ထိုင်းစစ်တပ်က ခေါ်ယူ ထိမ်းသိမ်းထားသော ၀န်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝတ်ကို ယနေ့ ညနေပိုင်းက ပြန်လွှတ်လိုက်ပြီဟု သတင်းရရှိသည်။
သိုသော် ထိုင်းစစ်တပ် အာဏာသိမ်းမှုသည် အခြားသော စစ်အာဏာသိမ်းမှုများ ကဲ့သို့ပင် စာအုပ်ကြီး အတိုင်း ဖြစ်လာနေပြီဟု လေ့လာသူများက ဆိုသည်။
ခန့်မှန်းခဲ့ကြသည့်အတိုင်းပင် ညမထွက်ရ အမိန့်များ၊ စစ်အုပ်ချုပ်ရေး
ကြေငြာချက်များ၊ ရုပ်သံမှ စစ်ချီတေး ထုတ်လွှင့်မှုများနောက်တွင် မီဒီယာ
ဆင်ဆာနှင့် ဖမ်းဆီးထိမ်းသိမ်းမှုများ ပါလာသည်။
နောက်ဆုံးတွင်တော့ အသင့်
အနေအထား ရှိနေသော လက်နက် အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်သားများက
နေရာတိုင်း လိုလိုတွင် ရောက်လာခဲ့ပြီ။ ယခု အချိန်တွင် မြို့တွင်း
လမ်းထောင့်မှ မက်ဒေါ်နယ်ဆိုင် ရှေ့တွင်ပင် လက်နက်ကိုင် စစ်သားအစောင့်
ရှိနေပြီ ဖြစ်သည်။
Sunday, May 25, 2014
အခြေခံဥပဒေပြင်ဆင်ရေးကော်မတီ ၅၉(စ) ကို လက်ရှိအချိန်ထိမဆွေးနွေးရသေး
ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် အရေးကြီးသည့်အကြောင်း အရာများကို ပြင်ဆင်နိုင်ရန် ဦး စားပေးဆွေးနွေးရမည့်မူ ချမှတ် ထားသော်လည်း နိုင်ငံတော်သမ္မ တအရည်အချင်းသတ်မှတ်ချက် တစ်ခုဖြစ်သော ပုဒ်မ ၅၉(စ)ကို လက်ရှိအချိန်ထိ မဆွေးနွေးရသေးကြောင်း ကော်မတီအဖွဲ့ဝင် အချို့ထံမှ သတင်းရရှိသည်။ လက်ရှိအချိန်ထိ ကော်မတီ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့်ပုဒ်မပေါင်း ၅၀နီး ပါးဆွေးနွေးပြီးဖြစ်သော်လည်း ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန် ဆွေးနွေးနိုင်သည့်အခြေအနေ မ ရောက်သေးကြောင်း ကော်မတီ အဖွဲ့ဝင်ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တစ်ဦးကပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း က ပြုလုပ်ခဲ့သော ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်နိုင်ရေးအကောင် အထည်ဖော်မှုကော်မတီ၏ အ စည်းအဝေးတွင် ပုဒ်မ၄၃၆ကိုပြင် ဆင်ရန် လွှတ်တော်သို့ တင်ပြရာတွင် ထည့်သွင်းသင့်ကြောင်း အဆိုပြုထားသည့် ပုဒ်မတစ်ခု ဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအ ၀ိုင်းက ထောက်ပြထားသည်။
ဗဟန်းမြို့နယ်တွင် ဓာတ်ကြိုးပြတ်ကျသဖြင့် နှစ်နှစ်သားအရွယ် ကလေးတစ်ဦးအပါအ၀င် လူလေးဦး ဓာတ်လိုက်ဒဏ်ရာရ
