Thursday, October 2, 2014

Homsမြို့ စာသင်ကျောင်းမှာ ဗုံးပေါက်၊ ကျောင်းသား ၄၀ ကျော်သေဆုံး


Photo: Homsမြို့ စာသင်ကျောင်းမှာ ဗုံးပေါက်၊ ကျောင်းသား ၄၀ ကျော်သေဆုံး 
Thursday,October 2, 2014

ဆီးရီးယားနိုင်ငံ Homs မြို့မှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာက ကလေးငယ် အယောက်ပေါင်း ၃၀ ကျော် သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

စာသင်ကျောင်း တစ်ကျောင်းမှာ ဗုံးပေါက်ကွဲခဲတာကြောင့် ကလေးတွေသေဆုံးမှု များတာ ဖြစ်တယ်လို့ အေဘီစီ သတင်းထောက် Matthew Carney က သတင်းပေးပို့ထားပါတယ်။

အသေခံ ဗုံးဖောက် ခွဲရေးသမား တစ်ဦးက ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီလူဟာ ဗုံးတစ်လုံးကို ကျောင်းရဲ့ နေရာတစ်ခုမှာ ချထားပြီး နောက်ဗုံးတစ်လုံးနဲ့ ကိုယ့်ကိုကိုယ် အသေခံပြီး ဗုံးဖောက်ခွဲ ခဲ့တာပါ။

စာသင်ကျောင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက် ၆ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးတွေ အိမ်ပြန်မယ့်အချိန်မှာပဲ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

Homs မြို့ရဲ့ Alawite လူမျိုးတွေနေထိုင်ရာ Akrameh ရပ်ကွက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီဒေသဟာ သမ္မတ Bashar al Assad နဲ့ လူမျိုးခြင်းတူတဲ့ လူတွေ အနေများတဲ့ ဒေသ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆီးရီးယား အစိုးရကတော့ အသက် ၆ နှစ်နဲ့ ၉ နှစ်အကြားက ကလေးငယ် ၃၁ ယောက် သေဆုံးရတယ်လို့ ပြောပါတယ်။

အခုအချိန်အထိ ဘယ်အဖွဲ့အစည်းကမှ ဒီဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး တာဝန်ယူမှုတွေ မရှိသေးပါဘူး။

အရင်တုန်းကတော့ အခုလို ဆင်တူတဲ့ ဗုံးဖောက်ခွဲမှုကို Al Qaeda အဖွဲ့နဲ့ ဆက်နွယ်တဲ့ Nusra Front အဖွဲ့က ပြုလုပ်ခဲ့ဖူးပါတယ်။

ABC Radio Australia

ဆီးရီးယားနိုင်ငံ Homs မြို့မှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာက ကလေးငယ် အယောက်ပေါင်း ၃၀ ကျော် သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
စာသင်ကျောင်း တစ်ကျောင်းမှာ ဗုံးပေါက်ကွဲခဲတာကြောင့် ကလေးတွေသေဆုံးမှု များတာ ဖြစ်တယ်လို့ အေဘီစီ သတင်းထောက် Matthew Carney က သတင်းပေးပို့ထားပါတယ်။
အသေခံ ဗုံးဖောက် ခွဲရေးသမား တစ်ဦးက ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီလူဟာ ဗုံးတစ်လုံးကို ကျောင်းရဲ့ နေရာတစ်ခုမှာ ချထားပြီး

MPT မှ အင်တာနက်စနစ် ငှားသုံးသော်လည်း အများထင်မြင်သလို မဟုတ်ဟု တယ်လီနော ဆို

ကိုယ်ပိုင်အင်တာနေရှင်နယ် ဂိတ်ဝေးတည်ဆောက်မှု မပြီးစီးသည့်အတွက် Telenor အင်တာနက်စနစ် MPT မှ ငှားရမ်းသုံးစွဲခြင်းဖြစ်ပြီး အများထင်မြင်သ လိုမြန်နှုန်းနှေး မည် မဟုတ်ဘဲ မြန်စေပါမည်ဟု ယင်းကုမ္ပဏီမှ CEO Petter Furberg က ပြောသည်။ ကိုယ်ပိုင်ဂိတ်ဝေးပြီးတာနဲ့ ငှားရမ်းမှုကို ပြန်အပ်မှာပါ။ နောက်ထပ် ဖိုင်ဘာ ဆက်ကြောင်းတွေလည်း ချိတ်ဆက်သွားဖို့ရှိပါတယ်။ မပြီးသေးခင်ကာလမှာပဲ ငှားသုံးနေ တာပါ။ အင်တာနက်သုံးစွဲခကိုလည်း သက်သာတဲ့နှုန်းအပြင် အခမဲ့သုံးနိုင် တဲ့ စနစ်တွေထည့်ပေး ထားပါတယ်” ဟု ပြောသည်။

လက်ပံတောင်းဒေသခံများ တရုတ်အလံကို မီးရှို့

Photo: လက်ပံတောင်းဒေသခံများ တရုတ်အလံကို မီးရှို့
Thursday, October 2, 2014

ပုံသဏ္ဌာန်မျိုးစုံဖြင့် ကျိန်စာတိုက်ပွဲများ ပြုလုပ်ခဲ့သော လက်ပံတောင်းတောင် စီမံကိန်းနယ်မြေ ဆည်တည်းကျေးရွာ၏ မြောက်ဘက် ရဲကင်းများအနီးတွင် ဒေသခံများက အောက်တိုဘာလ ၁ ရက် ညနေပိုင်းက ကျိန်စာတိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံအလံကို မီးရှို့သရုပ်ပြမှုများ ပြုလုပ်ခဲ့ကြောင်း လက်ပံတောင်း ဒေသခံများက ပြောကြားသည်။

