Thursday, May 29, 2014

ကျောက်ဖြူတိုင် ရွာသားများ ရဲကို ခုခံ

ထိန်းသိမ်းခံ တရုတ် ၂ ဦးအား ခေါ်ဆောင်ရန်အတွက်ဆိုကာ ရဲတပ်ဖွဲ့ဝင်များက ၁၈ ရက် ည၁၁ နာရီ
ခန့်တွင် ဇီးတောရွာဘုန်တော်ကြီး ကျောင်းအား မျက်ရည်ယိုဗုံး ၂ လုံးဖြင့်ပစ်ရာ ဇီးတောရွာသား များက အော်ဟစ်ကြအကူညီတောင်းမှုကြောင့် ကျောက်ဖြူတိုင်ရွာသားကထွက်လာပြီးရရာလက်နက် ဖြင့်ခုခံကြောင်း
ဒေသခံများကပြောကြားသည်။
ရဲတပ်ဖွဲ့ဝင်များသည် ကျောက်ဖြူတိုင်ကျေးရွာကျော်လွန် ပြီး ဆည်တည်းဇီးတောရွာအနီးတွင် ရဲကားများကို ရပ်တန့်ထားပြီး ဘုန်းတော်ကြီးကျောင်းကို မျက်ရည်ယိုဗုန်းဖြင့် ပစ်ခတ် မှုကြောင့် ကျောက်ဖြူတိုင် ကျေးရွာဒေသခံများကနောက်မှရဲကားများကို လောက်လေးခွများ ဖြင့်ပစ်ခဲ့ပြီး တုတ်များဖြင့် ဝင်ရောက်ရိုက်နှိက်ခဲ့ကြောင်း ဇီးတောဒေသခံတစ်ဦးကပြောသည်။

အပူချိန်နည်းပြီး အနီရောင်ဝတ်ရင် အင်္ဂလန်ဗိုလ်စွဲနိုင်ပါတယ်-----စတီဖင်ဟော့ကင်း

လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဗိုလ်စွဲနိုင်ဖို့က ရာသီဥတုအခြေအနေ၊ ဂျာစီအရောင်တွေနဲ့ သက်ဆိုင်တယ်လို့ စတီဖင်ဟော့ကင်းက ခန့်မှန်းသွားပါတယ်။ စတီဖင်ဟော့ကင်းဆိုတာ ၂၁ရာစုရဲ့ ဥာဏ်အကောင်းဆုံး ပုဂ္ဂိုလ်လို့ သတ်မှတ်ခံထားရတဲ့ သိပံ္ပပညာရှင်ဖြစ်ပါတယ်။
သူ့ရဲ့ တွက်ချက်မှုတွေအရ အပူချိန် ၅ဒီဂရီ စင်တီဂရိတ် မြင့်တက်မယ်ဆိုရင် အင်္ဂလန်အသင်း အနိုင်ရနိုင်ခြေ ၅၉ရာခိုင်နှုန်း ဆုံးရှုံးစေပြီး ဂျာစီအနီရောင် ၀တ်မယ်ဆိုရင် အင်္ဂလန်အသင်း အနိုင်ရနိုင်ခြေ ၂၀ရာခိုင်နှုန်း ပိုများစေပါသတဲ့။ ပင်လယ်ရေမျက်နှာပြင်အထက် ၅၀၀မီတာအောက်မှာ ကစားရတဲ့ပွဲဆိုရင် အနိုင်ရဖို့ အခွင့်အရေး နှစ်ဆပိုများပြီး ၄-၃-၃ ကစားကွက်ကို အသုံးပြုရင် အနိုင်ရဖို့ ၅၈ ရာခိုင်နှုန်း ရှိတယ်လို့ စတီဖင်ဟော့ကင်းက ဆိုပါတယ်။

ကားဖြင့်တိုက်ဟန်ပြု စနောက်ရာမှ၈နှစ်အရွယ်ကလေး ကြိတ်မိသေဆုံး

နှင်းဆီကုန်းအဆင့်မြင့် အိမ်ယာဝင်း အမှတ် ၂ လမ်းသွယ်တွင်မေ ၁၉ ရက် ည ၇ နာရီ ခန့်က မုန့် ၀ယ်ပြန် လာသော ၈ နှစ်အရွယ် ကလေးအား ကားဖြင့် တိုက်ဟန်ပြု စနောက်ရာမှ ကြိတ်မိသွားကာ
သေဆုံး သွားကြောင်း သင်္ဃန်းကျွန်းမြို့နယ် ၌ ဖြစ်ပွားသွားကြောင်း သုဝဏ္ဏမြို့မရဲစခန်းမှ နယ်ထိန်းဦးမြင့်သိန်းက ပြောကြားသည်။
ကလေးအား စပြီး ကားဖြင့် တိုက်မည်ပြုရာတွင် ကလေးခြေထောက်အား ကြိတ်မိသဖြင့် ကားအား

တိုတိုနှင့် ထိရောက်သည့် မေးခွန်းများမေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း

လွှတ်တော် အစည်းအဝေးများ၌ အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ လုပ်ငန်း ဆောင်ရွက်ချက်များအပေါ် လွှတ်တော် ကိုယ်စားလှယ်များက မေးခွန်းမေးမြန်းရာ၌ ဆိုလိုရင်းကို တိုတိုရှင်းရှင်းနှင့် ထိရောက်စွာ မေးမြန်းကြရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တိုက်တွန်းလိုက်သည်။
နေပြည်တော် လွှတ်တော် အဆောက်အအုံ၌ မေလ ၂၈ က ကျင်းပသော ပထမအကြိမ် အမျိုးသား လွှတ်တော် ဒဿမ ပုံမှန်အအစည်းအဝေး ပထမနေ့တွင် ၎င်းက ယင်းသို့ တိုက်တွန်းခြင်း ဖြစ်သည်။
လွတ်လပ်ရေး ရပြီးစ ပါလီမန် အစည်းအဝေးများ၌ ကိုယ်စားလှယ်များ၏ မေးခွန်းများမှာ အလွန်တိုတောင်းပြီး သက်ဆိုင်ရာ အစိုးရ အဖွဲ့ကလည်း တိုက်ရိုက် ဖြေကြားသည့်အတွက် အချိန်များစွာ တိုတောင်းကြောင်း၊ အမျိုးသားလွှတ်တော် နည်းဥပဒေ၌လည်း လိုအပ်ခြင်းမရှိဘဲ ရှည်လျားသော မေးခွန်းမမေးရန် သတ်မှတ်ထားကြောင်း၊ နိုင်ငံတကာ လွှတ်တော်အချို့၌ မေးခွန်းမေးမည့်

အယ်လ်နီညို ရာသီဥတုဒဏ် စတင်ကြုံတွေ့နေရပြီ

ယနေ့မှ ဇွန်လ ၃ ရက် အထိမိုးလေဝသခန့်မှန်းချက် အရ အယ်လ်နီညိုရာသီဥတု ဒဏ်ကို စတင်ကြုံတွေ့ ခံစား နေရပြီဟု မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။
ရက်သတ္တပတ်အတွက် မိုးလေဝသခန့်မှန်းချက်မှာ မိုး နည်းမည်ဖြစ်ကြောင်း၊ အရှေ့ ဘက်ရှိ ပစိဖိတ်သမုဒ္ဒရာထဲ တွင် မိုးများနေကျဖြစ်သည့် အနောက်ပိုင်း ဖိလစ်ပိုင်၊ အင်ဒို နီးရှားတို့တွင် မိုးများလျော့ကျ လာနေပြီး မိုးများသည့်ဒေသ သည်ပစိဖိတ်သမုဒ္ဒရာ၏အရှေ့ ဘက်သို့ရွေ့လျားသွားနေသည် ကိုတွေ့ရှိရကြောင်းဒေါက်တာ ထွန်းလွင်က ပြောသည်။
''ဘင်္ဂလားပင်လယ်အော် မှာရောတောင်တရုတ်ပင်လယ် ပြင်မှာရော လာမယ့်တစ်ပတ် အတွင်း

ရပ်တော်မူပါဦး ကုန်ဈေးနှုန်း

 ဧပြီလမှစ၍ ကုန်ဈေးနှုန်းများ သိသိသာသာတက်လာသောကြောင့် ယခင်လို ဈေးဝယ်ရတာ အဆင်မပြေတော့။ လက်ထဲတွင်ပါသော တစ်နေ့ စရိတ်နှင့် ဝယ်ခြမ်းရမည့် ဟင်းစားကို တော်တော် စဉ်းစားရသည်။ ယခင်နှစ်များကမူ သင်္ကြန် ကျော်ပါက ဈေးပြန်ကျလေ့ရှိသော်လည်း ယခုနှစ်တွင် ဘယ်သို့ဖြစ်သည်မသိ။ ဈေးက လုံးဝပြန်မ ကျေ တာ့သောကြောင့် တစ်ခါဈေးဝယ်လျှင် လက်ထဲမှာပါသည့် ငွေနှင့် ဟင်းစား လောက်ငအောင် တွက်ရသည့်အချိန်က ပိုလာသည်ဟု ရန်ကင်းမှ အိမ်ရှင် မတစ်ဦးဖြစ်သည့် မသီတာက ပြောသည်။
 ”ဈေးသွားရင် ငွေပိုယူသွားရတယ်၊ အရင်ကလိုတစ်နေ့ ငါးထောင်နဲ့လောက်တယ်ဆိုပြီး ယူသွားလို့ကတော့ အဲဒီငွေက အသားငါးဝယ်တာနဲ့တင်ကုန်ပြီ။ ဒါတောင် ဆန်၊ ဆီ၊ ဆားတွေ မပါသေးဘူး ” ဟု ၎င်းကစိတ်ပျက်စွာ ပြောသည်။

ချောကလက်ထဲ ဝက်သားပါဝင်နေလို့ မုန့်ထုတ်လုပ်တဲ့ကုမ္ပဏီကို ဂျီဟတ်စစ်ပွဲလုပ်ရန် မလေးရှားမူဆလင်များ တောင်းဆို

Cadbury ဟာ Wrigley's ပြီးရင် ကမ္ဘာ့အကြီးမားဆုံး မုန့်အချိုထုတ်လုပ်သူ ကုမ္ပဏီကြီးဖြစ်ပါတယ်။
သူ့ရဲ့ထုတ်ကုန်မှာ ဝက်သား DNA ကို စစ်ဆေး တွေ့ရှိခဲ့တာကြောင့် မလေးရှားမူဆလင်တွေ့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီ ဖြစ်ပါတယ်။

ဟာလာစစ်ဆေးမှုအရ ဝက်သား DNA ကို ၄င်းရဲ့ချောကလက် ထုတ်ကုန်၂မျိုးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး မလေးရှားမူဆလင်တွေဟာ ကမ္ဘာကျော်မုန့်ထုတ်လုပ်သူ Cadbury ကုမ္ပဏီကို ဂျီဟတ် စစ်ပွဲလုပ်ဖို့ တောင်း ဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော မော်တော်ယာဉ်များ လိုင်စင်မဲ့ယာဉ်အဖြစ် အများဆုံး ဖမ်းမိ


Photo: ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော မော်တော်ယာဉ်များ လိုင်စင်မဲ့ယာဉ်အဖြစ် အများဆုံး ဖမ်းမိ
Thursday, May 29, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ဖမ်းဆီးရမိမှု အစီးရေ ၁၃၀ ကျော်တွင် ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော လိုင်စင်မဲ့ မော်တော်ယာဉ် အများဆုံး ဖမ်းဆီးရမိကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံသို့ ငြိမ်းချမ်းရေး ကားပါမစ်များ ပေးအပ်ခဲ့ပြီးနောက် ရန်ကုန်မြို့တော်အတွင်း ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော လိုင်စင်မဲ့ယာဉ် တင်သွင်းမှုများ ရှိလာကြောင်း၊ ယင်းကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မသင်္ကာသော ယာဉ်များကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ဖမ်းဆီး စစ်ဆေးခဲ့ရာ မေလ ၂၂ ရက်နေ့အထိ ယာဉ်အစီးရေ ၁၃၄ စီး ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ယင်းတို့အနက် သုံးပုံနှစ်ပုံခန့်သည် ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသည့် ယာဉ်များဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။
“ငြိမ်းချမ်းရေးတံဆိပ် တပ်ထားတဲ့ ယာဉ်တွေကို စစ်ဆေးတဲ့အခါ သူတို့က ဝန်ကြီးဦးအောင်မင်းရဲ့ ငြိမ်းချမ်းရေးကား ပါမစ်ခွင့်ပြုချက် လက်မှတ်ထိုးထားတဲ့ စာရွက်ကို ထုတ်ပြတယ်။ ဒါပေမဲ့ စာရွက်က Scan ပွားထားတဲ့ စာရွက်၊ ပြီးတော့ စီးပွား၊ ကူးသန်းဌာနက တင်သွင်းခွင့်ပြု စာရွက် အထောက်အထားတွေလည်း ဘာမှ ပြသနိုင်ခြင်း မရှိလို့ ဖမ်းဆီး အရေးယူပါတယ်” ဟု အဆိုပါ ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးမှ ယာဉ်ထိန်း ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

