Friday, August 9, 2013

အိမ်ရှင်က အဓမ္မကျင့်သည်ဟုဆိုကာ အိမ်အကူအမှုဖွင့်


အိမ်ရှင်အမျိုးသား၏ အဓမ္မကျင့်မှုကို ခံရသည်ဟုဆိုကာ အိမ်အကူအမျိုးသမီးတစ်ဦးကအမှုဖွင့် တိုင်တန်းမှု တစ်ခုကို မှော်ဘီရဲစခန်းက သြဂုတ် ၇ ရက်တွင် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်သည်။

၁၃ နှစ်သမီးကို ပေါင်းသင်းမိသဖြင့် အဓမ္မမှုဖြင့် တရားစွဲခံရ


အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ခိုးယူပေါင်းသင်းမိသူ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးသည် အဓမ္မကျင့်မှုဖြင့် ရွှေပြည်သာရဲစခန်းတွင် တိုင်ကြားခံထားရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ သတင်းထုတ်ပြန်သည်။

အာဏာပိုင်နှင့် မိသားစုများ၏ ပိုင်ဆိုင်မှု မကြေညာလျှင် ထောင်ဒဏ်ငါးနှစ် အထိ ချမှတ်နိုင်သည့် ဥပဒေ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်း


Photo: အာဏာပိုင်နှင့် မိသားစုများ၏ ပိုင်ဆိုင်မှု မကြေညာလျှင် ထောင်ဒဏ်ငါးနှစ် အထိ ချမှတ်နိုင်သည့် ဥပဒေ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်း
Friday, August 9, 2013 

အာဏာပိုင်နှင့် သူတို့မိသားစုများ၏ ပိုင်ဆိုင်မှုစာရင်းများကို လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်က တောင်းသည့်အခါ မပေးလျှင် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း သြဂုတ်၈ရက်က ပြဋ္ဌာန်းလိုက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်နှစ်က ပြဋ္ဌာန်းထားသည့် အဂတိလိုက်စားမှု တားမြစ်ရေး အက်ဥပဒေကို ဖျက်သိမ်းပြီး အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် ထိုသို့ ပါဝင်လာခြင်းဖြစ်သည်။

အာဏာပိုင်တို့၏ ပိုင်ဆိုင်မှုစာရင်းများကို စစ်ဆေးကြည့်ရှုမည့် “လာဘ်ပေးလာဘ်ယူမှု တားမြစ်ရေးကော်မရှင်” ဆိုသည်မှာ လက်ရှိတွင် မရှိသေးဘဲ၊ ယခုဥပဒေသစ်အရ အသစ်ဖွဲ့စည်းရမည် ဖြစ်သည်။ အဖွဲ့ဝင် ၁၅ ဦးပါဝင်မည့် ထိုကော်မရှင်အတွက် သမ္မတ၊ အောက်လွှတ်တော် ဥက္ကဋ္ဌ၊ အထက်လွှတ်တော် ဥက္ကဋ္ဌ တို့က ငါးဦးစီ အမည်စာရင်း တင်သွင်းရမည် ဖြစ်သည်။

ထို ၁၅ ဦးအနက် မည်သူက ဥက္ကဋ္ဌ၊ မည်သူက အတွင်းရေးမှူး စသည့် ရာထူးများကိုမူ သမ္မတကသာ သတ်မှတ်မည် ဖြစ်သည်။

ထိုသို့ ဖွဲ့စည်းထားသည့် ကော်မရှင်က အာဏာပိုင်များ၏ ငွေကြေး၊ ရပိုင်ခွင့်နှင့်ပိုင်ဆိုင်မှုများကို ကြေငြာရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို တောင်းခံမည်ဖြစ်ပြီး ထိုသို့ တောင်းခံလာပါက အာဏာပိုင်များအနေဖြင့် ၎င်းတို့ ပိုင်ဆိုင်မှုများကို မည်သို့မည်ပုံ ပိုင်ဆိုင်ခဲ့သည်ကိုလည်း ကြေညာကာ ကော်မရှင်ကို ရှင်းလင်းတင်ပြရမည်ဟု ဥပဒေတွင် ပြဌာန်းထားသည်။

ထို့ပြင် အာဏာပိုင်များသည် ၎င်းတို့ပိုင် ပစ္စည်းများကို ရောင်းချခဲ့ပါကလည်း ထိုရောင်းချငွေကို အခွန်ဆောင်ထားကြောင်း အထောက်အထား ပြရမည်ဖြစ်ပြီး၊ ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ ၎င်းတို့ပိုင်ဆိုင်သည့် ငွေ၊ ပစ္စည်းနှင့် ရပိုင်ခွင့်များကိုလည်း ကော်မရှင်ကို တင်ပြရမည်ဖြစ်သည်။