လက်ရှိ ကျိန်စာတိုက်ပွဲသည် လက်ပံတောင်း ဒေသ၏ ၁၁ ကြိမ်မြောက် ကျိန်စာတိုက်ပွဲ ဖြစ်ခဲ့ပြီး ဝမ်ပေါင်ကုမ္ပဏီ ခြံစည်းရိုးအနီး ကန်တော့ပွဲများဖြင့် တောင်စောင့်နတ်များကို ပူဇော်ကာ ဒေသခံများ မြေယာမဲ့ဘဝ ဖြစ်ရအောင် ပြုလုပ်သူများနှင့် တောင်ကို စောင့်ရှောက်နေသော တောင်စောင့်နတ်များကို နေရာပျောက်အောင် ပြုလုပ်သူများကို ကျိန်စာတိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆည်တည်းရွာမှ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
“ရွာက ဒေသခံ အမျိုးသမီးတစ်ဦးက ဖိုလ်ဝင်ရှင်မ နတ်ပူးပြီး ကျိန်စာတိုက်မှုတွေ လုပ်သလို၊ နတ်ကျားပူးကပ်တဲ့ ပုံသဏ္ဌာန်နဲ့ စီမံကိန်း ခြံစည်းရိုးအနီးမှာ ကျားဟိန်းသံလို အော်ပြီး ကန်တော့ပွဲထဲက ဆန်တွေကို စီမံကိန်း ဧရိယာထဲ ပစ်ကြဲပြီး ကျိန်စာတိုက်တယ်” ဟု ၎င်းကဆိုသည်။
လက်ပံတောင်းတောင်အား မျက်နှာမူ၍ ရွှေရောင်သုတ်ထားသည့် မျက်နှာဖုံးများကို တပ်ထားသူ သုံးဦးမှ တရုတ်နိုင်ငံ အလံကို ကိုင်ဆောင်ကာ ကြွေးကြော်သံများ အော်ဟစ်ပြီး မောင်းထုကာ တရုတ်နိုင်ငံအလံကို မီးရှို့မှုများကို ခဲ့သည်။

ကျိန်စာတိုက် ဆန္ဒထုတ်ဖော်ပွဲသို့ ဒေသခံ ၇၀ ဦးခန့် လာရောက်ခဲ့ပြီး ဒေသခံတွေအပေါ် ကျွန်ပြုရန် လုပ်ဆောင်နေသည့် တရုတ် ဝမ်ပေါင်ကုမ္ပဏီ အလိုမရှိ၊ စစ်ခရိုနီ ဦးပိုင်ကုမ္ပဏီ ကျဆုံးပါစေ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံးဝအလိုမရှိ၊ မဖြူနှင်းထွေး အပါအဝင် မတရားဖမ်းဆီးခံ ထားရသူများကို ချက်ချင်းလွှတ် စသည့် အချက်များကိုလည်း ကြွေးကြော်ခဲ့ကြောင်း ပါဝင်ခဲ့သည့် ဒေသခံများက ပြောကြားသည်။
လက်ပံတောင်းတောင် စီမံကိန်းကို ရပ်ဆိုင်းပေးရန် ဒေသခံများက ရာချီသော ဆန္ဒထုတ်ဖော်ပွဲများကို ပြုလုပ်ခဲ့သကဲ့သို့ ထူးခြားသည့် ပုံသဏ္ဌာန်ဖြင့် သုသာန်အတွင်း ပြုလုပ်သည့် ပါဖော့မန့်များ၊ အခေါင်းသုံးလုံး မီးရှို့မှုများ နတ်များ ပင့်ဖိတ်ကျိန်စာတိုက်မှုများကို အမျိုးမျိုး ပြုလုပ်ခဲ့ကြပြီး နောက်ဆုံးအနေနှင့် တရုတ်နိုင်ငံ အလံကိုပါ မီးရှို့ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

The Voice Weekly
ပုံသဏ္ဌာန်မျိုးစုံဖြင့် ကျိန်စာတိုက်ပွဲများ ပြုလုပ်ခဲ့သော လက်ပံတောင်းတောင် စီမံကိန်းနယ်မြေ ဆည်တည်းကျေးရွာ၏ မြောက်ဘက် ရဲကင်းများအနီးတွင် ဒေသခံများက အောက်တိုဘာလ ၁ ရက် ညနေပိုင်းက ကျိန်စာတိုက်မှုများ ထပ်မံပြုလုပ်ခဲ့ရာ တရုတ်နိုင်ငံ

Dance for Life ပါတီ ဟိုတယ် ရန်ကုန်တွင် ကျင်းပ.

Dance for Life ပါတီပွဲကို အောက်တိုဘာ ၁ ရက်နေ့ ည၌ ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန်VIP ဘားတွင် ကျင်းပသွားခဲ့သည်။
ဖေ့စ်ဘွတ် တွင် နာမည်ကြီး သူများဖြစ်သည့် သရုပ်ဆောင် ဇွန်သဉ္ဇာ၊ ဇာဇာထက်နှင့် ကဗျာကို တို့သုံးဦးတို့ ပါဝင် မည်ဟု ကြေညာ ထား ခဲ့သည့် အဆိုပါ ပါတီ ပွဲကို ယခင်က အင်းလျားလိတ် ဟိုတယ် ဘား၌ ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း ဝေဖန်မှုများ ရှိခဲ့ပြီး နေရာပြောင်းရွှေ 

