Friday, September 13, 2013

အစိုးရ၏ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးမှသည် စစ်မှန်သည့် ပြည်ထောင်စု အစိုးရစစ်စစ်ဆီသို့

သြဂုတ်လ(၁)ရက်က နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နိုင်ငံပိုင်ရေဒီယိုမှတစ်ဆင့် မိန့်ခွန်းပြောခဲ့ရာ၌ လွန်ခဲ့သော နှစ်ပေါင်း ၆၀ ၀န်းကျင်ကတည်းက အိပ်မက်,မက်ခဲ့ ကြရသည့် ပြည်ထောင်စုစစ်စစ်ဖြစ်ရေး

လုပ်သက်ရင့် ပြည်သူ့ဝန်ထမ်းများကို မြေကွက်ပေးရန် ရန်ကုန်တိုင်းလွှတ်တော်တွင် အရေးဆို

အစိုးရဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသည့် လုပ်သက် ၂၅ နှစ်အထက် ၀န်ထမ်းများကို အစိုးရက အနံပေ ၄၀၊ အလျားပေ ၆၀ ရှိသည့် မြေကွက်များ ဖော်ထုတ်ပေးရန် စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် ရန်ကုန်တိုင်း လွှတ်တော်တွင် ကမာရွတ်မဲဆန္ဒနယ်မှ တိုင်းအမတ်ဦးမြငွေက အရေးဆိုလိုက် သည်။

ရန်ကုန်တွင် ခွင့်ပြုချက် မရှိ တိုက်ဆောက်သူ ၅၀၀ ကျော်ကို စည်ပင်က တရားစွဲ

Photo: ရန်ကုန်တွင် ခွင့်ပြုချက် မရှိ တိုက်ဆောက်သူ ၅၀၀ ကျော်ကို စည်ပင်က တရားစွဲ
Friday, September 13, 2013

ရန်ကုန်မြို့တွင် မြို့တော် စည်ပင်သာယာရေး ကော်မတီ ၏ ခွင့်ပြုချက် မရှိဘဲ တိုက်တာ အဆောက်အအုံတည် ဆောက် သူများ ကို စည်ပင်သာယာရေး ဥပဒေနှင့် အရေးယူမည်ဟု ထုတ်ပြန် ကြေညာ လိုက်ပြီး သင်္ဃန်းကျွန်း မြို့နယ်တွင် ခွင့်ပြုချက် မရှိ တိုက်ဆောက်သူ ၅၀၀ ကျော်ကို တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်း သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး တွင် ခွင့်ပြုချက်မရှိ တိုက်ဆောက်မှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တခုကျင်းပခဲ့ပြီး ခွင့်ပြုချက်မဲ့ တိုက်ဆောက်မှု များကို ဆက်တိုက် အရေးယူသွားမည်ဟု ထုတ်ပြန်ပြောဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က စည်ပင်၏ ခွင့်ပြုချက် မရှိဘဲ ကန်ထရိုက် များက အရည်အသွေး မပြည့်မီသော အဆောက် အဦးများ ဆောက် လုပ်ခြင်း များ ရှိနေပြီး တချို့ ကန်ထရိုက် များသည် စည်ပင်၏ ခွင့်ပြုချက် တွင် ၃ ထပ် သာ ဆောက်လုပ်ခွင့်ပြုထားသော အဆောက်အဦးကို ၅ ထပ်၊ ၆ ထပ် မြင့်သော အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ် ကြကြောင်း၊ ယင်းသို့ ဆောက်လုပ်မှုများကို စည်ပင်ဥပဒေ နှင့်အညီ တရားစွဲ အရေးယူမည် ဖြစ်ကြောင်း ပြောဆိုသည်။

”စည်ပင်သာယာရေး ကော်မတီရဲ့ နည်းဥပဒေမှာ မည်သူမျှ ကော်မတီ ခွင့်ပြုချက် မရှိဘဲ မြို့တော် နယ်နမိတ်အတွင်းမှာ အဆောက် အဦး ဆောက် လုပ်ခွင့် မရှိပါဘူး။ တချို့က ခွင့်ပြုချက်မတင်ဘဲ ဆောက် တယ်။ တချို့ကဌာနကို ခွင့်ပြုချက် တင်ပေမဲ့ ခွင့်ပြုချက်မကျခင်မှာ ကြိုဆောက်တာမျိုးတွေ ရှိတယ်”ဟု ဦးမောင်မောင်ဇော်က ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တရားဝင် ခွင့်ပြုချက် မရှိသော အဆောက်အဦးများ ကို ဒဏ်ရိုက်မည် ဖြစ်ပြီး ၃ ထပ်တိုက် တလုံးလျှင် ဒဏ်ကြေး ငွေကျပ် ၈၂ သိန်း၊ ၅ ထပ် အဆောက်အဦး ဖြစ်ပါက ဒဏ်ကြေး ငွေကျပ် ၁၆၅ သိန်း ဒဏ်ရိုက်မည် ဖြစ်ကြောင်း၊ ဒဏ်ရိုက်သည့်အပြင် တရားစွဲ အရေးယူမည် ဖြစ်ပြီး ခွင့်ပြုချက်မရှိသော အဆောက် အဦးကို ဆက်လက် တည်ဆောက် ပါက နောက်ဆုံးတွင် ဖျက်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

