Sunday, March 24, 2013

လူတော်လူမော်တွေ အမြဲတစေ လက်ကိုင်ထားတတ်တဲ့ အမူအကျင့်(၁၀)မျိုး



၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်

သူငယ်ချင်းတွေအကြား ယုံကြည်စွာတည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။
အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့ စိတ်နေ စိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည် လာတဲ့အတွက် တန်ဖိုးထား ပါ။

AIDSကို ကုသပျောက်ကင်း နိုင်ရန် ဖြစ်နိုင်ချေ ရှိသည့် HIVကို တွေ့ရှိခဲ့သော နိုဘယ်ဆုရှင် ပြောကြား

HIVပိုးကို တွေ့ရှိခဲ့သဖြင့် နိုဘယ်ဆု ချီးမြှင့်ခံရသော သိပ္ပံပညာရှင် Francoise barre Sinoussiက AIDS ကို ကုသပျောက်ကင်း နိုင်ရန် အခွင့်အလမ်း ရှိကြောင်း ထုတ်ဖော် ပြောဆို လိုက်သည်။
Francoise barre Sinoussi သည်ကမ္ဘာ့သြဇာတိက္က မရှိသော မီဒီယာတစ်ခုဖြစ်သည့် တိုင်း(မ်) မဂ္ဂဇင်း သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ အသက်၆၅နှစ် ရှိပြီဖြစ်သော ပြင်သစ်လူမျိုး ဗိုင်းရပ်ဗေဒ ပညာရှင်သည် ဗိုင်းရပ်ကို တွေ့ရှိရုံဖြင့်အားမရသေးဘဲ ခုခံအား ကျဆင်းမှုကူးစက် ရောဂါကို ကုသရန်အတွက်ပါ

မိတ္ထီလာမြို့အကြမ်းဖက်မှု့အား မြို့ခံ အစ္စလာမ်ဘာသာဝင်များ၊ ဗုဒ္ဓဘာသာဝင်များ၏ ရင်နှင့်ဖွယ် ခံစားချက် အမြင်

မြန်မာသမ္မတ ဦးသိန်းစိန်က အရေးပေါ်အခြေအနေကြေညာပြီးနောက်ပိုင်း မိတ္ထီလာခရိုင်အတွင်း အကြမ်းဖက်တိုင်ခိုက်မှုတွေကြောင့် ၃၂ ဦးသေဆုံးခဲ့တယ် လို့ မြန်မာအစိုးရက မတ်လ ၂၃ ရက်နေ့  မှာ ကြေညာခဲ့ပါတယ်။

မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မှု၌ ပါဝင်သူများအား ဥပဒေနှင့် အညီ စတင်အရေးယူမှုပြုလုပ်

Photo: မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မှု၌ ပါဝင်သူများအား ဥပဒေနှင့် အညီ
စတင်အရေးယူမှုပြုလုပ်
Sunday, March 24, 2013

မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာပါဝင်ခဲ့သူဟု ယူဆရသူ
၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဟု ယူဆရသူ ၅ ဦးနဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ ဦးတို့ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့ အညီ အရေးယူဖို့ ဆောင်ရွက်နေကြောင်း၊

မိတ္ထီလာမှာတုတ်ဓားလက်နက်ကိုင်ဆောင်သွားလာသူ ၅၂ ဦးကို 
ဖမ်းဆီးပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ကြောင်း မြန်မာ့အသံနဲ့ ရုပ်မြင် သံကြားညနေ လေးနာရီသတင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Ye Htut
ပြန်ကြားရေးဒုတိယဝန်ကြီး မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာပါဝင်ခဲ့သူဟု ယူဆရသူ
၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ် စဉ်တွင် ပါဝင်ခဲ့သူဟု ယူဆရသူ ၅ ဦးနဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာဆူပူအကြမ်းဖက် မီးရှို့မှုဖြစ်စဉ်မှာပါဝင်ခဲ့သူဟု ယူဆ ရသူ ၁၇ ဦးတို့ ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း ထားပြီး ဥပဒေနဲ့အညီ အရေးယူဖို့ ဆောင်ရွက်နေကြောင်း၊ မိတ္ထီလာမှာ

လာမည့် ဧပြီလတွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားကို ကျပ်နှစ်သောင်းစီ တိုးမြှင့်ပေးရန် ပါရှိသည့် ၂၀၁၃ ခုနှစ် ဘတ်ဂျက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် အတည်ပြု

Weeklyeleven-1-march24
လွှတ်တော်အစည်းအဝေး ကျင်းပနေသည်ကို လေ့လာနေသော အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ပါတီဝင်များကို တွေ့ရစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)
လာမည့် ဧပြီလတွင် နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားကို ကျပ်နှစ်သောင်းစီ တိုးမြှင့်ပေးရန် ပါရှိသည့် ၂၀၁၃ ခုနှစ် ဘတ်ဂျက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော် အတည်ပြုဝန်ကြီး ဌာနများအနက် စွမ်းအင်ဝန်ကြီးဌာနမှာ သုံးစွဲငွေအများဆုံးအဖြစ် ကျပ်ဘီလျံ ၃၁၀၀ ကျော် ရရှိခဲ့ပြီး ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယအများဆုံးအဖြစ် ကျပ်ဘီလျံ ၂၂၀၀ ကျော် ရရှိခဲ့

စိုက်ပျိုးမြေ ပြောင်းရွှေ့ဖယ်ရှားခံရမည့် ပြည်သူများအရေး လွှတ်တော်တွင် တင်ပြမည်

Photo: စိုက်ပျိုးမြေ ပြောင်းရွှေ့ဖယ်ရှားခံရမည့် ပြည်သူများအရေး
လွှတ်တော်တွင် တင်ပြမည်
Sunday, March 24, 2013

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ မိကျောင်းကန်
အပိုင်း(၁/၂) ရပ်ကွက်ရှိ ဖယ်ရှားခံရမည့် ကိုယ်ပိုင် စိုက်ပျိုးမွေးမြူ
ထုတ်လုပ်သူများမှ ပြောင်းရွှေ့ရန် မြေနေရာ ခက်ခဲမှုကြောင့် ယခု လက်ရှိနေရာတွင်သာ ဆက်လက်လုပ်ကိုင်ခွင့်ရရန် တောင်းဆိုမှု အပေါ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးသိန်းညွန့်မှ အတတ်
နိုင်ဆုံး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ပိုင်ဆိုင်သည့် ၃၁ဧက ကျယ်ဝန်းသည့် ယင်းမြေကွက်အတွင်း ပျိုးဥယျာဉ်၊ ဟင်းသီးဟင်းရွက် စိုက်ခင်းနှင့် နို့စား နွား မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လျက်ပြီး မိသားစုပေါင်း
၂၁၂ စုနေထိုင်၍ မှီတင်းနေထိုင်သူဦးရေ ၈၀၀ကျော် ရှိကြောင်း
သိရသည်။

ယင်းနေရာများတွင် ၁၉၉၂ခုနှစ်ခန့်မှ စတင်ငှားရမ်း လုပ်ကိုင်ခဲ့ကြ
ပြီး လွန်ခဲ့သည့်နှစ် အောက်တိုဘာလ ခန့်တွင် ယခုလ ၃၁ရက်နေ့
နောက် ဆုံးထား၍ ပြောင်းရွှေ့ပေးရန် အကြောင်းကြားစား ပေးပို့
ခဲ့ကြောင်း ယင်းမြေကွက် အတွင်း အလုပ်လုပ်ကိုင်သူ တစ်ဦးဖြစ်သူ ဦးမိုးဟိန်းက ပြောကြားသည်။

“ဒီနေရာမှာက အတော်များများ အဆင်ပြေတယ်၊ လမ်းပန်းဆက်
သွယ်ရေးလဲ အဆင်ပြေတယ်၊ တခြားနေရာတွေမှာဆို ဝေးတယ့်
အတွက် လုပ်ကိုင်နိုင်တဲ့ စွမ်းအား မရှိတော့ဘူး။”ဟု နို့စားနွားမွေး
မြူရေး လုပ်ငန်း လုပ်ကိုင်သူ ကိုဝဏ္ဏထွန်းက ပြောကြားသည်။

ယခုလက်ရှိနေရာတွင် လုပ်ကိုင်ခြင်းဖြင့် မွေးမြူရေးသမားများနှင့် စိုက်ပျိုးရေးသမားများကြား ‘ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ’ လုပ်ကိုင်
နိုင်သဖြင့် ကုန်ကျစရိတ်နည်းပါပြီး လုပ်ကိုင်ရ အဆင်ပြေကြောင်း
ပြောကြားသည်။