၂၀၁၃ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ၆၄ စီး ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှ မေလ ၂၂ ရက်နေ့အထိ ယာဉ်အစီးရေ ၇၀ ဖမ်းဆီးရမိခဲ့သောကြောင့် ယခုနှစ်အတွင်း ရန်ကုန်မြို့တော်သို့ လိုင်စင်မဲ့ မော်တော်ယာဉ် တင်သွင်းမှု များပြားလာကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စာရင်းများအရ သိရှိရသည်။
“ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် ကားပါမစ်တွေ ခွင့်ပြုထားတယ် ဆိုပေမယ့် သတ်မှတ်ထားတဲ့ အထောက်အထား စာရွက်စာတမ်း အပြည့်အစုံ မပြနိုင်ဘဲ ငြိမ်းချမ်းရေး တံဆိပ်တပ်ပြီး ရန်ကုန်တိုင်းအတွင်း ဝင်လာရင်တော့ ယာဉ်ထိန်းတပ်ဖွဲ့က တာဝန်အရ ဖမ်းဆီး အရေးယူသွားမှာပါ။” ဟု ယာဉ်ထိန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိသော လိုင်စင်မဲ့ယာဉ် ၁၃၄ စီးအနက် ပိုင်ရှင်ရှိ မော်တော်ယာဉ် ၂၄ စီးသာ ပါဝင်ပြီး ကျန်ယာဉ်များမှာ ပိုင်ရှင်မဲ့ မော်တော်ယာဉ်များ ဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရုံးမှ စုံစမ်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက် ရှိသော်လည်း လိုင်စင်မဲ့ မော်တော်ယာဉ် အများဆုံး ရှိနေသော နေပြည်တော်တွင် ထိရောက်စွာ ဖမ်းဆီးအရေးယူ ဆောင်ရွက်မှုများ မရှိကြောင်း နေပြည်တော်တွင် တာဝန် ထမ်းဆောင်နေသော ယာဉ်ထိန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“အပြင်ပေါက်ဈေးထက် ထက်ဝက်ကွာ သက်သာတော့ လိုင်စင်မဲ့ ကားတွေကို ရန်ကုန်မှာ တိုးတိုးတိတ်တိတ် ဝယ်ယူနေသူတွေ ရှိတာကြောင့် ဒီနှစ်ပိုင်းမှာ ငြိမ်းချမ်းရေး တံဆိပ်ကပ်ပြီး လိုင်စင်မဲ့ ကားတင်သွင်းမှု ပိုများလာတာကို စစ်ဆေးတွေ့ရှိရတယ်။ ပြီးခဲ့တဲ့လက ရခိုင်အမျိုးသားညီလာခံ တံဆိပ်ကပ်ထားတဲ့ ကားသုံးစီးကို ထောက်ကြန့်မှာ ဖမ်းဆီးရမိခဲ့တယ်” ဟု အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးမှ အရာရှိတစ်ဦးက ရှင်းပြသည်။
တိုင်းရင်းသား လက်နက်ကိုင် ၁၄ ဖွဲ့ကို ကားပါမစ်များ ထုတ်ပေးခဲ့ပြီးနောက် ငြိမ်းချမ်းရေးတံဆိပ် တင်ဆင်ထားသည့် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးရမိမှု မြင့်တက်လာချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လက်ရှိ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၆၅ ခုကို အခွန်ကင်းလွတ်ခွင့်ဖြင့် မော်တော်ယာဉ် တင်သွင်းခွင့်ပြုရန် နိုင်ငံတော်သမ္မတရုံးထံသို့ မေလ ၂၂ ရက်နေ့က တင်ပြထားသည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီးအတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ဖမ်းဆီးရမိမှု အစီးရေ ၁၃၀ ကျော်တွင် ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော လိုင်စင်မဲ့ မော်တော်ယာဉ် အများဆုံး ဖမ်းဆီးရမိကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များထံသို့ ငြိမ်းချမ်းရေး ကားပါမစ်များ ပေးအပ်ခဲ့ပြီးနောက် ရန်ကုန်မြို့တော်အတွင်း ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသော လိုင်စင်မဲ့ယာဉ် တင်သွင်းမှုများ ရှိလာကြောင်း၊ ယင်းကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ မသင်္ကာသော ယာဉ်များကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ဖမ်းဆီး စစ်ဆေးခဲ့ရာ မေလ ၂၂ ရက်နေ့အထိ ယာဉ်အစီးရေ ၁၃၄ စီး ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ယင်းတို့အနက် သုံးပုံနှစ်ပုံခန့်သည် ငြိမ်းချမ်းရေးတံဆိပ် တပ်ဆင်ထားသည့် ယာဉ်များဖြစ်ကြောင်း အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့မှူး ရုံးမှ သိရှိရသည်။

ဝန်ကြီးဌာန တာဝန်မဲ့စကား ပြောသည်ဆိုကာ ဆရာ၊ဆရာမများ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၏ ကျောင်းပြောင်းရွှေ့မှု ကြန့်ကြာနေရခြင်းမှာ ဌာနအတွက် တာဝန်ယူမည့် ၀န်ကြီးမရှိခြင်းကြောင့်ဟုဆိုသည့် တာဝန်မဲ့သည့် လုပ်ရပ်အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း မေလ ၂၈ ရက်က ဒဂုံတက္ကသိုလ် ဆရာများသမဂ္ဂအဖွဲ့ အတွင်းရေးမှူး ဦးဇော်မျိုးနိုင်က မီဒီယာများကို ရှင်းလင်းပြောကြား လိုက်သည်။

နိုင်ငံခြားဘာသာ တက္ကသိုလ်မှ အင်္ဂလိပ်စာဌာန ကထိကဒေါ်တင်နွဲ့ရီက “မေလ ၂၂ ရက်မှာ တရားဝင်

ကျောင်းသားများ ရည်းစားမထားရ အခြေခံကျောင်းများတွင် စည်းကမ်းချက်ထုတ်ပြန်

Photo: ကျောင်းသားများ ရည်းစားမထားရ အခြေခံကျောင်းများတွင် စည်းကမ်းချက်ထုတ်ပြန်
Thursday, May 29, 2014

ရန်ကုန်၊ မေ ၂၇- ယခုနှစ်ကျောင်း ဖွင့်ရာသီတွင် တက်ရောက်ကြမည့် ကျောင်းသားများအနေဖြင့် ရည်း စားမထားရဆိုသည့် စည်းကမ်းသတ် မှတ်ချက်များအပါအဝင် အခြားသော စည်းကမ်းသစ်များကို အခြေခံကျောင်း များတွင် တင်းကျပ်စွာ ထုတ်ပြန် ထား ကြောင်းသိရသည်။
လက်ရှိကျောင်းအပ်ရန် ရောက် ရှိလာကြသည့်ကျောင်းသားများကို လည်း ဆံပင်ဆေးဆိုးလာပါ က ကျောင်းအပ်လက် ခံခြင်းကိုပြုလုပ် ပေးမည်မဟုတ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ သိရသည်။

အခြေခံပညာကျောင်းများအ နေဖြင့်ယခင်နှစ်က ကျောင်းသားများ ကိုဖုန်းကိုင်ဆောင် အသုံးပြုခွင့်မပေး ခဲ့သော် လည်း ကျောင်းသား အချို့ ကိုင် ဆောင်ခဲ့ကြသဖြင့် ယခုနှစ်တွင် ကျောင်းသားများအနေဖြင့် ကျောင်း သို့လက်ကိုင်ဖုန်းများ လုံးဝယူဆောင် လာခြင်းမပြုရန်၊ ရည်းစားမထားကြ ရန်၊ ကျောင်းသားတိုင်း ကျောင်း ခေါ်ကြိမ် ၇၅ရာခိုင်နှုန်း ပြည့်မီရန် လည်း စည်းကမ်းထုတ်ပြန်ထားကြောင်း ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၅)၊ အခြေခံပညာအထက်တန်းကျောင်း မှ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဗဟန်း မြို့နယ် အမှတ်(၂)အခြေခံပညာအ ထက်တန်းကျောင်းမှ ဆရာမတစ် ဦးဖြစ်သူဒေါ်မျိုးသီရိ (အမည်လွှဲ) က ''ကျောင်းသား ဆံပင်ဆေးဆိုး လာရင် ကျောင်းအပ်လက်မခံပေး ဘူး။ ပြန်လွှတ်တယ်။ ကျောင်းစည်း ကမ်းထဲမှာ တစ်ခါတည်း ပါပြီးသား ဖြစ်တဲ့အတွက် တခြားကျောင်းတွေလဲ ဒီလိုပဲ''ဟု ပြောသည်။
အဆိုပါ စည်းကမ်းများအနက် တချို့စည်းကမ်းချက်များမှာ ယ မန်နှစ်များကတည်းက ထုတ်ပြန်ထား ခြင်းဖြစ်သော်လည်း လိုက်နာမှုအား နည်းကြသည့်အပြင် စည်းကမ်းဖောက် ဖျက်သည့် ကျောင်းသား များကို အ ပြစ်ပေးအရေးယူရာတွင်လည်း ထိ ရောက်မှုမရှိခဲ့ခြင်းကြောင့် ယခုစာ သင်နှစ်တွင်ထပ်မံ၍ တင်းကျပ်စွာ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
၂၀၁၃-၂၀၁၄ တက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုပြီး ပျော်ပျော်ရွှင်ရွှင်ထွက်လာကြသည့် အ.ထ.က(၁) ဒဂုံမှ စည်းကမ်းလိုက်နာကြသည့် ကျောင်းသား ကျောင်းသူများ ကို တွေ့ရစဉ်။ ဓာတ်ပုံ-ရဲနောင်(ဖယ်ခုံ)
''အရင်နှစ်တွေတုန်း ကတော့ စည်းကမ်းသာထုတ်ထားတာ ဖုန်းတွေ ကို မိဘကလဲ ပေးလိုက်တယ်။ ကျောင်းသားကလဲ ယူလာတယ်။ ကျောင်းကလဲ အားလုံးကိုလိုက်မစစ်နိုင်ဘူး။ ဒီနှစ် ကတော့ တစ်ကြိမ်ဆိုသတိပေးမယ်။ နှစ်ကြိမ်ဆို သိမ်းမယ်။ ပြီးရင်မိဘ ခေါ်ခံဝန်ကတိထိုးခိုင်းမယ်''ဟု အ ထက်ပါဆရာမက ဆက်လက်ပြော သည်။

လသာမြို့နယ် အမှတ်(၂)အ ခြေခံပညာအထက်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဦးစီးဌာနမှ ထုတ်ပြန်ကြေညာ ထားသည့် ကျောင်း စည်းကမ်းများအတိုင်း လိုက်နာကြရန် ကျောင်း သားများ ကို သတိပေးထား ပြီးဖြစ်ကာ ယင်းကဲ့သို့ကျောင်း အပ်စဉ် ဆံပင်ဆေးဆိုးလာခြင်းကို အတန်း ကြီးကျောင်းသားများတွင် မတွေ့ရ သော်လည်ွးုတန်းမှ ကျောင်း သားအသစ်များ တွင်တွေ့ရ ၍ ဆေးပြန်ဆိုး ခိုင်းနေရသည်ဟု ပြောသည်။
ကျောင်းစည်းကမ်းချက်များ သည် ကျောင်းဝင်ခွင့်လျှောက်လွှာ နှင့်အတူပူးတွဲပါရှိပြီး ကျောင်းအပ် လက်ခံချိန်၌ ကျောင်း သားနှင့် ကျောင်း သားမိဘကို ဖတ်ရှုခိုင်းပြီး လိုက်နာ ရန်အသိပေးထား ပြီးဖြစ်ကြောင်း၊ အ ခြေခံပညာဦးစီးဌာန၏ ညွှန်ကြားချက် ဖြင့် ယင်းကဲ့သို့ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်းသိရသည်။

ယင်းအပြင် ကျောင်းသား မိဘများအနေဖြင့်လည်း ကျောင်းကြို၊ ပို့ ချိန်များတွင် သရုပ်ပျက်အဝတ်အစား များမဝတ်ဆင်ကြရန် သတိပေးထား ကြောင်း အဆိုပါဦးစီးဌာနမှ ညွှန် ကြားရေးမှူး တစ်ဦးက ပြောသည်။
တချို့သော ကျောင်းသားမိခင် များသည် ကျောင်းလာပို့ချိန်၊ ကြိုချိန် များ၌ ကျောင်းသားကျောင်းသူများ အတုယူမှားစေနိုင်သော အမြင်မတင့် တယ်သည့် ဝတ်စားဆင်ယင်မှုမျိုး များအား တွေ့ရှိနေရ သည့် အတွက် ယင်းသို့သတိပေးထားခြင်းဖြစ် ကြောင်း သိရသည်။

''ကျောင်းကို ကျောင်းနဲ့တူ အောင်၊ ကျောင်းသားကိုကျောင်းသား နဲ့တူအောင် စည်းကမ်းတွေကိုတင်း ကျပ်စွာထုတ်ပြန် ထားပါ တယ်။ တချို့ ကျောင်းသားမိဘတွေဆိုရင် မတော် တရော်တွေ ဝတ်လာကြလို့ကျောင်း သားတွေတင်မကဘဲ ကျောင်းသား မိဘတွေ ကိုပါ သတိပေးနေရတယ်''ဟုအဆိုပါ ညွှန်ကြားရေးမှူးကပြော သည်။