ဆန္ဒပြ သူများအား နှိမ်နင်းခြင်းသည် မှားယွင်းသော လုပ်ရပ် မဟုတ်ဟုဆို

Photo: ဆန္ဒပြ သူများအား နှိမ်နင်းခြင်းသည် မှားယွင်းသော လုပ်ရပ် မဟုတ်ဟုဆို
Thursday, October 2, 2014

ဟောင်ကောင်ရှိ လူသွားလူလာ ထူတပ်သော နေရာများတွင် စခန်းချ ဆန္ဒပြနေ သူများအား မျက်ရည်ယိုဗုံး များဖြင့် တိုက်ခိုက်ခြင်းသည် မှားယွင်းသော လုပ်ရပ် မဟုတ်ကြောင်း ဟောင်ကောင် ရဲမင်းကြီး အန်ဒီဆန်က ရဲအရာရှိများအား ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

တနင်္ဂနွေနေ့တွင် ဆန္ဒပြသူများ အိမ်ပြန် ကြရန် အစိုးရက သတိပေး ပြောဆိုခဲ့ သော်လည်း ဆန္ဒပြ သူများသည် အစိုးရ၏ အမိန့်ကို နာခံခြင်း မရှိဘဲ လမ်းမများ ထက်တွင် ဆက်လက် ချီတက် ဆန္ဒပြခဲ့ သောကြောင့် ရဲတပ်ဖွဲ့ ၀င်များသည် မျက်ရည်ယိုဗုံးနှင့် ငရုတ်ရည်များ သုံးပြီး လူစုခွဲ မှုပြုလုပ်ခဲ့သည်။

ရဲမင်းကြီးဆန်သည် ရဲဌာနချုပ်ရုံး၌ ဗုဒ္ဓဟူးနေ့တွင် အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ရဲမင်းကြီး၏ မိန့်ခွန်း ပြောဆိုမှုကို ရဲ အရာရှိ(၂၀၀)ခန့်နှင့် ဟောင်ကောင် အုပ်ချုပ်ရေးမှူး လီချွန်ယင်းတို့ တက်ရောက်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင် များသည် ၀န်ထမ်းကောင်း ပီသစွာ လုပ်ဆောင်ခဲ့ ခြင်း ဖြစ်ပြီး ဟောင်ကောင်ရှိ နိုင်ငံရေး အကျပ်အတည်းများကြောင့် ရပ်တည်ချက် ပျက်သွားမည် မဟုတ်ဟု မျှော်လင့်ကြောင်း လီက အင်္ဂါနေ့တွင် ပြောဆိုခဲ့သည်။

Messenger News Journal
ဟောင်ကောင်ရှိ လူသွားလူလာ ထူတပ်သော နေရာများတွင် စခန်းချ ဆန္ဒပြနေ သူများအား မျက်ရည်ယိုဗုံး များဖြင့် တိုက်ခိုက်ခြင်းသည် မှားယွင်းသော လုပ်ရပ် မဟုတ်ကြောင်း ဟောင်ကောင် ရဲမင်းကြီး အန်ဒီဆန်က ရဲအရာရှိများအား ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။

၅ရက်ကြာထိန်းသိမ်းခံထားရသည့် ၅လအရွယ်ကလေး ငယ်နှင့်မိခင်ဖြစ်သူ နေအိမ်ခန်းသို့ပြန်ခွင့်ရပြီ

ထိုင်းနိုင်ငံတောင်ပိုင်း ပင်လယ် အပန်းဖြေစခန်းတည်ရှိရာ ဖူးခက်ကျွန်း ၀ချီရတ် ဆေးရုံတွင် ဆေးကုသခ ဘတ်ငွေ တစ်သိန်းကျော် မရှင်းနိုင်သဖြင့် လုံခြုံရေး တာဝန်ရှိသူများ၅ရက်ကြာ ထိန်းသိမ်း ခံထားရသည့် သားအမိ ၂ဦး ယနေ့တွင် အိမ်ပြန်ခွင့်ရရှိခဲ့ပြီဖြစ်သည်။

အိနိ္ဒယနိုင်ငံ မြောက်ပိုင်းတွင် ခရီးသည်တင် ရထား (၂) စင်းတိုက်၊ လူ (၁၂) ဦးခန့် သေဆုံး



အိနိ္ဒယနိုင်ငံ မြောက်ပိုင်းတွင် ခရီးသည်များ အပြည့်အသိပ် တင်ဆောင်လာသည့် ရထားနှစ်စင်း တိုက်မိမှုကြောင့် အနည်းဆုံး လူ (၁၂) ဦး သေဆုံးပြီး (၄၅) ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန မှပြောခွင့်ရှိသူ တစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောဆိုခဲ့သည်။
ဥတ္တရာပရာဒေ့ရှ် ပြည်နယ်၌ လက်ခ်နောင်းမှ ဘာရောင်နီသို့ ဦးတည် ထွက်ခွာ လာသည့် ခရီးသည်တင် အမြန်ရထားအား အင်္ဂါနေ့ ညနေ

ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းမိသော IS အဖွဲ့ဝင်သည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ၌ စစ်သွေးကြွကွန်ရက်တည်ထောင်ရန် စီစဉ်နေခဲ့ဟု သိရ

Photo

အကြမ်းဖက်ဝါဒ မြန်မာသို့ဦးတည်ခြိမ်းခြောက်မှုများအား သတိဖြင့် ကာကွယ်ရန် သမ္မတတိုက်တွန်း

Photo: အကြမ်းဖက်ဝါဒ မြန်မာသို့ဦးတည်ခြိမ်းခြောက်မှုများအား
သတိဖြင့် ကာကွယ်ရန် သမ္မတတိုက်တွန်း
Thursday, October 2, 2014