ယခုနေရာတွင် ဆက်လက်လုပ်ကိုင် ရပါက နေရာပြောင်းရွှေ့
စရိတ် များ လျော့ကျသဖြင့် ပိုမို လုပ်ကိုင်လာနိုင်သလို လက်ရှိ
ပေးဆောင် နေရသည်ထက် ပိုမိုပေးဆောင်ပြီး ဆက်လက်လုပ်
ကိုင်ခွင့် ရရှိပါကလည်း ပေး၍ လုပ်ကိုင်မည်ဖြစ်ကြောင်း၊ အတတ်
နိုင်ဆုံး လက်ရှိနေရာတွင်ပင် လုပ်ကိုင်လိုကြောင်းလည်း ဆက်လက် ပြောကြားသည်။

ယင်းမြေနေရာများအား ငှားရမ်း အသုံးပြုစဉ်မှ စ၍ လစဉ်းကြေး
ပေးချေခဲ့ရပြီး၊ ဆက်လက်လုပ်ကိုင်ရပါလည်း ယင်းမြေနေရာအတွက် အာမခံ ပေး၍ လုပ်ကိုင်ရမည် ဆိုလည်း လုပ်ကိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအား အခြားနေရာတွင် လုပ်ကိုင်ရန် မလွယ်ကူသလို မဖြစ်မနေ ပြောင်းရွှေ့ရမည် ဆိုပါကလည်း မြေ
နေရာ အစားထိုး ပေးစေလိုကြောင်းလည်း ပြောကြားသည်။

သင်္ဃန်းကျွန်း မြို့နယ်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်ကလည်း “အများကြီး မရည်ရွယ်ပါဘူး၊ လုပ်နိုင်
သလောက် လုပ်ပေး သွားမှာပါ၊ လူထုနစ်နာချက် မှန်သမျှ လုပ်ပေးမယ်”ဟုပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ ၎င်းကိုယ်တိုင်
ပင်လျှင် စစ်အစိုးရလက်ထက်တွင် လယ်ယာမြေအချို့ မတရား 
သိမ်းဆည်းခံ ခဲ့ရသောကြောင့် ကိုယ်ချင်းစာမိကြောင်း၊ သို့သော် လည်း ဖြေရှင်းရာ၌ နည်းလမ်းမှန်ရန် လိုအပ်ပြီး ဆင်းရဲနွမ်းပါးသူ
များထံမှ မတရား သိမ်း ဆည်းထားသည့် ကိစ္စများအား အကောင်း ဆုံးဖြစ်အောင် လုပ်ပေးနိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း ဆက် လက်ပြောကြားသည်။

ယင်းသို့သော အောက်ခြေလူတန်းစားများအား မတရား ဖိနှိပ် ချုပ်ချယ်မှုများနှင့် ပတ်သက်၍ လွှတ်တော်တွင် တင်ပြသွားမည်
ဖြစ်သလို တရား ရေးနည်းလမ်းဖြင့် အကောင်းဆုံး ပြေလည်အောင်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူထု၏ ဆန္ဒကို အတတ်နိုင်ဆုံး
ဖြည့်ဆည်းပေးရန် ပြော ဆိုသွားမည် ဖြစ်ကြောင်းနှင့် လူထုနစ်နာ ချက်ကို အောက်ခြေအထိ ဆောင်ရွက်မည်ဖြစ်ပြီး စင်ပေါ်တွင် မိန့်ခွန်းခြွေသည့် အလုပ်မျိုးကို လုပ်ကိုင်မည် မဟုတ်ကြောင်းလည်း ဦးသိန်းညွန့်က ပြောကြားသွားခဲ့သည်။

ဝေယံ
The Myanma Ageရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ မိကျောင်းကန် အပိုင်း (၁/၂) ရပ်ကွက်ရှိ ဖယ်ရှားခံရမည့် ကိုယ်ပိုင် စိုက်ပျိုးမွေးမြူ ထုတ်လုပ် သူများမှ ပြောင်းရွှေ့ရန် မြေနေရာ ခက်ခဲမှုကြောင့် ယခု လက်ရှိနေရာ တွင်သာ ဆက်လက်လုပ်ကိုင်ခွင့်ရရန် တောင်းဆိုမှု အပေါ် ပြည်သူ့ လွှတ် တော် ကိုယ်စားလှယ် ဦးသိန်းညွန့်မှ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကြိုတင်သတင်းထုတ်ပြန်ခြင်း မရှိဘဲ အီရတ်သို့ သွားရောက်

Photo: အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကြိုတင်သတင်းထုတ်ပြန်ခြင်း
မရှိဘဲ အီရတ်သို့ သွားရောက်
Sunday, March 24, 2013

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ယနေ့တွင်
အီရတ်နိုင်ငံသို့ ကြိုတင်သတင်းထုတ်ပြန်ထားဘဲ သွားရောက်
ခဲ့ကြောင်း သိရသည်။

အီရတ်နိုင်ငံကို ဖြတ်ကျော်၍ အီရန်တို့ လေကြောင်းပျံသန်းနေမှု
များတွင် ဆီးရီးယားသို့ တင်ပို့မည့် လက်နက်များ ပါဝင်မှု ရှိ၊မရှိ
သေချာစစ်ဆေးရန် အီရတ်ဝန်ကြီး နူရီအယ်မာလီကီကို နိုင်ငံခြား
ရေးဝန်ကြီးက တိုက်တွန်းပြောကြားသွားမည်ဟု အမေရိကန် ထိပ်တန်းအရာရှိတစ်ဦးက ပြောကြားသည်။

ဝါရှင်တန်အစိုးရသည် အီရတ်နိုင်ငံပေါ်မှ ဖြတ်သန်း၍ အီရန်
လေယာဉ်များ နေ့စဉ်ပျံသန်းနေကြသော်လည်း အီရတ်အစိုးရ
သည် လွန်ခဲ့သည့် နှစ် ဇူလိုင်လမှစ၍ စစ်ဆေးမှုနှစ်ခုသာ လုပ်ဆောင်ခဲ့ကြောင်းသိရသည်ဟု ၎င်းအရာရှိက ဆိုသည်။

“နိုင်ငံခြားရေးဝန်ကြီးဟာ ဝန်ကြီးချုပ်မာလီကီနှင့် တိုက်ရိုက်
တွေ့ဆုံပြီး အီရန်လေယာဉ်များ ဖြတ်ကျော်ပျံသန်းနေမှုများကို
ရပ်တန့်ရန်မှာ အလွန် အရေးကြီးကြောင်းနှင့် နယ်စပ်ဝင်လမ်း
ကြောင်းများ၊ အနိမ့်ဆုံးအနေနှင့် ပျံသန်းမှုတစ်ခုစီကို တစ်ကြိမ် စစ်ဆေးသင့်ကြောင်း စတာတွေ ပြောဆိုသွားမှာပါ”ဟု ၎င်းက ဆက်လက် ပြောကြားသည်။

၎င်းအရာရှိက နိုင်ငံခြားရေးဝန်ကြီးသည် ဆီးရီးယား အနာဂတ် အရေးနှင့်ပတ်သက်၍ အီရန်ပါဆွေးနွေးမည်ဆိုလျှင် ဆီးရီးယား
သမ္မတ အာ ဆတ်ကို ထောက်ပံ့နေသည့် လက်နက်များ တင်ပို့ သယ်ဆောင်နေသည့် အီရန်လေယာဉ်များ အီရတ်နိုင်ငံပေါ်မှ
ဖြတ်ကျော်ခွင့်ပေးနေသ၍ ထိရောက်မှုရှိမည် မဟုတ်ကြောင်း
ပြောဆိုလိမ့်မည်ဟု ပြောကြားသည်။

အီရတ်နိုင်ငံသည် ၎င်းနိုင်ငံအတွင်း ရှီအိုက်အုပ်စု၊ ဆွန်နီအုပ်စုနှင့် ကားဒစ်ရှ်အုပ်စုဟူ၍ ကွဲပြားပြီး အငြင်းပွားပဋိပက္ခဖြစ်နေကြောင်း
သိရသည်။ အီရတ်အစိုးရအဖွဲ့သည်လည်း ရွေးကောက်ပွဲကို ဧပရယ်၂၀တွင်ပြုလုပ်ရန် ရွှေ့ဆိုင်းကြောင်း လွန်ခဲ့သော ရက် သတ္တပတ်တွင် ကြေညာခဲ့သည်။

ရွေးကောက်ပွဲ ပြုလုပ်သူများကို ခြိမ်းခြောက်ခြင်း၊ အကြမ်း
ဖက်ခြင်းများ ပြုလုပ်ခြင်းကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ကြောင်း
သိရသည်။

အမေရိကန် လာရောက်လည်ပတ်ခြင်းသည်လည်း တင်းမာမှု
များသာ တိုးလာစေမည်ဟု ယုံကြည်နေကြကြောင်း သိရသည်။

Ref:Reuters
The Myanma Ageအမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် ယနေ့တွင် အီရတ်နိုင်ငံသို့ ကြိုတင်သတင်းထုတ်ပြန်ထားဘဲ သွားရောက် ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၊ ရွာတန်း ကျေးရွာနှင့် ရွှေဒါးသာစည် ကျေးရွာတွင် ဆူပူ အကြမ်းဖက်မှု ဖြစ်ပွား သော်လည်း အချိန်မှီ ထိန်းသိမ်းနိုင်

