Thursday, August 8, 2013

ဒေါ်လာဈေး တက်ပြီးလေလံဈေးကွက် တက်နေသော်လည်း ပြည်တွင်း ကားဈေးကွက် တွင် အရောင်း အဝယ် ဆက်လက် ကျဆင်းနေ

 လက်ရှိပြည်တွင်းတွင် အမေရိကန်ဒေါ်လာဈေးနှုန်းများသည် အတက်ဘက်ကို ဆက်လက်ဦးတည်နေပြီး ဂျပန်နိုင်ငံ၏ ကားလေလံဈေးကွက်သည် ဂျပန်ငွေဈေးနှုန်းမြင့်တက်မှုနှင့် အတူအတက်ဘက်ကို ဆက်လက်ဦးတည်နကြောင်းပြည်တွင်းကားဝယ်၊ ရောင်းဈေးကွက်တွင် ကားဈေးနှုန်း သည် မြင့်တက်နေ သည်။သို့ပေမယ့် အရောင်းအဝယ်ဈေးကွက်များ ကျဆင်းနေဆဲ ဖြစ်ကြောင်းပြည်တွင်း ကားဈေးကွက် လုပ်ငန်း အသိုင်းအဝိုင်းမှသိရသည်။

စားသုံးသူ အခွင့်အရေး များကို သိရှိ လိုလျှင် ရှစ်လေးလုံးငွေရတုပွဲတော် တွင် လေ့လာနိုင်

မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းက စားသုံးသူအခွင့်အရေးများ သိရှိနိုင်ရန် ရည်ရွယ်ပြီး (၈)လေးလုံး ငွေရတုပွဲတော်တွင် ဆိုင်ခန်းဖွင့်လှစ်ပြီး လာရောက်လေ့လာသူများ သိရှိလိုသည့် စားသုံးသူ အခွင့်အရေးများကို ပွဲတော်ရက်ဖြစ်သည့် သြဂုတ်(၆)ရက်၊ (၇)ရက်နှင့် (၈)ရက်နေ့များတွင် ရှင်းလင်းပေး သွားမည်ဟု သိရသည်။

ကား ၀ယ်ယူရန်ပေးအပ် ထားသည့်ဒေါ်လာငွေ များအား လိမ်လည် ရယူထား သဖြင့် အရေး ယူပေးရန် တိုင်ကြား

၂၀၁၂ ခုနှစ် ၁၂ လပိုင်းခန့်တွင် ဗဟန်းမြို့နယ်၊ ရွေဂုံတိုင်နေ ကိုရီးယားနိုင်ငံသား Mr.Choi Jung Ho သည်  ခင်မင်းရင်းနှီးသူ မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်နေ ကိုရီးယားနိုင်ငံသား Mr.Choi Chung Hyun နှင့် အကျိုးတူ အဆောင်ငှားရမ်းသည့် လုပ်ငန်းတွင်လုပ်ကိုင်ရန်အတွက် လိုအပ်သော မော်တော်ယာဉ် ၀ယ်ယူ

ရှစ်လေးလုံးငွေရတုကျင်းပမည့် ဘုန်းကြီးကျောင်း၌ သံဃာတစ်ပါး မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်


Photo: ရှစ်လေးလုံးငွေရတုကျင်းပမည့် ဘုန်းကြီးကျောင်း၌ သံဃာတစ်ပါး မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်

Thursday, August 8, 2013

မုံရွာမြို့တွင် ရှစ်လေးလုံးငွေရတုအခမ်းအနားကျင်းပမည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ သံဃာတစ်ပါး မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်မှုတစ်ခု သြဂုတ် ၈ ရက် နံနက် ၅ နာရီအချိန်ခန့်ကဖြစ်ပွားခဲ့ကြောင်း ယင်းဒေသ ရဲစခန်းမှ စုံစမ်းရရှိသည်။

မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်မှုကြောင့် ပျံလွန်တော်မူခဲ့ရသည့် ဆရာတော်မှာ သက်တော် ၂၄ နှစ်၊ ဝါတော် ၄ ဝါရှိ အရှင်သုန္ဒရဖြစ်ကြောင်း ရဲစခန်းကအတည်ပြုထားသည်။

ထိုအဖြစ်အပျက်ဖြစ်ပွားခဲ့သည့် ဂျိုးဖြူဘုန်းတော်ကြီးကျောင်းတွင် သြဂုတ် ၈ ရက်၌ ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပရန် အသင့်ပြင်ဆင်၍ ထားပြီးဖြစ်သည်။

ဆရာတော်သည် ထိုဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ရတနာမုနိစေတီအရှေ့ဘက် မုခ်ဦးလှေကားတွင် မိမိကိုယ်ကို မီးရှို့အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်။

ဆရာတော် အရှင်သုန္ဒရသည် မိမိကိုယ်ကိုမီးရှို့၍ အဆုံးမစီရင်မီ နောက်ဆုံးသေတမ်းစာကဲ့သို့သော စာတစ်စောင်ကို ရေးသားခဲ့ကြောင်းလည်း မုံရွာစခန်းမှူးရဲအုပ် ဦးညီညီထွန်းက မဇ္ဈိမကိုပြောသည်။

ယင်းစာတွင် မည်ကဲ့သို့ထုတ်ဖော်ရေးသားထားသည်ကိုမူ ရဲဌာနက အသေးစိတ်မထုတ်ပြန်သော်လည်း သဗ္ဗေညုတဉာဏ်ရရှိရန် လက်ရှိဘဝ၌ ပူဇော်ခြင်းဖြစ်သည်ဟု ဆရာတော်ကရေးသားခဲ့ကြောင်း ရဲအုပ် ညီညီထွန်းက အတည်ပြုပြောကြားသည်။

အဆိုပါဆရာတော်သည် အမှန်တကယ်ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့ခြင်းဟုတ်မဟုတ် ရုပ်ကလပ်ကို ဆေးရုံ၌ချက်ချင်းစစ်ဆေးခဲ့ရာ အသက်ရှုလမ်းကြောင်းတွင် မီးခိုးနှင့် မှိုင်းကြပ်ခိုးများတွေ့ရသဖြင့် အမှန်တကယ် ကိုယ့်ကိုကိုယ်အဆုံးစီရင်မှု ဖြစ်ကြောင်း မုံရွာဆေးရုံမှ မှုခင်းဆရာဝန်ကြီးကအတည်ပြုခဲ့သည်။

လက်ရှိတွင် အရှင်သုန္ဒရ၏ရုပ်ကလပ်ကို သဂြိုဟ်ရန် မုံရွာမြို့မှသြဇာရှိဆရာတော်များနှင့် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့မှ စည်ပင်သာယဝန်ကြီးတို့က စီစဉ်လျှက်ရှိသည်။

ယခုအခင်းဖြစ်ပွားသည့် မုံရွာမြို့မှ ဂျိုးဖြူကျောင်းတိုက်မှ သံဃာတော် ၈၈ ပါးသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်က လက်ပံတောင်းသပိတ်စခန်းဖြိုခွင်းမှုတွင် မီးလောင်ဒဏ်ရာရခဲ့ကြဖူးသည်။

Mizzima - News in Burmese
မုံရွာမြို့တွင် ရှစ်လေးလုံးငွေရတုအခမ်းအနားကျင်းပမည့် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ သံဃာ တစ်ပါး မိမိကိုယ်ကိုမီးရှို့အဆုံးစီရင်မှုတစ်ခု သြဂုတ် ၈ ရက် နံနက် ၅ နာရီ အချိန်ခန့် ကဖြစ်ပွားခဲ့ကြောင်း ယင်းဒေသ ရဲစခန်းမှ စုံစမ်းရရှိသည်။

