Monday, April 14, 2014

မန္တလေးမြို့မှ လူမှုရေးအဖွဲ့များ အမုန်းမပွားရေး နှိုးဆော်

Photo: မန္တလေးမြို့မှ လူမှုရေးအဖွဲ့များ အမုန်းမပွားရေး နှိုးဆော်
Monday, April 14, 2014

“လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” စာတမ်းတွေ ရိုက်နှိပ်ထားတဲ့ တူညီတီရှပ်တွေဝတ်ဆင်ပြီး မန္တလေးမြို့က လူမှုရေးအသင်းအဖွဲ့တွေ ဒီနေ့ စုပေါင်းရေကစားခဲ့ကြပါတယ်။
မန္တလေးမြို့ ကျုံးမြောက်ဘက် ၂၄ လမ်းနဲ့ ၇၃-၇၄ လမ်းကြားမှာ ဘာသာပေါင်းစုံက ကလေးငယ်တွေစုပေါင်းပြီး ရေကစားခဲ့ကြတယ်လို့ ဦးဆောင်စီစဉ်ခဲ့တဲ့ “ပန်းစကား” အဖွဲ့က ကိုညီညီကျော် က အခုလို ပြောပါတယ်။

"ကျနော်တို့ ကလေးတွေကို ဖိတ်ခေါ်တယ်၊ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အပါအဝင် လမ်းပေါ်မှာသွားနေတဲ့ ကလေးတွေပါ ဖိတ်ခေါ်ခဲ့တယ်၊ ဖိတ်ခေါ်ပြီးတော့ ဒီကလေးတွေရဲ့ ပျော်ရွှင်မှုက နံပါတ် ၁ ဖြစ်သလို နိုင်ငံတစ်ခုရဲ့ ရိုးရာပွဲတော်ဟာ အားလုံးနဲ့သက်ဆိုင်တယ်ဆိုတဲ့ အသိကလေးကို မျှဝေချင်တဲ့အတွက်ကြောင့်မို့ ဒီအစီအစဉ်လေးကို ကျနော်တို့ကလုပ်ဖြစ်သွားတယ်၊ ကျနော်တို့ ပန်းစကားဆိုတဲ့ ပိတောက်ပန်းကလေး ကိုက်ထားတဲ့ တီရှပ်တွေကို ကျနော်တို့ ဝတ်ဆင်ပါတယ်၊ ပေးချင်တဲ့ဟာလေးက လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့ ဆိုတဲ့တီရှပ်ကလေးကို ဝတ်ဆင်ထားပါတယ် "
ဒီကနေ့ တူညီဝတ်စုံတွေနဲ့ ရေကစားခဲ့တဲ့ အစီအစဉ်ကို မန္တလေးမြို့က မိဘမဲ့ကလေးတွေ၊ HIV/AIDS ဂေဟာက ကလေးတွေနဲ့ လမ်းတွေပေါ်မှာပဲ နေထိုင်ကြတဲ့ အိုးအိမ်မဲ့ ကလေးတွေလည်း ပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင် “ပန်းစကား” အဖွဲ့ဟာ သင်္ကြန်ကာလအတွင်း လူမျိုးရေးဘာသာရေး အမုန်းပွားစေမယ့် အပြောအဆိုတွေကို ရှောင်ရှားကြဖို့အတွက် လက်ကမ်းစာစောင်တွေ၊ စတစ်ကာတွေနဲ့ တီရှပ်အင်္ကျီတွေကို အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ဖြန့်ဝေခဲ့ပါတယ်။

RFA Burmese
“လူသားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ်ကို စောင့်စည်းစို့” စာတမ်းတွေ ရိုက်နှိပ်ထားတဲ့ တူညီ တီရှပ်တွေ ၀တ်ဆင်ပြီး မန္တလေးမြို့က လူမှုရေးအသင်းအဖွဲ့တွေ ဒီနေ့ စုပေါင်းရေကစားခဲ့ကြပါတယ်။ မန္တလေးမြို့ ကျုံးမြောက်ဘက် ၂၄ လမ်းနဲ့ ၇၃-၇၄ လမ်းကြားမှာ ဘာသာပေါင်းစုံက ကလေးငယ်တွေ စုပေါင်းပြီး ရေကစားခဲ့ကြတယ်လို့ ဦးဆောင်စီစဉ်ခဲ့တဲ့ “ပန်းစကား” အဖွဲ့က ကိုညီညီကျော် က အခုလို ပြော ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ ဗုံး ၂ လုံးကွဲ၊ လူ ၇၁ ဦးသေ