သားသမီးများ ကို ကျောင်းပို့၊ေ ကျာင်းကြိုပြုလုပ်ကြသည့် မိဘများ နှင့်အုပ်ထိန်းသူများကို လည်း ကျောင်း နှင့်ဝန်းကျင်တွင် အမြင်မတင့်တယ် စေသော မြန်မာ့ရိုးရာဝတ်စားဆင် ယင်မှုနှင့် ကိုက်ညီမှုမရှိသော၊ ဘောင်း ဘီအတို၊အရှည်နှင့် စကတ်အတို များ ဝတ်ဆင်မှုများရှိနေ၍ သတိပေး၊ တားမြစ် မှုများ ပြုလုပ်နေကြရ ကြောင်းသိရသည်။

ချိုချိုသန်း
[--Democracy today Daily Newspaper--]
Yangon Media Group

၂၀၁၃-၂၀၁၄ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီး ပျော်ပျော်ရွှင်ရွှင်ထွက်လာကြသည့် အ.ထ.က(၁) ဒဂုံမှ စည်းကမ်းလိုက်နာကြသည့် ကျောင်းသားကျောင်းသူများကို တွေ့ရစဉ်။ ဓာတ်ပုံ-ရဲနောင်(ဖယ်ခုံ) 
 ရန်ကုန်၊ မေ ၂၇- ယခုနှစ်ကျောင်း ဖွင့်ရာသီတွင် တက်ရောက်ကြမည့် ကျောင်းသားများအနေဖြင့် ရည်း စားမထားရဆိုသည့် စည်းကမ်းသတ် မှတ်ချက်များအပါအဝင် အခြားသော စည်းကမ်းသစ်များကို အခြေခံကျောင်း များတွင် တင်းကျပ်စွာ ထုတ်ပြန် ထား ကြောင်းသိရသည်။
လက်ရှိကျောင်းအပ်ရန် ရောက် ရှိလာကြသည့်ကျောင်းသားများကို လည်း ဆံပင်ဆေးဆိုးလာပါ က ကျောင်းအပ်လက် ခံခြင်းကိုပြုလုပ် ပေးမည်မဟုတ်ကြောင်း အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ သိရသည်။

ဘူးသီးတောင်မောင်တော နယ်စပ်လုံခြုံရေး ရဲကား ၄၅ စီး တိုးမြှင့်

ဘူးသီးတောင်နှင့် မောင်တောနယ်စပ်လုံခြုံရေး အသုံးပြုရန်အတွက် ရဲလုပ်ငန်းသုံးကားအစီးရေ (၄၅)စီး တိုးမြှင့် ချထားပေးကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ရဲတပ်ရင်းများ ကွပ်ကဲမှုဦးစီးဌာနမှ သတင်းရရှိသည်။
‘‘နယ်စပ်လုံခြုံရေးအတွက် ဖွဲ့စည်းပုံအတိုင်းပြည့်မီအောင် ထောက်/ကူပစ္စည်းတွေ ချထားပေးတာပါ။   ပြီးခဲ့တဲ့နှစ်ပတ်လောက်က နယ်စပ်မှာဖြစ်ခဲ့တဲ့ အခြေအနေတွေကြောင့်လည်း လုံခြုံရေးကို တိုးမြှင့်ချထားပါတယ်’’ဟု ရဲတပ်ရင်းများကွပ်ကဲမှုဦးစီးဌာနမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဇနီးဖြစ်သူ အသတ်ခံရချိန်တွင် ရဲက မတားဘဲ ရပ်ကြည့်နေခဲ့ကြောင်း ဆွေမျိုးများ၏ သတ်ဖြတ်ခြင်းခံရသူပါကစ္စတန်အမျိုးသမီး၏ ခင်ပွန်းထုတ်ဖော်

လာဟိုး-ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ တရားရုံးအပြင်ဘက်တွင် မိဘဆွေမျိုးများ၏ ကျောက်တုံးဖြင့် ပစ်ပေါက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသော အမျိုးသမီး၏ ခင်ပွန်းက ရဲတပ်ဖွဲ့ဝင်များသည် ၎င်း၏ဇနီးဖြစ်သူ အသတ်ခံနေရချိန်တွင် ရပ်ကြည့်နေခဲ့ကြပြီး မည်သို့မျှ တားမြစ်ခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်။
ကိုယ်ဝန်သုံးလလွယ်ထားရသည့် သေဆုံးသူ အမျိုးသမီး ဖာဇနာပါဗန်အား သူမ၏ မိဘဆွေမျိုး ၂၀ ခန့်က ၎င်းတို့ သဘောမတူသော အမျိုးသားကို လက်ထပ်သဖြင့် မကျေနပ်၍ အင်္ဂါနေ့တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ‘‘ကျွန်တော်တို့ အော်ဟစ်အကူအညီ တောင်းခဲ့ပါတယ်။ ဘယ်သူမှ နားမထောင်ခဲ့ကြပါဘူး’’ ဟု ကျန်ရစ်သူ ခင်ပွန်း မူဟမ်မက်အစ်ကဘယ်က ပြောသည်။

