Thursday, October 23, 2014

နိုင်ငံသားဖြစ်ခွင့်လျှောက်ထားသည့် ဘင်္ဂါလီနှစ်ရာကျော်ကို စတင်စစ်ဆေး

မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီလူမျိုး ၂၄၀ ကျော်အား နိုင်ငံသားဖြစ်ခွင့် နှင့် နိုင်ငံသားပြုခွင့်ထပ်မံခွင့်ပြု ရန် စတင်စစ်ဆေးနေပြီဖြစ် ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီး ဌာနမှ သတင်းရရှိသည်။

နိုင်ငံသားဖြစ်ခွင့်လျှောက် ထားသူဘင်္ဂါလီလူမျိုးတစ်ထောင် ကျော်ရှိသည့်အနက် စက်တင် ဘာတွင် အစိုးရက ဘင်္ဂါလီလူမျိုး ၂၀၉ဦးကို နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံသားပြုခွင့်ပေးပြီးနောက် ထပ်မံခွင့်ပြုရန်ကျန်ရှိသည့် ၂၄၄ ဦးကိုဝန်ကြီးဌာနက စတင်စစ်နေခြင်းဖြစ်သည်ဟု သတင်းရရှိသည်။

ထိုင်းရှေ့နေကောင်စီက မြန်မာလုပ်သားနှစ်ဦးဘက်မှ စုံစမ်းဖော်ထုတ်မည်

Photo: ထိုင်းရှေ့နေကောင်စီက မြန်မာလုပ်သားနှစ်ဦးဘက်မှ စုံစမ်းဖော်ထုတ်မည်
=========================================

Thursday, October 23, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိလာသော လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား ဝင်းဇော်ထွန်း၏ ဖခင်ကို ထိုင်းဘုရင်ဓာတ်ပုံကိုင်ဆောင်လျက်တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)
ထိုင်းနိုင်ငံရှေ့နေ များကောင်စီက မြန်မာလုပ်သား နှစ်ဦး၏ အမှုကို ၎င်းတို့အဖွဲ့မှ စစ်ဆေးမှုအထူးကျွမ်းကျင် ၁၂ ဦး ဖြင့်စုံစမ်းဖော်ထုတ်သွားမည်ဖြစ် ကြောင်း အဆိုပါကောင်စီက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

အောက်တိုဘာ ၂၂ ရက်တွင်ထိုင်းနိုင်ငံရှေ့နေများကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန် မာလုပ်သားနှစ်ဦး၏ အမှုကို စစ်ဆေးရန်အတွက် လူဦးရေ ၁၇ ဦး ဖြင့် ဖွဲ့စည်းထားပြီး ကောင်စီ၏ စရိတ်ဖြင့် စုံစမ်းဖော်ထုတ်ပေးသွားမည်ဟု မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ထံ လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘အခင်းဖြစ်ပွားတဲ့နေ့ ကတည်းက အမှုကို မသင်္ကာဖြစ်ခဲ့တာပါ။ ဘယ်လိုနည်းနဲ့ ကူညီပေးရမယ်ဆိုတာ စဉ်းစားနေတာပါ။ သံအမတ် ကြီးက ကူညီခွင့်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော် တို့အဖွဲ့က ဒီအမှုကို စစ်ဆေးဖို့ လူဦးရေ ၁၇ ဦးနဲ့ ဖွဲ့စည်းထားပါ တယ်။ အဲဒီထဲကမှ ဒီအမှုကို စစ် ဆေးဖို့အတွက် ကျွမ်းကျင်တဲ့ရှေ့ နေ ၁၂ ဦးနဲ့ စစ်ဆေးသွားမှာပါ။ ကုန်ကျစရိတ်တွေလည်း ပေးစရာ မလိုပါဘူး’’ဟု ထိုင်းနိုင်ငံရှေ့နေ များကောင်စီ ဥက္ကဋ္ဌက သံအမတ် ကြီး ဦးဝင်းမောင်အား ပြောသည်။

ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီသည် အောက်တိုဘာ ၂၁ရက်က ဖမ်းဆီးခံမြန်မာလုပ်သား နှစ်ဦးနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး မြန်မာလုပ်သား နှစ်ဦးအား စစ် ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ ကြောင်း အဆိုပါကောင်စီဥက္ကဋ္ဌ က ပြောသည်။

‘‘ကျွန်တော်တို့အဖွဲ့အစည်း က အစိုးရနဲ့လည်း အမှီအခိုကင်း သလို ရဲတပ်ဖွဲ့နဲ့လည်း အမှီအခို ကင်းပါတယ်’’ဟု ထိုင်းနိုင်ငံရှေ့ နေများကောင်စီ ဥက္ကဋ္ဌက ဆက် လက်ပြောကြားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးအား အာမခံရရှိရန် လုပ်ဆောင်သွားမည်ဖြစ်ပြီး အာမခံရရှိရန် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၀ သန်းနှင့် ထိုင်းနိုင်ငံ သူဌေးလေးဦးက အာမခံပေးရမည်ဖြစ်ကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ဦးကျော်သောင်းက ပြောသည်။

ထိုင်းနိုင်ငံရှေ့များကောင် စီနှင့် ထိုင်းနိုင်ငံလူ့အခွင့်ရေးရာ ကောင်စီတို့သည် ဖမ်းဆီးခံမြန်မာ လုပ်သားနှစ်ဦးတို့၏ မိဘများနှင့် တွေ့ဆုံခဲ့ပြီး အတတ်နိုင်ဆုံးကူညီ မှုများ ဆောင်ရွက်ပေးသွားမည် ဟု ကတိပေးသွားခဲ့သည်။ ဖမ်းဆီး ခံ မြန်မာလုပ်သားနှစ်ဦး၏ မိဘ များ ထိုင်းနိုင်ငံလေဆိပ်သို့ ရောက်ရှိလာချိန်တွင် ထိုင်းနိုင်ငံအခြေ စိုက် မီဒီယာများနှင့် ပြည်ပမီဒီယာ များမှ သတင်းထောက် ၁၀၀ ၀န်း ကျင်လာရောက် သတင်းယူခဲ့ကြ သည်။ အဆိုပါ သတင်းထောက် များသည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့ သတင်းယူရန် စောင့်ဆိုင်းနေသည်ကို တွေ့မြင်ရသည်

7Day Daily
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိလာသော လိပ်ကျွန်းလူသတ်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာလုပ်သား ဝင်းဇော်ထွန်း၏ ဖခင်ကို ထိုင်းဘုရင်ဓာတ်ပုံကိုင်ဆောင်လျက်တွေ့ရစဉ် (ဓာတ်ပုံ − ရိုက်တာ)ထိုင်းနိုင်ငံရှေ့နေ များကောင်စီက မြန်မာလုပ်သား နှစ်ဦး၏ အမှုကို ၎င်းတို့အဖွဲ့မှ စစ်ဆေးမှု အထူးကျွမ်းကျင် ၁၂ ဦး ဖြင့်စုံစမ်းဖော်ထုတ်သွားမည်ဖြစ် ကြောင်း အဆိုပါကောင်စီက ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

၄၃၆ ကို မပြင်လိုကြောင်း တပ်မတော်က ဆန္ဒပေး

ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးတွင် အဓိက ကျသည့် ပုဒ်မ-၄၃၆ ကို တပ်မ တော်က မပြင်ဆင်လိုဟု သဘော ဆန္ဒပေးထားကြောင်း အောက် တိုဘာ ၂၂ ရက်တွင် ကျင်းပ သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်သွင်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ အစီရင်ခံစာအရ သိ ရသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၄၃၆(က)နှင့်(ခ) ကို တပ် မတော်သား လွှတ်တော်ကိုယ်စား လှယ်များက မပြင်ဆင်လိုကြောင်း အစီရင်ခံစာတွင် ထည့်သွင်းဖော် ပြပေးရန်နှင့် ပြည်ထောင်စုလွှတ် တော်၌ ဆွေးနွေးရန် အကြံပြု ထားကြောင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှုကော်မတီက အစီ ရင်ခံစာ၌ ထည့်သွင်းထားသည်။

