Tuesday, May 19, 2015

အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း ဒီချုပ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ကန့်ကွက်

 မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက် ၍ အမျိုးသားလွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ဆွေးနွေးခဲ့ရာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ကန့်ကွက်ခဲ့ပြီး ကိုယ်စားလှယ် သုံးဦးက ထောက်ခံဆွေးနွေးခဲ့ကြသည်။
 မေလ ၁၈ ရက်က အမျိုး သားလွှတ်တော်တွင် မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဆွေးနွေးခဲ့သော လွှတ်တော်ကိုယ်စားလှယ် ငါးဦးမှာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦး၊ ဦးသိမ်းဆွေ၊ ရခိုင်ပြည်နယ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်၊ ဦးကျော်ထွန်းအောင် နှင့် အမျိုးသားဒီမိုကရေစီအင် အားစုပါတီမှ ဒေါ်ခင်ဝိုင်းကြည်တို့ ဖြစ်သည်။

အသနားခံထားသည့် ကာလအတွင်း အင်အားသုံးဖယ်ရှားခံရမည်ကို ဒဂုံဆိပ်ကမ်းရှိ ကျူးများစိုးရိမ်

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူးကျော်နေအိမ် ၁,၅၀၀ ခန့်က ၎င်းတို့လက်ရှိနေထိုင်နေသော မြေနေရာကို ပေါက်ဈေးအတိုင်း ဝယ်ယူမည်ဖြစ်၍ ဖယ်ရှားခိုင်းခြင်းမပြုလုပ်ပါရန် ဒုသမ္မတအပါအဝင် သက်ဆိုင်ရာဌာနခြောက်ခုသို့ အသနားခံစာတင်ထားပြီး ပြန်လည်  အကြောင်းမပြန်မီ အချိန်အတွင်း အင်အားသုံးဖယ်ရှားမည်ကို  စိုးရိမ်နေကြကြောင်း  သိရသည်။

ကိုလံဘီယာတွင် မြေပြိုမှုများ ဖြစ်ပွားပြီး လူ ၅၂ ဦးထက်မနည်း သေဆုံး


ကိုလံဘီယာ နိုင်ငံတွင် ဆိုးရွားသော မြေပြိုမှုများ ဖြစ်ပွားပြီး လူ ၅၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။ကိုလံဘီယာ အနောက်မြောက်ပိုင်း လျှိုမြောက်ထူထပ်ရာ ဒေသများတွင် မေလ ၁၈ ရက် နံနက် အရုဏ်မတက်မီ ဖြစ်ပွားသော မြေပြိုမှုများအတွင်း လူ ၅၂ ဦး အနည်းဆုံး သေဆုံးပြီး ၃၇ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။ ဆယ်လ်ဂါတွင် မြေပြိုမှုများ ဖြစ်ပွားရာ လူနေဧရိယာ အများအပြားသည် ရွှံ့နှင့်ရေများ ဖုံးလွှမ်းသွားကြောင်း သိရသည်။