Photo: နိုင်ဂျီးရီးယားနိုင်ငံမှာ ဗုံး ၂ လုံးကွဲ၊ လူ ၇၁ ဦးသေ
Monday, April 14, 2014

နိုင်ဂျီးရီးယား နိုင်ငံ၊ အဘူဂျာ မြို့တော် ဆင်ခြေဖုံးက ဘတ်စကား ရပ်နားစခန်းမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တဲ့ အတွက် လူ ၇၁ ယောက် သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ကားတွေ အတော်များများကိုပါ ပျက်စီးစေခဲ့တဲ့ ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကြောင့် နောက်ထပ် လူ ၁၂၀ ကျော်လည်း ဒဏ်ရာရသွားခဲ့ပါတယ်။

Nyanya ဘတ်စ်ကား ရပ်နားစခန်းမှာ မြို့ထဲကို သွားမယ့် လူတွေ အပြည့် အသိပ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုကို သူတို့ လုပ်တာလို့ ဘယ်အဖွဲ့ကမှ ခုချိန်ထိ ထုတ်ဖော် မပြောသေးပါဘူး။

ဒါပေမယ့် အစ္စလာမ်မစ် Boko Haram အဖွဲ့ ဖြစ်နိုင်ချေရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ အဘူဂျာမှာ အရင်က တိုက်ခိုက်ခဲ့မှုတွေကို သူတို့အဖွဲ့က လုပ်ခဲ့ပါတယ်။

BBC Burmese
နိုင်ဂျီးရီးယား နိုင်ငံ၊ အဘူဂျာ မြို့တော် ဆင်ခြေဖုံးက ဘတ်စကား ရပ်နားစခန်းမှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့တဲ့ အတွက် လူ ၇၁ ယောက် သေဆုံးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

ဒေါ်စု လုပ်ရမည့်အလုပ်က ဘာလဲ

Photo: ဒေါ်စု လုပ်ရမည့်အလုပ်က ဘာလဲ
Monday, April 14, 2014

နိုင်ငံရေးသမားများ ကြောက်စရာကောင်းမှန်း တဖြေးဖြေး သိလာရသည်။

မိမိနိုင်ငံကို တိုးတက်အောင် လုပ်ရမည့်အစား ဖွဲ့စည်းပုံပြင်ဆင်ရေးကိုသာ ဒေါ်စုလုပ်နေသည်။ ကြိုးပမ်းနေသည်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေက ဘာဖြစ်နေလို့လဲဟု ကျွန်တော်တွေးကြည့်မိသည်။ လေ့လာမိသည်။ တိုင်းပြည်ရပ်တည်လို့ မရလို့လား။ စနစ်ဆိုးတွေရှိနေလို့လား။ တန်ဖိုးရှိတဲ့အချိန်တွေကို အကျိုးကျိုးရှိရှိအသုံးချသင့်သည်ဟုကျွန်တော် ထင်ပါသည်။ ယခုတော့ ဒီလိုမဟုတ် တိုင်းပြည်အတွက် အကျိုးရှိမည့်ကိစ္စရပ်များကို ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသလောက် ဆောင်ရွက်ရမည့်အချိန်တွင် ဒေါ်စု ဘာလုပ်နေသလဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာသည်ကို ဒေါ်စု မေ့နေသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျေးဇူးကန်းသည်။ တိုင်းပြည်ခေါင်းဆောင်လုပ်မည့်သူအတွက် အရည်အချင်း သတ်မှတ်ချက်မှာ နိုင်ငံအတွက်ဖြစ်သည်။ နိုင်ငံခြားသားကို လက်ထပ်ပေါင်းသင်းသူ၊ ပြည်ပနိုင်ငံရဲ့ ကျေးဇူး သစ္စာကို ခံယူတဲ့သူကို ခေါင်းဆောင်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုရမှာလား။ အရပ်ကတို့ရဲ့.. စဉ်းစားလဲကြည့်ပါဦး။ ဒေါ်စုမဟုတ်ဘဲ အခြားတစ်ယောက်ဆိုရင် လက်ခံမှာလား။ ကိုယ်ကျိုးကြည့်လှချည်လား။ ဘာလို့ ကုလားဖြူကို လင်တော်ခဲ့ပါသလဲ။ ယူထားတာက နိုင်ငံခြားသား.. လုပ်ချင်တာက သမ္မတ.. မွေးထား တာက ကပြားတွေ… ပြင်ချင်တာက ၅၉(စ) ပြီးတော့ ဗုဒ္ဓဘာသာကို ဆန့်ကျင်ပြီး ကိုးကွယ်သူတွေ… ဒေါ်စု နိုင်ငံခြားသားကိုယူတာ အပြစ်မပြောလိုပါ။ ဒါပေမဲ့ တိုင်းပြည်အရေးမို့ ကျွန်တော်ပြောရခြင်း ဖြစ်သည်။

