Friday, June 20, 2014

သာသနာရေးဝန်ကြီး အစားထိုးခန့်ရန် ပြည်ထောင်စုလွှတ်တော်သို့ သမ္မတ အကြောင်းကြား

ရန်ကုန်(ဇွန်၊၂၀)။ ။ လစ်လပ်လျက်ရှိသော သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနေရာတွ င် အစားထိုးခန့်အပ်ရန် သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားစာကို ဇွန်လ ၂၀ ရက်က ပြည်သူ့လွှတ်တော် အမတ်များအား ဖြန်ဝေထားသည်။
လစ်လပ်သွားသည့် သာသနာရေးဝန်ကြီးနေရာတွင် ယင်းဝန်ကြီးဌာနမှ ဒုဝန်ကြီးဖြစ်သည့် ဦးစိုးဝင်းအား တာဝန် ပေးလိုသည်ဟု ဇွန်လ ၁၉ ရက် ရက်စွဲဖြင့် ရေးသားထားသော သမ္မတ၏ အကြောင်းကြား စာတွင် ဖေါ်ပြထားသ ည်။

ဥပဒေထက် ရင်သားများကပိုအရေးကြီးဟု ပြစ်ဒဏ်ချမှတ်ခံရသူ မော်ဒယ်တစ်ဦးဆို

ရင်သားကြီးထွားစေရန် ခွဲစိတ်ကုသမှုအတွက် ပြုပြင်ဆဲကာလတွင် တာဝန်ကျအရာရှိနှင့် တွေ့ဆုံရမည့် ရက်ချိန်းကို ပယ်ဖျက်ခဲ့မှုအတွက် ဗြိတိသျှမော်ဒယ်တစ်ဦးသည် ရုံးတော်တွင် ရှင်းလင်းချက်ထုတ် ရမည်ဖြစ်သည်။
“ကျွန်မရဲ့ ရင်သားတွေနဲ့ ရုပ်ရည်သွင်ပြင်က ဥပဒေထက် ပိုအရေးကြီးပါတယ်။ ကျွန်မရဲ့ အသက်မွေး အလုပ်က ဒီအပေါ်မှာ မူတည်နေတာပါ”ဟု ဆိုဖီဒဲဇယ်က The Sun သတင်းစာကို ပြောကြားခဲ့သည်။

ဟုမ္မလင်းမြို့နယ် ရဲစခန်းတွင် အချုပ်ခန်းဖောက်ပြီး အချုပ်သားများ ထွက်ပြေးမှုဖြစ်ပွား

ဟုမ္မလင်းမြို့နယ် မြို့မရဲစခန်းတွင် ဇွန် ၁၉ရက် နံနက် ၃ နာရီခန့်က အချုပ်ခန်းဖောက်ထွင်းပြီး အချုပ်သားများ ထွက်ပြေးမှုဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။   


“ဇွန် ၁၉ ရက် မနက် တစ်နာရီလောက်မှာ ဖြစ်တာပါ။ အချုပ်ခန်းက ဆွေးနေတော့ ကြမ်းကနေဖောက်တာ။ အချုပ်ခန်းအဟောင်း နဲ့ အသစ်ရှိတယ်။

သက်သေထွက်ဆိုရန် နောက်ကျနေကြောင်းပြောသည့်အတွက် ခေါ်လာသည့် ဒုရဲအုပ်မှ လက်သီးဖြင့်ထိုးသဖြင့် မျက်လုံးတစ်ဖက် ပြင်းထန်စွာဒဏ်ရာရ

မောင်တောာမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ နံသာတောင်ရွာနေ ဦးလှသိန်း၊(၅၃)နှစ်ကို မောင်တောမြို့နယ် တရားရုံးတွင် သက်သေထွက်ဆိုရန်အတွက် ဒုရဲအုပ်မှ ခေါ်ယူလာစဉ် လမ်းတွင်ရုံးချိန်နောက် ကျနေကြောင်း ပြောသည့်အတွက် ခေါ်လာသည့် ဒုရဲအုပ်မှ လက်သီးဖြင့်ထိုးသဖြင့် ၀ဲဖက် မျက်လုံးပြင်းထန်စွာ ဒဏ်ရာရရှိကာ စစ်တွေမြို့သို့ ဆေးကုသမှုခံယူရန် မောင်တော မြို့နယ် ပြည်သူ့ဆေးရုံမှ ညွှန်းပို့ထားကြောင်း သိရသည်။

ရင်သားကြီးလွန်းလို့ ခွဲစိတ်ဖို့ တောင်းဆိုတဲ့ ဗြိတိန်က အမျိုးသမီး

ရင်သားကြီးလွန်းလို့ ခွဲစိတ်ဖို့ တောင်းဆိုတဲ့ ဗြိတိန်က အမျိုးသမီးKim Mills လို့ အမည်ရတဲ့ အသက် ၃၂ နှစ် အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပါ တယ်။ သူမရဲ့ ရင်သားဟာအရွယ်အစားအားဖြင့် KK -Size ရှိပါတယ်။ ဒါကြောင့်မို့ သူမဟာ Size D လောက်ထိ ကျအောင် ကြိုးစားနေသူ ဖြစ်ပါတယ်။