လတ်တလော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက် မရှိဘဲ သင်္ဃန်းကျွန်းမြို့နယ်တွင် ခွင့်ပြုချက်မဲ့ တည်ဆောက် နေသော ကန်ထရိုက် တိုက် ၅၁၁ လုံးကို စည်ပင်သာယာရေး နည်းဥပဒေနှင့် အညီ ဆက်လက် ဆောက် လုပ်ခွင့် မပြုဘဲ တရားစွဲဆို ထားကြောင်း၊ လှိုင်မြို့ နယ် ၊ တောင်ဥက္ကလာမြို့နယ် နှင့် အင်းစိန်မြို့နယ်အပါအ၀င် ရန်ကုန် မြို့နယ် အများစု တွင် ခွင့်ပြုချက်မဲ့ အဆောက်အဦး ဆောက်လုပ်မှု များစွာ ရှိနေပြီး ယင်းတရားမ၀င် တိုက် တည်ဆောက် မှု များကို အရေးယူ မည် ဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ၏ ခွင့်ပြုချက် မရှိသော အဆောက် အဦး များသည် အရည်အသွေး မပြည့်မီဘဲ အန္တရာယ် များကြောင်း၊ တိုက်တာ အဆောက်အဦး များတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ က စစ်ဆေးပြီး လူနေထိုင်ခွင့် ပါမစ် (BCC) ချပေးကြောင်း၊ တရားမ၀င် တည်ဆောက်သော တိုက်တာ များမှ တိုက်ခန်း များ ၀ယ်ယူ မိပါက ၀ယ်ယူသူများ နစ်နာနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန မှ လက်ထောက် ဌာနမှူး ဦးမျိုးဆွေကပြောသည်။

”လိုင်စင်မရှိတဲ့ ကန်ထရိုက်တွေက သုံးလလောက်နဲ့ အပြီးဆောက် သွားတယ်။ စည်ပင်က ခွင့်ပြုချက်မရှိလို့ တရားစွဲတဲ့အခါ ကန်ထရိုက်က မရှိတော့ဘူး။ ဖုန်းဆက်တော့လည်း ဖုန်းနံပါတ်က ပြောင်းသွားပြီ။ ကျနော်တို့ကလည်း ဥပဒေကြောင်း အရ တရားစွဲ တဲ့အခါ နောက် ဆုံးတော့ မြေရှင်၊ တိုက်ခန်းပိုင်ရှင် မိဘပြည်သူ တွေပဲ နစ်နာနေ ရတယ်”ဟု ဦးမျိုးဆွေက ပြော သည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်တချို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၏ ခွင့်ပြုချက် မရှိဘဲ ကန်ထရိုက် တိုက် များ ဆောက်လုပ်လျက်ရှိပြီး ယင်းအကျိုးဆက်ကြောင့် ကန်ထရိုက်များ ၊ တိုက်ခန်းဝယ်ယူသူများ နှင့် မြေရှင် များကြား ပြဿနာ များ ပေါ်ပေါက် လျက်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တွင် တိုက်တာ အဆောက်အဦးများ တည်ဆောက်မည့် ကန်ထရိုက် များသည် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီထံ တွင် ကန်ထရိုက်လိုင်စင် လျှောက်ထားရန် လိုအပ်ပြီး ၃ ထပ် ကျော်သော အထပ်မြင့် အဆာက် အဦး များ အတွက် အာမခံ စပေါ် ငွေကျပ် သိန်း ၅၀၀ စည်ပင်ထံသို့ ပေးအပ်ရကြောင်း၊ ၃ ထပ်တိုက် ကန်ထရိုက်လိုင်စင် အတွက် ငွေကျပ် သိန်း ၂၀၀ စပေါ်ငွေ ပေးအပ်ရကြောင်း၊ စပေါ်ငွေကြေး မြင့်မားသော ကြောင့် တရားမ၀င် ကန်ထရိုက် တိုက်ဆောက်လုပ် သူများ များပြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် စည်ပင် ၏ခွင့်ပြုချက်မရှိဘဲ တည်ဆောက်နေသော အဆောက် အဦး များစွာရှိနေပြီး သက်ဆိုင်ရာက ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သင်္ဃန်းကျွန်း မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်ငွေက ပြောသည်။

”ခွင့်ပြုချက် မရှိဘဲ တိုက်ဆောက်တဲ့ ကန်ထရိုက်တွေ အများကြီးပဲ။ အစိုးရက Black List လုပ်ပေးလို့မရဘူးလား။ တိုင်တော့ စည်ပင်က အန္တရာယ်ရှိအဆောက်အအုံ(Dangerous Building) ဆိုပြီး လာကပ်သွားတယ်။ သူက အဲဒီ DB စာရွက် ကို ခေါက်လိုက်ပြီးတော့ ဆက်ဆောက်နေတယ်။ အခုတိုင်းခန်းများရောင်းချနေပါပြီဆိုတဲ့ ဆိုင်းဘုတ်တောင် ပေါ်လာပြီ”ဟု ဦးခင်ငွေက ဆိုသည်။

ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တရားဝင် လိုင်စင်ရ ကန်ထရိုက်တဦးဖြစ်သူ ဦးစိုးသန်းက ကန်ထရိုက် တိုက် ဆောက်ရာ တွင် ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်း များမှာ ရှုပ်ထွေးမှုများ ရှိနေသည့်အတွက် ကန်ထရိုက်လုပ်ငန်းများ အခက်အခဲ များစွာ ကြုံတွေ့နေ ရကြောင်း ပြော ဆို သည်။

ဧရာဝတီ

ခွင့်ပြုချက် မရှိသောကြောင့် စည်ပင်က ဖျက်သိမ်းရန် အမိန့်ချထားသည့် သင်္ဃန်းကျွန်းမြို့နယ်မှ ၆ ထပ်တိုက် တလုံးကို တွေ့ရစဉ် (ဓာတ်ပုံ – ထက်နိုင်ဇော် / ဧရာဝတီ)
ခွင့်ပြုချက် မရှိသောကြောင့် စည်ပင်က ဖျက်သိမ်းရန် အမိန့်ချထားသည့် သင်္ဃန်းကျွန်းမြို့နယ်မှ ၆ ထပ်တိုက် တလုံးကို တွေ့ရစဉ် (ဓာတ်ပုံ – ထက်နိုင်ဇော် / ဧရာဝတီ)
ရန်ကုန်မြို့တွင် မြို့တော်စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ တိုက်တာ အဆောက်အအုံ တည် ဆောက်သူများကို စည်ပင်သာယာရေး ဥပဒေနှင့် အရေးယူမည်ဟု ထုတ်ပြန် ကြေညာလိုက်ပြီး သင်္ဃန်းကျွန်း မြို့နယ်တွင် ခွင့်ပြုချက်မရှိ တိုက်ဆောက်သူ ၅၀၀ ကျော်ကို တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း သက်ငယ်မုဒိမ်းမှုများ ဆက်တိုက်ဖြစ်ပွား