အာဏာပိုင်များအနေဖြင့် ၎င်းတို့ပိုင် ပစ္စည်းများကိုသာမက တစ်စီးပွားတည်းဖြစ်သော မိသားစုဝင်များ၏ ပိုင်ဆိုင်မှုများကိုလည်း ၎င်းတို့ပိုင်ဆိုင်မှုများကဲ့သို့ အသေးစိတ် ကော်မရှင်ထံ အစီရင်ခံရမည်ဖြစ်သည်။

အကယ်၍ အာဏာပိုင်ပုဂ်္ဂိုလ်က သေဆုံးသွားခဲ့လျှင်ပင် ကျန်ရစ်သူမိသားစုက အထက်ပါ စည်းမျဉ်းအတိုင်း ပိုင်ဆိုင်မှုများကို အသေးစိတ် တင်ပြရမည်ဖြစ်သည်ဟုလည်း ဥပဒေက ဆိုသည်။

သို့သော် ထိုသို့ ပြဌာန်းထားသည့် အဆိုပါ ဥပဒေပုဒ်မ ၄၇ တွင် “လုပ်ပိုင်ခွင့် အာဏာရှိသူများ” ဟုသာ ထည့်သွင်း ပြဋ္ဌာန်းထားပြီး မည်သည့်အဆင့်ရှိသည့် အာဏာပိုင်မှ စတင်၍ ပိုင်ဆိုင်မှုကြေငြာရမည်ကိုမူ အသေးစိတ်ဖော်ပြ မထားပေ။

“နည်းဥပဒေ ထွက်လာသည့်အခါ မည်သည့်ရာထူးအဆင့်ရှိသူဟူ၍ အသေးစိတ် သိရမည်”ဟု သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ အောက်လွတ်တော်အမတ် ဦးသိန်းညွန့်က မဇ္ဈိမသို့ ပြောသည်။

ယခု အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ပတ်သက်၍ ဦးသိန်းညွန့်က “စင်ကာပူမှာ လုပ်တဲ့အတိုင်းပဲ” ဟု ဆိုသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေသစ်အရဆိုလျှင် မည်သည့် ပြည်သူကမဆို လုပ်ပိုင်ခွင့်ရှိသည့် အာဏာပိုင် ဖြစ်စေ၊ အာဏာပိုင် မဟုတ်သူဖြစ်စေ အဂတိလိုက်စားနေကြောင်း သက်သေ အထောက်အထား ခိုင်မာစွာ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မရှင်(သို့) ယခုဥပဒေသစ်အရ ဖွဲ့ထားသည့် အ ဖွဲ့အစည်းတစ်ခုခု(သို့) သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့တို့သို့တိုင်ကြားလျှင် ကော်မရှင်က အဆင့်ဆင့် စုံစမ်းပေးရမည်ဟု ဥပဒေတွင် ပါရှိသည်။ သို့သော် လိမ်လည်တိုင်တန်းလျှင်မူ ယခုဥပဒေအရ ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်းလည်း ယခုဥပဒေတွင် ပြဋ္ဌာန်းထားသေးသည်။

လာဘ်ပေးသူ(သို့) လာဘ်ယူသူသည် ထိုသို့ ပြုလုပ်သည်ကို ကော်မရှင်က စစ်ဆေး၍ ပေါ်ပေါက်လျှင် ထောင်ဒဏ် အပြစ်ပေးခံရမည့်အပြင် အဂတိလိုက်စား၍ ရထားသည့် ပိုင်ဆိုင်မှုများလည်း သိမ်းဆည်းခံ ရမည်ဖြစ်သည်ဟု ဥပဒေ သစ်တွင် ဖော်ပြပါရှိသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဌာန်းသည့် သြဂုတ် ၈ ရက်တွင် တိုက်ဆိုင်စွာပင် အစိုးရကလည်း လာဘ်စားသဖြင့် ၎င်းတို့အရေးယူထားသည့် နိုင်ငံ့ဝန်ထမ်းများ၏ စာရင်းကို ထုတ်ပြန်လိုက်သည်။

ထိုစာရင်းတွင် နိုင်ငံ့ဝန်ထမ်း ၄၅၀ ဦးကို အဂတိလိုက်စားသဖြင့် အရေးယူထားပြီး ၎င်းတို့အနက် ၃၆၂ ဦး ကို နိုင်ငံ့ဝန်ထမ်း ဥပဒေပုဒ်မ ၅၃ အရ အရေးယူးထားပြီး ၆၉ ဦးကို ဌာနပြောင်းရွှေ့စေသည့် ပြစ်ဒဏ်ချမှတ်ထားကာ ၁၈ ဦးကို အငြိမ်းစားပေးလိုက်သည်ဟု တွေ့ရသည်။ တစ်ဦးကိုမူ ထောင်ဒဏ်ပင် အပြစ် ပေးလိုက်သည်ဟု အစိုးရ ထုတ်ပြန်သည်။

