Wednesday, December 2, 2015
သမိုင်းဝင် ဒီဇင်ဘာ ၂ရက်နေ့ ကတိမှသည် ဇန်န၀ါရီ ၃၁သို့
ရန်ကုန်မန္တလေးလမ်းနဲ့ ပင်လောင်းလမ်းကြီး အဆုံကနေ တစ်မိုင်လောက်ဝင်လိုက်တဲ့ အခါမှာပဲ လုံခြုံရေးအဆင့်ဆင့်ချထားပြီး၊ မိုင်းရှင်းလင်းရေး ခွေးကြီးနှစ်ကောင်နဲ့ သတင်းမီဒီယာတွေဆီက ပါလာသမျှကို ကာကွယ်ရေးဦးစီးချုပ်ရုံး၊ စစ်ဆေးရေးဂိတ်မှာ အနံ့ခံရှာဖွေနေပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့
၂၀၁၅ခုနှစ် ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရရှိထားတဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့
သီးသန့်တွေ့ဆုံဆွေးနွေးကြမယ့် ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်းမှာ အဲဒီလို
လုံခြုံရေးတွေယူ ရှာဖွေနေတာ ဖြစ်ပါတယ်။
အော်ပရေတာများနှင့် မိုဘိုင်းဖုန်းထုတ်ကုန်များတွင် ယူနီကုတ်မဖြစ်မနေသုံးရန် ဆောင်ရွက်မည်
ဆက်သွယ်ရေးအော်ပရေတာများနှင့် မိုဘိုင်းဖုန်းကဲ့သို့ နည်းပညာထုတ်ကုန်များတွင် ယူနီကုတ် (Unicode) စနစ်ကိုမဖြစ်မနေအသုံးပြုရန် ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ညွှန်ကြားချက်ထုတ်ပြန်ဆောင် ရွက်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ လက်အောက်တွင် ဖွဲ့စည်းထားသည့် National Language Processing (NLP) သုတေသနဌာနမှ သတင်းရရှိသည်။‘‘အော်ပရေတာတွေနဲ့ မိုဘိုင်းဖုန်းတွေလို ထုတ်ကုန်တွေမှာ ယူနီကုတ်ကို မဖြစ်မနေသုံးဖို့အတွက်
ညွှန်ကြားချက်ထုတ်ပြန်ပေးသွားဖို့အတွက်
ဝန်ကြီးဌာနနဲ့ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ အော်ပရေတာတွေက
မိုဘိုင်းဖုန်းအသုံးပြုသူတွေဆီကို မြန်မာစာနဲ့ SMS တွေ ပို့တဲ့အခါမှာ
ယူနီကုတ်ကိုမသုံးဘဲ ဇော်ဂျီတစ်မျိုးတည်းကိုသာ သုံးနေတဲ့အတွက်
အခုလိုစီစဉ်ရတာဖြစ်ပါတယ်’’ဟု NLP သုတေသနဌာန၏ လုပ်ငန်းကော်မတီဥက္ကဋ္ဌ
ဦးထွန်းသူရသက်က ပြောသည်။
ဆက်သွယ်ရေးဝန်ကြီးဌာန စီမံကိန်းသုံးစွဲငွေများစောင့်ကြည့်ရန် ကျွမ်းကျင်ပညာရှင်တစ်ဦးခန့်အပ်မည်
ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် စီမံကိန်းများကို
ငွေကြေးသုံးစွဲရာတွင် ကမ္ဘာ့ဘဏ်မှ သတ်မှတ်ချက်များနှင့် အညီ
စနစ်တကျဖြစ်စေရန် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည့်
ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ခန့်အပ်မည်ဖြစ်ကြောင်း
သတင်းရရှိသည်။
‘‘ကမ္ဘာ့ဘဏ်ရဲ့ထောက်ပံ့
မှုနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဝန်ကြီးဌာနရဲ့ စီိမံကိန်းတွေအားလုံးမှာ