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အသင်မပြည့်သေးသည့် ကလေးငယ်များအား အဓမ္မပြုကျင့်ခံရ သည့် ဖြစ်စဉ်နှင့် ကြံစည်ခံရသည့် ဖြစ်စဉ်များမှာ ယခုနှစ်အတွင်း ဆက်တိုက်ဖြစ်ပွားနေကြောင်း ရန်ကုန် တိုင်း ဒေသကြီးအတွင်း နေ့စဉ်ဖြစ်ပွားနေသော မူခင်းဖြစ်စဉ်များအား လေ့လာချက်များအရ သိရသည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့ဝင်များ နိုင်ငံတကာ အဆင့်မီရေး ICRC ကူညီမည်

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အရည်အသွေးမြှင့် တင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့စံနှုန်းများအတိုင်း အသိအမှတ်ပြုခံရေး တို့အတွက် မြန်မာနိုင်ငံ

ကုန်ပစ္စည်းအမည် ၂၀၀၀ နီးပါး လိုင်စင်မလိုဘဲ တင်သွင်းခွင့်ပြု

ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းရာတွင် ကုန်ပစ္စည်းအမည် ၂၀၀၀ နီးပါးကို သွင်းကုန်လိုင်စင် လျှောက်ထား စရာမလိုဘဲ တင်သွင်းရန် စက်တင်ဘာ ၉ ရက်နေ့က စတင်ခွင့်ပြုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

ဘင်္ဂါလီ လူဦးရေ စာရင်း ပြန်ကောက်နိုင်ဖို့ လဝက ကြိုးပမ်း

Photo: WGEC နှင့် အစိုးရ နည်းပညာ အထောက်အကူပြု အဖွဲ့ ဆွေးနွေးပွဲ ပြီးဆုံး
Friday, September 13, 2013

နှစ်ရက်တာ ကျင်းပသည့် တိုင်းရင်းသားများ ပူးပေါင်း ဆောင်ရွက်ရေး အလုပ်အဖွဲ့ WGEC ( Working Group for Ethnic Co-ordinating)နှင့် အစိုးရ ငြိမ်းချမ်းရေး စင်တာမှ နည်းပညာရှင် အဖွဲ့တို့၏ ဆွေးနွေးပွဲ ယနေ့ ပြီးဆုံး သွားသည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှ ဆွေးနွေးပွဲ တက်ရောက် ခဲ့သူ ဗိုလ်မှူးကြီး စိုင်းလက ဆိုပါသည်။

“ ဆွေးနွေးပွဲ ကတော့ အပြန်အလှန် တင်ပြကြတာပါဘဲ။ သူတို့ ဖက်တင်ပြတာက အထူးအဆန်း မရှိပါဘူး။ အချက် နှစ်ချက်ကို တင်ပြတယ်။ ကျနော်တို့က အချက် (၄)ချက်ကို တင်ပြ ပါတယ်။ ဒါတွေကို အထက် အဖွဲ့တွေကို အပြန်အလှန် တင်ပြပြီး နောက်လမှာ ထပ်မံ တွေ့ဆုံကြဖို့ အကြမ်းဖျဉ်း သဘော တူကြပါတယ်” ဟု ဆိုပါသည်။

WGEC နည်းပညာ အထောက်အကူပြု အဖွဲ့သည်၊ ပဏာမ သဘော တူထားသည့် အပစ်အခတ် ရပ်စဲရေးကို ပြန်လည် သုံးသပ် အတည်ပြုရန်။ အပစ်အခတ် ရပ်စဲရေးအား စောင့်ကြည့်သည့် ပူးတွဲ ကော်မီတီ ဖွဲ့စည်းရန်။ တပ်များ နေရာချထား ရေးအတွက် တပ်တည်နေရာများ ဆွေးနွေးရန်နှင့် အပစ်အခတ် ရပ်စဲရေး ဆိုင်ရာ ကျင့်ဝတ်များကို ပူးတွဲ ရေးဆွဲ သွားရန် တင်ပြခဲ့ပါသည်။

အစိုးရ ကိုယ်စားလှယ် များကမူ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို တက်ရောက်ရန်၊ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် မူဘောင် ညှိနှိုင်း ဆွေးနွေးရန်နှင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပ သွားရန်တို့ တင်ပြပါသည်။

ဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သော WGEC နည်းပညာ အထောက်အကူပြု အဖွဲ့ ကိုယ်စားလှယ် များမှာ ကရင် အမျိုးသား အစည်းအရုံး (KNU)မှ ပဒို သာဒို့မူးနှင့် ပဒိုတူးတူးလေး၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) မှ ဗိုလ်မှူးကြီး စိုင်းလ (ခေါ်) စို်င်းလောဝ်ဆိုင်နှင့် ဒုတိယ ဗိုလ်မှူးကြီး ငိဏ်းတို့ ဖြစ်ပါသည်။

အစိုးရ ကိုယ်စားလှယ် ဖက်မှ ဦးလှမောင်ဆွေ ခေါင်းဆောင်သော အဖွဲ့ဝင် များနှင့် တသီး ပုဂ္ဂလ ပညာရှင် အဖြစ် ဟန်ညောင်ဝေနှင့် ဒေါက်တာ လျံမုန်းတို့လည်း တက်ရောက် ခဲ့ပါသည်။

