Thursday, June 19, 2014

ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့် RCSS / SSA ၊ KIO ခေါင်းဆောင်များ ထိုင်းနိုင်ငံ ချင်းမိုင်တွင် ယနေ့တွေ့မည်

ပဋိပက္ခဖြေရှင်း ရေးနှင့်တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်းနှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နှင့်ကချင်လွတ်မြောက် ရေးအစည်းအရုံး KIO ခေါင်း ဆောင်များ ယနေ့ ထိုင်းနိုင်ငံ ချင်းမိုင် နှင့်ချင်းရိုင်မြို့တွင်တွေ့ဆုံမည်ဖြစ် ကြောင်း သိရသည်။
RCSS/SSA မှ ဥက္ကဋ္ဌဒုတိယ ဗိုလ်ချုပ်ကြီး ဦးရွက်စစ်ချင်းမိုင်မြို့ တွင် တွေ့ ဆုံမည်ဖြစ်ပြီး KIO မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် ချင်းရိုင်မြို့ တွင် တွေ့ ဆုံမည်ဖြစ်ကြောင်း ယင်းလက်နက်ကိုင် အဖွဲ့အစည်းများ ၏ ပြောခွင့်ရ ပုဂ္ဂိုလ်များကပြောဆို ကြသည်။

ဝန်ကြီးဦးဆန်းဆင့် နောက်ဆက်တွဲသတင်း

သာသနာရေးဝန်ကြီးဌာန ၀န်ကြီး ဦးဆန်းဆင့်ကို တရားစွဲထားတဲ့အထဲမှာ သံဃာ နဲ့ သံဃာ့ နာယကအကြား၊ သံဃာ့နာယက နဲ့ အစိုးရကြား အထင်မြင်လွဲမှားအောင်လုပ်ဆောင်သည့်အတွက်လည်း ၀န်ကြီးဦးဆန်းဆင့်ကို တရားစွဲထားတာဖြစ်တယ်လို့ သိရပါတယ်။
--------------

ဝန်ကြီးဦးဆန်းဆင့်ကို ငွေအလွဲသုံးစားမှုနဲ့ တရားစွဲ

သာသနာရေးဝန်ကြီးဌာန ၀န်ကြီးဦးဆန်းဆင့်ကို သာသနာရေးဝန်ကြီးဌာနပိုင် ငွေကြေး ကျပ်ငွေ ၇၂ သိန်း အလွဲသုံးစားမှုနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုပြုလုပ်ပြီး တရားစွဲ လိုက်ကြောင်း နေပြည်တော်အသိုင်းအ၀ိုင်းက ပြောပါတယ်။

အီရတ်ကို ဗုံးကြဲဖို့ အစီအစဉ်ကို ထည့်စဉ်းစားမယ်လို့ အိုဘားမား အတည်ပြု

Photo: အီရတ်ကို ဗုံးကြဲဖို့ အစီအစဉ်ကို ထည့်စဉ်းစားမယ်လို့ အိုဘားမား အတည်ပြု
Thursday, June 19, 2014

အမေရိကန်တပ်တွေ အီရတ်ကနေ ဆုတ်ခွါသွားပြီးတဲ့နောက်မှာ အစ္စလာမ်မစ်သူပုန်တွေ အားကောင်းလာခဲ့ပြီး အီရတ်မြို့ကြီးတွေကိုပါ သိမ်းပိုက်ထားခဲ့တာမို့ အမေရိကန် လေကြောင်းက စစ်ကူဗုံးကြဲပေးပါလို့ အကူအညီတောင်းတာကို ထည့်သွင်းစဉ်းစားမယ်လို့ သမ္မတအိုဘားမားက အတည်ပြုလိုက်ပါတယ်။

အစ္စလာမ်မစ် သူပုန်တွေကို မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ဖို့၊ အီရတ်စစ်တပ်ကို လက်နက်ခဲယမ်း နည်းပညာတွေ ထောက်ပံ့ပေးဖို့ စတဲ့ နည်းဗျူဟာတွေအပါအ၀င် ဗုံးကြဲဖို့ ကိစ္စကိုလည်း အမေရိကန်စစ်တပ်က စဉ်းစားနေပါတယ်။

အီရတ်ပြည်တွင်းစစ် ထဲကို အမေရိကန်တပ်တွေ ဝင်ပါတာ မကောင်းဘူးလို့ ပြောကြတဲ့ လွှတ်တော်အမတ်တွေလည်း ရှိသလို တပ်မတော်ခေါင်းဆောင် တွေကလည်း အစွန်းရောက်တွေကို တိုက်ခိုက်တာဟာ အမေရိကန်ရဲ့ အကျိုးစီးပွါးပါလို့ ပြောနေကြပါတယ်။

ဆွန်နီစစ်သွေးကြွတွေဟာ ရှီးယိုက်ဘာသာအနွယ် ဦးဆောင်တဲ့ ၀န်ကြီးချုပ် နူရီအယ်မာကီလီ အစိုးရကို တိုက်ခိုက်ပြီး အစ္စလာမ်မစ်နိုင်ငံ ထူထောင်လိုကြတာ ဖြစ်ပါတယ်။

စစ်ရေးအရ အရေးပါတဲ့ မြို့ကြီးတွေကို ပြန်လည်ရရှိဖို့ အီရတ်စစ်တပ်က အသည်းအသန် ပြန်လည် တိုက်ခိုက်နေပြီး ယခုဆိုရင် သူပုန်တွေက မြို့တော်ဘဂ္ဂဒက်နား ကီလိုမီတာ ၁၀၀ ကျော်လောက်အထိကို ရောက်နေပါပြီ။

The Voice Weekly 
 အမေရိကန်တပ်တွေ အီရတ်ကနေ ဆုတ်ခွါသွားပြီးတဲ့နောက်မှာ အစ္စလာမ်မစ်သူပုန်တွေ အားကောင်းလာခဲ့ပြီး အီရတ်မြို့ကြီးတွေကိုပါ သိမ်းပိုက်ထားခဲ့တာမို့ အမေရိကန် လေကြောင်းက စစ်ကူဗုံးကြဲပေးပါလို့ အကူအညီတောင်းတာကို ထည့်သွင်းစဉ်းစားမယ်လို့ သမ္မတအိုဘားမားက အတည်ပြုလိုက်ပါတယ်။

ကြည်လင်း အဓမ္မမှု ပြေလည်ပြီ

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းနဲ့ ရန်ကုန်ယူနိုက်တက် အသင်းရဲ့ ကွင်းလယ်ကစားသမား ကြည်လင်းဟာ အသက် ၁၇ နှစ်အရွယ် မိန်းကလေးကို အဓမ္မကျူးလွန်ခဲ့တယ် ဆိုပြီး အမှုဖွင့် ခံထားရပါတယ်။ အဲ့ဒီကိစ္စကို နှစ်ဖက်မိဘတွေ ဆွေးနွေးမှု အပြီးမှာ ပြေလည်မှု ရသွားပြီလို့ ဆိုပါတယ်။
အခုတော့ အဲဒီမိန်းကလေးကို ကြည်လင်းက တောင်းရမ်း လက်ထပ် ရတော့မှာပါ။ လက်ထပ်ဖို့လည်း စီစဉ်နေပြီလို့ ကြည်လင်း မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး အပြည့်အဝ ရရှိရန် ၁၅ နှစ်ကြာမည်ဟု အစိုးရဆို

Photo: မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး အပြည့်အဝ ရရှိရန် ၁၅ နှစ်ကြာမည်ဟု အစိုးရဆို
Thursday, June 19, 2014

