Wednesday, February 12, 2014
လိင်ပြောင်းလဲထားသည့် ကစားသမားများပါဝင်နေဟု အီရန်အမျိုးသမီးအသင်း စွပ်စွဲခံရ
အီရန်လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်း၏ ကစားသမားအချို့မှာ လိင်ပြောင်းထားသည့် ကစား သမားများ ဖြစ်နေသည်ဟု စွပ်စွဲခံခဲ့ရပြီး ကစားသမားလေးဦးမှာ အမျိုးသားများဖြစ်နေကြောင်း သတင်း များ ထွက်ပေါ်လာခဲ့သည့်အတွက် အသင်းမှ ကစားသမားများကို လိင်စစ်ဆေးမှုပြုလုပ်ရန် တွန်းအားပေး မှုများရှိလာခဲ့သည်။
မိန်းမ အစစ်များ မဟုတ်သဖြင့် အီရန် အမျိုးသမီး လက်ရွေးစင် အသင်းမှ ဘောလုံးသမား လေးဦး အမျိုးသမီး အသင်း၌ ကစားခွင့် ပိတ်ပင်ခံရ
မိန်းမ အစစ်များ မဟုတ်သဖြင့် အီရန် အမျိုးသမီး လက်ရွေးစင် အသင်းမှ ဘောလုံးသမား လေးဦး အမျိုးသမီး အသင်း၌ ကစားခွင့် ပိတ်ပင်ခံရ 
Tuesday, February 11, 2014  
  အီရန် ဘောလုံးအဖွဲ့ ချုပ် ဆေးဘက်ဆိုင်ရာ အကြီးအကဲ အာမဒ် ဟက်စီမိန်း က ၄င်းပြဿနာ များအား The Sun သတင်းစာ သို့  ပြောကြားခဲ့ရာတွင် ...                    
" သူတို့  ( ပိတ်ပင်ခံလိုက်ရသည့် ဘောလုံးသမား များ )   အနေနင့် ခုလက်ရှိ ကြုံတွေ့ နေရတဲ့ အခက်ခဲတွေကို လွယ်ကူစွာ ဖြေရှင်းနိုင်ပါတယ် ။ သူတို့ ရဲ့ အပြီးပြတ်သေးတဲ့ အင်္ဂါပိုင်းဆိုင်ရာ ခွဲစိပ် ကုသမှု ကို ပြီးပြတ်အောင် ဆောင်ရွက် ဖို့ နင့် လိင် အမျိုးစား ပြောင်းလဲမှု ကို ဆေးအဖွဲ့ ဆီမှာ သေချာတိကျတဲ့ စစ်ဆေးမှု ကို အပြည့်ဝ ခံယူပြီး ရင် သူတို့ ကို အမျိုးသမီး ဘောလုံး အသင်းဆီ ကို ပြန်လာဖို့  ခွင့်ပြုပေးမှာ ဖြစ်ပါတယ် " ဟု ပြောကြားသွားခဲ့ကြောင်း သိရသည်။ 
Written by ၀ိုင်း ( ကျိန်းရိပ် )
FOOTBALL CAFE
အီရန် အမျိုးသမီး လက်ရွေးစင် ဘောလုံး အသင်းမှ ဘောလုံးသမား လေးဦး သည် မိန်းမ အစစ်များ မဟုတ်သဖြင့် အမျိုးသမီး လက်ေ၇ွးစင် အသင်း၌ ကစားရန် ပိတ်ပင်ခြင်း ခံလိုက်ရကြောင်း သိရသည် ။ ပြည်သူ့ အစ္စလမ်မစ် အဖွဲ့ မှ စစ်ဆေးစဉ် အမျိုးသမီး လက်ရွေးစင် အသင်း၌ ထိုကဲ့သို့  မူလ မိန်းမ အစစ် မဟုတ်သူများ ကို စစ်ဆေးတွေ့ ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ၄င်း ၄ ဦး အဖွဲ့ တွင် ယောင်္ကျား လိင် ( မိန်းမလျာ ) အဖြစ်မှ ခွဲစစ်ပြုပြင်ထားသူ များနင့် မိန်းမလျာ ( မခွဲစစ်ရသေးသူများ ) လည်း ပါဝင် နေကြောင်း သိရသည် ။
တာမွေ လဂွန်းအိမ် ခုံးကျော်တံတားပေါ်မှ ဟွန်ဒါဖစ်တစ်စီး ပြုတ်ကျ
တာမွေ လဂွန်းအိမ် ခုံးကျော်တံတားပေါ်မှ ဟွန်ဒါဖစ်တစ်စီး ပြုတ်ကျ
Wednesday, February 12, 2014
တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ် ရပ်ကွက်ရှိ လဂွန်းအိမ် ခုံးကျော်တံတားပေါ်တွင် ဖေဖော်ဝါရီလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ခန့်က အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော ဟွန်ဒါ (Honda) အမှတ်တံဆိပ် (Fit) ဖစ်အမျိုးအစား ယာဉ်တစ်စီး အဆိုပါ တံတားအောက် ၁၀ ပေခန့် နက်သော နေရာသို့ အရှိန်လွန်ပြုတ်ကျခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဦးအဏ္ဏဝါစိုး မောင်းလာသော ဟွန်ဒါဖစ်ယာဉ်မှာ သမိန်ဗရမ်းလမ်းမှ ကြက်ဘဲဈေးဘက်သို့ မောင်းနှင်လာစဉ် အဆိုပါ ခုံးကျော်တံတားပေါ်၌ ရှေ့တွင် မောင်းလာသောယာဉ်ကို ကျော်တက်ရာမှ အရှိန်လွန်ကာ ညာဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး တံတားဘောင်လက်ရန်းကို ဝင်တိုက်မိရာမှ အောက်သို့ ပြုတ်ကျခဲ့ကြောင်း၊ ယင်းသို့ ပြုတ်ကျစဉ် တံတားအောက်ရှိ မလွှကုန်းဘူတာမှ မီးရထား ဝန်ထမ်းများ နေထိုင်ရာ လိုင်းခန်း၊ ဦးခင်ဇော်၏ နေအိမ်ခေါင်မိုးပေါ်သို့ ပြုတ်ကျခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 
“ဝုန်းခနဲ့ ခေါင်မိုးပေါ်က အသံကြားလို့ ကြည့်လိုက်တော့ ကားက လိုင်းခန်းနှစ်ခု ကြားထဲက နောက်ဖေးဆောင် အခန်းဘက် ပြုတ်ကျပြီး တင်နေတာ။ ဆယ်ပေလောက် အမြင့်ကနေ ကားပြုတ်ကျတာကြောင့် နောက်ဖေးခန်းထဲမှာ လူရှိလို့က သေပြီထင်ပြီး လန့်သွားတယ်” ဟု အဆိုပါ မီးရထားလိုင်းခန်း အိမ်ရာတွင် နေထိုင်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။ 
လဂွန်းအိမ် တံတားပေါ်မှ အောက်သို့ ထိုးကျပြီး နေအိမ်ခေါင်းမိုးပေါ် ပြုတ်ကျခဲ့သောကြောင့် ဟွန်ဒါဖစ် ယာဉ်မောင်းတွင် ပွန်းပဲ့ဒဏ်ရာများရရှိကာ နေအိမ်ခေါင်မိုး သွပ်ပြားများ ပိန်ချိုင့် ပျက်စီးခဲ့သော်လည်း အခြားလူများ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း တာမွေမြို့နယ် အရန်မီးသတ် တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
အဆိုပါ တံတားပေါ်မှ ထိုးကျအောင် မောင်းနှင်ခဲ့သည်ဟုဆိုကာ ယာဉ်မောင်း ဦးအဏ္ဏဝါစိုးကို တာမွေမြို့မ ရဲစခန်းမှ ယာဉ်(ပ) ၉/၁၄၊ ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။
The Voice Weekly
တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ် ရပ်ကွက်ရှိ လဂွန်းအိမ် ခုံးကျော်တံတားပေါ်တွင် ဖေဖော်ဝါရီလ ၁၁ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ ခန့်က အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော ဟွန်ဒါ (Honda) အမှတ်တံဆိပ် (Fit) ဖစ်အမျိုးအစား ယာဉ်တစ်စီး အဆိုပါ တံတားအောက် ၁၀ ပေခန့် နက်သော နေရာသို့ အရှိန်လွန်ပြုတ်ကျခဲ့ကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦနှင့် စွမ်းအင်လိုအပ်ချက် ဂျာမနီကူညီမည်