အစိုးရက ယခုနှစ် ဇန်န၀ါရီ ၈ ရက်တွင် ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးစီးသည့် လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။

သို့သော် မြန်မာနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှု ကိစ္စများနှင့်ပတ်သက်ပြီး အရေးယူဆောင်ရွက်ရန် အခက်အခဲ ရှိသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့်ပင် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဒု-သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဇူလိုင်က ပြုလုပ်သည့် ယင်းကော်မတီ၏ အစည်းအဝေးတွင် ပြောခဲ့ဖူးသည်။

အကျင့်ပျက်ခြစားမှုများကို စောင့်ကြည့်သည့် ဂျာမနီအခြေစိုက် Transparency International အဖွဲ့၏ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလက ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အခြေ အနေသည် အဆင့်၁၇၂ တွင်ရှိနေရာ အဆိုးရွားဆုံး ငါးနိုင်ငံစာရင်းတွင် ပါဝင်နေသည်။

Mizzima News
အာဏာပိုင်နှင့် သူတို့မိသားစုများ၏ ပိုင်ဆိုင်မှုစာရင်းများကို လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော် မရှင်က တောင်းသည့်အခါ မပေးလျှင် ထောင်ဒဏ်ငါးနှစ်အထိ ချမှတ်နိုင်ကြောင်း သြဂုတ်၈ရက်က ပြဋ္ဌာန်းလိုက်သည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ထည့်သွင်း ပြဋ္ဌာန်းထားသည်။

ကွယ်လွန်ပြီလို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ကျန်းကျန်းမာမာရှိနေတဲ့ ဂျက်ကီချန်း

Photo: ကွယ်လွန်ပြီလို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် ကျန်းကျန်းမာမာရှိနေတဲ့ ဂျက်ကီချန်း
Friday, August 9, 2013

ထင်ပေါ်ကျော်ကြားသူတွေ ကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ကွယ်လွန်ပြီလို့ မှားယွင်းသတင်း ထွက်ပေါ်လာတတ်တာကို ဒီတစ်ခါကြုံခဲ့ရတဲ့ သူကတော့ ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီ ချန်းပဲဖြစ်ပါတယ်။

ဂျက်ကီချန်း ကွယ်လွန်တဲ့သတင်းဟာ ရက်ပိုင်းအတွင်းမှာ အလျင်အမြန်ပဲ လူမှုကွန်ရက်စာမျက်နှာတွေ ပေါ်မှာပျံ့နှံ့ခဲ့ပြီး ဒီသတင်းကိုဖတ်ရတဲ့သူတိုင်းကလည်း သို့လောသို့လောဖြစ်ခဲ့ရပါတယ်။ 

လူသုံးများတဲ့ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာစာမျက်နှာတွေပေါ်မှာ အရေးကြီးကြားဖြတ်သတင်းဆိုပြီး ဂျက်ကီချန်း သေဆုံး တဲ့သတင်းတွေ အများအပြားပျံ့နှံ့ခဲ့ပြီး သုံးစွဲသူတွေကလည်း ဒီအကြောင်းကို တွင်တွင်ကျယ်ကျယ်ပြော ဆိုခဲ့ကြပါတယ်။ RIP ဂျက်ကီချန်းဆိုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာကိုတောင် ဖန်တီးခဲ့ကြပြီး သန်းပေါင်းများ စွာသော သုံးစွဲသူတွေက Like လုပ်ခဲ့ကြပါတယ်။

ဟောလိဝုဒ်ကြားဖြတ်သတင်းဆိုပြီးတော့လည်း ၁၂ ထပ်မြင့်တဲ့အဆောက် အအုံပေါ်ကနေ ပြုတ်ကျပြီး ဂျက်ကီချန်းသေဆုံးသွားပြီဖြစ်ကြောင်း၊ CSI ကလည်း အဆိုပါဖြစ်ရပ်ကို စုံစမ်းနေကြောင်းနှင့်ဂျက်ကီ ချန်း ပြုတ်ကျပြီးနောက် ကယ်ဆယ်နိုင်ဖို့ကြိုးစားတဲ့ ဗီဒီယိုဖိုင်ကို အသက် ၁၈ နှစ်နဲ့အထက်သူ များသာကြည့် ရန်ဆိုတဲ့ ဗီဒီယိုဖိုင်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