WGEC နည်းပညာ အထောက်အကူပြု အဖွဲ့သည် ၄င်းတို့ ချမှတ်ထားသော မူဘောင် (၆) ချက်ကို အစိုးရ MPC အဖွဲ့ထံ အသေးစိတ် ညှိနှိုင်း ခဲ့ပါသည်။ http://www.burmese.phophtawnews.org/index.php/news/internal-news/item/703-wgec.html

WGEC သည် အစိုးရနှင့် ညှိနှိုင်းမှုများ မပြေလည်ပါက ၄င်းတို့၏ တပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ထိုးပွဲကို တက်ရောက်မည် မဟုတ်ဟု ဆွေးနွေးပွဲသို့ မတက်ရောက်မှီ ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။ အစိုးရ ကိုယ်စားလှယ်များ သည်လည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ထံ တင်ပြ ထားသော ၄င်းတို့၏ မူသစ် အတိုင်း WGEC နည်းပညာ အထောက်အကူပြု အဖွဲ့ကို ပြန်လည် တင်ပြ ခြင်းသာ ဖြစ်ကြောင်း ဆိုပါသည်။

ရွှေဟင်္သာ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်တဲ့ UNFC နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ တို့ ဒီလ ၈ ရက်ကဆွေးနွေးပွဲ၌ တွေ့ရသည့် ၀န်ကြီး ဦးခင်ရီ
တင်းမာမှုတွေကြောင့် ရပ်ဆိုင်းထားရတဲ့ ဘင်္ဂါလီဒုက္ခသည်စခန်း လူဦးရေစာရင်း ကောက်ယူမှု လုပ်ငန်းစဉ် ကို ပြန်စနိုင်ဖို့ ကြိုးပမ်း နေတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ဧရာဝတီကို ပြောပါတယ်။

လည်ချောင်းနာချိန် သက်သာစေရန် လုပ်ဆောင် နည်းများ

အခုလို အအေးမိ တုပ်ကွေးဖြစ်သူ များပြားချိန်မှာ လည်ချောင်းနာတဲ့ ဝေဒနာရှင်တွေ အများအပြား ရှိကြပါတယ်။ လည် ချောင်းနာနေချိန်မှာ ပူစပ်ပူလောင် ခံစားရသလို အစာတစ်ခုခု မျိုလိုက်တိုင်း လည်ချောင်း နာကျင်နေတတ် ပါတယ်။ လည်ချောင်း နာတာက အများအားဖြင့် ဗိုင်းရပ်စ်ပိုးဝင် တာကြောင့် ဖြစ်တတ် ပြီး အများအားဖြင့် စိုးရိမ်စရာ မရှိပါဘူး။ ခံရခက်တဲ့ ဝေဒနာကို အောက်ပါနည်းတွေနဲ့ ကုသပါ။

ကိုယ့်အလုပ်ကိုယ်လုပ်နေကြတယ်….သို့သော်

Photo: ကိုယ့်အလုပ်ကိုယ်လုပ်နေကြတယ်….သို့သော်
Friday, September 13, 2013

ယနေ့မြန်မာ့ဒီမိုကရေစီပန်းတိုင်ကိုရောက်ဖို့အတွက်အစိုးရ၊လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ NGO အဖွဲ့အ စည်းပေါင်းစုံတွေနဲ့ ချီတက်လျက်ရှိပါတယ်။ အစိုးရအနေနဲ့လည်း ဒီမိုကရေ စီ ဖော်ဆောင်နိုင်ဖို့ လုပ်ငန်းစဉ်တွေချမှတ် လုပ်ဆောင် လျက်ရှိပါတယ်။ ဒီမိုကရေစီဖော်ဆောင်ဖို့ အဓိကကျတာက တရားဥပဒေစိုးမိုးမှုရှိဖို့ပါပဲ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရှိတဲ့ဒေသတွေမှာ ငြိမ်းချမ်းမှု မရှိတဲ့ အတွက် တရားဥပဒေစိုးမိုးမှုဆိုတာလဲ မရှိပါဘူး။ ဒါကြောင့် တရားဥပဒေ စိုးမိုးမှုရှိအောင် ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင်ဖို့ ကော် မတီတွေဖွဲ့ပြီး လုပ်ဆောင်လာနေပါပြီ။ အလားတူ စီးပွားရေးပြုပြင်ပြောင်း လဲမှုတွေလည်း လုပ်ဆောင်လာလျက်ရှိပါတယ်။ ဒါကလည်း အစိုးရအနေနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်နေတာလို့ ထင်ပါတယ်။

လွှတ်တော်အနေနဲ့ကလည်း ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ဥပဒေပြုရေးတာဝန်တွေကို ဆောင်ရွက် နေတာတွေ့ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အပြစ်အနာအဆာတွေများတဲ့ အတွက် ပြင် ရမယ်ဆိုတာ ကို အားလုံးလက်ခံထားကြပါတယ်။ ဒီလိုပြင်ဆင်တဲ့အခါမှာ အတိတ်သမိုင်းကြောင်းတွေကို သင်ခန်းစာယူပြီး ပြင်သင့်တဲ့အချက်တွေ ကိုပြင်သင့်တဲ့အချိန်ရောက်မှပြင်ကြဖို့ကိုလည်းတိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်အသီးသီး ကလည်း လက်ခံထားကြပါတယ်။ 

