Sunday, January 12, 2014

တောင်ကြီးသတင်းထောက် အကြမ်းဖက်ခံရမှု တရားမျှတစွာစီရင်ပေးရန် သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ် တောင်းဆို

Photo: တောင်ကြီးသတင်းထောက် အကြမ်းဖက်ခံရမှု တရားမျှတစွာစီရင်ပေးရန် သျှမ်းသံတော်ဆင့်အယ်ဒီတာချုပ် တောင်းဆို

12.1.2014

သျှမ်းပြည်မြို့တော် တောင်ကြီးရှိ သျှမ်းသံတော်ဆင့်သတင်းထောက် တဦးအကြမ်းဖက် ခံရသည့် အပေါ် ငြိမ်းချမ်းသောနည်းဖြင့် တရားမျှတ စွာ ဆောင်ရွက်ပေးရန် သျှမ်းသံတော် ဆင့်သတင်းဌာန Shan Herald Agency for News အယ်ဒီတာချုပ် ဦးခွန်စိုင်း က တောင်းဆိုလိုက်ပါသည်။

“ပြစ်မှုကျူးလွန်ရင် ကျူးလွန်သည့်အလျောက် ထိုက်ဒဏ်တဲ့ စီရင်ချက် နဲ့ အရေးယူပေးသင့် တယ်။ အာဏာပိုင်တွေအနေနဲ့ တရားမျှတပြီး ငြိမ်းချမ်း တဲ့နည်းလမ်းနဲ့ ဖြေရှင်းပေးစေလို ပါတယ်၊ လုပ်နည်း လုပ်ထုံးအရ မဆိုင်း မတွ ပဲ နဲ့ပေါ့။ ဒီအချိန်က ငြိမ်းခြမ်းရေးတည်ဆောက် ချိန်၊ အသေးအမွှား ကအစ ငြိမ်းချမ်းရေကိုမထိခိုက် စေချင်ဘူး၊ သတင်းထောက်အပေါ် ကျူးလွန် တယ်ဆိုတော့ တခြား မြန်မာ့ သတင်းထောက်တွေလဲ ဒီကိစ္စ အပေါ် စောင့်ကြည့် နေမှာသေခြာတယ် ” - ဟု သျှမ်းသံတော်ဆင့် အယ်ဒီတာ ချုပ် ဦးခွန်စိုင်း ကပြောသည်။ 

၂၀၁၄ ဂျန္နဝါရီလ ၄ ရက် ည ၈.၃၀ နာရီ အချိန် သျှမ်းသံတော်ဆင့် သတင်းထောက် ရှမ်းမလေး ခေါ် ယိင်းတိုင်း အား မူးယစ်ရမ်းကားသည့် စိုင်းပြည့်ဖြိုးထွန်းမှ ၎င်းနေထိုင်ရာ တောင်ကြီးမြို့ ကျောင်းကြီး စုရပ် အနောက်မြို့ပတ်လမ်း နေအိမ်ရှေ့တွင် မိန်းမကာယ အိနြေ္ဒပျက်ပြားအောင်၊ နာကျင် ဒဏ်ရာရ အောင် ရိုက်နှက်ကျူးလွန်ကြောင်း၊ ထိုအတွက် ကာယ ကံရှင် ရှမ်းမလေး မှ ပြစ်မှုကျူးလွန်သူ စိုင်းပြည့်ဖြိုးထွန်း အား ပုဒ်မ ၃၅၄၊ ၃၂၃၊ ၂၉၄ တို့ဖြင့် တောင်ကြီးမြို့ မြို့မရဲစခန်း၌ အမှုဖွင့် တိုင်တမ်း ထားခဲ့ပြီးဖြစ်ကြောင်း သတင်းထောက် ရှမ်းမလေးကပြောသည်။

“ ဥပဒေက ထိရောက်စွာ အရေးယူစေချင်ပါတယ် ၊ဒါဟာ အမျိုးသမီး တစ်ယောက်ကို အကြမ်းဖက် တာ ဖြစ်သလို ၊ မီဒီယာတစ်ယောက်ကိုလည်း တိုက်ခိုက်တာဖြစ်တဲ့အတွက် ထိရောက်စွာအရေးယူပေး စေ ချင်ပါတယ်။ ၄ ရက်နေ့ ဖြစ်တာ။ တရားခံကို ၆ ရက်နေ့က အာမခံနဲ့ ပြန်လွှတ်ပေးတယ်။ အခုဖြစ်တာ တပတ်ကျော်နေပြီ၊ တိတိကျကျအရေးယူတာ ဘာမှလဲ မရှိသေးဘူး” - ဟု ရှမ်းမလေးကပြောသည်။