အရွယ်ကျလိုကျငြား အဆီ ၄ စတုန် လျော့လိုက်ပေမယ့် ကိုယ်အလေးချိန် သာ လျော့သွားပြီး ရင်သားအရွယ် ကျသွားခြင်း မရှိ ပါဘူး။ ဒါကြောင့်မို့ သူမဟာ ရင်သားခွဲစိတ်ဖို့ ဆာဂျရီ ကုန်ကျစရိတ်ကို NHS ကနေ တောင်းဆို ပါတယ်။ NHS ဆိုတာ ဗြိတိန်နိုင်ငံရဲ့ အစိုးရ ကျန်းမာရေး ဝန်ဆောင်မှု အဖွဲ့အစည်း

နိုင်ငံသားစိစစ်ရေးကဒ်ပြား ပန်းရောင် ရှိထားသူ ဘင်္ဂလီများကို တရားဝင်နိုင်ငံသား အဖြစ်သတ်မှတ်သွားမည်ဟု လ၀ကညွှန်မှူး ဦးတင်ချေ ဆို

-မြေပုံ၊ ဇွန်လ ၁၉
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်း ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေလုပ်ငန်းအကောင်အထည်ဖော်မှု တတိယနေ့တွင် နိုင်ငံသားဖြစ်ခွင့်လျှောက်ထားလာသူ ခိုးဝင်ဘင်္ဂလီ(၁၈၂)


ဦးရှိကြောင်း ညွန်ချုပ်ဦးမောင်မောင်သန်း မှ ပြောဆိုသည်ဟု ဒေသခံများက ဆိုသည်။

လဝကညွန်းမှူးဦးတင်ချယ်၏ ပြောပြချက်အရ ရခိုင်တစ်ပြည်လုံး ၁၉၈၂ ဥပဒေအတိုင်း နိုင်ငံသားလျှောက်ခွင့်ပေးရာတွင် အကြောင်းအမျိုးမျိုးကြောင့် လာဒ်ထိုး၍ ပိုက်ဆံပေး၍ ခိုင်းယူထာသော မှတ်ပုံတင် ပန်းရောင်(နိုင်)နှင့် သုံးခေါက်ချိုးကိုင်သူများသည် လုံးဝပြန်စစ်ဆေးစရာ မလိုပဲ နိုင်ငံသားဖြစ်ခွင့်ပေးလိုက်ကြောင်း ယခုစစ်ဆေးသည်မှာ အဖြူကဒ် နှင့် လုံးဝကဒ် မရှိသောသူများလျှောက်ထားမှုကိုသာ မြို့နယ်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေး ရမည်ဟု ပြော ဆိုပါသည်။

သံဃာတော်ငါးပါးနှင့် ပတ်သက်သော နောက်ဆုံးရသတင်းများ။

ဖမ်ဆီးခံ သံဃာတော် ငါးပါးကို သန္တိသုခကျောင်းတိုက် သုံးထပ်ကျောင်းဆောင်မှာ သင်္ဃန်းပြန်ဝတ် မယ်လို့ ဆရာတော် ဦးဝီရသူပြောကြောင်းသတင်းရရှိသည်

Yangon Media Group

ဗိုလ်ချုပ်မှူးကြီး ဇနီး ဒေါ်ကြိုင်ကြိုင် ဆေးကုသခံယူနေရ

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ကျန်းမာရေးမကောင်းသဖြင့် ရန်ကုန်မြို့ ဦးဝိစာရလမ်း အမှတ်(၂) တပ်မတော်ဆေးရုံ ကြီးတွင် တက်ရောက် ကုသမှု ခံယူနေရကြောင်း သတင်းရပါတယ်။

တာမွေတွင် လူဝတ်လဲခံ သံဃာငါးပါးကို ရုံးထုတ်လာပြီ


လူဝတ်လဲပြီး အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် လန်ဒန်ဆရာတော် အပါအဝင် သံဃာငါးပါးကို တာမွေတရားရုံးသို့ ဇွန်လ ၂၀ရက် နံနက် ၁၀နာရီ ၁၅မိနစ်တွင် ခေါ်လာလာပြီဟု ထို နေရာတွင် သွားရောက်သတင်းယူနေသည့် မဇ္ဈိမသတင်းထောက်က သတင်းပေးပို့သည်။

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာများအား အခမဲ့ကုသမပေးက တိုင်ကြားနိုင်

မန္တလေးပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လူနာဌာနသို့ လာရောက်သော လူနာများအား အခမဲ့ ကုသပေးလျက်ရှိပြီး ငွေကြေးတစ်စုံတစ်ရာတောင်းခံလျှင် တိုင်ကြားနိုင်ကြောင်း ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က မဇ္ဈိမကို ပြောသည်။
အရေးပေါ်လူနာဌာနအတွက် ထောက်ပံ့မှု ပေးအပ်ထားရှိခြင်း၊ အခမဲ့ပေးအပ်ထားသော ဆေးများကိုလည်း တရားဝင် အသိပေးကြေညာထားရှိခြင်း၊ မြွေဆိပ်ဖြေဆေးများကိုလည်း အရေးပေါ်အတွက် အခမဲ့ထိုးနှံပေးလျက်ရှိခြင်းနှင့် သက်ဆိုင်ရာစမ်းသပ်စစ်ဆေးမှုများဖြစ်သည့် ဓာတ်မှန်၊ ECG ဆွဲခြင်း၊ ဆီးချို၊ သွေးချိုစစ်ဆေးခြင်းများကို အခမဲ့ပေးအပ်ထားရှိခြင်းတို့ကို ပြုလုပ်ထားရှိရာ အဆိုပါကိစ္စရပ်များကို မသိရှိဘဲ ၀န်ထမ်းများက ငွေကြေးတောင်းခံခြင်းများရှိနေသောကြောင့် ယခုကဲ့သို့ ပြည်သူများသိရန် ရည်ရွယ်ခြင်းဖြစ်သည်။