ဂျာမနီမှာ ဒေါ်စု ပြောသွားတာရှိသည်။ နိုင်ငံကို Myanmar လို့ ခေါ်တာမှားကြောင်း… Burma လို့ ခေါ်ရမှာဖြစ်ကြောင်း ပြောသွားသည်။ ဒေါ်စု ရဲ့ အတွင်းစရိုက်က အစိုးရကို ဆန့်ကျင်ရရင် ကျေနပ်နေတော့ သည်။ Burma ကနေပြီး Myanmar ပြောင်းတော့ ဘာဖြစ်လဲ။ ဘာထိခိုက်သွားလို့လဲ။ Myanmar ကို Myanmar ခေါ်တော့ ဘာဖြစ်လဲ။ ဒေါ်စုက မျက်နှာဖြူကို လင်တော်ထားတော့ သူ့အမျိုးတွေ Burma လို့ ခေါ်တာကို သဘောကျနေတာ ဖြစ်မယ်နဲ့တူသည်။ အရေးကြီးတာ တိုင်းပြည်တိုးတက်ဖို့ပါပဲ။

တိုင်းပြည်တိုးတက်အောင်လုပ်ရမည့်အစား လူကြီး မပီသတဲ့အလုပ်၊ သေးသိမ်သည့်အလုပ်များကိုသာ ဒေါ်စု လုပ်နေတော့သည်။ ကျွန်တော်တို့နိုင်ငံမှာ ဒေါ်စုလို လူမျိုးကို နိုင်ငံရဲ့ခေါင်းဆောင်အဖြစ် အသိအမှတ် ပြုရမှာလား။ ဒေါ်စုက သူ့ကိုယ်သူ လူထုခေါင်းဆောင် ဟု ပြောသည်။ ဘာကိုကြည့်ပြီး လူထုရဲ့ ခေါင်းဆောင် ဟု ပြောပါသလဲ။ ဒေါ်စု အနားလာပြီး ပြည်ပက သူတောင်းစားလို တောင်းစားနေခဲ့တဲ့ အဖွဲ့တွေက ဒေါ်စုကို လူထုခေါင်းဆောင် ဟု အမည်တပ်ထားခြင်းသာ ဖြစ်ပေတော့သည်။ အထင်ကြီးစရာဆိုလို့ မတွေ့ရ။ တိုင်းပြည် အတွက် ဘာမှအလုပ်အကျွေးပြုမှု မရှိခဲ့။

မြန်မာပြည်ကို ဒေါ်စုပြန်ရောက်ချိန်မှ ယနေ့အထိ ဒေါ်စု ဘာအလုပ်လုပ်နေပါသလဲ။ ပညာသာ တတ် သည်။ ဘာမှမလုပ်ပါ။ ပြည်သူ့အကျိုးပြုတဲ့ လုပ်ငန်းကိုလည်း မလုပ်။ နိုင်ငံအကျိုးပြုတဲ့လုပ်ငန်းကိုလည်း မလုပ်။ မျက်နှာဖြူကို လင်တော်ပြီး ပြည်ပမှ ပေးစာ၊ ကမ်းစာကိုသာ စားနေခဲ့တာ နှစ်(၂၀)ကျော်လာပြီ ဖြစ်သည်။ ဒေါ်စုက သူ့ကိုယ်သူ နိုင်ငံသားတစ်ယောက်အဖြစ် ခံယူထားတယ်ဆိုတာမျိုးလဲ မရှိခဲ့။ ပြည်ပနိုင်ငံများ၏ အလိုကျ သံကုန်ဟစ်ကြွေးပြီး ပြည်ပထောက်ပံ့ကြေးများကို ရယူခြင်းဖြင့် ကိုယ်ကျိုးရှာနေတော့သည်။