ရာဇ၀င်ထဲမှာ မြန်မာအသင်း ကို ထားရစ်ခဲ့

Photo: ရာဇ၀င်ထဲမှာ မြန်မာအသင်း ကို ထားရစ်ခဲ့
..............................................................
                                                                                                ဟိန်းထက်အောင်
          ၂၀၁၄ AFC Challenge Cup ပြိုင်ပွဲ ဟာ ဒီဆောင်းပါး ရေးချိန်မှာ ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ပြီးဆုံးလို့ ဗိုလ် လုပွဲအဆင့် ကို ပါလက်စတိုင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ နှစ်သင်း ထဲ က တစ်သင်း ဟာ ၂၀၁၅ ခုနှစ် သြစတြေးလျ နိုင်ငံမှာ ကျင်းပမဲ့ အာရှဖလား ( Asia Cup) ပြိုင်ပွဲ ကို ၀င်ရောက်ကစားခွင့် ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့  အာရှဖလား ကို ၁၉၆၈ ခုနှစ် က နောက်ဆုံးကစားခဲ့တဲ့ မြန်မာ အသင်း ကတော့ ပြိုင်ပွဲမှာ အုပ်စု အဆင့် နဲ့တင် အိမ်ပြန်ခဲ့ရပြီး နှစ်ပေါင်း ၄၆ အတွင်း အာရှဘောလုံး စင်မြင့် ကို ပြန်လည်တက်လှမ်း နိုင်မယ့် အခွင့်အရေး ကောင်းတစ်ခု ကို လက်လွတ်ခဲ့ရပြီ ဖြစ်ပါတယ်။
          မြန်မာ အသင်း ဟာ Challenge Cup ပြိုင်ပွဲမှာ အုပ်စု ( က) အတွင်း ပါဝင်ခဲ့ပြီး  အုပ်စုသုံးပွဲ ကစားခဲ့ရာမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ရဂိုး ( ၂ ) ဂိုး၊ ပေးဂိုး (၅) ဂိုး ရမှတ် သုံးမှတ်သာ ရရှိခဲ့ပြီး တတိယ အကြိမ်မြောက် ကစားတဲ့ယခုအကြိမ်မှာ အခုလို အုပ်စု ကနေ ပထမ ဆုံးထွက်ခဲ့ရတဲ့ မှတ်တမ်းဝင်ခဲ့ ပါတယ်။၂၀၀၈ ခုနှစ် နဲ့ ၂၀၁၀ ပြည့်နှစ် တွေ မှာ နှစ်ကြိမ်စလုံး အုပ်စု ဖြတ်ကျော်နိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး စတုတ္ထ နေရာ ရပ်တည် နိုင်ခဲ့မှု နဲနှိုင်းယှဉ်ရင် ၂၀၁၄ Challenge Cup ပြိုင်ပွဲ ကျရှုံးမှု ဟာ မြန်မာဘောလုံး ပရိသတ်တွေ အတွက် စိတ်ပျက်ဖွယ်ရာ ရလဒ်တစ်ခု လို့ ဆိုရမှာပါ။
          ပြိုင်ပွဲမှာ မြန်မာ အသင်း ဟာ အတွေ့အကြုံပိုင်း  အရ  အားသာချက် ရှိနေသလို၊ ရှေ့နှစ်ကြိမ်မှာ  စတုတ္ထနေရာ ရခဲ့ဖူးတဲ့ အနေအထား က လည်း ကျန်အသင်းတွေ ထက် အစဉ်အလာ ပိုင်း အားသာ ချက်ပါ ရှိနေပါတယ်။ ဒါပေမဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတွေ ထဲမှာ မြန်မာ အသင်းလောက် အစဉ်အလာသမိုင်းကြောင်း မရှိခဲ့တဲ့ ပါလက်စတိုင်း နဲ့ ဒေသတွင်း က နောက်ပေါက် ဖိလစ်ပိုင် လို အသင်းမျိုးတွေ နောက်ဆုံး ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ချိန်မှာ မြန်မာ အသင်း ရဲ့ အုပ်စု အဆင့် ဆိုတဲ့ ရပ်တည်မှု ဟာ လက်သင့်ခံဖို့ ခက်ခဲလှပါတယ်။ဒါကြောင့် မြန်မာ အသင်းရဲ့ ကျရှုံးမှု မှာ ဘယ်နေရာတွေ ၊ ဘယ်အပိုင်း တွေ မှာ မှားယွင်းခဲ့သလဲ ဆိုတာ အဖြေရှာရတော့ မယ့် အချိန်ရောက်လာခဲ့ပြီ လို့ ဆိုရတော့ မှာပါ။
ပြင်ဆင်ချိန်အားနည်းခဲ့
          မြန်မာ့လက်ရွေးစင် အသင်း ဟာ ၂၀၁၄ Challenge Cup ပြိုင်ပွဲအတွက် ပြီးခဲ့တဲ့  ၂၀၁၃ ခုနှစ် မတ်လ အတွင်း က အိမ်ကွင်းမှာ ခြေစစ်ပွဲ ကစားခဲ့ပြီး အုပ်စုပထမ နေရာ က ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ဒါကြောင့် ၂၀၁၄ Challenge Cup နောက်ဆုံး အဆင့်  ပြိုင်ပွဲ ကိုဝင်ရောက် ကစားဖို့ သေချာခဲ့ပြီး ပြိုင်ပွဲ အတွက် စိတ်တိုင်း ကျ ပြင်ဆင်ချိန် ရခဲ့ပါတယ်။ ဒါပြင် ရှေ့နှစ်ကြိမ်စလုံးမှာ မြောက်ကိုရီးယား အသင်း ကို မကျော်နိုင်ခဲ့တဲ့ အတွက် စတုတ္ထနေရာ သာ ရခဲ့ခြင်း လို့ ဖြေတွေး တွေးနိုင်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ မြောက်ကိုရီးယား မပါတာဟာ မြန်မာအသင်းအတွက် အခွင့်အရေးကောင်းတစ်ခု လို့ ပြောမယ် ဆို ပြောနိုင်ပါတယ်။အဲဒီ အခြေအနေ ဟာ မြန်မာ အသင်း အတွက် Challenge Cup ပြိုင်ပွဲကို အားထည့်ပြင်ဆင်ဖို့ တွန်းအားပေးတဲ့ အခြေအနေ တစ်ခုလို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီ ခြေစစ်ပွဲ အပြီးနောက်ပိုင်း လက်ရွေးစင်အသင်း ဟာ အသင်း ရယ် လို့ ပီပီပြင်ပြင် မစုဖွဲ့နိုင်ဘဲ ဆီးဂိမ်းပြင်ဆင်နေတဲ့ ယူ ၂၃ အသင်းနဲ့ရောထွေးနေခဲ့ပါတယ်။အထူး  သဖြင့် ၂၀၁၃ ခုနှစ် မတ်လနောက်ပိုင်း မှာ ယူ ၂၃ အသင်း နဲ့ ခြေစမ်းပွဲ တစ်ပွဲ ၊အောက်တိုဘာ လ ထဲမှာ ဟောင်ကောင် အသင်းနဲ့ ခြေစမ်းပွဲတစ်ပွဲ စုစုပေါင်း ခြေစမ်းပွဲ နှစ်ပွဲ သာ ကစားနိုင်ခဲ့ပါတယ်။ အဲဒီတုန်း ကတည်း က သာ အသင်း ကို စုဖွဲ့နိုင်ခဲ့နိုင်မယ် ဆိုရင် ပြိုင်ပွဲမှာ ရလဒ် အပြောင်းအလဲ ဖြစ်ကောင်း ဖြစ်လာနိုင် ပါတယ်။ ဒါပေမဲ့ မြန်မာဘောလုံး တာဝန်ရှိသူတွေ ဟာ ဆီးဂိမ်း ယူ ၂၃ အသင်းအပေါ် အာရုံစိုက်နေခဲ့ပြီး အာရှဖလား အတွက် အခွင့်အရေး ရှိနေတဲ့ လက်ရွေးစင်အသင်း ကို လှည့်မကြည့်နိုင်အားခဲ့ပါဘူး။
          အဲဒီနောက် ၂၀၁၄ ဖေဖော်ဝါရီ လလယ် ပိုင်းမှာ ဆားဘီးယား သား အေဗရာမိုဗစ် ကို နည်းပြ အဖြစ် ခန့်အပ် ခဲ့ပြီး ချိန်မှသာ လက်ရွေးစင် အသင်း အတွက် အနည်းငယ် လှုပ်ရှားသက်ဝင်လာခဲ့ပါတယ်။ ဒါတောင် လက်ရွေးစင် အသင်း စုဖွဲ့မှု ကို ချက်ချင်း မစတင်နိုင်သေးဘဲ မတ်လ ကုန်ပိုင်းရောက်မှ သာ ပမာဏ လူစာရင်း ကို ထုတ်ပြန်နိုင်ခဲ့တာပါ။အဲဒီ နောက် သင်္ကြန်ကာလ ကို ဖြတ်သန်းခဲ့ပြီး ဧပြီ လကုန်ပိုင်းမှာ စင်္ကာ ပူ S league ကလပ် Singapore Lions 12 အသင်း ၊ ထိုင်း နိုင်ငံလေ့ကျင့် ခြေစမ်း ခရီးစဉ်မှာ မြောင်ထောင်ယူနိုက်တက် ၊ ထိုင်းလက်ရွေးစင် အသင်း တွေ နဲ့ပြိုင်ပွဲမတိုင်ခင်  ခြေစမ်းပွဲ သုံးပွဲသာ ကစားနိုင်ခဲ့ပါတယ်။ဒါကြောင့် မြန်မာ အသင်း ဟာ၂၀၁၃ ခုနှစ် မတ်လ နောက်ပိုင်း ခြေစမ်း ပွဲ ( ၅ ) ပွဲ ကို ထုံ့ပိုင်း ထုံ့ပိုင်း  ကစားခဲ့ပြီး သင်္ကြန်ကာလ နဲ့ AFC Cup အတွက် ကစားသမား ပြန်လည်စေလွှတ် ရမှု ကို ဖယ်လိုက်ရင် ပြင်ဆင်ချိန်က တစ်လ စွန်းစွန်းသာ ရှိပါတယ်။
          တကယ်တော့ ပြင်ဆင်ချိန် တစ်လ ဆိုတာ လက်ရွေးစင် အသင်း တစ်သင်းအတွက် လုံလောက်တဲ့ အချိန် တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် မြန်မာ အသင်း အတွက် မလုံလောက်ဖူးဆိုတာ ပြိုင်ပွဲမှာ ရပ်တည်နိုင် တဲ့ အနေအထား က သက်သေပါဘဲ။အထူးသဖြင့် ၂၀၁၅ အာရှဖလား ပြိုင်ပွဲ ၀င်ခွင့်မျှော်လင့်ချက် ရှိနေတဲ့ အတွက် ဒီပြိုင်ပွဲမှာ အသင်း တိုင်း ဟာ ပြင်ဆင်မှုကောင်းကောင်းနဲ့ နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ဖို့ ကြိုးစား လာကြမှာ သေချာတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ဒီလို အနေအထားမှာ မြန်မာ အသင်းရဲ့ ပြိုင်ပွဲအကြို ပြင်ဆင်မှု က လျော့ရဲခဲတာကြောင့်အခုလို အုပ်စုအဆင့် နဲ့ ကျေနပ်ခဲ့ရခြင်း လည်း ဖြစ်ပါတယ်။
ကစားသမားရွေးချယ်မှု နဲ့ နည်းစနည်ပိုင်းမှားယွင်းမှု
          ပြိုင်ပွဲအုပ်စုတွင်းမှာ မြန်မာအသင်း ရင်ဆိုင်ခဲ့ရတဲ့ အသင်းတွေ ဟာ မြန်မာ ထက် အဆင့်ရပ်တည်မှု မြင့်တာ မှန်ပေမဲ့ ပြိုင်ပွဲ အတွေ့အကြုံနဲ့ အစဉ်အလာ ပိုင်းမှာ မြန်မာ ကို မှီတဲ့ အသင်း မရှိပါဘူး။ဒါပေမဲ့ မြန်မာ အသင်း ဟာ အတွေ့အကြုံကောင်းကို အသုံးမချနိုင်ခဲ့ဘဲ ပြိုင်ဘက်တွေ ရဲ့ အလဲထိုးခြင်း ကို ခံခဲ့ရပါတယ်။ ဒါဟာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်နေတဲ့ ကစားသမားတွေ ရဲ့ ရုပ်ပိုင်း စိတ်ပိုင်း အားနည်းမှုကြောင့် ဆိုရင် မှားမယ် မထင်ပါဘူး။ အထူးသဖြင့် ရန်ပိုင် ၊ ခင်မောင်လွင်၊မင်းမင်းသူ၊သီဟစည်သူ ၊ ရန်အောင်ကျော် တို့ဟာ အသက်အရွယ်အရ အကောင်းဆုံး အချိန်ကို ကျော်လွန်ခဲ့၊ ကျော်လွန်နေတဲ့ ကစားသမားတွေ ဖြစ်ပြီး မင်းမင်းသူ ဆိုရင်ပြီးခဲ့တဲ့ တစ်ရာသီလုံး ဒဏ်ရာပြဿနာ ကြောင့် အချိန်အတော်ကြာ အနားယူနေခဲ့ရတဲ့ ကစားသမား ဖြစ်ပါတယ်။
          အလားတူ သိန်းဇော်၊ ငြိမ်းချမ်းအောင်၊အောင်ဇော် တို့ ဟာ အာရှအဆင့် ပြိုင်ပွဲတစ်ခု အတွက် အဆင့် သင့် မဖြစ်သေးတာ ကိုတွေ့ရပြီး တကယ်တမ်း ဒေါင်ဒေါင်မြည် ကစားနိုင်တာ ကျော်ကိုကို ၊ ဒေးဗစ်ထန်း၊ ဇော်မင်းထွန်း တို့လောက်သာ ရှိပါတယ်။ ဒါတောင် ဒေးဗစ်ထန်း ဟာ ဒဏ်ရာ ပြဿနာကြောင့် ပွဲထွက် ခွင့် အကန့်အသတ် ရှိနေပါတယ်။ဒါတွေ အားလုံးခြုံကြည့်လိုက်ရင်  အီမ်ရှင်မော်လဒိုက်ဗ် ကိုတစ်ယောက်လျှော့ အနေအထား ကနေ  ( ၂း၃) ဂိုး အနိုင်ရတာက လွဲရင် ထူးထူးခြားခြား လုပ်မပြနိုင်ခဲ့တာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
          ဒါပြင် မြန်မာ အသင်း အသုံးပြုတဲ့ ( ၄.၃.၂.၁ ) ကစားကွက် ဟာ တိုက်စစ်ဆင်ချိန်မှာ ( ၄.၃. ၃ ) ပုံ စံ ကို အလွယ်တကူ ကူးပြောင်းနိုင်သလို၊ ခံစစ်ပြောင်းကစားရင်လည်း ခံစစ်နှစ်ထပ် ဗျူဟာကို အသုံးပြုနိုင်တဲ့ နည်းစနစ်ပါ။ ဒီ ကစားကွက် ကို ထင်ရှုးပင် ကစားကွက် ဆိုပြီး လက်ရှိ ရီးရဲမက်ဒရစ် အသင်း နည်းပြ ဖြစ်နေတဲ့ အန်ဆယ်လော့တီ အေစီမီလန် အသင်း ကိုတာဝန်ယူစဉ်က ပုံသေသုံးစွဲ ခဲ့ပြီး  နာမည်ကြိးခဲ့တဲ့ ကစားကွက် ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ အသင်းရဲ့ နည်းစနစ်မှာတော့ ရှေ့က ဂိုးတွေ မသွင်းနိုင်သလို၊ နောက်ကလည်း အိတ်ပေါက်နဲ့ ဖားကောက်ဆိုတဲ့အတိုင်းအုပ်စု  ပွဲစဉ်တိုင်း ဂိုးပေးခဲ့ရပါတယ်။အရင် နည်းပြ ပတ်ဆောင်ဟွာ လက်ထက် နဲ့ နှိုင်းယှဉ်ရင် အသင်းလိုက် ရွေ့လျားမှု တွေ ကောင်းလာပေမယ့် ကစားသမား တစ်ယောက် နဲ့ တစ်ယောက်ကြား အလှမ်းကွာဟ မှုကပြိုင်ဖက် တွေ အတွက် နေရာလွတ်တွေ များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူး သဖြင့် ဂိုး ရဖို့ တိုက်စစ်မှာ ကျော်ကိုကို တစ်ဦးတည်း ကို သာ အားကိုးနေရပြိး ပြိုင်ဖက် ကစားသမားတွေ လူကပ်ကစားလာချိန်မှာ မြန်မာ အသင်းရဲ့ တိုက်စစ်က ဆွံ့အ သွားပါတော့တယ်။ဒါကြောင့် (၃)ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ( ၅ ) ဂိုးပြန်ပေးရတဲ့ အသင်းရဲ့စွမ်းဆောင်ရည်က ဆီးမီးဖိုင်နယ် တက်ရောက်နိုင်ဖို့ ခွင့်မပြုခဲ့ဘူးလို့ ဆိုရမှာပါ။
နိုင်ငံတကာ လက်ရွေးစင်အသင်းတွေမှာမရှိ
          နောက်တစ်ခု က အသင်းမှာ ရွေးချယ်ထားတဲ့ ကစားသမားတွေရဲ လူမှန်နေရာမှန်မဖြစ်ခဲ့မှု ပါ။ နိုင်ငံတကာ လက်ရွေးစင်အသင်းတွေမှာတော့ လက်ရွေးစင် ရွေးချယ်မှု စံနှုန်း က ကလပ်အသင်းမှာ ပွဲ ထွက်ခွင့် ရမရ ဆိုတဲ့ အပေါ်မှာမှုတည်ပါတယ်။ ကစားသမားတစ်ယောက်အနေနဲ့ စွမ်းဆောင်ရည် ကောင်း ကို ပြသနိုင်ရင် သူရဲ့မိခင် ကလပ်အသင်း အနေအထား ကို လျော့ပေါ့စဉ်းစားပေးလေ့ရှိပါတယ်။ဒါပေမဲ့ ကလပ်အသင်း ဟာ လိဂ်မှာ ရုန်းကန်နေရမယ် ဒါမှမဟုတ် အသင်း  လိုက် စွမ်းဆောင်ရည်ပိုင်း ကျဆင်းနေတယ် ဆိုရင်တော့ အဲဒီ ကစားသမားတွေ အတွက် လက်ရွေးစင် အခွင့် အလမ်း က နည်းပါးသွားတတ်ပါတယ်။ အခုလည်း ကမ္ဘောဇ အသင်း က ကစားသမားတွေ ကို အဲဒီ အ ကြောင်းပြချက်နဲ့ လက်ရွေးစင်လူစာရင်းမှာ ချန်လှပ်ခဲ့ပြီး AFC Cup ပြိုင်ပွဲမှာ ဂိုးပြတ်မရှုမလှ ရှုံးနိမ့်ခဲ့တဲ့ ရန်ကုန်ယူနိုက်တက် အသင်း က ကစားသမား ( ၉ )  ယောက် ကို ရွေးချယ်ခဲ့ပါတယ်။
          ရန်ကုန်ယူနိုက်တက် ဟာ နေရှင်နယ်လိဂ်မှာ အဆင့် ၅ နေရာ ရပ်တည်ပေမယ့်ကမ္ဘောဇ ဟာ အဆင့် ၄ မှာ ရပ်တည်နေပါတယ်။ ဒါပြင် ပေးဂိုး က တစ်ပွဲတစ်ဂိုးနှုန်း ရှိနေပြီး AFC Cup ပြိုင်ပွဲ စုစုပေါင်း ၇ ပွဲ ကစားခဲ့ရာမှာလည်း တစ်ပွဲသာ ပေးဂိုးမဲ့ ခဲ့ကာ ကျန် ၆ ပွဲစလုံးဂိုးပေးခဲ့ရပါတယ်။ ဒါပြင် ရန်ကုန်အသင်း ရဲ့ အဓိက တိုက်စစ်မှုးတွေဖြစ်တဲ့ ကျော်ကိုကို ၊ အီမာဆင်၊ ဆီဇာ တို့ သာ ဂိုးတွေ သွင်းယူထားနိုင်ပေမယ့် ကျန်ပြည်တွင်း ကစားသမားတွေ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါဟာ လက်ရွေးစင် ကစားသမားရွေးချယ်မှု နောက်ကွယ် က အပေါ်ယံ အ ချက်အလက်တွေ ဖြစ်ပြီး ကျန်ရှိနေတဲ့ အချက် အလက်တွေ ရေးရင် ဆောင်းပါး ရည်ရွယ်ချက် လွဲနိုင်ပါတယ်။ဒါကြောင့် နည်းပြ အေဗရာမိုဗစ် ရဲ့လက်ရှိ လိဂ် စွမ်းဆောင်ရည်ကို အခြေခံပြီး ရွေးချယ်တာပါဆိုတဲ့ စကား က စဉ်းစားစရာကောင်းလှပါတယ်။
ကျဆင်းသွားပြီ ဖြစ်တဲ့ မြန်မာ့ဘောလုံးအဆင့်အတန်း
          မြန်မာ့လက်ရွေးစင်အသင်းရဲ့ Challenge Cup ပြိုင်ပွဲ ကျရှုံးမှု နောက်ဆက်တွဲ အဖြစ် လစဉ်ထုတ်ပြန်ပေးနေတဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ( FIFA World Ranking) မှာ ကျိန်းသေပေါက် အဆင့် ထပ်မံကျဆင်းဖွယ်ရှိပြီး ၂၀၁၆ Challenge Cup ပြိုင်ပွဲ အတွက် ခြေစစ်ပွဲစဉ်တွေမှာလည်း ခက်ခဲတဲ့ အုပ်စုတွင်း မှာ ပါဝင်ကစားရဖွယ်ရှိနေပါတယ်။အဲဒါထက် ဆိုးရွားတဲ့ အနေအထား က နှစ်ပေါင်း ၄၆ နှစ်ကြာမှ ပြည်လည်ရရှိတဲ့ အာရှဖလား ကစားခွင့်ကို အလွယ်တကူလက်လွတ်ဆုံးရှုးံခဲ့ရတဲ့ အခြေအနေ ဖြစ်ပါတယ်။အကယ်၍ မြန်မာ အသင်း သာ အာရှဖလား ပြိုင်ပွဲကြိးမှာ သာ ၀င်ကစားနိုင်ခဲ့မယ် ဆိုရင် အာဆီယံဒေသတွင်းမှာ တစ်သင်းတည်းသော အသင်းအဖြစ် ဂုဏ်ယူရမှာ ဖြစ်သလို၊ ပြိုင်ပွဲ မှာ အုပ်စု အဆင့် က ထွက်ခဲ့ရရင်တောင် အတိုင်းအတာတစ်ခု အထိ မြန်မာဘောလုံးလောကအပေါ် သက်ရောက်လာမှာ ဖြစ်လို့ ကျဆင်းနေတဲ့ ဘောလုံးအဆင့်အတန်း ကို တစ်နည်းတစ်ဖုံ မြှင့်တင်ပေးနိုင်ဖွယ်ရှိပါတယ်။
          ဒါပေမဲ့ မြန်မာအသင်း ဟာ ဟန်သာရှိ  အဆန်မရှိတဲ့ သင်္ကြန် အမြှောက်လို ဖြစ်နေခဲ့ပြီး ဒေသတွင်း က ဖိလစ်ပိုင် လို အသင်း မျိုး ရဲ့ ကျော်တက်မှု ခံလိုက်ရပြီ ဖြစ်တဲ့  မြန်မာဘောလုံးလောက အတွက်  နိုင်ငံတကာ ပြိုင်ပွဲတွေ မှာ အဆင့်အတန်းမြင့်မြင့် ကစားနိုင်ဖို့တောင် အချိန်အတော်ကြာ ယူရဦးမဲ့ သဘောရှိပါတယ်။တကယ်တော့ ဒါဟာ မျိုးစေ့မမှန်လို့ ပင်မသန်ရတဲ့ အဖြစ်မျိုးလို့ဆိုနိုင်ပြီး အာဆီယံဒေသတွင်းမှာ တောင် တစ်က ပြန်စရမဲ့ အနေအထား ကို ရောက်သွားခဲ့ပါပြီ။ဒါကြောင့်  ဘူတာ ကို ဘယ်အချိန်ဆိုက်ရောက်လာမယ်  မှန်း မသိ နိုင်တဲ့ မြန်မာ့မီးရထားလိုဘဲ ဘယ်အချိန်မှာအောင်မြင်မှု ရမယ်မှန်း မသိနိုင်တဲ့ မြန်မာ့ဘောလုံး အောင်မြင်မှု ကို  ပရိသတ်တွေ အ နေနဲ့ စိတ်ရှည်လက်ရှည်စောင့်ရုံမှ တစ်ပါး အခြားမရှိတော့ပါကြောင်း။။။
ဟိန်းထက်အောင်
၂၀၁၄ AFC Challenge Cup ပြိုင်ပွဲ ဟာ ဒီဆောင်းပါး ရေးချိန်မှာ ဆီမီးဖိုင်နယ် ပွဲစဉ်တွေ ပြီးဆုံးလို့ ဗိုလ် လုပွဲအဆင့် ကို ပါလက်စတိုင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ နှစ်သင်း ထဲ က တစ်သင်း ဟာ ၂၀၁၅ ခုနှစ် သြစတြေးလျ နိုင်ငံမှာ ကျင်းပမဲ့ အာရှဖလား ( Asia Cup) ပြိုင်ပွဲ ကို ၀င်ရောက်ကစားခွင့် ရရှိမှာဖြစ်ပါတယ်။ဒါပေမဲ့ အာရှဖလား ကို ၁၉၆၈ ခုနှစ် က နောက်ဆုံးကစားခဲ့တဲ့ မြန်မာ အသင်း ကတော့ ပြိုင်ပွဲမှာ အုပ်စု အဆင့် နဲ့တင် အိမ်ပြန်ခဲ့ရပြီး နှစ်ပေါင်း ၄၆ အတွင်း အာရှဘောလုံး စင်မြင့် ကို ပြန်လည်တက်လှမ်း နိုင်မယ့် အခွင့်အရေး ကောင်းတစ်ခု ကို လက်လွတ်ခဲ့ရပြီ ဖြစ်ပါတယ်။
မြန်မာ အသင်း ဟာ Challenge Cup ပြိုင်ပွဲမှာ အုပ်စု ( က) အတွင်း ပါဝင်ခဲ့ပြီး အုပ်စုသုံးပွဲ ကစားခဲ့ရာမှာ ၁ ပွဲနိုင်၊ ၂ ပွဲရှုံး၊ ရဂိုး ( ၂ ) ဂိုး၊ ပေးဂိုး (၅) ဂိုး ရမှတ် သုံးမှတ်သာ ရရှိခဲ့ပြီး တတိယ အကြိမ်မြောက်