ဗဟန်းမြို့နယ်တွင် ဓာတ်ကြိုးတစ်ကြိုး ပြတ်ကျသဖြင့် နှစ်နှစ်သားအရွယ် ကလေးတစ်ဦးအပါအဝင် လူလေးဦး ဓာတ်လိုက်ကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေ ၂၃ ရက် ညနေ ၆ နာရီ ခန့်တွင် ဗဟန်းမြို့နယ်၊ ဆရာစံမြောက် အနောက်ရပ်ကွက်၊ မော်လမြိုင်လမ်းရှိ နေအိမ်တစ်အိမ်အတွင်း အသက် (၂ဝ) ကျော်အရွယ် မိန်းကလေးတစ်ဦးမှ နှစ်နှစ်သားအရွယ်က လေးအားချီလျက် နေအိမ်အပြင်သို့ ထွက်လာစဉ် အဆိုပါလမ်းတွင်း သွယ်တန်းထားသော ဓာတ်ကြိုးမှာ ကလေးချီထားသော အမျိုးသမီး၏လက်ပေါ်သို့ ပြုတ်ကျခဲ့ကြောင်း သိရသည်။
ယင်းသို့ ဓာတ်ကြိုးပြုတ်ကျခဲ့သဖြင့် ထိုအမျိုးသမီးမှာ ဓာတ်လိုက်ခဲ့ပြီး ကလေးမှာ ဓာတ်ကြိုးပေါ်သို့ ပြုတ်ကျသွားခဲ့ကြောင်း၊ ယင်းနောက်ကလေး၏ အဘိုးဖြစ်သူနှင့် အဘွားဖြစ်သူမှ ကလေးအား ဝင်ဆွဲစဉ် ယင်းတို့နှစ်ဦးအား ထပ်မံဓာတ်လိုက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တွင် ယာဉ်ကြောကျပ်တည်းမှု အဆိုးဆုံး ၇၉ နေရာရှိ
ရန်ကုန်မြို့တွင် ယာဉ် ကြောကျပ်တည်းမှုအများဆုံးနှင့် စည်းကမ်းမဲ့ယာဉ်မောင်းနှင်မှုအ များဆုံးနေရာမှာ မြို့တွင်းပိုင်း၌ ၇၉ နေရာရှိကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှဒုရဲမှူး ကြီး လင်းထွဋ်က ပြောသည်။
‘‘ကျွန်တော်တို့အဖွဲ့တွေထဲ က နယ်မြေတွေခွဲပြီး စစ်တမ်း ကောက်ယူချက်တွေအရ
ဒီလို နယ်မြေ ၇၉ နေရာ သတ်မှတ်နိုင်ခဲ့ပါတယ်’’ ဟု ဒုရဲမှူးကြီးက ပြောသည်။
တရားခံပြေးလာဖမ်းသည့် ရဲနှစ်ဦးကို ရွာသားများ ၀ိုင်းရိုက်ပြီး ရဲကင်း မီးရှို့
တရားခံပြေးလာဖမ်း သော ရဲနှစ်ဦးကို ရွာသားများက ဖမ်းဆီးပြီး ရိုက်နှက်ကာ
ရဲကင်း ကို မီးရှို့မှု စစ်ကိုင်း တိုင်းဒေ သကြီး ဗန်းမောက်မြို့နယ်တွင်
ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။
မေလ ၂၂ ရက်ညနေက ဗန်း မောက်မြို့နယ်၊ မန်စီကြီးရဲစခန်း ပိုင် နယ်မြေ လိတ်စောရဲကင်းမှ ရဲတပ် သားနှစ်ဦးသည် ဟော့ယော ကျေးရွာတွင်ရှိနေသည့် တရားခံ ပြေးတစ်ဦးအား သွားရောက်ရှာ ဖွေခဲ့ရာ မတွေ့သဖြင့် ကျေးရွာ အုပ်ချုပ်မှူးနှင့်အတူ ရွာလမ်း အတိုင်းပြန်လာစဉ် အောင်ရွှေ ဆိုသူ ဦးဆောင်သည့် ရွာသား ဆယ်ဦးခန့်က အော်ဟစ်ကာ ၀ိုင်းလာသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အိမ်ထဲတွင် ၀င်ပုန်းခဲ့ ရသည်။ သို့သော် ရွာသားများက အိမ်ထဲသို့ဝင်၍ ဖမ်းဆီးပြီး ရွာ လမ်းပေါ် ဆွဲထုတ်ကာ ၀ိုင်းရိုက် ကြသောကြောင့် ဒဏ်ရာပြင်းထန် စွာရခဲ့ပြီး ထွက်ပြေးခဲ့ကြောင်း ဗန်းမောက်မြို့မရဲစခန်းမှ ရဲအရာ ရှိတစ်ဦး ကပြောသည်။ ‘‘ရဲကင်းဆိုတော့ တပ်ဖွဲ့ဝင် အင်အားနည်းတယ်။ ရှိတဲ့ ရဲတွေ တောင် ထွက်ပြေးလာခဲ့ရတာ။ ရွာသားတွေက ဆယ်ယောက် ကျော်တယ်။ သူတို့ထဲက တစ် ယောက်မှတော့ မဖမ်းနိုင်သေး ဘူး’’ဟု အဆိုပါရဲအရာရှိက ပြော ကြားသည်။