တရုတ်နှင့် ထိုင်းနိုင်ငံကဲ့သို့သော စက်မှုလုပ်ငန်း ထွန်းကားသည့် နိုင်ငံများကို လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့များ ရောင်းချနေသော မြန်မာနိုင်ငံတွင် လျှပ်စစ်မီး အပြည့်အဝ ရရှိရန် ၁၅ နှစ်ကြာ စောင့်ရမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစိုးရအဖွဲ့ကိုယ်စား ပြောကြားသည်။
မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီး အပြည့်အဝ ရရှိနိုင်ရန် ၂၀၃၀-၂၀၃၁ ခုနှစ်အထိ ရေကာတာ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
သံလွင်မြစ်ပေါ်တွင် ဆောက်လုပ်ဆဲ ရေကာတာ စီမံကိန်းများနှင့် ပတ်သတ်၍ ကောင်းကျိုး၊ ဆိုးကျိုးများကို ဖြေကြားပေးရန် လောက်ကိုင် မဲဆန္ဒနယ်မှ ဦးကျော်နီနိုင်က ဇွန်လ ၁၁ ရက်တွင် ပြည်သူ့လွှတ်တော်၌ မေးမြန်းရာ ၎င်းက ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံအတွင်း ရေအားလျှပ်စစ်၊ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးမှ ယခုဘဏ္ဍာနှစ်တွင် လျှပ်စစ်စွမ်းအား ၄၃၂၆ မဂ္ဂါဝပ်၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၄၉၂၉ မဂ္ဂါဝပ်၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၇၃၉၂ မဂ္ဂါဝပ်၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ၁၃၅၂၀ မဂ္ဂါဝပ်အထိ နှစ်စဉ် တပ်ဆင် အသုံးပြုသွားနိုင်ရန် ရည်မှန်းထားပြီး ၂၀၃၀-၂၀၃၁ ခုနှစ်တွင် မဂ္ဂါဝပ် ၂၃၅၉၄ အထိ တပ်ဆင်သွားနိုင်မည် ဖြစ်ကြောင်း၊ ယင်းအချိန်တွင် တစ်နိုင်ငံလုံး လျှပ်စစ်စွမ်းအင် အပြည့်အဝ ရရှိနိုင်မည် ဖြစ်ကြောင်း ဦးမော်သာထွေးက ရှင်းပြသည်။
သံလွင်မြစ်ပေါ်ရှိ ရေကာတာ စီမံကိန်း ငါးခုမှ လက်ရှိတွင် ကွမ်းလုံရေကာတာ စီမံကိန်း အပါအဝင် နောင်ဖ၊ မန်တောင်း (နမ့်ခမ်းမြစ်) စသည့် စီမံကိန်းတို့ကိုပါ လုပ်ဆောင်သွားမည် ဖြစ်ပြီး ယင်းစီမံကိန်း သုံးခုမှ ရရှိမည့် ဓာတ်အား ၁၄၁၂ မဂ္ဂါဝပ်မှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၇ သန်း ရရှိမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် ဟတ်ကြီး၊ ရွာသစ်နှင့် မိုင်းတုံ စီမံကိန်းတို့ကို ထပ်မံတည်ဆောက်ပြီးလျှင် လျှပ်စစ်မဂ္ဂါဝပ် ၁၅၁၉၅ ထွက်ရှိနိုင်ကြောင်း ၎င်းကဆိုသည်။
ဆောက်လုပ်မည့် စီမံကိန်းများကို သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု (EIA/SIA) အစီရင်ခံစာများနှင့်အညီ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်မည် ဖြစ်ပြီး ပွင့်လင်းမြင်သာစွာ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ကတိပြု ပြောဆိုသည်။
အစိုးရ၏ ဝန်ခံကတိပြုချက်များသည် နိုင်ငံအတွက် ကောင်းမွန်သော မျှော်မှန်းချက်များ ဖြစ်သော်လည်း လွှတ်တော်တွင် ပြောဆိုထားသော ကတိနှင့် ဝန်ခံချက်များကို အမှန်တကယ် ပြုလုပ်ရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မှတ်ချက်ပြု ပြောကြားသည်။
လက်ရှိ လုပ်ဆောင်ဆဲ ကွမ်းလုံရေကာတာ စီမံကိန်းတွင် ဥပမာအားဖြင့် ကျေးရွာ ၄ ရွာ၊ အိမ်ထောင်စု ၆၄ စု၊ လူဦးရေ ၄၂၈ ဦး၊ ဘုန်းကြီးကျောင်းတစ်ကျောင်း၊ ခရစ်ယာန်ကျောင်းတစ်ကျောင်းနှင့် စာသင်ကျောင်း တစ်ကျောင်းကို ပြောင်းရွှေ့ပေးခဲ့ရကြောင်း ၎င်းကဆိုသည်။
တရုတ်နှင့် ထိုင်းနိုင်ငံကဲ့သို့သော စက်မှုလုပ်ငန်း ထွန်းကားသည့် နိုင်ငံများကို လျှပ်စစ်ဓာတ်အားနှင့် သဘာဝဓာတ်ငွေ့များ ရောင်းချနေသော မြန်မာနိုင်ငံတွင် လျှပ်စစ်မီး အပြည့်အဝ ရရှိရန် ၁၅ နှစ်ကြာ စောင့်ရမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမော်သာထွေးက ဇွန်လ ၁၈ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစိုးရအဖွဲ့ကိုယ်စား ပြောကြားသည်။

Facebook ယာယီ ရပ်ဆိုင်း

Photo: Facebook ယာယီ ရပ်ဆိုင်း
Thursday, June 19, 2014

လူကြိုက်များ လူသုံးများလွန်းတဲ့ Facebook ကြီး ဒီကနေ့ ကြာသပတေးနေ့ မြန်မာစံတော်ချိန် နေ့ခင်း ၂း၃ဝ ဝန်းကျင်မှာ ယာယီ ရပ်ဆိုင်းသွားပါတယ်။

တကမ္ဘာလုံးမှာ ရပ်ဆိုင်းသွားတာလို့ သိရပါတယ်။

ကမ္ဘာတဝန်း ဘယ်ကနေဖွင့်ဖွင့် Sorry, something went wrong ဆိုတဲ့ စာတန်း ပေါ်လာတာပါ။

ဒီပို့စ် ရေးနေတဲ့ ရန်ကုန်မြို့ ဧရာဝတီသတင်းဌာနရုံးဟာ ကွန်ပြူတာအသုံးများတဲ့ရုံး ဖြစ်တဲ့အတွက် ဟာ... 
Sorry, something went wrong ဆိုတဲ့ အသံတွေ စောစောက ထွက်လာပါတယ်။Facebook ဒီလိုဖြစ်သွားခြင်းဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့ သိရပါတယ်။

၂၅ မိနစ်ခန့် အကြာမှာတော့ Facebook အလုပ် ပြန်လုပ်လာတာတွေ့ရပါတယ်။
Facebook မရှိရင် လောကကြီးနဲ့ အဆက်အသွယ် မပြတ်ပေမယ့် မိတ်ဆွေအများအပြားနဲ့တော့ အဆက်အသွယ်ပြတ်သွားတာ သေချာနေပါတယ်။

ဧရာဝတီ
 လူကြိုက်များ လူသုံးများလွန်းတဲ့ Facebook ကြီး ဒီကနေ့ ကြာသပတေးနေ့ မြန်မာစံတော်ချိန် နေ့ခင်း ၂း၃ဝ ဝန်းကျင်မှာ ယာယီ ရပ်ဆိုင်းသွားပါတယ်။

တကမ္ဘာလုံးမှာ ရပ်ဆိုင်းသွားတာလို့ သိရပါတယ်။

"တိုင်ချက်ဖွင့်ခံထားရခြင်းမှာ အုပ်ထိန်းသူများနှင့် နားလည်မှု လွဲခြင်းသာဖြစ်သည်ဟု ကြည်လင်း ရှင်းချက်ထုတ်"

အရွယ်မရောက်သေးသည့် အမျိုးသမီးငယ်ကို သားမယားအဖြစ် ပြုကျင့်ခဲ့သည်ဟု တိုင်ချက်အဖွင့်ခံ ထားရသော ရန်ကုန်ယူနိုက်တက်အသင်း တိုက်စစ်မှူး ကြည်လင်းက ၎င်း၏ ပြဿနာမှာ အုပ်ထိန်းသူများနှင့် နားလည်မှု လွဲခြင်းသာဖြစ်ပြီး အဆိုပါ မိန်းကလေးနှင့်မိမိ၏ အခြေအနေမှာ ချစ်သူများ ဖြစ်ကြသည်ဟု ၎င်း၏ တရားဝင် Facebook စာမျက်နှာတွင် ရှင်းလင်းဖော်ပြသွားခဲ့သည်။

