Friday, April 3, 2015

အငြင်းပွားဖွယ် ၀တ်စုံကြောင့် ဘိုလီးဗီးယား ကာကွယ်ရေး ၀န်ကြီး ရာထူးမှ ထုတ်ပယ်ခံရ


ဘိုလီဗီးယား ကာကွယ်ရေးဝန်ကြီး ဂျော့ခ်လီဒက်စမာသည် အိမ်နီးချင်း ချီလီနိုင်ငံသို့ အလည်အပတ် သွားရောက်စဉ် ၀တ်ဆင် ခဲ့သည့် အငြင်းပွား ဖွယ်ရာ ၀တ်စုံကြောင့် ရာထူးမှ ထုတ်ပယ်ခံလိုက် ရပြီ ဖြစ်ကြောင်း သိရသည်။

တိကရစ်မြို့ သိမ်းတိုက်ပွဲ အီရတ် တပ်ဖွဲ့များ အောင်ပွဲခံ

အီရတ်နိုင်ငံ တိကရစ်မြို့ကို ထိန်းချုပ်ထားသော IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်ကာ အောင်ပွဲ အကြီးအကျယ်ခံ နိုင်ခဲ့ပြီ ဖြစ်ကြောင်း အီရတ် အစိုးရက ကြေညာ ထားသည်။ အီရတ် အစိုးရတပ် များသည် တိကရစ်မြို့တွင်းရှိ နောက်ဆုံး လက်ကျန် IS အဖွဲ့ဝင်များကို အပြီးသတ် တိုက်ပွဲ ဆင်နွဲနေပြီ ဖြစ်သည်။ ၀န်ကြီးချုပ် ဟိုင်ဒါအယ်လ်-အဘာဒီသည် မြို့တွင်းတွင် အီရတ် နိုင်ငံတော် အလံကို လွှင့်ထူ လိုက်ပြီ ဖြစ်သည်။အီရတ် အစိုးရသည် တိကရစ်မြို့ကို သိမ်းပိုက်နိုင်ရေး အတွက် တစ်လကြာ ကြိုးပမ်းခဲ့ရသည်။ တိကရစ်မြို့ သိမ်းပိုက် နိုင်ရေး အီရတ် တပ်ဖွဲ့ဝင် များ၏ ထိုးစစ်ဆင်မှုသည် ခေတ္တခန့် ရပ်ဆိုင်းသွားခဲ့ သော်လည်း လွန်ခဲ့သော အပတ်တွင်မူ အမေရိကန် ဦးဆောင်သော မဟာမိတ်များ၏ လေကြောင်းမှ ထိုးစစ်ကြောင့် တိုက်စစ်ကို ပြန်လည် စတင်နိုင် ခဲ့သည်။

နာမည်တလုံးအတွက် တိုက်ပွဲ


လက်ရှိ အစိုးရလက်ထက် တိုင်းပြည်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာတွေက များပါတယ်။ အဲလို နိုင်ငံရေးအရှုပ်တွေ များတာကို ဦးနုအစိုးရလက်ထက်တုံးက (ပြဿနာပေါင်း သောင်းခြောက်ထောင်) လို့ သုံးပါတယ်။ အခုတော့ သိန်းဂဏန်းလို့တောင် ပြောရမလားမသိပါ။ အဲဒီအရေအတွက်ထက် အရေးကြီးတာတွေထဲက တခုကို ရေးပါရစေ။ ဘာသာရေး အစွန်းမလွတ်ပြဿနာပါ။ ဘာသာရေးအစွန်းရောက်လို့တော့ မပြောလိုသေးပါ။