Photo: ရမည်းသင်းမြို့နယ်၊ ရွာတန်း ကျေးရွာနှင့် ရွှေဒါးသာစည် ကျေးရွာတွင် ဆူပူ အကြမ်းဖက်မှု ဖြစ်ပွား သော်လည်း အချိန်မှီ ထိန်းသိမ်းနိုင် 
Sunday, March 24, 2013

ရမည်းသင်း မြို့နယ်၊ ရွာတန်း ကျေးရွာတွင် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက် ည ၈ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၂၀ မိနစ်အထိ ဆူပူ အကြမ်းဖက် သူများမှ မီးရှို့ ဖျက်ဆီး မှုများ ပြုလုပ်ရာ အိမ်ခြေ ၅၀ လုံး၊ ဘာသာရေး ကျောင်းတစ်ကျောင်း၊
ထို့အတူ ရွှေဒါး သာစည် ကျေးရွာ အတွင်း ၂၀၁၃ ခုနှစ် မတ်လ ၂၃ ရက် ည ၁၁ နာရီ ၃၀ မိနစ်မှ ၁၂ နာရီ ၃၀ မိနစ်အထိ ဆူပူ အကြမ်းဖတ် သူများမှ မီးရှို့ ဖျက်ဆီး မှုများ ပြုလုပ် ခဲ့ရာ အိမ်ခြေ ၂ လုံး၊ အမဲခြောက် စက်ရုံ တစ်ရုံ ပျက်စီး
သွားခဲ့ကြောင်း သတင်း ရရှိသည်။

အခင်း ဖြစ်ပွားရာ နေရာသို့ တပ်မတော်နှင့် ပြည်သူ့ ရဲများ ပူးပေါင်းသော လုံခြုံရေး တပ်ဖွဲ့ များ အချိန်မီ ရောက်ရှိ သွားသည့် အတွက် တည်ငြိမ်မှု ရရှိကြောင်း သတင်း ရရှိသည်။

အလားတူ ရမည်းသင်း မြို့နယ် ရွာတန်း ကျေးရွာနှင့် ရွှေဒါး သာစည် ကျေးရွာ
တို့၌ ဖြစ်ပွား ခဲ့သည့် ဆူပူ အကြမ်းဖက် မီးရှို့ ဖျက်ဆီးမှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူ နိုင်သူ (၂၂) နှစ်၊ အောင်မျိုးလွင် (၂၂) နှစ်၊ မှိုင်းကြီး (၂၂) နှစ် ၊ ဖိုးဇော် (၃၅) နှစ် ၊ ဝင်းမိုး (၂၅) နှစ်၊ အောင်နန်းတင် (၂၃)နှစ် ၊ မိုးကောင်း (၂၃) နှစ်၊ မြင့်သိန်း (၄၀) နှစ်၊ နိုင်လင်း (၁၈)နှစ်၊ မျိုး မြင့်အောင် (၂၉)နှစ်၊ ဘိုရှိုင်း (၁၅)နှစ်၊ လှဦး (၄၀)နှစ်၊ တင်အောင် (၄၅)နှစ် ၊ မျိုးဇော်ထွန်း (၂၁) ၊ ဇေယျာ မောင်မောင် (၁၈) နှစ်၊ သန်းဇော်(၃၉)နှစ်၊ နန်းမျိုးအောင်(၁၈) နှစ်တို့ (၁၇) ဦး အား မတ်လ (၂၄) ရက် နံနက် (၂) နာရီ ခွဲတွင် ရမည်းသင်း ရဲစခန်း၌ ဖမ်းဆီး ထိန်းသိမ်း ထား ကြောင်း သိ ရသည်။

တရား ဥပဒေ စိုးမိုးရေး အတွက် အဆိုပါ ထိန်းသိမ်း ထားသူများအား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထဲ
ရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

မြ၀တီရမည်းသင်း မြို့နယ်၊ ရွာတန်း ကျေးရွာတွင် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၃ ရက် ည ၈ နာရီ ၁၅ မိနစ်မှ ၁၀ နာရီ ၂၀ မိနစ်အထိ ဆူပူ အကြမ်းဖက် သူများမှ မီးရှို့ဖျက်ဆီးမှုများပြုလုပ်ရာ အိမ်ခြေ ၅၀ လုံး၊ ဘာသာရေး ကျောင်းတစ်ကျောင်း၊ ထို့အတူ ရွှေဒါးသာစည်ကျေးရွာ အတွင်း ၂၀၁၃ ခုနှစ် မတ်လ ၂၃ ရက် ည ၁၁ နာရီ ၃၀ မိနစ်မှ ၁၂ နာရီ ၃၀ မိနစ်အထိ ဆူပူအကြမ်းဖတ်သူများမှ မီးရှို့ဖျက်ဆီး မှုများ ပြုလုပ်ခဲ့ရာ အိမ်ခြေ ၂ လုံး၊ အမဲခြောက် စက်ရုံတစ်ရုံပျက်စီး
သွားခဲ့ကြောင်း သတင်း ရရှိသည်။

အမေ့ထူသူများအတွက် နည်း ၅ နည်း

Photo: အမေ့ထူသူများအတွက် နည်း ၅ နည်း
Sunday, March 24, 2013

သော့ဘယ်မှာ ထားမိမှန်းမသိ ဖြစ်နေသလား။ လုပ်ဖော်ကိုင်ဖက်တစ်ယောက်
ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူလွန်းလို့ စိတ်ညစ်နေပါသလား။  

စိတ်မညစ်ပါနဲ့တော့။ မေ့တတ်တဲ့အကျင့် ပျောက်ပြီး မှတ်ဉာဏ်ကောင်းစေနိုင်
တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါတယ်။
 
(၁) အချက်အလက်သစ်တွေ မှတ်မိဖို့ မေးစေ့ကိုင်ပါ  

ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြမှာပါ။ ဇာတ်ဝင်ခန်းထဲမှာ တစ်ခုခုကို အလေး
အနက် စဉ်းစားပြီဆိုရင် မေးစေ့ကိုပွတ်ပြီး စဉ်းစားတတ်ကြတာကိုပေါ့။ အဲဒီလိုပဲ အချက်အလက်အသစ် တစ်ခုခုကို နားထောင်တဲ့အခါ လက်က တစ်ခုခု လုပ်နေလိုက်ပါ။ အဲဒီအချက်အလက်ကို ပိုပြီး မှတ်မိလွယ်ပါတယ်။

နားထောင်နေစဉ် လက်ဟန်ခြေဟန် တစ်ခုခုလုပ်နေတာက ဦးနှောက်ရှိ မှတ်ဉာဏ်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို မြင့်မားစေပြီး မှတ်ဉာဏ် ပိုကောင်းစေနိုင်ပါတယ်။ ဥပမာ- ဖုန်းနံပါတ်တစ်ခုကို မှတ်ရာမှာ မေးစေ့
ကို ကိုင်တာပဲဖြစ်ဖြစ်၊ နားရွက်ကို ကိုင်တာပဲဖြစ်ဖြစ် ပြုလုပ်နေပြီး အဲဒီ ဖုန်းနံပါတ်ကို ခေါင်းထဲ ပြန်စဉ်းစားကြည့်တဲ့အခါ မေးစေ့ ဒါမှမဟုတ် နားရွက်ကို ပြန်ကိုင်ပြီး စဉ်းစားပါက ပိုပြီး မှတ်မိလွယ်ပါတယ်။

(၂) အချက်အလက်သစ်တွေကို မမေ့ဖို့ စိတ်ကူးထဲ ပုံဖော်ကြည့်ပါ။ ဖုန်းနံ
ပါတ်တစ်ခု ဒါမှမဟုတ် နာမည်တစ်ခုကို မှတ်ရာမှာ ငါနောက်တစ်ခါ ဒီဖုန်း
ကိုဆက်ချင်ရင် ဘယ်ကိုဆက်ရမလဲ ဒါမှမဟုတ် ငါသူ့ကို နောက်တစ်ကြိမ်
တွေ့ရင် ဘယ်လိုခေါ်ရမလဲ စသဖြင့် အနာဂတ်မှာ ကြုံရင် ဘယ်လိုဖြေ
ရှင်းမလဲဆိုတာ ကြိုတွေးပြီး စိတ်ကူးထဲ ပုံဖော်ကြည့်တာက တစ်ခုခုကို မှတ်ရာမှာ ပိုလွယ်ကူစေပါတယ်။

လေ့လာချက်တစ်ခုအရ ဒီနေ့ သင်လိုက်တဲ့အရာကို အနာဂတ်မှာ ဘယ်လို
သုံးမယ်ဆိုတာကို ပုံဖော်ကြည့်သူတွေဟာ စိတ်ကူးမကြည့်မိသူတွေထက်
စာရင် ထိုအရာကို ပိုပြီးမှတ်မိနေတာကို တွေ့ရပါတယ်။ 

