Wednesday, October 23, 2013

ရခိုင် တိုင်းရင်းသူလေးရဲ့ အနုပညာစကား၊ ငြိမ်းချမ်းရေး စကား

မော်ဒယ်လ် သရုပ်ဆောင် ဖြူထိပ်ထား | မိတ်ကပ် – မေစပယ်ညို၊ ၀တ်စုံဒီဇိုင်း – အောင်မြတ်သူ (Aroma) | (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဖြူထိပ်ထား ဆိုတာ ရတနာဖြူဖြူအောင် ဆိုတဲ့ နာမည်နဲ့ အရင်ကပြိုင်ပွဲများစွာ ၀င်ပြိုင်ခဲ့ပြီး ဆုများစွာ ရခဲ့တဲ့ ရခိုင်တိုင်းရင်းသူ မော်ဒယ်လ် တယောက် ဖြစ်ပါတယ်။ ဇာတ်ကားတွေမှာလည်း သူ့ရဲ့ သရုပ်ဆောင် မှုတွေကို တွေ့ရပါတယ်။ အခုတော့ အနုပညာ အလုပ်ကို မိဘတွေက အားပေးတဲ့အတွက် မိဘတွေ ကို ယ်ပိုင် ထုတ်လုပ်ရေးလုပ်၊ သူ့ကို အနုပညာ နာမည် ဖြူထိပ်ထားလို့ ပြောင်းလိုက်ပြီး နေတိုး၊ သက်မွန်မြင့် တို့နဲ့ နက္ခတ်မှားတဲ့ တိုက်ပွဲ ဆိုတဲ့ ဇာတ်ကားကြီးမှာ ပါဝင် သရုပ်ဆောင် ခဲ့တယ်လို့ သူက ပြောပြပါတယ်။ လတ်တလောမှာ ဇာတ်ကား ရိုက်ကူးမှုနဲ့ ဓာတ်ပုံ၊ ပြက္ခဒိန် ရိုက်ကူးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ဖြူထိပ်ထားနဲ့ ပတ်သက်တဲ့ အနုပညာကိစ္စတချို့၊ ကိုယ်ရေးကိုယ်တာ ကိစ္စတချို့ကို ဧရာဝတီက မေးမြန်းစုံစမ်းပြီး ဖော်ပြပေးလိုက်ပါတယ်။

တစ်နိုင်ငံလုံး ၀ိုင်ဖိုင်အင်တာနက်လိုင်း အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် Broadband Wireless(Wifi) အင်တာနက်လိုင်းရရှိရန် လုပ်ဆောင် သွား မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူ တစ်ဦးက အောက်တိုဘာ ၂၂ ရက်တွင် ပြော သည်။

အဆိုပါ Wifi အင်တာနက်လိုင်း ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အကျိုးတူ ပူးပေါင်း လုပ် ကိုင်မည့် ပြည်တွင်း ၊ ပြည်ပကုမ္ပဏီများကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တင်ဒါဖိတ်ခေါ်ထား ကြောင်း ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ သတင်း အချက်အလက်နှင့် နည်းပညာဌာနမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးရဲနိုင်မိုးက မဇ္ဈိမကို ပြောသည်။

မော်ဒယ်လေးတွေရဲ့ အသည်းယားစေမယ့်Sexyအကျဆုံးဓာတ်ပုံတွေ

အထည်ချုပ်စက်ရုံ အလုပ်သမ တစ်ဦးကို အသက် ၆၀ အရွယ် အမျိုးသားကြီးက အဓမ္မပြုကျင့်

အသက် ၆၀ အမျိုးသားကြီးက အဓမ္မပြုကျင့်လိုက်သည်ဟု ၂၄ နှစ်အရွယ် အထည်ချုပ်စက်ရုံ အလုပ်သမ အမျိုးသမီးငယ်၏ အမှုဖွင့်တိုင်တန်းမှုကို တောင်ဥက္ကလာရဲစခန်းက အောက်တိုဘာ ၂၁ တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဆိုသည်။

မြန်မာ့ငွေဈေး (23.10.2013 2:00PM)၊ ၀ယ်ဈေး ရောင်းဈေး

1 အမေရိကန် USD = Ks 968(~) Ks 976(~)
1 စင်္ကာပူ SGD = Ks 776(~) Ks 786(~)
1 ဥရောပငွေ EUR = Ks 1320(~) Ks 1337(~)

ဆိုင်ရှင်နှင့် ဆိုင်လုပ်သားများအား ဝိုင်းဝန်း ရိုက်နှက်

စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာ၌ ယမန်နေ့ နံနက်က ဆိုင်ပိုင်ရှင်နှင့် ဆိုင်လုပ် သားများအား လူတစ်စုမှ ဝိုင်းဝန်း ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်း

"ရင်နင့်ဖွယ် မိဘနှစ်ပါးကိုတရားပြန်စွဲတဲ့ လင်ယူမှားတဲ့သမီးမိုက်"

ဓာတ်ပုံကိုကြည့်လိုက်ပါ။ ရွှေမြန်မာစစ်စစ်တွေပါ။ မိဘနှစ်ပါးက ဆားတောင်မြို့နယ် ဇာတိဖွားတွေပါ။ လက်ရှိတော့ မဟာမြိုင် အပိုင်း (၁) ဒ-၉/၄၂။ ကန်ပတ်လည်ကျောင်းတောင်းဘက် မှာ နေပါတယ်။ ဦးအောင်သန်း ဒေါ်ခင်မြင့်သန်း လို့ခေါ်ပါတယ်။
သမီးဖြစ်သူက ဇင်မာအောင် (၂၃)နှစ် (တရုတ်၊ အင်္ဂလိပ်၊ ကွန်ပျူတာ သုံးဘာသာ) ကျွမ်းကျင်သူ ဘွဲ့ရ ပညာတတ် တစ်ယောက်ပါ။ ပုံပါအတိုင်း မိဘနှစ်ပါးက တစ်ဦးတည်းသော သမီးလေးအတွက် ဂုဏ်ယူဝင့်ကြွားနေတာပေါ့။

ဒါပေမယ့် သမီးဖြစ်သူက အိမ်ထောင်သည် ကလေးများဖခင် မူဆလင်ကုလား (၄၁)နှစ်နဲ့ ပတ်သက်နေလို့ မိဘနှစ်ပါးက သတိပေးထားခဲ့ပါတယ်။ မိဘနှစ်ပါးကို အလိမ္မာသုံးပြီး ဟန်ဆောင်ပြတ်စဲ သယောင်လုပ်ကာ အလစ်မှာ ခိုးရာလိုက်ပြေး ပါတော့တယ်။

ငါးလောင်းပြိုင် လူသတ်မှု စစ်ဆေးမှုအခြေအနေ တိုးတက်လာဟုဆို

Photo: ငါးလောင်းပြိုင် လူသတ်မှု စစ်ဆေးမှုအခြေအနေ တိုးတက်လာဟုဆို

Wednesday, 23 October 2013

ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။ ။ ငါး နှစ်နီးပါးတိုင်အောင် တရားခံဖမ်း ဆီးရမိခြင်း မရှိသေးသည့် ငါး လောင်းပြိုင်လူသတ်မှု၏ စစ်ဆေး နေသည့်အခြေအနေမှာ တိုးတက် လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ဇော် ဝင်း က ရန်ကုန်တိုင်းမ် နေ့စဉ်သ တင်းစာ၏ သီးသန့်မေးမြန်းမှုကို ဖြေကြားခဲ့သည်။အောက်တိုဘာ၁၈ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင်ပြုလုပ်ခဲ့သော ရန်ကုန် နှင့်နယ်မြို့တချို့တွင် ဗုံးဖောက် ခွဲမှု တရားခံများ နှင့်ပတ်သက် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားခဲ့ခြင်းဖြစ်သည်။