အကြမ်းဖက်ရိုက်နှက် ခြောက်လှန့် စစ်ဆေးခံခဲ့ရကြောင်း ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးပြော

ဘန်ကောက်- ထိုင်းရဲတပ်ဖွဲ့သည် မြန်မာလုပ်သား နှစ်ဦးအား စစ် ဆေးစဉ်က အကြမ်းဖက် ရိုက်နှက် စစ်ဆေးခဲ့ပြီး နှုတ်အားဖြင့် ကြောက်လန့်အောင် ပြောဆိုမှု မျာြး ပုလုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီက ပြော ကြားသည်။

ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးသည် ဗြိတိန်စုံတွဲကို သတ် ဖြတ်ရာတွင် ၎င်းတို့မပါဝင်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီအား ပြောကြားခဲ့ကြောင်း ယင်းကောင်စီက ပြောသည်။ ထိုင်းနိုင်ငံရှေ့နေများ ကောင်စီသည် အောက်တိုဘာ ၂၁ ရက် တွင်ဖမ်းဆီးခံ မြန်မာလုပ်သားနှစ်ဦးထံ သွားရောက်မေးမြန်းခဲ့ရာ ဖမ်းဆီးခံ မြန်မာလုပ်သား နှစ်ဦးက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရှေ့နေကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အောက်တိုဘာ ၂၂ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ လာရောက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအား အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

Ooredoo က SMS ဝန်ဆောင်မှု ရှစ်မျိုးပေး

Ooredoo ဖုန်းများ၏ SMS ဝန်ဆောင်မှုကို ရှစ်မျိုးအထိ တိုးချဲ့ဝန်ဆောင်မှုပေးလိုက်ပြီဟု ယင်းကုမ္ပဏီ မှ သိရသည်။”ကမ္ဘာအရပ်ရပ်မှာရှိတဲ့ မိုဘိုင်းဖုန်းကွန်ရက်တိုင်းမှာ ဖုန်းကနေ တစ်ဆင့် SMS ခေါ်စာတိုပို့ခြင်းဟာ အလွန်လူကြိုက်များတဲ့ ဝန်ဆောင်မှုပါ။ မြန်မာနိုင်ငံမှာ ရှိတဲ့ ဖုန်းသုံးစွဲသူတွေ အသုံးပြုရလွယ်တဲ့ SMS ဖြစ်ပါတယ်” ဟု Ooredoo မြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ဝန်ဆောင်မှုကို ယခုလ ၁၆ ရက်နေ့မှ စတင်မိတ်ဆက်လိုက်ခြင်းဖြစ်ပြီး ယခင် နည်းပညာအတားအ ဆီး များကြောင့် မရရှိခဲ့သည့် ဝန်ဆောင်မှုများကို သုံးစွဲသူများ အသုံးပြုနိုင်ရန်အတွက် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်မထားသည့် ပြည်နယ်သတင်းစာများထုတ်ဝေမှုရပ်ဆိုင်း

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်းလုပ်ငန်းနည်းဥပဒေပြဋ္ဌာန်း ပြီး ရက်ပိုင်းအတွင်း ချင်းပြည် နယ်အခြေစိုက်သတင်းစာစောင် နှစ်ခုကို မှတ်ပုံမတင်ထား၍ ဆက်လက်ထုတ်ဝေမှုမပြုကြောင်း ပြည်နယ်အစိုးရက ညွှန်ကြားခဲ့သည်ဟု သတင်းရရှိသည်။

စက်တင်ဘာ ၂၉ ရက်က ဟားခါးအခြေစိုက် ဟားခါးပို့စ်ကို မှတ်ပုံတင်မရှိ၍ ထုတ်ဝေခွင့် ပိတ်ပင်လိုက်ပြီးနောက် အောက်တိုဘာ ၁၅ ရက်တွင် ဖလမ်းအခြေစိုက် ဖလမ်းပို့စ်စာစောင်ကို ထပ်မံပိတ်ပင်ခြင်းခံရကြောင်း ချင်းမီဒီယာကွန်ရက်မှ ကိုဆလိုင်းဟုန်းထွန်းဂေက ပြောသည်။

