Friday, January 22, 2016

မုဒိမ်းမှုများ ကျူးလွန်ခဲ့သည့် အမေရိကန်ရဲအရာရှိကို ထောင်ဒဏ် ၂၆၃ နှစ် ပြစ်ဒဏ်ချမှတ်

အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိဟောင်းတစ်ဦးကို မုဒိမ်းမှုနှင့် အခြားသောစွဲချက်များအတွက် ထောင်ဒဏ် ၂၆၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
အသက် ၂၉ နှစ်ရှိ ဒန်နီရယ်လ် ဟော့ဇ်ကလောသည် ကင်းလှည့်တာဝန်များ ထမ်းဆောင်နေချိန်တွင် အာဖရိကန်နွယ်ဖွား အမေရိကန်အမျိုးသမီးများကို ပစ်မှတ်ထားရှာဖွေကာ လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သူ ဖြစ်သည်။ ပြီးခဲ့သည့်လက ၎င်းအနေဖြင့် စွဲချက် ၃၆ ခုအနက် ၁၈ ခုတွင် အပြစ်ရှိကြောင်း ဟော့ဇ်ကလောက မျက်ရည်လည်ရွဲဝန်ခံခဲ့ပြီးနောက် ဇန်နဝါရီ ၂၁ ရက်တွင် ဂျူရီအဖွဲ့က အဆိုပါပြစ်ဒဏ်ကို ချမှတ်ခဲ့သည်။

အလုံပိတ်တဲများကြောင့် တိုင်းရင်းသားကျေးရွာရှိ အငှားမြေနေရာ ပြန်သိမ်း

ပြည်ထောင်စုတိုင်းရင်း သားကျေးရွာအတွင်းရှိ ပုဂ္ဂလိက သို့ အငှားချထားသည့် မြေ ၁၀ ဧကနေရာတွင် အလုံပိတ်တဲငယ်များ ဖွင့်လှစ်ထားသဖြင့် ပြန်လည်သိမ်းယူလိုက်ပြီး တာဝန်ရှိသူများကို အရေးယူ ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်သည်။ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာရှိ အလုံပိတ်တဲငယ်များ တွင် တက္ကသိုလ်ကျောင်းသားများ နှင့် လူငယ်စုံတွဲများ ၀င်ထွက်မှုရှိ နေသဖြင့် မသင့်လျော်ကြောင်း မီဒီယာများ၌ ဖော်ပြခဲ့သဖြင့် ၀န်ကြီးဌာနက တုံ့ပြန်အရေးယူ ခြင်းဖြစ်သည်။

အိုင်အက်စ်တို့ကို တိုက်ခိုက်ရန် အမေရိကန် နာမည်ကျော် တိုက်လေယာဉ်များ အနားပေးမည့် အစီအစဉ် ရွှေ့ဆိုင်းရဖွယ်ရှိ


အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးကြောင့် အမေရိကန်၏ နာမည်ကျော် A-10 မြေပြင်စစ်ဆင်ရေး ဗုံးကြဲတိုက်လေယာဉ်များကို အနားပေးမည့်ကာလ ရွှေ့ဆိုင်းသွားဖွယ် ရှိနေကြောင်း သိရသည်။

နှစ်ပေါင်း ၁၃၀ နီးပါး ကြာပြီးမှ ဦးခေါင်းနှင့် ခန္ဓာကိုယ် ပြန်လည်ဆက်စပ်နိုင်ခဲ့သည့် နတ်ဘုရားရုပ်တု

 
နတ်ဘုရားရုပ်တုကို အမွှေးနံ့သာများ ဖြန်းပက်နေသည့် ကမ္ဘောဒီးယား ဒုတိယ ဝန်ကြီးချုပ် ဆော့ခ်အန်း။
ကမ္ဘောဒီးယားနိုင်ငံရှိ ဦးခေါင်းနှင့်ခန္ဓာကိုယ် တခြားစီဖြတ်တောက်ခြင်းခံထားရသည့် ဟိန္ဒူနတ်ဘုရားရုပ်တုတစ်ခုကို နှစ်ပေါင်း ၁၃၀ နီးပါးအကြာတွင် ပြန်လည်ပေါင်းစပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားကို ပြင်သစ်တို့ ကိုလိုနီအဖြစ် အုပ်စိုးစဉ်က အဆိုပါ နတ်ဘုရားရုပ်တု၏ဦးခေါင်းကို ယူဆောင်သွားပြီး ပါရီရှိ ဂီမတ်ပြတိုက်တွင် နှစ်ပေါင်းများစွာ ပြသထားသည်။ ဂီမတ်သည် အာရှအနုပညာလက်ရာများကို ပြသသည့်ပြင်သစ်အမျိုးသားပြတိုက်လည်း ဖြစ်သည်။