KNU/ KNLA တံဆိပ်ပါ လိုင်စင်မဲ့ကားများ ပြည်မြို့တွင် ဖမ်းဆီး

ယာဉ်နှင့်ပတ်သက်သည့် သက်သေအထောက်အထား တစ်စုံတစ်ရာ မပြနိုင်သည့် KNU/KNLA တံဆိပ်ပါ လိုင်စင်မဲ့ကား နှစ်စီး ဇွန် ၁၇ ရက်က ပြည်မြို့တွင် ဖမ်းဆီးရမိခဲ့သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။
နံနက် ၁၁ နာရီ ၄၅ အချိန်က ပြည်န၀င်းရပ်ကွက်၊ သံတစ်ချောင်းလမ်း၊ ယဉ်ကျေးမှုခန်းမရှေ့တွင် ရွာဘဲ ရပ်ကွက်၊ မူယာပင်ရပ် ဗိုလ်ချုပ်လမ်းနေသူ ဦးအေးကြူ မောင်းနှင်လာသည့် KNU/KNLA PC 7D/0182 TOYOTA MARK II ခဲမဲရောင်ကားကို ယာဉ်ထိန်းရဲက စစ်ဆေးခဲ့သည်။

ကြည်လင်းကို အမှုဖွင့်သည့် မိန်းကလေးမှာ ၎င်း၏ချစ်သူဟု ကြည်လင်းဆို

Photo: ကြည်လင်းကို အမှုဖွင့်သည့် မိန်းကလေးမှာ ၎င်း၏ချစ်သူဟု ကြည်လင်းဆို
Thursday, June 19, 2014

မိန်းကလေးတစ်ဦး၏ အမှုဖွင့်ခံထားရသည့် လက်ရွေးစင်ဘောလုံးသမား ကြည်လင်းက အဆိုပါ မိန်းကလေးသည် ၎င်း၏ချစ်သူဖြစ်သည်ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ၀န်ခံဖြေရှင်းထားသည်။

‘‘ကျွန်တော်နဲ့သူနဲ့က ချစ်သူတွေပါ။ အခုဖြစ်နေတဲ့ ကိစ္စတွေဟာ အုပ်ထိန်းသူတွေနဲ့ နားလည်မှုလွဲလို့ ဖြစ်နေရတာပါ။ လောလောဆယ် ကျွန်တော်ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်’’ ဟု ကြည်လင်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇွန်လ ၁၈ ရက် ည ၁၂ နာရီဝန်းကျင်က ရေးသားခဲ့ခြင်း ဖြစ်သည်။
    
မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းကွင်းလယ် ကစားသမားကြည်လင်းသည် ဇွန်လ ၇ ရက်က အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို ကမာရွတ်မြို့နယ်အတွင်းရှိ ဟိုတယ်တစ်ခုသို့ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့ကြောင်း ကာယကံရှင်မိန်းကလေးက ဇွန်လ ၁၆ ရက်က ကမာရွတ်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

‘‘လောလောဆယ်တော့ အမှုပဲဖွင့်ထားတုန်းဆိုတော့ ချစ်သူရည်းစားတွေလားဆိုတာတော့ သေချာ မသိရသေးဘူး။ သက်ဆိုင်ရာ ဌာနဘက်တွေလည်း အကြောင်းကြားထားတယ်။ အမှုဖွင့်ခံထားရတဲ့ ကြည်လင်းက စွပ်စွဲခံထားရတဲ့ အခြေအနေဆိုတော့ အသေးစိတ်ပြောလို့ မရသေးဘူး’’ ဟု ကမာရွတ်မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    
ယင်းအမှုအား ကမာရွတ်မြို့နယ် ရဲစခန်းတွင် ပြစ်မှုဆိုင်ရာ ပုဒ်မ-၃၆၆ အရ အရွယ်မရောက်သေးသူအား ခိုးယူပေါင်းသင်းမှုဖြင့် စွပ်စွဲတိုင်ချက်ဖွင့်ထားသည်။

7 Day Daily 
 မိန်းကလေးတစ်ဦး၏ အမှုဖွင့်ခံထားရသည့် လက်ရွေးစင်ဘောလုံးသမား ကြည်လင်းက အဆိုပါ မိန်းကလေးသည် ၎င်း၏ချစ်သူဖြစ်သည်ဟု ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ၀န်ခံဖြေရှင်းထားသည်။

‘‘ကျွန်တော်နဲ့သူနဲ့က ချစ်သူတွေပါ။ အခုဖြစ်နေတဲ့ ကိစ္စတွေဟာ အုပ်ထိန်းသူတွေနဲ့ နားလည်မှုလွဲလို့ ဖြစ်နေရတာပါ။ လောလောဆယ် ကျွန်တော်ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်’’ ဟု ကြည်လင်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇွန်လ ၁၈ ရက် ည ၁၂ နာရီဝန်းကျင်က ရေးသား ခဲ့ခြင်း ဖြစ်သည်။

ဘုန်းကြီး ၅ ပါး ပြန်လွှတ် မလွှတ် နေ့ခင်း ၂ နာရီ အကြောင်းပြန်မည်

Photo: ဘုန်းကြီး ၅ ပါး ပြန်လွှတ် မလွှတ် နေ့ခင်း ၂ နာရီ အကြောင်းပြန်မည်
Thursday, June 19, 2014

မဟာသန္တိသုခကျောင်းတိုက် ၀င်ရောက် စီးနင်းခံရပြီေးနာက် ဖမ်းဆီး လူဝတ်လဲခံရတဲ့ သံဃာတော် ၅ ပါး ပြန်လည်လွှတ်မြောက်ရေးအတွက် ကြားဝင်ဆောင်ရွက်တဲ့ သံဃာထံက ဒီနေ့ခင်း ၂ နာရီ အဖြေရမယ်လို့ မကွေးဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။

ချိပ်ပိတ်ခံရပြီးနောက် လူဝတ်လဲ ထောင်တွင်းသွင်းပြီး တရားစွဲခံရသူတွေကတော့ အင်္ဂလန်နိုင်ငံသား မြန်မာလူမျိုး ဦးဥတ္တရ၊ ဦးပညာစာရ၊ ဦးနန္ဒိယ၊ ဦးတေဇိန္ဒနဲ့ ဦးသုန္ဒရာသီရိ တို့ ဖြစ်ပါတယ်။

သူတို့ကို ပြန်လည်လွှတ်ပေးဖို့ ထင်ရှားတဲ့ သံဃာတော်တချို့က ထုတ်ဖော် တောင်းဆိုခဲ့ကြပြီးတဲ့နောက် သံလျင်မြို့က နတ်စင်တရာ ဆရာတော်က ကြားဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။

နတ်စင်တရာဆရာတော်ဟာ နိုင်ငံတော်သံဃမဟာနာယက (မဟန)၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့တွေနဲ့ ညှိနှိုင်းနေတယ်လို့ ဦးပါမောက္ခက မိန့်ကြားပါတယ်။

“နတ်စင်တရာ ဆရာတော်က သူ့ဘက်က ကြိုးပမ်းနေတယ်။ ၂ နာရီဆိုရင် အဖြေပေးမယ်။ ၂ နာရီ အဖြေရတဲ့အချိန်မှာ ကောင်းတဲ့အဖြေရရင် မနက်ဖြန် လွှတ်ပေးမှာဆိုရင် ဘုန်းကြီးတို့၊ ဦးဝီရသူတို့ဘက်က ဆန္ဒပြသွားမှာ မဟုတ်တော့ဘူး။ တကယ်လို့ နတ်စင်တရာဆရာတော်ရဲ့ အဖြေက လွှတ်မပေးဘူးဆိုတဲ့ အခြေအနေကို ရောက်သွားရင် ကျုပ်တို့က မနက်ဖြန် တာမွေတရားရုံးရှေ့ မနက် ၈ နာရီမှာ ဘုန်းကြီးတို့ ဆန္ဒပြတောင်းဆိုသွားဖို့ အစီအစဉ်ရှိတယ်။”

ညှိနှိုင်းချက်တွေအရ ရန်ကုန်တိုင်းအစိုးရနဲ့ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က စားပွဲဝိုင်းမှာ အဖြေရှာတာကို သဘောကျတယ်။ နိုင်ငံတော်သံဃနာယက ၁၅ ပါး ရှိတဲ့အနက် ၁၀ ပါးက သဘောကျတယ်လို့ ဆက်လက်မိန့်ပါတယ်။