နိုင်ငံခြားသားအဖြစ်ခံယူထားသူ ၁၇ ဦးကို နိုင်ငံသားအဖြစ်ထပ်မံခွင့်ပြု

ပြည်ပရောက် မြန်မာ နိုင်ငံသားအတတ်ပညာရှင်များ ပြန်လာရန် သမ္မတကဖိတ်ခေါ်ပြီး သုံးနှစ်အတွင်း အခြားနိုင်ငံသား အဖြစ်ခံယူထားသည့် ၁၇ ဦးကို နိုင်ငံသားအဖြစ်ထပ်မံခွင့်ပြုခဲ့ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သတင်းရရှိသည်။

‘‘ကျန်တဲ့သူကတော့ စိစစ် နေတုန်းပါ။ မကြာခင်တော့သိရ မယ်’’ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးကပြောသည်။

ဒီကေဘီအေ(ကလိုထူးဘော)အဖွဲ့ ဒုဗိုလ်မှူးကြီးစောဆန်းအောင်ကို ထုတ်ပယ်

အစိုးရတပ်နှင့် ဒီကေဘီအေ(ကလိုထူးဘော)အဖွဲ့မှ ဒုဗိုလ်မှူးကြီးစောဆန်းအောင်ဦးဆောင်သောတပ်နှင့် ထိတွေ့မှုဖြစ်ခဲ့သည့် ကျိုက်မရောဖြစ်စဉ်နှင့်ပတ်သက်၍ ဖြေရှင်းချက်မပေးနိုင်ခြင်းကြောင့်ဟုဆိုကာ ဒုဗိုလ်မှူးကြီး စောဆန်းအောင်ကို ၎င်း၏မိခင်တပ်ရင်းကထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၁ ရက်စွဲဖြင့် ဒီကေဘီအေ (ကလိုထူးဘော)တပ်ဖွဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေးလက်မှတ်ထိုးကာအဖွဲ့အစည်းမှ ထုတ်ပယ် လိုက်သည့်အပြင် ပေးအပ်ထား သော ရာထူးတာဝန်များကိုလည်း ရုပ်သိမ်းလိုက်ကြောင်း ပါရှိ သည်။

ဗြိတိန်နှစ်ဦးအား လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားနှစ်ဦး၏ မိဘများနှင့် ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီအဖွဲ့၊ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

Photo: ဗြိတိန်နှစ်ဦးအား လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားနှစ်ဦး၏ မိဘများနှင့် ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီအဖွဲ့၊ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး
========================================

Thursday, October 23, 2014

ဗြိတိန်ကမ္ဘာ့လှည့်နှစ်ဦးအား လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံထားရသည့် မြန်မာအလုပ်သမားနှစ်ဦး၏ မိဘများနှင့် ထိုင်းလူ့အခွင့်အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီအဖွဲ့၊ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးတွင် အောက်တို ဘာ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း မြန်မာသံရုံးရှေ့နေ ဦးအောင်မျိုးသန်းက ပြောကြားသည်။

“ဒီကနေ့ ထိုင်းကို စွပ်စွဲခံရတဲ့ ကလေးတွေရဲ့ မိသားစုဝင်တွေ ရောက်လာတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ စကားပြောဖြစ်တယ်။ ထိုင်းလူ့အခွင့်အရေး ကော်မရှင်နဲ့ ရှေ့နေများကောင်စီလည်းပါတယ်။ အဓိက ဆွေးနွေးဖြစ်တာကတော့ ရှေ့ဆက်ပြီး ဥပဒေကြောင်းအရ ဆက်လုပ်သွားဖို့ကို ဆွေးနွေးဖြစ်တယ်။ နောက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ထိုင်းမီဒီယာတွေက စွပ်စွဲခံထားရတဲ့ မိဘတွေကို အားပေးတယ်။ နောက်ပြီး ဒီအမှုမှန် ပေါ်ပေါက်ဖို့အတွက် သူတို့ထိုင်းပြည်သူတွေ အားလုံးရှိတယ်လို့ ပြောသွားတာတွေရှိတယ်” ဟု ရှေ့နေ ဦးအောင်မျိုးသန်းက ပြောကြားသည်။