ဓာတ်ငွေ့ အရောင်းဆိုင်ရှိ ထရန်စဖော်မာအိုး ပေါက်ကွဲရာမှ ယာဉ်သုံးစီး ပျက်စီး၊ တစ်ဦး ဒဏ်ရာရ

မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် ကျေးရွာအုပ်စု ရှမ်းစုကျေးရွာ၊ ရန်ကုန်-ပြည် လမ်းဘေးရှိ လှော်ကား သဘာဝဓာတ်ငွေ့ အရောင်းဆိုင်တွင် မေလ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်က ထရန်စဖော်မာအိုး ပေါက်ကွဲမှုကြောင့် ခရီးသည်တင် ယာဉ်တစ်စီးနှင့် ကိုယ်ပိုင် ယာဉ် နှစ်စီး၏ လေကာ မှန်နှင့် ဘေးမှန်များ ကွဲထွက်ပျက်စီးခဲ့ပြီး အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
အဆိုပါ သဘာဝဓာတ်ငွေ့ အရောင်းဆိုင် ဝင်ပေါက်တွင် တပ်ဆင်ထားသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဌာနပိုင် ထရန်စဖော်မာ CT ကွိုင်အိုး ရှော့ခ်ဖြစ်ရာမှ မီးပွားစင်ကာ အနီးရှိ မြက်ခြောက်များသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း၊ ယင်းမှတစ်ဆင့် ထရန်စဖော်မာ ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ပြီး၊ ယင်းပေါက်ကွဲမှုကြောင့် ထရန်စဖော်အိုးရှိ ကြွေသီးများ လွင့်စင်ရာမှ မော်တော်ယာဉ်နှင့် ခရီးသည် အမျိုးသမီးကို ထိမှန်ခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

၄၃၆ ပြင်ရေး ဘာဆက်ဖြစ်လာနိုင်သလဲ

ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ ၈၈ ပွင့်လင်းအဖွဲ့ ပူးပေါင်း အကောင်အထည်ဖော်နေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပုဒ်မ ၄၃၆ ပြင်ရေး လှုပ်ရှားမှုအရှိန်ရစပြုနေပါပြီ။ မေလ ၂၇ ရက်ကဆို ၄၃၆ ပြင်ရေး လက်မှတ်ရေးထိုးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ခေါင်းဆောင်တွေနဲ့ တိုင်းသိပြည်သိ အနုပညာရှင်တွေ ပါဝင်လက်မှတ်ထိုးရင်း အစပြုပေးလိုက်ပါတယ်။ တစ်ပြိုင်နက်တည်း တစ်တိုင်းပြည်လုံးမှာရှိတဲ့ အင်န်အယ်လ်ဒီ ရုံးတွေနဲ့ ၈၈ ပွင်းလင်းအဖွဲ့ ရုံးတွေမှာလည်း လက်မှတ်ထိုးနိုင်အောင် ပြင်ဆင် ပေးထားကြပါပြီ။ အခြားတစ်ဖက်မှာတော့ ၄၃၆ မပြင်ရေး ကျိုးတိုးကျဲတဲ ဆန္ဒပြပွဲတချို့ နေပြည်တော်မှာ ပေါ်လာသလို နိုင်ငံရေးပါတီတွေရဲ့ ပြိုင်ပွဲကို ဒိုင်လူကြီးလုပ်ပေးမယ်ဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟောပြောချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေက ခွင့်ပြုထားတဲ့ဘောင်ကို ကျော်နေတယ်ဆိုပြီး သတိပေးမှုတွေ လုပ်လာနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၃၆ ပြင်ရေးလှုပ်ရှားမှု အောင်မြင်နိုင်ပါ့မလား၊ ဘာအခက်အခဲတွေတွေ့နိုင်မလဲ၊ ဘာတွေဆုံးရှုံးနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ပုရိသတွေ အကြိုက်တွေ့ခဲ့တဲ့ ဟော်လန်က ကမ္ဘာ့ဖလားပြိုင်ပွဲ

“အန်တီက ဘယ်တုန်းက ဥပဒေကို ချိုးဖောက်ခဲ့ဖူးလို့လဲ” ဟု ရွေးကောက်ပွဲကော်မရှင်သို့ ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်ပြောဆို

တပ်မတော်ကို ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံရန် လူသိရှင်ကြားတိုက်တွန်းပြောဆိုနေသည့် ဒေါ်အောင် ဆန်းစုကြည်၏ ဟောပြောမှုများသည် အခြေခံဥပဒေကို ကျော်လွန်နေ သည်ဟူ၍ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်က သတိပေးလာခေင်းအပေါ် မိမိသည် မည်သည့်အခါကမျှ ဥပဒေကို ချိုးဖောက်သူမ ဟုတ်ဟု ကာယကံ ရှင်က မေ ၂၈ ရက်တွင် တုံ့ပြန်လိုက် သည်။
“အန်တီက ဘယ်တုန်းက ဥပဒေကို ချိုးဖောက်ခဲ့ဖူးလို့လဲ” ဟု ဒေါ်အောင်ဆန်း စုကြည်က ယနေ့စတင် သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဒသမပုံမှန်အစည်း အဝေးမစတင်မီ မဇ္ဈိမ၏ မေးမြန်းမှုကို ယင်း သို့ ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

လိင်ပိုင်ဆိုင်ရာ ကျူးလွန်နေသည့် သံဃာများအား ထိုင်းရဲတပ်ဖွဲ့ နိမ်နင်း


ဒုတိယ ကမ္ဘာစစ်အတွင်းက မြုပ်နှံထားသည့် ဂျပန်တို့ ၏ ရွှေသိုက်အား ရွာသားများတူးဖေါ်တွေ့ ရှိ

ပုသိမ်တွင် ကြွက်များ သေဆုံးမှု ကူးစက်ရောဂါကြောင့် မဟုတ်၍ အန္တရာယ် မရှိဟုဆို

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရှောပြာကျေးရွာရှိ နေအိမ်များနှင့် အခြေခံပညာ အထက်တန်းကျောင်းခွဲတို့တွင် ကြွက်များ အစုလိုက်အပြုံလိုက် သေဆုံးခဲ့မှုသည် အစာအဆိပ်သင့်ခြင်းနှင့် ကူးစက်ရောဂါတို့ကြောင့် သေဆုံးခြင်း မဟုတ်၍ ဒေသခံများအတွက် အန္တရာယ် မရှိကြောင်း ရန်ကုန်မြို့တော်ရှိ စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်)၊ သီးနှံကာကွယ်ရေး ဌာနခွဲမှ ကြွက်ဂေဟ ပညာရှင် ဒေါက်တာညိုမီထွေးက ပြောကြားသည်။
“သေဆုံးတဲ့ ကြွက်တွေမှာ အသည်း ရှိနေတဲ့အတွက် ဓာတုပစ္စည်းတွေကြောင့် အစာအဆိပ်သင့်တာ မဟုတ်ဘူး၊ သူတို့ အစာအိမ်ထဲမှာ မီးသွေးမှုန့်၊ အုန်းဆံမှုန့်၊ ကြွက်အမြီး ပြတ်ငယ်တွေ၊ အမွေးစုတွေ ရှိနေတာ ဖြစ်တဲ့အတွက် အစာပြတ်တဲ့ အချိန်မှာ အချင်းချင်း ကိုက်ဖြတ် စားသောက်လို့ သေဆုံးတယ်လို့ ယူဆလို့ ရတယ်။ ပလိပ်ရောဂါကြောင့် ဆိုရင် အသက်နုတဲ့ ကြွက်ဝမ်းပူ (အိမ်ကြွက်) တွေက အရင်သေဆုံးရမယ်” ဟု ဒေါက်တာညိုမီထွေးက ရှင်းပြသည်။

