Thursday, January 23, 2014

ပအိုဝ်းတောင်သူတွေ ထွန်တုံးတိုက်ပွဲဆင်နွှဲ

ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ကျောက်တစ်လုံးမြို့နယ်ခွဲ နောင်ကားကျေးရွာမှာ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် PNO သိမ်းယူထားတဲ့ ယာမြေဧက ၂၀ ကျော်ပြန်ရဖို့ မြေဆုံးရှုံးခဲ့တဲ့ ပအိုဝ်းတိုင်းရင်း သား တောင် သူ ၂၅ ယောက်လောက်က ဒီနေ့ မနက်ပိုင်းက ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့ကြပါတယ်။

မန္တလေး NLDရုံး မီးလောင် ကျပ်၈၂ သိန်း ၅ သောင်းဆုံးရှုံး

 မန္တလေးမြို့ စိတ္တရမဟီရပ်ကွက်၊ ၇၅လမ်း၊ ၂၈ လမ်းနှင့် ၂၉လမ်းကြားရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး(NLD)ရှိရာ ပျဉ်ထောင် အိမ်မှ စတင်ကာ ဇန်နဝါရီ ၂၃ရက် နေ့လည် ၃နာရီခန့်က မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ရှစ်ဆယ့်နှစ် သိန်း ငါးသောင်းဖြစ်ကြောင်း အမှတ် ၁ ပြည်နယ်နှင့် တိုင်းဒေသကြီး မီးသတ်ရုံးများ ကွပ်ကဲမှုဦးစီးဌာနခွဲက သိရသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဦးတည်၍ ဖွဲ့စည်းပုံပြင်ဆင်ခြင်း မလုပ်ဟု ဦးရွှေမန်း ပြောဆို

Photo: ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ဦးတည်၍ ဖွဲ့စည်းပုံပြင်ဆင်ခြင်း မလုပ်ဟု ဦးရွှေမန်း ပြောဆို
Thursday, January 23, 2014

ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် တခုတည်းကို ဦးတည် ပြင်ဆင်မှုများ ပြုလုပ်မည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားသည်။

ယနေ့ ပြည်သူ့လွှတ်တော်၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်း ဆိုင်ရာ ပုဒ်မ ပုဒ်မ ၅၉(စ) ကို ရည်ရွယ်၍ ဦးရွှေမန်းက ပြောခြင်း ဖြစ်သည်။

“သမ္မတ ဖြစ်ခွင့်ရှိရေး ပုဒ်မကိစ္စ နည်းတူ လွှတ်တော်မှာ အင်မတန် အရေးကြီးတဲ့ ကိစ္စတွေ အများကြီး ရှိပါတယ်။ အဓိကက တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး ရအောင် မဆောင်ရွက်နိုင်ဘဲနဲ့ မိမိတို့နိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် များစွာအခက်အခဲ ဖြစ်မှာပါ။ အဲဒီကိစ္စတွေ အားလုံး ခြုံငုံပြီးတော့ မိမိတို့ပါတီ၊ မိမိတို့ လွှတ်တော်က သုံးသပ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက သတင်းထောက်များကို ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်ခဲ့မည် ဆိုလျှင် မိမိအနေဖြင့် ၀မ်းသာမည် ဖြစ်သော် လည်း နိုင်ငံ တိုးတက်ရေး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ချောမွေ့ရန် အတွက် ရည်ရွယ်ပြီး ပြုပြင် ပြောင်းလဲသွားမည် ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ လေ့လာသုံးသပ်ရေး ကော်မတီက အစီရင်ခံစာကိုလွှတ်တော် အတွင်းသို့ တင်သွင်းမည့် အချိန်ကိုသာ စောင့်ကြည့် ရမည် ဖြစ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင် လွှတ်တော် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို ပြဌာန်းထားသော ဖွဲ့စည်းပုံ ပြဌာန်းချက် အတိုင်းသာ မလွဲမသွေ ဆောင်ရွက်ရမည် ဖြစ်ပြီး ပြဌာန်းချက်ကို ကျော်လွန် လုပ်ဆောင်နိုင်သော အနေအထားမျိုး မရှိကြောင်း သူရ ဦးရွှေမန်းက ဆိုသည်။

ထို့အပြင် မိမိတို့၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ခိုင်ရေး) ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် လေ့ လာ သုံးသပ် ထားသော အစီရင်ခံစာ၏ မူဝါဒများနှင့် ပတ်သက်ပြီး “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အတွက် ဟန့်တား ထားတဲ့ ပုဒ်မ ၅၉(စ) ကို ပြင်ဖို့ ပါကောင်းလည်း ပါနိုင် ပါတယ်။ ဒါပေမယ့် မူဝါဒပိုင်း အရတော့ အဲဒီပုဒ်မ တခုတည်းကို ရည်ရွယ်ပြီး ပြင်ဆင်တာမျိုး မဟုတ်ဘဲ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဦးစားပေး ပြင်သင့်တယ်။ ဒါမှလည်း တရားဥပဒေ စိုးမိုးရေး ဆိုတာ ပါဝင်လာပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် လူထု သဘောထား ကောက်ယူရန် ချင်းပြည်နယ် သို့ သွားရောက်စဉ် ပုဒ်မ ၅၉(စ) အပါအ၀င် လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိလျှင် လာမည့် ရွေးကောက်ပွဲသို့ ၀င်ရောက်မည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။

လက်ရှိတွင် တပ်မတော်အနေဖြင့် စစ်မှုရေးရာ တိုက်ခိုက်မှုများတွင်သာ သတ္တိရှိရမည် မဟုတ်ဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင် ရေး အပိုင်းတွင် သတ္တိရှိရမည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် တပ်မတော်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပက်သက်ပြီး ပြင်ဆင်နိုင်ရေး အပိုင်းကို တိတိကျကျ သိရှိပြီးမှ မိမိတို့ ပါတီ၏ ရှေ့ဆက်သွားရမည့် မူဝါဒများကို ချမှတ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကြံ့ခိုင်ရေးပါတီ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး အစီရင်ခံစာ၏ အချက် ၂၅ ချက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သား၂ ဦးကို မြန်မာနိုင်ငံသား ဖြစ်ရမည် ဆိုသော အချက်နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က “ကျမ ကလေးတွေက အခုဆိုရင် အရွယ် ရောက်နေတဲ့သူတွေ ဖြစ်နေပါပြီ။ ဒီကိစ္စက ကျမ ဆုံးဖြတ်ခွင့် မရှိတော့ပါဘူး။ အခု ဒီလို ပြောဆိုတာကိုက ဒီမိုကရေစီ စနစ်နဲ့ ဆန့်ကျင်နေတယ်”ဟု မီဒီယာများသို့ ပြောကြားခဲ့ဖူးသည်။

ထို့အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လွှတ်တော် အတွင်း ပြင်ဆင်နိုင်ခြင်း မရှိလျှင် လူထုအင်အားဖြင့် ပြင်ဆင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားသည်။

နိုင်ငံတကာ ကလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် မရှိလျှင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးသည် အဓိပ္ပာယ် ပြည့်ဝမည် မဟုတ်ကြောင်း ပြောသည်။

“တချို့ကိစ္စက အပြောပဲ ရှိပါသေးတယ်။ လက်တွေ့ ဘယ်လို ဖြစ်လာမလဲ ဆိုတာ မသိပါဘူး။ ဒါ့ကြောင့်မို့ မိမိပါတီကို မိမိပြောတာ လည်း ရှိပြီးပါပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ဆိုတာ ကောင်းတဲ့အချက်တွေ ဖြစ်ဖို့ပဲ။ ဖွဲ့စည်းပုံကို ပြင်လိုက်လို့ ပြုပြင် ပြောင်လဲရေး အတွက် အရှိန်ကောင်းတွေ ရမယ်ဆိုရင် ပြင်ရမယ်။ ဒီကိစ္စတွေက ဥပဒေ နည်းလမ်းအတိုင်းပဲ ဆောင်ရွက်ရမှာ ဖြစ်လို့ ဥပဒေနည်း လမ်းအပေါ် ကျော်လာတဲ့ ကိစ္စတွေမှာ မိမိတို့ ဆွေးနွေးစရာ မရှိသေးပါဘူး”ဟု သူရ ဦးရွှေမန်းက ဧရာဝတီသို့ ပြောသည်။

အမျိုးသား ဒီမိုကရေ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုထားမှုနှင့် ပတ်သက်ပြီး သူရ ဦးရွှေမန်းက ထောက်ခံကြောင်း ဆိုသည်။

မိမိအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိစ္စများ သာမက နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မည်သည့် ကိစ္စမဆို တွေ့ဆုံ ဆွေးနွေးရေး ကို အစဉ် ထောက်ခံသည့်အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမြဲပင် တွန်းအားပေးကြောင်း၊ သမ္မတနှင့် ကာကွယ် ရေး ဦးစီးချုပ်တို့သည် အဆိုပါ သဘောထားမျိုးရှိမည်ဟု ထင်မြင်ပြီး မည်သည့် အချက်ကို ပြုပြင်ရမည့် ကိစ္စကတော့ တူညီနိုင်မှု ရှိ၊ မရှိ မသိနိုင်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

စနေလင်း
( ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်းနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အတွက် တခုတည်းကို ဦးတည် ပြင်ဆင်မှုများ ပြုလုပ်မည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားသည်။

ဆီကြော်မုန့်များ စားသုံးပါက ဆီးကျိတ်ကင်ဆာ ပိုမို ဖြစ်ပွား နိုင်သည်ကို လေ့လာ တွေ့ရှိ

Photo: ဆီကြော်မုန့်များ စားသုံးပါက ဆီးကျိတ်ကင်ဆာ ပိုမို ဖြစ်ပွား နိုင်သည်ကို လေ့လာ တွေ့ရှိ
Thursday, January 23, 2014

အာလူးချောင်း ကြော်များ၊ ကြက်ကြော်များနှင့် ဒိုးနတ်မုန့်များ အစရှိသည့် ဆီကြော်မုန့် များကို ပုံမှန် စားသုံး ပါက ဆီးကျိတ် ကင်ဆာ ပိုမို ဖြစ်ပွား နိုင်ကြောင်း လေ့လာ တွေ့ရှိချက် အသစ် တစ်ခုတွင် ဖော်ပြ ထားသည်။

အဆိုပါ လေ့လာ တွေ့ရှိချက် အသစ်ကို ဆီးကျိတ် ကင်ဆာ ဝေဒနာ ခံစားနေရသော အမျိုးသား ၁၅၄၉ ဦးနှင့် ကျန်းမာသည့်လူ ၁၄၉၄ ဦးကို လေ့လာ ဆန်းစစ်မှု ပြုခဲ့ရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဝါရှင်တန် ပြည်နယ် ဆီယက်တဲလ် မြို့ရှိ Fred Hutchinson ကင်ဆာ သုတေသန ဌာနက ထုတ်ဖော် ပြောကြား ခဲ့သည်။

သုတေသန ပြုရာတွင် ပါဝင်ခဲ့သူ များမှာ အသက် ၃၅ နှစ်မှ ၇၄ နှစ်အတွင်း ဒေသခံများ ဖြစ်ပြီး ကော့ကေး ဆပ်စ် နွယ်ဖွားများနှင့် အာဖရိက- အမေရိကန် နွယ်ဖွား ဆီယက်တဲလ် မြို့သူ မြို့သားများ ဖြစ်ကြောင်း သိရ သည်။ ၎င်းတို့၏ ပုံမှန် စားသောက်ပုံစံတွင် ဆီကြော် အစာများ မည်မျှ ပါဝင်သည်ကို သုတေသီ များက လေ့လာ ခဲ့ကြသည်။