၎င်းနှင့်ပတ်သက်၍ သျှမ်းပြည်အခြေစိုက် သတင်းသမားများက သျှမ်ြး 
ပည်နယ်ဝန်ကြီးနှင့်တကွ ပါတီ ၊အရပ်ဖက်လူ့အဖွဲ့အစည်းများထံ စာတင်ဖို့ စီစဉ်နေကြောင်းလည်း စုံစမ်းသိရှိရသည်။ 

ဂျန္နဝါရီလ ၄ ရက်က အပြင်သို့သတင်းသွားယူပြီး အိမ်ပြန်ချိန် ညပိုင်းတွင် ရှမ်းမလေး တို့အိမ်ရှေ့၌ စိုင်းပြည့်ဖြိုးထွန်းက စောင့်ဆိုင်းနေပြီး ရှမ်းမလေးအား ရိုက်နှက်သဖြင့် ညာဘက်ပါးပေါက်ပြဲ ဒဏ်ရာ ရရှိကြောင်း၊ ရှမ်းမလေး၏ ညာဘက်လက်ကိုပါချိုးလိမ်သဖြင့် လက်တွင်လည်း နာကျင်ဒဏ်ရာ ရရှိကြောင်း ၊ ထိုသို့ရိုက်နှက်ပြီး တရားခံကထွက်ပြေးရာ ရှမ်းမလေးကအော်ဟစ် အကူအညီတောင်း သဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း ရိုက်နှက်ခံရသူ သျှမ်းသံတော်ဆင့်သတင်းထောက် ရှမ်းမလေး ခေါ် ယိင်းတိုင်းထံမှ သိရှိရပါသည်။

သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြို့တော် တောင်ကြီးရှိ သျှမ်းသံတော်ဆင့်သတင်းထောက် တဦးအကြမ်းဖက် ခံရ သည့် အပေါ် ငြိမ်းချမ်းသောနည်းဖြင့် တရားမျှတ စွာ ဆောင်ရွက်ပေးရန် သျှမ်းသံတော်ဆင့် သတင်းဌာန Shan Herald Agency for News အယ်ဒီတာချုပ် ဦးခွန်စိုင်းက တောင်းဆို လိုက်ပါသည်။

Grand Royal ဝီစကီ အတုထုတ်သူနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

Photo: အရပ်ရှည်စေမည့် အစားအစာများ
Sunday, January 12, 2014

အရပ် ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အတိုင်းအတာ တစ်ခုအထိ သက်ဆိုင် ပေမယ့် အာဟာ ရပြည့်ပြည့်ဝဝ ရရှိမှု အပေါ်မှာလည်း အဓိက မူတည်နေပါတယ်။

အရပ်ရှည်ဖို့အတွက် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးနေတဲ့အရွယ်ဖြစ်တဲ့ ကလေးဘဝနဲ့ ဆယ်ကျော်သက် ဘဝမှာ အာဟာရ လုံလောက်အောင် ရရှိဖို့ အလွန်အရေးကြီး ပါတယ်။

ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အရပ်ရှည်ခြင်းနဲ့ အဓိကသက်ဆိုင်တဲ့ ကြီးထွားဟော်မုန်း (Growth Hormone) ကိုမြှင့်တင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။

သုတေသနတွေအရ ဗီတာမင်အေ၊ ပရိုတင်းနဲ့ ဇင့်ဓာတ်တွေဟာ အရပ်ရှည်တဲ့ ဖြစ်စဉ်ပေါ်မှာ အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအာဟာရ ဓာတ်တွေကိုချည်း စားရမှာ မဟုတ်ဘဲ တခြား ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ ကယ်လ်စီယမ်၊ အဆီနဲ့အမျှင် ဓာတ်တွေ အပါအဝင် မျှတတဲ့ အစာ အာဟာရတွေကို စားသောက်ပေးတာက ခန္ဓာကိုယ်ကျန်းမာဖို့နဲ့ အရပ်ရှည်ဖို့အတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါတယ်။ အောက်ပါတို့ဟာ အရပ်ရှည် စေဖို့အတွက် အရေးကြီးတဲ့ အစာအာဟာရတွေ ဖြစ်ပါတယ်။