တကယ်တော့ အဲဒီလိုသတင်းမျိုးကို ဖေ့စ်ဘွတ်ပေါ်မှာ link နဲ့တင်တဲ့သူတွေဟာ ရည်ရွယ်ချက်တစ်မျိုးနဲ့ လုပ်ဆောင်လေ့ ရှိတာဖြစ်ပါတယ်။ အဲဒီလို link မျိုးကို သွားနှိပ်မိရင် အဲဒီဖေ့စ်ဘွတ်အကောင့်ပိုင်ရှင်ရဲ့ အကောင့်ကိုဟက် ဖို့လုပ်ဆောင်တာဖြစ်တယ်လို့ သိရပါတယ်။ 

ဂျက်ကီချန်းကိုယ်တိုင်ကတော့ သူဟာ ကျန်းကျန်းမာမာအ သက်ရှင် နေထိုင်လျက်ရှိကြောင်းနဲ့ စိုးရိမ်ပူပန်ပေးကြတဲ့ ပရိသတ်အားလုံးကို မစိုး ရိမ်ကြဖို့ သူ့ရဲ့တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာပေါ်ကနေ ဖြေရှင်းပေးခဲ့ပါတယ်။

အောင်သုတ
မဇ္ဈိမ
ထင်ပေါ်ကျော်ကြားသူတွေ ကြုံတွေ့ရတတ်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်တဲ့ ကွယ်လွန်ပြီလို့ မှားယွင်းသတင်း ထွက်ပေါ်လာတတ်တာကို ဒီတစ်ခါကြုံခဲ့ရတဲ့ သူကတော့ ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီ ချန်းပဲဖြစ်ပါတယ်။

အပူပိုင်းမုန်တိုင်း အကြွင်းအကျန်ကြောင့် ဒေသအချို့ ရေကြီးမှု အန္တရာယ်နှင့် ထပ်မံ ကြုံတွေ့နိုင်


တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်းသည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ကမ်းခြေသို့ သြဂုတ်လ ၈ ရက်နေ့က ဝင်ရောက် ခဲ့ရာ မုန်တိုင်း အကြွင်းအကျန်များသည် မြန်မာနိုင်ငံ သို့ ဝင်ရောက်နိုင်ဖွယ် ရှိခြင်းကြောင့် ရေကြီးမှု အန္တရာယ်နှင့် ထပ်မံ ကြုံတွေ့နိုင်ပြီး စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေး ပြောကြားသည်။

ရခိုင်နှင့် မိတ္ထီလာတွင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး လေ့လာမည်ဟု ကင်တားနားဆို


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်အိုဟေးကင်တားနားသည် သြဂုတ်လ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်နှင့် မိတ္ထီလာမြို့နယ်တို့တွင် မတူညီသော လူ့အဖွဲ့အစည်းများကြား ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အခြေအနေများကို လာရောက်လေ့လာသွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သြဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

Eid al-Fitr ပွဲတော်ချိန် ပါကစ္စတန်ဗုံး ၃၀ ကျော်သေ

Eid al-Fitr ပွဲတော်ကျင်းပစဉ် (သြဂုတ်လ ၈၊၂၀၁၃)

အစ္စလာမ်ဘာသာဝင်တွေရဲ့ Ramadan ဥပုသ်လ ကုန်ဆုံးချိန်အဖြစ် အိဒ်နေ့ အခမ်းအနားတွေကို ကမ္ဘာ တလွှား နေရာ အတော်များများမှာ ကျင်းပကြပါတယ်။ ကမ္ဘာပေါ်မှာ မူဆလင်လူဦးရေ အများဆုံးဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံမှာ ကြာသပတေးနေ့က အိဒ်ပွဲတော်နေ့အဖြစ် ဗလီတွေမှာ ၀တ်ပြု ဆုတောင်းခဲ့ကြတာပါ။

ရိုဟင်ဂျာနဲ့ ထိုင်းအာဏာပိုင်တွေ အခြေအနေတင်းမာမှုဖြစ်

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာတွေ (Credit: AFP) 
ထိုင်းနိုင်ငံ ​တောင်ပိုင်း ​ဖန်င ​ခရိုင်အတွင်းက ​လူဝင်မှုထိန်းသိမ်းရေးစခန်းမှာ ​ထိန်းသိမ်းခံရထားရတဲ့ ​ရိုဟင်ဂျာ ​တွေက ​သူ့ရဲ့ ​ရာမန်ဒန် ​ဦးပုဒ်ကာလအပြီး ​ကျင်းပတဲ့ ​အစ်ပွဲတော်ကို ​ကျင်းပ ​ပြုလုပ်နိုင်ဖို့ အတွက် ​ထိန်းသိမ်းရေးစခန်းကို ​ဖျက်စီးပြီး ​အပြင်ထွက်ဖို့ ​ကြိုးစားတဲ့အတွက်ကြောင့် ​ထိုင်း ​ရဲတွေက ​မီးသတ်ပိုက်တွေသုံးပြီးကာကွယ် ​နှိမ်နှင်းခဲ့ရတယ်လို့သိရပါတယ်။