Friday, October 5, 2012

ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်ကို မြန်မာ့ရုပ်မြင်သံကြား ၈ နာရီသတင်းမှာ ကြေညာ

ပုဂ္ဂလိက ဘဏ်များနဲ့ပတ်သက်ပြီး ပေါ်ထွက်နေတဲ့ ကောလဟာလများ မှန်ကန်မှုမရှိကြောင်း ဗဟိုဘဏ်ရဲ့ သတင်းထုတ်ပြန်ချက်ကို မြန်မာ့ရုပ်မြင်သံကြား ၈ နာရီသတင်းမှာ ကြေညာသွားပါတယ် ။ကြေညာချက် အပြည့်အစုံက အောက်ပါအတိုင်းဖြစ်ပါတယ် -

SSPP တပ်များ ဆုတ်ပေးရန် ရှမ်းပြည်နယ်ဝန်ကြီး ပြော

ssppssaစံခလပူရီ (မဇ္ဈိမ) ။      ။ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP) ၏ လက်အောက်ခံ တပ်များ တပ်စွဲထားသည့် ရှမ်းပြည်နယ် အလယ်ပိုင်း၊ မိုင်းရှူးမြို့နယ် အနီးရှိ ကူးတိုးဆိပ် (တာဆန်ပူး) မှ တပ်များ အားလုံးကို သောကြာနေ့
နောက်ဆုံးထားပြီး ဆုတ်ခွါပေးရန် ရှမ်းပြည် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ က SSPP အား စာပို့၍ အကြောင်းကြားခဲ့ကြောင်း SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။

ကမ္ဘောဇဘဏ်မှ ကျပ်သိန်းတစ်ထောင် ထုတ်လာသူ လုယက်တိုက်ခိုက်ခံရ

ရန်ကုန်၊အောက်တိုဘာ-၅ ယနေ့(အောက်တိုဘာ ၅ ရက်) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အနီးရှိ ကမ္ဘောဇဘဏ်ခွဲတစ်ခုမှ ငွေထုတ်ပြီးပြန်လာသော အအေးခန်းစက်ရုံပိုင်ရှင် တစ်ဦးအား လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အုပ်စုဖွဲ့ အနိုင်ကျင့်တိုက်ခိုက်မှုများအတွက်၊ ဘင်္ဂလားဒေ့ရှ်အစိုးရ ထိရောက်စွာတားဆီးရန်လိုအပ်



စက်တင်ဘာလ ၂၉ ရက်နေ့က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ရာမူးနဲ့ ကော့ဘဇားမြို့တွေမှာ ဆူပူအကြမ်းဖက်သူအများစုက လူနည်းစုဗုဒ္ဓဘာသာဝင် ရခိုင်တိုင်းရင်းသားတွေအပေါ် အနိုင်ကျင့်တဲ့လုပ်ရပ်တွေ ဆောင်ရွက်ခဲ့ကြပါတယ်။ ရာပေါင်းများစွာပါတဲ့ လူအုပ်ကြီးဟာ ဘုန်းကြီးကျောင်းတွေ၊ သိမ်တွေနဲ့ ရခိုင်လူမျိုးတွေရဲ့ အိမ်တွေကို အကြမ်းဖက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ဒီလိုအကြမ်းဖက်မှုကိစ္စမှာ

အိမ်ခြံမြေဈေးလျော့ကျစေရန် ထပ်မံ၍ မူဝါဒပြောင်းလဲရန်မလိုဟု အကျိုးဆောင်များသုံးသပ် ရန်နိုင်(မြစ်မခ)


အိမ်ခြံမြေဈေးနှုန်းကြီးမြင့်နေသည့် ပြဿနာကို လျှော့ချနိုင်ရန်အတွက် မိသားစုအလိုက်ဝင်ငွေရရှိမှု အပေါ်မူတည်၍ ၀ယ်ယူနိုင်သော အိမ်ယာစီမံကိန်းများ၊ မြေကွက်များကို ထပ်မံဖော်ထုတ်သင့်ကြောင်း စီးပွားရေးပညာရှင်အချို့က သုံးသပ်ပြောဆိုကြသည်။
 
ရေရှည်တော့ လုပ်နိုင်ဦးမှာ မဟုတ်ပါဘူးဗျာ။ ဈေးနှုန်းကကျရင်လည်း နည်းနည်းပါးပါးပဲ ကျလာမှာပါ။ ဒါပေမယ့် ရှေရှည်မှာ ဒီလောက်ကြီး ဈေးကျအောင် ထိန်းထားနိုင်စရာတော့ မမြင်ပါဘူးဗျာ ခဏတော့ ရပါလိမ့်မယ်ဟု ကောင်းသန့် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