ကိုရင်တစ်ပါး မိကျောင်းကိုက်၍ ပျံလွန်တော်မူ



Photo: ကိုရင်တစ်ပါး မိကျောင်းကိုက်၍ ပျံလွန်တော်မူ
Thursday, August 8, 2013

ဧရာဝတီတိုင်း ဒေသကြီး ၊ ဘိုကလေး မြို့နယ် ၊ ကြိမ်ချောင်းကြီး ကျေးရွာအုပ်စု ၊ ဆတ်ကျွန်းကျေးရွာ ၌ ယမန်နေ့ ညနေ ၆ နာရီက ရေဆင်းချိုး ရာမှ မိကျောင်းကိုက် ခံရ၍ ကိုရင်တစ်ပါး ပျံလွန် ခဲ့ကြောင်း သိရသည်။

မိကျောင်းဆွဲသွားသော ကိုရင် ၀ါယမ အား ဆတ်ကျွန်း ကျေးရွာ ပြည်သူ ၃၀၀ ဦးခန့်မှ စက်လှေ အစင်း ၅၀ ဖြင့် မိကျောင်းကို လိုက်လံ ရှာဖွေရာ ကိုရင် ရေချိုးဆင်း ခဲ့သည့် သာသနပါလ ဘုန်းကြီးကျောင်း နှင့် ကိုက် ၁၀၀ ခန့် အကွာ အလျား ပေ ၂၀ ၊ လုံးပတ် ၇ ပေရှိ မိကျောင်း တစ်ကောင်အား မှိန်းဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့သည်။ ၄င်း မိကျောင်းအား မိန်းမလှကျွန်း ရှိ သစ်တော ထိန်းသိမ်းရေး စခန်း တောအုပ်ထံ ပို့ဆောင်ခဲ့ပြီး မိကျောင်းအား ခွဲစိတ်ကြည့်ရာ ၀မ်းဗိုက်အတွင်း ၌ ကိုရင် အလောင်း မတွေ့ရဘဲ ကျွဲ ၊ နွားများ နှင့် ကြက် ၊ ဘဲအမွေး ၊ ကြွပ်ကြွပ်အိတ် များသာ တွေ့ရှိရသည်။

ဆက်လက်၍ ရှာဖွေရာ ကျောင်းနှင့် ကိုက် ၈၀၀ ခန့်အကွာ ကိုရင် ၀ါယမ ၏ ခန္ဓာကိုယ် အနှံ့အပြား တွင် မိကျောင်းကိုက် ဒဏ်ရာများ နှင့် ပြန်လည် တွေ့ရှိခဲ့သည်။ အဆိုပါ ဖြစ်စဉ် နှင့် ပတ်သက်၍ ဘိုကလေး ရဲစခန်း မှ သေမှုသေခင်း အမှတ် ၈/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီ

ဧရာဝတီတိုင်း ဒေသကြီး ၊ ဘိုကလေး မြို့နယ် ၊ ကြိမ်ချောင်းကြီး ကျေးရွာအုပ်စု ၊ ဆတ်ကျွန်းကျေးရွာ ၌ ယမန်နေ့ ညနေ ၆ နာရီက ရေဆင်းချိုး ရာမှ မိကျောင်းကိုက် ခံရ၍ ကိုရင်တစ်ပါး ပျံလွန် ခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် ရေကျမှု နှေးကွေးခြင်းကြောင့် ဆက်လက်ရေကြီးရေလျှံမှု ဖြစ်ပေါ်နေ


Photo: ကျိုက်မရောမြို့နယ်တွင် ရေကျမှု နှေးကွေးခြင်းကြောင့် ဆက်လက်ရေကြီးရေလျှံမှု ဖြစ်ပေါ်နေ
Thursday, August 8, 2013