ထိုင်းတောင်ပိုင်း အပန်းဖြေကျွန်းတစ်ကျွန်းတွင် ဗြိတိန်ကမ္ဘာလှည့် ခရီးသွားစုံတွဲ တစ်တွဲကို သတ်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦးက ၎င်းတို့၏ဝန်ခံချက်ကို ပြန်လည်ရုပ်သိမ်းမည် ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၎င်းတို့ကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ၎င်းတို့၏ ရှေ့နေများက အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားသည်။

မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ဦး၏ မိသားစုဝင်များသည် အောက်တိုဘာ ၂၃ ရက် (ယနေ့) တွင် ကော့စမွီသို့ ခရီးထွက်မည်ဖြစ်ကြောင်းနှင့် အောက်တိုဘာ ၂၃ ရက်သည် အစိုးရရုံးပိတ်ရက် ဖြစ်သဖြင့် အောက်တိုဘာ ၂၄ ရက်တွင်မှ ကော့စမွီ အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် မောင်ဇော်လင်း၊ မောင်ဝင်းဇော်ထွန်းတို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလလယ်က ခိုထောင်ကျွန်း၌ သေဆုံးခဲ့သော ဒေးဗစ်မေလာ (၂၄) နှစ်နှင့် ဟန်နာဝစ်သာရစ် (၂၃) နှစ်တို့ကို သတ်ဖြတ်မှုဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမား မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်းတို့ နှစ်ဦးအား စွဲချက်တင်ထားသည်။

ယင်းလူသတ်မှုအတွက် မြန်မာအလုပ်သမားနှစ်ဦးကို မတရား အမှုဆင်ခဲ့ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်ခဲ့ပြီး အမှုကို စုံစမ်းစစ်ဆေးရာတွင် အလွဲလွဲအချော်ချော် ဖြစ်မှုများအတွက် ထိုင်းရဲတပ်ဖွဲ့ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

ယခုတစ်ဖန် ဝန်ခံချက် ပြန်လည်ရုပ်သိမ်းမှုက ထိုင်းရဲတပ်ဖွဲ့ကို ထပ်မံအထိနာ စေမည်ဖြစ်သည်။

မြန်မာအလုပ်သမား နှစ်ဦးကို ဓားစာခံအဖြစ် အသုံးချခဲ့သည်ဟု စွပ်စွဲချက်များအား ထိုင်းအာဏာပိုင်များက ပြင်းပြင်းထန်ထန် ပယ်ချခဲ့သည်။ ဝစ်သာရစ်၏ ခန္ဓာကိုယ်မှ ရရှိသော DNA နမူနာများနှင့် လူသတ်တရားခံဟု စွပ်စွဲခံထားရသူများ၏ DNA တို့သည် ကိုက်ညီမှုရှိကြောင်း အထောက်အထားများကို အခြေခံ၍ အမှုကို တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက အခိုင်အမာ ပြောကြားသည်။

မြန်မာအလုပ်သမား နှစ်ဦးက ဝန်ခံချက် ရုပ်သိမ်းကြောင်းနှင့် ညှဉ်းပန်းနှိပ်စက်မှု စွပ်စွဲချက်များအကြောင်း ပါဝင်သည့်စာကို ရှေ့နေအဖွဲ့မှ ရရှိခဲ့ကြောင်း အစိုးရရှေ့နေများက အောက်တိုဘာ ၂၂ ရက်တွင် အတည်ပြုပြောကြားသည်ဟု အေအက်ဖ်ပီ သတင်းတွင် ဖော်ပြထားသည်။