အတွင်းအပြင် ချိတ်ဆက်ပြီး ငြိမ်းချမ်းရေးအတွက်တက်လှမ်းဖို့ UNFC မျှော်လင့်

kun-okaUNFC ဒု အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာ
 သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေခိုက်မှာဘဲ ညီညွှတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှ ကိုယ်စားလှယ်တွေလည်း အမေရိကန် နိုင်ငံကို သွားရောက် ခဲ့ပါတယ်။ ဒီအမေရိကန် ခရီးစဉ်နဲ့ ပတ်သက်ပြီး UNFC ဒု အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်ဥက္ကာကို သျှမ်းသံတော်ဆင့် က ဆက်သွယ်မေးမြန်းထားပါတယ်။

ပြိုင်လည်းပြိုင် ပေါင်းလည်းပေါင်း


ဘုန်းထက်ဝင်း
သန်းပေါင်း ၆၀ နေထိုင်သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများဖြင့် နိုင်ငံပြုလုပ်ငန်းစဉ်များ ဆောင်ရွက်လေ အမျိုးသားအင်အားစုများကြား ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်လေဖြစ်သည်။  ပြုပြင်ပြောင်းလဲမှုလုပ်တိုင်း သူနိုင်- ကိုယ်နိုင် အခြေအနေမျိုး ဖန်တီးဖို့ အမှန်တကယ်ပင် ခက်ခဲသည့်အတွက်ကြောင့် ရှုံးနိုင်ခြေရှိသူဘက်က အမြဲတမ်းလိုလိုပင် ပြုပြင်ပြောင်းလဲမှုကို ဆန့်ကျင်

မြန်မာရိုဟင်ဂျာကိစ္စဆိုင်ရာ အစည်းအဝေး ဒိုဟာတွင်ကျင်းပ


( Gulf Times မှ 4 oct 2012 ရက်စွဲပါ “ Doha hosts meetings on Plight of Myanmar Muslims “ သတင်းကိုဘာသာပြန်ဆိုသည်)
မြန်မာရိုဟင်ဂျာကိစ္စဆိုင်ရာ  လူသားခြင်းစာနာမှု အဖွဲ့အစည်းများ၏  ဒုတိယအကြိမ်အစည်းအဝေးကို မနေ့ကဒိုဟာတွင်ကျင်းပသည်။ ပြည်တွင်း ဒေသတွင်း နိုင်ငံတကာ အဖွဲ့အစည်းအပေါင်း ၃၀ကျော် တက်ရောက်သော ယင်းအစည်းအဝေးကို OICနှင့် Qatar Charityတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး  ပထမအကြိမ် အစည်းအဝေးကို ကွာလာလမ်ပူတွင် သြဂုတ်လက ကျင်းပခဲ့သည်။

ထိုင်း-မြန်မာရေနက်ဆိပ်ကမ်း စီမံကိန်းလမ်းကြောင်းပေါ်ပြန်ရောက်


(5 October 2012 ရက်စွဲပါ  The Nation မှ Thailand-Myanmar deep-sea port projects' back on track ' ကိုဘာသာပြန်သည်)
ထိုင်းဝန်ကြီးချုပ် Yingluck နှင့် မြန်မာသမ္မတဦးသိန်းစိန်တို့သည် ပြီးခဲ့သည့်အပတ်က နယူးယောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အရန်တွေ့ဆုံမှုအဖြစ် တွေ့ဆုံဆွေးနွေးမှုများအရ ကြန့်ကြာနေသော ထားဝယ်စီမံကိန်းသည် မကြာမီတိုးတက်မှုများ ရှိလာတော့မည် မျှော်လင့်ရသည်။

ဒေါ်အောင်ဆန်းစုကြည် အပြောင်းအလဲ ဘယ်သွားမလဲ

ဒေါ်အောင်ဆန်းစုကြည်၏ အမည်နာမနောက်တွင် တရားမျှတမှု၊ လူ့အခွင့်အရေး လေးစားမှု၊ ဒီမိုကရေစီနှင့် အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ စသည့် ဂုဏ်ပုဒ်များနှင့် တွဲဆက်ထားသည်။ ကမ္ဘာပေါ်တွင် လူသိထင်ရှားသော တောင်အာဖရိက ခေါင်းဆောင် နယ်လ်ဆင်မင်ဒဲလား၊ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလာမားတို့နှင့် တတန်းတည်းထား လေးစားကြသည်။