မေလ ၂၂ ရက်ညနေက ဗန်း မောက်မြို့နယ်၊ မန်စီကြီးရဲစခန်း ပိုင် နယ်မြေ လိတ်စောရဲကင်းမှ ရဲတပ် သားနှစ်ဦးသည် ဟော့ယော ကျေးရွာတွင်ရှိနေသည့် တရားခံ ပြေးတစ်ဦးအား သွားရောက်ရှာ ဖွေခဲ့ရာ မတွေ့သဖြင့် ကျေးရွာ အုပ်ချုပ်မှူးနှင့်အတူ ရွာလမ်း အတိုင်းပြန်လာစဉ် အောင်ရွှေ ဆိုသူ ဦးဆောင်သည့် ရွာသား ဆယ်ဦးခန့်က အော်ဟစ်ကာ ၀ိုင်းလာသောကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ အိမ်ထဲတွင် ၀င်ပုန်းခဲ့ ရသည်။ သို့သော် ရွာသားများက အိမ်ထဲသို့ဝင်၍ ဖမ်းဆီးပြီး ရွာ လမ်းပေါ် ဆွဲထုတ်ကာ ၀ိုင်းရိုက် ကြသောကြောင့် ဒဏ်ရာပြင်းထန် စွာရခဲ့ပြီး ထွက်ပြေးခဲ့ကြောင်း ဗန်းမောက်မြို့မရဲစခန်းမှ ရဲအရာ ရှိတစ်ဦး ကပြောသည်။ ‘‘ရဲကင်းဆိုတော့ တပ်ဖွဲ့ဝင် အင်အားနည်းတယ်။ ရှိတဲ့ ရဲတွေ တောင် ထွက်ပြေးလာခဲ့ရတာ။ ရွာသားတွေက ဆယ်ယောက် ကျော်တယ်။ သူတို့ထဲက တစ် ယောက်မှတော့ မဖမ်းနိုင်သေး ဘူး’’ဟု အဆိုပါရဲအရာရှိက ပြော ကြားသည်။
ထိုင်းနိုင်ငံတွင် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်မှု ကြီးထွားလာနေ
ထိုင်းနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယင်းကိုဆန့်ကျင်ဆန္ဒပြရန်အတွက် လူပေါင်း ၃ဝဝ ခန့် ဘန်ကောက်မြို့လယ်ကောင်တွင် စုဝေးခဲ့ကြသည်။ ယင်းသည် ထိုင်းနိုင်ငံအကြီးအကဲအသစ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာကို ဆန့်ကျင်သည့် အစောပိုင်းလက္ခဏာရပ်ဖြစ်ပြီး သူ့အနေဖြင့် ပိုမိုကြီးထွားလာသည့် ဆန့်ကျင်မှုများကို ရင်ဆိုင်ရဖွယ်ရှိသည်ဟု ဆိုသည်။
ပြည်သူလူထု သဘောတူညီချက် မပါဝင်ဘဲ ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်မည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး မီဒီယာများနှင့်တွေ့ဆုံစဉ်(ဓာတ်ပုံ-အောင်ရဲကို) |
ပြည်သူလူထု၏ သဘောတူညီချက်မပါဘဲ ကျောက်ဖြူ-ကူမင်း ရထားလမ်းပိုင်းကို ဖောက်လုပ်မည်မဟုတ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေးက မေ ၂၄ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ငြိမ်းချမ်းရေးလိုချင်လျှင် အမှန်တကယ်ရိုးသားရန်လိုကြောင်း သူရဦးရွှေမန်းပြောကြား