ရဲချုပ်ဇော်ဝင်းက ''ငါး လောင်းပြိုင် လူသတ်မှုကို ဆက် လက်စစ်ဆေးနေတယ်။ အမှုရဲ့ အခြေအနေက တိုးတက်မှုရှိလာ ပါပြီ''ဟု ပြောသည်။ အဆိုပါငါးလောင်းပြိုင် လူသတ်မှုကို ယခုအခါ စီအိုင်ဒီ မှစစ်ဆေးလျက်ရှိကြောင်း သိရ သည်။ စီအိုင်ဒီ မှ ဒုရဲမှူးကြီးတစ် ဦးက ငါးလောင်းပြိုင်လူသတ်မှု နှင့်ပတ်သက်ပြီး ''ကျွန်တော်တို့ အနေနဲ့ကတော့ ငါးလောင်းပြိုင် လူသတ်မှုကို ကြိုးစားပြီးစစ်ဆေး နေဆဲပါ။ လက်ရှိလုပ်ဆောင်နေ ပါတယ်။ အမှုမပိတ်ပါဘူး။ အမှု တွေရဲ့သဘောက တစ်ခါ တလေ ကြာတတ်တာတွေ ရှိတယ်လေ။ တချို့နိုင်ငံက မှုခင်းတွေဆိုရင် ၁ဝနှစ်၊ ၁၅နှစ်ကြာမှ မိတာတွေ လဲရှိတာပဲ''ဟုပြောသည်။

ငါးလောင်းပြိုင်လူသတ်မှု သည် ၂၀၀၈ခုနှစ်တွင် ဖြစ်ပွားခဲ့ ပြီး မိုးကုတ်သူဌေးကြီး ဦးမြမောင် ၏ သမီး၊ မြေးနှစ်ဦးနှင့် အိမ်ဖော် မှာ စိမ်းလဲ့ကန်သာလမ်းရှိ နေအိမ် တွင် သေဆုံးခဲ့သည်။ ယင်းငါးလောင်းပြိုင် လူ သတ်မှုနှင့်ပတ်သက်၍ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့မှ ငါးလောင်းပြိုင်လူသတ် မှုကို စုံစမ်းထောက်လှမ်းနေသော် လည်း အထောက်အထားမရသေး သဖြင့် ဖော်ထုတ်နိုင်ခြင်းမရှိသေး ကြောင်း၊ စုံစမ်းဖော်ထုတ်ပြီးပါက ပြည်သူများထံ တရားဝင်ကြေညာ ပေးသွားမည် ဖြစ်သည် ဟု ပြည် ထဲရေး ဒုတိယဝန်ကြီး ဗိုလ်မှူး ချုပ်ကျော်ကျော်ထွန်းက လွန်ခဲ့ သည့်ရက်ပိုင်းက နေပြည်တော်ရှိ လွှတ်တော်ရုံးတွင် မီဒီယာများကို ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်မြတ်ဇံ
Yangon Media Group

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ဇော် ဝင်း ကိုသတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။
ရန်ကုန် ၊ အောက်တိုဘာ ၂၂ ။ ။ ငါး နှစ်နီးပါးတိုင်အောင် တရားခံဖမ်း ဆီးရမိခြင်း မရှိသေးသည့် ငါး လောင်းပြိုင်လူသတ်မှု၏ စစ်ဆေး နေသည့်အခြေအနေမှာ တိုးတက် လာပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ဇော် ဝင်း က ရန်ကုန်တိုင်းမ် နေ့စဉ်သ တင်းစာ၏ သီးသန့်မေးမြန်းမှုကို ဖြေကြားခဲ့သည်။အောက်တိုဘာ၁၈ရက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင်ပြုလုပ်ခဲ့သော ရန်ကုန် နှင့်နယ်မြို့တချို့တွင် ဗုံးဖောက် ခွဲမှု တရားခံများ နှင့်ပတ်သက် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားခဲ့ခြင်းဖြစ်သည်။

" အာကာသထဲမှာ လိင်ဆက်ဆံခြင်း ဖြစ်နိုင်/မဖြစ်နိုင်ကို ၂၀၁၈ တွင် သုတေသန ပြုလုပ်မည်ဟုဆို( Sex in Space)"


အာကာသထဲမှာ လိင်ဆက်ဆံဖို့ ဆိုတာ ဆီနဲ့ရေ၊ မီးခြစ်နဲ့ ဓာတ်ဆီလိုပဲ အတူ မထားသင့်တဲ့ အရာတွေ၊ လုံခြုံစိတ်ချမှု မရှိ တဲ့အရာလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။

အာကာသ ထဲမှာ လိင်ဆက်ဆံဖို့ ဆိုတာ ဆီနဲ့ရေ၊ မီးခြစ်နဲ့ ဓာတ်ဆီလိုပဲ အတူ မထားသင့်တဲ့ အရာတွေလို့ ကျွမ်းကျင်သူ တွေက ဆိုပါတယ်။ SPACE.com ကလာတဲ့ သတင်းအရ NASA ကအရာရှိတွေက သူတို့ အာကာသ ယာဉ်မှုးတွေ ကြားထဲမှာ ဒီလို ဆက်ဆံတာမျိုး မဖြစ်ပေါ် ခဲ့ဖူးပါဘူး ဆိုတာကို လက်ခံခဲ့

တက္ကသိုလ်များအား မြို့ပြင်တွင်ထားခြင်းကို ပြန်စဉ်းစားစေလို

Photo: တက္ကသိုလ်များအား မြို့ပြင်တွင်ထားခြင်းကို ပြန်စဉ်းစားစေလို
Wednesday, October 23, 2013

တက္ကသိုလ်များ မြို့ပြင်ပတွင်ထား ရှိခြင်းကို ပြန်လည်စဉ်းစားစေ လို ကြောင်း မြန်မာနိုင်ငံဘက်စုံလွှမ်း ခြုံနိုင်သော ပညာရေးကဏ္ဍလေ့ လာသုံးသပ်ရေးကော်မတီ အမျိုး သား အကြံပေးပုဂ္ဂိုလ် မြန်မာ နိုင်ငံ ပညာ ရေးဖောင် ဒေးရှင်းဥက္ကဋ္ဌ ဒေါက် တာမောင်သိန်းက ပြောကြား လိုက်သည်။ မြို့ပြင်တွင်ရောက်နေသော တက္ကသိုလ်များကို မြို့တွင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ချက်ချင်း အကောင်အထည် မဖော်နိုင်သေး သော်လည်း ရေရှည် အကောင် အထည် ဖော်ရမည့် ပညာရေးစ နစ်တစ်ရပ်အမှန် တကယ်တည် ဆောက်ရန် လိုအပ်နေကြောင်း ယင်းက ပြောသည်။