ထိုကဲ့သို့ လေ့လာရာတွင် သီတင်းပတ် တစ်ပတ်အတွင်း အာလူးချောင်းကြော်များ၊ ကြက်ကြော်များ၊ ငါးကြော်များနှင့် ဒိုးနတ်မုန့် များကို စားသုံးသူ များသည် ဆီးကျိတ်ကင်ဆာ ဝေဒနာ ဖြစ်ပွားမှုနှုန်း ၃ဝ ရာခိုင်နှုန်းမှ ၃၇ ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရသည်။ ပုံမှန် ဆီကြော်မုန့် များကို စားသုံးသူ များသည် ဆီးကျိတ်ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်မှု အန္တရာယ် ပိုမို ကြီးမားကြောင်း တွေ့ရသည်။

သုတေသီ များက ဆီကြော်မုန့်များ စားခြင်းနှင့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု အကြား ဆက်စပ်မှုကို ချင့်တွက် ရာတွင် အသက်၊ မိသားစု အတွင်း ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှု မျိုးရိုး ရှိ၊ မရှိ၊ အရပ်နှင့် ကိုယ်ခန္ဓာ အလေးချိန် ကိုက်ညီမှု ရှိ၊ မရှိ၊ လူမျိုး၊ PSA စမ်းသပ်မှု များကိုလည်း ထည့်သွင်း စဉ်းစား ခဲ့ကြသည်။

ဆီကြော် အစာများတွင် ကင်ဆာ ဖြစ်စေနိုင်သော ဒြပ်ပေါင်း ပါဝင်ကြောင်း သုတေသီ များက ထုတ်ဖော် ပြောကြား ထားသည်။ အစား အစာများကို ဆီဖြင့် ကြော်လှော်ရာတွင် အပူရှိန်ကြောင့် ဆီများဆက် ပြောင်းလဲ သွားပြီး ကြွပ်အောင် ကြော်ထားသည့် အစားအစာ များတွင် ကင်ဆာ ဖြစ်စေနိုင်သည့် ကာစီနိုဂျင် ဒြပ်ပေါင်းအဖြစ် ဖြစ်လာသည်ကို တွေ့ရသည်။ ကာစီနိုဂျင် များကို အာလူးချောင်း ကြော်များ ကဲ့သို့ ကာဗိုဟိုက်ဒြိတ် ပါသော အစားအစာ များတွင် တွေ့ရသော acrylamide အပူချိန် မြင့်၍ ချက်သော အစား အစာ များတွင် တွေ့ရသည့် ဓာတုပစ္စည်းများ ဖြစ်သည့် ဒြပ်ပေါင်းများ၊ ရေမွှေးများ ပါဝင်သည့် အော်ဂဲနစ် ပစ္စည်းမှာ ပေါင်းသတ် ဆေးများတွင် တွေ့ရသည့် ဓာတုဗေဒ တစ်မျိုး ဖြစ်သည့် acrylamide ဒြပ်များ ပါဝင်သည်။

ယင်း အဆိပ် ဖြစ်စေသော ဒြပ်ပေါင်းများသည် ဆီများ ထပ်ခါထပ်ခါ ပြန်သုံးခြင်းနှင့် အကြော်ခံဆီ တို့ကို ထပ်ခါထပ်ခါ ပြန်သုံးပါက ပို၍ အဆိပ်အတောက် ဖြစ်စေကြောင်း သုတေသီ များက ပြောကြား ခဲ့သည်။

မျိုးသူထက်
မြ၀တီ
အာလူးချောင်း ကြော်များ၊ ကြက်ကြော်များနှင့် ဒိုးနတ်မုန့်များ အစရှိသည့် ဆီကြော်မုန့် များကို ပုံမှန် စားသုံး ပါက ဆီးကျိတ်ကင်ဆာ ပိုမို ဖြစ်ပွား နိုင်ကြောင်း လေ့လာ တွေ့ရှိချက် အသစ် တစ်ခုတွင် ဖော်ပြထားသည်။

မောင်တော မွတ်စလင်ရွာကိစ္စ လုပ်ကြံသတင်းလွှင့်တာလို့ ပြည်နယ်အစိုးရ ပြော

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း မွတ်စလင်ကျေးရွာမှာ ဇန်န၀ါရီလ ၁၃ ရက်နေ့ က တပ်ကြပ်ကြီးအဆင့်ရှိ ရဲအရာရှိတစ်ဦး အကြမ်းဖက်ခံရပြီး ပျောက်ဆုံးနေတဲ့ကိစ္စမှာ အကြမ်း ဖက်သူတွေက သူတို့ရဲ့လုပ်ရပ်ကို ဖုံးဖိလိုတာကြောင့် နိုင်ငံတကာအသိုင်းမှာ လုပ်ကြံ သတင်းအမှားတွေ လွှင့်နေ တာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ် မနက်ဖြန်စတင်မည်

Photo: ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်ခရီးစဉ် မနက်ဖြန်စတင်မည်
Thursday, January 23, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်၊ မိုးနဲ၊ လင်းခေးနဲ့ တောင်ကြီးမှာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လာမယ့် ဇန်န၀ါရီ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ ဟောပြောမယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ခရီးစဉ်နဲ့ ပတ်သက်ပြီး တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ဥက္ကဌ ဦးတင်မောင်တိုးက အခုလို ပြောပါတယ်။

“၂၅ ရက်ကတော့ ၂ နာရီမှာ နေ့လယ်စာစားပြီးတော့ မိုးနဲဟောပြောပွဲ ပြီးတော့ ညနေမှာ ၄ နာရီ လင်းခေးဟောပြောပွဲပေါ့၊ အခြေခံဥပဒေ ရှင်းလင်းပွဲ၊ လင်းခေးမှာ ညအိပ်ပြီးတော့ မနက်ဘုန်းကြီးကျောင်းတက်မယ်၊ မိုးနဲမှာ ဘုန်းကြီးကျောင်းတစ်ကျောင်း ဝင်တက်မယ်၊ ပြီးတော့ နမ့်စန်၊ ၃ နာရီလောက်မှ တောင်ကြီး အဝေရာ မီးပုံးပျံကွင်းပေါ့၊ အဲဒီမှာရှင်းလင်းပွဲ”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်န၀ါရီ ၂၄ ရက်နေ့ ညနေ နေပြည်တော် ကနေ လေယာဉ်နဲ့ ဟဲဟိုးလေဆိပ်မှာ ဆင်းသက်မှာဖြစ်ပြီး တောင်ကြီးမြို့ ကနေတဆင့် နမ့်စန်မြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။ နမ့်စန်၊ မိုးနဲနဲ့ လင်းခေးမြို့ ဟောပြောပွဲတွေပြီးရင် ဇန်န၀ါရီ ၂၆ ရက်နေ့ ညနေပိုင်းမှာ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်းမှာ ဟောပြော မှာ ဖြစ်ပါတယ်။

RFA Burmese
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်၊ မိုးနဲ၊ လင်းခေးနဲ့ တောင်ကြီးမှာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လာမယ့် ဇန်န၀ါရီ ၂၅ နဲ့ ၂၆ ရက်နေ့တွေမှာ ဟောပြောမယ်လို့ သိရပါတယ်။

မောင်တော မွတ်စလင်ရွာကို ပြည်နယ်ဝန်ကြီးချုပ်နဲ့အဖွဲ့ သွားရောက်စစ်ဆေး

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၃ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရာတန်ကျေးရွာမှာ ကျေးရွာ သားတွေ နဲ့ ကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့အကြား အချင်းဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီး ချုပ် ဦးလှမောင်တင် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဝင်တွေဟာ မနေ့က အဲဒီရွာကဒေသခံ ရွာသားတွေနဲ့ တွေ့ဆုံ ခဲ့ ပါတယ်။

ဘားအံ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် မဖြစ်နိုင်သေး

Photo: ဘားအံ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရန် မဖြစ်နိုင်သေး
Thursday, January 23, 2014

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံမည့် ဘားအံ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး မည့် အချိန်ကို တိကျစွာထုတ်ပြန်နိုင်ဦးမည် မဟုတ်သေးကြောင်းနှင့် လက်မှတ်ထိုးရန် မဖြစ်နိုင်သေးကြောင်းတိုင်းရင်းသား ခေါင်း ဆောင် များက ပြောသည်။

ကရင်ပြည်နယ် ဘားအံမြို့တွင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲကို လာမည့် ဖေဖော်ဝါရီလ အတွင်း ကျင်းပရန် ရှိကြောင်း သိရသည်။

“အဓိကကတော့ ဒီမှာက အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းအပြည့် အစုံက ဒီမှာ မရနိုင်သေးဘူး။ ပါသင့်ပါထိုက်တာ၊ ပြင်ဆင် သင့်တာတွေ လောက်ပဲရဦးမယ်။ နောက်ညီလာခံတခု ပေါ်လာဦးမယ် မဆိုနိုင်သေးပေမယ့် နောက်ထပ် ဆွေးနွေးဖို့တော့ လိုဦး မယ်။ တကယ် သဘောတူလို့ရတဲ့ အထိ ဆွေးနွေး ရဦးမယ်။ အကုန်သဘောတူမှ ဦးအောင်မင်းတို့ဆီ ပြရမယ်။ သူတို့ကို ပြမယ် ဆိုရင်လည်း သူတို့ဘက်က ဖြုတ်ဦးမှာ”ဟု တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်ရေး အဖွဲ့(NCCT) အဖွဲ့ဝင် ဦးခွန်ဥက္ကာက ပြောသည်။

ဦးခွန်ဥက္ကာသည် ကရင်ပြည်နယ် ကရင်အမျိုးသား အစည်းအရုံး(KNU) ဌာနချုပ် လောခီးလာတွင် ဇန်န၀ါရီ ၂၀ ရက်က စတင် ကျင်းပနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီလာခံတွင် တက်ရောက်နေ သူ ဖြစ်သည်။

ယခုညီလာခံ အပြီးတွင် မတက်ရောက်နိုင်သေးသည့် တိုင်းရင်းသား အဖွဲ့များနှင့် သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့များကို အသေး စိတ် လိုက်လံ ရှင်းပြရန် စီစဉ်ထားကြောင်းလည်း သိရသည်။

“တိုင်းရင်းသား အဖွဲ့တွေကို လိုက်လံ ရှင်းပြဖို့အတွက် ဆိုင်ရာ တာဝန်တွေ၊ ဥပမာ မြောက်ပိုင်းဆို မြောက်ပိုင်း၊ တောင်ပိုင်းဆို တောင်ပိုင်း လိုက်ရှင်းပြဖို့ အတွက် ခွဲပြီး လုပ်ကြမယ်။ အကုန် သဘောတူညီချက်ရပြီး ဆက်လုပ်မှာကို။ ဒီမှာလည်း ထပ်ပြီး ညှိတာတွေလည်း ရှိလာနိုင်တယ်”ဟု ဦးခွန်ဥက္ကာ က ပြောဆိုသည်။

ယခုညီလာခံတွင် အပြီးသတ်၊ အချောသတ် ဆုံးဖြတ်ချက် တစုံတရာ ထွက်လာနိုင်မည်ဟု ဆိုသော်လည်း အချိန်အနည်းငယ် ထပ်မံ ဆွေးနွေးရန် လိုသေးကြောင်း ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်မော်ကလည်း ပြော သည်။

“တိုင်းရင်းသား ခေါင်းဆောင်ပိုင်းတွေနဲ့ ဒီစာတမ်းကို အတည်ပြုဖို့တော့ တစုံတရာ အစီအစဉ် အစည်းအဝေး တခုတော့ လိုမယ် ဆိုတဲ့ အကြမ်းဖျဉ်း ယူဆချက်ကတော့ ရှိပါတယ်။ ဘယ်လောက်လုပ်မလဲ၊ ဘယ်နေရာမှာ လုပ်မလဲ ဆိုတာကိုတော့ မဆုံးဖြတ် ရသေးပါဘူး”ဟုလည်း ၎င်းက ဆိုသည်။

