Friday, May 15, 2015

ရွှေ့ပြောင်းနေထိုင်သူ ၄၀၀ နီးပါး ပါရှိသည့် လှေကို ပင်လယ်ဘက်သို့ ထိုင်းရေတပ် ဆွဲထုတ်ပေး


 ဘင်္ဂါလီ ၄၀၀ ဝန်းကျင် လိုက်ပါလာပြီး ထိုင်းပိုင်နက် ကျွန်းတစ်ကျွန်းတွင် တစ်ပတ်မျှ သောင်တင်နေသည့် လှေတစ်စီးကို ထိုင်းရေတပ်က ပင်လယ်ဘက်သို့ ပြန်ဆွဲထုတ်ပြီး ကမ်းမှ ခွာစေခဲ့ကြောင်း သိရှိရသည်။
 လှေ၏ ပျက်စီးနေသော အင်ဂျင်ကို ပြင်ဆင်ပေးပြီး လိုအပ်သည့် စားနပ်ရိက္ခာနှင့် သောက်ရေတို့ ဖြည့်ဆည်းပေးကာ ပင်လယ်ဘက်သို့ ပြန်လည် ထွက်ခွာစေခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လှေသည် ထိုင်းနိုင်ငံတောင်ပိုင်း အင်ဒိုနီးရှားဘက်သို့ ဦးတည် ခုတ်မောင်းသွားကြောင်း ထိုင်းအစိုးရ ရေဒီယိုဌာနက မေလ ၁၅ ရက်တွင် ကြေညာခဲ့သည်။

အိမ်ဝယ်လျှင် လူကိုပါ လက်ထပ်ရမည်ဆိုသည့် အင်ဒိုအမျိုးသမီးအတွက် ဝယ်လက် ပေါ်လာ


မိမိအိမ်ကို ဝယ်ယူပါက မိမိကိုပါ လက်ထပ်ရမည်ဟု ကြေညာခဲ့မှုကြောင့် နာမည်ကြီးခဲ့သည့် အင်ဒိုနီးရှား အမျိုးသမီးသည် သူမ၏ ဝယ်လက် (သို့မဟုတ်) ခင်ပွန်းလောင်းကို ရှာဖွေ တွေ့ရှိသွားပြီ ဖြစ်သည်။
ယွန်ယာကာတာတွင် နေထိုင်သည့် အသက် (၄၀) အရွယ် အမျိုးသမီး ဝီနာလိုင်က သူမ၏ အိမ်ကို ဝယ်ယူရန် သင့်တော်သည့် ကမ်းလှမ်းမှုကို အမျိုးသားတစ်ဦးထံမှ လက်ခံရရှိခဲ့ကြောင်း Kompas နေ့စဉ် သတင်းစာသို့ ပြောကြားခဲ့သည်။ “သူ့နာမည်က ရီဒီ အီကိုပါ။ သူကလည်း ဇနီးတစ်ယောက် အလိုရှိနေတာပါ”ဟု ဝီနာက ဆိုသည်။