မွန်ပြည်နယ်အတွင်း ဇူလိုင်လ နောက်ဆုံးအပတ်က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေလွှမ်းမိုးခဲ့သည့် ဘီးလင်းမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ရေပြန်လည် ကျဆင်းသွားပြီ ဖြစ်သော်လည်း ကျိုက်မရောမြို့နယ်တွင် ရေပြန်ကျမှု နှေးကွေးမှုကြောင့် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားလျက် ရှိသည်။

"ဒီလို ရေတက်မြန်တာ တစ်ခါမှ မကြုံဖူးဘူး။ မိုးကလည်းများ အောက်ရေကလည်းတိုးတော့ သုံးလေးရက်အတွင်း ရေကလမ်းမပေါ်မှာတောင် ငါးပေကျော်လောက် မြင့်တက်သွားတယ်။ ကျွန်တော်မှတ်မိသလောက်  ကျိုက်မရောမြို့မှာ ရေအကြီးအကျယ် သုံးခါလောက်ကြီးဖူးတယ်။ ၁၉၆၇ ခုနှစ်လောက်ကရယ်၊ ၂၀၀၈ ခုနှစ်နဲ့ ဒီ ၂၀၁၃ ခုနှစ်ရယ်ပါ။ ဒီအကြိမ်ကတော့ ရေတက်တာ အမြန်ဆုံးပဲ။ အိမ်ကနေ ဘာမှကို မယူလိုက်ရဘူး" ဟု ရေလွှမ်းမိုးခံရသော ကျိုက်မရောမြို့ရှင် စောပုရပ်ကွက်နေ ကိုမြင့်ဝင်းက ဆိုသည်။

"နောက်နှစ်ရက် သုံးရက်လောက် နေရင်တော့ ရေပြန်ကျသွားမယ် ထင်ပါတယ်။ ဒါပေမဲ့ ၀ါခေါင်လ ရေထရက်မှာ ဒီလိုထပ်ဖြစ်မလား စောင့်ကြည့်နေကြတယ်။ ရေပြန်ကျတာ စောရင်တော့ စပါးပင်တွေ ရှင်နိုင်ပါတယ်။ ဒါကလဲ ရေပြန်ကျပြီး မိုးနည်းနည်းလောက် ပြန်ရွာမှ ဖြစ်မှာ။ နေဆက်တိုက် ပူမယ်ဆိုရင်တော့ အပင်တွေဆွေးပြီး ပျက်စီးနိုင်ပါတယ်။ အဲဒီအခါကျရင်တော့ ဆုံးရှုံးမှုတွေ ပိုများနိုင်ပါတယ်" ဟု ရေဘေးသင့် လယ်သမားတစ်ဦးက ပြောကြားသည်။

"ဒီကယ်ဆယ်ရေးစခန်းကို ရောက်နေတာ ငါးရက်လောက် ရှိပါပြီ။ နေ့တိုင်းတော့ အလှူရှင်တွေ ဆန်တွေ၊ ဆီတွေ၊ ရေသန့်ဘူးတွေနဲ့ အခြားပစ္စည်းတွေ လာလှူနေတာတော့ တွေ့နေရပါတယ်" ဟု ကျိုက်မရော အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့် ပြည်သူတစ်ဦးက ဆိုသည်။

ကျိုက်မရောမြို့နယ်အတွင်း ကျိုက်မရောမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ရေဘေးသင့်ပြည်သူ ၁၅၂၀ ဦး၊ ချောင်းနှစ်ခွကျးရွာ အထက်တန်းကျောင်းခွဲတွင် ရေဘေးသင့်ပြည်သူ ၁၀၀ ဦး ဆက်လက်ခိုလှုံလျက် ရှိသည်။

Eleven Media Group

ကျိုက်မရောမြို့ရှိ လမ်းမတစ်ခုပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်
ကျိုက်မရောမြို့ရှိ လမ်းမတစ်ခုပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်
မွန်ပြည်နယ်အတွင်း ဇူလိုင်လ နောက်ဆုံးအပတ်က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေလွှမ်း မိုးခဲ့သည့် ဘီးလင်းမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ရေပြန်လည် ကျဆင်းသွားပြီ ဖြစ်သော်လည်း ကျိုက်မရောမြို့နယ်တွင် ရေပြန်ကျမှု နှေးကွေးမှုကြောင့် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားလျက် ရှိသည်။