- ဇွဲမာန်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၈)။
ရန်ကုန်၊ အဖွဲ့အစည်းတချို့၏ အကြမ်း ဖက်ဝါဒဖြင့် မြန်မာနိုင်ငံသို့ဦးတည်ခြိမ်း ခြောက်မှုများအား သတိရှိရှိဖြင့်ကြိုတင် ကာကွယ်မှုပြုလုပ်ရန် နိုင်ငံတော်သမ္မတ က တိုက်တွန်းပြောကြားလိုက်သည်။

မကြာသေးမီက ဘာသာရေးအ စွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း တစ်ခု၏ မြန်မာနိုင်ငံသို့ ဦးတည်ခြိမ်း ခြောက်မှု ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက် ၍ သမ္မတက အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာ အကြမ်းဖက်ဝါဒအ ဖွဲ့အစည်းတချို့၏ မြန်မာနိုင်ငံသို့ ဦး တည်ခြိမ်းခြောက်မှုများမှာ သိပ်စိုးရိမ် စရာမရှိသော်လည်း လုံခြုံရေးအသိဖြင့် သတိရှိရှိ ကြိုတင်ကာကွယ်မှုများ ပြု လုပ်ထားရန် နိုင်ငံတော်သမ္မတ ဦးသိန်း စိန်က ၄င်း၏ရေဒီယိုမိန့်ခွန်းမှတစ်ဆင့် ထုတ်ဖော်ပြောကြားခဲ့သည်။
''ကမ္ဘာ့လူသားတွေရဲ့ လူ့အခွင့် အရေးနဲ့ အေးချမ်းသာယာစွာရပ်တည် နေထိုင်ရေးကို အထူးခြိမ်းခြောက်လာ တာ ကမ္ဘာလုံးချီ အကြမ်းဖက်ဝါဒပါ။ လက်ရှိ မြန်မာနိုင်ငံကို ဦးတည်ခြိမ်း ခြောက်မှုများရှိနေလို့ စိုးရိမ်စရာရှိပေ မယ့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြ ရမှာဖြစ်ပါတယ်'' ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

ထိုသို့ အကြမ်းဖက်အန္တရာယ်များ အား ကာကွယ်တားဆီးရန် အစိုးရအ ဖွဲ့၊ လွှတ်တော်၊ တရားစီရင်ရေးအဖွဲ့၊ တပ်မတော် လုံခြုံရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီများစသည့် အဖွဲ့အစည်းများ ပူး ပေါင်းလုပ်ကိုင်ရန်လိုအပ်ကြောင်း သမ္မတ က တိုက်တွန်းပြောကြားခဲ့သည်။
လွန်ခဲ့သော စက်တင်ဘာ ၂၅ရက် တွင် ဘင်္ဂလားဒေ့ရှ်အခြေစိုက် RSO အကြမ်းဖက်သူဟု ယူဆရသော သ တင်းတပ်သားဖြစ်သူ ဘင်္ဂါလီလူမျိုး ယာ ဆိမ်းအဲဖာရာကို ကျီးကန်းပြင်စစ်ဆေး ရေးဂိတ်တွင်လည်းကောင်း၊ စက်တင် ဘာ ၂၈ရက်တွင် မိုဟာမက်အီဒရိရ်နှင့် နူမာမောက်တို့ကိုလည်းကောင်း ဖော် ထုတ်ဖမ်းဆီးမိခဲ့ကြောင်း မြန်မာနိုင်ငံ နယ်ခြားစောင့်အဖွဲ့မှ ထုတ်ပြန်ချက် များအရ သိရသည်။

TheYangonTimes
- ဇွဲမာန်၊ ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၈)။
ရန်ကုန်၊ အဖွဲ့အစည်းတချို့၏ အကြမ်း ဖက်ဝါဒဖြင့် မြန်မာနိုင်ငံသို့ဦးတည်ခြိမ်း ခြောက်မှုများအား သတိရှိရှိဖြင့်ကြိုတင် ကာကွယ်မှုပြုလုပ်ရန် နိုင်ငံတော်သမ္မတ က တိုက်တွန်းပြောကြားလိုက်သည်။
မကြာသေးမီက ဘာသာရေးအ စွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း တစ်ခု၏ မြန်မာနိုင်ငံသို့ ဦးတည်ခြိမ်း ခြောက်မှု ပြုလုပ်ခဲ့ခြင်းနှင့်ပတ်သက် ၍ သမ္မတက အသိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆံပင်တွေကို မြိုချတဲ့ အကျင့်ကြောင့် ခွဲစိတ်ကုယူရ

ကာဂျစ်စတန် နိုင်ငံက အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်လေး တစ်ဦး ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အရလည်း ဘာရောဂါမှ မရှိကြောင်း ဆရာဝန်များက စစ်ဆေး ထွက်ဆိုထားပါတယ်။ ဒါပေမယ့် သူ့မှာ ရှိတဲ့ အကျင့်ကလေး တစ်ခုကတော့ ဆံပင်များကို စားခြင်း ဖြစ်ပါတယ်။ သူများတွေ လက်သည်းကိုက်တတ် သလိုပဲ သူ့ဆီမှာ ရှိတဲ့

အေးဝတ်ရည်သောင်း

Myanmar Model Aye Wut Yee Thaung - Random Beautiful Collection Photos

ယာဉ်တိုက်မှုရာခိုင်နှုန်း လျော့နည်းလာသော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် သေဆုံးမှု များပြားနေဆဲဟုဆို