တိုက်ခေါင်မိုးများပေါ်၌ မိုဘိုင်းအင်တီနာများ တပ်ဆင်ရန် လိုအပ်ဟုဆို

မိုဘိုင်းဖုန်းများခေါ်ဆိုမှု အဆင်ပြေရန် အတွက် Roof-top Mobile Antenna များကို ရန်ကုန်မြို့ရှိ အိမ်ခေါင်မိုးများပေါ် တွင် တပ်ဆင် ရန် လိုအပ်လျက်ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထုတ် ပြန်ကြေညာခဲ့သည်။

ကံထူးရှင် ထီပေါက်ကြောင်း လိမ်လည်ပြောဆိုပြီး လုပ်စားနေသူများ ရှိနေသဖြင့် ပြည်သူများ သတိပြုရန်

နေရာဒေသအချို့တွင် ထီပေါက်သဖြင့် ဆုငွေရရှိမည်ဖြစ်၍ ကော်မရှင်ပေးရန်နှင့် ခရီးစရိတ်ပေးရန် ဖုန်းဖြင့် လိမ်လည် ဆက်သွယ်ပြီး လုပ်စားနေသည့်ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်လျက် ရှိပါသည်။
ယခုတဖန် ၅-၁၀-၂၀၁၂ နေ့ နံနက် ၁၀ နာရီခန့်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နှစ်ပတ်လည် အထူးကံစမ်းမဲ ရွေးချယ်ပွဲတွင် ထိုတယ်လီဖုန်း နံပါတ်မှာ ကံစမ်းမဲပေါက်သဖြင့် ပြန်လည်

ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် ၃ဦးကို အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခြင်းဟု KNU ပြောဆို။

အောက်တိုဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

စစ်ဦးစီးချုပ် အပါအ၀င် ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် ၃ဦးကို တာဝန်မှ ရပ်စဲပြီး အဖွဲ့အစည်းမှ ထုတ်ပယ်ခြင်းမှာ စက်တင်ဘာလ ၂၇ ရက်မှ ၂၉ရက်နေ့အထိ ပြုလုပ်ပြီးစီးခဲ့သော ကေအဲန်ယူဗဟိုအလုပ်အမှုဆောင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရဖြစ်ကြောင်း ကေအဲန် ယူ ဗဟိုကော်မတီဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

KBZ Bank ဥက္ကဌ ဦးအောင်ကိုဝင်း နှင့် AGD Bank ဥက္ကဌ ဦးတေဇ တို့ ဖမ်းဆီးခံရသည့် သတင်း မမှန်ကန်

(၅)ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဦးအောင်ကိုဝင်း နှင့် ဦးတေဇ ဖမ်းဆီးခံရသည့် ကောလဟလသတင်းများကြောင့် ၄င်းတို့ပိုင်ဆိုင်သည့် ဘဏ်များမှ ငွေများအား ပြန်လည်ထုတ်ယူနေကြောင်း သိရှိရပါသည်။ သတင်းမှန်ကို သိရှိနိုင်ရန်အတွက် ၄င်းတို့နှစ်ဦး နှင့် ပုဂ္ဂိုလ်ရေး အလွန်နီးစပ် ရင်းနှီးသူများအား စုံစမ်းမေးမြန်းကြည့်ရာ သတင်းမှန်ကန်မှုမရှိကြောင်းနှင့် တမင်ကြံရွယ်၍ ကောလဟလဖန်းတီးမှုတစ်ခုသာ ဖြစ်ကြောင်း သိရှိရသည်။ ထိုပုဂ္ဂိုလ်နှစ်ဦးသည် လက်ရှိ ၄င်းတို့၏ရုံးများတွင်သာ ရှိနေကြပြီး ပုံမှန် ရုံးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ထပ်မံသိရှိရပါသည်။

အင်းဝ(စစ်ကိုင်း)တံတားအဆင်းရှိ နေအိမ်တစ်ခုတွင် မိလ္လာကျင်းတူးရာမှ ဂျပန်ခေတ်လက်ကျန် ဗုံးသီးဟောင်း ၄ လုံးတွေ့ရှိ



အင်းဝ(စစ်ကိုင်း)တံတား အဆင်းရှိ တကောင်း၊ ပန်းတော ရပ်ကွက်မှ နေအိမ်တစ်ခုတွင် အောက်တိုဘာ လ ၅ ရက်နေ့က မိလ္လာကျင်း တူးရာမှ ဂျပန် ခေတ်လက်ကျန်ဗုံးသီးဟောင်း ၄ လုံးတွေ့ရှိခဲ့ကြောင်း သတင်းရ ရှိသည်။
အဆိုပါဗုံးသီးများတွေ့ရှိ ခဲ့သည့်နေအိမ်မှာ ၁၉၄၅ ခုနှစ်ဝန်း ကျင်က ဂျပန် ကင်ပေတိုင်စစ်ဌာန ရုံးအခြေချ ဖွင့်လှစ်ခဲ့သော နေအိမ်ခြံ ဝင်းဖြစ်ေ ကြာင်း သိရှိရသည်။