“၂ နာရီမှာ အဖြေရလို့ လွှတ်မပေးဘူးဆိုရင် နတ်စင်တရာ ဆရာတော်နဲ့ တွေ့စရာ မလိုတော့ဘူး။ လွှတ်ပေးမှာ ဆိုရင်တော့ ဘယ်ပုံဘယ်နည်း လွှတ်ပေးမလဲ။ ဘယ်သူက ၀န်ခံ ကတိပြုမလဲ။ လွှတ်ပေးမယ်ဆိုရင် နတ်စင်တရာကျောင်းမှာ တွေ့ဖို့ ပင့်ထားတယ်။ လွှတ်မပေးဘူးဆိုရင် ဦးဇင်းတို့ တနေရာမှာပဲ တွေ့မယ်။”
မဟာသန္တိသုခ ကျောင်းတိုက်ကို ဇွန် ၁၁ ရက်နေ့ မနက် ၁ နာရီခန့်မှာ သာသနာရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်း သံဃနာယက က သံဃာတော် အပါး ၃၀၀ နီးပါးနဲ့ ရဲတွေက ၀င်ရောက်ပြီး ကျောင်းတိုက်အတွင်းက သံဃာတော်အပါး ၂၀ လောက်နဲ့ လူ ၃၀ ကျော်ကို ဖမ်းဆီးခဲ့ပါတယ်။

နောက်နေ့ သတင်းစာရှင်းလင်းပွဲမှာ သူတို့တတွေကို အရေးယူသွားမယ်လို့ သတင်းစာရှင်းလင်းခဲ့သလို သံဃာတော် ၅ ပါးကိုလည်း လူဝတ်လဲ တရားစွဲဆိုထားတာ ဖြစ်ပြီး မနက်ဖြန် တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒီကျောင်းဟာ ပီနန်ဆရာတော်ဘုရားကြီးနဲ့ မဟနအဖွဲ့အကြား ပိုင်ဆိုင်မှု အငြင်းပွားနေတာ ဖြစ်ပါတယ်။

မဟနက ပီနန်ဆရာတော်နဲ့ အပေါင်းပါတွေကို ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းကနေ ထွက်ခွာဖို့ လျှောက်ကြားပြီး ပီနန်ဆရာတော်ကြီး ပြည်ပ သာသနာပြု ခရီးထွက်ခိုက် ကျောင်းကို ၀င်ရောက်သိမ်းပိုက်ပြီး ချိတ်ပိတ်ခဲ့တာဖြစ်ပါတယ်။

DVB TV News 
 မဟာသန္တိသုခကျောင်းတိုက် ၀င်ရောက် စီးနင်းခံရပြီေးနာက် ဖမ်းဆီး လူဝတ်လဲခံရတဲ့ သံဃာတော် ၅ ပါး ပြန်လည်လွှတ်မြောက်ရေးအတွက် ကြားဝင်ဆောင်ရွက်တဲ့ သံဃာထံက ဒီနေ့ခင်း ၂ နာရီ အဖြေရမယ်လို့ မကွေးဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။

မြေထဲပင်လယ်ဒေသက ပထမဆုံး ထွက်ရှိတဲ့ စူပါကား Lykan HyperSport

Photo: မြေထဲပင်လယ်ဒေသက ပထမဆုံး ထွက်ရှိတဲ့ စူပါကား Lykan HyperSport
Thursday, June 19, 2014

Lykan HyperSport လို့ အမည်ရတဲ့ စူပါကားကို လက်ဘနွန်နိုင်ငံ အခြေဆိုက် W Motors က ထုတ်လုပ်ဖန်တီး ထားခြင်း ဖြစ်ပါတယ်။ W Motors ဆိုတာကလည်း ၂၀၁၂ ခုနှစ်မှ စတင် တည်ထောင်တဲ့ ကုမ္ပဏီ ဖြစ်ပြီး စူပါကား ကိုလည်း ၂၀၁၃ နိုဝင်ဘာလ ကမှ ပထမဆုံး ပြသခဲ့တာ ဖြစ်ပါတယ်။ 

အရှေ့အလယ်ပိုင်းဒေသတွင်းက ပထမဦးဆုံး ထွက်ရှိတဲ့ စူပါကား အဖြစ် စံချိန် တင်ပြီး ကမ္ဘာ့ တတိယ ဈေးအကြီးဆုံး စူပါကား ဖြစ်ပါတယ်။ နံပါတ်တစ် နေ ရာမှာ ဂျာမနီ နိုင်ငံထွက် ကန်ဒေါ်လာ ၈ သန်းတန် Maybach Exelero ရှိပြီး ဒုတိယ နေရာမှာ ကန်ဒေါ်လာ ၄.၅ သန်းတန် အီတလီ Lamborghini Venen ရှိပါတယ်။ ပုံမှ မြင်တွေ့ နေရတဲ့ Lykan HyperSport ကတော့ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၃.၄ သန်း ရှိပြီး ကမ္ဘာ့ တတိယ ဈေး အကြီးဆုံး ကား အဖြစ် စံချိန်တင်ထား ပါတယ်။ 

အင်ဂျင် အရွယ် ၂.၇ လီတာ၊ ဂီယာ ၆ ချက် နဲ့ ၇ ချက် နှစ်မျိုး ထုတ် လုပ်ပြီး မြင်းကောင်ရေအား ထုတ်လုပ်မှု bph 740 ရှိပါတယ်။ အမြန် ဆုံး မောင်းနှင်နိုင်မှုက တစ်နာရီ မိုင် ၂၄၀ ရှိပါတယ်။ ဈေးကြီးရတဲ့ အဓိက အကြောင်းအရင်းထဲမှာ ရတနာ ဆင်ယင်ခြင်းကြောင့်လည်း ပါဝင် ပါတယ်။ စိန်နဲ့ ပတ္တမြားထဲက နှစ်သက်ရာ ရွေးပြီး ကားမှာ ဆင်ပေး ပါတယ်။ ရှေ့မီးခွက် ကို တိုက်တေနီယမ် LED blades နဲ့ 15cts ပမာဏရှိ စိန်များ ထည့်သွင်းပေး ထားခြင်း ဖြစ်ပါတယ်။ headlight တွေမှာတင် မကပဲ အခြားသော အစိတ်အပိုင်း တွေမှာ rubies, diamonds, yellow diamonds သို့မဟုတ် sapphires နှစ်သက်ရာ ရွေးချယ်လို့ ဆင်ပေး ပါတယ်။ မိမိရဲ့ တပ်ဆင်မှု အလျောက် ဈေးနှုန်းက အစားစား ပြောင်းလဲ ပါတယ်။ 

တံခါး နှစ်ပေါက် ဇိမ်ခံ စူပါကား Lykan Hypersport ကို အရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ်လုပ် ထားကြောင်း သိရ ပါတယ်။
.
Ref: W Motors
အောင်ခမ်း (ရိုးရာလေး) 
 Lykan HyperSport လို့ အမည်ရတဲ့ စူပါကားကို လက်ဘနွန်နိုင်ငံ အခြေဆိုက် W Motors က ထုတ်လုပ်ဖန်တီး ထားခြင်း ဖြစ်ပါတယ်။ W Motors ဆိုတာကလည်း ၂၀၁၂ ခုနှစ်မှ စတင် တည်ထောင်တဲ့ ကုမ္ပဏီ ဖြစ်ပြီး စူပါကား ကိုလည်း ၂၀၁၃ နိုဝင်ဘာလ ကမှ ပထမဆုံး ပြသခဲ့တာ ဖြစ်ပါတယ်။