Photo: ယာဉ်တိုက်မှုရာခိုင်နှုန်း လျော့နည်းလာသော်လည်း ထိခိုက်ဒဏ်ရာ ရရှိမှုနှင့် သေဆုံးမှု များပြားနေဆဲဟုဆို
Thursday, October 2, 2014

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှုရာခိုင်နှုန်း ကျဆင်းလာ သော်လည်း ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ပြားနေဆဲဖြစ်ကြောင်း သတင်း ရရှိသည်။

‘‘ယာဉ်တိုက်မှု အန္တရာယ် ကျဆင်းရေးအပြည်ပြည်ဆိုင်ရာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး စနစ် (5 E System) နဲ့အညီ အကောင်းဆုံး ပြုပြင်ထိန်းသိမ်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။ ကဏ္ဍအလိုက်လည်း ပြုပြင်ဖို့ လိုအပ်တယ်’’ ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရွှေရတုနှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှုများ နေ့စဉ် နှင့်အမျှ ဖြစ်ပွားလျက်ရှိပြီး ၂၀၁၂ ခုနှစ်က ယာဉ်တိုက်မှု ၁,၁၀၀ ကျော်တွင် ဒဏ်ရာရရှိသူ  ၁,၈၀၀ ကျော်နှင့် သေဆုံးသူ ၃၀၀ ကျော်၊ ၂၀၁၃ ခုနှစ်တွင် ယာဉ်တိုက်မှု ၁,၄၀၀ ကျော်၊ ဒဏ်ရာရရှိသူ ၂,၀၀၀ ကျော်နှင့် သေဆုံးသူ ၄၀၀ နီးပါးရှိခဲ့သည်။

ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှု ၁,၀၅၀ မှု၊ ဒဏ်ရာရရှိသူ ၁,၉၈၇ ဦး၊ သေဆုံးသူ ၂၉၀ ဦးအထိရှိ ကြောင်း မှတ်တမ်းများအရ သိရှိ ရသည်။

ယာဉ်တိုက်မှုအန္တရာယ်များ လျော့နည်းကျဆင်းရေးအတွက် ယာဉ်တိုက်မှုဖြစ်ပွားသည့်အချိန် နေရာနှင့် အုပ်စုတို့အား လေ့လာ သုံးသပ်၍ ထိထိရောက်ရောက် ပညာပေးဟောပြောရန်နှင့် အရေးယူဆောင်ရွက်ကြရန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

7Day DAILY 

မုံရွာမြို့ပေါ်တွင် We are Citizen အဖွဲ့မှ ဆိုင်ကယ်စီးသူများကို စစ်တမ်း ကောက်ယူနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)
စစ်ကိုင်းတိုင်းဒေသကြီး အတွင်း ယာဉ်တိုက်မှုရာခိုင်နှုန်း ကျဆင်းလာ သော်လည်း ထိခိုက် ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုများ ပြားနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ယာဉ်တိုက်မှု အန္တရာယ် ကျဆင်းရေးအပြည်ပြည်ဆိုင်ရာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး စနစ် (5 E System) နဲ့အညီ အကောင်း ဆုံး ပြုပြင်ထိန်းသိမ်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါ တယ်။ ကဏ္ဍ

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်း

Photo: ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင် နိုင်ငံတော်သမ္မတပြောကြားသည့် ရေဒီယိုမိန့်ခွန်း
Thursday, October 2, 2014

မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှ တဆင့် အသိပေးပြောကြားနေကျ ဖြစ်တဲ့အတိုင်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။

 လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ထွန်းလျက်ရှိတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့ ပြုပြင်ပြောင်း လဲရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို လေ့လာကြည့်ရှုတဲ့အခါမှာ အဆင့်တစ်ခုကို ရောက် ရှိနေပြီ ဆိုတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်များရဲ့ အောင်မြင်ဖြစ် ထွန်း မှုနဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ရှိနိုင်တယ်ဆိုတာ လက်ခံ ထားပါတယ်။ ကျွန်တော့်အနေနဲ့ အထူးပြု ပြောကြားလိုတဲ့အချက်ကတော့ ဒီကနေ့ ရရှိထားတဲ့ ဖြစ်ထွန်းမှု အဆင့်ဆင့်ဟာ မိမိတို့ရဲ့ အနာဂတ်ကို ပြဋ္ဌာန်းသတ်မှတ်နိုင်ပြီး ကျွန်တော်တို့ တည်ဆောက်လိုတဲ့ လွတ်လပ်ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတခုအဖြစ် တက်လှမ်းနိုင်ဖို့အတွက် အခြေခံ အုတ်မြစ်ပဲ ဖြစ်ပါတယ်။ အခုလို ပြောကြားရခြင်း ဟာလည်း ဒီကနေ့ ကျွန်တော်တို့ရရှိ ပိုင်ဆိုင်ထားတဲ့ အခြေအနေကောင်းများကို အမိအရ ဆုပ်ကိုင်ပြီး နိုင်ငံရေးဖြစ်စဉ် ဆက်လက် ရှင်သန်နေဖို့အတွက် နိုင်ငံသားအားလုံးက ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အချိန်အခါ ရောက်ရှိနေပြီ ဖြစ်ကြောင်းကို သတိပြုမိစေရေး အတွက်ပဲဖြစ်ပါတယ်။