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအဆောက်အဦနှင့် လျှပ်စစ်စွမ်းအင် ကဏ္ဍတို့သည် ဦးစားပေး လိုအပ်ချက်များ ဖြစ်ပြီး ယင်းကဏ္ဍနှစ်ခု ဖွံ့ဖြိုးလာရေးအတွက် ဂျာမနီက ထောက်ပံ့ ကူညီမည် ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဂျာမနီနိုင်ငံ စီးပွားရေးနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းတို့က ပူးတွဲ ထုတ်ပြန်လိုက်သည်။
နံနံပင်က ဘာတွေ ကာကွယ်နိုင်လဲ
နံနံပင်က ဘာတွေ ကာကွယ်နိုင်လဲ
Wednesday, February 12, 2014
နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေး ပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။
ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစမှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူစဖြစ် ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။
ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ်လာပါတယ်။
ခွဲစိတ် ကုသစရိတ် စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။
အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာ မှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။
နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက် သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေ လိုက်ရပါတယ်။
Ref: medic-fact, wiki
International news for myanmar
နံနံပင်နဲ့ ကျောက်ကပ် ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေအာရှ အထိပျံနှံ့လာတဲ့ သဘာဝ ဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေး ပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။
နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုနှင့် ဥပဒေပြုရေးအာဏာကို လူနည်းစုလက်ထဲတွင် ဆုပ်ကိုင်ထားပါက စီးပွားရေးအရ တိုးတက်လာရန် မဖြစ်နိုင်ကြောင်း ဂျာမနီနိုင်ငံသမ္မတ ရန်ကုန်တက္ကသိုလ်၌ပြောကြား
မြန်မာနိုင်ငံသို့ အလည်အပတ်အဖြစ် ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ ဂျာမနီနိုင်ငံသမ္မတ H.E. Mr Joachim Gauck က ဖေဖော်ဝါရီ ၁၁ ရက်တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ပြောကြား ခဲ့သောမိန့်ခွန်းတွင် နိုင်ငံတစ်နိုင်ငံ၏ ချမ်းသာကြွယ်ဝမှုနှင့် ဥပဒေပြုရေးအာဏာကို လူနည်းစုလက်ထဲတွင် ဆုပ်ကိုင်ထားပါက စီးပွားရေးအရ တိုးတက်လာရန် မဖြစ်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
'မင်္ဂလာပွဲမှာ အဆင်မပြေမှာကိုစိုးရိမ်နေလို့ စိတ်ပင်ပန်းနေတယ်' သက်မွန်မြင့်