''ဒါတွေက ချက်ချင်းတော့ လုပ်ယူလို့မရဘူး။ တဖြည်းဖြည်း နဲ့လုပ်မှရမှာပါ။ လောလောဆယ် လုပ်ယူဖို့ခက်ခဲပါလိမ့်မယ်။ ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်နဲ့ အရှေ့ ပိုင်းတက္ကသိုလ်လိုဟာမျိုးတွေ ကျတော့ မြို့နဲ့အလှမ်းဝေးသွား ပြီ။ ဒဂုံ တက္ကသိုလ် လိုမျိုး၊ ရတနာ ပုံတက္ကသိုလ်လိုမျိုးတွေကျတော့ မြို့နဲ့ဆက်နေတော့ ထားလို့ရ တယ်။ မြို့ထဲမှာဖွင့်နိုင်ဖို့ ပထမ ဆုံးမြေနေရာ အရင်ရှာရမယ်။ လှိုင်နယ်မြေလိုနေရာမျိုး အကျယ် အဝန်းလိုတယ်။ အဝေးရောက် နေတဲ့ကျောင်း တွေက တော့ မြို့ တွင်းကို ပြန်ရောက်ချင်ကြတယ်။ ပြန်ရောက်ခဲ့ရင် ကျောင်းသားတွေ ပညာရေးမှာ ပိုစိတ်ဝင်စားလာ လိမ့်မယ်။ ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမယ် လို့ ထင်တယ်။ မြို့တွင်းမှာ ပြန်ဖွင့် ဖို့လုပ်ရ မယ်ဆို ရင် အနည်းဆုံးငါး နှစ်လောက်တော့ အချိန်ယူရလိမ့် မယ်''ဟု ယင်းက ရန်ကုန်တိုင်းမ် သတင်းစာသို့ ပြောသည်။

ယင်းကဲ့သို့တက္ကသိုလ်များ မြို့ပြင်ပ၌ထားခြင်းကို ပြန်လည်စဉ်း စားပေးစေလိုကြောင်း အောက် တိုဘာ၂၁ရက်က စိန်ရတုခန်းမ ၌ကျင်းပသော ပညာရေးမြှင့် တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ ညှိနှိုင်းအစည်းအဝေး တွင်လည်း ထည့် သွင်း ပြောကြား သွားခဲ့ကြောင်း သိရသည်။

''မြို့လယ်ကောင်မှာ မဆံ့ တော့လို့ မြို့ပြင်တွေမှာဖွင့်ထား တာလို့ မြင်တယ်။ အရေးကြီး တာကတော့ ကျောင်းသားတွေ သွားရေး၊ လာရေး အဆင်ပြေ အောင် လုပ်ပေးရတော့မှာ။ အ နည်းဆုံးကျောင်းကို နာရီဝက် လောက်နဲ့ ရောက်အောင် လုပ်ပေးရမယ်။ နောက်တက္က သိုလ်တွေဖွင့် ရင် ဘာထပ်ဖြည့်ရမလဲဆိုတော့ သူတို့နေဖို့အဆောင်တွေ ဖြည့် ဆည်းပေးရမယ်။ ဒါဆိုရင် သွား ရေးလာရေး ပြဿနာမရှိတော့ ဘူးလို့မြင်ပါတယ်''ဟု မိတ္ထီလာ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာ မောင်တင့် က ပြောသည်။ ယင်းတို့နှင့်ပတ်သက်၍ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ်ဦးဇော်ဌေးက ယင်း ကိစ္စများမှာ ချက်ချင်းအကောင် အထည်ဖော်၍မရကြောင်း၊ အ မှန်တကယ် လက်တွေ့ကျကျလုပ် ကိုင်နိုင်မည့် အရာများ ကို ဆက် လက်စဉ်းစားပြီး လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ပြောသည်။

ဒဂုံတက္ကသိုလ်မုခ်ဝအား တွေ့ရစဉ်။ ဓာတ်ပုံ - အေအက်ဖ်ပီ
အောင်သက်ကို

The Yangon Times
တက္ကသိုလ်များ မြို့ပြင်ပတွင်ထား ရှိခြင်းကို ပြန်လည်စဉ်းစားစေ လို ကြောင်း မြန်မာနိုင်ငံဘက် စုံလွှမ်း ခြုံနိုင်သော ပညာရေးကဏ္ဍလေ့ လာသုံးသပ်ရေးကော်မတီ အမျိုး သား အကြံပေးပုဂ္ဂိုလ် မြန်မာ နိုင်ငံ ပညာ ရေးဖောင် ဒေးရှင်းဥက္ကဋ္ဌ ဒေါက် တာမောင်သိန်းက ပြောကြား လိုက်သည်။ မြို့ပြင်တွင်ရောက်နေသော တက္ကသိုလ်များကို မြို့တွင်းတွင် ပြန်လည်ဖွင့်လှစ်နိုင်ရန် ချက်ချင်း အကောင်အထည် မဖော်နိုင်သေး သော်လည်း ရေရှည် အကောင် အထည် ဖော်ရမည့် ပညာရေးစ နစ်တစ်ရပ်အမှန် တကယ်တည် ဆောက်ရန် လိုအပ်နေကြောင်း ယင်းက ပြောသည်။

တောင်ငူတွင် စိတ်ကြွဆေးပြားများဖမ်းဆီးရမိ


တောင်ငူမြို့ ၁၇ ရပ်ကွက် ၊ ကုန်သည်ကြီးလမ်းရှိ အပ္ပဒူးစလာမ်းအအေးနှင့် လက်ဖက်ရည် ဆိုင်တွင် အောက်တိုဘာ ၂၁ ရက် နေ့လည် ၁ နာရီ ၃၀အချိန်တွင် မူးယစ်ဆေးဝါးများရောင်းချရန်ရောက် ရှိနေသည့် ကျော်မိုးသည် ထံမှ စိတ်ကြွဆေးပြား ၂၀ ဖမ်းဆီးရမိကြောင်း တောင်ငူရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရသိရသည်။

နေရာအချို့တွင်GSM/WCDMA မိုဘိုင်းတယ်လီဖုန်းယာယီပြတ်တောက် မည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးချက်ထုတ်ပြန်




Photo: နေရာအချို့တွင်GSM/WCDMA မိုဘိုင်းတယ်လီဖုန်းယာယီပြတ်တောက် မည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အသိပေးချက်ထုတ်ပြန်
Wednesday, October 23, 2013

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိဘပြည်သူများ အဆင်ပြေချောမွေ့စေရန် အတွက် မိုဘိုင်းတယ်လီဖုန်းစနစ်များ အဆင့်ဆင့်တိုးချဲ့မြှင့်တင်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းလိုအပ်ချက်အရ နေပြည်တော် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ပင်မလိုင်း များ ပြောင်းလဲချိတ်ဆက်ရန် စီမံလျက်ရှိသည်။

ထိုသို့ပြုလုပ်ခြင်းကြောင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် အနီးတစ်ဝိုက်တွင် ၂၃-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင်လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယား ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် အနီးတစ်ဝိုက်တို့တွင် ၂၆-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်းကောင်း၊ နေပြည်တော် (တောင်ပိုင်း)တွင် ၂၈-၁၀-၂၀၁၃ ရက်နှင့် ၃၀-၁၀-၂၀၁၃ ရက် နံနက် ၂ နာရီတွင် လည်းကောင်း စုစုပေါင်း ၁၀ မိနစ်ခန့်စီ GSM/WCDMA မိုဘိုင်းတယ်လီဖုန်းများ ဆက်သွယ်မှု ယာယီပြတ်တောက်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် မိဘပြည်သူများအား အသိပေးတင်ပြအပ်ပါကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှအသိပေးချက်ထုတ်ပြန်သည်။

Popular Myanmar News Journal
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိဘပြည်သူများ အဆင်ပြေချောမွေ့စေရန် အတွက် မိုဘိုင်းတယ်လီဖုန်းစနစ်များ အဆင့်ဆင့်တိုးချဲ့မြှင့် တင်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းလိုအပ်ချက်အရ နေပြည်တော် (တောင်ပိုင်း)၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် ပင်မလိုင်း များ ပြောင်းလဲချိတ်ဆက်ရန် စီမံလျက်ရှိသည်။

ဂျပန်လူငယ်တွေ လိင်ဆက်ဆံမှုမရှိကြတော့တာ ဘာကြောင့်လဲ




Photo: ဂျပန်လူငယ်တွေ လိင်ဆက်ဆံမှုမရှိကြတော့တာ ဘာကြောင့်လဲ
Wednesday, October 23, 2013

