုတ်လုပ်မှု မြင့် မားနေကြောင်း ကို ပြဆိုနေ သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် မြို့များမှ ပြည်သူများကို NLD ပါတီက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ယနေ့မှ စတင်ကာ ရှင်းပြမည်

8.1.1
အောက်တိုဘာ ၂၄ ရက်တွင် NLD ပါတီက မြိတ်မြို့၌ ပြုလုပ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ရှင်းလင်းပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး ရှင်းပြသည့် အဖွဲ့မှ ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ် စသည်မြို့ကြီး

တိုင်းရင်းသားများ ယုံကြည်နိုင်မည့်အပြင် အကာအကွယ် ပေးနိုင်သည့် အခြေခံဥပဒေမျိုး ခိုင်ခိုင်မာမာ ပြဋ္ဌာန်းနိုင်ရန် လိုအပ်ကြောင်း NLD ပါတီ နာယက ဦးတင်ဦးပြောကြား

အရေးအကြီးဆုံး ကိစ္စရပ်အဖြစ် တိုင်းပြည်တွင် ညီညွတ်မှုရှိရန် လိုအပ်ပြီး ညီညွတ်မှု ရရှိနိုင်စေရန်အတွက် တိုင်းရင်းသားများ ယုံကြည်အားကိုးပြီး ၎င်းတို့အား အကာအကွယ် ပေးနိုင်သည့် အခြေခံဥပဒေအား ခိုင်ခိုင်မာမာ ပြဋ္ဌာန်းနိုင်ရန် လိုအပ်ကြောင်း အရှေ့ပိုင်း ခရိုင်အတွက် တတိယ အကြိမ်မြောက် ပြုလုပ်သည့် အခြေခံ ဥပဒေဆိုင်ရာ ပြည်သူလူထု ဆန္ဒသဘောထား ခံယူပွဲ ကျင်းပစဉ် NLD ပါတီနာယက ဦးတင်ဦး က ပြောကြားခဲ့သည်။