ငွေကြေးသုံးစွဲမှုတွေကို သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ
ဆောင်ရွက်နိုင်ဖို့အတွက် အခုလို ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုကျွမ်းကျင်သူ
တစ်ဦးကို စောင့်ကြည်လေ့လာမှုပြုလုပ်နိုင်ဖို့ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်’’ဟု ဆက်သွယ်ရေးညွှန်ကြားမှု
ဦးစီးဌာနမှညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်ကပြောသည်။
လမ်းစပျောက်နေသော ဦးဘကြည်၏ လေဆိပ်ပန်းချီ’’
ပန်းချီကားအုတ်နံရံကို ပိုင်းဖြတ်နေကြစဉ်။ |
ထိုကာလများတွင်
လေဆိပ် အကြောင်းပြောတိုင်း ချန်ထား၍ မရသည်က လေဆိပ်နံရံများပေါ်မှ
ပန်းချီကားများ၊ လေဆိပ်နှင့် နံရံထက်က မြန်မာမှုပန်းချီကားများသည် ခွဲမရသည့်
အမှတ်သင်္ကေတတစ်ခု။ အခုတော့ နှစ်ခုစလုံး အတိတ်တွင် ချန်ခဲ့ရတော့မည်။
ယနေ့ခေတ်တွင် လေဆိပ်သည် အရှေ့တောင်အာရှ၏ ထိပ်တန်းလေဆိပ်စာရင်းမှ
ဖယ်ရှားခံခဲ့ရပြီ ဖြစ်သလို နံရံဆေးရေး ပန်းချီကားများသည် လည်း
လေဆိပ်နံရံများထက်ဆီက ဖယ်ရှား ခံလိုက်ရပြီ ဖြစ်သည်။
နိုင်ငံရေးအခြေအနေကောင်း၍ အနောက်နိုင်ငံမှ ခရီးသွားများ လာရောက်လည်ပတ်ရန် စိတ်ဝင်စားမှုများလာ
ရွေးကောက်ပွဲရလဒ်များ
ထွက်ပေါ်ပြီးနောက် နိုင်ငံရေး အခြေအနေများ ကောင်းမွန်သည့် ဘက်သို့
ဦးတည်လာသည့် အတွက် ဥရောပနှင့် အမေရိကတိုက် တို့မှ ခရီးသည်များ လာရောက်
လည်ပတ်ရန် စိတ်ဝင်စားမှုမြင့် တက်လာကြောင်း မြန်မာနိုင်ငံခရီး
သွားလုပ်ငန်းရှင်များ အသင်းမှ သတင်းရရှိသည်။
မြန်မာနိုင်ငံသို့
ခရီးသည် ၀င်ရောက်မှုနှုန်းမှာ ရွေးကောက်ပွဲ မတိုင်မီအတွင်း အနည်းငယ်တုံ့
ဆိုင်းမှုများ ရှိခဲ့သော်လည်း လက်ရှိ တွင် ပုံမှန်အတိုင်းခရီးသည် ၀င်
ရောက်မှုများပြန်လည် ရရှိလာပြီ ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များထံမှ
သိရသည်။
‘‘ရွေးကောက်ပွဲပြီးတော့
မြန်မာနိုင်ငံကို လာပြီးလည်ပတ်ဖို့ စိတ်ဝင်စားတယ် ဆိုပြီး စုံစမ်းတဲ့
ခရီးသည်တွေ ပိုများလာတာကို တွေ့ရပါတယ်။ အဓိကကတော့
ဥရောပနဲ့အမေရိကတိုက်ကပေါ့။ နိုင်ငံရေးတည်ငြိမ်မှုကို ဆက်ပြီး
ထိန်းနိုင်မယ်ဆိုရင် ခရီးသည်ဝင် ရောက်မှုနှုန်းက ပိုပြီးမြင့်တက်လာ
နိုင်ပါတယ်’’ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း
ဗဟိုအလုပ်အမှုဆောင် ဦးဘုန်းပိုင်ဦး က ပြောသည်။
တင်းမာမှုများကို မေ့ထားပြီး အိုင်အက်စ်အရေးကို အာရုံစိုက်ရန် ရုရှားနှင့် တူရကီကို အိုဘားမားတောင်းဆို
နှစ်နိုင်ငံကြား
အငြင်းပွားစရာ အခြေအနေများကို ဘေးဖယ်ထားပြီး အစ္စလာမ်မစ်နိုင်ငံတော်
(အိုင်အက်စ်)တို့ကိုသာ ဦးတည်တိုက်ခိုက်ကြရန် တူရကီနှင့်ရုရှားကို