အသက် ၄၀ အောက် ဂျပန် အမျိုးသမီး၊ အမျိုးသားတို့ လိင်စိတ် ကုန်ခမ်းနေပြီ သို့မဟုတ် စိတ်မ၀င်စားကြတော့ဘူး တဲ့။

ဒါကတော့ ဂါးဒီးယန်း အွန်လိုင်းမှာ ရေးထားတဲ့ ဆောင်းပါး ကောက်နုတ်ချက်ပါ။

ဂျပန်လူငယ်တွေ လိင်ဆက်ဆံခြင်း မရှိတော့တာ ဘာကြောင့်များလဲ Why have young people in Japan stopped having sex? လို့ ဆောင်းပါးကို ခေါင်းစည်းပေးထားပါတယ်။

ဆောင်းပါးရဲ့ အဆိုအရ ... အသည်းကွဲလို့မဟုတ်ပေမယ့် အချစ်ကို နောက်ဆုံး ဦးစားပေးအဆင့်မှာတောင် မထားတော့တဲ့သဘော ဖြစ်လာကြသူတွေ ရှိနေပါပြီ။
Ai Aoyama ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ ချစ်မှုရေးရာ ပြဿနာတွေကို ကုထုံးရှာပေးသူက သူ့ဆီ ရောက်လာတဲ့ ကိုကိုမောင်မောင်တွေရော မမမီးမီးတွေပါ အချစ်ရဲ့ အရေးပါပုံကို မသိကြတော့ဘူး၊
ထိတွေ့ရင်းနှီးမှုဆိုတာဟာလည်း ခဲရာခဲဆစ်ဖြစ်လာကြတယ် တဲ့။

ဆောင်းပါးမှာ ဒီပညာရှင်ရဲ့ ပြောစကား အတော်များများကို ကိုးကားထားတာပါ။
ဒါ့အပြင် စစ်တမ်းတချို့ကိုလည်း ကိုးကားပါတယ်။

ဂငယ်တွေ ဒီလိုဖြစ်နေပြီလား။
အာဒမ်နဲ့ ဧဝတို့ လက်ထက်ကတည်းက ဆောင်ရွက်ခဲ့ကြတဲ့ အရေးကြီးတဲ့အစဉ်အလာကို သူတို့ တကယ်ပဲ ရပ်တန့်လိုက်ပြီလား။
ဆောင်းပါးမှာ ရေးထားသလို (ရာခိုင်နှုန်း နည်းပေမယ့်) လူငယ်တချို့က သဘာဝကို ကလန်ကဆန် လုပ်နေပြီလား။

မီဒီယာမှာ ဖတ်ရ တွေ့ရသမျှကိုလည်း အရမ်းကာရော ယုံလို့ မဖြစ်ဘူး။
ဒီဆောင်းပါးက စစ်တမ်းတချို့ကို ကိုးကားထားတယ် ဆိုပေမယ့် စစ်တမ်းတွေကလည်း ပေါက်ကရအဖြေတွေ ထွက်တတ်တာကိုလည်း သတိချပ်ရပါမယ်။
ဂျပန်မှာလည်း ရွှေတွေ အများကြီးရှိတာပဲ။
ကြုံကြိုက်တဲ့အခါ ဒီအကြောင်း လှမ်းမေးကြည့်သင့်ပါတယ်။

ဂျပန်ကလာတဲ့သတင်းတွေထဲမှာ တချို့က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥပမာ ဂျပန်ပြည်က ကိုရီးယားများ http://blog.irrawaddy.org/2013/08/blog-post_29.html ဖြစ်ပါတယ် - ဆောင်းပါးအကြောင်း ဆက်ရရင် - ဂျပန်မှာ အိမ်ထောင်သားမွေးကိစ္စကို ရှောင်ရှားလိုတာဟာ စားဝတ်နေရေးအတွက် စရိတ် ကြီး၊ ကလေးပြုစုပျိုးထောင်ရတာလည်း စရိတ်ကြီးတာနဲ့ တခြားအချက် အများအပြားရှိကြောင်း ဆောင်းပါးမှာ ရေးထားပါတယ်။

ဂျပန် ဆိုရိုးစကားတခုကလည်း "အိမ်ထောင်ပြုခြင်းဟာ အမျိုးသမီးတယောက်ရဲ့ ဂူသင်္ချိုင်းဖြစ်တယ်" လို့ ဆိုထားပါတယ်။
အမျိုးသမီးဝန်ထမ်းတယောက် အိမ်ထောင်ပြုလိုက်ရင် ရာထူးမတိုးတော့ဘူး၊ မကြာခင် ဗိုက်ကြီးတော့မယ်လို့ အလုပ်ရှင်တွေက ယူဆတယ်၊ ကလေးရပြီ
ဆိုရင် ကလေးနဲ့အလုပ်ကြား စီမံခန့်ခွဲရေးလုပ်ဆောင်ရတာ မလွယ်တော့ဘူး။ ဒါနဲ့ပဲ အိမ်ထောင်ရှင်မဘ၀ ပြန်ရောက်၊ မီးဖိုဆောင်ကို ပြန်စိုးမိုးတဲ့ဘဝ
ပြန်ရောက်တယ်၊ ကိုယ်ပိုင် ၀င်ငွေလည်း မရှိတော့ဘူး။
ဂျပန်အမျိုးသမီးတွေထဲက ၇၀ ရာခိုင်နှုန်းဟာ ပထမကလေး ရပြီးတိုင်း အလုပ်ထွက်ကြတယ် တဲ့။

ဒါဆိုရင် အလုပ်ခေါ်စာတွေဟာ သူတို့ဆီမှာလည်း မြန်မာပြည်နဲ့ တူမယ် ထင်ပါတယ်၊ ၀န်ထမ်းအလိုရှိသည်၊ အမျိုးသမီး ဖြစ်ရမည်၊ အိမ်ထောင်မရှိသူ ဖြစ်ရမည် စသဖြင့်။

အစိုးရထုတ်ပြန်ချက်စာရင်းတွေအရ ဆိုရင် ဒီနှစ်ဟာ ခါတိုင်းနှစ်တွေထက် ကလေးမွေးနှုန်း ကျဆင်းနေတယ် တဲ့။
အိမ်ထောင်ပြုနှုန်း နည်းလာ၊ ပြုပြန်ရင်လည်း သားဆက် လုံးဝ ဖြတ်တောက်ထားတဲ့သဘောပေါ့။
အစိုးရ လူဦးရေ ဌာနရဲ့ အဆိုအရ ကနေ့ခေတ် အသက် ၂၀ ကျော် ဂျပန်အမျိုးသမီးတွေထဲက လေးပုံတပုံဟာ ဘယ်တော့မှ အိမ်ထောင်မပြုတော့ဘူး လို့
သဘောထားပေးကြတယ်၊ အိမ်ထောင်ပြုမယ် ဆိုရင်တောင် ကလေးမယူဘူးကွ ဆိုတဲ့ ရာခိုင်နှုန်းက ၄၀ ရာခိုင်နှုန်းနီးနီး ရှိပါသတဲ့။

အဲ ... ဒီဆောင်းပါးရဲ့ ဆိုလိုရင်းက အိမ်ထောင်သားမွေးခြင်း မဟုတ်ပါဘူး၊ လိင်စိတ် ကင်းမဲ့လာခြင်းပါ။

အသက် ၄၀ အောက် ဂျပန် အမျိုးသမီး၊ အမျိုးသားတို့ လိင်စိတ် ကုန်ခမ်းနေပြီ သို့မဟုတ် စိတ်မ၀င်စားကြတော့ဘူး ဆိုတော့ ၄၀ အထက် ဂျပန်တွေကရော ဘယ်လိုလဲ။
ဒီအကြောင်းတော့ ထည့်ရေးမထားပါဘူး။ ဒီဆောင်းပါးက ၄၀ အောက် များအကြောင်းကိုပဲ သီးသန့် စုံစမ်းထောက်လှမ်း ရေးသားခဲ့ဟန်တူပါရဲ့။