ငြိမ်သက်အေးချမ်းသော ခိုထောင်ကျွန်းတွင် လူသတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံတို့ကို တုန်လှုပ်စေခဲ့ပြီး အားလပ်ရက် ကောင်းကင်ဘုံအဖြစ် သတ်မှတ်ခံရသော ထိုင်း၏ပုံရိပ်ကို ထိခိုက်စေသည်။

ယင်းလူသတ်မှုကို စုံစမ်းစစ်ဆေးရာတွင် ဗြိတိန်ရဲတပ်ဖွဲ့အား ကူညီခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့် တစ်ပတ်တွင် ပြောကြားသည်။

Eleven Media Group

ဗြိတိန်စုံတွဲကို သတ်ခဲ့ကြောင်း စွပ်စွဲခံထားရသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား မောင်ဝင်းဇော်ထွန်း၏ဖခင် ဦးထွန်းထွန်းထိုက် ဘန်ကောက်ရှိ မြန်မာသံရုံး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် (Photo:AFP)
ဗြိတိန်ကမ္ဘာ့လှည့်နှစ်ဦးအား လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲဖမ်းဆီးခံ ထားရသည့် မြန်မာအလုပ်သမား နှစ်ဦး၏ မိဘများနှင့် ထိုင်းလူ့အခွင့် အရေးကော်မရှင်၊ ထိုင်းရှေ့နေများကောင်စီအဖွဲ့၊ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့တို့သည် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာ သံရုံးတွင် အောက်တို ဘာ ၂၂ ရက်က တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိသည်။
ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးပြီးနောက် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ကြောင်း မြန်မာ သံရုံးရှေ့နေ ဦးအောင်မျိုးသန်းက ပြောကြား သည်။

မြန်မာအသင်း အုပ်စုကျပ်ထဲ ကျရောက်နေ

Photo: မြန်မာအသင်း အုပ်စုကျပ်ထဲ ကျရောက်နေ
Thursday, October 23, 2014

လာမယ့် နိုဝင်ဘာလ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပ ပြုလုပ်မဲ့ AFF Suzuki Cup ပြိုင်ပွဲမှာ မြန်မာလက်ရွေးစင်အသင်းဟာ အုပ်စု (ဘီ)မှာ အိမ်ရှင် စင်ကာပူ၊ မလေးရှား၊ ထိုင်းအသင်းတို့နဲ့ အတူ အုပ်စုကျပ်ထဲ ကျရောက်နေပါတယ်။

အုပ်စု(အေ)မှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ လာအိုအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်ပါတယ်။ အဆိုပါ အုပ်စု(အေ) ပွဲစဉ်များကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပ ပြုလုပ်မှာပါ။

မြန်မာလက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၂၃ ရက်နေ့မှာ ပွဲဦးထွက်ပွဲစဉ်အဖြစ် စင်ကာပူအမျိုးသားကွင်းမှာ မလေးရှားအသင်းနဲ့ ယှဉ်ပြိုင်ကစားမည် ဖြစ်ပါတယ်။

ဒုတိယပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၆ ရက်နေ့မှာ အိမ်ရှင် စင်ကာပူ၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဂျလန်ဘီဆာကွင်းမှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားကြမှာပါ။

ဒီဗွီဘီ
လာမယ့် နိုဝင်ဘာလ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပ ပြုလုပ်မဲ့ AFF Suzuki Cup ပြိုင်ပွဲမှာ မြန်မာလက်ရွေးစင်အသင်းဟာ အုပ်စု (ဘီ)မှာ အိမ်ရှင် စင်ကာပူ၊ မလေးရှား၊ ထိုင်းအသင်းတို့နဲ့ အတူ အုပ်စုကျပ်ထဲ ကျရောက်နေပါတယ်။
အုပ်စု(အေ)မှာ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ လာအိုအသင်းတို့ ယှဉ်ပြိုင်မည် ဖြစ်ပါတယ်။ အဆိုပါ အုပ်စု(အေ) ပွဲစဉ်များကို ဗီယက်နမ်