ပူတင် အိုဘားမား ဆွေးနွေးပွဲ ကန်ပယ်ဖျက်


Photo: ပူတင် အိုဘားမား ဆွေးနွေးပွဲ ကန်ပယ်ဖျက်
Thursday, August 8, 2013

ရုရှ သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဖို့ အတွက် နောက်လ မော်စကိုမှာ ကျင်းပဖို့ ပြင်ထားတဲ့ အစည်းအဝေး ကို သမ္မတ အိုဘားမား မတက်ဘူး လို့ ပယ်ဖျက် လိုက်တဲ့ အတွက် စိတ်ပျက်မိကြောင်း ရုရှ ဘက်က ပြောကြား ပါတယ်။

အမေရိကန်နဲ့ ရုရှ ဆက်ဆံရေး တိုးတက်ဖို့ အကြောင်း မမြင်ကြောင်း ဒီဆုံးဖြတ်ချက်က ပြနေတယ်လို့ ရုရှ သမ္မတ ရဲ့ အကြံပေး တယောက်က ပြောဆို ပါတယ်။

အမေရိကန် ထောက်လှမ်းရေး ဝရမ်းပြေး အက်ဒွပ် စနိုးဒန်း ကို ရုရှက ယာယီ ခိုလှုံခွင့် ပေးဖို့ ဆုံးဖြတ် ပြီးနောက် အမေရိကန် ဘက်က ဒီလို တုံ့ပြန် ခဲ့တာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲ ပယ်ဖျက်တဲ့ အကြောင်းမှာ စနိုးဒန်း ကိစ္စပါပေမယ့်လည်း ဒါသက်သက် ကြောင့် ပယ်ဖျက်တာတော့ မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဌာန က ဆိုပါတယ်။

မစ်ဆိုင်း ဒုံးခွင်း စနစ် နဲ့ လူ့အခွင့်အရေး ကိစ္စလို တခြား အရေးတွေမှာလည်း တိုးတက်မှုတွေ သိပ်မရှိဘူး လို့ သိရပါတယ်။

BBC Burmese
ရုရှ သမ္မတ ဗလာဒီမာ ပူတင်နဲ့ တွေ့ဖို့ အတွက် နောက်လ မော်စကိုမှာ ကျင်းပဖို့ ပြင်ထားတဲ့ အစည်းအဝေး ကို သမ္မတ အိုဘားမား မတက်ဘူး လို့ ပယ်ဖျက် လိုက်တဲ့ အတွက် စိတ်ပျက်မိကြောင်း ရုရှ ဘက်က ပြောကြား ပါတယ်။

လာမယ့်နှစ်စပါး အထွက်နှုန်း စိုးရိမ်ရ

Photo: လာမယ့်နှစ်စပါး အထွက်နှုန်း စိုးရိမ်ရ
Thursday, August 8, 2013

မြန်မာ နိုင်ငံမှာ ဒီနှစ် မိုးဦးက ရာသီ ဥတု ဆိုးရွား ဖောက်ပြန်မှု တွေနဲ့ တခြား လိုအပ်ချက် တွေကြောင့် နောက်နှစ် စပါး အထွက်နှုန်း ထိခိုက် နိုင်တယ်လို့ ကျွမ်းကျင်သူ တွေက ပြောဆို ပါတယ်။

မှန်းထားတဲ့ စိုက်ဧက ၁၆ သန်း ရဲ့ တဝက် မရှိတရှိ သာ စိုက်ပျိုး ပြီးစီး သေးတာ၊ စိုက်ပျိုး စရိတ် ချေးငွေတွေ အချိန်မီ မရ တာတွေ ကြောင့် မိုးစပါး စိုက်ပျိုးမှုကို အချိန်မီ ပြေလည်အောင် ဖြေရှင်း ပေးဖို့ လိုတယ် လို့ လယ်သမား အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