လိင်စိတ် သားစိတ် အိမ်ထောင်ပြုလိုစိတ် မရှိတဲ့၊ ရည်းစားတောင် မထားချင်တဲ့ အရေအတွက်ဟာ ခေတ်လူငယ်တွေကြားထဲ အတွေ့ရများလာပါပြီ တဲ့။

Emi Kuwahata ဆိုတဲ့ ၂၃ နှစ်အရွယ် ကလေးမက သူ့ထက် ၁၃ နှစ် အသက်ကြီးတဲ့သူတယောက်နဲ့ အဆက်အဆံ ရှိပါတယ်၊ သို့သော်လည်း တပတ်တကြိမ် ကလပ်သွားဖို့ပါ ဆိုပဲ။

ပုံမှန် ရည်းစားတယောက်လောက်ထားဖို့ အချိန်မပေးနိုင်ဘူး လို့ ဖက်ရှင်ဒီဇိုင်နာဖြစ်လိုတဲ့ အဲဒီ သူငယ်မက ဆိုတယ်။
သူ့သူငယ်ချင်း Eri Asada ဆိုတဲ့ ၂၂ နှစ်အရွက် ကလေးမကလည်း စုံတွဲခုတ်တဲ့ကိစ္စ စွန့်လွှတ်ခဲ့တာ သုံးနှစ်သုံးမိုး ရှိပါပြီ တဲ့။
ဘဲအဟောင်းတွေရော လိင်မှုရေးရာတွေကိုပါ တမ်းတမနေပါဘူး၊ ခုဆိုရင် လက်ကလေးကိုဆုတ်ကိုင်ချင်တယ် ဆိုတာမျိုးတောင် မကြိုက်ချင်တော့ဘူး ဆိုပဲ။

အာသဝေါကင်းသလိုလို ဖြစ်လာကြတာဟာ စမတ်ဖုန်းလိုပစ္စည်းမျိုးတွေကို ရူးသွပ်မှုကြောင့်များလား။
ဒါလည်း တစိတ်တပိုင်း သက်ဆိုင်သလို ဆောင်းပါးနောက်ဆုံးပိုင်းမှာ ရေးထားတာ တွေ့ရမှာပါ။

အင်တာနက်သုံးပြီး လူမှုကွန်ရက်ထဲက မိတ်ဆွေများနဲ့ ထွေရာလေးပါးပြောတာကို ပိုမို အချိန်ပေးလာ၊ နှစ်သက်လာနေကြပါတယ်။
စမတ်ဖုန်းရဲ့ ထိတွေ့မျက်နှာပြင်ကိုလည်း ပွတ်သပ်၊ ကိုယ့်ချစ်သူကိုလည်း ပွတ်သပ်သင့်တယ် မဟုတ်ဘူးလား။

တကယ်ပဲ ၄၀ အောက်တွေထဲက တချို့ဟာ ဧကစာရီကျင့်ကြပြီလား ဆိုတာကို
ဂျပန်ရောက် ရွှေတွေကို လှမ်းမေးကြည့်ဖို့ လိုမယ်လို့ ထင်ပါတယ်။

ဧရာဝတီblog
အသက် ၄၀ အောက် ဂျပန် အမျိုးသမီး၊ အမျိုးသားတို့ လိင်စိတ် ကုန်ခမ်းနေပြီ သို့မဟုတ် စိတ်မ၀င်စား ကြတော့ဘူး တဲ့။

ဒါကတော့ ဂါးဒီးယန်း အွန်လိုင်းမှာ ရေးထားတဲ့ ဆောင်းပါး ကောက်နုတ်ချက်ပါ။

ကားဖိုးငွေ သိန်းတစ်ထောင့်ကိုးရာကျော် မပေးဟုစွပ်စွဲကာ အမှုဖွင့် တိုင်တန်း

ကားဖိုးငွေ သိန်းတစ်ထောင့်ကိုးရာကျော်အား ပေးသွင်းခြင်းမရှိသဖြင့် အရေးယူပေးရန် တိုင်တန်းမှုတစ်ခုကို လသာရဲစခန်းက အောက်တိုဘာ ၂၁ ရက်တွင် အမှုဖွင့်လုပ်ဆောင်လျှက်ရှိသည်။

အဆိုပါ အမှုကို ပန်းဘဲတန်းမြို့နယ် (၃)ရပ်ကွက်၊ ကုန်ဈေးတန်းလမ်းနေ ဦးထွန်းထွန်းနိုင်က အမှုဖွင့် တိုင်တန်းခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ဆိုသည်။

လူငယ်များအား အလုပ်ဖန်တီးပေးနိုင်ရန် စစ်တမ်းတစ်ခုကို ဒီဇင်ဘာလတွင် ကောက်ယူမည်

လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးရေးတွင် ကူညီနိုင်ရန် စစ်တမ်းတစ်ခုအား၂၀၁၃ ခုနှစ် ဒီဇင်ဘာလ၌ စတင်ကောက်ယူရန် စီစဉ်နေသည်ဟု မြန်မာနိုင်ငံ လူငယ်များအစည်းအရုံးဥက္ကဋ္ဌ ဇွဲ ရန်နိုင်က ပြောသည်။

Famoso စက်ရုံမှ အလုပ်သမားများ အလုပ်ပြန်ဆင်းသော်လည်း အချိန်ပိုဆင်းမည်မဟုတ်ဟုဆို

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံ စက်မှုဇုန်ဝင်းအတွင်းရှိ Famoso အထည်ချုပ်စက်ရုံမှ အလုပ် ထုတ်ခံရသူ အလုပ်သမားသမဂ္ဂအဖွဲ့ သုံးဦး အလုပ်ပြန်လည်မရမချင်း အလုပ်သမား ၇၀၀ နီးပါး အချိန်ပို ဆင်းမည်မဟုတ်ဟု ယင်းစက်ရုံမှ အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမျိုးမင်းဦးက မဇ္ဈိမကို အောက်တိုဘာ ၂၂ တွင် ပြောသည်။

KIA မှ ဗုဒ္ဓဆင်းတုတော်များနှင့် ဘုရားသမိုင်းကျောက်စာများအား ဖျက်ဆီးခဲ့မှုအပေါ် ဒေသခံ ရှမ်းတိုင်းရင်းသား များက မကျေမနပ်ဖြစ်နေ

Photo: KIA မှ ဗုဒ္ဓဆင်းတုတော်များနှင့် ဘုရားသမိုင်းကျောက်စာများအား ဖျက်ဆီးခဲ့မှုအပေါ် ဒေသခံ ရှမ်းတိုင်းရင်းသား များက မကျေမနပ်ဖြစ်နေ

23-10-2013

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့နယ် ခွဲ၏ တောင် ဘက် တောင်ပေါ် ဘုန်းကြီးကျောင်းဝန်းအတွင်း၌ တည်ထား ကိုးကွယ် ထားသော သကျမုနိဆုတောင်းပြည့်ဘုရားရှိ ဗုဒ္ဓ ဆင်းတုတော်များ၊ ရှင်သီဝလိရုပ်ပွားတော်၊ ဘုရားသမိုင်း ကျောက်စာ များနှင့် ကျောင်း ထိုင်ဆရာတော် ဘဒ္ဒန္တ၀ါရိန္ဒ၏ အသုံး အဆောင်ပစ္စည်များအား စက်တင်ဘာ လကုန်ပိုင်းတွင် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့ဝင်များမှ လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း ယင်းဒေသခံ ရှမ်းတိုင်းရင်းသား များထံမှ သိရသည်။