သာသနာရေး အကြံပေးအဖွဲ့ အရှက်ပြေဖွဲ့ခြင်းဟု ရွှေည၀ါမိန့်

သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ ဖွဲ့စည်းခြင်းတွင် သာသနာရေးအကြံပေးအဖွဲ့ ဖွဲ့စည်းလိုက်ခြင်းနှင့် ပတ်သက်ပြီး အရှက်ပြေလုပ်ခြင်းဖြစ်သည်ဟု ရွှေည၀ါဆရာတော် ဦးပညာသီဟက ဇွန် ၁၉ ရက်တွင် ဝေဖန်လိုက်သည်။
မဟာသန္တိသုခကျောင်းတိုက်ကို ၀င်ရောက်စီးနင်းမှုဖြစ်ပွားအပြီး သာသနာရေးဦးစီးဌာန အကြံပေး ဦးအံ့မောင်၏ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်များနှင့် သမ္မတရုံးအကြံပေးဖြစ်ခြင်း မဖြစ်ခြင်း ပြဿနာများတွင် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် တစ်ပတ်အကြာ ဇွန် ၁၈ ရက်တွင် သမ္မတ၏ သာသနာရေးအကြံပေး အဖွဲ့ဖွဲ့စည်းလိုက်ခြင်းလည်းဖြစ်သည်။

သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရာထူးမှ ထုတ်ပယ်

ငွေကြေးအလွဲသုံးစာမှုနဲ့ အမှုဖွင့် စစ်ဆေးခံနေရတဲ့ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲလိုက်ပြီ ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
သို့သော်လည်း ဦးဆန်းဆင့်ကို တာဝန်မှ ရပ်စဲတာနဲ့ ပတ်သတ်လို့အကြောင်းအရင်းကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ငွေကြေးအလွဲသုံးစား ပြုမှုဖြင့် ဦးဆန်းဆင့်ကို အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) ညွှန်ကြားရေးမှူး ဦးဌေးလွင်က ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲပိုင်းမှာ အမှုဖွင့်ထားတယ်လို့ နေပြည်တော် ဥတ္တရသိရီမြို့နယ် ဘုရားကုန်းရဲစခန်း မှုခင်းလက်ခံဌာနက ရဲတပ်ကြပ်ကြီး ဇော်ဝင်းက အတည်ပြုပါတယ်။
ဦးဆန်းဆင့်ကို ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဖမ်းဆီးထိန်းသိမ်းထားလို့ အစိုးရအဖွဲ့ တာဝန်ရှိသူများက အတည်ပြုထားပါတယ်။

ဦးဆန်းဆင့် ဘာကြောင့် အရေးယူခံရသလဲ

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာနဲ့ သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနဲ့ အစိုးရကြား အထင်မြင်လွဲမှားအောင် လုပ်ဆောင်ခဲ့မှု စသည်တို့အရ ဖမ်းဆီးထိန်းသိမ်းထားကြောင်း RFA သတင်းအရ သိရှိရသည်။
ဦးဆန်းဆင့် ပြုတ်သွားရခြင်းနှင့်ပတ်သက်၍ Eleven Media Group ဖော်ပြချက်တွင် “သာသနာရေးဝန်ကြီး ဦးဆန်းဆင့်သည် မဟာသန္တိသုခကျောင်းတော်ကြီး ချိပ်ပိတ်သည့်ကိစ္စအပါအဝင် ဆရာတော်ကြီးများအား လူဝတ်လဲစေသည့်ကိစ္စတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သဘောထားချင်းမတိုက်ဆိုင်ဘဲ ယင်းကိစ္စကို လက်မခံခဲ့ကြောင်း ယင်းကိစ္စကို ဆောင်ရွက်ခဲ့သူမှာ နိုင်ငံတော်သမ္မတရုံးအကြံပေး ဦးအံ့မောင်သာဖြစ်ကြောင်း ဝန်ကြီး ဦးဆန်းဆင့်နှင့်နီးစပ်သည့် အသိုင်းအဝိုင်း မှ သတင်းရရှိသည်” ဟူ၍ ဦးဆန်းဆင့်နှင့်နီးစပ်သည့်အသိုင်းအ၀ိုင်းကို ကိုးကား၍ သတင်းဖော်ပြထားကြောင်း တွေ့ရှိရသည်။

သံလွင်မြစ်ပေါ်ရှိ ရေကာတာများတည်ဆောက်မှုကို အစိုးရက တစ်ဖက်သတ်အမြင်ဖြင့် ပြုလုပ်နေသည်ဟု ဆို

အမြန်ဆုံးတည်ဆောက်တော့မည်ဟု ကြေညာထားသော သံလွင်မြစ်ပေါ်ရှိ ရေကာတာများအားလုံးသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုစီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှု စစ်တမ်းများ (EIA/SIA) မရှိဘဲ တစ်ဖက်သတ်အမြင်နှင့်သာ ပြုလုပ်နေခြင်းဖြစ်သည်ဟု ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးကွန်ရက်မှ ကိုစောသာဘိုးက မဇ္ဈိမကို ပြောသည်။