တစ်ချို့သော နိုင်ငံရေးပါတီတွေအနေနဲ့ကြတော့လည်း ကိုယ့်ပါတီအနိုင်ရဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန် အာဏာချုပ်ကိုင်နိုင်ဖို့အတွက် လုပ်ဆောင်လာ လျက်ရှိကြပါတယ်။ ဒီလိုလုပ်ဆောင်တဲ့ အခါမှာ အာဏာရဖို့အတွက် အတားအဆီးသဖွယ်ဖြစ်နေတဲ့ တပ်မတော်ကို ၀ိုင်းဝန်းပြီး တိုက်ခိုက်လာ သလို တဖြည်းဖြည်းနဲ့ ချည့်နဲ့အောင် လုပ်ဆောင်ပြီး ဥပဒေတွေပြဌာန်းဖို့အ ထိ တိုးမြှင့်လုပ်ဆောင်လာလျက်ရှိပါတယ်။ ဒါကလည်း သူ့အလုပ်သူ လုပ်နေတာပဲ ဖြစ်ပါတယ်။

အလားတူတိုင်းရင်းသားဒေသက နိုင်ငံရေးပါတီတွေကလည်း ဖက်ဒရယ်ဆို တဲ့ နာမည်လှလှလေးသုံးပြီး ကိုယ်ပိုင်အုပ်ချုပ်ချင်တယ်။ ကိုယ်ပိုင်စိတ် ကြိုက်စီ မံခန့်ခွဲချင်တယ်။ ကမ္ဘာမှာရှိတဲ့ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေ မှာတောင်မရတဲ့ အခွင့်အရေးမျိုး၊ လုပ်ပိုင်ခွင့်မျိုးကို လိုချင်လာနေကြပါပြီ။ ဒါကလည်း သူ့အလုပ်သူလုပ်နေကြတာ ပါပဲ။

တိုင်းရင်းသားလက်နက်ကိုင်အသီးသီးကလည်း ဖက်ဒရယ်ဆိုတဲ့အမည်ကို ဘန်းပြပြီး သက်ဆိုင်ရာပြည်နယ် တွေမှာ ကိုယ်ပိုင်ပြည်နယ်တပ်မတော်တွေ ထူထောင်ဖို့တောင်လုပ်ကိုင်နေပါပြီ။ အစိုးရနဲ့ ငြိမ်းချမ်းရေးအပစ် အခတ်ရပ်စဲထားစဉ်ကာလမှာ အခွင့်ကောင်းယူပြီး အစိုးရတပ်ထိန်းချုပ် ထားတဲ့နယ်မြေထဲမှာ တိုးချဲ့လှုပ်ရှားလာကြ ပါတယ်။ အရင်က အစိုးရတပ်မတော်မသိအောင် ဆက်ကြေးကောက်၊ လူသစ်စုလာရာမှ အခုအခါ ဆက်ကြေး ကောက်၊ လူသစ်စုခြင်းသည် တိုင်းရင်းသားလက်နက် ကိုင်များရဲ့ တရားဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးဖြစ်ကြောင်းကို အသံလွှင့်ဌာနတွေကနေပြီး ပြောဆိုလာပါပြီ။ မြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်များပါ ဆက်ကြေးပေးနေရပါပြီ။
ဒါတွေကလည်းသူတို့အလုပ်သူတို့လုပ်တာပါပဲ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၁)ဖွဲ့က နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ UNFC ကလည်း ဖက်ဒရယ်ကိုအကြောင်းပြ၍ လွှတ်တော်ပြင်ပမှာဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွေ ရေးဆွဲနေကြပါပြီ။ နိုင်ငံတစ်ခုတည်းက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂)ခုနဲ့ အုပ်ချုပ်တဲ့နိုင်ငံလို့ ဂရင်းနစ်စာအုပ်ထဲထည့်ရမလို ဖြစ်နေပါပြီ။ တိုင်းပြည်ပြိုကွဲရေးကိုမ ရည်ရွယ်သော်လည်း လုပ်ရပ်များက တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ် မျဉ်းပေါ် ရောက်ရှိနေပါပြီ။ ဒါတွေကလည်း သူတို့အလုပ်သူတို့ လုပ်နေကြတာပါပဲ။

အလားတူ NGO အဖွဲ့အစည်းတွေကလည်း လူမှုရေးလုပ်ငန်းများကို ဘန်းပြပြီး နိုင်ငံရေးလုပ်ငန်းတွေ လုပ်ဆောင်လာလျက်ရှိပါတယ်။ အဲဒီအဖွဲ့အစည်းအသီးသီး ရပ်တည်လှုပ်ရှားနိုင်ဖို့ဆိုလျင် ငွေကြေးရှိဖို့လိုပါ တယ်။ ဒီငွေကြေးတွေရဖို့ NGO တွေအတွက် အလှူရှင်တွေလိုပါတယ်။ အလှူရှင်ဆိုတာ ပြည်တွင်း၊ ပြည်ပ (၂)မျိုးရှိပါတယ်။ ပြည်တွင်းမှာရရှိတဲ့ အလျူငွေကိုသာ တစ်ချို့NGO တွေက သတင်းမီဒီယာတွေမှာ အတန် အသင့် ထုတ်ပြန်သော်လည်း ပြည်ပကရရှိတဲ့အလှူငွေတွေကိုတော့ အတိအကျထုတ်ပြန်ခြင်းမရှိကြပါဘူး။ ပြည်တွင်းမှာမဖြစ်စလောက်ရရှိတဲ့ငွေလောက်နဲ့တော့ ဘယ် NGO အဖွဲ့အစည်းကမှ ကြာရှည်မရပ်တည်နိုင် ပါဘူး။ ဒါကြောင့် NGO အားလုံး ကြာရှည်ရပ်တည်သွားနိုင်ဖို့ဆိုတာ ပြည်ပက လှူဒါန်းတဲ့ အလှူရှင်တွေ အပေါ်မှာ ရပ်တည်နေရတာပါ။