ယင်းအပြင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးရေးသည် ဘားအံတွင် မဖြစ်နိုင်သေးကြောင်း၊ အစိုးရနှင့် တွေ့မည့် ဘားအံ ဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးမည့် အစီအစဉ်များနှင့် စာကြမ်းများကို အတည်ပြုရန် ဆွေးနွေးမည် ဖြစ်ကြောင်း ဗိုလ်ချုပ် ဂွန်မော်က ပြောသည်။

“နှစ်ပေါင်း ခြောက်ဆယ်ကျော်ကြာတဲ့ ပြဿနာ တခုက ပထမ တချက်က အယူအဆတွေ ကွဲလွဲနိုင်တယ်။ ဒုတိယ တချက် က တော့ လက်ရှိ အနေအထားတွေ ကွဲလွဲနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ အခု ကျနော်တို့က တချို့က လက်မှတ် ရေးထိုး ထား တယ်။ တချို့က လက်မှတ်ရေးထိုး မထားဘူး။ လက်မှတ်ကို ရေးထိုးမယ်လို့ အားလုံးက သဘောတူသော်လည်းပဲ ဘယ်အချိန်မှာ ရေးထိုးမလဲ၊ ဘယ်အချိန်မှာ အဆင်သင့် ဖြစ်မလဲဆိုတဲ့ အပိုင်းတွေကတော့ တဖွဲ့နဲ့တဖွဲ့ မတူညီနိုင်ပါဘူး။ အဲဒီတော့ မူ အပေါ်မှာ အခက်အခဲ ဖြစ်တာ မဟုတ်ဘဲနဲ့ လက်ရှိ အခြေအနေမှာ လက်တွေ့အကောင်အထည်ဖော်မယ့် အပိုင်းမှာ အခက်အခဲ ဖြစ်တာပဲ။ အဲဒီတော့ ဒီကိစ္စမျိုးက ညှိရပါတယ်။ ဒါကြောင့်မို့ အချိန်တွေ ယူရပါတယ်”ဟု ဗိုလ်ချူပ် ဂွန်မော်က ပြောဆိုသည်။

ယခုညီလာခံတွင် လက်ရှိ လုပ်ငန်းအဖွဲ့ NCCT အဖွဲ့ကို ဖျက်သိမ်း မသိမ်းနှင့် ထပ်မံ တိုးချဲ့ ဖွဲ့စည်းမည် မဖွဲ့စည်းမည်တို့ကို ဆုံးဖြတ် သွားရန် ရှိကြောင်း NCCT အဖွဲ့ဝင် ဖဒိုကွယ်ထူးဝင်းကလည်း ပြောသည်။

ဖဒိုကွယ်ထူးဝင်းက“NCCTလုပ်ငန်း အဖွဲ့ပါ။ အဖွဲ့တခုကို ကိုယ်စားပြု တက်ပေမယ့် တကယ်တမ်း ကိုယ်စားပြုတဲ့သူ က ကိုယ့်အဖွဲ့ကို ပြန် တင်ရတာတွေ ရှိတယ်။ NCCTအဖွဲ့ကို တိုင်းရင်းသားတွေ လက်ခံပါတယ်”ဟု ပြောသည်။

ညီလာခံ တတိယနေ့တွင် တိုင်းရင်းသား အဖွဲ့ငယ်များ တဖွဲ့ချင်းစီ စုစည်း၍ ဆွေးနွေးကာ အမြင် တခုချင်းစီကို တင်ပြ ကြရကြောင်း၊ ယင်းအပြင် လိုအပ်သည့် ပြင်ဆင်ရမည့် စကားလုံးများကို စာရင်းပြုစု ထားကာ ပြင်ဆင်နိုင်ရန် စီစဉ်ထားကြောင်း ပြောကြား သော် လည်း ပြင်ဆင်ရန်စီစဉ်သည့် စကားလုံး အတိအကျနှင့် ဆွေးနွေးမှု အပြည့်စုံကို ရှင်းလင်း ပြောကြားခြင်း မရှိသကဲ့သို့ ဆွေးနွေးပွဲ ပြီးဆုံးမည့်ရက်ကိုလည်း အတိအကျ ပြောနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

လောခီးလာ ညီလာခံကို မူလက ဇန်န၀ါရီ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း အဓိက ဆွေးနွေးနေသည့် အချက်များ မပြီးပြတ်သေးသောကြောင့် ညီလာခံရက် တရက် ထပ်မံတိုးထားသည်။

The Irrawaddy
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံမည့် ဘားအံ ဆွေးနွေးပွဲတွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမည့်အချိန်ကို တိကျစွာထုတ်ပြန်နိုင်ဦးမည် မဟုတ်သေးေ ကြာင်းနှင့် လက်မှတ် ထိုးရန် မဖြစ်နိုင်သေးကြောင်းတိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

ခါးနာရခြင်း အကြောင်းရင်း လေးရပ်

Photo: ခါးနာရခြင်း အကြောင်းရင်း လေးရပ်
Thursday, January 23, 2014

လူတော်တော် များများ ခါးနာ တတ်ကြ ပါတယ်။ ခါးကို အသုံးပြု များတာနဲ့ အသက်အရွယ် ကြီးလာတာကြောင့်ပဲ ခါးနာတတ်တာ မဟုတ်ပါဘူး။ အောက်ပါ အကြောင်းအရာ တစ်ခုခု ကြောင့်လည်း ခါးနာ တတ်တယ်လို့ သုတေသန အသစ်တွေ အရ သိရပါတယ်။

၁။ဗီတာမင် Dလုံလုံ လောက်လောက် မရရှိလို့ပါ ဒဏ်ရာရလို့ ဒါမှမဟုတ် ရောဂါကြောင့် မဟုတ်ဘဲ နာတာရှည် ခါးနာတတ် သူတွေမှာ ဗီတာမင် D လုံလုံလောက်လောက် မရရှိဘူးလို့ နာကျင်မှု ဝေဒနာ အထူးကု ဆရာဝန် Stewart B Leavittက ပြောပါတယ်။ ခန္ဓာကိုယ်တွင်း ဗီတာမင် D အဆင့် နည်းတာဟာ ခါးနောက် ကျောရိုး အောက်ပိုင်း အရိုး ကျန်းမာရေး အတွက် အန္တရာယ်များတာနဲ့ ဆက်စပ်တတ်ပါတယ်။ ဗီတာမင် D ကို နေ့စဉ် ၂၀၀ IU ရအောင် ပမာဏ များများ သောက်ပေးပါ။ ခါးနာတာ သိသိသာသာ သက်သာ ဒါမှမဟုတ် ပျောက်ကင်းသွားမယ်လို့ Leavitt ကဆိုပါတယ်။

၂။သင်ဟာ ပုံမှန် ဝမ်းမသွားလို့ပါ အူမကြီး အောက်ပိုင်းမှာ ပိတ်ဆို့မှု ရှိတာကြောင့် ခါးအနောက်ပိုင်းမှာ ဖိအား ပေးခံ ရပါတယ်။ ဝမ်းချုပ် တာကြာရင် ခါးနာ တတ်ပါတယ်။ ဝမ်းမချုပ်အောင် ရေများများ သောက်ပါ။ အမျှင်များတဲ့ အစာများများ စားပါ။ လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ။

၃။စိတ်ဖိစီးမှု များနေလို့ပါ ခန္ဓာကိုယ်ရဲ့ နာကျင်တာကို ခံနိုင်ရည် ရှိမှုဟာ မိမိရဲ့ စိတ်အခြေအနေ ပေါ်မှာ အများကြီး မူတည်ပါတယ်။ စိတ်ဖိစီးမှု ခံရတာများရင် ခါးကိုနာတတ်ပါတယ်။ စိတ်ဖိစီးမှုမရှိအောင်နဲ့ စိတ်ဓာတ် ကျဆင်းမှု မရှိအောင် စိတ်ဖြေ လျှော့နည်း လမ်းတွေ အသုံးပြုပါ။

၎။သင်ခါးရိုး ကောက်နေလို့ပါ သင်အသက် ကြီးလာရင် ခန္ဓာကိုယ် ခါးနောက်ကျော ကြွက်သားတွေ အားနည်း လာတာနဲ့ ကယ်လ်ဆီယမ် ချို့တဲ့တာကြောင့် ခါးရိုးမကြီး alignment မမှန်တာ ဖြစ်သွား တတ်ပါတယ်။ ဒါကြောင့် ခါးနာ တာဖြစ်ရင် ဆရာဝန်တွေ အနေနဲ့ ခါးရိုးကောက် နေတာလား ( Scoliosis ) ဒါမှမဟုတ် disk ပြဿနာလား၊ ဒါမှမဟုတ် ခါးအသုံးများလို့ ဖြစ်တာလား ဆိုတာ ခွဲခြား ရပါတယ်။ အသက်ကြီးလာလို့ ခါးရိုးကောက် သွားတာဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အမူအကျင့်တွေနဲ့ ကာကွယ်လို့ ရပါတယ်။ မိမိအရပ်နဲ့ ကိုက်ညီတဲ့ ကိုယ်အလေးချိန်ကို ထိန်းတာ၊ ခါးရိုးကြွက်သား အားကောင်းမယ့် လေ့ကျင့်ခန်း လုပ်တာနဲ့ ဆေးလိပ် ဖြတ်တာတွေ လုပ်ပေးပါ။

မြ၀တီ
လူတော်တော် များများ ခါးနာ တတ်ကြ ပါတယ်။ ခါးကို အသုံးပြု များတာနဲ့ အသက်အရွယ် ကြီးလာတာကြောင့်ပဲ ခါးနာတတ်တာ မဟုတ်ပါဘူး။ အောက်ပါ အကြောင်းအရာ တစ်ခုခု ကြောင့်လည်း ခါးနာ တတ်တယ်လို့ သုတေသန အသစ်တွေ အရ သိရပါတယ်။

မြန်မာ နိုင်ငံ၏ စီးပွားရေး တိုးတက်လာမှု အပေါ် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ ချီးကျူး

Photo: မြန်မာ နိုင်ငံ၏ စီးပွားရေး တိုးတက်လာမှု အပေါ် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ ချီးကျူး ...
Thursday, January 23, 2014

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယခု ဘဏ္ဍာရေး နှစ်တွင် ၇ဒသမ ၅ရာခိုင်နှုန်း တိုးမြင့် လာခဲ့ကြောင်း ဗဟိုဘဏ်၏ အရန်ငွေကြေး ပမာဏကို တိုးမြှင့်ရန်နှင့် နိုင်ငံခြား ငွေကြေး လဲလှယ်မှု ဈေးကွက်ကို လျော့ပါးရန် အတွက် လုပ်ဆောင် ပေးနိုင်ခဲ့သည့် မြန်မာ အစိုးရအား နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMFက ချီးကျူး ပြောကြား ခဲ့သည် ဟု သိရသည်။

သို့သော် မတ်လ အကုန်တွင် ငွေကြေး ဖောင်းပွမှုသည် ၆ ရာခိုင်နှုန်း အထိမြင့်တက် လာနိုင်ဖွယ်ရှိပြီး ယခုနှစ် ဘဏ္ဍာရေးနှစ် နှစ်ကုန်ပိုင်းတွင် ပိုမိုတိုးမြင့်လာ နိုင်ကြောင်း IMFသတိပေး ပြောကြား ထားသည်။

မြန်မာနိုင်ငံသည် ၁၉၅ဝ ပြည့်နှစ် နောက်ပိုင်းက အာရှ၏ စီးပွားရေး အင်အားကြီး နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ၁၉၆၂ခုနှစ် နောက်ပိုင်းတွင် စီးပွားရေး ကျဆင်း သွားခဲ့ကြောင်း သိရသည်။

သို့ရာတွင် လက်ရှိ အစိုးရက နိုင်ငံ့တာဝန်ကို လွှဲပြောင်း ရယူပြီးချိန်မှ စ၍ နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ ဖြေလျှော့မှုများကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ခြင်းကြောင့် မြန်မာ နိုင်ငံနှင့် အခြား အနောက် နိုင်ငံကြီးများ၏ ဆက်ဆံရေးမှာလည်း တိုးတက် လာခဲ့ကြောင်း သိရသည်။