 နိုင်ငံရေးဖြစ်စဉ်များ ဆက်လက်ရှင်သန်ရေးအတွက် အခြေခံ အကျဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ အလေးထား တိုက်တွန်းလိုတဲ့ အချက်ကတော့ ဆွေးနွေးဘက်များဖြစ်တဲ့ အစိုးရ၊ လွှတ်တော်များ၊ တပ်မတော်၊ နိုင်ငံရေးပါတီများနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးအနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အောင်မြင်ရေး အတွက် အရေးကြီးတဲ့အဆင့်ကို ရောက်ရှိနေတယ် ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။  မာရသွန် ပြေးပွဲများမှာ ပန်းတိုင်နဲ့နီးလာလေလေ၊ ပိုပြီးအားစိုက်ရလေ ဖြစ်တယ် ဆိုသလိုပဲ ဒီကနေ့ မိမိတို့ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုမှ ရပ်စဲရေး သဘောတူညီချက်စာချုပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက်မှုကိုလည်း ပိုမို၍ အားထည့်ဆောင်ရွက် ကြရမယ့် အချိန် ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

 နိုင်ငံရေး အင်အားစုများအားလုံးရဲ့ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုနဲ့ အလေးအနက်ထား ပါဝင်ကြိုးပမ်းအားထုတ်မှုတို့ အထူးလိုအပ်လျက်ရှိတဲ့ အချိန်အခါ လည်းဖြစ်သလို အခုလိုအလွန် အရေးကြီးတဲ့ အဆင့်ဖြစ်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးရေး ကိစ္စကို အောင်မြင်စွာ ဆောင်ရွက်နိုင်မှသာလျှင် မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်ကို ပုံဖော် ထုဆစ်နိုင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲများ စတင်နိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေး တည်ငြိမ်မှု၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုများကို ရေရာသေချာစေမှာဖြစ်တဲ့ အကြောင်းကိုလည်း သတိပြုမိစေလို ပါတယ်။ အထက်မှာ ကျွန်တော်ပြောကြားခဲ့တဲ့ အချက်များကို ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့စွဲနဲ့ အယူဝါဒအစွဲများကို ဘေးဖယ်ပြီး ရရှိထားတဲ့ နိုင်ငံရေးဖြစ်ထွန်းမှုများ ဆက်လက် ရှင်သန်ရေးကို အာရုံပြု လုပ်ဆောင်သွားကြဖို့ အလေးအနက် တိုက်တွန်းလိုပါတယ်။

 ကျွန်တော့်အနေနဲ့ စက်တင်ဘာလ လဆန်းပိုင်းမှာ ဂျာမနီ၊ ဆွစ်ဇာလန်နဲ့ နယ်သာလန်နိုင်ငံများကို ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ ပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနဲ့အတူ မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရပ်တည်နိုင်ဖို့အတွက် နိုင်ငံတကာထောက်ခံမှု ပိုမိုလိုအပ်တာ ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ အခုလို ပြည်ပခရီးစဉ်များကို စီစဉ်ပြီး မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်များကို နိုင်ငံတကာကို အသိပေး သတင်းစကား ပါးနေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ နိုင်ငံတကာရဲ့ အမြင်ပြောင်းလဲလာတာနဲ့အမျှ ကျွန်တော်တို့ နိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှာများစွာ အကျိုးဖြစ်ထွန်း လာမှာဖြစ်ပါတယ်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဟာ နိုင်ငံရေးတည်ငြိမ်မှုအတွက် အထူးအရေးကြီးသလို ဒီနိုင်ငံရေး တည်ငြိမ်မှုကသာလျှင် လက်ရှိကျွန်တော်တို့ လူ့အဖွဲ့အစည်း ချီတက်နေတဲ့ ဒီမိုကရေစီ အခြေတည် ခိုင်မာရေးကို အဓိကမဏ္ဍိုင်တစ်ရပ် အနေနဲ့ ထောက်ကူပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော် အခုခရီးစဉ်အတွင်း သွားရောက်ခဲ့တဲ့ နိုင်ငံများဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု သက်သက်သာမက လူသားအရင်းအမြစ်၊ နည်းပညာပိုင်းနဲ့ နိုင်ငံရေးစနစ်များမှာ များစွာမှပင် ရှေ့တန်းက ချီတက်နေတဲ့ နိုင်ငံများဖြစ်တဲ့ အတွက် ဒီခရီးစဉ်က ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးရှိမယ့် အတွေအကြုံ များစွာရရှိခဲ့ပါတယ်။

ဒီနိုင်ငံများရဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ်များ၊ လူသားအရင်းအမြစ် ပျိုးထောင်မှု၊ ပညာရေးစနစ်များ၊ အင်စတီကျူးရှင်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ကုမ္ပဏီကြီးများရဲ့ စီးပွားရေး မဟာဗျူဟာ အမြင်များကို လေ့လာခဲ့ပြီး ကျွန်တော်တို့နိုင်ငံအတွက် လေ့လာသင်ယူစရာတွေနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ဖွယ်ရာများကို လေ့လာခဲ့ပါတယ်။ ဥရောပသုံးနိုင်ငံ ခရီးစဉ်အတွင်းမှာ သဘာဝသယံဇာတ ထုတ်ယူတဲ့ စီးပွားရေး ကဏ္ဍများမှာထက် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ သုတေသန လုပ်ငန်းများနဲ့ ခရီးသွားလုပ်ငန်းကဏ္ဍများမှာ ပိုမိုပူးပေါင်းဆောင်ရွက်ဖို့နဲ့ လတ်တလောမှာ လုပ်ငန်းခွင် ဝင်ရောက်ရေး အတွက် ကျွမ်းကျင်လုပ်သားများ လေ့ကျင့်မွမ်းမံပေးနိုင်မယ့် အလားအလာများနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ ပါတယ်။