ဗီတာမင် အေ
ဗီတာမင်အေဟာ အရပ်ရှည်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် တွန်းအားပေးနိုင်ရုံ သာမက မျက်စိဖွံ့ဖြိုးမှု၊ မျိုးပွားအင်္ဂါတွေနဲ့ ခုခံအားစနစ်ရဲ့ လုပ်ဆောင်မှုတွေမှာလည်း ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် အရေပြား၊ အချွဲမြှေးလွှာနဲ့ အမြင်အာရုံဆိုင်ရာ ဖြစ်စဉ် တွေကို ထိန်းသိမ်းရာမှာလည်း ကူညီပေးပါတယ်။

ဗီတာမင်အေ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ယေဘုယျအားဖြင့် လိမ္မော်ရောင်ရှိတဲ့ အစားအစာတွေပါ။ ကန်စွန်းဥ၊ မုန်လာဥနီ၊ လိမ္မော်သီး၊ သင်္ဘောသီး၊ အနီရောင် ငရုတ်ပွ တွေ ဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင်အေဟာ ဆော်လမွန်ငါး၊ အသည်း၊ နို့ထွက်ပစ္စည်း၊ ကြက်ဥအနှစ်၊ သင်္ဘောရွက်၊ ကိုက်လန်၊ သဖန်းသီးခြောက်၊ ကီဝီသီး၊ ဆီးသီး၊ ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးတွေမှာလည်း ပါဝင်ပါတယ်။ဗီတာမင်အေကို နေ့စဉ်စားသုံးသင့်တဲ့ ပမာဏကတော့ ၄၀၀၀-၅၀၀၀ IU ဖြစ်ပါတယ်။

ပရိုတင်း
ပရိုတင်းဟာ အရပ်ရှည်ဖို့၊ ခန္ဓာကိုယ်တစ်သျှူးတွေ ဖွံ့ဖြိုးဖို့နဲ့ ပြန်လည်ပြုပြင်ဖို့၊ ရောဂါပိုး တွေကို တွန်းလှန်တိုက်ခိုက်နိုင်တဲ့ ပဋိပစ္စည်း (Antibodies) တွေရဲ့ လုပ်ဆောင်မှုကို ထိန်းသိမ်းဖို့၊ အင်ဇိုင်းတွေနဲ့ ဟော်မုန်းတွေကို ထိန်းညှိပေးဖို့တွေအတွက် အရေးကြီးပါတယ်။အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့၊ အခွံမာသီး၊ ပဲပိစပ်တွေဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။ နေ့စဉ် ပရိုတင်းဓာတ် လိုအပ်ချက် ကတော့ ၄၅-၅၅ ဂရမ် ဖြစ်ပါတယ်။

ဗီတာမင် ဒီ
ဗီတာမင်ဒီဟာ အရိုးတွေကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်ဒီဟာ အစားအစာတွေမှ ကယ်လ်စီယမ်ကို စုပ်ယူရာမှာ ကူညီပေးပြီး အရိုးထဲမှာ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖရပ်စ်တွေကို ဖြစ်စေပါတယ်။ကြက်ဥအနှစ်၊ ငါး၊ အသည်းတွေမှာ ဗီတာမင်ဒီ ပါဝင်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ အရေပြားမှာ ဗီတာမင်ဒီကို ထုတ်လုပ်နိုင်ပါတယ်။ နေ့စဉ် လိုအပ်တဲ့ ပမာဏက ၄၀၀ IU ဖြစ်ပါတယ်။

အမျှင်ဓာတ်
အမျှင်ဓာတ်ဟာ အစာတွေကို အူမကြီးထဲမှာ မြန်မြန်ဖြတ်သန်းသွားအောင် ကူညီပေး ပါတယ်။ ဒါကြောင့် စွန့်ပစ်ရမယ့် အညစ်အကြေးတွေထဲမှာ ပါဝင်တဲ့ အဆိပ်အတောက် တွေနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ စုပ်ယူတာကို လျော့နည်းစေပါတယ်။ ဆန်လုံးညို၊ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ အမျှင်ဓာတ် ပါဝင်ပါတယ်။