ရေကြီးမှု တွေကြောင့် ကရင်နဲ့ မွန်ပြည်နယ်မှာ စပါး စိုက်ဧက ၃ သောင်းကျော် ပျက်စီး သွားတယ်လို့ အစိုးရက ထုတ်ပြန်ထား ပါတယ်။

ဧရာတီတိုင်းနဲ့ ရန်ကုန်တိုင်း တွေမှာလည်း ရေကြီးလို့ စပါး စိုက်ဧက တသိန်းကျော် ပျက်စီး သွားပြီ ဖြစ်ပါတယ်။

မြန်မာပြည် အလယ်ပိုင်း မှာလည်း မိုးခေါင်တဲ့ အတွက် စပါး မစိုက်နိုင် တာကြောင့် လာမယ့်နှစ် စပါး အထွက် နှုန်း စိုးရိမ်ရတယ် လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

အစိုးရက ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အကူအညီ ပြန်ပေးမယ်လို့ ပြောပေမယ့် လည်း တခြားနေရာ အတွက်တော့ ပြောဆိုမှု မရှိသေးဘူး လို့ ဆိုပါတယ်။

မနှစ်ကလည်း ဧက ၃ သိန်း ရေနစ် ခဲ့ပြီး အစိုးရက မျိုးစပါးပဲ ကူခဲ့လို့ လယ်သမား တွေ အရှုံးပေါ် ခဲ့တယ်လို့ သိရပါတယ်။ 

BBC Burmese

မြန်မာ နိုင်ငံမှာ ဒီနှစ် မိုးဦးက ရာသီ ဥတု ဆိုးရွား ဖောက်ပြန်မှု တွေနဲ့ တခြား လိုအပ်ချက် တွေကြောင့် နောက်နှစ် စပါး အထွက်နှုန်း ထိခိုက် နိုင်တယ်လို့ ကျွမ်းကျင်သူ တွေက ပြောဆို ပါတယ်။

အရှေ့ဖက်က နောက်မုန်တိုင်းတစ်လုံး လာပြန်ပါပြီ


Photo: အရှေ့ဖက်က နောက်မုန်တိုင်းတစ်လုံး လာပြန်ပါပြီ။ ဒေါက်တာထွန်းလွင်
Thursday, August 8, 2013
06:26 am

အပူပိုင်းမုန်တိုင်း MANGKHUT (10W) ဟာ (၈-၈-၂၀၁၃)ရက်နေ့မှာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို စတင်ဖြတ်ကျော်နေပြီဖြစ်ပါတယ်။ ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံ အရှေ့ပိုင်း နဲ့ မြောက်ပိုင်းဒေသများဆီကို ဦးတည်ဖြတ်သန်းလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ ဒီမုန်တိုင်းနဲ့ပတ်သက်တဲ့ Update News တွေကတော့

(၁) ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်များရှိ ဒေသအချို့တို့မှာ ရေဖုံးလွှ့မ်းခံရနိုင်မှုအန္တရာယ် မြင့်မားနေဆဲ ဖြစ်ပါတယ်။ (ရ-၈-၂၀၁၃)ရက် ည(၉)နာရီ အချိန် ဂြိုဟ်တုမှတိုင်းတာချက်အရ ရေဖုံးလွှမ်း ခံရမှုမြင့်မား နေတဲ့ နေရာများရဲ့ မြိုနယ်အမည်နဲ့ယင်းမြို့တို့မှ အကွာအဝေးတွေ ကတော့ ပဲခူးမှ(60 km အတွင်း)၊ မအူပင်မှ (40,60,70 km အတွင်း)၊ ဟုမ္မလင်းမှ (55km အတွင်း) နဲ့ ကျောက်ဖြူမှ(35km အတွင်း )၊ မင်္ဂလာဒုံမှ(20,30,40,55 km အတွင်း)၊ ပုသိမ်မှ(20km အတွင်း) နဲ့ သထုံမှ(55km အတွင်း) အကွာနေရာ များဖြစ်ပါတယ်။