မြ၀တီ
မြန်မာနိုင်ငံ၏ စီးပွားရေးသည် ယခုဘဏ္ဍာရေး နှစ်တွင် ၇ဒသမ ၅ရာခိုင်နှုန်း တိုးမြင့် လာ ခဲ့ကြောင်း ဗဟိုဘဏ်၏ အရန်ငွေကြေး ပမာဏကို တိုးမြှင့်ရန်နှင့် နိုင်ငံခြား ငွေကြေး လဲလှယ်မှု ဈေးကွက် ကို လျော့ ပါးရန် အတွက် လုပ်ဆောင် ပေးနိုင်ခဲ့သည့် မြန်မာ အစိုးရအား နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ IMFက ချီးကျူး ပြောကြား ခဲ့သည် ဟု သိရသည်။

ရေနွေးကြမ်း သောက်ခြင်းဖြင့် လေဖြတ် ရော ဂါကို ကာကွယ် ကြစို့

Photo: ရေနွေးကြမ်း သောက်ခြင်းဖြင့် လေဖြတ် ရော ဂါကို ကာကွယ် ကြစို့
Thursday, January 23, 2014

ရေသောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူ ပြုသည်ကို ပညာရှင်များက ပြောဆို ထားသည်။

မြန်မာ့ရိုးရာ ဓလေ့ထုံးစံ အရ နေ့စဉ် သောက်သုံးနေသော လက်ဖက်ခြောက် ခပ်ထားသည့် ရေနွေးကြမ်းသည် ဆေးတစ်ခွက် ဖြစ်သည်ဟု ဆိုလျှင် မှားမည် မထင်ပေ။ ယနေ့ သုတေသန ပြုလုပ်မှု အရ လေဖြတ်မှု အန္တရာယ်ကို ကာကွယ်ရန် အတွက် နေ့စဉ် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သောက်သုံး သင့်ကြောင်း တွေ့ရှိခဲ့သည်။

နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သုံးသူသည် ရေနွေးကြမ်း လုံးဝ မသောက်သော သူများထက် လေဖြတ်မှု အန္တရာယ် ၂၁ ရာခိုင်နှုန်း လျော့နည်း သည်ကို လေ့လာ တွေ့ရှိရသည်။ သို့သော် ရေနွေးကြမ်း လေးခွက်ထက် လျော့နည်းစွာ သောက်သော သူများတွင် ထိထိရောက်ရောက် အကျိုးမရှိကြောင်း တွေ့ရသည်။ နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သော သူများသည် ဦးနှောက် အတွင်း သွေးခဲနိုင်မှု ၂၁ ရာခိုင် နှုန်း လျော့နည်းကာ လေဖြတ်မှု အန္တရာယ် လျော့ပါးမှုနှင့် ဆက်စပ် နေသည်ကို သုတေသန ပြုလုပ် ရှာဖွေ တွေ့ ရှိ ခဲ့ကြသည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်း မြို့ရှိ ကာရို လင်စကာ တက္ကသိုလ်မှ သိပ္ပံ ပညာရှင်များက အမျိုးသား၊ အမျိုးသမီး ၇၅ဝဝဝ ခန့်ကို လေ့လာခဲ့ရာမှ အဆိုပါ တွေ့ရှိ ချက်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံတွင် တစ်နေ့လျှင် လူ ၂ဝဝခန့် လေဖြတ်၍ သေဆုံးခဲ့ရပြီး အများစုမှာ မသန်စွမ်း ဖြစ်ခဲ့ရာမှ ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ် လေဖြတ် ခံရပါက သေဆုံး သွားသည်ကို တွေ့ရသည်။ လေဖြတ် ခံရသူ ၈၅ ရာခိုင်နှုန်းခန့်သည် ဦးနှောက် သွေးကြော အတွင်း သွေးခဲကာ သွေးစီးဆင်းမှု ရပ်တန့်သွားပြီး လေဖြတ် ဝေဒနာ ခံစားရကာ မသန်စွမ်း ဖြစ်ပွားရသည်။ ကျန်လူနာများမှာ ဦးနှောက် သွေးကြောပေါက်ပြီး အသက် ဆုံးရှုံးခဲ့ရသည်။

ယခင် လေ့လာမှုများ အရ လက်ဖက်စိမ်းက ဦးနှောက် အပေါ် အကာအကွယ် ပေးနိုင်သော အကျိုး အာနိသင် ရှိသည်ကို တွေ့ရှိ ခဲ့သော်လည်း လက်ဖက်ခြောက် (Black Tea) က ဦးနှောက်အား အကာအကွယ် ပေးနိုင်သည် ဆိုသော အထောက် အထားမှာ အလွန် ရှားပါး ပါသည်။ ဆွီဒင် သိပ္ပံပညာရှင် များက ၁၉၉၇ ခုနှစ်မှစ၍ ကျန်းမာသော အရွယ်ရောက်ပြီးသူ လူ ၇၄၉၆၁ ဦးအား လေ့လာ စမ်းသပ်ခဲ့ကြရာ နောက်ထပ် ၁ဝ နှစ်ကျော် ကြာချိန်တွင် စမ်းသပ်ခံသူများ အနက် လူ ၄ဝဝဝ ကျော်မှာ လေဖြတ် ဝေဒနာ ခံစားခဲ့ရသည်။ ယင်းလူနာ အများစုမှာ ဦးနှောက်တွင်း သွေးခဲမှုကြောင့် မစွမ်းမသန် ဖြစ်ခဲ့ကြရသည်။

လေ့လာမှုများ အရ လေဖြတ် နိုင်ဖွယ်ရှိသည့် အခြား အကြောင်းအရာများ ဖြစ်သည့် ဆေးလိပ် သောက်ခြင်းနှင့် သွေးတိုး တက်ခြင်းတို့ကိုပါ ထည့်သွင်း စဉ်းစားခြင်း မပြုကြဘဲ ရေနွေးကြမ်း သောက်သည့် အလေ့အထ ကို လေ့လာ စောင့်ကြည့် ခဲ့ကြသည်။

ပညာရှင်များက တစ်နေ့လျှင် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သို့မဟုတ် ပိုသောက်သော သူများသည် သိသိသာသာ အကျိုး သက်ရောက်မှု ရှိသည်ကို တွေ့ရှိ ခဲ့သည်။ လက်ဖက် ခြောက်တွင် ပါဝင်သော ဖလေဗွန် နွိုက်ဓာတ် ပစ္စည်းက နှလုံးနှင့် ဦးနှောက်အတွက် အကောင်းဆုံး အကာအကွယ် ပေးသည်ကို တွေ့ရှိခဲ့သည်။ အဆိုပါ ဓာတ်ပစ္စည်းက နှလုံး သွေးကြော ဆိုင်ရာ အန္တရာယ် ကိုလည်း ထိရောက်စွာ အကာအကွယ် ပေးနိုင်ကြောင်း ပညာရှင်များက ပြောကြားခဲ့သည်။ ထို့ကြောင့် နေ့စဉ် ရေနွေးကြမ်း အနည်းဆုံး လေးခွက် သောက်သုံးပါက လေဖြတ်မှု အန္တရာယ်ကို ကာကွယ်နိုင်သည်။ သို့သော်လည်း နေ့စဉ် ရေနွေးကြမ်း လေးခွက်နှင့် အထက် သောက်သုံးသော အမျိုးသားနှင့် အမျိုးသမီး တို့သည် ရေနွေးကြမ်း လုံးဝ မသောက်သူများထက် လေဖြတ်နိုင်မှု ၂၁ ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ လေဖြတ်ရောဂါမှ ကင်းဝေး လိုလျှင် ရေနွေးကြမ်း များများ သောက်ပါဟု တိုက်တွန်း လိုက်ရ ပေသည်။ ။

မြ၀တီ
ရေသောက်ခြင်းသည် ကျန်းမာရေးကို အထောက်အကူ ပြုသည်ကို ပညာရှင်များက ပြောဆို ထားသည်။

မျက်စိအားကောင်းစေရန်

Photo: မျက်စိအားကောင်းစေရန်
Thursday, January 23, 2014

မျက်စိ အားကောင်းစေရန် အောက်ပါ အချက်များကို လိုက်နာ သင့်ပါတယ်။

(၁) ငါးများများ စားပေးပါ။ ငါးများမှာ မျက်ခုံးထဲက မျက်ရည် ခမ်းခြောက်ခြင်းကို တားဆီးပေးတဲ့ omega-3 fatty acid များစွာ ပါဝင်တယ်။ ငါးမကြိုက်သူများ ငါကြီးဆီ ဆေးလုံးများကို အသုံးပြု နိုင်ပါတယ်။

(၂)ရေကူးမယ် ဆိုရင် ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ ရေထဲက ကလိုရင်း ဓါတ်တွေကို အကာအကွယ် ပေးတယ် ။ဆောက်လုပ်ရေးတို.၊ စက်ပြင်ဆရာတို.ဆိုရင်လည်း အကာအကွယ် မျက်မှန် တပ်ဆင် သင့်ပါတယ်။ မတော်တဆ ထိခိုက်မှုတွေ ဖြစ်တပ်ပြီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက် စေနိုင်ပါတယ်။

(၃) ကားမောင်းစဉ် လေအေးပေးစက် ဒလက်ပြား တွေကို မျက်နှာ တည့်တည့် မချိန်ထားဘဲ ခြေထောက်လောက် အထိကို ချိန်ထားပါ။ မျက်နှာ တည့်တည့် ထားရင် လေအေးပေးစက်က ထွက်လာတဲ့ လေဟာ မျက်လုံးထဲက မျက်ရည်တွေကို ရေမြုပ်လို စုပ်ယူ တက်တယ်။ ဒါကြောင့် ခြေထောက်လောက်ကို စိုက်ထားပါ။ မျက်ရည် ခမ်းခြောက်တာ များသွားရင် မျက်ကြည်လွှာ ပျက်စီး တက်ရုံမက ကြာရင် မျက်စိပါ ကွယ်သွား နိုင်ပါတယ်။

(၄)ဟင်းချက်ရင် အခြား ကြက်သွန်တွေထက် ကြက်သွန်နီကို ပိုသုံးပေးပါ။ ကြက်သွန်နီမှာ မျက်စိတိမ် ကွယ်ခြင်းမှ ကာကွယ်ပေးတဲ့ ဓါတ်တစ်မျိုး ပါဝင်လို.ပါ။

(၅)အိမ်အပြင် နေကူထဲ သွားရင် နေကာ မျက်မှန် တပ်ပေးပါ။ စူရှတဲ့ နေရောင်ခြည်ကို ကာကွယ် ပေးရုံမက လေတိုက် ခတ်ခြင်းကြောင့် ဖြစ်ပေါ် လာတတ်တဲ့ မျက်ရည် ခမ်းခြောက် ခြင်းကိုလည်း ကာကွယ် ပေးပါတယ်။

(၆) ညစာစားတဲ့ အခါ စိမ်းစာဥ စားပေး သင့်တယ်။ ညမြင်ကွင်း ပိုကောင်းစေတဲ့ vitamin a ပါဝင်တယ်။

(၇)ညအိပ်ရာ မဝင်ခင် မျက်စိ တစ်ဝိုက်နားက မိတ်ကပ်တွေ ဖယ်ရှားပေးပါ။ မိတ်ကပ် အပိုင်းအစ ကလေး တွေဟာ မျက်ကြည်လွှာကို ခြစ်သွား နိုင်တယ်။

(၈)သန့်ရှင်းတဲ့ မျက်နှာသုတ် ပုဝါကို သုံးပါ။ အခြားသူတွေ သုံးတဲ့ မျက်နှာသုတ် ပုဝါကို မသုံးပါနဲ.။conjunctivitus လို.ခေါ်တဲ့ ကူးစက်မြန် မျက်စိ ရောဂါ ဖြစ်စေတယ်။