သန္တိသုခအရေး သမ္မတဖြေရှင်းရန် ပီနန်ဆရာတော် စာပို့မေတ္တာရပ်ခံ

ဇွန်လ ၁၀ ရက် ည ၁၁ နာရီအချိန်က တာမွေ နတ်ချောင်းရပ်ကွက်အတွင်းရှိ မဟာသန္တိသုခ ဘုန်းတော်ကြီးကျောင်းသို့ ၀င်ရောက်စီးနင်းကာ သံဃာတော်များအား ဖမ်းဆီးခဲ့ခြင်း၊ လန်ဒန်ဆရာတော် ဦးဥတ္တရအပါအ၀င် သံဃာ ငါးပါးအား အတင်းအဓမ္မ လူဝတ်လဲ ရုံးတင်တရားစွဲခဲ့သည့်ကိစ္စ ကိုယ်တိုင်ဖြေရှင်းပေးရန် သမ္မတဦးသိန်းစိန်ထံ ဇွန် ၁၇ ရက်က မေတ္တာရပ်ခံစာပိုခဲ့သည်ဟု ပီနန်ဆရာတော်က ဇွန် ၁၉ ရက် တွင် မဇ္ဈိမကို မိန့်သည်။
“ဒီကိစ္စကိုမြန်မြန်ရှင်းပေးပါ။ တစ်ကမ္ဘာလုံးကလည်း ယူကျုံးမရနဲ့ စိတ်မချမ်းမသာ ဖြစ်နေတယ်”ဟု ဆရာတော်ကမိန့်သည်။

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အား ဥပဒေအရ အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်

ရန်ကုန်၊ ဇွန် ၂၆ - နိုင်ငံတော်သမ္မတရုံးက ၂၀၁၄ခုနှစ်၊ ဇွန်လ၁၉ရက် ရက်စွဲပါအမိန့်ထုတ်ပြန်ချက်ဖြင့် တာဝန်မှရပ်စဲခြင်းခံ လိုက်ရသော သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဆင့်အား သက်ဆိုင်ရာမှ တရားဥပဒေ နှင့် အညီအရေးယူနိုင်ရေးအတွက် လိုအပ်သောခေါ်ယူစစ်ဆေးမှုများ စတင် ပြုလုပ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

သမ္မတရာထူး ဒေါ်အောင်ဆန်းစုကြည်နှင့်သာ သင့်လျော်ဟု အမျိုးသမီးအဖွဲ့များ ထုတ်ပြန်

လက်ရှိအချိန်တွင် နိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်ရေး ရာထူးတာဝန်ဖြစ်သော သမ္မတရာထူးတာဝန်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နှင့်သာ အသင့်လျော်ဆုံးဖြစ်သည်ဟု ယူဆကြောင်း အမျိုးသမီးများ၏ နိုင်ငံရေးလှုပ်ရှားမှု ၂၀၁၅ က ၎င်း၏ မွေးနေ့ ဇွန် ၁၉ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။

လက်ထပ်ခိုင်းတဲ့ မိန်းမလျာ အသတ်ခံရ

မိန်းမလျာတစ်ဦးဟာ အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်နဲ့ ၁၂ နှစ်ကြာ ရင်းနှီးခဲ့ပြီး သူ့ကိုလက်ထပ်ဖို့ အဲဒီအမျိုးသားကို ပြောဆိုခဲ့တာကြောင့် နှစ်ဦးသား စကားအငြင်းများကြရာမှ လက်လွန်ပြီး အသတ်ခံ ခဲ့ရပါတယ်။

ကျပ် တစ်သောင်းတန် ငွေစက္ကူအတုဖြင့် လူသုံးကုန် ပစ္စည်း လိုက်လံ ၀ယ်ယူနေသူအား ဖမ်းဆီးရမိရေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၁၉) ရပ်ကွက်အတွင်း ငွေစက္ကူကျပ် ၁၀၀၀၀ တန်အတုများ ကိုင်ဆောင်၍ လူသုံးကုန် ပစ္စည်းများ လိုက်လံ ဝယ်ယူနေသူ အမျိုးသား တစ်ဦးကို ဇွန် ၁၆ ရက် ည ၉ နာရီက သတင်းအရ လိုက်လံ ဖမ်းဆီးရာမှ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ယင်းဖြစ်စဉ်မှာ ဇွန် ၁၆ ရက် ည ၈ နာရီခန့်တွင် အမှတ်(၄၇) ဗဟိုရ်စည်လမ်း၊ ၁၉ ရပ်ကွက်အတွင်းရှိ၊ အနန္တမေတ္တာ ဆေးပစ္စည်း အရောင်းဆိုင် တစ်ဆိုင်၌ အော်ရာမင်းဂျီ ဆေးကတ် နှစ်ကတ်ကို ၁၉၀၀ ကျပ်ဖြင့် ဝယ်ယူသွားသော အမျိုးသား တစ်ဦးက ငွေ ၁၀၀၀၀ ကျပ်တန်ဖြင့် ကျသင့်ငွေအား ရှင်းလင်းပေး သဖြင့် ဆိုင်ရှင်ဖြစ်သူက ပိုငွေကျပ် ၈၁၀၀ အား ပြန်လည် ရှင်းလင်းပေးခဲ့သည်။