ပြည်ပက အလှူရှင်တွေကလည်း သူတို့ကိုယ်ကျိုးစီးပွားအတွက် ရည်ရွယ် လှူဒါန်းကြတာပါ။ သူတို့အလိုကျ လုပ်ဆောင်ပေးမယ့်သူတွေကို ဒီလိုပဲမွေးမြူကြပါတယ်။ ပြီးမှ လိုချင်တဲ့ ရည်ရွယ်ချက်ရောက်အောင် လုပ်ဆောင်စေပါတယ်။ ဒါကြောင့် NGO အဖွဲ့အစည်းအားလုံးဟာ အလှူရှင် တွေရဲ့အကျိုးကိုပဲ ဦးစားပေး လုပ်ဆောင်ကြရပါတယ်။ ဒါတွေကလည်း သူတို့အလုပ် သူတို့လုပ်နေကြတာပါပဲ။

ပြောင်းလဲလာတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ပထ၀ီဝင်ဆိုင်ရာ အနေအထားဟာလည်း အချက်အခြာဖြစ်လာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စီးပွားရေးအင်အားကြီးမားလာတဲ့ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ကမ္ဘာ့အရေးအရာတွေကို ဆက်လက်စိုးမိုးထားနိုင်ဖို့ဆိုလျင် တရုတ်ကိုထိန်းချုပ်ထား နိုင်ဖို့လိုအပ်တယ်လို့ ယူဆတဲ့ အမေရိကန်နိုင်ငံလို နိုင်ငံတွေကြောင့်လည်း ကျွန်တော်တို့နိုင်ငံကို အနောက် နိုင်ငံတွေကပါ အာရုံစိုက်နေကြပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေ အနေနဲ့လည်း သူတို့နဲ့ အဆင်ပြေမယ့်အစိုးရမျိုး တက်လာဖို့အတွက် မြန်မာ့နိုင်ငံရေးလောက၊ စီးပွားရေးလောက၊ NGO အဖွဲ့အစည်း အမျိုးမျိုး၊ သမဂ္ဂအမျိုးမျိုးက သူတို့ကို သစ္စာခံမည့်သူတွေမွေးမြူပြီး လုပ်ဆောင်လျက်ရှိပါတယ်။ ဒါက လည်း သူတို့အလုပ် သူတို့လုပ်နေကြတာဖြစ်ပါတယ်။

အလားတူပဲ တရုတ်ကလည်း ၎င်းတို့နှင့်အဆင်ပြေစွာဆက်ဆံမည့်အစိုးရ ကိုသာ ရှိစေဖို့အတွက် သူတို့ ရဲ့ လက်အောက်ခံဖြစ်နေသည့် “၀” အဖွဲ့၊ NDAA(မိုင်းလား)အဖွဲ့၊ KIA အဖွဲ့တို့ကို ၀ှက်ဖဲအဖြစ် အသုံးချလျက် ရှိပါတယ်။ ဒါကလည်း သူတို့အလုပ် သူတို့လုပ်နေကြတာပါပဲ။

အချုပ်ဆိုရရင် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ NGO တွေနဲ့ သမဂ္ဂတွေ စသည်ဖြင့် ကိုယ့်အလုပ်ကိုယ်လုပ်နေကြသော်လည်း အချို့အဖွဲ့အစည်းအသီးသီးရဲ့ လုပ်ရပ်တွေ ဟာ တိုင်းပြည်ပြိုကွဲမည့်အရေးကိုဦးတည်နေတာ ကို ပြည်သူတွေ အနေနဲ့သတိချပ်မိစေချင်ပါတယ်။ ထိုသို့ ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်တာချင်းအတူတူ မညီမညွတ်ဖြစ်နေကြမယ်ဆိုလျှင် တရုတ်နဲ့ အမေရိကန် တို့ရဲ့ လွှမ်းမိုးချယ်လှယ်မှုတွေဟာ အချိန်မရွေးဝင်ရောက်လာနိုင် တယ်ဆိုတဲ့အချက်က ပိုပြီးသတိထားရမယ့် အချက်ဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ့်အဖွဲ့အစည်းတွေ အချင်းချင်းစည်းလုံးညီညွတ်မှသာ တိုင်းပြည်ရဲ့ အနာဂတ် ကို ကိုယ့်လူမျိုးတွေက စိတ်တိုင်းကျ ပုံဖော်နိုင်မယ်လို့ သတိမူသင့်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တိုင်းပြည် ကမ္ဘာတည်သရွေ့တည့်တံ့နိုင်ရန်နဲ့ ကမ္ဘာမြေပုံပေါ်ကမပျောက်ကွယ်ရေး ထိန်းသိမ်းစောင့်ရှောက်ရန်မှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်း အသိပေးရေးသားလိုက်ရပါတယ်။

မြန်မာ့လင်းရောင်ခြည်
ယနေ့မြန်မာ့ဒီမိုကရေစီပန်းတိုင်ကိုရောက်ဖို့အတွက်အစိုးရ၊လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ NGO အဖွဲ့အ စည်းပေါင်းစုံတွေနဲ့ ချီတက်လျက်ရှိပါတယ်။ အစိုးရအနေနဲ့လည်း ဒီမိုကရေ စီ ဖော်ဆောင်နိုင်ဖို့ လုပ်ငန်းစဉ်တွေချမှတ် လုပ်ဆောင် လျက်ရှိပါတယ်။ ဒီမိုကရေစီဖော်ဆောင် ဖို့ အဓိကကျတာက တရားဥပဒေစိုးမိုးမှုရှိဖို့ပါပဲ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီး ရှိတဲ့ဒေသတွေမှာ ငြိမ်းချမ်းမှု မရှိတဲ့ အတွက် တရားဥပဒေစိုးမိုးမှုဆိုတာလဲ မရှိပါဘူး။ ဒါကြောင့် တရားဥပဒေ စိုးမိုးမှုရှိအောင် ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင်ဖို့ ကော် မတီတွေဖွဲ့ပြီး လုပ်ဆောင် လာနေပါပြီ။ အလားတူ စီးပွားရေးပြုပြင်ပြောင်း လဲမှုတွေလည်း လုပ်ဆောင်လာလျက် ရှိပါတယ်။ ဒါကလည်း အစိုးရအနေနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်နေတာလို့ ထင်ပါတယ်။

