မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၃ဦးခန့် အိတ်ခ်ျအိုင်ဗွီပိုး
ကူးစက်ခံနေရကြောင်း ကျန်းမာရေးဦးစီးဌာန၊ UNAIDS ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့
ပူးပေါင်းတွက်ချက်ထားသည့် ''HIV Estimates and Projections Asian
Epidemiological Model Myanmar 2010-2015 ''တွင် ဖော်ပြထားချက်များအရ
သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ
ခန့်မှန်းဦးရေ နှစ်သိန်းဝန်းကျင်ခန့် ရှိနေပြီး ပိုးရှိသူများအနက်မှ
လူဦးရေတစ်သိန်းနှစ်သောင်းကျော်မှာ အေအာတီဆေးဝါး လိုအပ်နေသူများဖြစ်ကြောင်း၊
၂၀၁၂ခုနှစ် ဇွန်လအထိ ရရှိထားသည့် စာရင်းများအရ ဆေးဝါးလိုအပ်သူများအနက်
လူဦးရေ ၄၄၆၆၁ဦးကို အေအာတီ ဆေးဝါးပေးနိုင်ခဲ့ပြီး ကျန်ရှစ်သောင်းကျော်မှာ
အေအာတီဆေးဝါးရရှိရန် လိုအပ်နေသူများဖြစ်ကြောင်း သိရသည်။