ယခုလ ၁၄ ရက် မွန်းလွဲ၃ နာရီတွင် ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်၌ကျင်းပမည့် မင်္ဂလာပွဲ အတွက် ကြိုတင်ပြင်ဆင်မှုတွေ နှင့်ပတ်သက်ပြီး သရုပ်ဆောင် သက်မွန်မြင့်က ယခုကဲ့သို့ ပြော သည်။
''မင်္ဂလာပွဲ စီစဉ်နေတဲ့ အတွက် အရမ်းကိုပင်ပန်းခဲ့ပါ တယ်။ တစ်သက်လုံး ဒီလောက် မပိန်ဖူးပါဘူး။ ကိုယ်ကပွဲတွေ ကိုလဲ မစီစဉ်ဘူးတဲ့အခါကျတော့ အဆင်မပြေမှာ စိုးရိမ်မှုတွေတော့ ရှိတာပေါ့။ ဒါတောင် ပွဲကြီးကို မလုပ်ရသေးဘူး။ ပြီးခဲ့တဲ့ပွဲမှာ တုန်းကဆိုရင် ဆရာ ဆရာမတွေ၊ မိဘတွေ၊
ဗဟန်းမြို့မရဲစခန်းလူသတ်မှုမှ ပြစ်မှုကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင်နေသူအား သတင်းပေးကြ ပါရန် မေတ္တာရပ်ခံခြင်း
၈.၂.၂၀၁၄ရက်နေ့ ၂၂၀၀အချိန် ဗဟန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရန်ကုန်ဆေးရုံကြီးတွင် အမျိုးသား တစ်ဦးဓါးထိုးခံရကာ သေဆုံးရောက်ရှိ နေကြောင်း သတင်းအရသွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/အရှေ့ရပ်ကွက်နေ ကိုဆန်းမင်းသူဖြစ်ပြီး ၀ဲရင်အုံ တွင်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ မေးစေ့ဝဲဘက်ပွန်းစုတ်ဒဏ်ရာ (၁)ချက်တို့ရရှိထားသည်ကိုတွေ့ရှိရပါသည်။
ဂျာမဏီသမ္မတ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြော
မြန်မာနိုင်ငံဟာ အချိန်ကာလတိုအတွင်းမှာ အပြောင်းအလဲတွေဖြစ်လာခဲ့ပြီး၊ ရှေ့ဆက်သွားရမယ့် လမ်းကတော့ အတားအဆီး အခက်အခဲတွေ ရှိနေလိမ့်ဦးမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ဂျာမန်သမ္မတ Joachim Gauck က ပြောလိုက်ပါတယ်။
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ဂျာမန်သမ္မတက မိန့်ခွန်းတရပ်ပြောခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေကို ချီးကျူးပြောဆိုသလို၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျာမဏီအနေနဲ့ ကူညီအားပေးသွားမယ်လို့ ပြောသွားပါတယ်။
မြန်မာ့လေကြောင်းက Boeing လေယာဉ်သစ်များ ဝယ်ယူမည်
မြန်မာ့လေကြောင်းက Boeing လေယာဉ်သစ်များ ဝယ်ယူမည်
Wednesday, February 12, 2014
စာချုပ်အရ Boeing 737 လေယာဉ် အနည်းဆုံး(၁၀)စင်းမျှ ကို မြန်မာ့လေကြောင်းအတွက် အမေရိကန် ကုမ္ပဏီကြီးက တင်ပို့ပေးသွားမည် ဖြစ်သည်။
မြန်မာ့လေကြောင်းလိုင်းသည် Boeing ကုမ္ပဏီထုတ် လေယာဉ်သစ်များ ဝယ်ယူရန် ဒေါ်လာ(၁)ဘီလျံနီးပါး တန်ကြေးရှိသော စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြသည်။ အဆိုပါ စာချုပ်အရ Boeing 737 လေယာဉ် အနည်းဆုံး(၁၀)စင်းမျှ ကို မြန်မာ့လေကြောင်းအတွက် အမေရိကန် ကုမ္ပဏီကြီးက တင်ပို့ပေးသွားမည် ဖြစ်သည်။ အစိုးရပိုင် မြန်မာ့လေကြောင်းလိုင်းသည် လက်ရှိ အသုံးပြုနေသည့် လေယာဉ်များအနက် သက်တမ်းလွန်နေသည်များကို အစားထိုးရန်နှင့် ပျံသန်းမှု ခရီးစဉ်များ တိုးချဲ့ရန်အတွက် Boeingထံမှ လေယာဉ်သစ်များ မှာယူခဲ့ခြင်း ဖြစ်သည်။ ယင်းအရောင်းအဝယ် ကိစ္စတွင် Boeingနှင့် မြန်မာ့လေကြောင်းတို့ကြား၌ တစ်ဆင့်ခံအဖြစ် လေယာဉ်များကို စာချုပ်ဖြင့် ရောင်းချပေးသည့် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီကြီး GECASက ကြားဝင်ဆောင်ရွက်ခဲ့သည်။
(ရန်ကုန်နိုင်ငံတကာလေဆိပ်)
လက်ရှိ မြန်မာ့လေကြောင်းလိုင်းသည် ခရီးစဉ်များကို ပြည်တွင်း၌သာ အဓိက ဖြန့်ကျက်ထားပြီး ပြည်ပခရီးစဉ်ဟူ၍ ဗုဒ္ဓဂယာသို့သာ ပျံသန်းလျှက်ရှိသည်။ မှာယူထားသော လေယာဉ်သစ်များကို (၂၀၂၀)ပြည့်နှစ်တွင် မြန်မာ့လေကြောင်းထံ Boeingက အပြီးသတ် လက်လွှဲရမည်ဖြစ်ကြောင်း GECASမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ GECAS၏ ဥက္ကဋ္ဌနှင့် အမှုဆောင်ချုပ် နော်မန်လျူက "မြန်မာ့လေကြောင်းအတွက် Boeingရဲ့ အဆင့်မြင့် လေယာဉ်သစ်တွေ ထောက်ပံ့ခွင့် ရမယ့်အတွက် ကျွန်တော်တို့ ကျေနပ်ပျော်ရွှင်မိပါတယ်"ဟု ဆိုသည်။ "ဒါဟာ မြန်မာ့လေကြောင်း သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အထင်ကရ မှတ်တိုင်သစ် တစ်ခုလည်း ဖြစ်ပါတယ်"ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
မြန်မာ့လေကြောင်းသည် လတ်တလောတွင် သေးငယ်သည့် လေ ယာဉ်ငယ်များဖြစ်သည့်  ATR Turboprop၊ Fokker F28နှင့် Cessna စသည်တို့ကိုသာ အဓိက အသုံးပြုနေသည်။ Boeing၏ လေယာဉ်သစ်များကို ရရှိလာပါက မြန်မာ့လေကြောင်း အနေဖြင့် ဂျပန်၊ တောင်ကိုရီးယားတို့သို့ ပျံသန်းနိုင်ရန် ရည်ရွယ်ထားသည်။ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် Boeingမှ ကိုယ်စားလှယ်များသည် အင်္ဂါနေ့က စင်္ကာပူ လေကြောင်းပြပွဲတွင် ယင်းအရောင်းအဝယ် သဘောတူညီမှုအတွက် အပြီးသတ် စာချုပ် လက်မှတ်ထိုးခဲ့သည်။ ယင်းစာချုပ်၏ တန်ကြေးအတိအကျသည် ဒေါ်လာ သန်း(၉၆၀)ဝန်းကျင် ဖြစ်နိုင်ပြီး Boeing လေယာဉ်များကို GECASက ဝယ်ယူကာ မြန်မာ့လေကြောင်းထံသို့ အရစ်ကျ ငွေပေးသွင်းမှု စနစ်ဖြင့် ပြန်လည် လက်လွှဲပေးသွားမည် ဖြစ်သည်။ 
Planet Myanmar Network
စာချုပ်အရ Boeing 737 လေယာဉ် အနည်းဆုံး(၁၀)စင်းမျှ ကို မြန်မာ့လေကြောင်းအတွက် အမေရိကန် ကုမ္ပဏီကြီးက တင်ပို့ပေးသွားမည် ဖြစ်သည်။
မြန်မာ့လေကြောင်းလိုင်းသည် Boeing ကုမ္ပဏီထုတ် လေယာဉ်သစ်များ ဝယ်ယူရန် ဒေါ်လာ(၁)ဘီလျံနီးပါး တန်ကြေးရှိသော စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြသည်။ အဆိုပါ စာချုပ်အရ Boeing 737 လေယာဉ် အနည်းဆုံး(၁၀)စင်းမျှ ကို မြန်မာ့လေကြောင်းအတွက် အမေရိကန်