သုတေသနပညာရှင်တွေရဲ့ အဆိုအရ အချက်အလက်တွေကို မှတ်
ရာမှာ ထိုအချက်တွေကို ဦးစားပေးအဖြစ် ကိုယ်ကအသုံးပြုပုံကို စိတ်ကူးယဉ်ကြည့်ပါက ဦးနှောက်ကနေ သေချာမှတ်ထားပြီး အလို
ရှိတဲ့အချိန်မှာ ပြန်ထုတ်ပေးဖို့ အသင့်ဖြစ်နေတယ်လို့ သိရပါတယ်။

(၃) မှတ်ဉာဏ် ပိုကောင်းစေဖို့ လမ်းလျှောက်ပါ။သိပ္ပံပညာရှင်တွေဟာ
 ဦးနှောက်ရှိ မှတ်ဉာဏ်ထိန်းပေးတဲ့ အစိတ်အပိုင်း (Hippocampus) ဟာ အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားတတ်ပြီး ထိုသို့ ကျုံ့သွားခြင်းကို
ပြန်ပြင်လို့မရနိုင်လို့ ယူဆခဲ့ကြဖူးပါတယ်။

ခုတော့ အဲလိုယူဆဖို့ မလိုတော့ပါဘူး။ လေ့လာချက် အသစ်တစ်ခုအ
ရ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်သူဟာ ဦးနှောက်ကျုံ့တာကို ကာကွယ်ပေးရုံမျှမက တစ်နှစ်အတွင်းမှာ ပြန်လိုတောင်ချဲ့နိုင်ကြောင်း
တွေ့ရပါတယ်။ 

တစ်နေ့ကို မိနစ် ၄၀ ကြာ တစ်ပတ်ကို သုံးရက်လမ်းလျှောက်သူ သက်ကြီး
ရွယ်အိုတွေဟာ ခုမှစပြီး လေ့ကျင့်ခန်းလုပ်သူထက် Hippocampus အ
ရွယ်အစား ၂ ရာခိုင်နှုန်း ဒါ့အပြင် မှတ်ဉာဏ်စာမေးပွဲ ဖြေရာမှာလည်း အမှတ်
ပိုကောင်းပြီး ဦးနှောက်ကျန်းမာရေး ကောင်းစေနိုင်တဲ့ ဓာတ်တွေလည်း ပိုများ
နေပါတယ်။ တစ်ပတ်ကို သုံးရက်၊ တစ်ရက်ကို မိနစ် ၃၀ ကြာ လေ့ကျင့်ခန်း
လုပ်ရုံနဲ့ ဦးနှောက်မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။

(၄) ဦးနှောက်ဆဲလ်တွေ ကာကွယ်ဖို့ အမြန်စာ မစားပါနဲ့ အဆီများတဲ့ အဝ
စာ၊အမြန်စာတွေကို အစားများပါက ကြာလာရင် မှတ်ဉာဏ် လျော့နည်းစေ
ကြောင်း သိထားတာ ကြာပါပြီ။ ဒီအစာတွေက အချိန်တိုအတွင်းမှာလည်း ဦးနှောက်ကို ထိခိုက်စေနိုင်ကြောင်း သတိမပြုမိကြသေးပါဘူး။

လေ့လာချက်တစ်ခုအရ အဆီများတဲ့ အဝစာတွေကို ကျွေးတဲ့ အစမ်းသပ်ခံ သတ္တဝါတွေဟာ ကိုးရက်အတွင်း မှတ်ဉာဏ်နဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်း ၁၅ ရာခိုင်နှုန်း ကျသွားတာကို တွေ့ရပါတယ်။

(၅) အမေ့ထူတာ လျော့စေဖို့ Chamomile Tea သောက်ပါ။Chamomile Tea
ကို စူပါမားကက်တွေမှာ ရှာဝယ်နိုင်ပါတယ်။ ဦးနှောက်ကို အားဖြည့်ပေးသလို စိတ်ကိုလည်း ဖြေလျှော့ပေးပါတယ်။ အမေ့ထူတာကို လျော့စေတဲ့ Luteolin ဓာတ်တွေလည်း များစွာပါရှိနေပါတယ်။ 

အသက်အရွယ် အိုမင်းမှုကြောင့် ဖြစ်တတ်တဲ့ မှတ်ဉာဏ်လျော့နည်းမှု
ကို ဖြစ်စေတဲ့ ဦးနှောက်ရောင်ရမ်းမှုကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် Luteolin ဓာတ်တွေဟာ ဦးနှောက်ဆဲလ် ဆက်နွှယ်မှုကို အနှောင့်အ
ယှက်ပေးနိုင်တဲ့ အန္တရာယ်ရှိ ဓာတုပစ္စည်းများဖြစ်တဲ့ Cytokines တွေ ထွက်ရှိမှုကို ၉၀ ရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ပါတယ်။ 

အကယ်၍ Chamomile Tea ကို ရှာမတွေ့ပါက Luteolin ဓာတ်ကြွယ်ဝတဲ့ မုန်လာဥနီနဲ့ ငရုတ်သီးစိမ်းတို့ကို စားပေးနိုင်ပါတယ်။

ဒေါက်တာနုမြတ် (ရတနာပုံ ကျန်းမာရေး)
discoverychannel99သော့ဘယ်မှာ ထားမိမှန်းမသိ ဖြစ်နေသလား။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့နာမည်ကို မေ့နေသလား။ အမေ့ထူလွန်းလို့ စိတ်ညစ် နေပါသလား။

ပဲခူးတွင်ကျူးကျော်နေထိုင်သူများကို မြေနေရာချထားပေးပြီ

Photo: ပဲခူးတွင်ကျူးကျော်နေထိုင်သူများကို မြေနေရာချထားပေးပြီ
Sunday, March 24, 2013

ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် စီမံကိန်း
မြေနေရာများတွင် ကျူးကျော်၍ နေထိုင်လာကြသည့် အိမ်ထောင်စု အလိုက် ပြောင်းရွှေ့လာသူများ အား မြေနေရာချထားပေးမှုကို 
၂၀၁၃ ခုနှစ် မတ်လ (၁)ရက်မှ စတင်ပြီး ဆောင်ရွက်နေလျက်
ရှိကြောင်း၊ မြို့မြေနေရာချထားရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏
ပြောပြချက်အရသိရသည်။

ရှေးဦးအဆင့်အနေဖြင့် ပဲခူးမြို့ရှိ ဟံသာဝတီအပြည်ပြည်ဆိုင်ရာ
လေယာဉ်ကွင်းထဲမှ ကျူးကျော် နေထိုင်သူ (၄၀၉)ဦးကို (၄-၃-၂၀၁၃)ရက်က အိမ်မြေနေရာ ကွက်များ မဲနှိုက်ချထားပေးမှု
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍လည်း မြို့မြေ နေရာချထားရေးကော်မတီအနေ ဖြင့် ပဲခူးတက္ကသိုလ်နယ်မြေတွင်း ကျူးကျော်သူများ၊ စက်မှုဝန်ကြီး ဌာနပိုင် စက်မှုနယ်မြေတွင်း ကျူး ကျော်သူများ၊ ပဲခူးမြို့ရှောင်လမ်း ပေါ်တွင် ကျူးကျော်နေထိုင်သူ များ အပါအ၀င် စုစုပေါင်း(၄၀၀) ဦးခန့် ကိုလည်း မြေနေရာများ ဆက်လက်ချထားပေးမည်ဖြစ်ကြောင်း 
သိရသည်။

(၅-၃-၂၀၁၃)ရက်မှစတင်၍ ပဲခူးမြို့ ဥဿာမြို့သစ်ရပ်ကွက် ကြီး/၈၊ မြေတိုင်းရပ်ကွက်(၂၄) အတွင်းရှိ မြို့ပြစီမံကိန်း(၂)အတွင်းရှိ ဘုရားလမ်းထိပ်(ရှင်ဆောင်း အထည်ချုပ်စက်ရုံ)ဘေးတွင် မြို့ပြနေရာချထားရေး ကွပ်ကဲမှု ရုံးကို (၂၄)နာရီဖွင့်လှစ်ပြီး စီမံကိန်း လုပ်ငန်းများကို အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးနေလျက် ရှိကြောင်း ကွပ်ကဲမှုရုံးတာဝန်ခံ ဦးဟိန်းလတ်၏ ပြောပြချက်အရ သိရသည်။

ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု 
ဦးစီးဌာနအနေဖြင့်လည်း ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ
လေယာဉ်ကွင်းပိုင် မြေဧရိယာ အတွင်း ပြောင်းရွှေ့စရိတ်အဖြစ် အိမ်ထောင်တစ်စုလျှင် တစ်သိန်း ကျပ်နှုန်း ထုတ်ပေးနေလျက်ရှိ သည်။