“ သကျမုနိဆုတောင်းပြည်ဘုရား နေ့နံထောင့်တွေက ဗုဒ္ဓဆင်းတုတော် ၈ ဆူ ၊ စေတီတော်မှာရှိတဲ့ ဗုဒ္ဓဆင်းတုတော် ၅ ဆူ စုစုပေါင်း (၁၃) ဆူပေါ့၊ ပြီးတော့ ရှင်သီဝလိ ရုပ်ပွားတော်တစ်ဆူနဲ့ ဘုရားသမိုင်းကျောက် စာတွေ လည်း ပါသွားတယ်၊ ဒီ ၂၀၁၃ ခုနှစ် စက်တင်ဘာလကုန် ပိုင်းလောက်မှာ KIA တပ်ဖွဲ့ဝင်တွေလာပြီး ဖျက်ဆီးသွားတာပါ၊ ဒီမှာနေတဲ့ ဒေသခံရှမ်း လူမျိုးအားလုံးက မကျေမနပ် ဖြစ်နေကြတာပဲ ” ဟု မြို့ခံရှမ်း တိုင်းရင်းသားတစ်ဦးက ပြောပြသည်။

၂၀၁၁ ခုနှစ် ဇွန်လပိုင်းတွင် KIA အဖွဲ့မှ ဆရာတော်များ၊ ဒေသခံ လူထုများ တောင်ပေါ် ဘုန်းကြီးကျောင်းနှင့် အနီးဝန်းကျင် သို့မလာနိုင်ရန် မိုင်းများထောင်ထားသောကြောင့် ၎င်းနေရာသို့ ဖြတ်သန်းသွားလာခြင်း မပြုရဲတော့ကြောင်း ၊ ကျောင်းထိုင် ဆရာတော်မှာလည်း တစ်ဖက် တရုတ်နိုင်ငံ ကျင်းဖုန်းမြို့ရှိ ဘုန်းတော်ကြီး ကျောင်း သို့ ပြောင်းရွှေ့ သတင်းသုံးနေထိုင်ခဲ့ရ ကြောင်း သိရှိရသည်။

“ ဘုန်းကြီးကျောင်းကို ဘယ်သူမှ မလာရဲအောင် KIA က မိုင်းတွေထောင်ပြီး ခြောက်လှန့်တယ်၊ ဆရာတော်လည်း မနေရဲ တော့တဲ့အတွက် အခွင့်ကောင်းယူပြီး KIA အဖွဲ့က အခုလို ဗုဒ္ဓဆင်းတုတော်တွေကို ဖျက်ဆီးပစ်တာပါ၊ ကျွန်တော်တို့ ဒေသခံ ရှမ်းတွေကိုးကွယ်ယုံကြည်တဲ့ ဘုရားဆင်းတုတော်တွေ ဖျက်ဆီး ခံရတာကိုတော့ လုံးဝမကျေနပ်ပါဘူး၊ သူတို့ မကိုးကွယ်လည်း ဘာသာရေးအဆောက်အဦးတွေနဲ့ ဘုရားကျောင်းကန်တွေကိုတော့ မဖျက်ဆီးသင့်ဘူးလေ ” ဟု၎င်းမြို့ခံ က ဆက်လက်ပြောပြသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လွယ်ဂျယ်မြို့နယ်ခွဲရှိ ဒေသခံ ၀န်ထမ်းတစ်ဦးအား မေးမြန်းကြည့်ရာ “KIA ရဲ့အခုလို လုပ်ရပ်ဟာ အစွန်းရောက်သွားပါပြီ၊ အာဖဂန် နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ဘာသာရေး အဆောက်အဦးတွေကို မွတ်ဆလင်အစွန်းရောက်တွေက ဗုံးခွဲတိုက်ခိုက်တာ ကြားဖူးပါတယ်၊ KIA လည်း မွတ်ဆလင် အစွန်းရောက်တွေရဲ့ လမ်းစဉ် ကို လိုက်ပြီး ကိုယ်မကိုးကွယ်လည်း အခြားတိုင်းရင်းသားတွေကိုးကွယ်တဲ့ ဘုရားဆင်းတုတော်တွေကို ဖျက်ဆီးရဲတာပေါ့၊ KIA ဗဟိုဌာနချုပ် လိုင်ဇာမှာ မွတ်ဆလင် အစွန်းရောက်အဖွဲ့တွေ ရောက်လာပြီး နောက်ပိုင်းမှ အခုဖြစ်စဉ်ဖြစ် သွားတာပါ၊ KIA ဟာ မွတ်ဆလင် အစွန်းရောက်တွေနဲ့ ပေါင်းပြီး၊ အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာ ရှင်းနေတာပဲလေ၊ ဒေသခံရှမ်း လူမျိုးတွေ ကတော့ ဘုရားဆင်းတုတော်တွေနဲ့ ဘုရား သမိုင်းကျောက် စာတွေ ဖျက်ဆီးခံရလို့ အတော်လေး မကျေမနပ် ဖြစ်နေကြ တယ်လို့ ကြားတယ် ” ဟု ပြောကြားသွားပါသည်။

KIA အဖွဲ့မှ ဘာသာရေးနှင့် ပတ်သက်သော ဗုဒ္ဓဆင်းတုတော်များ အပါအ၀င် အခြားအဆောင်အယောင်များအား ဖျက်ဆီး ခဲ့မှုအပေါ် ဒေသခံရှမ်းတိုင်းရင်းသားများက ကျေနပ်မှုမရှိသဖြင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်းများသို့ တင်ပြ တိုင်ကြားသွားရန် စီစဉ်နေကြကြောင်း ယင်းဒေခံ ရှမ်းတိုင်းရင်းသားအချို့၏ ပြောပြချက်အရ သိရှိရပါသည်။

စိုင်းအောင်ခမ်း


ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့နယ် ခွဲ၏ တောင် ဘက် တောင်ပေါ် ဘုန်းကြီးကျောင်း ၀န်းအတွင်း၌ တည်ထား ကိုးကွယ် ထားသော သကျမုနိဆုတောင်းပြည့်ဘုရားရှိ ဗုဒ္ဓ ဆင်းတုတော်များ၊ ရှင်သီဝလိရုပ်ပွားတော်၊ ဘုရားသမိုင်း ကျောက်စာ များနှင့် ကျောင်း ထိုင်ဆရာတော် ဘဒ္ဒန္တ၀ါရိန္ဒ၏ အသုံး အဆောင်ပစ္စည်များအား စက်တင်ဘာ လကုန်ပိုင်းတွင် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) အဖွဲ့ဝင်များမှ လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း ယင်းဒေသခံ ရှမ်းတိုင်းရင်းသား များထံမှ သိရသည်။

ရှမ်းမြောက်ပိုင်းတွင် ဖွဲ့စည်းပုံပြင်ရန် ခရိုင်သုံးခု သဘောတူ

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးနှင့် ပတ်သက်သည့် သဘောထားအမြင်များကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တိုင်းနှင့်ပြည်နယ်များတွင် လိုက်လံကောက်ယူရာ ရှမ်းမြောက်ပိုင်းခရိုင် သုံးခုတွင် ပြင်ဆင်ရန်အတွက် သဘောတူကြောင်း သဘောထားအမြင်များကို ရှမ်းပြည်နယ်တွင် လိုက် လံကောက်ခံသူ NLD ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးထွန်းထွန်းဟိန် က အောက်တိုဘာ ၂၂တွင် ပြောသည်။

အာဏာအလွဲသုံးကာ လာဘ်စားသည်ဟု စွပ်စွဲခံရသူ ရခိုင်ပြည်နယ် တရားသူကြီး ရာထူးမှနုတ်ထွက်