နိုင်ငံတကာမိတ်ဖက်များ တိုးတက်ရရှိလာတာနဲ့အမျှ ကူးလူးဆက်ဆံမှုများနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာတော့မှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသားများ အားလုံး အနေနဲ့လည်း ဒီအခွင့် အရေးများကို အမိအရ ဆုပ်ကိုင်ထားပြီး သက်ဆိုင်ရာကဏ္ဍအသီးသီးမှာ ဝင်ရောက်သင်ယူ လုပ်ကိုင်နိုင်ဖို့ အတွက် ပြင်ဆင်ထားကြရမှာပဲ ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ စက်တင်ဘာ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့ (၃၆)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးများ အစည်းအဝေးမှာ အာဆီယံ ဒေသတွင်းက သက်ဆိုင်ရာ ဝန်ကြီး များကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ရေ၊ မြေ အနေအထားများဟာ လယ်ယာကဏ္ဍ အတွက် သဘာဝက ပေးထားတဲ့ အားသာချက်တွေပဲ ဖြစ်ပါတယ်။ ရိုးရာနည်းစနစ်နဲ့ စိုက်ပျိုးရေး စနစ်များကနေ လုပ်သားအင်အား နည်းနည်းသာသုံးရတဲ့၊ အရင်းအနှီးနည်းပြီး အကျိုးအမြတ်များတဲ့ အရည်အသွေးမြင့် လယ်ယာထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်မှုဟာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့အတွက် များစွာ အရေးပါတဲ့ ကိစ္စများဖြစ်တဲ့ အတွက်လယ်ယာ ကဏ္ဍကိုလည်း ကျွန်တော်တို့အနေနဲ့ မဟာဗျူဟာ ကဏ္ဍတစ်ရပ် အဖြစ်ရှုမြင် အကောင်အထည်ဖော်လျက် ရှိပါတယ်။

 လက်ရှိမှာ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအဝင် အာဆီယံဒေသ အတွက် စိုးရိမ်ပူပန်မှု တိုးပွားစရာဖြစ်လာတဲ့ ကိစ္စရပ် နှစ်ရပ်ရှိပါတယ်။  ပထမတစ်ခုကတော့ ကမ္ဘာကို ခြိမ်းခြောက်လာတဲ့ ကူးစက်မြန်ရောဂါတွေပဲ ဖြစ်ပါတယ်။ ကူးစက်မြန်ရောဂါများရဲ့ စိန်ခေါ်မှုဟာ အသစ်မဟုတ်ပေမယ့် နိုင်ငံတကာမှာ ကူးလူး ဆက်ဆံမှုတွေ မြင့်မားလာတာ၊ လူဦးရေသိပ်သည်းဆ မြင့်မားလာတာတွေကြောင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန် လာပါတယ်။ အနောက်အာဖရိကမှာ စတင်ခဲ့တဲ့ အီဘိုလာရောဂါ ကူးစက်ခံနိုင်ငံများကို ကျွန်တော်တို့အနေနဲ့ လူသားချင်း စာနာနားလည်ပေးနိုင်သလို ကျွန်တော်တို့ ဒေသတွင်း အတွက်လည်း စိုးရိမ်ပူပန်ရပါတယ်။ ဒါ့အပြင် ဇီဝလက်နက်များ အသုံးပြုပြီး အကြမ်းဖက်တိုက်ခိုက် လာနိုင်ခြေများကလည်း စိုးရိမ်ပူပန်မှု များကို ပိုမိုတိုးပွားစေ ပါတယ်။  ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ သာမက အာဆီယံဒေသ အနေနဲ့ပါ ဒီလိုကူးစက်မြန်ရောဂါတွေကို ကာကွယ်ထိန်းချုပ်ဖို့ ဝိုင်းဝန်းကြိုးပမ်း ကြရမှာ ဖြစ်ပါတယ်။

 ဒုတိယစိန်ခေါ်မှုကတော့ ရာသီဥတုဖောက်ပြန်မှုများကြောင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတဲ့ ကိစ္စဖြစ်ပြီး အာဆီယံဒေသက မြို့ကြီးအတော် များများဟာ ရေကြီးမှုအန္တရာယ်ကို တွေ့ကြုံခံစား လာရပြီ ဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲမှု တွေကြောင့် ပေါ်ပေါက်လာတဲ့ ဆိုးဝါးတဲ့ ရာသီဥတု ဖောက်ပြန်မှုများရဲ့ ဒဏ်တွေကို ရှေ့မှာ မလွဲမသွေ ပိုပြီးရင်ဆိုင်လာရတော့မှာ ဖြစ်ပါတယ်။ မုန်တိုင်းဒဏ်တစ်ခုကြောင့် လူ့အသက်ပေါင်း တစ်သိန်း ကျော်ဆုံးရှုံးခဲ့ရတဲ့ နာကျင်ခံစားမှုမျိုး ကျွန်တော်တို့နိုင်ငံမှာ တွေ့ကြုံခံစားခဲ့ရဖူးပါတယ်။ မုန်တိုင်းကာလအလွန် ပြန်လည် ထူထောင်ရေးတွေကို အထိုက်အလျောက် လုပ်ကိုင်နိုင်သည့်တိုင် မုန်တိုင်းဒဏ်ခံပြည်သူများရဲ့ ပျက်စီးသွားတဲ့ စိတ်ဓာတ်ခွန်အားတွေ ပြန်လည်ရရှိဖို့ ဒီကနေ့အချိန်ထိ ကုစားမှုတွေ လုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဒီလို အဖြစ်အပျက်သင်ခန်းစာတွေကနေတဆင့် ရာသီဥတုဖောက်ပြန် မှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဘေး အန္တရာယ်တွေကို တုန့်ပြန် ရင်ဆိုင်နိုင်ဖို့ ဒေသတွင်း မဟာဗျူဟာတစ်ခုကို နောင်ဆယ်စုနှစ် သုံးလေးခုစာလောက် မျှော်မှန်းပြီး ချမှတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ တစ်ဘက်မှာလည်း ကမ္ဘာလုံးချီတဲ့ ရာသီဥတုဆိုးဝါးဖောက်ပြန်မှုတွေကို တုန့်ပြန်ရင်ဆိုင်ဖို့ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ပူပေါင်းဆောင်ရွက်မှု တွေလုပ်ကြတဲ့အခါ အာဆီယံနိုင်ငံတွေရဲ့ အသံ၊ အမြင်၊ ရပ်တည်ချက်တွေ ပါဝင်ဖို့ အတူတကွ ခိုင်ခိုင်မာမာ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။