ပြည်သူကို စောင့်ရှောက်တဲ့ အခြေခံဥပဒေပေါ်ပေါက်ရေးက ပထမ

(ဆောင်းပါး) “မျိုးစောင့်ဥပဒေကို နှစ်ယောက်တစ်ပိုင်း ဖွဲ့ထားတဲ့ အဖွဲ့သေးသေးလေးတွေက ၀ိုင်းဝန်းပြီး ကန့်ကွက်တာကို ပြည်သူလူထုက အားမလျှော့နဲ့။ အဲဒီ အဖွဲ့အစည်းတွေ အားလုံးကို ပေါင်းလိုက်တော့မှ ဦးဇင်းရဲ့ တရားပွဲ တစ်ပွဲစာလောက်တောင် လူဦးရေ မရှိပါဘူး။ အဲဒါကြောင့် ခွေးလေးခုန်လို့ ဖုန်မထပါဘူး” လို့ မျိုးစောင့် ဦးဆောင် ဆရာတော် တစ်ပါးက မိန့်ဆိုလိုက်ပါတယ်။
“အမျိုးသားရေး လုပ်ဆောင်ချက်ကို ဒေါ်လာစားသော ပါးစပ်၊ လူ့အခွင့်အရေး မျက်လုံး၊ ပြည်သူကို အကျိုးမပြုသော လက်၊ နိုင်ငံအပေါ် သစ္စာမစောင့်သော အသိဉဏ်တို့ဖြင့် ဝေဖန်နေသူ အဖွဲ့အစည်း အသီးသီးတို့အား အပြင်းအထန် ကန့်ကွက်သည်” လို့ အမျိုးသား သစ္စာဖောက်တွေအဖြစ် စွပ်စွဲပြီး ဦးဆောင် ဆရာတော်နှစ်ပါးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

သန္တိသုခအရေး ပွင့်လင်းစွာ မဖြေရှင်းပေးပါက အထက်မြန်မာပြည် သံဃသမဂ္ဂအဖွဲ့ချုပ် ဆန္ဒပြပွဲများ လုပ်ဆောင်မည်

ရန်ကုန်မြို့တော်ရှိ မဟာသန္တိသုခကျောင်းတိုက်ကို ချိတ်ပိတ်ပြီး ကျောင်းတိုက်တွင်း သီတင်းသုံးနေသည့် သံဃာများကို ဇွန်လ ၁၀ ရက်နေ့ညက အကြမ်းဖက် ဖယ်ရှားခဲ့မှုနှင့် ပတ်သက်၍ အထက်မြန်မာပြည် သံဃသမဂ္ဂ အဖွဲ့ချုပ်က ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကာ အမြန်ဆုံး ပွင့်လင်းမြင်သာစွာ မဖြေရှင်းပေးပါက ဆန္ဒဖော်ထုတ်ပွဲများကို အရှိန်အဟုန်မြှင့် ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ချုပ် ထုတ်ပြန်ချက်များအရ သိရသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများ အဖမ်းအဆီး ရပ်ဆိုင်းဟုဆို

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် တရားမဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးမှုမရှိဟု ကြေညာပြီး နောက်နေ့ ဇွန်လ ၁၈ ရက်နေ့တွင် မြန်မာအလုပ်သမားများ အပါအဝင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီးမှု ရပ်ဆိုင်းနေကြောင်း အဆိုပါနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။

မောင်တောရှိ ဒုက္ခသည်များအတွက် ပေးသည့်ရိက္ခာကို ဖြတ်တောက်ခြင်း မရှိဟုဆို

Photo: မောင်တောရှိ ဒုက္ခသည်များအတွက် ပေးသည့်ရိက္ခာကို ဖြတ်တောက်ခြင်း မရှိဟုဆို
Thursday, June 19, 2014

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ခိုလှုံနေသည့် ဒုက္ခသည်များအတွက် ပေးသည့် ရိက္ခာကို ဖြတ်တောက်ခြင်း မရှိကြောင်း ခရေမြိုင်ကျေးရွာမှ ရာအိမ်မှူး ဦးထွန်းလှအောင်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသည့် ဒုက္ခသည်များကို လှူဒါန်းသည့် စားနပ်ရိက္ခများကို ရာအိမ်မှူးက ဖြတ်တောက်ခြင်း၊ စားနပ်ရိက္ခာများ သယ်ဆောင်စရိတ်ဟု ဆိုကာ မိသားစုတစ်စုမှ ကျပ်တစ်ထောင်နှုန်း ကောက်ယူနေသည်ဟု ဆိုကာ ဒုက္ခသည်များက ပြောဆိုမှုကို ၎င်းက ယင်းသို့ ပြန်လည် တုံ့ပြန်ခြင်း ဖြစ်သည်။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက ဇွန်လအတွက် ရိက္ခာထောက်ပံ့ရာတွင် ခွဲတမ်းအရ ဒုက္ခသည် အိမ်ထောင်စု တစ်စုလျှင် ဆန်တစ်အိတ်၊ စားသုံးဆီ ၂ လီတာ၊ ပဲငါးပြည်ကျစီ ရရှိမည် ဖြစ်ကြောင်း၊ သို့သော်လည်း ဆန်တစ်အိတ် ပေးရာတွင် ဆန်လေးပြည် လျော့နည်းကာ ဆီ တစ်လီတာခွဲ၊ ပဲ ၂ ပြည်သာ ရရှိပြီး ကျန်ရိက္ခာများကို ဦးထွန်းလှအောင်က ဖြတ်တောက်ထားခြင်း ဖြစ်ကြောင်း ဒုက္ခသည် တစ်ဦးဖြစ်သူ ဦးသိန်းစိုးက ဆိုသည်။ 

ဒုက္ခသည် အိမ်ထောင်စု ၉၈ စု ရှိသည့်အနက် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးက ဆန် ၉၃ အိတ်သာ ပေးပြီး သယ်ယူစရိတ် တစ်အိတ်လျှင် ကျပ် ၆၀၀ ဝန်းကျင်ရှိကြောင်း၊ စားသုံးဆီများ ပေးဝေရန် ပလတ်စတစ်ဘူးများ ဝယ်ရသဖြင့် ယင်းသို့ ရိက္ခာများ လျော့နည်းခြင်း ဖြစ်ကြောင်း ရာအိမ်မှူး ဦးထွန်းလှအောင်က ရှင်းပြသည်။ 

အကြမ်းဖက်ခံရမှုများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာကာ မောင်တောမြို့နယ်အတွင်း ဝင်ရောက် ခိုလှုံနေသည့် ဒုက္ခသည် ၂၀၀၀ ခန့်မှာ အလုပ်လက်မဲ့ ပြဿနာကြောင့် လူမှုအဖွဲ့အစည်းများ၊ အစိုးရ၏ ထောက်ပံ့မှုများကို အဓိက အားကိုးနေရသည်။ 

(ခင်မောင်အေး)

The Voice Weekly 
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ခိုလှုံနေသည့် ဒုက္ခသည်များအတွက် ပေးသည့် ရိက္ခာကို ဖြတ်တောက်ခြင်း မရှိကြောင်း ခရေမြိုင်ကျေးရွာမှ ရာအိမ်မှူး ဦးထွန်းလှအောင်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထွက်ပြေးလာသည့် ဒုက္ခသည်များကို လှူဒါန်းသည့် စားနပ်ရိက္ခများကို ရာအိမ်မှူးက ဖြတ်တောက်ခြင်း၊ စားနပ်ရိက္ခာများ သယ်ဆောင်စရိတ်ဟု ဆိုကာ မိသားစုတစ်စုမှ ကျပ်တစ်ထောင်နှုန်း ကောက်ယူနေသည်ဟု ဆိုကာ ဒုက္ခသည်များက ပြောဆိုမှုကို ၎င်းက ယင်းသို့ ပြန်လည် တုံ့ပြန်ခြင်း ဖြစ်သည်။

သမ္မတအကြံပေးအဖွဲ့ တိုးချဲ့ပြီ

နိုင်ငံတော်သမ္မတရဲ့ အကြံပေးအဖွဲ့တွေကို တိုးချဲ့လိုက်ပြီး အဖွဲ့ဝင်သစ်တွေ ထပ်မံ ခန့်အပ်လိုက်တယ်လို့ သမ္မတရုံးကနေ ဒီနေ့ မနက်မှာပဲ ထုတ်ပြန်လိုက်ပါတယ်။ 

နိုင်ငံတော်သမ္မတရဲ့ အကြံပေးအဖွဲ့မှာ အဖွဲ့ဝင် စုစုပေါင်း ခြောက်ဦး ခန့်အပ်ထားတာ ဖြစ်ပါတယ်။ အရင်က သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ၂၀၀၃ ကနေ ၂၀၁၃ ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားယူထားတဲ့ သူရဦးမြင့်မောင်ကတော့ သမ္မတအကြံပေးအဖွဲ့မှာ သာသနာရေးအကြံပေး အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူထားရပါတယ်။ သူက ခုချိန်မှာတော့ သုံးခွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ပဲ ဖြစ်ပါတယ်။ 

အမျိုးသမီးတဦး ကိုယ်လုံးတီး နေပူစာလှုံမှုကြောင့် ???