“လာဘ်ယူ၍ အာဏာအလွဲသုံးသည်”ဟု ပြည်နယ်လွှတ်တော်အမတ် ၁၄ ဦးက စွပ်စွဲထားသည့် ရခိုင် ပြည်နယ် တရားလွှတ်တော် တရားသူကြီးဒေါ်စီစီကို ၎င်း၏သဘောဆန္ဒအရ ရာထူးမှ နုတ်ထွက်ခွင့်ပြု လိုက်သည်ဟု အောက်တိုဘာ ၂၂ ရက်က သမ္မတရုံး အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

မြန်မာ့ငွေဈေး (23.10.2013 10:00AM)

ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 968(~) Ks 976(~)
1 စင်္ကာပူ SGD = Ks 776(~) Ks 786(~)
1 ဥရောပငွေ EUR = Ks 1320(~) Ks 1337(~)

မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ ကုလထုတ်ပြန်

Photo: မြန်မာ့လူ့အခွင့်အရေး အစီရင်ခံစာ ကုလထုတ်ပြန်
Wednesday, October 23, 2013

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်
ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေက လူ့အခွင့်အရေး အခြေအနေတွေ သိသိသာသာ တိုးတက်မယ့် အလားအလာကို ဖန်တီးပေးခဲ့တယ်လို့ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့
နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့တာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှုအပေါ် ပိုပြီးလေးစားမှု ရှိလာတာ၊ တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲမှု ရရှိအောင် လုပ်နေတဲ့အပိုင်းမှာ တိုးတက်မှုတွေ ရှိနေတာတွေကို အစီရင်ခံစာထဲမှာ ထည့်သွင်းထားပါတယ်။

တချိန်တည်းမှာပဲ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေကို ထိခိုက်စေမဲ့ ပြဿနာတွေကိုလည်း မဖြစ်မနေ ဖြေရှင်းဖို့ လိုတယ်ဆိုတာကို Mr. Quintana က အစီရင်ခံစာမှာ မီးမောင်းထိုးပြထားပါတယ်။

ဒီချို့ယွင်းအားနည်းချက်တွေကို နိုင်ငံတကာ လူ့အခွင့်အရေး စံချိန် စံနှုန်းတွေနဲ့အညီ အခုအချိန်မှာ မကိုင်တွယ် မဖြေရှင်းဘူးဆိုရင် လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပိုင်းကို ထိခိုက်စေနိုင်တဲ့အပြင်
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကိုပါ တဖြည်းဖြည်း အနှောင့်အယှက် ဖြစ်စေလိမ့်မယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြတဲ့ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

မြန်မာအစိုးရထဲမှာ လွှမ်းမိုးနေတဲ့ စစ်အတွေး၊ စစ်အမြင်ကနေ လူ့အခွင့်အရေးကို လေးစားတဲ့ ဒီမိုကရေစီ အတွေးအခေါ်အဖြစ်
ပြောင်းလဲနိုင်ဖို့ဟာ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်ကတည်းက ရှိနေတဲ့ စိန်ခေါ်မှု ဖြစ်တယ်လို့ Mr. Quintana အထွေထွေညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာအပေါ်မှာ အခြေခံပြီး အောက်တိုဘာ ၂၄ ရက်နေ့ ကြာသပတေးနေ့ကျရင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ
ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

VOA
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်သွင်းလိုက်ပါတယ်။

လယ်သိမ်းခံတောင်သူတွေ တောင်ဒဂုံမြေစာရင်းရုံးမှာ သွားရောက် ကန့်ကွက်

Photo: လယ်သိမ်းခံတောင်သူတွေ တောင်ဒဂုံမြေစာရင်းရုံးမှာ သွားရောက်
ကန့်ကွက်
Wednesday, October 23, 2013

ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွေက ရာနဲ့ချီတဲ့လယ်သမားတွေဟာ သူတို့လယ်တွေကိုသိမ်းတဲ့ ကုမ္ပဏီတွေ
ဘက်က လယ်ယာမြေလုပ်ပိုင်ခွင့်မှတ်ပုံတင် လျှောက်ထားခဲ့တာကြောင့် ဒီနေ့မှာ ဒဂုံမြို့သစ်တောင်ပိုင်း မြေစာရင်းဦးစီးဌာနရုံးမှာ သွားရောက်
ကန့်ကွက်ခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ကုမ္ပဏီကြီး ၁၆ ခုလောက်က အဲဒီမြို့နယ်တွေမှာ လယ်ဧကသောင်းဂဏန်းလောက်ကို လယ်သမားတွေနဲ့ အကျိုးတူလုပ်မယ်ဆိုပြီး သိမ်းယူခဲ့တာလို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အစိုးရက ကုမ္ပဏီတွေမှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း ခွင့်ပြုခဲ့တာကြောင့် ရာနဲ့ချီတဲ့လယ်သမားတွေက ကန့်ကွက်ခဲ့ကြတာပါ။

အစိုးရက တစ်လအတွင်းကန့်ကွက်နိုင်တယ်လို့ ပြောထားတဲ့အတွက် လာရောက်ကန့်ကွက်တာဖြစ်တယ်လို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် သရက်ပင်ချောင်ကျေးရွာက ဦးမောင်ညိုက RFA ကို ပြောပါတယ်။

"လယ်ယာမြေကို ကုမ္ပဏီကနေပြီးတော့သီးစားတင်ပိုင်ခွင့်ပြုတယ်လို့
မြေစာရင်းကနေပြီးတော့ ၁၇ ရက်နေ့က သိရှိရတယ်၊ သူတို့ကျတော့
တင်ပိုင်ခွင့်ရှိတယ်၊ တောင်သူလယ်သမားကျတော့ တင်ပိုင်ခွင့်မပြုတဲ့
အတွက် ကျနော်တို့က ပြန်လည်ပြီးတော့ ကန့်ကွက်ရခြင်းဖြစ်တယ်"

လယ်ယာမြေတွေကို သိမ်းယူခဲ့တဲ့ကုမ္ပဏီတွေထဲမှာ ဧဒင် ၊ မက်စ်မြန်မာ၊ ရွှေတောင်၊ ယုဇနစတဲ့ ကုမ္ပဏီတွေပါတယ်လို့ သိရပါတယ်။ အဲဒီကုမ္ပဏီတွေထဲက မက်စ်မြန်မာကုမ္ပဏီကတော့ လယ်တစ်ဧကကို ၂၈ သိန်းနှုန်းနဲ့ လျော်ကြေးပေးထားတယ်လို့ လယ်သမားတွေက ပြောပါတယ်။ ဒီကနေ့တင်ပြတဲ့ လယ်သမားတွေရဲ့ ကန့်ကွက်ကြောင်း အကြောင်းကြားစာတွေကိုတော့ မြို့နယ်မြေစာရင်း ဦးစီဌာနက လက်ခံခဲ့တယ်လို့ သိရပါတယ်။

RFA
ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တောင်ပိုင်းနဲ့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွေက ရာနဲ့ချီတဲ့လယ်သမားတွေဟာ သူတို့လယ်တွေကိုသိမ်းတဲ့ ကုမ္ပဏီတွေ ဘက်က လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင် လျှောက်ထား ခဲ့တာကြောင့် ဒီနေ့မှာ ဒဂုံမြို့သစ်တောင်ပိုင်း မြေစာရင်းဦးစီးဌာနရုံးမှာ သွားရောက်ကန့်ကွက်ခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်မှုကြောင့် ဒုရဲအုပ်လောင်းများနှင့် ရဲအုပ်အဆင့် ရာထူးတိုး စာမေးပွဲများကို ပြုလုပ်ရန် စီစဉ်


မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံသစ်အရ ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်နေမှုကြောင့် ဒုရဲအုပ်လောင်း များနှင့် ရဲအုပ်အဆင့် ရာထူးတိုး စာမေးပွဲများကို ပြုလုပ်ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကိုကိုအောင်က အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်း တွင် ပြော ကြားခဲ့သည်။

မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားခရီးသွားများ ကန့်သတ်ဒေသများသို့ သွားရောက်လိုက ခွင့်ပြုချက် ရရှိရေးနှင့် လုံခြုံရေး ဆောင်ရွက်ပေးမည်

မြန်မာနိုင်ငံ အတွင်းသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြား ခရီးသွားများ အနေဖြင့် ကန့်သတ်ဒေသများသို့ သွားရောက်လိုပါက ခွင့်ပြုချက် ရရှိရေး ဆောင်ရွက်ပေးပြီး လုံခြုံရေး ဆောင်ရွက်ပေးမည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြားသည်။

ဒီမိုကရေစီ အစိုးရ မှန်ပါက ပြည်သူ့ဆန္ဒအား ကောင်းသောတုံ့ပြန်မှုဖြင့်သာ တုံ့ပြန်မည်ဟု ယုံကြည်ကြောင်း NLD ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် ပြောကြား

ဒီမိုကရေစီ အစိုးရ မှန်ပါက ပြည်သူလူထု၏ ဆန္ဒအား ကောင်းသောတုံ့ပြန်မှုဖြင့်သာ တုံ့ပြန်မည်ဟု ယုံကြည်ကြောင်း NLD ပါတီ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီဝင် ဦးကိုနီက ပြော ကြား သည်။

တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်ကတ် ITC ကတ်ကို တိုင်းကျော်ပြည်ကျော် ကုန်သွယ်မှုပြုရန် လျှောက်ထားသူများအား ခွင့်ပြုမည် မဟုတ်

တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်ကတ် (ITC) များကို နယ်စပ်နေ ပြည်သူများအတွက်သာ ရည်ရွယ်ထားပြီး လက်ရှိတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ လုပ်ငန်းရှင်များက ITC ကတ်ဖြင့် ကုန်သွယ်ရန် လျှောက်ထားမှုများ ရှိနေပြီး ထိုသို့ကျော်လွန်၍ ကုန်သွယ်မှုပြုလုပ်ရန် လျှောက်ထားသူများကို ခွင့်ပြုပေးမည် မဟုတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

တပ်မတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီရင်ခံစာအား လွှတ်တော်သို့ တင်သွင်းရန် လေ့လာဆဲဖြစ်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်း ပြောကြား

တပ်မတော်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အစီရင်ခံစာအား လွှတ်တော်သို့ တင် သွင်းနိုင် ရန် လေ့လာ ဆဲသာ ဖြစ်သည်ဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်ဝေလင်းက ပြောကြားသည်။

EU မှ ချီးမြှင့်သည့် Sakharov လူ့အခွင့်အရေးဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူ

၁၉၉၀ ပြည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို EU က ချီးမြှင့်ခဲ့သည့် Sakharov လူ့အခွင့်အရေးဆုကို အင်္ဂါနေ့တွင် လက်ခံရယူခဲ့သည်။ သို့သော်လည်း သူမအတွက် လုပ်ဆောင်စရာများသည် မပြီး ဆုံးသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နေပြည်တော်အား အထူးစီမံကိန်းကြီးအဖြစ် နိုင်ငံတော် ဘဏ္ဍာငွေများစွာ ဆက်လက်သုံးစွဲ သင့်၊ မသင့် လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစားသုံးသပ်သင့်ကြောင်း ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ပြောကြား

နေပြည်တော်အား အထူးစီမံကိန်းကြီး အနေဖြင့် နိုင်ငံတော် ဘဏ္ဍာငွေ အများကြီး ဆက်လက်သုံးစွဲ သင့်၊ မသင့်ကို လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် စဉ်းစားသုံးသပ်သင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားသည်။

ဒီမိုကရေစီ အားကောင်းလာစေရန် နိုင်ငံရေးတွင် စစ်တပ်၏ အထူးနေရာကို ရပ်ဆိုင်းဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရန်လိုကြောင်း ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

R-23-10
အောက်တိုဘာ ၂၂ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တွေ့ရသော တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်များ
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အားကောင်းလာစေရန် နိုင်ငံရေးတွင် စစ်တပ်၏ အထူးနေရာကို ရပ်ဆိုင်းရန် အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန်လိုကြောင်း အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြင်သစ်နိုင်ငံသို့ ရောက်ရှိစဉ် ပြောကြားခဲ့သည်ဟု Bloomberg သတင်းဌာနက ဖော်ပြခဲ့သည်။
"ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်တပ်သာမက ယခင်အစိုးရနဲ့ ဆက်စပ်ခဲ့ဖူး သူတွေရဲ့ အထူးအခွင့် အရေးတွေကို ဆက်လက်ထိန်းသိမ်း ပေးထားပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြင်သစ်နိုင်ငံ Strasbourg မြို့တွင် အောက်တိုဘာ ၂၂ ရက်က ဥရောပလွှတ်တော် ကော် မတီနှစ်ရပ်နှင့် တွေ့ဆုံ ချိန်၌ ပြောကြားသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခွင့်အရေး တိုက်တွန်းဆောင်ရွက်သော ဥပဒေပညာရှင်ဆုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်း ရရှိ

မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခွင့်အရေး တိုက်တွန်းဆောင်ရွက်သော ဥပဒေပညာရှင်ဆုကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်မဲ ဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် ကော်မရှင်ဖွဲ့ စစ်ဆေးခြင်း ခံနေရသော ပြည်နယ်တရားသူကြီး ဒေါ်စီစီအား သမ္မတက တာဝန်မှ အနားယူခွင့်ပြု

လာဘ်ငွေယူကာ အာဏာအလွဲသုံးစား ပြုလုပ်သည်ဟူသော စွပ်စွဲမှုများကြောင့် ရခိုင်ပြည်နယ် လွှတ်တော်မှ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ကာ စစ်ဆေးခံနေရသော ရခိုင်ပြည်နယ် တရားလွှတ်တော် တရားသူကြီး ဒေါ်စီစီအား ၎င်း၏သဘော ဆန္ဒအလျောက်ဟုဆိုကာ အောက်တိုဘာ ၂၂ ရက်က သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် တာဝန်မှ နုတ်ထွက်ခွင့်ပြုခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Football Cafe ရဲ့ အင်္ဂလန် ပရီးမီးယားလိဂ် တစ်ပတ်တာ အကောင်းဆုံး (၁၁) ဦး


Football Cafe ၏ Admins များဖြင့် တိုင်ပင်ပြီး အင်္ဂလန် ပရီးမီးယားလိဂ်၏ တစ်ပတ်တာ အကောင်းဆုံး ကစားသမား (၁၁)ဦးကို ရွေးချယ်မှု ပြုလုပ်ခဲ့ပါသည်။ အဆိုပါ ရွေးချယ်မှု အရ အသင်းလိုက်မှ  တစ်ပတ်အတွင်း စွမ်းဆောင်မှု အကောင်းဆုံး ကစားသမား (၁၁)ဦး စာရင်းကို ပွဲစဉ်တစ်ပွဲမှ အကောင်းဆုံး ကစားသမား တစ်ဦးကို ရွေးချယ် ခဲ့ပါသည်။ ရွေးချယ်ထားသော ကစားသမားများ အပေါ်မူတည်ပြီး ကစားကွက် ပုံစံ ခင်းကျင်း ထားခြင်း ဖြစ်ပါသည်။