မြန်မာ မီနီ စလွန်းကား အစီးရေ ၄ဝဝ ကျော် ဝန်ထမ်းများကို စတင် ရောင်းချပြီ

Photo: မြန်မာ မီနီ စလွန်းကား အစီးရေ ၄ဝဝ ကျော် ဝန်ထမ်းများကို စတင် ရောင်းချပြီ
Friday, September 13, 2013

မြန်မာမီနီ စလွန်းကား အစီးရေ ၄ဝဝ ကျော်အား အစိုးရ ဝန်ထမ်းများသို့ အရစ် ကျ စနစ်ဖြင့် စတင် ရောင်းချနေပြီ ဖြစ် ကြောင်း စက်မှု ဝန်ကြီး ဌာန ရောင်းချ ဖြန့်ဖြူးရေး ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်လှလှသီ က ပြောသည်။

အဆိုပါကားများအား စက်တင်ဘာ ၁၂ရက်မှ စတင်၍ အရစ်ကျ စနစ်ဖြင့် ရောင်း ချနေပြီ ဖြစ်ကြောင်းနှင့် အစိုးရ ဝန်ကြီး ဌာနများရှိ အရာထမ်းများကို အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း ထုတ် "Myanmar Mini Saloon" (Basic Model) 812.CC အမျိုး အစား မော်တော်ယာဉ်အား တန်ဖိုးကျပ် သိန်း ၆ဝဖြင့် အရစ်ကျ စနစ်၊ လက်ငင်းငွေ ချေ စနစ်ဖြင့် ရောင်း ချ ပေးရာ တွင် ဦးစားပေး အဆင့်(၁) လက်ငင်း ငွေချေ စနစ်၊ ဦးစားပေး အဆင့်(၂) ငွေ ၁ဝသိန်းကို ပထမ အရစ်ဖြင့် ပေးချေပြီး ကျန်ငွေ တစ်လ နှစ်သိန်းခွဲ နှုန်းဖြင့် ၂ဝရစ် အရစ်ကျပေး ချေစနစ်နှင့် ဦးစားပေး အဆင့် (၃)တစ်လ နှစ်သိန်းခွဲ နှုန်းဖြင့် ၂၄ ရစ် အရစ်ကျ ပေးချေသည့် စနစ်ဖြင့် ရောင်းချပေးနေပြီ ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြော သည်။

''ကားအစီးရေက လောလောဆယ် ၄ဝဝ ကျော်ပဲ ရှိတဲ့ အတွက် ဖောင်ကို လည်း ၄ဝဝ ဝန်းကျင် လောက်နဲ့ပဲ ပိတ် လိုက်တယ်။ ရောင်းချမှုကို စပြီး ပြု လုပ်နေ ပါပြီ''ဟု ၎င်းက ဆိုသည်။

မြန်မာ မီနီစလွန်း ဝယ်ယူသူများအနေဖြင့် မော်တော်ယာဉ် ပိုင်ဆိုင်မှု စာအုပ် စာတမ်းများကို မော်တော်ယာဉ် တန်ဖိုး အကျေ ပေးသွင်းပြီး သည်အထိ အမှတ်(၁) အကြီးစား လုပ်ငန်းတွင် အပ်နှံထားရမည် ဖြစ်သည်။

မြ၀တီ
မြန်မာမီနီစလွန်းကားအစီးရေ ၄ဝဝ ကျော်အား အစိုးရဝန်ထမ်းများသို့ အရစ်ကျစနစ်ဖြင့် စတင် ရောင်း ချနေပြီဖြစ်ကြာင်း စက်မှုဝန်ကြီးဌာနရောင်းချ ဖြန့်ဖြူးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှလှသီ က ပြောသည်။

ယာဉ်စည်းကမ်းမလိုက်နာ၍ ချလံဖြတ်အရေးယူခံရသူယာဉ်မောင်းမှ ယာဉ် ထိန်း တပ်ဖွဲ့ဝင်အား စကေဘာဖြင့်ထိုးကာထွက်ပြေးတိမ်းရှောင် နေရာမှ ၎င်းကိုယ်တိုင်လာရောက်အဖမ်းခံ

Photo: ယာဉ်စည်းကမ်းမလိုက်နာ၍ ချလံဖြတ်အရေးယူခံရသူယာဉ်မောင်းမှ ယာဉ် ထိန်း တပ်ဖွဲ့ဝင်အား စကေဘာဖြင့်ထိုးကာထွက်ပြေးတိမ်းရှောင်
နေရာ မှ ၎င်းကိုယ်တိုင်လာရောက်အဖမ်းခံ
Friday, September 13, 2013