Photo: အမျိုးသမီးတဦး ကိုယ်လုံးတီး နေပူစာလှုံမှုကြောင့် ???
Thursday, June 19, 2014

အမျိုးသမီးတဦး ကိုယ်တုံးလုံးချွတ်ပြီး တိုက်ခန်းတခုရဲ့ ပြူတင်းပေါက်မှာ နေပူစာ လှုံတာကြောင့် ယာဉ်မောင်းတွေ မျက်လုံး သူ့ဆီ ပဲ ရောက်ကုန်ကာ ကားတွေ ပိတ်ပြီး ယာဉ်တိုက်မှုတွေတောင် ဖြစ်သွားပါ တယ်။ 
သြစတြီးယားနိုင်ငံ ဗီယင်နာ မြို့က အဆောက်အဦး တခုရဲ့ ပြူတင်းပေါက် မှာ နေလောင် အသားအရေ ငတ်လင့်နေတဲ့ အမျိုးသမီးဆီကို ကားလမ်းမဆီက ယာဉ်မောင်းတွေလည်း ကိုယ့်လမ်း ကိုယ် မကြည့်နိုင်တော့ဘဲ လူတွေက ပြူတင်းပေါက်ကိုပဲ မျက်တောင် မခတ် ပဲ အာရုံစိုက်နေကြတော့ ယာဉ်တိုက်မှုတွေ၊ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ရတာပါလို့ The Mirror သတင်းတပုဒ် က ဆိုပါတယ်။ 

သတင်းအရ သေချာတာကတော့ အဲဒီ နေ့က ယာဉ်ကြောပိတ်သွားတဲ့ အဲဒီ ကားလမ်းမှာ ယာဉ်မောင်းသူတွေ ဟာ ပုရိသတွေဖြစ်မယ် ဆိုတာ ကျိန်းသေ ပြောလို့ရပါလိမ့်မယ်။ 

ပွဲကြည့်ပရိသတ်တွေထဲက ကိုယ်လုံးတီးနဲ့ နေပူစာ လှုံနေတဲ့ အမျိုးသမီးကို ဓာတ်ပုံတွေ ရိုက်ကြသူတွေ လည်း ရှိကြပါတယ်။ အနောက်နိုင်ငံက လူတွေက သူတို့ အသားအရေကို နေလောင်ခံထားရတဲ့ ညို စိမ့်စိမ့်အရောင်မျိုးကို ပိုင်ဆိုင်ချင်ကြတယ်လို့ စစ်တမ်းတချို့က ဖော်ပြပါတယ်။ 

ဧရာဝတီ 
 အမျိုးသမီးတဦး ကိုယ်တုံးလုံးချွတ်ပြီး တိုက်ခန်းတခုရဲ့ ပြူတင်းပေါက်မှာ နေပူစာ လှုံတာကြောင့် ယာဉ်မောင်းတွေ မျက်လုံး သူ့ဆီ ပဲ ရောက်ကုန်ကာ ကားတွေ ပိတ်ပြီး ယာဉ်တိုက်မှုတွေတောင် ဖြစ်သွားပါ တယ်။

ရွေးကောက်ပွဲနည်းဥပဒေ(မူကြမ်း)တွင် ကြိုတင်မဲစာရင်းကြေညာရန် အချက် ထည့်သွင်းပြင်ဆင်ထား

လွှတ်တော်သုံးရပ်၏ရွေးကောက်ပွဲ နည်းဥပဒေ(မူကြမ်း) ပြင်ဆင်ချက်တွင် ကြို တင်မဲစာရင်း ကြေညာပေး ရန် အချက်ကို ထည့်သွင်းပြင်ဆင်ပေးထားသည်ဟု ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလွင်က မဇ္ဈိမကို ပြောသည်။

စက်ယန္တရားကြီးများဖြင့် တရားမ၀င်ရွှေများ တူးဖော်မှုများကို ဖမ်းဆီးနိုင်ခြင်း မရှိ

စက်ယန္တရားကြီးများဖြင့် တရားမ၀င် ရွှေများတူးဖော်မှုများကို သက်ဆိုင်ရာက ဖမ်းဆီးနိုင်ခြင်းမရှိဘဲ အသေးစားယန္တရားများဖြင့် ဆောင်ရွက်သည့် တစ်ပိုင်တစ်နိုင် တူးဖော်နေသူများကိုသာ ဖမ်းဆီး မှုများ ပြုလုပ်နေသည်ဟု မြန်မာနိုင်ငံ သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးမောင်ကို က ဝေဖန်လိုက်သည်။

အစိုးရတပ်နှင့် ကေအိုင်အေတို့အကြားတိုက်ပွဲများဆက်လက် မဖြစ်ပေါ်ရန် ဆွေးနွေး

အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းဖော် ဆောင်မှုလုပ်ငန်းကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)တို့ နှစ်ဖက်သဘောတူ ဖွဲ့စည်းထားသည့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့အစည်းအဝေးကို ဇွန်လ ၁၈ ရက်က ပြုလုပ်ရာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှု မရှိစေရေး နှစ်ဖက်တပ်ဖွဲ့များကြား ယုံကြည်မှု ပိုမိုတည်ဆောက်နိုင်ရေး ဦးစားပေး ဆွေးနွေးခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက မဇ္ဈိမကို ပြောသည်။

ပြည်မြို့တွင် လက်နက်ကိုင် အဖွဲ့အစည်းတံဆိပ် တပ်ဆင်ထားသည့် လိုင်စင်မဲ့ယာဉ် နှစ်စီး ဖမ်းမိ

ပဲခူးတိုင်း (အနောက်ပိုင်း) ဒေသကြီး ပြည်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတံဆိပ် တပ်ဆင်ထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီးကို ဇွန်လ ၁၇ ရက်နေ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း ပြည်မြို့ အမှတ် (၁) ရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

အဖမ်းဆီးခံ သံဃာတော်နှစ်ပါးအတွက် အင်္ဂလန်သံရုံး ထောင်ဝင်စာတွေ့မည်

မဟာသနိ္တသုခ ကျောင်းတိုက်တွင် ခေတ္တသီတင်းသုံးနေထိုင်စဉ် ဖမ်းဆီးကာ လူဝတ်လဲခံရသည့် လန်ဒန်ဆရာတော်ဟု လူသိများသော အင်္ဂလန်နိုင်ငံသား ဦးဥတ္တရနှင့်ပတ်သက်ပြီး ၎င်းနိုင်ငံ၏ သံရုံးက မြန်မာအာဏာပိုင်များနှင့် ဆက်သွယ်ကာ သွားရောက်တွေ့ဆုံခဲ့ပြီး ဦးဥတ္တရအား ကျန်းမာရေး၊ ဥပဒေအရ ရင်ဆိုင်နိုင်ရေးနှင့် ထောင်ဝင်စာတွေ့ဆုံရေးတို့ကို အကူအညီ
ပေးသွားမည်ဖြစ်ကြောင်း ဦးနေထူးက မဇ္ဈိမကို ပြောကြားခဲ့သည်။

တွေ့ဖူးသမျှ ဒုက္ခသည်များထဲတွင် ရခိုင်နှင့် ကချင်စခန်းများ အဆိုးဆုံးဟု ကုလ ဆို

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ လက်ထောက်အတွင်းရေးမှူး Kyung-wha Kang က သူမြင်တွေ့ခဲ့ ဖူးသမျှ ဒုက္ခသည်များထဲတွင် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်း များတွင် နေထိုင်သူတို့မှာ အဆိုးရွားဆုံးဟု ဇွန်လ ၁၇ ရက် ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

မိန်းကလေးကိစ္စဖြင့် အမှုဖွင့်ခံရသည့် လက်ရွေးစင်ကစားသမား

Photo: မိန်းကလေးကိစ္စဖြင့် အမှုဖွင့်ခံရသည့် လက်ရွေးစင်ကစားသမား
Thursday, June 19, 2014