မြန်မာပြည်ဟာ အမေရိကန်ရဲ့ မိတ်ဆွေသစ် ဖြစ်လာနိုင်တယ်လို့ အိုဘားမားပြောကြား

အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက မြန်မာပြည်ရဲ့ လက်ရှိဒီမို ကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ မိတ်ဆွေသစ်ဖြစ်လာပါလိမ့်မယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

နယူးယောက်ပြည်နယ်ရှိ West Point ခေါ် အမေရိကန် စစ်တက္ကသိုလ် မှာ မနေ့ကကျင်းပတဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ သမ္မတအိုဘားမားက လွန်ခဲ့ တဲ့နှစ်အနည်းငယ်က အင်မတန်ဆိုးဝါးတဲ့ အာဏာရှင်စံနစ်ကျင့်သုံးပြီး အမေရိကန်ပြည်ထောင်စုကို ရန်သူလိုဆက်ဆံခဲ့တဲ့ မြန်မာပြည်ဟာ အခုပြောင်းလဲနေပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

အငြင်းပွားဖွယ်များကြောင့် လယ်/ဆည် ဝန်ကြီးဌာန၏ ပြည်ပချေးငွေ ကန်ဒေါ်လာ ၁၃၆ သန်း လွှတ်တော် အတည်မပြု

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု ရန်ပုံ ငွေအဖွဲ့ (IFAD) တို့ထံမှ စိုက်ပျိုးရေး စီမံကိန်းများတွင် အသုံးပြုရန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃၆ သန်း ချေးယူရန် အဆိုပြုမှုကို ပြည်ထောင်စု လွှတ်တော်က အတည်မပြုကြောင်း လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

နေပြည်တော်၌ မေလ ၂၈ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေး ပထမနေ့တွင် ယင်းသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
လယ်/ဆည် ဝန်ကြီးဌာန၏ အဆိုပြုချက်ကို လွှတ်တော်ကိုယ်စားလှယ်များက မူအားဖြင့်

ငရဲမီးလောင်ခြင်း ဖြစ်ခဲ့ရင်

Photo: ငရဲမီးလောင်ခြင်း ဖြစ်ခဲ့ရင်
Thursday, May 29, 2014

ငရဲမီး (ဆာလ်ဖျူရစ်အက်စစ်) လောင်ရင် လောင်တဲ့နေရာ ကို ရေ များများ လောင်းပြီး ဆေးရမယ်။

ပြီးတဲ့နောက် ရေနွေး တစ်ခွက်ထဲသို့ အဝတ်လျှော် ဆိုဒါနဲ့ မုန့်ဖုတ်ဆော်ဒါ နှစ်ဇွန်းခန့်စီ ထည့်ပြီး ဖျော်ထားတဲ့ ရေနဲ့ ဆေးနိုင်တယ်။ အခြား အပူလောင်ခြင်းများကို ပြုစု ကာကွယ်တဲ့ နည်းများအတိုင်းလည်း ပြုစုနိုင်တယ်။ ဒါပေမဲ့ ငရဲမီး စိုနေတဲ့ အဝတ် အစားများကို ဖယ်ရှားရမယ်။

အဲဒီ အဝတ်များကနေ ပြုစုသူကို အပူမလောင်စေဖို့ သတိထားရမယ်။ အယ်ကာလီ (မဖောက်ထုံး) အပူ လောင်ပါက လောင်တဲ့ နေရာက ထုံးများ၊ ဘေ့စ်များ ခါချပါ။ ရေများများနဲ့ ဆေးကြောရမယ်။ အပူလောင်တဲ့ နေရာကို ရှလပတ်ရည် သို့မဟုတ် ရှောက်ရည် စသည်တို့ကို ရေနွေးနှင့် အတူဖျော်ထားတဲ့ အချဉ်ရည်နဲ့ လောင်းချရမယ်။ အခြားသော အပူလောင်ခြင်းများကို ပြုစုနည်းအတိုင်း ပြုစုရမယ်။ ပြုစုပေးသူ အနေနဲ့ လိုအပ်တဲ့ ကာကွယ်မှုများ ယူပြီး စိုနေတဲ့ အဝတ်များကို ဖယ်ရှားရမယ်။ မျက်စိများကို ဓာတုဗေဒ ဆေးရည်ကြောင့် အပူလောင်ပါက မျက်စိကို ရေသန့်ထဲမှာ ဖွင့်ချည်၊ ပိတ်ချည် လုပ်ရမယ်။ ရေများများနဲ့ မျက်စိပေါ် လောင်းချရမယ်။ တက်ထရာဆိုင်ကလင်း မျက်စဉ်းတောင့် ထည့်နိုင်တယ်။ ဂွမ်းစခံ၍ ပတ်တီး စည်းပြီး ဆေးရုံ၊ ဆေးခန်း သွားပြသင့် ပါတယ်။ ဓာတုဗေဒ အဆိပ်ငွေ့များနဲ့ အရည်များ တိုက်ရိုက် ထိခိုက်မှု ခံရပါက တတ်နိုင်သမျှ ယင်း စက်ကွင်းမှ အပြင်သို့ ရောက်အောင်၊ ဆေးရုံ၊ ဆေးခန်းသို့ ရောက်အောင် ရွှေ့ပြောင်း ပေးရမယ်။ လူကို သေစေတဲ့ ဓာတ်ငွေ့များ ရှိနိုင်သလို၊ လောင်ကျွမ်း စိမ့်ဝင် ဒုက္ခရောက်စေတဲ့ ဆေးရည်များ ရှိနိုင်တယ်။ အကောင်းဆုံး နည်းက ထိခိုက်ခံရတဲ့ နေရာက မျက်နှာဖုံးစွပ် အကူအညီယူပြီး လူနာကို သွားရောက် ပွေ့ချီ ကယ်ဆယ်ရမယ်။ စက်ကွင်းမှ လွတ်ရာ အနီးဆုံး ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင် ပေးရမယ်။ ပေါက်ကွဲစေတဲ့၊ လောင်ကျွမ်းစေတဲ့ ဓာတုပစ္စည်းမှန်း သိရှိပါက လူနာကို တစ်ခါတည်း ပြောပြရမယ်။ လူနာကို နှစ်သိမ့် ဆွေးနွေးပေးရမယ်။ ခန္ဓာကိုယ်တွင်းမှာ အကြွင်းအကျန် မရှိရအောင် ရေသန့်နဲ့ လောင်းချ ဆေးကြောခြင်း လုပ်သင့်တယ်။ ဆေးရုံရောက်လို့ အသက်ရှူ မွန်းကျပ် နေသူဖြစ်ပါက အောက်ဆီဂျင် ပေးဖို့ ပြောရမယ်။ သွေးလန့်မှု ရှိရင် တစ်ခဏချင်း ကုသမှု ခံယူရမယ်။ အရေပြား၊ အင်္ဂါများ ထိခိုက်မှု ရှိ၊ မရှိ သေသေချာချာ စစ်ဆေး၍ လူနာကို ဆရာဝန်ထံမှာ အပ်ပေးရမယ်။ လူနာရဲ့ ဆွေမျိုးများကို အသိပေးရမယ်။ လူနာကို နှစ်သိမ့် ဆွေးနွေး ပေးရသလို များပြားစွာသော လူနာများထဲမှ အရေးပေါ်၊ အရေးကြီး၊ သာမန်၊ အသင့်အတင့်၊ စိုးရိမ်စရာမလို လူနာများ ခွဲခြားကာ တတ်နိုင် သလောက် လူနာ သေဆုံးမှု မရှိစေရေး တတ်ကျွမ်း သလောက် လုပ်ဆောင် ပေးရမယ်။ မိမိနဲ့ ကူညီသူများ ဟာ ဓာတ်ငွေ့ကာ မျက်နှာဖုံးများ တပ်ထားရသလို လူနာကိုလည်း လိုအပ်ပါက တပ်ဆင် ပေးသင့်တယ်။ ဓာတု ဆေးဝါးကြောင့် အပူလောင်ခြင်းဟာ သေဆုံးတဲ့အထိ၊ တစ်ဘဝလုံး ချို့ယွင်းတဲ့အထိ ဖြစ်နိုင်လို့ တတ်ကျွမ်းတဲ့ ပညာရှင်များ ထံ အချိန်မီ ရောက်ရှိဖို့ လိုတယ်။ ။

ဒေါက်တာလွင်သန့်(ဆေး-၂)

မြ၀တီ
ငရဲမီး (ဆာလ်ဖျူရစ်အက်စစ်) လောင်ရင် လောင်တဲ့နေရာ ကို ရေ များများ လောင်းပြီး ဆေးရမယ်။

ပြီးတဲ့နောက် ရေနွေး တစ်ခွက်ထဲသို့ အဝတ်လျှော် ဆိုဒါနဲ့ မုန့်ဖုတ်ဆော်ဒါ နှစ်ဇွန်းခန့်စီ ထည့်ပြီး ဖျော် ထားတဲ့ ရေနဲ့ ဆေးနိုင်တယ်။ အခြား အပူလောင်ခြင်းများကို ပြုစု ကာကွယ်တဲ့ နည်းများ အတိုင်းလည်း ပြုစုနိုင်တယ်။ ဒါပေမဲ့ ငရဲမီး စိုနေတဲ့ အဝတ် အစားများကို ဖယ်ရှားရမယ်။

အဲဒီ အဝတ်များကနေ ပြုစုသူကို အပူမလောင်စေဖို့ သတိထားရမယ်။ အယ်ကာလီ (မဖောက်ထုံး) အပူ လောင်ပါက လောင်တဲ့ နေရာက ထုံးများ၊ ဘေ့စ်များ ခါချပါ။ ရေများများနဲ့ ဆေးကြောရမယ်။ အပူလောင်တဲ့ နေရာကို ရှလပတ်ရည် သို့မဟုတ် ရှောက်ရည် စသည်တို့ကို ရေနွေးနှင့် အတူဖျော်ထားတဲ့

တောင်ကိုရီးယား သက်ကြီးရွယ်အို ဆေးရုံ မီးလောင်၊ ၂၁ ဦး သေဆုံး

ယခုလပိုင်းအတွင်း မတော်တဆမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလျက် ရှိသော တောင် ကိုရီးယားနိုင်ငံတွင် ဗုဒ္ဓဟူးနေ့ အစောပိုင်းက သက်ကြီးရွယ်အို ဆေးရုံတစ်ခု၌ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၂၁ ဦး သေဆုံးကာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု CNA သတင်းဌာနတွင် ဖော်ပြထားသည်။
အဆိုပါ မီးလောင်မှုမှာ တောင်ကိုရီးယားနိုင်ငံ၏ မြို့တော် ဆိုးလ်မြို့၏ တောင်ဘက် မိုင် ၁၉၀ ခန့် အကွာတွင် တည်ရှိသော ဂျန်ဆောင်းကောင်တီရှိ သက်ကြီးရွယ်အို ဆေးရုံ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“မီးလောင်မှုကြောင့် ၂၁ ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒဏ်ရာ ရရှိထားသူတွေထဲက တချို့က အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်” ဟူ ဂျန်ဆောင်းကောင်တီ မီးသတ်ဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

မိန်းမလျာက ဒီဇိုင်းရေးသူ တစ်ယောက်ကို ကတ်ကြေးနှင့် ထိုးသတ်ခဲ့

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၇၂-လမ်း၊ သိပ္ပံလမ်းအနီးတွင် မေ ၂၆ရက် မွန်းတည့် ၁၂နာရီကျော်က ဒီဇိုင်းရေးသူ လူငယ်တစ်ဦးကို ၀မ်းဗိုက်နှင့် ရင်အုံတွင် ထိုးသွင်း ဒဏ်ရာများဖြင့်တွေ့ ရှိရ၍ ဆေးရုံသို့သယ်ဆောင် စဉ် လမ်းခရီးတွင်သေဆုံးခဲ့ရာမှာ ပဏာမစစ်ချက်များအရ မိန်းမလျာတစ်ဦးက ကတ်ကြေးဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ဖြစ်စဉ်မှာ ဒေ၀ါကျော်သည် မသေဆုံးမီ ၎င်းထံသို့အမြန်လာရန် ဖုန်းဆက် သွယ်ပြောကြားသဖြင့် ၎င်း၏ဇနီးနှင့် အစ်ကိုဝမ်းကွဲတို့က အခင်းဖြစ်နေ ရာ သို့ ရောက်ရှိခဲ့ကြောင်း၊ သိပ္ပံလမ်းနှင့်ကိုက် ၅၀အကွာ၇၂လမ်းအရှေ့ဘက် လမ်းဘေးတွင် ဒေ၀ါကျော်မှာဝမ်းဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်၊ယာအုံထိုး သွင်း ဒဏ်ရာတစ်ချက်တို့ဖြင့် အပြင်း အထန်ဒဏ်ရာရရှိနေ၍၎င်းကို ဆေးရုံသို့ တင်ပို့ရာမှ လမ်းခရီးတွင်သေဆုံးခဲ့ရာ မေ ၂၇ရက်တွင် မနေနွယ်လင်း မှ (ပ) ၃၅၆/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၂ အရ အမှုဖွင့်ထားကြောင်းသိရသည်။

ကမ္ဘာ့အသန်ဆုံး လူငယ်လေးများ

ရိုမေးနီးယားလူငယ်လေးတွေဖြစ်တဲ့ အသက် ၉ နှစ်အရွယ် Giuliano Stroe နဲ့ အသက် ၇ နှစ်အရွယ် သူ့ညီ Claudiu တို့ဟာ နေ့စဉ် အလေးမ လေ့ကျင့်ခန်းနဲ့ အပြေးအပါအဝင် ကြွက်သား မာကြောစေတဲ့ 
လေ့ကျင့်ခန်းတွေ လုပ်ကြပါတယ်။ 

ဒေါ်စု၏ တဖက် သက် စွပ်စွဲ ပြောဆို မှုများ အား အမျိုး သမီး စစ်သည် တစ်ဦး မှ ကန့်ကွက်

Photo: ဒေါ်စု၏ တဖက် သက် စွပ်စွဲ ပြောဆို မှုများ အား အမျိုး သမီး စစ်သည် တစ်ဦး မှ ကန့်ကွက်
Thursday, May 29, 2014

အန်တီစုရဲ့ မိန့်ခွန်းတိုင်းလိုလိုကို လေးလေးစာစားနဲ့ စိတ်ဝင်တစာနာထောင် လေ့ရှိပါတယ်။

နိုင်ငံရေးကို စိတ်မဝင်စားပေမယ့် နိုင်ငံရေးက ကိုယ့်ကို စိတ်ဝင်စားနေတယ် ဆိုတဲ့ အန်တီစု စကား ကိုလည်း အလေးအနက်ထားတာကြောင့်ရယ် အန်တီစုကို ပုဂ္ဂိုလ်ရေးအရ လေးစားတာကြောင့်ရယ်ပါ..