ထိုင်းဘုရင် သမီးတော် မဟာချက်ကရီသီရိဒုံနှင့် နှိုင်းယှဉ်ပါက ဒေါ်စုသည် မိုးနဲ့ မြေ ကွာခြားနေ ပါသည်။ မျိုးချစ်ခေါင်းဆောင်ကြီး၏ သမီးတစ်ယောက်ဖြစ်သော်လည်း.. နိုင်ငံခြားသားကိုလင်တော်… နိုင်ငံခြား မှ ပေးကျွေးမှုကို ခံယူနေသောသူကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ပြည်သူပြည်သားများ လက်ခံနိုင်ပါမည်လား။ အဖြေကို ပြည်သူကပင် သက်သေတည်ပါလိမ့်မည်။ ဒေါ်စုကို အကြံပေးလိုပါသည်။ တိုင်းပြည်တိုးတက်ရေး အတွက် လုပ်မယ်ဆိုရင် ကြိုဆိုပါတယ်။ ပြည်သူကောင်းစားရေးအတွက် လုပ်တယ်ဆိုရင် ကြိုဆိုပါတယ်။ ဒေါ်စု လုပ်နေတဲ့ အလုပ်တွေကို ပြည်သူတစ်ယောက်အနေနဲ့ တွေ့မြင်ရတာ စိတ်မချမ်းမသာဖြစ်ရပါတယ်။ ဘာလုပ် သင့်တယ်။ ဘာလုပ်ထိုက်တယ်ဆိုတာကိုတောင် ခွဲခွဲခြားခြား မသိနိုင်သူကို ကျွန်တော်မည်သို့ ထောက်ခံရမည် နည်း။

လုပ်သင့်လုပ်ထိုက်သည့်အလုပ်ကိုသာ လုပ်ကိုင်မည်ဆိုပါလျှင်…..

ပေးပို့သူ - မောင်စည်သူ
နေ့စဉ်သတင်း
နိုင်ငံရေးသမားများ ကြောက်စရာကောင်းမှန်း တဖြေးဖြေး သိလာရသည်။

ကော်စတာ၏ ဒဏ်ရာ စိုးရိမ်စရာ မရှိကြောင်း ဆီမြွန်နီ ငြင်းဆို


Photo: ကော်စတာ၏ ဒဏ်ရာ စိုးရိမ်စရာ မရှိကြောင်း ဆီမြွန်နီ ငြင်းဆို
Monday, April 14, 2014

တနင်္ဂနွေနေ့က ဂီတာဖေးကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဒီယေဂို ကော်စတာ၏ အခြေအနေသည် စိုးရိမ်စရာ မရှိကြောင်း အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက ငြင်းဆိုခဲ့သည်။

ကော်စတာသည် အက်သလက်တီကို အတွက် ဒုတိယဂိုး သွင်းယူချိန်တွင် ဘယ်ဘက်ဂိုးတိုင်နှင့် တိုက်မိခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရသော်လည်း အသက် ၂၅ နှစ်အရွယ် ကစားသမား အနေဖြင့် ပြင်းထန်သည့် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း ဆီမြွန်နီက အတည်ပြုခဲ့သည်။

ထို့အပြင် အက်သလက်တီကိုကလည်း ကံကောင်းလွန်းသည့် ဒီယေဂို ကော်စတာသည် ဂိုးတိုင်နှင့် ထိခိုက်မိခဲ့ပြီးနောက် ဒဏ်ရာ တစ်ခုသာ ရရှိခဲ့ကြောင်း တရားဝင် Twitter account မှတစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့သည်။

ထို့နောက် ဆီမြွန်နီက “ဒီယေဂိုရဲ့ အခြေအနေက ကောင်းပါတယ်။ ဒီဒဏ်ရာက သူ့အတွက် ဘာမှ မပြေပလောက်ပါဘူး” ဟု ဆိုခဲ့သည်။