ထိုင်းသို့ ခိုးဝင်သော မြန်မာ ၁၈ ဦးကို ထိုင်းစစ်တပ်ဖမ်းဆီး


Photo: ထိုင်းသို့ ခိုးဝင်သော မြန်မာ ၁၈ ဦးကို ထိုင်းစစ်တပ်ဖမ်းဆီး
Friday, June 20, 2014

 မြဝတီဘက်မှတစ်ဆင့် နယ်ခြားသောင်ရင်းမြစ်ကိုဖြတ် ကူးကာထိုင်းနိုင်ငံမဲဆောက်မြို့ သို့ လူတစ်ဦးလျှင် ထိုင်းဘတ် ငွေ တစ်သောင်းခွဲ အကုန်အကျခံ ခိုးဝင်လာသောမြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ်က ဇွန်လ ၁၈ ရက်က ဖမ်းဆီးထား ကြောင်း သတင်းရရှိသည်။

ခိုးဝင်လာသော မြန်မာနိုင်ငံ သား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ် က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

‘‘ဘန်ကောက်မှာ အလုပ် သွားလုပ်မလို့ ကယ်ရီသမားကို တစ်ယောက် ထိုင်းဘတ်ငွေတစ် သောင်းခွဲပေးပြီး လာကြတာပါ။ မဲဆောက်မြို့မှာ အဖမ်းခံရတာ ပါ’’ဟု ထိုင်းနိုင်ငံသို့ ခိုးဝင်သဖြင့် ဖမ်းဆီးခံရသူ မဝင်းက ပြော သည်။

‘‘အခုအဖမ်းခံရတဲ့သူတွေ က ထိုင်းဘက်ကိုကူးလာဖို့ အတွက် မြန်မာဘက်ခြမ်းက လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ကူညီပေးတယ်လို့ပြောတယ်။ သူ တို့ကိုမေးကြည့်တော့လည်း ဒီကို လာဖို့ တစ်ယောက်ကို ထိုင်းဘတ် ငွေတစ်သောင်းခွဲလောက်ကုန် တယ်တဲ့။ ထိုင်းအာဏာပိုင်တွေ ကလည်း သူတို့ကို အရေးယူသွား မယ်လို့ ပြောသွားပါတယ်’’ဟု KNU ပြည်ထဲရေးဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးရာတွင် မဲဆောက် အခြေစိုက် အမှတ် (၄)ဒေသဆိုင် ရာကွပ်ကဲရေးတပ်မှူးကြီးအပါ အဝင် ထိုင်းလဝက၊ ထိုင်းနယ် ခြားစောင့်တပ်၊ ထိုင်းရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များပါဝင်သော   ပူး ပေါင်းအဖွဲ့များက ဖမ်းဆီးလိုက် ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံစစ်တပ် အာဏာသိမ်းပြီးနောက်     တရားမဝင် နိုင်ငံသားများကို ဆက်တိုက်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လျက် ရှိရာ မြန်မာနိုင် ငံသား ၄၀၀ ကျော် ဖမ်း ဆီးခံခဲ့ရ ကြောင်း  ထိုင်းနိုင်ငံရောက်  မြန်မာများက ပြောသည်။

သို့သော် အဖမ်းခံရသူအများ စုကို ပြန်လွှတ်ပေးသည်။ ထိုသို့ ဖမ်းဆီးခံရမှုများနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံ   မြန်မာသံရုံးရှိ    သံ အမတ်ကြီး ဦးဝင်းမောင်ထံ ဆက် သွယ်မေးမြန်းရာ မြန်မာနိုင်ငံသား များကို ထိုင်းနိုင်ငံစစ်တပ်က ဖမ်း ဆီးထားခြင်းမရှိကြောင်း၊ မြန်မာ နိုင်ငံသားများအား ဖမ်းဆီးမည် မဟုတ်ကြောင်း ပြောဆိုထား သည်။ နယ်စပ်ဂိတ်များမှ ခိုးဝင် လာသော မြန်မာများကို ဖမ်းဆီး မည်မဟုတ်ဘဲ မဝင်နိုင်ရန် စစ်ဆေးခြင်းသာဖြစ်ကြောင်း သံအမတ်ကြီးဦးဝင်းမောင်က   ပြော ကြားသည်။

ဇွန်၁၈ရက်ညက ဖမ်းဆီးခံရသည့်မြန်မာလုပ်သားများ(ဓာတ်ပုံ−မန်းမျိုးမြင့်မီဒီယာ)
7Day Daily 

မြဝတီဘက်မှတစ်ဆင့် နယ်ခြားသောင်ရင်းမြစ်ကိုဖြတ် ကူးကာထိုင်းနိုင်ငံမဲဆောက်မြို့ သို့ လူတစ်ဦးလျှင် ထိုင်းဘတ် ငွေ တစ်သောင်းခွဲ အကုန်အကျခံ ခိုးဝင်လာသောမြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ်က ဇွန်လ ၁၈ ရက်က ဖမ်းဆီးထား ကြောင်း သတင်းရရှိသည်။

ခိုးဝင်လာသော မြန်မာနိုင်ငံ သား ၁၈ ဦးကို ထိုင်းနိုင်ငံစစ်တပ် က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