(၉)စာဖတ် စာကျက်တဲ့ ကျောင်းသူ ကျောင်းသားတွေ ဆိုရင် မိနစ် သုံးဆယ် ပြည့်တိုင်း စာအုပ်ကို ခဏချပြီး ခပ်လှမ်းလှမ်းကို စကန်. သုံးဆယ် လောက်ကြည့် သင့်တယ်။ (နာရီသံပတ် ပေးပြီး နှိုးဆော်ပါ)

(၁၀)တစ်လတစ်ခါ သွေးပေါင်ချိန် တိုင်းသင့်တယ်။ သွေးပေါင်ချိန် မြင့်ရင် မျန်စိထဲက သွေးကြော တွေကို ဒုက်ခ ပေးနိုင်တယ်။

၁၁) စပယ်နဲ.ပါတဲ့ ရေမွှေးကို သုံးပေးရင် မျက်စိ အားကောင်းတယ်။ စပယ်ပန်း ရနံ.ဟာ ဦးနှောက် ရှေ.ပိုင်းက beta လှိုင်းတွေကို ဖြစ်ပေါ်စေပြီး နိုးကြား ထက်မြက်မှုနဲ. မျက်စိ အားကောင်းခြင်း တို.ကို ဖြစ်စေတယ်။

(၁၂)ဇီးရောင် နေကာ မျက်မှန်ထက် မီးခိုးရောင် နေကာ မျက်မှန်ကို သုံးပါ။ အရောင် သွေဖယ်မှု နည်းတယ်။ ယာဉ်ကောင်တဲ့ အခါ ပိုအရေး ကြီးတယ်။

(၁၃)အငန်လျှော့ စားသင့်တယ်။ အငန်ဓါတ်များရင် မျက်စိမှာ တိမ်ဖြစ်ဖို. အခြေအနေ ပိုပေး တက်တယ်။ ဆားလျှော့စားပါ။

မြ၀တီ
မျက်စိ အားကောင်းစေရန် အောက်ပါ အချက်များကို လိုက်နာ သင့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွက်ဟုဆိုကာ ငွေလိမ်ကောက်သည့် ရပ်ကွက်စည်းရုံးရေးမှူး ပါတီဝင်အဖြစ်ရပ်စဲ

မီဒီယာသမားများနာမည် အသုံးပြု၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ရှမ်းပြည်နယ်၊ နမ့်စန်ခရီးစဉ် အတွက်ဟုဆိုကာ တောင်ကြီးမြို့ပေါ်တွင် ငွေလိမ်လည် ကောက်ခံသည့် တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက်မှ NLD ပါတီစည်းရုံးရေးမှူးကို ပါတီဝင်အဖြစ်မှ ရပ်စဲလိုက်ကြောင်း တောင်ကြီးခရိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ပြောကြားသည်။

ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးမှု များပါက မိန်းမလျာ မွေးဖွားနိုင်

Photo: ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးမှု များပါက မိန်းမလျာ မွေးဖွားနိုင်
Thursday, January 23, 2014

အမျိုးသမီး များသည် ကိုယ်ဝန် ဆောင်စဉ် ကာလအတွင်း စိတ်ဖိစီးမှု ခံစားရပါက မွေးဖွားလာသည့် ကလေး သည် မိန်းမလျာ ဖြစ်နိုင်ခြေ များကြောင်း အငြင်းပွားလျက် ရှိသော စာအုပ်တစ် အုပ်၏ ဖော်ပြချက် အရ သိရသည်။

ကိုယ်ဝန်ဆောင် မိခင်၏ ဘဝ နေထိုင်မှု ပုံစံသည် ဟော်မုန်း၊ ဦးနှောက် အချိုးအစား အား ပြောင်းလဲစေကာ မွေးဖွား လာမည့် ကလေးအား အကျိုး သက်ရောက်မှု ရှိစေကြောင်း သိရသည်။

ထို့အပြင် ဆေးလိပ် သောက်သုံးခြင်း (သို့မဟုတ်) မူးယစ်ဆေးဝါးသုံး စွဲခြင်းကြောင့်လည်း မိန်းမလျာလေး မွေးဖွားစေနိုင်ကြောင်း နှင့် လိင်တူ စုံမက် သူဖြစ်စေနိုင်ကြောင်း ဒတ်ခ်ျအာရုံကြော ဆိုင်ရာ သိပ္ပံပညာရှင် ဒစ်က်ဆွက်ဘ်က အဆိုပါ စာအုပ်၌ ဖော်ပြထားပြီး နောက် စာမျက်နှာ တစ်ခု၌ မိခင်၏ ဘဝနေထိုင် မှု ပုံစံကြောင့်လည်း လိင်တူ စုံမက်သူ မွေးနိုင်ကြောင်း ဆိုထားသည်။

ပါမောက္ခ ဆွက်ဘ်က သန္ဓေသား၏ လိင်အင်္ဂါသည် မိခင်၏ သားအိမ် အ တွင်း၌ ရှိနေစဉ် အတွင်း သတ်မှတ်ပြီး သား ဖြစ်ကြောင်း လက်ခံ ထားကာ အခြား ပါမောက္ခ များက မိခင်၏ ဘဝနေ ထိုင်မှု ပုံစံသည် ကလေးငယ်အား အကျိုး သက်ရောက်မှု ရှိစေကြောင်း ဆိုပြန် သည်။

ဥပမာဆိုရလျှင် ဝသော ဖခင်တစ် ဦးမှ မွေးဖွားလာသည့် သမီးများသည် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ များပြားပြီး အဝ လွန်ရောဂါ ခံစားရမည်ဖြစ်သည်။

ကိုယ်ဝန်ဆောင် မိခင်သည် နီကို တင်း (သို့မဟုတ်) စိတ်ကြွဆေးများ သုံးစွဲပါက ယောက်ျားလျာ စိတ်ဝင်နေ သော သမီးများ မွေးဖွားနိုင်ကြောင်း သိရသည်။

ထို့အပြင် စိတ်ဖိစီးမှုဖြစ်သည့် ဟော်မုန်းသည် သန္ဓေသား၏ လိင်အင်္ဂါ ဟော်မုန်းအား သက်ရောက်မှုရှိကြောင်း သိရသည်။

Popular Myanmar News Journal
အမျိုးသမီးများသည် ကိုယ်ဝန် ဆောင်စဉ်ကာလအတွင်း စိတ်ဖိစီးမှု ခံစားရပါက မွေးဖွားလာသည့် ကလေး သည် မိန်းမလျာဖြစ်နိုင်ခြေများကြောင်း အငြင်းပွားလျက်ရှိသော စာအုပ်တစ်အုပ်၏ ဖော်ပြချက်အရ သိရသည်

ဖက်ဒရယ် တပ်မတော်စနစ် လေးဝါးညီလာခံ မူကြမ်းမှာ ထည့်သွင်းရေးဆွဲ

Photo: ဖက်ဒရယ် တပ်မတော်စနစ် လေးဝါးညီလာခံ မူကြမ်းမှာ ထည့်သွင်းရေးဆွဲ
Thursday, January 23, 2014

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အမည်နာမသတ်မှတ်မှုမှာ "တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်" အဖွဲ့လို့ခေါ်ဆိုဖို့ ဆုံးဖြတ်လိုက်တဲ့အပြင် ဖက်ဒရယ်တပ်မတော်နဲ့ ပတ်သက်ပြီးတော့လည်း မူကြမ်းထဲမှာ အခန်းတစ်ခုအနေနဲ့ ထည့်သွင်းရေးဆွဲထားတယ်လို့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာက RFA ကို ပြောပါတယ်။

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ လေးဝါးမှာကျင်းပနေတဲ့ ဒီနေ့ ၄ ရက်မြောက်နေ့ ဆွေးနွေးပွဲအပြီးမှာ ဦးနိုင်ဟံသာက အခုလို ပြောပါတယ်။

“ကျနော်တို့က အချောမရိုက်ရသေးဘူးဗျ၊ ဒီပြင်ဆင်ချက်တွေကို ကျနော်တို့ အချောပြန်ရိုက်ပြီးတော့မှ တင်ပေးရဦးမယ်၊ ဒါကတော့ အားလုံးဆွေးနွေးပြီးသွားပြီဗျ၊ သဘောကတော့ တော်လှန်ရေးစာလုံးကိုတော့ ကျနော်တို့က ပြန်ထည့်ရတယ်၊ အဲဒီပြည်ထောင်စု တပ်မတော်ကိစ္စကိုတော့ ကျနော်တို့ အခံတစ်ခုအနေနဲ့ ထည့်ထားတာပေါ့ဗျာ၊ ဒါပေမယ့် ဒါကိုတော့ နိုင်ငံရေးဆွေးနွေးတဲ့ အခါကျရင်တော့ ပါဝင်ဖို့ဆိုပြီးတော့မှ အဲလောက်ပဲထည့်ထားတာပါ”

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ တက်ရောက်နေတဲ့ ဒီညီလာခံဟာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့အတွက် မူကြမ်းတစ်ခုရအောင် ဆွေးနွေးနေတာပါ။

ဒီကနေ့ ဆွေးနွေးမှုမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ NCCT က ရေးဆွဲထားတဲ့ အခန်း ၁၁ ခန်းပါ အပစ်ခတ်ရပ်စဲရေးဆိုင်ရာ မူကြမ်းကို အပြီးသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲကို မနက်ဖြန် ဆက်လက်ကျင်းပမှာဖြစ်ပြီး အပစ်ခတ်ရပ်စဲမှုဆိုင်ရာ မူကြမ်းကို အတည်ပြုမှာ ဖြစ်ပါတယ်။

RFA Burmese
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အမည်နာမသတ်မှတ်မှုမှာ "တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်" အဖွဲ့လို့ခေါ်ဆိုဖို့ ဆုံးဖြတ်လိုက်တဲ့အပြင် ဖက်ဒရယ်တပ်မတော် နဲ့ ပတ်သက်ပြီးတော့လည်း မူကြမ်းထဲမှာ အခန်းတစ်ခုအနေနဲ့ ထည့်သွင်းရေးဆွဲထားတယ်လို့ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု ဗဟိုညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာက RFA ကို ပြောပါတယ်။

တောင်တရုတ်ပင်လယ်၌ ကင်းလှည့်မှုများ ထပ်မံလုပ်ဆောင်ရန် တရုတ်စီစဉ်

Photo: တောင်တရုတ်ပင်လယ်၌ ကင်းလှည့်မှုများ ထပ်မံလုပ်ဆောင်ရန် တရုတ်စီစဉ်
Thursday, January 23, 2014

တရုတ်နိုင်ငံက တန်ချိန် ၅၀၀၀ ရှိသည့် ကင်းလှည့်ရေယာဉ် အသုံးပြုပြီး တောင်တရုတ်ပင်လယ် အတွင်း၌ အရပ်ဘက် စောင့်ကြည့် ကင်းလှည့်မှုအသစ်များ ထပ်မံလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သွားခြင်းကြောင့် ပိုင်နက် အငြင်းပွားမှုများ ပိုမိုတင်းမာလာနိုင်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

တန်ချိန် ၅၀၀၀ ရှိ ကင်းလှည့်သင်္ဘော တစ်စင်းကို ဒေသခံ အာဏာပိုင်တွေက ပေးအပ်သွားမည်ဖြစ်ပြီး ကင်းလှည့်သင်္ဘော သုံးစင်းပါသည့် ပုံမုန်ကင်းလှည့်ရေး စနစ်တစ်ခုကို တည်ထောင်သွားမည်ဟု တရုတ်သမုဒ္ဒရာ သတင်းတွင် ဖော်ပြထားသည်။

အမျိုးသား အချုပ်အခြာအာဏာ ကာကွယ်စောင့်ရှောက်ရန်၊ ရေကြောင်း ကူညီထောက်ပံ့မှု တိုးတက် လုပ်ဆောင်ရန်၊ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေး လုပ်ဆောင်ရန်တို့အတွက် ကင်းလှည့်စနစ်ကို တည်ထောင်ခြင်း ဖြစ်ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ် ဒေသအများစုကို ဘေဂျင်းက တောင်းဆိုထားပြီး ဆန်ရှမြို့ အုပ်ချုပ်ရေးအောက်တွင် ယင်းနယ်မြေများကို ထည့်သွင်းထားသည်။