ဆက်လက်ပြီး ဂီတာဖေးနှင့် ပွဲစဉ်တွင် အသင်း၏ ပရော်ဖက်ရှင်နယ် ခြေစွမ်းနှင့် ပတ်သက်၍ အံ့အားသင့်မိကြောင်း ဆီမြွန်နီက ချီးကျူးခဲ့သည်။

“ဆုဖလား ရရှိဖို့က ကျွန်တော်တို့ရဲ့ ခြေစွမ်းအပေါ် မူတည်တယ်ဆိုတာကို ကျွန်တော် အမြဲ ပြောခဲ့ပါတယ်။ လက်ရှိမှာလည်း ဒီအယူအဆကို လက်ကိုင်ထားဆဲပါ။ ဆုဖလားရဖို့ဆိုတာ ရည်မှန်းချက်၊ စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်မှု အထူးသဖြင့် အသင်းရဲ့ နှိမ့်ချတတ်တဲ့ စိတ်ထားတို့အပေါ်မှာ မူတည်ပါတယ်။ ဂီတာဖေးနဲ့ ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ ပွဲပါ။ ဒါပေမဲ့ ကစားသမားတွေဟာ အရေးပါတဲ့ ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရည်မှန်းထားတာတွေ ဖြစ်ဖို့ နောက်ထပ် ၅ ပွဲပဲ ကစားရပါတော့မယ်။ ဒါကြောင့် ကျွန်တော်တို့ အယ်ချီနဲ့ ကစားရမယ့် ပွဲကို အာရုံစိုက်နေပါတယ်” ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။

Ref: Goal
Soccer Myanmar

တနင်္ဂနွေနေ့က ဂီတာဖေးကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဒီယေဂို ကော်စတာ၏ အခြေအနေသည် စိုးရိမ်စရာ မရှိကြောင်း အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက ငြင်း ဆိုခဲ့သည်။

ရွှေဂုံတိုင်ဂုံးတံတားအနီးတွင် သင်္ကြန်လည်သည့်ယာဉ်မှ လမ်းလယ် ကွန်ကရစ်တုံးအား ၀င်ရောက်တိုက်မိ

Photo: ရွှေဂုံတိုင်ဂုံးတံတားအနီးတွင် သင်္ကြန်လည်သည့်ယာဉ်မှ လမ်းလယ် ကွန်ကရစ်တုံးအား ၀င်ရောက်တိုက်မိ
Monday, April 14, 2014

၁၄.၄.၂၀၁၄ ရက်နေ့ ၀၈၄၅ အချိန် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း အတိုင်း တောင်မှမြောက်သို့ သင်္ကြန်လည်ပတ်ရန်အတွက် ယာဉ်မောင်း ချမ်းမြေ့ဦး ၊ (၂၈)နှစ်၊ (ဘ)ဦးလှမြင့် သုံးခွမြို့နယ်နေသူ မောင်းနှင်လာသော ၈ခ/---- ရှမ်းစတားဂျစ်အပြာရောင် ကိုယ်ပိုင်ယာဉ်သည် ရွှေဂုံတိုင်ဂုံးတံတား အနီးအရောက် လမ်းလယ်ကွန်ကရစ်တုံးအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် လမ်းလယ်ကွန်ကရစ်တုံးနှင့်ယာဉ်တို့ ပျက်စီးသွားခဲ့ သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ချမ်းမြေ့ဦးကို ဗဟန်းမြို့မရဲစခန်း (ပ)၃၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

Yangon Police
၁၄.၄.၂၀၁၄ ရက်နေ့ ၀၈၄၅ အချိန် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း အတိုင်း တောင်မှမြောက်သို့ သင်္ကြန်လည်ပတ်ရန်အတွက် ယာဉ်မောင်း ချမ်းမြေ့ဦး ၊ (၂၈)နှစ်၊ (ဘ)ဦးလှမြင့် သုံးခွမြို့နယ်နေ သူ မော င်းနှ င် လာသော ၈ခ/---- ရှမ်းစတားဂျစ်အပြာရောင် ကိုယ်ပိုင်ယာဉ်သည် ရွှေဂုံတိုင်ဂုံးတံတား အနီး အရောက် လမ်းလယ်ကွန်ကရစ်တုံးအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