ပြည်ထောင်စု အစိုးရအဖွဲ့နှင့် တိုင်းရင်းသား အဖွဲ့အစည်းများအကြား ဆွေး နွေးလျက်ရှိသော ပြည်တွင်းငြိမ်း ချမ်းရေးလိုချင်လျှင် အမှန် တကယ်ရိုးသားရန်လိုအပ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကပြောကြားသည်။
‘‘ငြိမ်းချမ်းရေးကိုလိုချင်ရင် တကယ်ရိုးသားဖို့လိုတယ်’’ ဟု နေပြည်တော်ဇေယျာသီရိမြို့နယ် မှ အုပ်ချုပ်ရေးအဖွဲ့အစည်းဝင် များ၊ တက္ကသိုလ်ပါမောက္ခချုပ် များ၊ ကျောင်းသား၊ ကျောင်းသူ များ၊ ရပ်မိရပ်ဖများနှင့် မေလ ၂၄ ရက်တွင်တွေ့ဆုံရာ၌ သူရ ဦးရွှေမန်းက ထိုကဲ့သို့ပြောကြား ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ငြိမ်းချမ်းရေးရရှိ ရန်ကြိုးစားရာတွင်လည်း ပါးစပ် ဖြင့်ပြောနေရုံနှင့်မလုံလောက် ကြောင်း ၎င်းကဆက်လက်ပြော ကြားသည်။ ‘‘ငြိမ်းချမ်းရေးကို ပါးစပ်နဲ့လိုချင်လို့မရဘူး။ တချို့ က ငြိမ်းချမ်းရေးကိုပါးစပ်နဲ့လိုခ
တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးကြိုးစားရာ၌ မူမတူ ခြင်း၊ ပါတီကွဲခြင်းကို ရန်သူကဲ့ သို့သဘောထားလျှင်လည်း မှား လိမ့်မည်ဖြစ်ကြောင်း ယခင်က လည်း လွဲခဲ့၊ မှားခဲ့ကြောင်း သူရ ဦးရွှေမန်းကပြောကြားသည်။
စစ်တပ်က မီဒီယာကိုထိန်းချုပ်ထား၍ ထိုင်းတွင် ဂျာနယ်လစ်များ ဖုန်း၊ လူမှုကွန်ရက်များဖြင့် သတင်းပို့ခြင်းပြုလုပ်လာ
ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်း ညမထွက်ရအမိန့် ထုတ်ထား ပြီး မီဒီယာကို ထိန်းချုပ်မှုများ တင်းကျပ်လာသဖြင့် သတင်းလိုက်ခြင်း နှင့် ပေးပို့ခြင်း၊ ရုပ်သံထုတ်လွှင့် ခြင်းများ မလုပ်နိုင်ဘဲ ဖြစ်နေရာ ထိုင်းပြည်တွင်း သတင်းထောက်အချို့သည် မိုဘိုင်းဖုန်းများ၊ လူမှုကွန်ရက်များမှတစ်ဆင့် ၎င်းတို့ရရှိသော သတင်းများ၊ ဗီဒီယိုဖိုင်များကို ဖြန့်ဝေခြင်း၊ သတင်းပို့ တင်ပြခြင်းများကို လုပ်ဆောင် လာရသည်။
အမြန်လမ်းမကြီးတွင် ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်မှ သေဆုံးသူ ၁၆ ဦးအထိ ရှိလာ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင်
ရာဇာမင်းခရီးသည်တင်ယာဉ် တိမ်းမှောက်မှုဖြစ်စဉ်၌ သေ ဆုံးသူ ၁၆ ဦးအထိ
ရှိလာပြီး ဆေးကုသခံယူနေသူနှစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ အသက်အန္တရာယ်
စိုးရိမ်ဖွယ်မရှိတော့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ မေ ၂၄ ရက်
ညနေပိုင်းတွင် စုံစမ်းသိရသည်။
Subscribe to:
Posts (Atom)