အခုနောက်ပိုင်း အန်တီစု မိန့်ခွန်းတွေဟာ တဖြည်းဖြည်းနဲ့ ရန်လိုမှုတွေပါလာတာကို သတိထားမိပါတယ်…

ဒီကနေ့ ရန်ကုန်မှာ အန်တီစုပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ကျွန်မတို့ တပ်မတော်သား တွေကို အဓိပ္ပါယ်မဲ့ တိုက်ခိုက်မှုတွေ အများကြီးပါနေပါတယ်…

“အခုဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ကျွန်မတို့ သာမန်ပြည်သူများနဲ့ တပ်မတော်သားများကြားမှာ ခွဲခြားထားတဲ့ တန်းတူညီမျှမှုမရှိတဲ့ ဥပဒေဖြစ်ပါတယ်။ ဒီလိုခွဲခြားထားတာက နိုင်ငံတော်ကိုလည် အကျိုးမပြုပါဘူး၊ တပ်မတော်ကိုလည်း အကျိုးမပြုပါဘူး”

လို့ အန်တီစုက ပြောပါတယ်။ တပ်မတော်အတွက် အကျိုးမပြုဘူး…. တပ်မတော်သားတွေက ကိုယ့်ကျိုးအတွက် လုပ်နေတာ မဟုတ်ဘူး… ဆိုတာ အန်တီစု သိပြီသားဖြစ်နေမှတော့ ဘာအတွက် တပ်မတော်သားတွေကို ပြဿနာရှာနေစရာလိုနေသေးလို့လဲ…. ပြီတော့ ၂၀၀၈ အခြေခံဥပဒေက တပ်မတော်နဲ့ ပြည်သူကို တန်းတူမရှိအောင် ခွဲခြားထာတယ် ပြောရအောင် ဥပဒေ ထဲမှာ တပ်မတော်သားတွေကို ပြည်သူတွေထက် ဘာတွေ ပိုပေးရမယ်၊ ဘာအခွင့်အရေးတွေ ရရမယ်လို့များ ပါနေလို့လဲ… အမှန်တကယ် တပ်မတော်နဲ့ ပြည်သူကို ခွဲနေတာက အန်တီစုကိုယ်တိုင်ပါ.. လွှတ်တော်ထဲမှာ တပ်မတော်သားတွေနဲ့ ပြည်သူတွေ တန်းတူညီတူ ထိုင်နေတာကို မထိုင်ရဘူးအော်နေတာ အန်တီစုပဲမဟုတ်ပါလား… သေချာလည် စဉ်းစားစေချင်ပါတယ်…

“ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်တာဟာ ပြည်သူက တပ်မတော်မယုံဘူး၊ တပ်မတော်ကလည်း ပြည်သူကို မယုံဘူး”

လို့ အန်တီစုကပြောခဲ့တယ်။ ကျွန်မတို့ တပ်မတော်သား အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်အားလုံးဟာ ပြည်သူကို ယုံကြည်ပြီးသားဖြစ်ပါတယ်… ကြိုက်တဲ့ တပ်မတော်သားကို မေးကြည့်လို့ရပါတယ်… အန်တီစုကို ဘယ်တပ်မတော်သား တစ်ဦးဦးကများ ပြည်သူကို မယုံဘူးလို့ ပြောခဲ့ဖူးတာရှိပါသလဲ…. မရှိပဲနဲ့ စွပ်စွဲပြောဆိုတာဆိုရင်တော့ အန်တီစုဖက်က သိက္ခာရှိရှိ ပြန်တောင်းပန်သင့်ပါတယ်…. ကျွန်မတို့ကိုယ်တိုင်ကလည် ပြည်သူထဲက ပေါက်ဖွာလာတဲ့ လူသားတွေဖြစ်ပါတယ်.. မိုးပေါ်က ကျလာတာ မဟုတ်ပါဘူး… ကျွန်မတို့ နယ်လှည့်ဆေးကုချိန်မှာ ပြည်သူတွေက ကျွန်မတို့ကို ယုံကြည်မှုရှိရုံတင်မကပါဘူး.. ယုံလည်ယုံကြည်ပါတယ်.. အားလည်းအာကိုးပါတယ်… အမှန်ကတော့ ပြည်သူနဲ့ တပ်မတော်ကို မယုံတာက အန်တီစု ကိုယ်တိုင်ပါ…. အန်တီစုကလည်း ပြည်သူနဲ့ တပ်မတော်ကို ယုံတယ်ဆိုရင်.. အန်တီစုကိုလည်း ပြည်သူနဲ့ တပ်မတော်က ယုံတယ်ဆိုရင် အန်တီစု အခုလို အာပေါက်အောင်နယ်တကာလှည့် လိုက်ပြောနေစရာမလိုပါဘူး… အိမ်မှာ ပြန်ထိုင်နေလိုက်ပါ… ၂၀၁၅ မှာ အန်တီစု သမ္မတဖြစ်ပါလိမ့်မယ်… အန်တီစုကိုယ်တိုင်က ပြည်သူနဲ့ တပ်မတော်တင် မကပဲ ကိုယ့်ကိုယ်ကိုတောင် မယုံလို့သာ အခုလို လိုက်အော်နေရတာပါ…

“ကျွန်မတို့နိုင်ငံမှာ အစိုးရနဲ့ အာဏာရှိသူများကို မဝေဖန်ရဲကြဘူး…”
တဲ့..

အန်တီ့ စကားက ရီစရာ အရမ်းကောင်းပါတယ်… အန်တီ ဂျာနယ်မဖတ်လို့လား… Facebook မသုံလို့လား… ဒါမှမဟုတ် မြင်ချင်တာပဲ မြင်ပြီ မမြင်ချင်တာကို ကျော်သွားလို့လား… တစ်ခုခုပါပဲ… အဆင့်တန်းရှိရှိ ဝေဖန်တတ်ဖို့ကတော့ အန်တီနဲ့ နီးစပ်သူတွေနဲ့ အန်တီတို့ ပါတီဝင်တွေကို အရင်သင်ကြားပေးစေချင်ပါတယ်….

“၄၃၆ ဟာ တပ်မတော်သားတွေကို အထူးအခွင့်အရေးပေးထာတဲ့ ဥပဒေဖြစ်တယ်… တပ်မတော်သားတွေကို မေတ္တာရပ်ခံချင်ပါတယ်။ အခြားပြည်သူများထက် ပိုပြီးတော့ အခွင့်အရေး ရနေတာဟာ တကယ်ပဲ ဝမ်းသာစရာဟုတ်ရဲ့လား.. ကိုယ့်ဘေးလူတွေထက် ကိုယ်က လက်နက်အာဏာကြောင့် အထူအခွင့်အရေးရနေတာဟာ သိက္ခာရှိရဲ့လား.. ကိုယ့်အတွက်ကောင်းရဲ့လား”

လို့ အန်တီက ပြောပါတယ်။ ကျွန်မတို့ ဘာတွေများ အထူးအခွင့်အရေးရနေတာရှိလို့လဲ… ကျွန်မတို့ စားနေတဲ့ အစားအသောက် တွေကို အန်တီစားနိုင်ပါ့မလား… အန်တီအခု ရန်ကုန်ကနေ မန္တလေးကို လေယာဉ်နဲ့ သွားနေချိန်မှာ ကျွန်မတို့ တပ်မတော်သာတွေ ရထားတောင် အနိုင်နိုင်ပါ… နေရတဲ့ အိမ်တွေ၊ လိုင်းခန်းတွေလည် လာကြည့်ပါအုံး.. အခု အန်တီစီးနေတဲ့ ကားမျိုး မစီးရရင်နေပါစေ.. တွန်းပြီး စက်မနှိုးရတဲ့ FAW ကားလောက် ဆိုရင်ကျွန်မတို့ ဝမ်းသာလှပါပြီ… အဲဒါ အထူးအခွင့်အရေတဲ့လား… ကိုယ့်ဘေးက လူတွေထက် ကိုယ်က အထူအခွင့်အရေး ရသတဲ့လား… ကျွန်မ သူငယ်ချင် ၉၀% က ကျွန်မထက် ချမ်းသာနေကြပါတယ်… ၅၀% က နိုင်ငံခြားမှာပါ.. တစ်ခါတစ်ရံ ကျွန်မတို့ သူငယ်ချင်းတွေ ဆုံလို့ရှိရင် ကျွန်မမှ အဝတ်အစားကောင်းကောင်း မဝတ်နိုင်လို့ သူငယ်ချင်တွေက သနားပြီး အလုပ်ထွက်လာဖို့နဲ့ သူတို့ဆီလာဖို့ အမြဲအခေါ်ခံရပါတယ်… အဲဒါ အန်တီပြောတဲ့ ကိုယ့်ဘေးကလူထက် ပိုပြီးရနေတဲ့ အခွင့်အရေးတဲ့လား….

အန်တီကပြောတယ်

“ဖေဖေက တပ်မတော်ထဲမှာနေရတာ ပိုမြတ်နိုးတယ်… သူ့သဘာဝနဲ့ ကိုက်တယ်… စည်းကမ်းရှိတယ်..၊ ပင်ပင်ပန်းပန်းနေရတယ်..၊ ဆင်းဆင်းရဲရဲနေတတ်တယ်…၊ စွန့်လွတ်ချင်တယ်….”

တဲ့.. တပ်မတော်သားတွေက ပင်ပင်ပန်းပန် ဆင်းဆင်းရဲရဲနေရတာ.. စည်းကမ်းနဲ့နေရတာ… မိသားစုတွေ.. သံယောဇင်တွေ.. စွန့်လွှတ်ရတာ အန်တီ သိသားနဲ့ ဘာကြောင့် အန်တီ့စကားတွေ က ရှေ့နောက် မညီဖြစ်နေရတာလဲ….

“ကျွန်မ တစိုက်မက်မက်ပြောခဲ့တယ် တပ်မတော်အပေါ် မေတ္တာထားတယ်”
“ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်မို့…”

တဲ့…. ဘယ်လိုမေတ္တာတွေများထားတာလဲ… အန်တီစုရဲ့ ဖခင်က ဗိုလ်ချုပ်အောင်ဆန်းပါ… တပ်မတော်ရဲ့ ဖခင်ကလည်း ဗိုလ်ချုပ်အောင်ဆန်းပါ… အန်တီစုနဲ့ တပ်မတော်က မောင်နှမတွေပါ.. ဒါပေမယ့် အန်တီစုက မောင်နှမလိုလည်း သဘောမထားတာ တစ်ခါမှမတွေ့ခဲ့ဖူးဘူး… တစ်ခုတော့ ရှိတာပေါ့ မောင်နှမ အရင်း ဦအောင်ဆန်းဦး နဲ့တောင် ရန်သူလိုသဘောထားနေတာဆိုတော့ တပ်မတော်ကိုလည် ရန်သူလို သဘောထာတာလည်း မဆန်ပါဘူး….

“သိက္ခာရှိစေချင်တယ်၊ ပြည်သူတွေချစ်တဲ့ တပ်မတော်ဖြစ်စေချင်တယ်..”
“အဆင့်တန်းရှိတဲ့ နိုင်ငံဖြစ်စေချင်တယ်..”

တဲ့…. နိုင်ငံကလည်း အဆင့်အတန်းရှိပြီးသားပါ… တပ်မတော်သားတွေနဲ့ ပြည်သူတွေကလည်း ချစ်ပြီးသားပါ… ကျွန်မတို့ နယ်လှည့်ဆေးကုချိန်တိုင်းမှာ ပြည်သူတွေက ကျွန်မတို့ ပြန်တိုင်း တားကြပါတယ်… မျက်ရည်ကျကြပါတယ်… နောက်နှစ်တွေ ထပ်လာဖို့ပြောကြပါတယ်.. ရှိစုမဲ့စုလေးတွေနဲ့ ကန်တော့ကြပါတယ်… အဲဒီမြင်ကွင်းမျိုးတွေကို အန်တီစုမြင်စေချင်တယ်.. ဒါပေမယ့် အန်တီစု လိုက်ကြည့်နိုင်မယ် မထင်ပါဘူး… ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ သွားနေတဲ့ ရွာတွေက အန်တီစုရဲ့ ကားအကောင်စားကြီးတွေ မောင်းလို့ရမှာမဟုတ်ဘူးလေ…..