နီလာဝင်း(ရွှေသွေးကြီး)
ွှThe Hot Newsပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် စီမံကိန်း မြေနေရာ များတွင် ကျူးကျော်၍ နေထိုင်လာကြသည့် အိမ်ထောင်စု အလိုက် ပြောင်းရွှေ့လာသူများအား မြေနေရာချထားပေးမှုကို ၂၀၁၃ ခုနှစ် မတ်လ (၁)ရက်မှ စတင်ပြီး ဆောင်ရွက်နေလျက်ရှိကြောင်း၊ မြို့မြေနေရာချထားရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက် အရသိရသည်။

မိတ္ထီလာမြို့ရှိ မီးလောင်သွားသောအိမ်များ ပြန်ဆောက် ပေးမည်ဟု ဝန်ကြီးဦးအောင်မင်း ပြောကြား

Photo: မိတ္ထီလာမြို့ရှိ မီးလောင်သွားသောအိမ်များ ပြန်ဆောက်
ပေးမည်ဟု ဝန်ကြီးဦးအောင်မင်း ပြောကြား
Sunday, March 24, 2013 

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ
ဥက္ကဌနှင့် သမ္မတရုံးဝန်ကြီှးှဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့်
မီးလောင်ဆုံးရှုံးခဲ့သော လူနေအိမ်များကို ပြန်လည်ဆောက်လုပ်
ပေးသွားမည်ဟု ယနေ့မနက်တွင် မိတ္ထီလာမြို့ ခရိုင်အားကစားကွင်းရှိ 
ကယ်ဆယ်ရေး စခန်းသို့ရောက်ရှိစဉ် မီဒီယာများသို့ ပြောကြားသည်။

“အဓိက ကတော့ နဂို အနေအထားအမှန် ရောက်အောင် ပြန်လုပ်
မယ်၊ နဂို အနေအထားအမှန်ဆိုတာက နဂိုတုန်းက ငြိမ်းငြိမ်းချမ်း
ချမ်း နဲ့ နေကြထိုင်ကြ စားကြသောက်ကြ လုပ်ကြကိုင်ကြ။ အဲပုံစံ
အတိုင်းဖြစ်အောင် ပြန်လုပ်ပေးမှာ၊ မီးလောင်သွားတဲ့ အိမ်တွေကို
လည်း ပြန်ဆောက်ပေးရမှာပေါ့” ဟု ၎င်းက ပြောကြားခဲ့ခြင်း
ဖြစ်သည်။

ဝန်ကြီး ဦးအောင်မင်းသည် မြန်မာနိုင်ငံတွင် ရောက်ရှိနေသော
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏အထူးကိုယ်စား
လှယ် မစ္စတာ ဗီဂျေနမ်ဘီးယား၊ ဓမ္မဒူတဆရာတော် ဒေါက်တာ
အရှင်ဆေကိန္ဒတို့နှင့်အတူ မိတ္ထီလာမြို့သို့ယနေ့မနက်တွင်
ရောက်ရှိသွားခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ကာကွယ်ရေးဝန်ကြီးဌာန
မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး တို့နှင့်အတူ မိတ္ထီလာမြို့ ခရိုင်အား
ကစားကွင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် သာသနဝေပုလ္လကျောင်းတိုက်ရှိ ယာယီကယ်ဆယ်ရေးစခန်းများ
မှ ဒုက္ခသည်များအား သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မိတ္ထီလာမြို့တွင် မတ်လ(၂ဝ)ရက်နေ့နှင့် (၂၁)ရက်နေ့တို့တွင်
ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်ကြောင့် သေဆုံးသူ (၃၂)ဦးရှိခဲ့ပြီး 
အကြမ်းဖက် ဖျက်ဆီးမှုနှင့် မီးလောင်မှုများကြောင့် ဒုက္ခသည်
စုစုပေါင်း (၉၆ဝဝ)ကျော်ကို ယာယီ ကယ်ဆယ်ရေးစခန်းများတွင်
နေရာချထားလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ မတ်လ (၂၃)ရက်နေ့ ည(၈)နာရီ သတင်းတွင် ဖော်ပြခဲ့သည်။

ထက်နောင်နောင်
The Myanma Age ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌနှင့် သမ္မတရုံးဝန်ကြီှးှဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် မီးလောင် ဆုံးရှုံးခဲ့သော လူနေအိမ်များကို ပြန်လည်ဆောက်လုပ်ပေးသွားမည်ဟု ယနေ့မနက်တွင် မိတ္ထီလာမြို့ ခရိုင်အားကစားကွင်းရှိ ကယ်ဆယ်ရေး စခန်းသို့ရောက်ရှိစဉ် မီဒီယာများသို့ ပြောကြားသည်။

ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မင်းကိုနိုင်နှင့် တွေ့ဆုံ

Photo: ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မင်းကိုနိုင်နှင့် တွေ့ဆုံ
Sunday, March 24, 2013

ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဦးယောဟဲအိ ဆာဆာကာဝါနှင့်အဖွဲ့သည်
မတ်၂၄ နေ့လည် ၁၂းဝဝ နာရီက ရန်ကုန်မြို့ရှိ ၈၈မျိုးဆက် ရုံးခန်းသို့ ရောက်ရှိလာပြီး ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်နှင့်
တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေဆုံရာတွင် အထူးကိုယ်စားလှယ်အဖွဲ့က ဂျပန်အစိုးရ အနေဖြင့် မြန်မာနိုင်ငံအတွက် ၃ နှစ်စီမံကိန်းရေးစွဲပြီး အကူအညီေ
ပေးလိုကြောင်း၊နိုင်ငံရေးကို ဝင်ရောက်စွပ်ဖက်ခြင်း မပြုဘဲ 
လူသားချင်းချင်းစာနာမှု အကူအညီသာ ပေးအပ်မှဖြစ်ကြောင်း၊
အဆိုပါ အကူအညီပေးမှုတွင် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းက ဝိုင်းဝန်းကူညီပေးစေလိုကြောင်း ပြောသည်။

မင်းကိုနိုင်က လူသားချင်းစာနာထောက်ထားမှု အကူအညီကို လက်ခံပါကြောင်း၊ ထို့အတွက်လည်း ကျေးဇူးတင်ပါကြောင်း၊
မိမိတို့တတ်စွမ်းသမျှလည်း ဝိုင်းဝန်းကူညီးပေးသွားမည်ဖြစ်ကြောင်း
ပြောသည်။ 

ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဦးယောဟဲအိ ဆာဆာကာဝါနှင့်အဖွဲ့သည် 
အကူညီပေးမှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး
နေ့လည် ၁း၃ဝ နာရီတွင် ၈၈မျိုးဆက်ရုံးမှ ပြန်လည်ထွက်ခွာ
သွားကြသည်။ 

သတင်းနှင့် ဓာတ်ပုံ - 88 Generation Students
Credit To: Popular Myanmar News Journalဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဦးယောဟဲအိ ဆာဆာကာဝါနှင့် အဖွဲ့သည် မတ်၂၄ နေ့လည် ၁၂းဝဝ နာရီက ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက် ရုံးခန်း သို့ ရောက်ရှိလာပြီး ၈၈မျိုးဆက်ခေါင်းဆောင် မင်းကိုနိုင်နှင့် တွေ့ ဆုံဆွေးနွေး ခဲ့သည်။

ပုသိမ်-မုံရွာ ကားလမ်းတွင် ယာဉ်မောင်းအိပ်ငိုက်၍ ယာဉ်တိမ်းမှောက် ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ

ပုသိမ်-မုံရွာကားလမ်းပေါ်ရှိ မြောက်မျှားကုန်းကျေးရွာအနီးတွင် မတ်၂၃ ရက် ညနေက ယာဉ် တိမ်းမှောက် မှုဖြစ်ပွားခဲ့ရာလူ ၁ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရကြောင်းမြန်မာနိင်ငံရဲတပ်ဖွဲမှသိရသည်။

ဖုန်း အတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့စစ်မယ်

Photo: ဖုန်း အတု နဲ့ အစစ် ခွဲခြားဖို့အတွက် အလွယ်ကူဆုံး နည်းလမ်းနဲ့စစ်မယ် 

ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆို
တာကို သိနိုင်ဖို့ခက်ပါတယ်။

တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့
ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်
ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။ 

Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေ
က ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အ
စစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်
မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်
လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို
ပြောပြလိုက်ပါတယ်။

အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်းတွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။ 

Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Displayထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်အစစ်ဖြစ်ကြောင်း ယုံလို့ရပါတယ်။ မတွေ့ရင် အစစ်မဟုတ်ဘူးပေါ့ဗျာ။