အမေရိကန်သမ္မတ ဘာရတ်အိုဘားမားက တောင်းဆိုလိုက်သည်။
ရုရှား၏
SU-24 ဗုံးကြဲလေယာဉ်ကို လေပိုင်နက်ကျူးကျော်မှုဖြင့် တူရကီက
ပစ်ချခဲ့ခြင်းကြောင့် အဆိုပါနှစ်နိုင်ငံကြား အကြီးအကျယ်တင်းမာမှုများ
ဖြစ်ပေါ်နေသည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးမှုအတွက် ပါရီတွင်
တူရကီသမ္မတယီဆက်ပ်တေယစ် အာဒိုဂန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဒီဇင်ဘာ ၂
ရက်တွင် အိုဘားမားက ရုရှားရော၊ တူရကီကပါ အိုင်အက်စ်ကို ချေမှုန်းရေးအတွက်သာ
အဓိကထား ပြင်ဆင်သင့်ကြောင်း ပြောကြားခဲ့သည်။
ဒေါ်လာဘီလီယံများစွာတန်ဖိုးရှိ LG OLED မျက်နှာပြင်စက်ရုံ တည်ဆောက်မည်
OLED
မျက်နှာပြင်များထုတ်လုပ်ရန် စက်ရုံသစ်တစ်ရုံအတွက်
ကန်ဒေါ်လာကိုးဘီလီယံခန့်ရင်းနှီးမြှုပ် နှံရန် စီစဉ်ထားသည်ဟု
တောင်ကိုရီးယားနိုင်ငံမှ LG Display ကုမ္ပဏီက ပြောသည်။
မြောက်ကိုရီးယားနိုင်ငံနှင့်နယ်စပ်အနီး
ပါဂျူမြို့တွင်တည်ဆောက်မည့် ယင်းစက်ရုံအတွက်ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း
ဒေါ်လာ ၁၀ ထရီလီယံရှိသည်ဟု LG Dis-play ကုမ္ပဏီကပြောကြားသည်။
၂၀၁၈
ပထမနှစ်ဝက်အတွင်း ထုတ်လုပ်မှုများစတင်ရန် စီစဉ်ထားခြင်းနှင့်အတူ ကနဦးအဆင့်
အသုံးစရိတ်ပမာဏဒေါ်လာ ၁ ဒသမ ၈ ထရီလီယံသုံးရန် စီစဉ်ထားကြောင်း သိရသည်။
OLED
မျက်နှာပြင်များသည် ရုပ်ထွက်ပို၍ ကြည်လင်ပြတ်သားပြီး
လျှပ်စစ်အားသုံးစွဲရမှုနည်းပါးကာ အသုံးများသော LCD မျက်နှာ ပြင်များထက်
အမြတ်ပို၍ တွက်ခြေကိုက်ကြောင်းသိရသည်။
ဆက်သွယ်ရေးဝန်ကြီးဌာန စီမံကိန်းသုံးစွဲငွေများစောင့်ကြည့်ရန် ကျွမ်းကျင်ပညာရှင်တစ်ဦးခန့်အပ်မည်
ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် စီမံကိန်းများကို
ငွေကြေးသုံးစွဲရာတွင် ကမ္ဘာ့ဘဏ်မှ သတ်မှတ်ချက်များနှင့် အညီ
စနစ်တကျဖြစ်စေရန် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည့်
ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦး ခန့်အပ်မည်ဖြစ်ကြောင်း
သတင်းရရှိသည်။
‘‘ကမ္ဘာ့ဘဏ်ရဲ့ထောက်ပံ့
မှုနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဝန်ကြီးဌာနရဲ့ စီိမံကိန်းတွေအားလုံးမှာ
ငွေကြေးသုံးစွဲမှုတွေကို သူတို့ရဲ့ သတ်မှတ်ချက်တွေနဲ့အညီ
ဆောင်ရွက်နိုင်ဖို့အတွက် အခုလို ဘဏ္ဍာရေးဆိုင်ရာ
စီမံခန့်ခွဲမှုကျွမ်းကျင်သူတစ်ဦးကို စောင့်ကြည်လေ့လာမှုပြုလုပ်နိုင်ဖို့
ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်’’ဟု
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှညွှန်ကြားရေးမှူး
