ရာဇာမင်းမော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်ကို ဖော်ပြထားသောပုံကြမ်း
‘‘ဒီလိုဖြစ်မယ်မှန်းသိရင် ဘယ်စီးမလဲဗျာ’’
လွန်ခဲ့သည့်သုံးရက် မေလ ၁၂ ရက် ညနေက ကံမကောင်းခဲ့ သူ အမြန်လမ်းခရီးသည် ၄၆ ဦးတွင် တစ်ယောက်အပါအ၀င် ဖြစ်ခဲ့သော မန္တလေးမြို့မှ အသက် (၃၉) နှစ်အရွယ် ကိုတင်ဝိုင်းက နေပြည်တော် ခုတင် ၁,၀၀၀ အထူးကုဆေးရုံ၊ ခွဲစိပ်ကုသဆောင် ရှိ လူနာခုတင်ပေါ်တွင် ထိုင်နေ ရင်းက ပြောကြားသော စကား ဖြစ်သည်။ကံမကောင်းသူများတွင် ၎င်း၏ဖြစ်ရပ်က ပိုပြီး ခံရခက် ခက်လည်းဖြစ်နေသည်။ မန္တလေး မြို့မှ ရန်ကုန်သို့ တိုက်ရိုက်ပြေး ဆွဲသော ယာဉ်လိုင်းများစွာရှိပါ လျက် မန္တလေး-နေပြည်တော် ကားကိုစီးပြီး နေပြည်တော်မှ တစ်ဆင့် ရန်ကုန်သို့ ပြန်ရာတွင် ရာဇာမင်းကားကိုမှ စီးဖြစ်ခဲ့ခြင်း ဖြစ်လေ သည်။

မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ တစ်တိုင်းပြည်လုံး
စစ်မှန်သော လွတ်လပ်ရေးရခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံမှာ
မှီတင်းနေထိုင် ကြတဲ့ မြေပြန့်နှင်