(၂) မြောက်ပစိဖိတ်သမုဒ္ဒယာအတွင်း(၁၀)ကြိမ်မြောက်ဖြစ်ပေါ်ခဲ့တဲ့ အပူပိုင်းမုန်တိုင်း Mangkhut ဟာ (၈-၈-၂၀၁၃)၇က် နံနက်(၃း၃၀)နာရီ အချိန်တိုင်းတာချက် အရ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေကို စတင်ဖြတ်ကျော်လျက်ရှိနေပါတယ်။ ကမ်းကို တ်ြကျော်ပြီးတဲ့နောက် မုန်တိုငးအကြွင်းအကျန်တိမ်တိုက်များဟာ လာအိုနိုင်ငံ နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းတို့ကိုဖြတ်ကျော်ပြီး မြန်မာနိုင်ငံအရှေ့ပိုင်း(ရှမ်းပြည်နယ်)ကို ဒီကနေ့ (၈-၈-၂၀၁၃)၇က် ညသန်းကောင်ယံအချိန်ခန့်မှာ စတင်ဖြတ်သန်း မယ်လို့ခန့်မှန်းရပါတယ်။ မိုးတိမ်တိုက်ကြီးဟာ ပြီးခဲ့တဲ့ရက်များက ဖြစ်ပေါ်ခဲ့တဲ့ တိုင်းဖွန်း Jebi အတိုင်း ရှမ်းပြည်နယ်မှတစ်ဆင့် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများဆီသို့ ဆက်လက်ရွေ့လျှား လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဒီတစ်ခါလည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေ မိုးရဖို့ လွဲရကိန်းရှိနေပြန်ပါတယ်။

ဒေါက်တာထွန်းလွင်

Popular
အပူပိုင်းမုန်တိုင်း MANGKHUT (10W) ဟာ (၈-၈-၂၀၁၃)ရက်နေ့မှာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို စတင်ဖြတ်ကျော်နေပြီဖြစ်ပါတယ်။ ဒီမုန်တိုင်းဟာ မြန်မာနိုင်ငံ အရှေ့ပိုင်း နဲ့ မြောက်ပိုင်းဒေသများဆီကို ဦးတည်ဖြတ်သန်းလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ ဒီမုန်တိုင်းနဲ့ပတ်သက်တဲ့ Update News တွေကတော့

ရန်ကုန်စည်ပင် နယ်နိမိတ်၌ ဆိုင်ကယ်စီးနင်းမှုအား အရေးယူမှုများ မရှိခဲ့၍ ဆိုင်ကယ်နှင့် ဆက်စပ်ယာဉ်တိုက်မှုများ နေ့စဉ်ဖြစ်ပွားနေပြီး လူသေဆုံးမှုများ ဖြစ်ပေါ်နေ

A-8-8
ဇူလိုင် ၂၀ ရက်နေ့က ပန်းဆိုးတန်းမြို့နယ်အတွင်း ဆိုင်ကယ်စီးနေမှု မြင်ကွင်း (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ် (Downtown) အတွင်း ဆိုင်ကယ်စီးနင်းခွင့် မပြု ထားသော်လည်း အရေးယူမှုများ မရှိခဲ့သည့်အတွက် ဆိုင်ကယ်နှင့် ဆက်စပ်ယာဉ်တိုက်မှု ဖြစ်စဉ်များ နေ့စဉ်ဖြစ်ပွားနေပြီး လူသေဆုံးမှုများ ဖြစ်ပေါ်နေကြောင်း သြဂုတ် ၇ ရက် နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသာဌေးက ပြောကြား ခဲ့သည်။