ရန်ကုန်- ရန်ကုန်ယူနိုက်တက်ဘောလုံးကစားသမားကြည်လင်းသည် အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို ခိုးယူပေါင်းသင်းမှု စွပ်စွဲချက်ဖြင့် ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခံထားရကြောင်း သတင်းရရှိသည်။

မြန်မာ့လက်ရွေးစင်နှင့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ကွင်းလယ် ကစားသမားကြည်လင်းသည် ဇွန်လ ၇ ရက်တွင် အသက် (၁၇)နှစ်အရွယ် မိန်းကလေးတစ်ဦးကို ကမာရွတ်မြို့နယ်ရှိ ဟိုတယ်တစ်ခုသို့ခေါ်ဆောင်သွားပြီး သားမယားပြုကျင့်ခဲ့ကြောင်း ကာယကံရှင်မိန်းကလေးက ဇွန်လ ၁၆ ရက်က ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။

ယင်းအမှုတွင် အမှုဖွင့်ခံထားရသူမှာ သာမန်လူတစ်ဦးမဟုတ်ဘဲ နိုင်ငံ့ လက်ရွေးစင်ကစားသမားတစ်ဦးဖြစ်သောကြောင့် တရားလိုဘက်မှ တိုင်ကြားချက် ဖြစ်စဉ်ကို ကမာရွတ်မြို့နယ်ရဲစခန်းက အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပေ။ အဆိုပါမိန်းကလေးငယ်သည် ဒဂုံအရှေ့မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး ၎င်းမှာ အလှပြင်သင်တန်းတက်ရောက်နေသူ တစ်ဦးလည်းဖြစ်ကြောင်း သတင်းရရှိသည်။

‘‘တရားလိုဘက်ကတော့ စွပ်စဲတိုင်တန်းထားတဲ့သဘောပဲရှိသေးတယ်။ အမှုဖွင့်ခံထားရတဲ့ ကြည်လင်းကို မစစ်ရသေးတော့ ပြောလို့မရဘူး။ ဟိုဘက်ကို လည်း စစ်ဆေးပြီးမှမေးတဲ့ မေးခွန်းတွေကိုဖြေလို့ရမယ်။ မပြောနိုင်သေးဘူး။ စွပ်စွဲခံထားရတုန်းဆိုတော့ နောက်လုပ်ထုံးလုပ်နည်းအရ ဝန်ကြီးဌာနနဲ့ အသင်းကိုတော့ အကြောင်းကြားထားပြီးပြီ။ ဖြစ်တုန်းက အလိုတူလား၊ မတူလားဆိုတာ စစ်ဆေးရဦးမှာ’’ဟု ကမာရွတ်မြို့နယ်ရဲစခန်းမှ တာဝန်မှူးဒုရဲအုပ်မျိုးမင်းအောင်က ပြောသည်။

‘‘အခုလက်ရှိတော့ ကြည်လင်းက အသင်းမှာပဲရှိနေသေးတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဘာမှမသိသေးဘူး’’ဟု ရန်ကုန်ယူနိုက်တက် အသင်း မီဒီယာတာဝန်ခံ ဦးအောင်ပိုင်က ပြောသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ကြည်လင်းထံသို့ ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။ ယင်းအမှုကို ကမာရွတ်မြို့ နယ် ရဲစခန်းတွင်ပြစ်မှုဆိုင်ရာ ပုဒ်မ ၃၆၆ အရ အရွယ်မရောက်သေးသူအား ခိုးယူပေါင်းသင်းမှုဖြင့် စွပ်စွဲတိုင်ချက်ဖွင့်ထားကြောင်း သတင်းရရှိသည်။

ကြည်လင်းသည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင်ရရှိခဲ့သော ဒဏ်ရာကြောင့် ယခုနှစ် မြန်မာနေရှင်နယ်လိဂ်အမှတ်ပေးပြိုင်ပွဲကို တစ်ပွဲမှဝင်ရောက်ကစား နိုင်ခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူပြီး အနားယူခဲ့ရသည်။

7Day Daily
ရန်ကုန်- ရန်ကုန်ယူနိုက်တက်ဘောလုံးကစားသမားကြည်လင်းသည် အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို ခိုးယူပေါင်းသင်းမှု စွပ်စွဲချက်ဖြင့် ကမာရွတ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြား ခံထားရကြောင်း သတင်းရရှိသည်။

စားသုံးရန် အန္တရာယ်ရှိကြောင်း နာမည်ကြီးခဲ့သည့် အာလူးကြော်နှင့် အချိုရည်များကိစ္စ FDA ရှင်း

လူထုအကြားစား သုံးရန်အန္တရာယ်ရှိသည်ဟု သ တင်းများထွက်ပေါ်ခဲ့သည့် Oishi Snack အာလူးချောင်းကြော်၊ Rockerအချိုရည်များသည် အ များပြည်သူ စားသုံးရန်အန္တရာယ် မရှိကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာနခွဲ ညွှန်ကြားရေးမှူးဒေါက်တာ ထွန်းဇော်က ပြောသည်။ ဇွန် ၁၈ ရက်က နေပြည် တော်၊ အစားအသောက်နှင့် ဆေး ၀ါးကွပ်ကဲရေး ဦးစီးဌာနတွင်ပြု လုပ်သော Dee Do အချိုရည်နှင့် ပတ်သက်၍ မီဒီယာများသို့အသိ ပေးရှင်းလင်းပွဲတွင် ၎င်းကထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သန္တိသုခအရေး ဖြေရှင်းပေးဖို့ မန္တလေးသံဃာများ တောင်းဆို

Photo: သန္တိသုခအရေး ဖြေရှင်းပေးဖို့ မန္တလေးသံဃာများ တောင်းဆို

ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ မဟာသန္တိသုခကျောင်းတိုက် ချိပ်ပိတ်သိမ်းယူထားတဲ့ကိစ္စနဲ့ ပီနန်ဆရာတော်ဘုရားကြီးရဲ့ လူဝတ်လဲဖမ်းဆီးခံထားရတဲ့ တပည့်သံဃာ ၅ ပါးရဲ့ အရေး ကိစ္စတွေအပေါ် အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုချက် စာတစ်စောင်ကို မန္တလေးကျောင်းတိုက်တွေက တာဝန်ခံဆရာတော် ၂၅  ပါးက လက်မှတ်ထိုးရေးထိုး ထုတ်ပြန်လိုက်ပါတယ်။
 
အထက်မြန်မာပြည်သံဃာတော်တွေရဲ့ တောင်းဆိုချက်တွေထဲမှာ မဟာသန္တိသုခကျောင်းတိုက် ဝင်ရောက်စီးနင်းမှုအပေါ် ကန့်ကွက်ရှုံ့ချကြောင်း၊ ဖမ်းဆီးထားတဲ့ သံဃာ ၅ ပါးကို ချွင်းချက်မရှိ ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုကြောင်း၊ ကျောင်းတိုက် ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး ဝိနည်းဓမ္မနဲ့အညီ ဖြေရှင်းပေးရေးနဲ့ အာဏာပိုင်တွေက ရဟန်းသံဃာတွေအပေါ် အကြမ်းဖက်ဆောင်ရွက်ချက်တွေနဲ့ သံဃာထုကိုဖြိုခွဲဖို့ လုပ်ဆောင်ချက်များကို ကန့်ကွက်ကြောင်း ရေးသားထားပါတယ်။