‘‘ဘန်ကောက်မှာ အလုပ် သွားလုပ်မလို့ ကယ်ရီသမားကို တစ်ယောက် ထိုင်းဘတ်ငွေတစ် သောင်းခွဲပေးပြီး လာကြတာပါ။ မဲဆောက်မြို့မှာ အဖမ်းခံရတာ ပါ’’ဟု ထိုင်းနိုင်ငံသို့ ခိုးဝင်သဖြင့် ဖမ်းဆီးခံရသူ မဝင်းက ပြော သည်။

ဘာသာကူးပြောင်းခြင်း ဥပဒေကြမ်းအကြံပြုချက်များကို လက်ခံစိစစ်၍ ပြင်ဆင်ဖြည့်စွက်မည်

ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက် ၍ ရဟန်းရှင်လူများ ယခုလ ၂၀ ရက် နောက်ဆုံးထား၍ အကြံပြု ချက်များ ပေးပို့ရန် ကြေညာချက် များ ထုတ်ပြန် ခဲ့ရာ ပေးပို့လာသောအကြံပြုချက်များကို လက်ခံစိစစ်၍ ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ အကြံပြုချက်များ ပြင်ဆင်ခြင်းအပါအဝင် မူလ ပြဋ္ဌာန်းချက်များ ပါဝင်သော ဥပဒေ ကြမ်းကို အပြီးသတ်ပြုစုရေးဆွဲမှု များ ပြုလုပ်မည်ဖြစ်ပြီး ယခုလ ၃၀ရက် နောက်ဆုံးထား၍ နိုင်ငံတော် သမ္မတထံသို့ ပေးပို့မည်ဖြစ်ကြောင်း ဥပဒေကြမ်းရေးဆွဲရေးကော်မရှင် တာဝန်ရှိသူတစ်ဦးကပြောသည်။

ဝန်ကြီးဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာသဘောထားကွဲစေမှုတို့နဲ့ ဖမ်းဆီးစစ်ဆေးနေ

သာသနာရေးဝန်ကြီးဌာန ၀န်ကြီး ဦးဆန်းဆင့်ကို အဂတိလိုက်စားမှု၊ သံဃာနဲ့ သံဃာ့ နာယကအဖွဲ့ အကြား၊ သံဃာ့ နာယကနဲ့ အစိုးရကြား အထင်မြင်လွဲမှားအောင်လုပ်ဆောင်ခဲ့မှု စတာတွေနဲ့ အာဏာပိုင်တွေက တရားစွဲလိုက်တယ်လို့ RFA က စုံစမ်း သိရပါတယ်။
သာသနာရေးဝန်ကြီးဌာနပိုင် ငွေကြေး ကျပ်ငွေ ၇၂ သိန်း အလွဲသုံးစားမှုနဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြုလုပ်ပြီး ၀န်ကြီး ဦးဆန်းဆင့်ကို တရားစွဲလိုက်ကြောင်း နေပြည်တော်အသိုင်း အ၀ိုင်းက ပြောပါတယ်။

အမှုဖွင့်သော မိန်းကလေးနှင့် ကြည်လင်း ဇွန်လ ၁၉ ရက်တွင် လက်ထပ်

Photo: အမှုဖွင့်သော မိန်းကလေးနှင့် ကြည်လင်း ဇွန်လ ၁၉ ရက်တွင် လက်ထပ်
Friday, June 20, 2014

ရန်ကုန်ယူနိုက်တက် ဘောလုံးကလပ်အသင်း ကွင်း လယ်ကစားသမား ကြည်လင်း သည် ဇွန်လ ၁၉ ရက်က ၎င်းချစ် သူမိန်းကလေးမိဘများထံ တောင်းရမ်းလက်ထပ်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကိုကြည်လင်း လက်ထပ် ပြီးသွားပါပြီ။ မိန်းကလေးရဲ့ အဘွားအိမ်မှာ ဟိုဘက်မိဘ၊ ဒီဘက်မိဘတွေ့ပြီး ရပ်ကွက်လူ ကြီးအသိသက်သေရှေ့ခုနစ်အိမ်၊ နောက်ခုနစ်အိမ်ဖိတ်ပြီး ဗုဒ္ဓဘာ သာထုံးတမ်းစဉ်လာအရ လက် ထပ်ယူခဲ့တယ်။ ဒီနေ့ညနေ ၄ နာရီခွဲမှာ လက်ထပ်ခဲ့တယ်။ မင်္ဂ လာဧည့်ခံပွဲကိုတော့ ဒီတစ်လ၊ နှစ်လအတွင်းလုပ်ဖြစ်မှာပါ’’ဟု ကြည်လင်း၏ မင်္ဂလာကိစ္စလိုက် လံဆောင်ရွက်ပေးသူ ကိုမျိုးမြင့် သောင်းက ဇွန်လ ၁၉ ရက် ည နေတွင် ပြောသည်။