 ဒီကနေ့ ကမ္ဘာ့လူသားများရဲ့ လူ့အခွင့်အရေးနဲ့ အေးချမ်းသာယာစွာ ရပ်တည် နေထိုင်ရေးကို အထူးခြိမ်းခြောက်လာတဲ့ ကိစ္စရပ်ကတော့ ကမ္ဘာလုံးချီ အကြမ်းဖက်ဝါဒပဲ ဖြစ်ပါတယ်။ မကြာသေးမီက ကျွန်တော်တို့ မြန်မာနိုင်ငံကို ဦးတည်ခြိမ်းခြောက်ခဲ့မှုများဟာ သိပ်ပြီးစိုးရိမ်စရာ မရှိသည့်တိုင် လုံခြုံရေး အသိ၊ သတိရှိရှိနဲ့ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံ မှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကနေ တစ်ဆင့် ရရှိလာတဲ့ ဖြေလျှော့မှုများ၊ လျော့ပါးသွားတဲ့ ကန့်သတ်ချက်များကနေ ပေါ်ပေါက်လာတဲ့ အခွင့်အလမ်းများကို အလွဲသုံးပြီး ကိုယ်ကျိုးစီးပွားအတွက် အသုံးချမယ့် ကိစ္စရပ်များ၊ ခြိမ်းခြောက်မှုများကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေး အသွင်ဆောင်တဲ့ ပဋိပက္ခများ ဟာလည်း အခုလို လုပ်ရပ်တွေကြောင့် ပေါ်ပေါက် ခဲ့တာ ဖြစ်ပါတယ်။

 နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုမလိုလားတဲ့ အဟန့်အတားပြုလိုတဲ့ အင်အားစုများကလည်း သွေးထိုး လှုံ့ဆော်မှုများ ပြုလုပ်လာနိုင်တဲ့အတွက် ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးအနေနဲ့ ဒီလိုကိစ္စရပ်များကို အသိရှိရှိ တုံ့ပြန်ဆောင်ရွက်ကြရမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ နှစ်ပေါင်းရာနဲ့ချီပြီး မတူကွဲပြားမှုများကို နားလည် လက်ခံ စည်းလုံးညီညွတ်စွာ နေထိုင် လာတဲ့ သမိုင်းကြောင်း အခိုင်အမာ ရှိခဲ့ပြီး ဖြစ်ပါတယ်။

 မျိုးနွယ်စုနဲ့ ကိုးကွယ် ယုံကြည်မှုများ မည်သို့ပင် ကွဲပြားစေကာမူ အားလုံးမှာ တူညီတဲ့ အချက်ကတော့ မြန်မာ့ရေမြေပေါ်မှာ ဒိုးတူဘောင်ဘက် နေထိုင်၊ လုပ်ကိုင်၊ စားသောက်ကြပြီး နိုင်ငံသားတိုင်းဟာ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုအပေါ်မှာ ချစ်ခင်ကြတဲ့စိတ်ပဲ ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်တန်ဖိုး များကို အခြေခံပြီး နိုင်ငံသား အချင်းချင်းအကြား စိတ်ဝမ်းကွဲပြားမှုများ မဖြစ်စေဖို့နဲ့ ဘေးပယောဂ အဖျက်အမှောင့်များကို နားမယောင်ဘဲ ဆန့်ကျင် တုန့်ပြန်ကြရမှာ ဖြစ်ပါတယ်။ မိမိတို့ အစိုးရအဖွဲ့၊ လွှတ်တော်များ၊ တရားစီရင်ရေး အဖွဲ့များ၊ တပ်မတော်၊ လုံခြုံရေးအဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်း များနဲ့ နိုင်ငံသားအားလုံးက တစ်စိတ်တစ်ဝမ်းတည်း တိုင်းချစ်ပြည်ချစ် နိုင်ငံချစ်စိတ် အပြည့်အဝနဲ့ လက်တွဲ ပူးပေါင်းပြီး အကြမ်းဖက်အန္တရာယ်ကို ကာကွယ်တားဆီးရာမှာ ပူးပေါင်းပါဝင် ကြဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးရအောင်၊ ပြည်သူများရဲ့ စီးပွားရေး ပြန်လည်ဖွံ့ဖြိုး တိုးတက်လာအောင်၊ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေ ဖန်တီးပေးနိုင်ဖို့ တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိတဲ့ အကြောင်း ပြောကြားရင်း နိဂုံးချုပ် ပါတယ်။

မိဘပြည်သူများ ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။

Credit to : Hmuu Zaw

မိဘပြည်သူများခင်ဗျား
ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှ တဆင့် အသိပေးပြောကြားနေကျ ဖြစ်တဲ့ အတိုင်း စက်တင်ဘာလအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု များကို ပြောကြားရခြင်း ဖြစ်ပါတယ်။