နောက်တနည်းကတော့ လုံးဝအစစ်ဖြစ်တယ်ဆိုတာကို စမ်းကြည့်
လို့ရပါတယ်။ Setting ထဲကိုဝင်လိုက်ပါ။ About Phone ကိုတွေ့ပါ
လိမ့်မယ်။ Android Version 4.0.4 စသဖြင့်ရေးထားတဲ့ နေရာလေး
ကို ၃ခါ လေးခါလောက် ဆက်တိုက်နှိပ်ကြည့်ပါ။
 
စက်ရုပ်ပုံလေးပေါ်လာပြီး Android Versionရယ် ICS, Jelly Bean ဆိုတာကို ဖေါ်ပြပေးပါလိမ့်မယ်။ နောက်ပြီး စက်ရုပ်ပုံလေးကို ဆက်ဖိထားလိုက်ရင် စက်ရုပ်ပုံလေးတွေပြေးနေတာကို တွေ့ရ
ပါလိမ့်မယ်။ Clone Handsetsတွေမှာ အဲ့ဒီလိုဖြစ်အောင်မလုပ်
နိုင်ပါဘူး။

ဒီနည်းလမ်းတွေက Android ဖုန်းတွေကို အစစ်ဟုတ်မဟုတ် စစ်ကြည့်လို့ရနိုင်ပါတယ်။အတုအစစ် ခွဲခြားဖို့အတွက် အလွယ်
ကူဆုံး နည်းလမ်းနဲ့ အထက်မှာပြောပြထားတဲ့အတွက် လုံလောက်
ပြီးအဆင်ပြေကြမယ်ထင်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်

IT GARDENရုတ်တရက် ကြည့်ရင် Android လို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။

အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၃၃)နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း (၆၂) ဆင်းပွဲ ကျင်းပ

Photo: အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၃၃)နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း (၆၂) ဆင်းပွဲ ကျင်းပ
Sunday, March 24, 2013

နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန အမျိုးသ
မီး အိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာ သင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၃၃) နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း အ
မှတ်စဉ် (၆၂) ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲက အဆို
ပါ သင်တန်းကျောင်း ခန်းမ ဆောင်၌ ကျင်းပသည်။

ရှေးဦးစွာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင်က သင်တန်းဆင်း အမှာစကား ပြောကြားသည်။

ထို့နောက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်း
ကျောင်းအုပ် ဒေါ်ယုယုကြည်

ကသင်တန်းနှင့် ပတ်သက်သည် များကို အစီရင်ခံ တင်ပြသည်။ ဆက်လက်၍ သင်တန်း ထူးချွန်ဆု ရရှိသူများအား တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးမှ ဆုများ ပေးအပ် ချီးမြှင့်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို သင်တန်းသူ ၅၅ ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ ရက်သတ္တ ၁၄ ပတ် ကြာမြင့်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုး သမီးအိမ်တွင်းမှုအသက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၃၃) နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း အမှတ်စဉ် (၆၂) ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၇ နာရီခွဲက အဆိုပါ သင်တန်းကျောင်း ခန်းမ ဆောင်၌ ကျင်းပသည်။

နိုင်ငံ၏ လူဦးရေသန်း ၆ဝ အတွက် စားဝတ်နေရေး သယ်ယူ ပို့ဆောင်ရေး လွယ်ကူ အဆင်ပြေ စေရေး ဖြည့်ဆည်း ပေးလျက်ရှိ

Photo: နိုင်ငံ၏ လူဦးရေသန်း ၆ဝ အတွက် စားဝတ်နေရေး သယ်ယူ ပို့ဆောင်ရေး လွယ်ကူ အဆင်ပြေ စေရေး ဖြည့်ဆည်း ပေးလျက်ရှိ
Sunday, March 24, 2013

အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာနနှင့်
ပြင်သစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အေဂျင်စီ (အေအက်ဖ်ဒီ) တို့အကြား လုပ်ငန်း ဆောင်ရွက်မှု များနှင့် စပ်လျဉ်း သည့်နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို အဆိုပါ ဝန်ကြီးဌာန အစည်း
အဝေး ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီခွဲက ကျင်းပရာ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု

ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်၊ ပြင်သစ် နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Pascal CANFIN ၊ ဒုတိယ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီး အကဲများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က နိုင်ငံတော် အစိုးရ အနေဖြင့် လူထု ဗဟိုပြု ဖွံ့ဖြိုးမှု မူဝါဒကို အကောင် အထည်ဖော်
ဆောင်ရွက်လျက် ရှိပြီး မိမိတို့ နိုင်ငံ၏ လူဦးရေ သန်း ၆ဝ အတွက် စားဝတ်
နေရေး၊ အလုပ်အကိုင် ရရှိရေး၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သန့်ရှင်းသော သောက်သုံးရေ ရရှိရေး၊ လျှပ်စစ်မီး ရရှိရေး၊ သယ်ယူပို့ဆောင်
ရေးပိုမို လွယ်ကူ အဆင် ပြေစေရေးတို့ကို ဖြည့်ဆည်းပေးလျက် ရှိပါကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် ပထမ အကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်
ရွက်ရေး ဖိုရမ်ကို အောင်မြင်စွာ ကျင်းပခဲ့ပြီး နေပြည်တော် သဘောတူညီချက်
ကို ထုတ်ပြန် နိုင်ခဲ့ပါကြောင်း၊ နားလည်မှု စာချွန်လွှာ အရ ပြင်သစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အေဂျင်စီ၏ ဆောင်ရွက်မှု နယ်ပယ်များ သည်လည်း မြန်မာ နိုင်ငံ မှ ဆောင်ရွက်နေသော ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းစဉ် များကို များစွာ အထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း
ပြောကြားသည်။

ထို့နောက် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်နှင့်
ပြင်သစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အေဂျင်စီမှ Chief Operating Officer တို့က နားလည်မှု စာချွန်လွှာကို လက်မှတ် ရေး ထိုးကြကြောင်း သိရသည်။

မြ၀တီ
http://bit.ly/YwYPrQ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာနနှင့် ပြင်သစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု အေဂျင်စီ (အေအက်ဖ်ဒီ) တို့အကြား လုပ်ငန်း ဆောင်ရွက်မှု များနှင့် စပ်လျဉ်း သည့်နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီခွဲက ကျင်းပရာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဌာန  ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ ပြင်သစ် နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ဌာနနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Pascal CANFIN ၊ ဒုတိယ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီး အကဲများ တက်ရောက်ကြသည်။

ပုံနှိပ်ဥပဒေမူကြမ်း လွှတ်တော်က အတည်ပြုပြဌာန်းဖို့ ဦးအောင်ကြည်ပြော ကြား

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ပုံနှိပ်ဥပဒေမူကြမ်းကို လွှတ်တော်ကနေ ဆက်လက် အတည်ပြုပြ ဌာန်းနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ မနေ့က မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

Photo: အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းဆင်းပွဲ ကျင်းပ
Sunday, March 24, 2013

ချင်းပြည်နယ် ဟားခါးမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း အခြေခံ အိမ်တွင်းမှု သင်တန်း အမှတ်စဉ် (၅၁/၂ဝ၁၂)၊ အဆင့်မြင့် စက်ချုပ် သင်တန်း အမှတ်စဉ် (၃၄/၂ဝ၁၂) ဆင်းပွဲကို အဆိုပါ သင်တန်းကျောင်း ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်းငိုင်းက နယ်စပ် ဒေသ၌ နေထိုင်သည့် တိုင်းရင်းသူ အမျိုးသမီးငယ် များကို အိမ်တွင်းမှု

သက်မွေး ပညာများ သင်ကြား ပေးခြင်းဖြင့် မိမိတို့ ဒေသတွင် အသက်
မွေးဝမ်းကျောင်း လုပ်ငန်းများ ကိုယ်ပိုင် လုပ်ကိုင်နိုင်ပြီး စားဝတ်နေရေး ဘက်စုံဖွံ့ဖြိုး တိုးတက်ကာ လူနေမှု အဆင့် အတန်းမြင့်မား လာစေရန်၊
အမျိုးဂုဏ်၊ ဇာတိ ဂုဏ်ကို စောင့်ထိန်းပြီး အကျင့် စာရိတ္တ ကောင်းမွန်သည့် အမျိုး သမီးများ ဖြစ်စေရေး ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောကြား
ကာ တာဝန်ရှိသူ တို့နှင့်အတူ ထူးချွန်ဆု ရရှိသူ များအား ဆုများပေးအပ်
ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြ၀တီ
http://bit.ly/YzOcBm ချင်းပြည်နယ် ဟားခါးမြို့ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်း အခြေခံ အိမ်တွင်းမှု သင်တန်း အမှတ်စဉ် (၅၁/၂ဝ၁၂)၊ အဆင့်မြင့် စက်ချုပ် သင်တန်း အမှတ်စဉ် (၃၄/၂ဝ၁၂) ဆင်းပွဲကို