ဦးသန်းထွန်းအောင်ကပြောသည်။
ပုပ်ပွနေသည့် အလောင်းများ ပါရှိသည့် ပိုင်ရှင်မဲ့ ရေမျောကမ်းတင် လှေများကိစ္စ ဂျပန်စုံစမ်းနေ
ပုပ်သိုးဆွေးမြေ့နေသည့်
ရုပ်အလောင်းများကို တင်ဆောင်ကာ ဂျပန်ကမ်းခြေသို့ တဖွဲဖွဲ ဆိုက်ရောက်လာသည့်
ပိုင်ရှင်မဲ့ လှေများနှင့် ပတ်သက်၍ အာဏာပိုင်များက ဖြေရှင်းရန်
ခက်ခဲနေဆဲဟု သိရသည်။
ပြီးခဲ့သည့်
နှစ်လအတွင်း ဂျပန်ပင်လယ်ဖက်မှ မျောပါလာသည့် သစ်သားလှေ ၁၂ စီးထက်မနည်း
ကမ်းခြေသို့ ရောက်ရှိလာခဲ့သည်။ အဆိုပါ လှေများထဲတွင် တင်ဆောင်လာသည့်
အရာများက စက်ဆုပ်ခြောက်ခြားစရာ
ဖြစ်နေပြီး ပုပ်သိုးပျက်စီးနေသည့် အလောင်း ၂၂ လောင်းဖြစ်သည်။
ဂျပန်ကမ်းခြေစောင့်တပ်
တာဝန်ရှိသူ တစ်ဦးက အလောင်းအားလုံးမှာ တစ်ဝက်တစ်ပျက်ပင်
အရိုးကျနေပြီဖြစ်ပြီး နှစ်ဦးမှာ ဦးခေါင်းများ မရှိတော့ဟု ပြောကြားခဲ့သည်။
လှေတစ်စီးပေါ်တွင်မူ ဦးခေါင်းခွံ ခြောက်လုံးကို
တွေ့ခဲ့ရကြောင်းလည်း
၎င်းက ဆိုသည်။ ပထမဆုံးလှေကို အောက်တိုဘာလက စတင်တွေ့ရှိပြီး နောက်ပိုင်းတွင်
အခြားလှေများ ရက်ခြားပြီး ထပ်ရောက်လာခြင်း ဖြစ်သည်။
ဂျပန်ရဲတပ်ဖွဲ့နှင့်
ကမ်းခြေစောင့် တပ်ဖွဲ့သည် အဆိုပါ လှေများ၏ မူလရင်းမြစ်ကို
အဖြေမရှာနိုင်သေးသလို လှေပေါ် ပါလာသူများ အနေဖြင့် မည်သည့် ကြမ္မာဆိုးမျိုး
ကြုံခဲ့သည်ကို မခန့်မှန်းနိုင်သေးချေ။ လတ်တလောတွင် အဆိုပါ လှေများသည်
မြောက်ကိုရီးယားမှ ခရီးစတင်ခဲ့သည်ဟုသာ မရေမရာ ခန့်မှန်းထားနိုင်သည်။
ဆေးလိပ်သောက်ခြင်းကြောင့် အလုပ်ထုတ်ခံရ
ကျားရှေ့
မှောက်လျက်လဲသည့် အဖြစ်ထက် ဆိုးရွားသည့် အခြေအနေမျိုးကို အလုပ်သမား
နှစ်ဦးကြုံတွေ့ခဲ့သဖြင့် လုပ်ငန်းခွင်မှ ချက်ချင်း ထုတ်ပယ်ခြင်း
ခံလိုက်ရသည်။ တရုတ်နိုင်ငံရှိ အလုပ်သမား နှစ်ဦးသည် အလုပ်ရှင် သူဌေးကို
ကြမ်းတမ်းသည့် စကားလုံးများဖြင့် ပြောဆိုခဲ့သည့် အပြင် လုပ်ငန်းခွင်မှ
သတ်မှတ်ထားသည့် စည်းကမ်းများကို ချိုးဖောက်ခဲ့ခြင်း အတွက်
ထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်သည်။
အဆိုပါ အလုပ်သမား နှစ်ဦးသည် အလုပ်ရှင် သူဌေးမှန်း သိရှိခဲ့ခြင်း
မရှိဘဲ ယင်း၏ရှေ့တွင် ဆေးလိပ် မသောက်ရန် တားမြစ်ထားသည့် နေရာ၌
ဆေးလိပ်သောက်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အလုပ်ရှင်သူဌေး၏ ဆေးလိပ် မသောက်ရန် ပြောဆိုမူကို
ကိုယ့်အလုပ် မပာုတ်သောကြောင့် ၀င်ရောက် မစွက်ဖက်ရန် တုံ့ပြန်ပြောဆိုခဲ့သည်။
ထို့ကြောင့် အလုပ်သမား နှစ်ဦးသည် အလုပ် ထုတ်ခံရခြင်း ဖြစ်ပြီး
ယင်းသတင်းသည် တရုတ် မီဒီယာများတွင် ရေပန်းစားခဲ့သည့် သတင်း တစ်ပုဒ်
ဖြစ်ခဲ့သည်။
Subscribe to:
Posts (Atom)