ထို့အပြင် နယ်မြေပိုင်ဆိုင်ရေး တောင်းဆိုချက်များ ခိုင်မာစေရေး တရုတ်နိုင်ငံက လှုပ်ရှားမှု အသေးစားများ လုပ်ဆောင်လျက်ရှိပြီး ယင်းကဲ့သို့သော ဖြစ်ရပ်များ ပေါ်ပေါက်လာပါက ဒေသတွင်းရှိ နိုင်ငံများနှင့် တင်းမာမှုများ ပေါ်ပေါက်လျက်ရှိသည်။

ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်နိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ် တစ်စိတ်တစ်ဒေသကို ပိုင်ဆိုင်ကြောင်း တောင်းဆိုထားသည်။

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် အုပ်ချုပ်ရေးအောက်တွင် ထည့်သွင်းထားသည့် တောင်တရုတ်ပင်လယ် ရေပြင်အတွင်း ဝင်ရောက် ငါးဖမ်းလိုသည့် နိုင်ငံခြားသင်္ဘောများ ခွင့်ပြုချက်ယူရမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း တရုတ်နိုင်ငံက ဥပဒေ ထုတ်ပြန်လိုက်သဖြင့် အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံများက ဝေဖန်ခဲ့သည်။

ထို့အပြင် အငြင်းပွားမှုများ ဖြစ်ပွားနေသော အရှေ့တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက နိုဝင်ဘာလအတွင်း လေကြောင်းရန် ကာကွယ်ရေးဇုန်တစ်ခု တည်ထောင်လိုက်သဖြင့် ဒေသတွင်းရှိ ဂျပန်နှင့် အမေရိကန် နှစ်နိုင်ငံက အငြင်းအထန် ကန့်ကွက်လျက် ရှိသည်။

Myawady New
တရုတ်နိုင်ငံက တန်ချိန် ၅၀၀၀ ရှိသည့် ကင်းလှည့်ရေယာဉ် အသုံးပြုပြီး တောင်တရုတ် ပင်လယ် အတွင်း၌ အရပ်ဘက် စောင့်ကြည့် ကင်းလှည့်မှုအသစ်များ ထပ်မံလုပ်ဆောင် သွားမည်ဟု ထုတ်ပြန်သွားခြင်းကြောင့် ပိုင်နက် အငြင်းပွားမှုများ ပိုမိုတင်းမာလာနိုင်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ယူကရိန်း ဆန္ဒပြသူတွေကို ရဲက နှိမ်နင်းမှုကြောင့် ၃ ဦးသေဆုံး

Photo: ယူကရိန်း ဆန္ဒပြသူတွေကို ရဲက နှိမ်နင်းမှုကြောင့် ၃ ဦးသေဆုံး
Thursday, January 23, 2014

ယူကရိန်းနိုင်ငံ ကိဗ်မြို့က ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခမှာ လူ ၃ ဦးသေဆုံးပြီး ရာကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဇန်န၀ါရီ ၂၂ ရက်နေ့က ဆိုပါတယ်။

ဒီအကြမ်းဖက်မှုတွေဟာ အစိုးရနဲ့ ဆန္ဒပြသူတွေကြား ၃ ရက်မြောက် ထိပ်တိုက် တွေ့ဆုံမှုတွေပဲ ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေ ပြင်းထန်လာတာဟာ ပြီးခဲ့တဲ့ရက် ဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူ ၃ ဦး သေဆုံးခဲ့တာကြောင့် ဖြစ်ပါတယ်။

အစိုးရနဲ့ အတိုက်အခံတွေက ၂ လကြာ အမှုတွေကို အဆုံးသတ်ဖို့ ဆွေးနွေး ခဲ့ကြပေမယ့် ဇန်န၀ါရီ ၂၁ ရက်နေ့ညက ဆွေးနွေးပွဲ ပျက်ပြားခဲ့ပါတယ်။

အစိုးရက ပြီးခဲ့တဲ့အပတ်က လူထုစုရုံးခွင့်တွေကို ပိတ်ပင်တဲ့ ဥပဒေတွေ ပြဌာန်း ခဲ့ပြီး နောက်ပိုင်း အခုလို အခြေအနေတွေ ပိုဆိုးခဲ့တယ်လို့လည်း ဆိုပါတယ်။

ယူကရိန်းဝန်ကြီးချုပ်က ဆန္ဒပြသူတွေကို အကြမ်းဖက်သူတွေအဖြစ် စွပ်စွဲခဲ့ပြီး ဆန္ဒပြသူ တွေ ထိခိုက်သေဆုံးမှုဟာ ဆန္ဒပြသူတွေရဲ့ လုပ်ရပ်နဲ့ပဲ ဆိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

DVB
ယူကရိန်းနိုင်ငံ ကိဗ်မြို့က ဆန္ဒပြသူတွေနဲ့ ရဲတွေ ပဋိပက္ခမှာ လူ ၃ ဦးသေဆုံးပြီး ရာကျော် ဒဏ်ရာရရှိခဲ့ တယ်လို့ ဇန်န၀ါရီ ၂၂ ရက်နေ့က ဆိုပါတယ်။

လှိုင်သာယာတွင် ကျူးကျော်အိမ် တစ်ထောင်ကျော်ကို ဒုတိယအကြိမ် ထပ်မံဖယ်ရှား

Photo: လှိုင်သာယာတွင် ကျူးကျော်အိမ် တစ်ထောင်ကျော်ကို ဒုတိယအကြိမ် ထပ်မံဖယ်ရှား
Thursday, January 23, 2014

ရန်ကုန်မြို့တော် လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်နေအိမ်များကို အစိုးရက ဖယ်ရှား ရှင်းလင်းလျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်အစောပိုင်းက ဒုတိယမြောက်နေ့အဖြစ် (၁၅) ရပ်ကွက်၊ ရွှေလင်ပန်း ချောင်းဘေးရှိ ကျူးကျော်နေအိမ် တစ်ထောင်ကျော်ကို ဖယ်ရှား ရှင်းလင်းခဲ့ကြောင်း နေအိမ် ဖျက်ဆီးခံရသော ကျူးကျော် နေထိုင်သူများထံမှ သိရသည်။

ယနေ့ ရှင်းလင်းသည့် နေအိမ်များမှာ လှိုင်သာယာမြို့နယ် (၁၅) ရပ်ကွက်၊ ရွှေလင်ပန်းချောင်းဘေးရှိ စည်ပင်သာယာပိုင် မြေပေါ်မှ ကျူးကျော်နေအိမ်များ ဖြစ်ပြီး စုစုပေါင်း ၁၂၀၀ ဝန်းကျင် ရှိကြောင်း နံနက် ၆ နာရီဝန်းကျင်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ၅၀၀ ဝန်းကျင်နှင့် စည်ပင်သာယာ ဝန်ထမ်းများ၊ အုပ်ချုပ်ရေး တာဝန်ရှိသူများ စုစုပေါင်း ၇၀၀ ဝန်းကျင်က လာရောက် ရှင်းလင်း ဖယ်ရှားခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောဆိုသည်။

ရှင်းလင်းဖယ်ရှား ခံရသူများ၏ အဆိုအရ ကျူးကျော်တဲ ၁၂၀၀ ကျော် ဖျက်ဆီးခံရသည်ဟု သိရသော်လည်း လာရောက် ရှင်းလင်းရာတွင် ကိုယ်တိုင် ပါဝင်သူတစ်ဦး၏ အဆိုအရမူ အိမ် ၂၀၀ ကျော်သာ ရှင်းလင်းခဲ့ကြောင်း သိရသည်။

“စာရင်းရှိတာက ၂၁၆ လုံးပါ။ ဒါပေမဲ့ စာရင်းကောက်တဲ့သူက လမ်းဘေး ရှေ့မျက်နှာစာတန်းကိုပဲ အကြမ်းဖျင်း ကောက်တာ၊ နောက်မှာ ကပ်လျက်ဆောက် ထားတာတွေလည်း ရှိသေးတော့ ၂၅၀ ဝန်းကျင်တော့ ရှိလိမ့်မယ်” ဟု ၎င်းကဆိုသည်။
“မဖျက်ခင်မှာ ၁၅ မိနစ်အတွင်း ပစ္စည်းတွေ သိမ်းပေးဖို့ အသံချဲ့စက်နဲ့ လှည့်အော်တယ်။ လူတော်တော်များများကတော့ ဖျက်မယ်ဆိုတာ ကြိုသိထားလို့ ညကတည်းက လမ်းပေါ်ကို ရွှေ့ထားကြတယ်။ အိပ်တော့လည်း လမ်းပေါ်မှာပဲ” ဟု ၎င်း၏အိမ် ရှင်းလင်းခံရသူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။

လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသည် နံနက် ၂ နာရီဝန်းကျင်ကပင် အဆိုပါ နေရာသို့ ရောက်ရှိနေပြီး ကျူးကျော် ရပ်ကွက်ရှိ အဝင်၊ အထွက်လမ်းများကို ပိတ်ဆို့ စောင့်ကြည့်ခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူများက ပြောကြားသည်။

ကျူးကျော် နေထိုင်သူများသည် ပြီးခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ အဆိုပါ နေရာတွင် နေအိမ်များ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ပြီး အများစုမှာ လှိုင်သာယာမြို့နယ် (၁၅) ရပ်ကွက်ရှိ အငှားတန်းလျားများတွင် နေထိုင်ခဲ့သူများ ဖြစ်သည်ဟု ဆိုသည်။
“ချုံတွေ၊ တောတွေကလည် အပြည့်ပဲ။ မြွေတွေလည်း တွေ့တယ်။ ပြီးတော့ အမှိုက်တွေကလည်း နံစော်နေတာပဲ။ ကျွန်တော်တို့ ရှင်းခဲ့ရတာ။ အဲဒီတုန်း ကတည်းက နေလို့မရဘူးပြောရင် ဘယ်နေ ပါ့မလဲ။ အခုတော့ လုပ်အားခလည်း ရှုံးတယ်။ အိမ်ဖိုးလည်း ဆုံးတယ်” ဟု လှိုင်သာယာ (၁၅) ရပ်ကွက်တွင် အိမ်ငှားနေထိုင်ခဲ့ရာမှ ကျူးကျော်အိမ် ဆောက်လုပ်နေထိုင်ခဲ့သော ဦးမောင်မြင့်က ဆိုသည်။

အဆိုပါ ကျူးကျော် နေအိမ်များ ရှင်းလင်းရာတွင် စည်ပင်သာယာဝန်ထမ်း ၁၅၀ ဦးခန့်နှင့် ရပ်ကွက်နေပြည်သူ ၂၀၀ ဝန်းကျင် ပါဝင်ပြီး လုံခြုံရေးရဲတပ်ဖွဲ့ အင်အားကိုမူ မသိရှိကြောင်း၊ နေအိမ်များ ဖယ်ရှားရှင်းလင်းမည်ကို ဇန်နဝါရီလ ၁၇၊ ၁၈ နှင့် ၁၉ ရက်နေ့တို့တွင် သတိပေး အကြောင်းကြားခဲ့ကြောင်း လှိုင်သာယာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

နေအိမ်များ ဖယ်ရှားရန် လာသူများကို ကျူးကျော် နေထိုင်သူ အမျိုးသမီး ၃၀ ဝန်းကျင်က ရပ်ကွက်အတွင်းသို့ ဝင်ရောက်ရာလမ်း၌ ဝါးလုံးများဖြင့် ပိတ်ဆို့ ဟန့်တားခဲ့သော်လည်း နောက်ပိုင်းတွင် ပြန်လည် ရုပ်သိမ်းသွားခဲ့ကြောင်း၊ ယနေ့ ဖယ်ရှားခဲ့သည့် နေအိမ် အရေတွက်မှာ ၂၅၀ ဝန်းကျင်သာရှိပြီး အများစုမှာ နေထိုင်ခြင်းမရှိသည့် နေအိမ်များ ဖြစ်ကြောင်း နေအိမ်များ ရှင်းလင်းဖယ်ရှားရာတွင် ကိုယ်တိုင် ပါဝင်ခဲ့သူတစ်ဦးက The Voice သို့ ပြောကြားသည်။

ဖယ်ရှား ရှင်းလင်းခံရသည့် မိသားစုများအနက် လူဦးရေ ၂၀ ခန့်မှာ ပြောင်းရွှေ့ နေထိုင်ရန် အခက်အခဲများ ဖြစ်နေသဖြင့် အဆိုပါနေရာ အနီးတွင်ပင် ဆက်လက်နေထိုင်လျက် ရှိသေးကြောင်း လုံခြုံရေး တာဝန်ကျ အမျိုးသားတစ်ဦးက ယနေ့ညပိုင်းတွင် ဆက်သွယ် ပြောဆိုသည်။

ယခုနှစ်အတွင်း ကျူးကျော်နေအိမ်များ ရှင်းလင်းဖယ်ရှားမှုများ ဆက်တိုက် ပြုလုပ်လျက်ရှိရာ ဇန်နဝါရီလ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် လှိုင်သာယာမြို့နယ်နှင့် တွံတေးမြို့နယ်အကြားရှိ ပန်းလှိုင်မြစ်ကမ်းဘေး အပါအဝင် လှိုင်သာယာ-တွံတေး ကားလမ်း ဝဲယာရှိ ကျူးကျော်နေအိမ် သုံးထောင်ဝန်းကျင်နှင့် ဇန်နဝါရီလ ၂၁ ရက်နေ့က လှိုင်သာယာမြို့နယ် (၁၉) ရပ်ကွက်ရှိ နေအိမ် ၁၀၀ ဝန်းကျင်တို့ကို ဖယ်ရှား ရှင်းလင်းခဲ့သည်။

The Voice Weekly
ရန်ကုန်မြို့တော် လှိုင်သာယာမြို့နယ်ရှိ ကျူးကျော်နေအိမ်များကို အစိုးရက ဖယ်ရှားရှင်းလင်းလျက်ရှိရာ ဇန်နဝါရီလ ၂၂ ရက်နေ့ နံနက်အစောပိုင်းက ဒုတိယမြောက်နေ့အဖြစ် (၁၅)ရပ်ကွက်၊ ရွှေလင် ပန်း ချောင်းဘေးရှိ ကျူးကျော်နေအိမ် တစ်ထောင်ကျော်ကို ဖယ်ရှားရှင်းလင်း ခဲ့ကြောင်း နေအိမ် ဖျက်ဆီး ခံရသော ကျူးကျော် နေထိုင်သူများထံမှ သိရသည်။

ပလိပ်အထည်စက်ရုံ ဝန်ထမ်း တစ်ရာကျော် မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ပေးမည်

Photo: ပလိပ်အထည်စက်ရုံ ဝန်ထမ်း တစ်ရာကျော် မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ပေးမည်
Thursday, January 23, 2014

စက်မှုဝန်ကြီးဌာန အောက်ရှိ အမှတ် ၂ အထည်စက်ရုံ (ပလိပ်)ကို ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပုဂ္ဂလိက ကုမ္ပဏီသို့ လွှဲအပ်စဉ်က ယင်းစက်ရုံ ဝန်ထမ်း ၁၁၁ ဦးသည် အစိုးရဝန်ထမ်း အဖြစ် ဆက်လက် လုပ်ကိုင်လိုကြောင်း အဆိုပြုခဲ့ရာ အဆိုပါ ဝန်ထမ်း တစ်ရာကျော်ကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်စေမည် ဖြစ်ကြောင်း ယင်းဌာန စက်ရုံတာဝန်ခံ ဦးစောလွင်က ပြောကြားသည်။

“ပြောင်းရွှေ့ခွင့် ညွှန်ကြားစာကို ၂၀ ရက်နေ့က ရပါတယ်။ အစိုးရဝန်ထမ်း အဖြစ် ဆက်လုပ်မယ်ဆိုပြီး အဆိုပြုထားတဲ့ အတွက် အခုလို ပြောင်းရွှေ့ ခံရတာပါ။ သံမဏိစက်ရုံမှာ ဇန်နဝါရီလ ၂၇ ရက်နေ့ အလုပ်စ ဝင်ရပါမယ်” ဟု အဆိုပါ မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ခံရသူ ဝန်ထမ်း တစ်ဦးက The Voice သို့ ပြောကြားသည်။

လက်ရှိ အဆိုပါ အမှတ် ၂ အထည် စက်ရုံ(ပလိပ်) စက်ရုံ ဝန်ထမ်း ၆၀၀ ဦးကျော် (အဆိုပြုထားသူ ၁၁၁ ဦးမပါ) သည် ဇန်နဝါရီလ ၁၆ ရက်နေ့ စတင်ကာ ဆန္ဒဖော်ထုတ်လျက်ရှိရာ ၂၀၁၅ ခုနှစ်အထိ အစိုးရဝန်ထမ်း အဖြစ် ဆက်လက်တာဝန် ထမ်းဆောင်ခွင့် ရရှိရေး အချက်မှလွဲ၍ ကျန်တောင်းဆိုချက် ၁၂ ချက်ကို ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း ယင်းဆန္ဒ ထုတ်ဖော်နေသူများ ထံမှ သိရှိရသည်။

ယင်းကဲ့သို့ ဆန္ဒပြတောင်းဆိုနေမှုများ ပြုလုပ်နေစဉ်အတွင်း အစိုးရဝန်ထမ်း အဖြစ် ဆက်လက် လုပ်ကိုင်ရန် ပြီးခဲ့သည့် စက်တင်ဘာလကပင် အဆိုပြုထားသူ ဝန်ထမ်း ၁၁၁ ဦးကိုသာ စက်မှုဝန်ကြီး ဌာနအောက်ရှိ မြင်းခြံ သံမဏိစက်ရုံသို့ ပြောင်းရွှေ့ လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း ယင်းစက်ရုံ တာဝန်ရှိသူထံမှ သိရှိရသည်။

The Voice Weekly
စက်မှုဝန်ကြီးဌာန အောက်ရှိ အမှတ် ၂ အထည်စက်ရုံ (ပလိပ်)ကို ၂၀၁၃-၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်ကာ ပုဂ္ဂလိက ကုမ္ပဏီသို့ လွှဲအပ်စဉ်က ယင်းစက်ရုံ ဝန်ထမ်း ၁၁၁ ဦး သည် အစိုးရဝန်ထမ်းအဖြစ် ဆက်လက်လုပ်ကိုင်လိုကြောင်း အဆိုပြုခဲ့ရာ အဆိုပါဝန်ထမ်းတစ်ရာကျော်ကို ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်ကာ မြင်းခြံသံမဏိစက်ရုံသို့ ပြောင်းရွှေ့ တာဝန်ထမ်း ဆောင်စေမည် ဖြစ်ကြောင်း ယင်းဌာနစက်ရုံ တာဝန်ခံ ဦးစောလွင်ကပြောကြားသည်။

အမြန်ဆုံးအရေးယူသင့်သည့် အကြံသမား ဟန်ဝင်းအောင်

ရန်ကုန်မှာ မီးတွေပျက်တဲ့ကိစ္စနဲ့ ဖယောင်းတိုင်ထွန်း ဆန္ဒပြမှုမှ အစပြုကာ တစ်စတစ်စ လူသိများလာသူ တစ်ဦး ကတော့ ဟန်ဝင်းအောင်ပဲဖြစ်ပါတယ်။ ဟန်ဝင်းအောင်ဟာ ၁၉၉၄ ခုနှစ်က ကျောင်းသားသမဂ္ဂကို တရား မ၀င် ပြန်လည် ထူထောင်လိုမှုနဲ့ ထောင် ၇ နှစ် ကျခံခဲ့ရပြီး၊ ၂၀၀၃ ခုနှစ်မှာလည်း တရားမ၀င်စာရွက် စာတမ်း ဖြန့်ဝေမှုနဲ့ နောက်ထပ် အဖမ်းခံခဲ့ရ ပါတယ်။ ၂၀၁၀ ခုနှစ် ဒီဇင်ဘာမှာတော့ ပြန်လည် လွတ်မြောက် လာခဲ့ပါတယ်။

ကားပေါ်တွင် အိပ်နေသူထံမှ ပိုက်ဆံအိတ် လုယူထွက်ပြေး

အလုံမြို့နယ်တွင် ကားရပ်ပြီး ကားပေါ်တွင် ခေတ္တအိပ်နေသူ တစ်ဦးထံမှ ငွေထုပ်လုယက်မှု တစ်ခု ဇန်န၀ါရီ ၂၁ ရက်က ဖြစ်ပွားခဲ့ရာ ပြစ်မှုကျူးလွန်သူနှစ်ဦးကို အမှုဖွင့်တိုင်တန်းပြီး ၄၅ မိနစ်အချိန်အတွင်းတွင် ပြန် လည် ဖမ်းဆီးလိုက်နိုင်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်ထားသည်။

သမ၀ါယမစနစ် ပြည်သူတို့ ယုံကြည်မှုရရန် ဥပဒေနှင့်ညီရန်လိုဟု အမတ်များပြော

သမ၀ါယမစနစ်အပေါ် ပြည်သူလူထု၏ ယုံကြည်မှု ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ သမ၀ါယမ၀န် ကြီးဌာမှ ဖုံးကွယ်ထားသည့် ဥပဒေနှင့် မညီညွတ်သော ကိစ္စများကို ပြန်လည်ဖော်ထုတ်၍ ယုံကြည်မှု ပြန်ရရန်ရေးလုပ်ဆောင်သင့်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် အချို့က ထောက်ပြ ပြောဆို လိုက်သည်။

ကျပ်သန်းပေါင်း နှစ်သောင်းကျော် ၀န်ကြီးဌာန ငါးခုပေးသွင်းရန်ကျန်

နိုင်ငံပိုင် မြေကွက်များ၊ အဆောက်အအုံများ၊ နိုင်ငံပိုင်သိမ်းဆည်းပစ္စည်းများ နှင့် စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိကသို့ရောင်းချထားသည့် ၀န်ကြီးဌာန ငါးခုက ပေးသွင်းရန် ကျန်ရှိနေ သည့် ငွေပမာဏမှာ ကျပ် သန်းပေါင်း နှစ်သောင်းကျော် (၂၁,၇၃၆ ဒသမ ၀၀၄) ကျန်ရှိနေ သည် ဟု အမျိုးသားလွှတ်တော်၏ ပြည် သူ့ငွေစာရင်း ကော်မတီက ဇန်န၀ါရီ ၂၂ ရက်တွင် လွှတ် တော်သို့ အစီရင်ခံစာတင်သွင်းလိုက်သည်။

၂၀၁၄-၂၀၁၅ တွင် အလယ်တန်းပညာရေးအတွက် သင်ထောက်ကူ ပစ္စည်းများဖြင့် အခမဲ့စတင်သင်ကြားမည်

လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ အလယ်တန်းပညာရေးကို အခမဲ့အလယ်တန်း ပညာရေးစနစ် အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ဇန်န၀ါရီ ၂၂ ရက်တွင် မြန်မာနိုင်ငံပညာရေး သုတေ သနအဖွဲ့ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီး က မဇိ္ဈမကို ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များ၊ မိုင်းယန်းတွင်၊ ထပ်တွေ့မည်

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇) လော်ခီးလာတပ်စခန်းတွင် ပြုလုပ်နေသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံတွင် ဆွေးနွေးမှုများ မပြီးပြတ်လျှင် ရှမ်းပြည် နယ် အရှေ့ပိုင်းရှိ မိုင်းယန်း မြို့တွင် ဆက်လက်ပြုလုပ်သွားရန် လျာထားသည်ဟု ညီလာခံ တက်ရောက် လာသော ကရင်လက်နက် ကိုင်အဖွဲ့အစည်းတစ်ခု၏ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။