ဒီတောင်းဆိုတဲ့ ကြေညာချက်ကို ဘုရားကြီးတိုက်၊ မစိုးရိမ်တိုက်ဟောင်း၊ မြတောင်၊ မဟာဂန္ဓာရုံ၊ အနောက်ခင်မကန်၊ မိုးကောင်း၊ တောင်ထီးလင်း စတဲ့ ကျောင်းတိုက်ကြီးတွေက တာဝန်ခံဆရာတော် ၂၅ ပါးက လက်မှတ်ရေးထိုး ထုတ်ပြန်တာဖြစ်ပါတယ်။
ရန်ကုန်မြို့ တာမွေမြို့နယ်မှာရှိတဲ့ မဟာသန္တိသုခကျောင်းတိုက် ချိပ်ပိတ်သိမ်းယူထားတဲ့ကိစ္စနဲ့ ပီနန်ဆရာတော်ဘုရားကြီးရဲ့ လူဝတ်လဲဖမ်းဆီးခံထားရတဲ့ တပည့်သံဃာ ၅ ပါးရဲ့ အရေး ကိစ္စတွေအပေါ် အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ တောင်းဆိုချက် စာတစ်စောင်ကို မန္တလေးကျောင်းတိုက်တွေက တာဝန်ခံဆရာတော် ၂၅ ပါးက လက်မှတ်ထိုးရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ဘင်္ဂါလီများ နေထိုင်လျက်ရှိသည့် ဒုက္ခသည်စခန်းများမှာ အခြေအနေ အလွန်ဆိုးရွားကြောင်း ကုလသမဂ္ဂ၏ ပြောကြားမှုအပေါ် သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် တုံ့ပြန်

ဘင်္ဂါလီများ နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံရှိ ကယ်ဆယ်ရေးစခန်းများသည် သူမကြုံတွေ့ခဲ့ရဖူးသမျှတွင် လူသားများအနေဖြင့် ခံစားရသည့် အဆိုးရွားဆုံး နေရာများဖြစ်ကြောင်း ကုလသမဂ္ဂမှ အကြီးတန်း အရာရှိတစ်ဦးက အင်္ဂါနေ့က ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရပြီး အဆိုပါ ပြောဆိုမှုအပေါ် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က တုံ့ပြန်ပြောဆိုခဲ့သည်။

ကုလသမဂ္ဂ အကြီးတန်းအရာရှိ Kang Kyung-wha သည် မြန်မာနိုင်ငံသို့ လွန်ခဲ့သည့် အပတ်က လာရောက်ခဲ့ပြီး ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များသို့ သွားရောက်ခဲ့သည်။

သန္တိသုခ ဖမ်းဆီးခံသံဃာများ ဇွန် ၂၀ တွင် မလွတ်လျှင် ရွှေည၀ါဆရာတော်နှင့် ဦးဝီရသူ ဦးဆောင်ဆန္ဒပြမည်

အင်္ဂလန်ဆရာတော်အ ပါအ၀င် ဖမ်းဆီးခံသံဃာတော် ငါးပါးအား ဇွန်လ ၂၀ ရက်တွင် ပြန်လွှတ် မပေးပါက ရွှေညဝါ ဆရာတော်၊ မစိုးရိမ် ကျောင်းတိုက် ဆရာတော် ဦးဝီရသူနှင့် ဆရာ တော် ဦးပါမောက္ခတို့က ဦးဆောင်၍ ဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်သည်။

ခွင့်ပြုမိန့်မရဘဲ ခြေဥပြင်ဆင်ရေးဟောပြောပွဲ ပြုလုပ်၍ ကချင်ပြည်နယ် ဒီချုပ်ဥက္ကဋ္ဌတရားစွဲခံရ


Photo: ခွင့်ပြုမိန့်မရဘဲ ခြေဥပြင်ဆင်ရေးဟောပြောပွဲ ပြုလုပ်၍ ကချင်ပြည်နယ် ဒီချုပ်ဥက္ကဋ္ဌတရားစွဲခံရ
Thursday, June 19, 2014

မြစ်ကြီးနားမြို့တွင် ဇွန်လ ၁၄ ရက်၌ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ခွင့်ပြုမိန့်မရဘဲပြုလုပ်မှုဖြင့် အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်ဥက္ကဋ္ဌကို ဒေသခံ ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက် ကြောင်း သတင်းရရှိသည်။

ဟောပြောပွဲပြုလုပ်ရာတွင် သက်မှတ်ချက်များနှင့်မညီညွတ် ၍ ခွင့်ပြုမိန့်မပေးခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အ မှတ်(၂) ရဲတပ်ဖွဲ့စခန်းမှူးကပြော သည်။ လူထုဟောပြောပွဲပြုလုပ် ရန် ခွင့်ပြုမိန့်တောင်းခံရာတွင် အနည်းဆုံး ငါးရက်ကြိုတင် တောင်းခံရမည်ဖြစ်သော်လည်း ဒီ ချုပ်ဘက်မှ လေးရက်အလိုမှသာ ခွင့်ပြုမိန့်တောင်းခံခဲ့၍ ခွင့်ပြုမိန့်ပေးရန်ငြင်းဆိုခဲ့ခြင်း ဖြစ်ပြီး ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေအရ အမှုဖွင့်တရားစွဲဆိုခြင်းဖြစ်ကြောင်း စခန်းမှူးက ရှင်းပြသည်။

ယခင်က ဟောပြောပွဲနှစ် ကြိမ်ပြုလုပ်ခဲ့ရာတွင် မြို့နယ်ရွေး ကောက်ပွဲကော်မရှင်သို့သာ တင် ပြ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြဿနာမဖြစ်ပွားခဲ့ဘဲ ယခုလူထု ဟောပြောပွဲမှသာ တရားစွဲဆို သည်အထိဖြစ်လာကြောင်း အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်ဥက္ကဋ္ဌဦးအက်စ် ကိုမားက တုံ့ပြန်ပြောဆိုသည်။

‘‘အရင်တုန်းကလိုပဲ ရွေး ကောက်ပွဲကော်မရှင်ကို တင်ပြ တယ်။ ၁၀ ရက်နေ့မှ ရဲတပ်ဖွဲ့က ခွင့်ပြုမိန့်တင်ဖို့အကြောင်းကြား တယ်။ အဲဒီနေ့မှတင်တော့ ငြင်း ဆိုခံရတယ်။ အရင်တုန်းက အ ဆင်မပြေတာမရှိဘူး’’ဟု ၎င်းက ပြောသည်။

သို့သော်လည်း ၎င်းတို့ထံ သို့ တရားစွဲဆိုသည့် အကြောင်း ကြားစာမရသေးဟု ဦးအက်စ်ကို မားက ဆက်လက်ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး ဟောပြောပွဲကို မြစ်ကြီး နားမြို့တွင် ဇွန်လ၁၄ ရက်၌ ပြုလုပ်ခဲ့ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း မှ ဦးကိုကိုကြီးအပါအဝင် ဒီချုပ်အဖွဲ့ဝင်များဟောပြောခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း မကွေးတိုင်း ဒီချုပ်အတွင်းရေးမှူး ကို ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေး ဟောပြောပွဲနှင့်ပတ်သက်၍ တရားစွဲဆိုခဲ့သည်။

ခြေဥပြင်ဆင်ရေးဟောပြောပွဲ ကျင်းပခဲ့စဉ်(ဓာတ်ပုံ − ကိုကိုကြီးဖေ့စ်ဘွတ်ခ်)
7Day Daily 
မြစ်ကြီးနားမြို့တွင် ဇွန်လ ၁၄ ရက်၌ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ခွင့်ပြုမိန့်မရဘဲပြုလုပ်မှုဖြင့် အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကချင်ပြည်နယ်ဥက္ကဋ္ဌကို ဒေသခံ ရဲတပ်ဖွဲ့က တရားစွဲဆိုလိုက် ကြောင်း သတင်းရရှိသည်။

ဟောပြောပွဲပြုလုပ်ရာတွင် သက်မှတ်ချက်များနှင့်မညီညွတ် ၍ ခွင့်ပြုမိန့်မပေးခဲ့ခြင်းဖြစ်ပြီး ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အ မှတ်(၂) ရဲတပ်ဖွဲ့စခန်းမှူးကပြော သည်။ လူထုဟောပြောပွဲပြုလုပ် ရန် ခွင့်ပြုမိန့်တောင်းခံရာတွင် အနည်းဆုံး ငါးရက်ကြိုတင် တောင်းခံ ရမည်ဖြစ်သော်လည်း ဒီ ချုပ်ဘက်မှ လေးရက်အလိုမှသာ ခွင့်ပြုမိန့်တောင်းခံခဲ့၍ ခွင့်ပြုမိန့်ပေးရန်ငြင်း ဆိုခဲ့ခြင်း ဖြစ်ပြီး ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဥပဒေအရ အမှုဖွင့်တရားစွဲ ဆိုခြင်းဖြစ်ကြောင်း စခန်းမှူးက ရှင်းပြသည်။