မင်္ဂလာဧည့်ခံပွဲ ကိစ္စဖြင့် ပတ်သက်၍ ပြုလုပ်ကျင်းပမည့် ဧည့်ခံပွဲ နေရာကို လေ့လာစုံ စမ်းရဦးမည်ဖြစ်ပြီး ရက်ကောင်း ရက်မြတ် ရွေးချယ်ရဦးမည်ဖြစ် ကြောင်း ၎င်းက ဆက်လက် ပြောသည်။ အဆိုပါလက်ထပ် ပွဲမတိုင်မီ ဘောလုံးသမား ကြည် လင်းက ၎င်းတို့နှစ်ဦးသည် ချစ်သူ ဖြစ်ကြောင်းနှင့် မိန်းကလေး၏ မိဘများဘက်မှ နားလည်မှုလွဲ၍ ရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းဖြစ် ကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာတွင် ဇွန်လ ၁၈ ရက် ည ၁၂ နာရီဝန်းကျင်အချိန်က ရေး သားဖော်ပြခဲ့သည်။

လက်ရွေးစင် ဘောလုံးသမားဖြစ်သူ ကြည်လင်းအား ကမာရွတ်မြို့နယ်ရဲစခန်းတွင် ဇွန်လ ၁၆ ရက် အမှုဖွင့်တိုင်ကြားခံခဲ့ရပြီး ပုဂ္ဂလိက သတင်းစာများ၌ ဇွန်လ ၁၉ ရက်တွင်ကျယ်ပြန့်စွာပါရှိလာသည်။

လက်ထပ်ပွဲကို ဇွန်လ ၁၉ ရက် ညနေ ၄ နာရီခွဲအချိန်တွင် တာမွေမြို့နယ်အတွင်းရှိ မိန်းက လေး၏ အဘွားဖြစ်သူနေအိမ် ၌ နှစ်ဖက်မိဘလူကြီးစုံရာ ရှေ့မှောက်တွင် လက်ထပ်ထိမ်းမြားခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကြည်လင်းထံသို့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မေးမြန်း၍ မရရှိခဲ့ပေ။

အဆိုပါနှစ်ဦးနှစ်ဖက် ပြေ လည်မှုရရှိခဲ့၍ လတ်တလော ဖွင့်ဆိုထားသည့် အမှုအား ရုပ် သိမ်းထားခြင်း ရှိ၊မရှိ ကမာရွတ် မြို့နယ် ရဲစခန်းသို့ ဇွန်လ ၁၉ ရက် ညနေက ဆက်သွယ်မေးမြန်းခဲ့ရာ စခန်း တာဝန်မှူးက ‘‘အခုထိတော့ အဲဒီသတင်းနဲ့ ပတ် သက်လို့ ဘာမှလာမပြောသေး ဘူး။ သူတို့ဘက်က အကြောင်း ကြားတာ မရှိသေးဘူး’’ ဟု ပြန်လည်ဖြေကြားသည်။

ကြည်လင်းတို့ ဇနီးမောင်နှံကို လက်ထပ်စာချုပ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ − ကြည်လင်းဖေ့စ်ဘွတ်ခ်)
7Day Daily 
 ရန်ကုန်ယူနိုက်တက် ဘောလုံးကလပ်အသင်း ကွင်း လယ်ကစားသမား ကြည်လင်း သည် ဇွန်လ ၁၉ ရက်က ၎င်းချစ် သူမိန်းကလေးမိဘများထံ တောင်းရမ်းလက်ထပ်ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကိုကြည်လင်း လက်ထပ် ပြီးသွားပါပြီ။ မိန်းကလေးရဲ့ အဘွားအိမ်မှာ ဟိုဘက်မိဘ၊ ဒီဘက်မိဘတွေ့ပြီး ရပ်ကွက်လူ ကြီးအသိသက်သေရှေ့ခုနစ်အိမ်၊ နောက်ခုနစ်အိမ်ဖိတ်ပြီး ဗုဒ္ဓဘာ သာထုံးတမ်းစဉ်လာအရ လက် ထပ်ယူခဲ့တယ်။ ဒီနေ့ညနေ ၄ နာရီခွဲမှာ လက်ထပ်ခဲ့တယ်။ မင်္ဂ လာဧည့်ခံပွဲကိုတော့ ဒီတစ်လ၊ နှစ်လအတွင်းလုပ်ဖြစ်မှာပါ’’ဟု ကြည်လင်း၏ မင်္ဂလာကိစ္စလိုက် လံဆောင်ရွက်ပေးသူ ကိုမျိုးမြင့် သောင်းက ဇွန်လ ၁၉ ရက် ည နေတွင် ပြောသည်။

တပ်မတော်သားများ၊ စစ်မှုထမ်းဟောင်းများ အားလုံးကို ဦးအောင်မင်းတောင်းပန်

သူရဘွဲ့နှင့် သူရဲ ကောင်းမှတ်တမ်းဝင်များပေးစရာ မလို၊ သစ္စာလေးချက်ပြင်ရန်လို အပ်ဟု ပြောမိခဲ့သည့် စကားများ နှင့် ပတ်သက်၍ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက တပ်မတော် သားများ၊ စစ်မှုထမ်းဟောင်းများ အားလုံးကိုယ်စားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား တောင်းပန်ခဲ့ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးထားသော သံဃာငါးပါး ယနေ့လွှတ်ပေးဖွယ်ရှိကြောင်း သတင်းထွက်ပေါ်

ဖမ်းဆီးပြီးလူဝတ်လဲခံရ သော မဟာသန္တိသုခကျောင်း တိုက်မှ သံဃာတော်ငါးပါးကို ဇွန်လ ၂၀ ရက်(ယနေ့)တွင် တာမွေ မြို့နယ်တရားရုံး ရုံးထုတ်အပြီး ၌ ပြန်လွှတ်ပေးဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