ရှန်ဟိုင်းမှ ဂုံးတံတား အဝိုင်း

901153 486516721403417 601587806 o
ကားသွားလို့ ရတဲ့ ဂုံးတံတားတော့ မဟုတ်ပါဘူး။  လူသီးသန့်သွားဖို့အတွက် တည်ဆောက်ပေးထားတဲ့ ဂုံးတံတား ဖြစ်ပါတယ်။

ရှန်ဟိုင်းမြို့ Pudong District မှာ တည်ရှိပြီး လမ်းငါးဆုံပေါ်မှာ တည်ဆောက် ထားတာ ဖြစ်ပါတယ်။ လူစည်ကားရာ မြို့ လယ်ခေါင် အဝိုင်းလည်း ဖြစ်တဲ့ အတွက် ပတ်ပတ်လည်မှာ စားသောက်ဆိုင်၊ အအေးဆိုင် နဲ့အခြားသော အပန်းဖြေ စရာနေရာများလည်း တံတားအထွက်တွေမှာ ဖန်တီးပေးထား ပါတယ်။

နာကျင်မှုကို သက်သာအောင် မတ်မတ်နေပါ

နာကျင်မှုကို သက်သာအောင် မတ်မတ်နေပါခေါင်းကိုက်တာ၊ အဆစ်ကိုက်တာ ဒါမှမဟုတ် တခြား ကိုက်ခဲတာတွေ ဖြစ်ရင် စက္ကန့် ၆၀ အတွင်း သက်သာနိုင် အောင် မတ်မတ်ရပ်ပါ ဒါမှမဟုတ် မတ်မတ် ထိုင်ပါလို့ စိတ်ပိုင်းဆိုင်ရာ ဂျာနယ်မှ လေ့လာမှု အသစ်အရ ဖော်ပြထားပါ တယ်။

ပန်းဂေါ်ဖီစိမ်းက ဆီးအိတ်ကို ကာကွယ်ပေးနိုင်

ပန်းဂေါ်ဖီစိမ်းက ဆီးအိတ်ကို ကာကွယ်ပေးနိုင်သင့်မိခင်က သင့်ကို ပန်းဂေါ်ဖီစိမ်း စားဖို့ တိုက်တွန်းလေ့ ရှိသလား။ ဒါက သင့်ကျန်းမာရေး ကို စောင့်ရှောက်မှုပေး နေတာပဲ ဖြစ်ပါတယ်။

ငါးက နှလုံးကို ကျန်းမာစေနိုင်

ငါးက နှလုံးကို ကျန်းမာစေနိုင်ဆယ်လ်မွန် ငါးနဲ့ မက်ထရယ် ငါးတို့လို အိုမီဂါ ၃ ဖက်တီး အက်စစ်များစွာ ပါဝင်တဲ့ ငါးတွေဟာ နှလုံးရောဂါ ဖြစ်နိုင် ခြေကို လျော့ကျ စေပြီး ကိုယ်တွင်း ရောင်ရမ်းမှုလျော့နည်းစေကာ ဦးနှောက်ရဲ့လုပ်ငန်း ဆောင် တာတွေကို ကောင်းမွန်စေပါတယ်။ ငါးမကြိုက်လို့ မစားရင် အခွံမာတဲ့ အစေ့အဆန် တွေကို စားပေး သင့်ပါ တယ်။  


Fron : yoyarlay

ချစ်သူဘ၀နဲ့ အိမ်ထောင်သည်ဘဝ

Photo: ချစ်သူဘ၀နဲ့ အိမ်ထောင်သည်ဘဝ
Sunday, March 24, 2013

ချစ်သူဘ၀မှာတော့ တဲအိုပျက်မှာပဲ နေရနေရ။ဆန်ပြုတ်ပဲ သောက်ရသောက်
ရ လို့ပြောတယ်။

အိမ်ထောင်သည်ဘ၀မှာ ဒီနေ့ ဆန်ပြုတ်သောက်တဲ့နေ့ဆိုရင် မနက်ဖြန်ပာာ လင်မယားကွဲမယ့်နေ့ပါ။

ချစ်သူဘ၀မှာတော့ မင်းပာာ ကမ္ဘာမှာ အလှဆုံးလို့ ပြောတယ်။

အိမ်ထောင်သည် သက်တမ်းကြာလာတော့ မင်းကလွဲရင် အားလုံးလှတယ်
လို့ ထင်ကြတယ်။

ချစ်သူဘ၀မှာတော့ ချစ်သူအေးမှာစိုးလို့ အနွေးထည်လေး ချွတ်ပြီး
ခြုံပေးခဲ့တယ်။

အိမ်ထောင်သည်ဘ၀မှာတော့ တစ်ယောက်နဲ့ တစ်ယောက် စောင်လုရ
တာနဲ့ ကောင်းကောင်းမအိပ်ရဘူး။

ချစ်သူဘ၀မှာတော့ ချစ်သူရဲ့ ကိုယ်သင်းနံ့လေးက ရင်ခုန်စေတယ်။

အိမ်ထောင်သည် ဘ၀ရောက်တော့ ချွေးစော်နံတယ်လို့ ပြောကြတယ်။

ချစ်သူဘ၀မှာတော့ တစ်နေ့ မတွေ့ရရင် စားလို့ မ၀င်ဘူး အိပ်လို့ မပျော်ဘူးတဲ့။

အိမ်ထောင်သည် ဘ၀မှာတော့ တစ်နေ့နဲ့တစ်နေ့ ဒင်းစောက်ခွက်ပဲ မမြင်ချင်ဘဲ မြင်နေရတယ်တဲ့။

ပြည်ငြိမ်း
Myanmar News Updateချစ်သူဘ၀မှာတော့ တဲအိုပျက်မှာပဲ နေရနေရ။ဆန်ပြုတ်ပဲ သောက် ရသောက် ရ လို့ပြောတယ်။

ဘက်စုံထူးချွန် အပန်းဖြေ စခန်းနှင့် ပင်လယ်ပြင် ရွက်လှေ လေ့ကျင့်ရေး စခန်း တည်ဆောက် ရေးလုပ်ငန်း ပြီးစီးမှု ကြည့်ရှုစစ်ဆေး

Photo: ဘက်စုံထူးချွန် အပန်းဖြေ စခန်းနှင့် ပင်လယ်ပြင် ရွက်လှေ လေ့ကျင့်ရေး စခန်း တည်ဆောက် ရေးလုပ်ငန်း ပြီးစီးမှု ကြည့်ရှုစစ်ဆေး 
Sunday, March 24, 2013

ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်သည် ယမန်နေ့ နံနက်ပိုင်းက ပုလဲ ငွေဆောင် ဟိုတယ်ရှေ့၌ ဘက်စုံထူးချွန် အပန်းဖြေ စခန်းမုခ်ဦး ဆောက်လုပ်နေမှု၊ ဟိုတယ် ဝင်းအတွင်း ဘက်စုံထူးချွန် အပန်းဖြေ စခန်းဖွင့်ပွဲ အခမ်းအနား စင်မြင့် ဆောက်လုပ် နေမှုနှင့် ဘက်စုံထူးချွန် ကျောင်းသားများ အတွက် ဆောက်လုပ်ပြီး အဆောင်
များကို ကြည့်ရှု စစ်ဆေးသည်။

ယင်းနောက် မြန်မာနိုင်ငံ ရွက်လှေ အဖွဲ့ချုပ် ပင်လယ်ပြင် ရွက်လှေ
လေ့ကျင့်ရေး စခန်းသို့ သွားရောက်ပြီး အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ မြန်မာနိုင်ငံ ရွက်လှေ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများ၊ မြို့
နယ်ခွဲ ဌာနဆိုင်ရာ များနှင့် မြန်မာ့ လက်ရွေးစင် ရွက်လှေ အားကစား သမားများအား တွေ့ဆုံ နှုတ်ဆက်ကာ ကိုယ်ကာယ ကြံ့ခိုင်ရေး လေ့
ကျင့်နေမှု၊ ရွက်လှေ အားကစား သမား များ လေ့ကျင့်နေမှု၊ မြန်မာနိုင်ငံ ရွက်လှေ အဖွဲ့ချုပ် ပင်လယ်ပြင် ရွက်လှေ လေ့ကျင့်ရေး စခန်းတည်ဆောက်
ရေး လုပ်ငန်းဆောင်ရွက် ပြီးစီးမှု များနှင့် ငွေဆောင် မြို့နယ်ခွဲ ကားဂိတ်
ဟောင်း နေရာ တို့ကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသိန်းအောင်သည် ယမန်နေ့ နံနက်ပိုင်းက ပုလဲ ငွေဆောင် ဟိုတယ်ရှေ့၌ ဘက်စုံထူးချွန် အပန်းဖြေ စခန်းမုခ်ဦး ဆောက်လုပ်နေမှု၊ ဟိုတယ် ဝင်းအတွင်း ဘက်စုံထူးချွန် အပန်းဖြေ စခန်းဖွင့်ပွဲ အခမ်းအနား စင်မြင့် ဆောက်လုပ် နေမှုနှင့် ဘက်စုံထူးချွန် ကျောင်းသားများ အတွက် ဆောက်လုပ်ပြီး အဆောင် များကို ကြည့်ရှု စစ်ဆေးသည်။