ကမ္ဘောဇဘဏ် ကောလာဟလ ဗဟိုဘဏ်ရှင်းမည်


ရန်ကုန်၊ အောက်တိုဘာ-၅

ကမ္ဘောဇဘဏ်နှင့် ပတ်သက်၍ ထွက်ပေါ်နေသော ကောလာဟလများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က MRTV-4 နှင့် Sky Net တို့မှတစ်ဆင့် ယနေ့ညနေ ၆ နာရီမတိုင်မီ ထုတ်ပြန်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဘဏ်ပြန်ကြားရေးတာဝန်ခံ ကိုသီဟအောင်ကပြောသည်။

မဲ့ခြောက်နဲ့ တင်းတိပ် ပျောက်နည်း

 
  မဲ့ခြောက် တင်းတိပ် ရှိနေသူများအတွက်

ဖရဲသီး အောက်ခံအဖြူအသားကို ဓား(သို) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက် ရပါမယ်။ မျက်နှာ သန့်စင်ပြီးတာနဲ့ ဖရဲသီး အောက်ခံ အဖြူသာကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာ အောင် တင်ထားပေးရပါမယ်။ 

အင်းယားလမ်းမပေါ်ရှိ ဘင်္ဂလားင်္ဒေ့ရှ် သံရုံးရှေ့ တွင် သံဃာတော်များ ဆန္ဒဖေါ်ထုတ်မှုပြုလုပ်ခဲ့(ဓါတ်ပုံ)


မြောင်းမြမှ သဌေးတစ်ဦး ရခိုင်ပြည်သို့ ဗုဒ္ဓရုပ်ပွားတော် ၂၀၀၀ ကျော်လှူဒါန်း

BuddhaRTD 2ရခိုင်ပြည်နယ်စစ်တွေမြို့မှ ရသေ့တောင်မြို့သို့ ဗုဒ္ဓရုပ်ပွားတော် ငါးရာ အောက်တိုဘာလ ၃ရက်နေ့ နေ့လည် ၁နာရီခန့်တွင် မော်တော်ဘုတ်ဖြင့် ပင့်ဆောင်တော်မူခဲ့ကြောင်း သတင်းရရှိသည်။

ယင်းဗုဒ္ဓရုပ်ပွားတော်များကို ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်အတွင်းက သူဌေးတစ်ဦးမှ ဇွန်လအတွင်း ရခိုင်ပြည်တွင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင် အဓိကရုဏ်းအတွင်း ဗုဒ္ဓဘာသာ

မြန်မာ့ဆန် ယူနန်တရုတ် အဝယ်လိုက်နေ

ဆန်သစ်ပေါ်ချိန်နီးနေသဖြင့် ဈေးနှုန်းတက်ခြင်းမှာ ဖြစ်နေကြဟု ဆန်ကုန်သည်များက သုံးသပ်ကြသည် (ဓာတ်ပုံ – Reuters)
မြန်မာ့ဆန်များကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်က လက်ရှိအချိန်တွင် ဆန်ဝယ်ယူသည့် တခြားနိုင်ငံများထက် ဈေးနှုန်းပိုပေးကာ မူဆယ်နယ်စပ်မှတဆင့် အများဆုံး ၀ယ်ယူလျက်ရှိနေသည်။

ပုဂ္ဂလိကပိုင် နေ့စဉ်သတင်းစာထုတ်ဖို့ ပြင်နေ

လူအင်အား၊ စာဖတ်သူ ဝယ်ယူနိုင်စွမ်းအား လုံလောက်မှု မရှိသေးသော်လည်း ပုဂ္ဂလိကပိုင် နေ့စဉ် သတင်းစာများ ထွက်လာတော့မည် (ဓာတ်ပုံ- Reuters)
ပြည်တွင်း အပတ်စဉ်ထုတ် ပုဂ္ဂလိက သတင်းဂျာနယ် အချို့သည် နေ့စဉ် သတင်းစာများ ထုတ်လုပ်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်နေကြောင်း ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်များမှ သတင်းစာဆရာ တချို့က ပြောသည်။