နောက်ဆုံး အန်တီစု ပြောခဲ့တယ်…

“ဖေဖေကပြောတယ် သူများနိုင်ငံ လမ်းလျှောက်ချိန်မှ ကိုယ်တွေက ပြေးမှ တော်ကာကျမယ်”

တဲ့… အဲဒီစကာကို သမ္မတကြီး ဦသိန်းစိန်လည် ပြောတာကြားဖူပါတယ်.. ဟုတ်ပါပြီ.. ကျွန်မတို့နိုင်ငံဟာ သူများနိုင်ငံတွေထက် စီးပွားရေး၊ ဆက်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေး စတာတွေအာလုံး နောက်ကျနေပါတယ်… အဲဒါတွေ တိုးတက်အောင် မပြေးပဲ အန်တီစု ဘာကြောင့် ဘေးထိုင်ဘုပြော လုပ်နေရတာလဲ… စီပွားရေးဖွင့်ဖို့ ဘာကြောင့်မပြောရတာလဲ… အခု အန်တီစု လွတ်လပ်စွာ လှုပ်ရှားနေတာ ၂ နှစ်ရှိပါပြီ… ဗိုလ်ချုပ်အောင်ဆန်းပြောတာယုံပြီး ကျွန်မတို့ ဘယ်လောက်ပြေးပြေး အန်တီစု အဲလိုလုပ်နေလို့ကတော့ ဘာမှထူးခြားမှာမဟုတ်ပါဘူး… ဒါကြောင့် အန်တီစုအနေနဲ့ အပြောလေတွေလျှော့ပြီး အလုပ်လေးတွေနဲ့ သက်သေပြဖို့ တိုက်တွန်းလိုက်ရပါတယ်…

စစ်သမီးတစ်ဦး
https://www.facebook.com/femalesoldiers
အန်တီစုရဲ့ မိန့်ခွန်းတိုင်းလိုလိုကို လေးလေးစာစားနဲ့ စိတ်ဝင်တစာနာထောင် လေ့ရှိပါတယ်။

နိုင်ငံရေးကို စိတ်မဝင်စားပေမယ့် နိုင်ငံရေးက ကိုယ့်ကို စိတ်ဝင်စားနေတယ် ဆိုတဲ့ အန်တီစု စကား ကိုလည်း အလေးအနက်ထားတာကြောင့်ရယ် အန်တီစုကို ပုဂ္ဂိုလ်ရေးအရ လေးစားတာကြောင့်ရယ်ပါ..

အခုနောက်ပိုင်း အန်တီစု မိန့်ခွန်းတွေဟာ တဖြည်းဖြည်းနဲ့ ရန်လိုမှုတွေပါလာတာကို သတိထားမိပါတယ်…

လွှတ်တော်ကိုယ်စားလှယ်များ လစာတိုးတော့မည်

နေပြည်တော်၊ မဇ္ဈိမ။ ။ လစဉ်ချီးမြှင့်ငွေ ကျပ်သုံးသိန်းခံစားနေကြရသည့် လွှတ်တော်ကိုယ်စားလှယ်များကို ၎င်းတို့၏လုပ်ငန်းတာဝန်များနှင့် ထိုက်တန်စွာ လိုက်လျောညီထွေရှိစေရန် ဥပဒေပြင်ဆင် သွားမည် ဟု ပြည်သူ့ လွှတ်တော် ဒသမပုံမှန်အစည်းဝေးက မေလ ၂၈ရက်က အတည်ပြုခဲ့သည်။
"လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးချက်တွေအရ ချီးမြှင့်ငွေ(လစာ)နဲ့ အသုံးစရိတ်တွေကို လွှတ်တော်တွင် သက်ဆိုင်ရာ လွှတ်တော်ကော်မတီတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး ဆက်လက်ဆောင်ရွက် သွားပါ့မယ်။ ဒီကိစ္စတွေဟာ လွှတ်တော်အခွင့်အရေး ကိစ္စသာ မဟုတ်ဘဲ နိုင်ငံ အတွက်ပါ ဖြစ်တယ် ဆိုတာနဲ့ပတ်သတ်ပြီး ဆက်လက် ဆောင်ရွက်မှာဖြစ်ပါတယ်။ လွှတ်တော် အခွင့်အရေးကော်မတီရဲ့ အစီရင်ခံစာကို ယနေ့အစည်းအဝေးက မှတ်တမ်းတင်အတည်ပြု လိုက်ပါတယ်" ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။

ကချင်ပြည်နယ်မှာ နောက်ထပ်တိုက်ပွဲမဖြစ်ရေး ဆွေးနွေး

အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တပ်တွေအကြား တိုက်ပွဲတွေမဖြစ်အောင် နှစ်ဖက် ကိုယ်စားလှယ် ၅ဦးစီနဲ့ ဖွဲ့ထားတဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့က အပြန်အလှန် သတင်းဖလှယ်ပြီး ဆောင်ရွက်သွားမယ်လို့ ဒီနေ့ ဆွေးနွေးကြကြောင်း သိရပါတယ်။

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က ကေအိုင်အိုနည်းပညာအကြံပေးအလုပ်အဖွဲ့ရုံးမှာ နှစ်ဖက် ကိုယ်စားလှယ်တွေ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ မြစ်ကြီးနားမြို့အခြေစိုက်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG အဖွဲ့က ဦးဆန်းအောင်က အခုလို ပြောပါတယ်။

တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန် အစိုးရနှင့် ကေအိုင်အိုတို့၏ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ် ဆွေးနွေး

တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန် အစိုးရနှင့် ကေအိုင်အိုတို့၏ ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့တို့သည် မြစ်ကြီးနားမြို့ရှိ ကေအိုင်အို ဆက်ဆံရေးရုံးတွင် မေ ၂၈ ရက်က ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။

မေ ၁၃ ရက်က ပြုလုပ်ခဲ့သော အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ုKIO) တို့၏ တတိယအကြိမ်မြောက် မြစ်ကြီးနားဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဟန့်တားစေနိုင်သည့် ဖြစ်စဉ်ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရေးကို ဦးစားပေး ဆွေးနွေးခဲ့ကြပြီး ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရေးကို သဘောတူခဲ့ကြသည်။

RSO ဟု ယူဆရသည့် တစ်ဖက်နိုင်ငံအခြေစိုက် သောင်းကျန်းသူများ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ထပ်မံဝင်ရောက်လာသဖြင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့နှင့် ထပ်မံတိုက်ပွဲဖြစ်ပွား

Photo: RSO ဟု ယူဆရသည့် တစ်ဖက်နိုင်ငံအခြေစိုက် သောင်းကျန်းသူများ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ထပ်မံဝင်ရောက်လာသဖြင့် မြန်မာ့လုံခြုံရေးတပ်ဖွဲ့နှင့် ထပ်မံတိုက်ပွဲဖြစ်ပွား 
Thursday, May 29, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင် ၅၂ အနီးတွင် မေ ၂၈ ရက် နံနက်က RSO ဟုယူဆရသည့် တစ်ဖက်နိုင်ငံ အခြေစိုက် သောင်းကျန်းသူများ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ထပ်မံဝင်ရောက်လာသဖြင့် မြန်မာ့လုံခြုံရေး တပ်ဖွဲ့နှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မေ ၂၈ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် ရှေ့တန်းလုံခြုံရေး တာဝန်ယူထားသော ခမရ (၃၅၂) စစ်ကြောင်း(၁)မှ ဗိုလ်ဇော်မိုးအောင် ဦးစီးတပ်စိတ်မှ ကင်းပုန်းဝပ်ဆောင်ရွက်နေစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ လက်နက်အပြည့်အစုံဖြင့် သောင်းကျန်းသူ ဘင်္ဂါလီနှစ်ဦးက နယ်စပ်အားဖြတ်ကျော်ကာ မြန်မာနယ်နိမိတ် ခြံစည်းရိုးအနီး ပေ ၈၀ ခန့်အထိ ဖြတ်ကျော်ဝင်ရောက်လာခဲ့ပြီး မြန်မာနယ်စပ် လုံခြုံရေးတပ်ဖွဲ့နှင့် ထိပ်တိုက်တိုးရာ အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း၊ အ၀ါရောင် ပြောက်ကျားဝတ်စုံ ၀တ်ဆင်ထားသော ဘင်္ဂါလီသောင်းကျန်းသူဘက်မှ တစ်ဦးကျဆုံးပြီး ၎င်းကိုင်ဆောင်သော အမ် ၂၂ တစ်လက်၊ ကျည်ကပ်လေးခု၊ ခဲယမ်းကျည် ၉၈ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသည့် သောင်းကျန်းသူ နှစ်ဦးအနက် အသက် ၃၀ ခန့်အရွယ် ဘင်္ဂါလီတစ်ဦးအား ၎င်းကိုင်ဆောင်ထားသည့် လက်နက်ဖြင့် အသေဖမ်းဆီးရမိပြီး ကျန်တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားခဲ့သည်။

မေ ၂၁ ရက်က ပြုလုပ်ခဲ့သော နှစ်နိုင်ငံ နယ်စပ်လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အမှတ်(၁)နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးမှ မကြာသေးမီက ဖြစ်ပွားသွားခဲ့သော အကြမ်းဖက်မှုများတွင် တစ်ဖက်နိုင်ငံမှ တာဝန်များစွာရှိပြီး အဆိုပါ သောင်းကျန်းသူများသည် တစ်ဖက်နိုင်ငံတွင် အခြေပြု လှုပ်ရှားနေသူများ ဖြစ်ကြောင်း၊ အဆိုပါ သောင်းကျန်းသူများအား ပူးပေါင်းနှိမ်နင်း ပေးစေလိုကြောင်း ပြောကြားရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ် ၄၂ မှ BGB တပ်ရင်းမှ (လက်ထောက်ညွှန်ကြားရေးမှူးချုပ်) တပ်ရင်းမှူး ရာဖိခ်ဟာစိန်က အဆိုပါ သောင်းကျန်းသူများသည် မိမိနိုင်ငံတွင် ရှိသူများ မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရေးအရ အကြမ်းဖက်သမားများအား ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်မှ တာဝန်ယူ ဖမ်းဆီးပေးသင့်ကြောင်း၊ အကယ်၍ တာဝန်ယူမပေးပါက နှစ်နိုင်ငံချစ်ကြည်ရေး ပျက်ပြားနိုင်ပြီး ယခုတောင်းဆိုချက်များအား အရေးယူ ဆောင်ရွက်မှုများ မရှိပါက မိမိတို့မှ နောက်ထပ် မျက်နှာချင်းဆိုင် ဆွေးနွေးမှုများ ထပ်မံပြုလုပ်ရန် မလိုတော့ကြောင်း၊ နှစ်နိုင်ငံ အထက်လူကြီးချင်း သံတမန်နည်းအရ ဖြေရှင်းသွားတော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မေ ၁၃ ရက် နံနက်ပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်နယ်ခြားမှတ်တိုင် ၃၈ အနီးမှ ဖြတ်ကျော်ကာ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်လာသည့် (RSO) သောင်းကျန်းသူများနှင့် မြန်မာနယ်ခြားစောင့်တပ်တို့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသည်။ မေ ၁၇ ရက်တွင် ထပ်မံ၍ (RSO) သောင်းကျန်းသူများက မြန်မာနယ်ခြားစောင့်တပ်အား မှတ်တိုင် ၅၂ နှင့် နတ်ရေကန်အကြား ချုံခိုပစ်ခတ်မှုကြောင့် ထပ်မံပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မြန်မာနယ်ခြားစောင့်တပ်မှ လေးဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။ 

Eleven Media Group 
 မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှတ်တိုင် ၅၂ အနီးတွင် မေ ၂၈ ရက် နံနက်က RSO ဟုယူဆရသည့် တစ်ဖက်နိုင်ငံ အခြေစိုက် သောင်းကျန်းသူများ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ထပ်မံဝင်ရောက် လာသဖြင့် မြန်မာ့လုံခြုံရေး တပ်ဖွဲ့နှင့် ထပ်မံတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

မေ ၂၈ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် ရှေ့တန်းလုံခြုံရေး တာဝန်ယူထားသော ခမရ (၃၅၂) စစ်ကြောင်း(၁)မှ ဗိုလ်ဇော်မိုးအောင် ဦးစီးတပ်စိတ်မှ ကင်းပုန်းဝပ်ဆောင်ရွက်နေစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်မှ လက်နက်အပြည့်အစုံဖြင့် သောင်းကျန်းသူ ဘင်္ဂါလီနှစ်ဦးက နယ်စပ်အားဖြတ်ကျော်ကာ မြန်မာနယ် နိမိတ် ခြံစည်းရိုးအနီး ပေ ၈၀ ခန့်အထိ ဖြတ်ကျော်ဝင်ရောက်လာ ခဲ့ပြီး မြန်မာနယ်စပ် လုံခြုံရေးတပ်ဖွဲ့နှင့်