သတ္တုဓာတ်များ
လူ့ခန္ဓာကိုယ်ဟာ အရပ်ရှည်ဖို့၊ အရိုးတွေကြီးထွားဖွံ့ဖြိုးဖို့၊ လက်သည်း၊ ခြေသည်း၊ သွား၊ အာရုံကြော၊ သွေး၊ ဗီတာမင်၊ ဟော်မုန်းနဲ့ အင်ဇိုင်းတွေကို ထုတ်ဖို့အတွက် သတ္တုဓာတ် အမျိုး ၈၀ ကျော်အောင် အသုံးပြု ရပါတယ်။သွေးလှည့်ပတ်မှု၊ အရည်ထိန်းညှိမှု၊ အာရုံကြောဆက်သွယ်မှု၊ ဆဲလ်တွေရဲ့ တည်တံ့ ခိုင်မြဲမှု၊ ကြွက်သား ကျုံ့ခြင်းနဲ့ စွမ်းအင် ထုတ်လုပ်ခြင်းတွေကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်ဖို့အတွက် သတ္တုဓာတ် တွေကို မရှိမဖြစ်လိုအပ်ပါတယ်။ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တွေဟာ အရိုးတွေ ဖွံ့ဖြိုးကြီးထွားဖို့ အတွက် အထူးအရေးကြီးပါတယ်။ကယ်လ်စီယမ်ဟာ နွားနို့၊ ဒိန်ချဉ်၊ ဆော်လ်မွန်ငါး၊ ပဲပိစပ်၊ ပုစွန်ခြောက်၊ ကဏန်း၊ ပုစွန်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်နဲ့ ပန်းဂေါ်ဖီစိမ်းတွေမှာ အများအပြားပါဝင်ပါတယ်။ နေ့စဉ် စားသင့်တဲ့ ကယ်လ်စီယမ်ပမာဏက ၈၀၀-၁၀၀၀ မီလီဂရမ် ဖြစ်ပါတယ်။ပင်လယ်စာ၊ အမဲသား၊ ကြက်သား၊ ကြက်ဥ၊ နွားနို့၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ အခွံမာသီးနဲ့ ဆန်လုံးညိုတွေမှာ ဇင့်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ နေ့စဉ်စားသုံးသင့်တဲ့ ဇင့်ဓာတ်ပမာဏကတော့ ၁၅ မီလီဂရမ် ဖြစ်ပါတယ်။

မဂ္ဂနီဆီယမ်ကတော့ အပင်နဲ့ တိရစ္ဆာန်ထွက် အစားအစာတွေ အထူးသဖြင့် ပဲသီး၊ အခွံမာသီး၊ ထောပတ်သီး၊ အသား၊ နို့ထွက်ပစ္စည်း၊ ဟင်းသီးဟင်းရွက်၊ ချောကလက်နဲ့ ကောက်နှံတွေမှာ ပါဝင်ပါတယ်။

အသားကတော့ သံဓာတ်ရရှိစေမယ့် အဓိက အစာပါ။ ဟင်းသီးဟင်းရွက် နဲ့ကောက်နှံ တွေမှာ သံဓာတ် ပါဝင်ပေမယ့် ပမာဏ နည်းပါး ပါတယ်။ကောက်နှံတွေ၊ ပင်လယ်စာနဲ့ အသားတွေကနေ ဆီလီနီယမ်ဓာတ်ကို ရရှိနိုင်ပါတယ်။