လေယာဉ်နှစ်စင်းတိုက်မိမှု အသေးစားခုံရုံးဖွဲ့

 
ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင် ရွှေမြန်မာ (Golden Myanmar) လေယာဉ်က အပြည်ပြည်ဆိုင် ရာ မြန်မာ လေကြောင်းလိုင်း (MAI)ကို ဧပြီလ ၁၄ရက် နံနက် ၆နာရီခန့်က တိုက်မိခဲ့သဖြင့် စုံစမ်းမှု ပြုလုပ် ရန် အသေးစား ခုံရုံးတစ်ခုကို အားချင်း ဖွဲ့စည်းလိုက်သည်ဟု MAI လေကြောင်းလိုင်း၏ ဈေးကွက်နှင့် လူထုဆက်ဆံရေး မန်နေဂျာ မအေးမရသာက မဇ္ဈိမကို ပြောသည်။

KIA ဗိုလ်ချုပ် ဂွမ်မော် အမေရိကန် ရောက်ရှိ

Photo: KIA ဗိုလ်ချုပ် ဂွမ်မော် အမေရိကန် ရောက်ရှိ
Monday, April 14, 2014

မြန်မာနိုင်ငံအရေးနဲ့ ကချင်ပြည်နယ်အရေးတွေ တင်ပြဆွေးနွေးဖို့ KIA ကချင်လွတ်မြောက်ရေး တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ အဖွဲ့ဟာ ဒေသအချိန် ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ဒီခရီးနဲ့ ပတ်သက်ပြီး ဗိုလ်ချုပ်ဂွမ်မော်က အခုလို ပြောပါတယ်။

"ကျနော်က အခုဒီမှာ ကျနော်တို့ မြန်မာနိုင်ငံအရေး ကချင်အရေး စိတ်ပါဝင်စားတဲ့သူများ မိတ်ဆွေများနဲ့ ဖြစ်နိုင်လို့ရှိရင်တော့ ဒီမှာရှိတဲ့အစိုးရပိုင်းက တာဝန်ရှိတဲ့သူများကို ကျနော်တို့အခြေအနေလေး တင်ပြနိုင်ဖို့အတွက် လာခဲ့တာဖြစ်ပါတယ်၊ ကျနော်တို့ လေးယောက်လာပါတယ်"

ဗိုလ်ချုပ်ဂွမ်မော်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဖိတ်ကြားခဲ့တာလို့သိရပြီး၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အရာရှိတွေ၊ အမေရိကန်လွှတ်တော် အမတ်တွေနဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ၁၂ ရက်ကြာ နေထိုင်မယ်လို့သိရပါတယ်။

RFA Burmese
မြန်မာနိုင်ငံအရေးနဲ့ ကချင်ပြည်နယ်အရေးတွေ တင်ပြဆွေးနွေးဖို့ KIA ကချင် လွတ်မြောက်ရေး တပ်မတော် ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ အဖွဲ့ဟာ ဒေသအချိန် ဧပြီလ ၁၃ ရက် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နေရာရွှေ့ပြောင်းသည့်လေယာဉ်မှ ရပ်ထားသောလေယာဉ်ကို တိုက်မိ


၁၄.၄.၂၀၁၄ ရက်နေ့ ၀၆၄၀ အချိန် မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၊ လေယာဉ် ကွင်းအတွင်း Golden Myanmar Air Way (GMA) လေကြောင်းမှ လေယာဉ်အမှတ် XY-AGT ၊ လေယာဉ်အမျိုးအစား A-320 သည် Push Back ယာဉ်ဖြင့်တွန်း၍နေရာရွှေ့ပြောင်းရန် ဆောင်ရွက်စဉ် ဘီးလိမ့် သွားပြီး လေယာဉ်ဦးပိုင်းဖြင့် အနီးတွင် ရပ်ထားသည့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI)၊ လေယာဉ်အမှတ် XY-AGR ၊ လေယာဉ်အမျိုးအစား A-319 လေယာဉ်၏ ယာဘက်နောက်ပိုင်း တံခါးနေရာအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိုးစစ်ဆင်ဖို့ကြေညာ

Photo: ယူကရိန်းအစိုးရ အရှေ့ပိုင်းဒေသမှာ ထိုးစစ်ဆင်ဖို့ကြေညာ
Monday, April 14, 2014

ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ရုရှားလိုလားသူတွေအနေနဲ့ လက်နက်ချဖို့  နောက်ဆုံးရာဇသံပေးထားချိန် နီးကပ်လာချိန်မှာ ဒီမိုကရေစီထောက်ခံသူတွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။
 