၃ ဒေါ်လာဖြင့် ဝယ်ယူခဲ့သည့် ပန်ကန်လုံး ဒေါ်လာ ၂ သန်းကျော် တန်ကြေးရှိသွား

Photo: ၃ ဒေါ်လာဖြင့် ဝယ်ယူခဲ့သည့် ပန်ကန်လုံး ဒေါ်လာ ၂ သန်းကျော် တန်ကြေးရှိသွား
Saturday,, March 23, 2013

ပန်းကန်လုံးငယ်မှာ တရုတ်နိုင်ငံတွင် မြောက်ပိုင်း ဆွန်မင်းဆက် အုပ်စိုးစဉ်
က လက်ရာဖြစ်သည်။ ပန်းကန်လုံးကို လေလံတင် ရောင်းချခဲ့သော ပိုင်ရှင်
မှာ စတင်ဝယ်ယူချိန်က (၃)ဒေါ်လာသာ အကုန်အကျ ရှိခဲ့ကြောင်း သတင်း
များက ဆိုသည်။

အမေရိကန် နိုင်ငံတွင် (၃)ဒေါ်လာဖြင့် ဝယ်ယူထားသည့် ရှေးဟောင်း ပစ္စည်းလေးတစ်ခုကို ပြန်လည် ရောင်းချရာတွင် ဒေါ်လာ (၂.၂)သန်း ရရှိသဖြင့် ပိုင်ရှင်ဖြစ်သူ ပွပေါက်တိုးသွားကြောင်း သိရှိရသည်။ အင်္ဂါနေ့ (မတ်လ ၁၉ ရက်) က ရှေးဟောင်း တရုတ်ရိုးရာ ပန်းကန်လုံးငယ်လေး တစ်ခုကို ဒေါ်လာ (၂.၂)သန်းဖြင့် နယူးယော့ခ် လေလံပွဲ တစ်ခုတွင် ရောင်း
ထွက်သွားခဲ့သည်။ 

အဆိုပါ ပန်းကန်လုံးငယ်မှာ တရုတ်နိုင်ငံတွင် မြောက်ပိုင်း ဆွန်မင်းဆက် အုပ်စိုးစဉ်က လက်ရာဖြစ်သည်။ ပန်းကန်လုံးကို လေလံတင် ရောင်းချခဲ့သော ပိုင်ရှင်မှာ စတင်ဝယ်ယူချိန်က (၃)ဒေါ်လာသာ အကုန်အကျ ရှိခဲ့ကြောင်း သတင်းများက ဆိုသည်။

ယင်းကို နယူးယော့ခ်မြို့ခံ မိသားစု တစ်ခုက ပိုင်ဆိုင်ပြီး (၂၀၀၇)ခုနှစ်ကမှ ဂိုဒေါင်ရှင်းသည့် နေရာတစ်ခုမှ ဝယ်ယူခဲ့ခြင်းဟု သိရှိရသည်။ ပန်းကန်လုံး
ကို အမြင့်ဆုံး ဈေးပေး ဝယ်ယူသူမှာ လန်ဒန်မှ ဂူဆက်ပီ အက်စ်ကန်နက်ဇီ ဆိုသူ ဖြစ်ကြောင်း BBCက ဖော်ပြခဲ့သည်။ 

ပန်းကန်လုံး ရောင်းချသည့် မိသားစု၏ အမည်ကိုမူ ဖော်ပြခြင်း မရှိချေ။ လေလံဌာနက အဆိုပါ ပန်းကန်လုံးကို ဒေါ်လာ နှစ်သိန်း
နှင့် သုံးသိန်းကြားမျှ ဈေးရမည်ဟု ခန့်မှန်းခဲ့သော်လည်း (၁၀)ဆမျှ တန်ဖိုးမြင့်တက် ရရှိခဲ့ခြင်း ဖြစ်သည်။

ပန်းကန်လုံးသည် အကျယ် (၅)လက်မသာ ရှိပြီး အတွင်းနှင့် အပြင်တွင် ဆင်စွယ်ရောင် အဝိုက်လေးများဖြင့် အလှဆင်ထားသည်။ 

တရုတ်နိုင်ငံတွင် မြောက်ပိုင်း ဆွန်မင်းဆက်သည် ခရစ် သက္ကရာဇ် (၉၆၀)
မှ (၁၁၂၇)ခုနှစ်များထိ စိုးစံခဲ့သည်။ ယခုရောင်းချသော ပန်းကန်လုံး၏ ပုံသဏ္ဍန်၊ အရွယ်အစားနှင့် အခြားအသေးစိတ် အချက်အလက်များ အားလုံးလိုလိုမှာ လန်ဒန်ရှိ ဗြိတိသျှ ပြတိုက်အတွင်းမှ ထိန်းသိမ်းထား
သာ ပန်းကန်လုံးနှင့် ထပ်တူနီးပါး ရှိနေကြောင်း Sotheby လေလံဌာနက
ပြောကြားသွားသည်။

Planet Myanmar Networkပန်းကန်လုံးငယ်မှာ တရုတ်နိုင်ငံတွင် မြောက်ပိုင်း ဆွန်မင်းဆက် အုပ်စိုးစဉ် က လက်ရာဖြစ်သည်။ ပန်းကန်လုံးကို လေလံတင် ရောင်းချ ခဲ့သော ပိုင်ရှင် မှာ စတင်ဝယ်ယူချိန်က (၃)ဒေါ်လာသာ အကုန်အကျ ရှိခဲ့ကြောင်း သတင်းများက ဆိုသည်။

မိတ္ထီလာဒေသခံ ပြည်သူများအတွက် စားသောက်ကုန် နှင့် ပိတ်စများ လှူဒါန်း

Photo: မိတ္ထီလာဒေသခံ ပြည်သူများအတွက် စားသောက်ကုန် နှင့် ပိတ်စများ လှူဒါန်း
Sunday, March 24, 2013

မန္တလေးတိုင်း ဒေသကြီး ၊ မိတ္ထီလာမြို့တွင် ဖြစ်ပေါ်ခဲ့သော အခြေအနေ အရပ်ရပ် ကြောင့် ဒေသခံ ပြည်သူများ၏ နေအိမ်များ ၊ ပစ္စည်း ဥစ္စာများ ပျက်စီး ဆုံးရှုံး ခဲ့ရသဖြင့် လတ်တလော ရပ်တည် နိုင်ရန် အတွက် Peace Centre အစီအစဉ်ဖြင့် Grand Wynn Group of Companies မှ လှူဒါန်း
သည့်ဆန် ၃၀ အိတ် ၊ ဆယ်ပိဿာဝင် ဆီပုံး ၅၀ ၊ တစ်လီတာ ရေသန့် 
၃၀၀၀ ဘူး ၊ မားမား ခေါက်ဆွဲ ၁၁၈ ဖာ ( ၂၁၂၄၀ ထုတ် ) ၊ Saji Mee
ခေါက်ဆွဲ နှင့် Myo Jo ခေါက်ဆွဲ ၁၄၅ ဖာ ( ၈၇၀၀ ထုတ် ) ၊ ချောကလက် 
ဖာ ၂၀ ( ၄၈၀ ထုတ် ) ၊ ဘီစကစ် ဖာ ၂၀၀ ( ၂၄၀၀ ထုတ် ) နှင့် ပိတ်စ ၄ ထုတ် တို့အား လည်းကောင်း ၊ Sun Myanmar ကုမ္ပဏီမှ အမဲသား ၂၅ ကီလိုဝင် ၂ အိတ် နှင့် ငါးမြစ်ချင်း ကီလို ၂၀ ထုပ် (၁၂) ထုတ် အားလည်း
ကောင်း ၊ ဘာသာပေါင်းစုံ လှူဒါန်းသည့် ပိတ်ဖြူစ ၅၀ စုံ တို့အား တပ်မ
တော် အထူး လေယာဉ်ဖြင့် ရန်ကုန်မြို့ မှ သင်ဆောင်ကာ ယနေ့ မွန်းလွဲ 
၁ နာရီ တွင် မိတ္ထီလာ မြို့သို့ ထွက်ခွာ သွားကြောင်း သိရှိရသည်။

မြ၀တီမန္တလေးတိုင်း ဒေသကြီး ၊ မိတ္ထီလာမြို့တွင် ဖြစ်ပေါ်ခဲ့သော အခြေအနေ အရပ်ရပ် ကြောင့် ဒေသခံ ပြည်သူများ၏ နေအိမ်များ ၊ ပစ္စည်း ဥစ္စာများ ပျက်စီး ဆုံးရှုံး ခဲ့ရသဖြင့် လတ်တလော ရပ်တည် နိုင်ရန် အတွက် Peace Centre အစီအစဉ်ဖြင့် Grand Wynn Group of Companies