ကုန်စည်ကိုဝယ်ယူရောင်းချသည့် လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ကြ ပါရန် အသိပေးနှိုးဆော်ချက်

မိမိလုပ်ငန်းသည် တစ်နှစ်ရောင်းရငွေ သိန်း ၁၀၀ အထက်ရှိပါကကုန်သွယ်လုပ်ငန်းခွင် အခွန်ထမ်းအဖြစ် မှတ်ပုံတင်ခွင့်ပြုပါရန် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး သို့မဟုတ် ကုမ္ပဏီများဆိုင်ရာအခွန် ရုံးတွင် လျှောက်ထား၍လုပ်ငန်းမှတ်ပုံတင်လက်မှတ် ထုတ်ယူကြရ ပါမည်။

လျှပ်စစ်စီမံကိန်း အတော်များများကို ဥရောပ နိုင်ငံတွေနဲ့ လုပ်ဖို့ရှိ

Photo: လျှပ်စစ်စီမံကိန်း အတော်များများကို ဥရောပ နိုင်ငံတွေနဲ့ လုပ်ဖို့ရှိ

မြန်မာနိုင်ငံမှာ တရုတ်ကုမ္ပဏီတွေ အဓိက လွှမ်းမိုးထားတဲ့ ရေအား လျှပ်စစ် ထုတ်ယူရေး လုပ်ငန်းတွေကို ဥရောပနိုင်ငံတွေနဲ့ ဖက်စပ် လုပ်ကိုင်တော့မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ရေအား လျှပ်စစ် ထုတ်လုပ်ဖို့အတွက် ပြည်ပ နိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ MoU နားလည်မှု စာချွန်လွှာ ၂၁ ခုရှိတယ်လို့ လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာနက ပြောပါတယ်။

အဲဒီထဲက စီမံကိန်း အတော်များများကို ဥရောပနိုင်ငံ တွေနဲ့ ဖက်စပ် လုပ်ကိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီးဒုတ် ရေအား လျှပ်စစ်စီမံကိန်း၊ အလယ် ပေါင်းလောင်း စီမံကိန်း၊ အလယ် ရဲရွာ စီမံကိန်း၊ ဘောဂထ စီမံကိန်းတွေကို ဥရောပ နိုင်ငံတွေနဲ့ ဖက်စပ် လုပ်ကိုင်ဖို့ စီစဉ်နေတဲ့အကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမော်သာထွေးက လွှတ်တော်မှာ ရှင်းပြသွားခဲ့ပါတယ်။

အရင်တုန်းကတော့ အစိုးရ လုပ်သမျှ ပြည်သူတွေ ဘာမှ မသိခဲ့ရပေမယ့် အခုတော့ လွှတ်တော်မှာ ပြောသလောက်ကို ကြားနိုင် တာဟာ စံနစ်သစ်ရဲ့ အကျိုးကျေးဇူး တခုလို့ ဆိုရမှာပါ။

ဒါပေမယ့် အဲဒီစီမံကိန်းတွေ တည်ဆောက်မှာနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ တိုင်ပင်တာတို့၊ ပြည်သူတွေရဲ့ သဘောထား ဆန္ဒကို တောင်းခံတာတို့၊ MoU နားလည်မှု စာချွန်လွှာတွေ ထဲမှာ ဘာတွေပါလဲ ဆိုတာကို အများ ပြည်သူကို အသိပေးတာတို့တော့ မတွေ့ရသေးပါဘူး။

အရင်တုန်းက တရုတ်နိုင်ငံနဲ့ ဖက်စပ် လုပ်ကိုင်ခဲ့တဲ့ စီမံကိန်းတွေမှာ ပြည်သူတွေဖက်က လက်မခံခဲ့တဲ့ အဓိက အချက်တွေထဲမှာ ပွင့်လင်း မြင်သာမှု မရှိတာဟာ အရေးကြီးတဲ့ အချက်တခု ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

မြန်မာအစိုးရဟာ စီမံကိန်းကြီးတွေနဲ့ ပတ်သက်ရင် အရင်ကထက် ပိုပြီး ပွင့်လင်း မြင်သာအောင် ကြိုးစားလာတာ တွေ့ရပေမယ့် တကယ့် လိုအပ်တဲ့ သတင်း အချက်အလက်တွေကိုတော့ ပြည်သူတွေ အလွယ်တကူ မသိနိုင်သေးပဲ ဖြစ်နေဆဲပါ။

ဘီဘီစီ (မြန်မာပိုင်း)

မြန်မာ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေကို တရုတ်ကုမ္ပဏီတွေ လွှမ်းမိုးထား
မြန်မာ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေကို တရုတ်ကုမ္ပဏီတွေ လွှမ်းမိုးထား
မြန်မာနိုင်ငံမှာ တရုတ်ကုမ္ပဏီတွေ အဓိက လွှမ်းမိုးထားတဲ့ ရေအားလျှပ်စစ် ထုတ်ယူရေး လုပ် ငန်းတွေကို ဥရောပ နိုင်ငံတွေနဲ့ ဖက်စပ် လုပ်ကိုင်တော့မယ်လို့ သိရပါတယ်။

တရုတ်ထိပ်တန်းခေါင်းဆောင် မိသားစုဓန ပြည်ပမှာ လျှို့ဝှက်အပ်နှံ

Photo: တရုတ်ထိပ်တန်းခေါင်းဆောင် မိသားစုဓန ပြည်ပမှာ လျှို့ဝှက်အပ်နှံ
Thursday, January 23, 2014

သမ္မတ Xi Jinping အပါအ၀င် တရုတ်နိုင်ငံက ထိပ်တန်းခေါင်းဆောင်နဲ့ နီးစပ်တဲ့ ဆွေမျိုးသားချင်းတွေဟာ သူတို့ရဲ့ ဧရာမ ချမ်းသာကြွယ်ဝမှုတွေကို ဖုန်းကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ပြည်ပနိုင်ငံတွေမှာ ကုမ္ပဏီတွေ တည်ထောင်ထားကြတယ်လို့ အမေရိကန်အခြေစိုက် သတင်းထောက်တွေ ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုမှာ ဖော်ပြထားပါတယ်။

ပြည်ပတိုင်းပြည်တွေက စီးပွားရေးလုပ်ငန်းတွေ၊ ယုံကြည် အပ်နှံထားမှုတွေရဲ့ မူလပိုင်ရှင်တွေ အမည်စာရင်းကို ဖော်ပြထားတဲ့ လျှို့ဝှက် ထွက်လာတဲ့ စာရွက် စာတမ်းပေါင်း ၂ သန်းခွဲကနေ ရရှိတဲ့ အချက်အလက်တွေအရ အဲဒီလို သိရှိခဲ့ရခြင်း ဖြစ်တယ်လို့ နိုင်ငံတကာ စုံစမ်းထောက်လှမ်းတဲ့ သတင်းထောက်များအဖွဲ့ ICIJ က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သမ္မတ Xi Jinping ရဲ့ ယောက်ဖနဲ့ အရင် ၀န်ကြီးချုပ်ဟောင်း Wen Jiabao ရဲ့သားတို့လည်း အဲဒီ စာရင်းထဲမှာ ပါဝင်တယ်လို့ ဆိုပါတယ်။ သမ္မတဟောင်း Hu Jintao၊ ၀န်ကြီးချုပ်ဟောင်း Li Pen နဲ့ ကွယ်လွန်သူ တရုတ်ခေါင်းဆောင်ဟောင်း Deng Xiaoping တို့ရဲ့ ဆွေမျိုးသားချင်းတွေ ပြည်ပနိုင်ငံတွေမှာ ဦးပိုင် စီးပွားရေးလုပ်ငန်းတွေ ပိုင်ဆိုင်ထားတဲ့ စာရင်းလဲ ပါဝင်တယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ICIJ ရဲ့ အင်တာနက် ၀ဘ်ဆိုက်ကို တက်ကြည့်လို့မရအောင် တရုတ်အစိုးရက ပိတ်ပင် ကန့်သတ်ထားလိုက်တာကလွဲလို့ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ အစိုးရဘက်က တရားဝင် တုံ့ပြန် ပြောဆိုတာမျိုး မရှိပါဘူး။

ဗွီအိုအေ (မြန်မာပိုင်း)
သမ္မတ Xi Jinping အပါအ၀င် တရုတ်နိုင်ငံက ထိပ်တန်းခေါင်းဆောင်နဲ့ နီးစပ်တဲ့ ဆွေမျိုးသားချင်းတွေဟာ သူတို့ရဲ့ ဧရာမ ချမ်းသာကြွယ်ဝမှုတွေကို ဖုန်းကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ ပြည်ပနိုင်ငံတွေမှာ ကုမ္ပဏီတွေ တည်ထောင်ထားကြတယ်လို့ အမေရိကန်အခြေစိုက် သတင်းထောက်တွေ ပြုလုပ်ခဲ့တဲ့ စုံစမ်းစစ်ဆေး မှုမှာ ဖော်ပြ ထားပါတယ်။

မဟာဗန္ဓုလ တံတားအဆင်းတွင် ယာဉ် ၁၀ စီး ဆင့်ကဲတိုက်

Photo: မဟာဗန္ဓုလ တံတားအဆင်းတွင် ယာဉ် ၁၀ စီး ဆင့်ကဲတိုက်
Thursday, January 23, 2014

ဒေါပုံမြို့နယ်ရှိ မဟာဗန္ဓုလတံတားအဆင်း၌ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ကွန်တိန်နာ ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှ ယာဉ် ၁၀ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း ဦးဝင်းတင် မောင်းနှင်လာသည့်၆ခ/....နစ်ဆန်းဒီဇယ် အမျိုးအစား ကွန်တိန်နာ ယာဉ်သည် မဟာဗန္ဓုလ တံတားပေါ်မှ ဒေါပုံ ဘက်ခြမ်း အဆင်းတွင် ဘရိတ်ပေါက်ကာ ရှေ့မှ အငှားယာဉ်အား ပွတ်တိုက်မိပြီး ယာဉ် ၁၀ စီး ဆင့်ကဲ တိုက်မှုဖြစ်ပွားခဲ့သည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဖြစ်စဉ်တွင်ပါဝင်သည့် ယာဉ်အချို့မှာ ဆိုးရွားစွာပျက်စီးသွားခဲ့ပြီး ဗန္ဓုလတံတားအဆင်းလမ်းတွင်အချိန် နှစ်နာရီခန့် ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပွား ခဲ့ကာလူထိခိုက်ဒဏ်ရာရမှုများမရှိခဲ့ကြောင်း သိရသည်။

ဘရိတ်ပေါက်တဲ့ကားကြီးက လမ်းပေါ်ရှိ ယာဉ်အချို့ကို တိုက်ပြီး ဒေါပုံရဲစခန်းရှေ့က ခြံစည်းရိုးနံရံနဲ့ ဓာတ်တိုင်ကို တိုက်ကာ ရပ်သွားတယ်။ သူတိုက်မိတဲ့ ကွန်တိန်နာကားကြီးကလည်း အရှိန်မထိန်းနိုင်လို့ နောက်ကားတွေကို ထပ်တိုက်၍ တော်တော် ပျက်စီးသွားတယ်။ နောက်တိုက်ခံရတဲ့ ကားကြီးက ဘရိတ်အချိန်မီ ဖမ်းနိုင်လို့ လူတွေထိခိုက်ဒဏ်ရာမဖြစ်တာဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

MOI Webportal Myanmar
ဒေါပုံမြို့နယ်ရှိ မဟာဗန္ဓုလတံတားအဆင်း၌ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ကွန်တိန်နာ ယာဉ်တစ်စီး ဘရိတ်ပေါက်ရာမှ ယာဉ် ၁၀ စီးဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။