အထက်ဖော်ပြပါ အာဟာရဓာတ်တွေကို စားသင့်တဲ့ ပမာဏ အကြံပြုချက်တွေက ယေဘုယျ သဘောဖော်ပြချက်တွေသာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်တွင်း ဓာတုဖြစ်စဉ်တွေဟာ မတူကွဲပြားတဲ့အတွက် လိုအပ်တဲ့ အာဟာရဓာတ် ပမာဏက အနည်းအများ ကွာခြားမှု ရှိနိုင်ပါတယ်။ ကိုယ်ရဲ့ အသက်၊ ကျား/မ ကွဲပြားမှု၊ ကျန်းမာရေး အခြေအနေ၊ ရောဂါအခံရှိ၊ မရှိ စတဲ့ အချက်တွေပေါ်မူတည်ပြီး လိုအပ်တဲ့ အာဟာရဓာတ်ပမာဏကို အတိအကျ သိနိုင်ဖို့အတွက် ဆရာဝန် ဒါမှမဟုတ် အာဟာရ ပညာရှင်နဲ့ တိုင်ပင်တွက်ချက်ဖို့ လိုအပ်ပါတယ်။

မြ၀တီ
အရပ် ရှည်ခြင်းဟာ မျိုးရိုးဗီဇနဲ့ အတိုင်းအတာ တစ်ခုအထိ သက်ဆိုင် ပေမယ့် အာဟာ ရပြည့်ပြည့် ဝဝ ရရှိမှု အပေါ်မှာလည်း အဓိက မူတည်နေပါတယ်။

ရန်ကုန်တက္ကသိုလ် တစ်ကျော့ပြန် ခေတ်ဆန်းနိုင်မည်လော

PhotoPhoto
နှစ်ပေါင်း ၂၀ ကျော်ကြာ သော့ခတ်ထားခဲ့သော ရန်ကုန်တက္ကသိုလ်၏ တံခါးများ ဖွင့်လိုက် သည်ကို အားလုံးက ဝမ်းသာ ကြိုဆိုခဲ့ကြသည်။

၁၃၀၀ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပ

Photo: ၁၃၀၀ပြည့်အရေးတော်ပုံ စိန်ရတုအခမ်းအနားကျင်းပ
Sunday, January 12, 2014

၁၃၀၀ပြည့်အရေးတော်ပုံ ၇၅နှစ်ပြည့် စိန်ရတုတွင် သံဃာတော် ၇၅ပါးနှင့်အတူ ရွှေည၀ါဆရာတော်အားရွှေတိဂုံစေတီတော်မြတ်၏ အရှေ့ဘက်မုခ် ရေကြည်တော်ဝတ်အသင်း တန်ဆောင်းတွင် ဆွမ်း၊ သင်္ဃန်း၊ ဆက်ကပ်လှူဒါန်း ရေစက်ချအမျှပေးဝေသော အခမ်းအနား တစ်ခုအား ပြုလုပ်ခဲ့ပြီး နေလည်(၁း၀၀)တွင် M3 Food Center တွင် ဆက်လက် ကျင်းပခဲ့သည်။

ဗိုလ်ချုပ်နေ၀င်း၏မြေး အေးနေ၀င်းက "ဒီနေ့ပွဲကတော့ သခင် သခင်မတွေရဲ့ ၁၃၀၀ပြည့် အရေးတော်ပုံကြီးပေါ့။ ပြန်ပြီးတော့
ဂုဏ်ပြုတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အနေနဲ့ နိုင်ငံသား
တစ်ယောက် အနေနနဲ့ကောသခင် သခင်မတွေရဲ့ မျိုးဆက်အနေနဲ့ရော လာပြီးတော့ ဂုဏ်ပြုပေးတာဖြစ်ပါတယ်"ဟု ပြောသည်။

ယင်းအခမ်းအနားတွင် တို့ဗမာ သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၃၀၀ပြည့်အရေးတော်ပုံကြီးနှင့် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲကာလအတွင်း ပါဝင်ခဲ့သော သခင် သခင်မကြီးများ၊
ရဟန်းသံဃာများ၊အလုပ်သမားကြီးများ၊ တောင်သူလယ်သမားကြီးများ ကျောင်သား/သူများနှင့်လုပ်သားပြည်သူအား ဂုဏ်ပြုသောအားဖြင့် တစ်မိနစ်ငြိမ်သတ်အလေးပြုခဲ့သည်။