စိုက်ခင်းများကြောင့် ပုပ္ပားရေထွက်ပေါက်များ ပျက်စီး

ပုပ္ပားတောင်နှင့် ပတ်ဝန်းကျင် မြင်ကွင်း (ဓာတ်ပုံ – Ralf-André Lettau/Wikipedia)
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်ရှိ ပုပ္ပားတောင်ဒေသတွင် စိုက်ပျိုးရေးကုမ္ပဏီများနှင့် ဒေသခံတချို့၏ နဂါးမောက်သီးနှင့် လက်ဖက်ခင်း စိုက်ပျိုးမှုကြောင့် ရေထွက်ပေါက်အများအပြား ပျက်စီးပြီး ရေရရှိမှု နည်းပါးကာ ပုပ္ပားတောင်နှင့် ကျောက်ပန်းတောင်း မြို့နယ်ဝန်းကျင်၌ ရေရှားပါးမှု ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။

 ကမ္ဘောဇဘဏ်တွင် ငွေအပ်နှံထားသူများမှ ဘဏ်၏ ငွေကြေးကဏ္ဍအပေါ် ယုံကြည်မှု မရှိသဖြင့် အပ်နှံငွေများ လာရောက်ထုတ်ယူနေဟု ကောလာဟလများ ပေါ်ထွက်

ကမ္ဘောဇဘဏ်တွင် ငွေအပ်နှံထားသူများမှ ဘဏ်၏ ငွေကြေးအခြေအနေအပေါ် ယုံကြည်မှုမရှိသဖြင့် အပ်နှံငွေများ လာရောက်ထုတ်ယူနေသည်ဟု ထွက်ပေါ်ခဲ့သော သတင်းများမှာ ကောလာဟလ သတင်းများသာဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ အထွေထွေမန်နေဂျာ ဦးရဲထွန်းဦးက ပြောသည်။

ဘင်္ဂလားဒေရှ်သံရုံးကို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မည်

ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းရှိဘုန်းတော်ကြီးကျောင်း ၂၂ ကျောင်းနှင့်ဘုရားဆင်းတုတော်များ မီးရှို့လုယက်ဖျက်ဆီးမှုများရပ်တန့်ပေး ပါရန်အတွက် ယနေ့နေ့လယ် ၁ နာရီအချိန်တွင်သံဃာတော်များ ဦးဆောင်ကာ ဓမ္မစေတီလမ်းနှင့် အင်းယားလမ်းထောင့်ရှိ ဘင်္ဂလားဒေ့ရှ်သံကို ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တောင်းဆိုသွားမည်ဟု ဆန္ဒထုတ်ဖော်မည့် ရဟန်တော်များကပြောကြားသည်။
From-TheVoiceWeekly

ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုနေကြသော ရန်ကုန်လေဆိပ်မြင်ကွင်း

မြန်မာပြည်ကလည်း နိုင်ငံတကာမယ်ရွေးပွဲ ၀င်ပြိုင်နေပြီ



ဓာတ်ပုံများ - MI 2012

နိုင်ငံတကာမယ်ပြိုင်ပွဲကို မြန်မာပြည်က ပြန်လည် ၀င်ပြိုင်နေပါပြီ။  ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ ပြုလုပ်နေတဲ့ Miss International 2012 မှာပါ။ မြန်မာပြည်ကိုယ်စားပြုသူကတော့ နန်းခင်ဇေယျာ ဖြစ်ပါတယ်။

နန်းခင်ဇေယျာ အလှ

ဝက်မွေးသူ ၀က် စားခံလိုက်ရ


 စိတ်ဝင်စားစရာ သတင်းတပုဒ်က စိတ်မကောင်းစရာပါ။ အမေရိကန် အော်ရီဂွန်မှာ အသက် ၇၀ အရွယ်ရှိ တဲ့ လယ်သမား အဖိုးကြီးကို သူမွေးထားတဲ့ ပေါင်ချိန် ၇၀၀ လောက်ရှိတဲ့ ၀က်တွေက ၀ိုင်းစားသောက်ပစ် လိုက်ပါတယ်တဲ့။ 

သေနတ်လုပ်တဲ့ မြေပုံက ပန်းဘဲ ဆရာကြီး စစ်တပ်က ဖမ်း

ရခိုင်ပြည်နယ် မြေပုံမြို့တွင် သေနတ် ပြုလုပ်သော ပန်းဘဲ ဆရာကြီး တစ်ဦးကို စစ်တပ်က သတင်းအရ ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့ လက်သို့ လွဲပြောင်းလိုက်ကြောင်း သတင်း ရရှိသည်။
အဖမ်းဆီးခံရသူမှာ ဦးစံအောင်ကျော်ဖြစ်ပြီး မွတ်ဆလင် ရပ်ကွက်ထဲတွင် နေထိုင်သူ ရခိုင်အမျိုးသား ဖြစ်ကြောင်း သိရသည်။