‘‘ဆရာတော်ငါးပါးကို ပြန် လွှတ်ပေးဖို့ရာရှိနေပါတယ်။ ရုံး ထုတ်တဲ့နေ့ မနက်ဖြန်ကိုလွှတ်ပေးလောက်ပါ တယ်။ တရားရုံးအ မိန့်နဲ့လွှတ်ပေးမယ်လို့ ကြားထားပါတယ်’’ဟု အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက 7Day Daily အား ဇွန် ၁၉ ရက်ညတွင် ပြောကြားသည်။

ကားမိုင်းမြို့၊ တောင်သူလယ်သမားများထံ ငွေကြေးများ ကောက်ခံနေ

ကားမိုင်းမြို့အနောက်ဖက် မြေလွတ်မြေရိုင်းတောကွင်းတွင် ခုတ်ထွင် ရှင်းလင်း၍ မိမိတို့ ၀မ်းစာအတွက် လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် ဆောင်ရွက်ကြသည်။ ထိုသို့ ဆောင်ရွက်ကြသည့် တောင်သူ လယ်သမားများထံ ကားမိုင်းမြို့-မြေစာရင်း ဦးစီးဌာနမှ ဦးဆွေမိုး-ဆိုသူသည် တစ်ဧကခုတ်ထွင်ပြီးသူတိုင်း (၃၀၀၀၀ိ/- သုံးသောင်းကျပ်)စီပေးရန်၊ ဆယ်ဧက ခုတ်ပြီးသူတိုင်း သုံးသိန်းကျပ်ပေးဆောင်ရန်နှင့် လက်ငင်းငွေ -၁၅၀၀၀၀ိ/-တစ်သိန်း ငါးသောင်းကျပ် ပေးဆောင်ရမည်ဟု တောင်းဆိုနေသည်။

ကိုထင်ကျော် တရားရုံးကို သပိတ်မှောက်ဆန္ဒပြ

Photo: ကိုထင်ကျော် တရားရုံးကို သပိတ်မှောက်ဆန္ဒပြ

ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ဟာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ရုံးထုတ်စစ်ဆေးစဉ် တရားရုံးကို  သပိတ်မှောက်ဆန္ဒပြခဲ့ပါတယ်။

ဒီနေ့ရုံးချိန်းမှာ ဘာကြောင့်အစစ်ဆေးမခံပဲ သပိတ်မှောက် ဆန္ဒပြရတယ်ဆိုတာ ကိုထင်ကျော်က အခုလို ပြောပါတယ်။

"ပြီးခဲ့တဲ့ ၅ ရက်နေ့က ထောင်သုံးရမာန် ရမာန်ကြီးတစ်ပတ် ၁၄ ရက်ပြည့်ပါတယ်၊ ကျနော့်ကို နောက်ထပ် ၁၄ ရက် မျက်ကွယ်ရမာန်နဲ့ ကျနော့်ကိုထားတဲ့အတွက် ကျနော်ဟာ နိုင်ငံသားတစ်ယောက်ဖြစ်ပြီးတော့မှ အချုပ်မှာကျနော်တာဝန်မဲ့ ၂၈ ရက်နေခဲ့ရပါတယ်၊ မြန်မာနိုင်ငံ တရားစီရင်ရေးရဲ့ ပျက်စီးနေတဲ့ တရားရေးစနစ်ကို ပြုပြင်ခြင်းဖြစ်ပါတယ်၊ ကျနော်က တရားစီရင်ရေးရဲ့ နိုင်ငံသားအပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်တဲ့အတွက် တရားရုံးအရှေ့မှာ ကျနော် ပက်လက်လန်ပြီးတော့မှ တရားရုံး ရုံးထုတ်ကို သပိတ်မှောက်ကြောင်း ကြေညာတာဖြစ်ပါတယ်"

ကိုထင်ကျော်ဟာ ပြီးခဲ့တဲ့ ဧပြီလက ပြည်ထောင်စုအစိုးရ နှုတ်ထွက်ပေးဖို့အတွက် မြောက်ဥက္ကလာပမြို့နယ်မှာ ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲခံထားရတာဖြစ်ပါတယ်။

ကိုထင်ကျော်ဟာ မြောက်ဥက္ကလာပမြို့နယ်အပြင် တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ လှိုင်သာယာမြို့နယ်စတဲ့ မြို့နယ်တွေမှာ ပြည်ထောင်စု အစိုးရအဖွဲ့နှုတ်ထွက်ပေးဖို့ ဆန္ဒပြခဲ့တဲ့အတွက် မြို့နယ်ပေါင်း ၁၁ မြို့နယ်မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ အမှုရင်ဆိုင်နေရပါတယ်။

မြောက်ဥက္ကလာပမြို့ တရားရုံးမှာ တရားစွဲဆိုထားတဲ့ အမှုရုံးချိန်းကို လာမယ့် ဇူလိုင်လ ၃ ရက်နေ့မှာ ဆက်လက်စစ်ဆေးဖို့ ချိန်းဆိုလိုက်ကြောင်း သိရပါတယ်။ 
 ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ဟာ မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ ရုံးထုတ်စစ်ဆေးစဉ် တရားရုံးကို သပိတ်မှောက်ဆန္ဒပြခဲ့ပါတယ်။