၂၉.၈.၂၀၁၃ရက်နေ့ ၀၈၃၀အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ ယာဉ်ထိန်း ရဲတပ်ကြပ် အုန်းကျော်၊ ဒုတပ်ကြပ် နေလင်းအောင်၊ တပ်သား လွင်မျိုးအောင် တို့သည် တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းနှင့် လေးထောင့်ကန်လမ်းထောင့် လမ်းလယ်တွင် တာဝန်ထမ်းဆောင်နေစဉ် ယာဉ်မောင်းခင်မောင်ဌေး၊ မောင်းနှင်လာသည့် ယာဉ်လိုင်းအမှတ်(၁၈၇)၊ ယာဉ်အမှတ် အ/----ဘီအမ် အမျိုးအစား ခရီးသည်တင်ယာဉ်မှာ ဘေးတံခါးဖွင့်မောင်းနှင်လာသဖြင့် ချလံဖြတ်၍ အရေးယူခဲ့သည်ကို ယာဉ်မောင်းခင်မောင်ဌေးမှ မကျေနပ်သဖြင့် ၁၅၃၀အချိန်တွင် ပြန်လည်ရောက်ရှိလာပြီး အသင့်ယူဆောင် လာသော
စကေဘာဖြင့် လိုက်လံထိုးခဲ့ရာ ရဲတပ်ကြပ်အုန်းကျော်တွင် ယာလက် သန်းပြတ်ရှဒဏ်ရာနှင့် ရဲတပ်သားလွင်မျိုးအောင်တွင် ၀ဲဘက် ခါးထိုးသွင်ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်ထိန်းတပ်ဖွဲ့စုမှူးမှ ခင်မောင်ဌေးအား အရေးယူပေးရန်တိုင်ကြားခဲ့၍ တာမွေမြို့မရဲစခန်း
(ပ)၃၇၉/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၃၃၃/၅၀၆ဖြင့် အရေးယူဆောင်ရွက်
ခဲ့ပြီး ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုမှ ခင်မောင်ဌေး(ဘ)ဦးမောင်မောင်၊(၇၁)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူမှာ ထွက်ပြေး တိမ်းရှောင်နေခဲ့သဖြင့် ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိစဉ် ၁၂.၉.၂၀၁၃ ရက်နေ့ ၁၁၀၀အချိန်
တွင် ၎င်းကိုယ်တိုင် ဒဂုံတောင်မြို့မရဲစခန်းသို့လာရောက်အဖမ်းခံခဲ့သဖြင့် ဒဂုံတောင်မြို့မရဲစခန်းမှတဆင့် တာမွေမြို့မရဲစခန်းသို့ လွှဲပြောင်းပေးအပ်
ခဲ့၍ အမှုဖြင့်ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
၂၉.၈.၂၀၁၃ရက်နေ့ ၀၈၃၀အချိန်တွင် ယာဉ်ထိန်းတပ်ဖွဲ့စု(၂၇)မှ ယာဉ်ထိန်း ရဲတပ်ကြပ် အုန်းကျော်၊ ဒုတပ်ကြပ် နေလင်းအောင်၊ တပ်သား လွင်မျိုးအောင် တို့သည် တာမွေမြို့နယ်၊ ပင်ရွှေညောင်

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အမေရိကန် ကြက်ခြေနီအသင်း တို့ ဘေး အန္တရာယ် လျှော့ချရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းမည်

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အမေရိကန်ကြက်ခြေနီအသင်းတို့ ဘေးအန္တရာယ် လျှော့ချရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းလုပ်ဆောင် သွား မည်ဖြစ်ပြီး လုပ်ငန်းပူးပေါင်း ဆောင်ရွက်မှု သဘောတူညီမှု စာချွန် လွှာကို စက်တင်ဘာ ၁၁ ရက်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း(ရန်ကုန်ရုံးခွဲ)တွင် လက်မှတ်ရေး ထိုး ခဲ့ကြောင်း သိရသည်။

Nibiru နဲ့ ဂြိုဟ်သား

Photo: Nibiru နဲ့ ဂြိုဟ်သား
Friday, September 13, 2013

ကမ္ဘာပျက်အောင်လုပ်နိုင်တယ်လို့ ယုံကြတဲ့ Nibiru ဂြိုဟ် ဒါမှမဟုတ် X- Planet ဆိုတာ တကယ်ရှိသလားဆိုတာနဲ့ ဂြိုဟ်သားဆိုတာကို သိပ္ပံပညာရှင်တွေ ဘယ်လိုမြင်ကြတယ် ဆိုတာကို Illinois တက္ကသိုလ် Spoon River ကျောင်းက ပါမောက္ခ ဒေါက်တာဝင်းသာထွေးက ရှင်းပြထားပါတယ်။

ကမ္ဘာ့ထက် ၅ ဆလောက်ကြီးတဲ့ Nibiru ဂြိုဟ် ကြီး ကမ္ဘာကို ဝင်တိုက်ရင် ကမ္ဘာပျက်မယ်လို့ ပြောကြတာတွေနဲ့ ပါတ်သက်ပြီး နက္ခတ္တဗေဒ ပညာ ရှင်တွေက ဘယ်လိုလက်ခံကြတယ် - Alien လို့ခေါ်ကြတဲ့ ဂြိုဟ်သားတွေရဲ့ အရိပ်အယောင် တွေ့ပြီလားဆိုတာတွေကိုတင်ပြထားတာပါ။

Roswell UFO Festival-aliens
VOA
ကမ္ဘာပျက်အောင်လုပ်နိုင်တယ်လို့ ယုံကြတဲ့ Nibiru ဂြိုဟ် ဒါမှမဟုတ် X- Planet ဆိုတာ တကယ်ရှိသလားဆိုတာနဲ့ ဂြိုဟ်သားဆိုတာကို သိပ္ပံပညာရှင်တွေ ဘယ်လိုမြင်ကြတယ် ဆိုတာကို Illinois တက္ကသိုလ် Spoon River ကျောင်းက ပါမောက္ခ ဒေါက်တာဝင်းသာထွေးက ရှင်းပြထားပါတယ်။

သမ္မတရုံး ပြည်ထောင်စုဝန်ကြီး လေးဦးအား ၀န်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများအကြား ပေါင်းစပ်ညှိနှိုင်းရေး တာဝန်ခံ ပြည်ထောင်စု ၀န်ကြီးများအဖြစ် တာဝန်ပေးအပ်

သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လေးဦးအား ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် တိုင်းဒေ သကြီး/ ပြည်နယ်အစိုးရများအကြား ပေါင်းစပ်ညှိနှိုင်းရေးတာဝန်ခံ ပြည်ထောင်စုဝန်ကြီးများအဖြစ် တာဝန်ပေးအပ် ထားကြောင်း ပြည်ထောင်စုအစိုးရ အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။