ယူကရိန်း ယာယီသမ္မတ Oleksandr Turchynov က နိုင်ငံအရှေ့ပိုင်းက အစိုးရ အဆောက်အဦးတွေကိုသိမ်းထားတဲ့ ရုရှားလိုလားတဲ့ စစ်သွေးကြွတွေအနေနဲ့ တနင်္လာနေ့မနက်မှာ နောက်ဆုံး လက်နက်ချဖို့နဲ့ မလိုက်နာရင် အကြမ်းဖက် ဆန့်ကျင်မှုစစ်ပွဲ အပြင်းထန်ဆုံး စတင် ဆင်နွှဲတော့မယ်လို့  သတိပေးထားပါတယ်။
  
ယူကရိန်း ယာယီသမ္မတက ခရိုင်းမီးယားကို ရုရှားဘက်က ပြီးခဲ့တဲလထဲ သိမ်းယူအပြီးမှာ နိုင်ငံအရှေ့ပိုင်းကို ဆက်သိမ်းဖို့ လုပ်လာတာကို လုံးဝလက်ခံမှာမဟုတ်ဘူးလို့  ရုပ်မြင်သံကြားကနေ တနင်္ဂနွေနေ့က ပြောလိုက်ပါတယ်။
 
ရုရှားနိုင်ငံခြားရေးဝန်ကြီးက ခုလိုစစ်ဆင်ဖို့ကြေညာလိုက်တာကို ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်လို့ စွပ်စွဲလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ အရေးပေါ် အစည်းအဝေးခေါ်ဖို့ တောင်းဆိုလိုက်တာကြောင့် မြန်မာစံတော်ချိန် တနင်္လာနေ့မနက် ၆:၃၀၊ အမေရိကန်စံတော်ချိန် တနင်္ဂနွေနေ့ည ၈ နာရီမှာ အစည်းအဝေးခေါ်ထားပါတယ်။
 
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက Slovyansk မြို့မှာ ယူကရိန်းအထူးတပ်တွေနဲ့ လက်နက်ကိုင်တွေကြား အပြန်အလှန်ပစ်ခတ်မှုကြောင့် ၂ ဘက်လုံးမှာ အသေအပျောက်တွေရှိခဲ့အပြီးမှာ ယူကရိန်းသမ္မတက ခုလိုစစ်ကြေညာလိုက်တာပါ။

သမ္မတက ဆက်ပြီး ရုရှားအနေနဲ့ တချိန်က သူ့နိုင်ငံအစိတ်အပိုင်းဖြစ်ခဲ့ဖူးတဲ့ ယူကရိန်းနိုင်ငံကို အားနည်းသွားအောင် စစ်စတိုက်နေပြီ၊ ယူကရိန်းနိုင်ငံသားအချင်းချင်း ကြားမဟုတ်တဲ့ ဒီစစ်ပွဲမှာ သွေးမြေကျတာတွေရှိခဲ့ရပြီလို့ ဆိုလိုက်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ ရုရှားလိုလားသူတွေအနေနဲ့ လက်နက်ချဖို့  နောက်ဆုံးရာဇသံပေးထားချိန် နီးကပ်လာချိန်မှာ ဒီမိုကရေစီထောက်ခံသူတွေနဲ့ အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

၂၀၁၄ သင်္ကြန် အကြိုနေ့ မြင်ကွင်း (ရုပ်/သံ)

မြန်မာသက္ကရာဇ် ၁၃၇၅ ခုနှစ်မှ ၁၃၇၆ ခုနှစ်သို့ အကူးအပြောင်း ကာလ ရိုးးရာ မဟာသင်္ကြန်ပွဲဟာ ယနေ့ ဧပြီ ၁၃ရက် အကြိုနေ့ ညနေပိုင်းက စတင်ပြီး အသက်ဝင်ခဲ့ပြီ ဖြစ်ပါတယ်။ နှစ်စဉ် ရန်ကုန်သင်္ကြန်ဆိုရင် တိုးမပေါက်အောင် စည်ကားတဲ့ လမ်းတစ်လမ်းဖြစ်တဲ့ ကန်တော်ကြီး ပတ်လမ်းရဲ့ မြင်ကွင်းကလည်း အကြိုနေ့ လို့တောင် မထင်ရပါ။