Saturday, July 4, 2015

ဒဿန ပညာရှင်နှင့် နိုင်ငံရေး သုံးသပ်သူ Noam Chomsky

ဒဿ န ပညာရှင်နှင့် နိုင်ငံရေး သုံးသပ်သူ Noam Chomsky သည် ဝါရှင်တန်မှ နိုင်ငံရေး သြဇာကြီးမားသူများ၏ ပြက်ရယ်ပြုခြင်းနှင့် အဓိက မီဒီယာ အများအပြား၏ လျစ်လျူရှုခြင်းကို ခံရလေ့ရှိသော်လည်း၊ ပညာရပ်ဆိုင်ရာ အတွက် အကိုးကားခံရဆုံး ပုဂ္ဂိုလ်စာရင်းတွင် အဋ္ဌမမြောက်နေရာကို ရယူထားကာ၊ ပလေးတိုးနှင့် ဖရွိုက်တို့၏ နောက်မှကပ်လိုက်လျက်ရှိသည်။

အခြေခံဥပဒေပြင်ဆင်ရေးဆန္ဒပြခဲ့သည့် ကျောင်းသားနှစ်ဦးကို ထပ်မံ ဖမ်းဝရမ်းထုတ်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဦးဆောင် ဆန္ဒပြသူ ကိုဇေယျာလွင်နှင့် ကိုနန်းလင်းကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ဇူလိုင်လ ၃ ရက်က ဖမ်းဝရမ်းထုတ် လိုက်ပြီဖြစ်ပြီး ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်ဟု ပန်းပဲတန်းမြို့နယ် ရဲမှူးခင်မောင်ထွေးကပြောသည်။
ရဲမှူးခင်မောင်ထွေးက “ ဖမ်းဝရမ်းထုတ်တာတော့ တရားရုံးကထုတ်တာပါ။ အခုတော့ နှစ်ယောက်ပဲ ကျန်တော့တယ်ပေါ့။ ပုဒ်မ နှစ်ခုနဲ့ပါ။ ဖမ်းဖို့တော့လုပ်နေပါပြီ ဖမ်းဖို့ကို ညွန်ကြားပြီးပါပြီ။ တိုင်းတို့ခရိုင်တို့ အဆင့်ဆင့် ညွန်ကြားပြီးပါပြီ”ဟုပြောသည်။

ဇူလိုင် ၄ အားလပ်ရက် သီတင်းပတ်ကုန်စတင်ချိန် ချီကာဂိုတွင် ပစ်ခတ်မှုများဖြစ်ပွား ငါးဦးသေဆုံး

အမေရိကန်တွင် ဇုလိုင်လ ၄ရက် သီတင်းပတ်ကုန်စတင်ချိန်တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့သည်။ လွန်ခဲ့သည့် ၂၄ နာရီကာလအတွင်း ချီကာဂိုတစ်ဝန်း လူ၁၂ဦးသေနတ်ဖြင့် ပစ်ခတ်ခံရ၍ ငါးဦးသေဆုံးခဲ့သည်။နောက်ဆုံးပစ်ခတ်မှုမှာ ဘရွန့်ဇ်ဗီးလ်ရှိ ပန်းခြံတစ်ခုတွင် ဇူလိုင် ၃ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ပြီး ၁၇ နှစ်အရွယ်နှင့် ၁၉နှစ်အရွယ် တို့ ဒဏ်ရာရခဲ့သည်။ ၁၇ နှစ်အရွယ်မှာစထရိုဂါဆေးရုံသို့ ရောက်ရှိပြီးနောက် သေဆုံးခဲ့သည်။အကြမ်းဖက်မှုမှာ ဇူလိုင် ၂ ရက်နေ့နံနက်ပိုင်းက စတင်ခဲ့သည်။ ၂၂နှစ်အရွယ်အမျိုးသားတစ်ဦးသည်ဆောက်သ်ဂရင်းဝုဒ်၏ အကွက်အမှတ် ၁၃၂၀၀တွင် ဖြတ်သွားသောယာဉ်တစ်စီးပေါ်မှ ပစ်ခတ်မှုခံခဲ့ရသည်။

ထိုင်းနိုင်ငံက ရွှေ့ခိုင်းသည့် "၀" တပ်စခန်းကိစ္စ နှစ်နိုင်ငံအဆင့်ဆွေးနွေးပြီးမှ အတည်ပြုနိုင်မည်

သုံးလတစ်ကြိမ်ပြုလုပ်သည့် မြို့နယ်အဆင့် မြန်မာ- ထိုင်းနယ်စပ်ရေးရာ ကော်မတီအစည်းအဝေးတွင် ထိုင်းနိုင်ငံ ဖက်က တောင်းဆိုခဲ့သည့် "၀" တပ်စခန်း ၇ခု ဆုတ်ပေးရေးကိစ္စကို နှစ်နိုင်ငံအဆင့် ဆွေးနွေးပြီးမှသာ အတည်ပြု နိုင် မည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးမြင့်အောင်က ဇူလိုင်လ ၄ရက်တွင် မဇ္ဈိမကို ပြောသည်။နိုင်ငံအဆင့် နယ်စပ်ရေးရာ ဆွေးနွေးပွဲကို ဇူလိုင်လတွင်ပင် မြန်မာနိုင်ငံဖက်မှ တာဝန်ရှိသည့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံဖက်မှ တာဝန်ရှိသူတို့က ထိုင်းနိုင်ငံအတွင်း ပြုလုပ်သွားမည်ဟု ၄င်းကဆိုသည်။

ဗြိတိန်ပြည်သူများတွင် selfies ရိုက်ခြင်းများ တစ်နေ့လျှင် ၁၄ ဒသမ ၅ သန်း ကျော်ရှိ

ဗြိတိန်နိုင်ငံပြည်သူများကြားတွင် ခေတ်စားလွန်းသည့် selfies ရိုက်ခြင်းများသည် တစ်နေ့လျှင် ၁၄ ဒသမ ၅ သန်းရှီပြီး လူမှုမီဒီယာများပေါ် selfies ပုံများတင်ခြင်း၊ ရှယ်ခြင်းများသည် တစ်နေ့လျှင် ၄ ဒသမ ၃ သန်းကျော်ရှိသည်။လူ သုံးဦးလျှင် တစ်ဦးနှုန်းသည် selfies ရိုက်ခြင်းကို စွဲလမ်းနှစ်သက်နေပြီး တစ်နှစ်စာတွက်မည်ဆိုပါက မယုံနိုင်လောက်အောင် များပြားသည့် selfies ရိုက်ကူးမှု ပုံပေါင်းမှာ ၅ ဒသမ ၂၅ ဘီလီယံရှိကြောင်း သုတေသနတစ်ရပ်က ဆိုသည်။