ယင်းနောက် ၁၃၀၀ပြည့်အရေးတော်ပုံ ၇၅နှစ်ပြည့် စိန်ရတုပွဲ၏ အခမ်းအနား သဘာပတိဖြစ်သောတို့ဗမာအစည်းရုံးဝင် သခင်သန်းညွန့်(ခေါ်) ရဲဘော်သုံးကျိပ် ဗိုလ်ဇင်ယော်၏သမီး ဒေါ်ကြည်ကြည်ဇင်မှ
ဂုဏ်ပြု အမှာအစကား ပြောရာ "အခုလိုမျိုး ၁၃၀၀ပြည့် အရေးတော်ပုံကြီးကို ပြန်လည်ကျင်းပခွင့်ရတော့အရမ်းကို
ဝမ်းသာမိပါတယ် ဒီ၁၃၀၀ပြည့် အရေးတော်ပုံကြီးဟာ ကိုလိုနီခေတ် နှစ်(၁၀၀)အတွင်း ဗမာပြည်သူ တစ်ရပ်လုံးက
အင်္ဂလိမ်နယ်ချဲ့တို့ကို လူထုနည်းဖြင့် စနစ်တကျ တော်လှန် တိုက်ခိုက်ခဲ့ကြသောပထမဆုံး တော်လှန်ရေးကြီးလည်း ဖြစ်ပါတယ် ဒီအရေးတော်ပုံကြီးဟာ အလုပ်သမား၊ လယ်သမား၊ ကျောင်းသား၊ ရဟန်းသံဃာ၊ လူတန်းစားပေါင်းစုံ သွေးစည်းညီညွတ်ခဲ့တဲ့ ပွဲကြီးလည်းဖြစ်ပါတယ် "ဟု ပြောသည်။

ဆက်လက်၍ တို့ဗမာအစည်းအရုံးဝင် သခင်လှကျွေ၏သား ဖြစ်သူ ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ဦးအောင်နိုင်(တို့ဗမာ) မှ အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းခဲ့ပြီး အဖွဲ့အစည်း အသီးသီးမှ
ပေးပို့လာသော ဂုဏ်ပြုသ၀ဏ်လွှာများကို ဖတ်ကြားခြင်း၊ မှတ်တမ်းတင်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

ဆရာတော်ရွှေည၀ါက "ဦးဇင်းကတော့ အခုလို ၁၃၀၀ပြည့် အရေးတော်ပုံကြီးမှာ တက်ရောက်ဟောပြောရတော့ အရမ်းကို ၀မ်းသာမိပါတယ် အခုမှပြန်လည် လုပ်ဖြစ်တဲ့ ၁၃၀၀ပြည့် အရေးတော်ပုံကြီးကို နောင်နှစ်တွေမှာလည်း လုပ်နိုင်ဖို့ မျှော်လင့်တယ် ။ အခုပုဒ်မ၅၉(စ)ကိုပြင်ဖို့ လုပ်နေကျတာ ကောင်းပါတယ် ဖြစ်နိုင်ရင် အကုန်လုံးပြောင်းလည်ရင် ပိုကောင်းမယ်လို့ ထင်ပါတယ်"ဟု
ပြောသည်။

ယင်းနောက်ဆင်းရဲပြီး ကျန်းမာရေးချို့တဲ့နေသော သခင်ကြီးနှစ်ဦးအား၊ ဂုဏ်ပြုထောက်ပံ့ကြေး ပေးအပ်ခဲ့ပြီးသဘာပတိဖြစ်သူ ဒေါ်ကြည်ကြည်ဇင်က နိဂုံးချုပ်ဂုဏ်ပြုစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

ချစ်မင်းထွန်း
The Myanma Age
၁၃၀၀ပြည့်အရေးတော်ပုံ ၇၅နှစ်ပြည့် စိန်ရတုတွင် သံဃာတော် ၇၅ပါးနှင့်အတူ ရွှေည၀ါ ဆရာတော် အားရွှေတိဂုံစေတီတော်မြတ်၏ အရှေ့ဘက်မုခ် ရေကြည်တော်ဝတ်အသင်း တန်ဆောင်းတွင် ဆွမ်း၊ သင်္ဃန်း၊ ဆက်ကပ်လှူဒါန်း ရေစက်ချအမျှပေးဝေသော အခမ်းအနား တစ်ခုအား ပြုလုပ် ခဲ့ပြီး နေ လည်(၁း၀၀)တွင် M3 Food Center တွင် ဆက်လက် ကျင်းပခဲ့သည်။