ဒီပဲယင်းတွင် လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်ဖြင့် ရိုက်မိပြီး ကလေးငယ်နှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ ဆူးတပ်ကျေးရွာ၏ အနောက် ဘက် ခရိုင်ချင်းဆက် လမ်းမကြီးအနီးတွင် ဧပြီ ၂ ရက် ညနေ ၄ နာရီခွဲအချိန်က ရုတ်တရက်လေပြင်းများ တိုက်ခတ်လာပြီး သစ်ပင်များ လဲကျ၊ သစ်ကိုင်းများ လွှင့်စင်ခြင်းကြောင့် ကလေးငယ်နှစ်ဦးကို ထိမှန်ပြီး သေဆုံးခဲ့သည်။
 လေပြင်းများ တိုက်ခတ်ပြီး သစ်ပင်အချို့ သစ်ကိုင်းများပြတ်ကျခြင်း၊ အမြစ်မှကျွတ်၍လှဲကျကာ အနီးရှိ လူနေအိမ်တစ်လုံးအား သွားရောက် ထိမှန်ခဲ့ရာမှ နေအိမ်ရှေ့တွင် ရပ်နေသည့် ကလေးငယ်နှစ်ဦးမှာ သစ်ကိုင်းများ ရိုက်ခတ်မိသည့်အတွက် ဦးခေါင်း နောက်စေ့ပိုင်းနေရာနှင့် နဖူးနေရာများတွင် ဒဏ်ရာများရရှိခဲ့ပြီး မူးကမ်း တိုက်နယ်ဆေးရုံတွင် အရေးပေါ်ဆေးကုသမှုခံယူနေစဉ် အဆိုပါ ဒဏ်ရာများကြောင့် ယင်းနေ့ ညနေ ငါး နာရီခွဲအချိန်၌ သေဆုံးသွားခဲ့ကြောင်း ဒီပဲယင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးဝန်ထမ်း တစ်ဦးထံမှ သိရသည်။

ကိုးကန့်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရတပ်တွေအကြား တိုက်ပွဲတွေဆက်လက်ဖြစ် ပွားနေပါတယ်။ အခုနောက်ဆုံးဖြစ်ပွားတဲ့ တိုက်ပွဲတွေ ဟာ မတ်လ ၂၇ ရက်နေ့က စတင်ခဲ့တယ်လို့ မြန် မာနိုင်ငံ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က RFA ကိုပြောပါတယ်။
"မနေ့တုံးကတော့ ဒီမနက် ၃ နာရီအထိဖြစ်တယ်၊ အဲဒီ့ကုန်းကြမ်းဒေသမှာပဲ ခုတ်ထန်ပတ်ဝန်းကျင်မှာ သူတို့က ၉ နာရီကနေစပြီးတော့ လူနည်းနည်းနဲ့ ထိုးတာပေါ့၊ မနက်တုံးကတော့ လက်နက်ကြီးနဲ့ ပစ်တယ်၊ ကြည်းတပ်နဲ့ တက်ထိုးတယ်၊ ဒါပေမဲ့ ည ၉ နာရီကျတော့ လေယာဉ်တော့မပါပါဘူး၊ တင့်ကားတွေ သံချပ်ကာကားတွေလည်း အားလုံးအသင့်ဖြစ်နေပြီလို့ကြား ပါတယ်၊ ဒီ့ထက်အကြိမ်တိုးဖို့ပဲ ရှိပါတယ်"
နှစ်ဖက်ထိခိုက်ကျဆုံးတာတွေရှိပေမဲ့ အတိအကျမသိရသေးကြောင်း၊ အခုတိုက်ပွဲတွေမှာ အစိုးရဖက်က တပ်ဖွဲ့အင်အား အများအပြားနဲ့ ၁၀၅ မမ၊ ၁၂၂ မမ၊ စတဲ့ လက်နက်ကြီးတွေ၊ လေယာဉ်ပျံတွေကိုပါ အသုံးပြု နေကြောင်းလည်း ဦးထွန်းမြတ်လင်း က ပြောပါတယ်။

လူခုနစ်ဦး ဒဏ်ရာရသည့် ရုန်းရင်းဆန်ခတ်မှု လေးရက်ကြာသည့်အထိ ရဲတပ်ဖွဲ့ အမှုဖွင့်မပေးဟုဆို

လှိုင်သာယာမြို့နယ် အပြင်ပဒံ ကျေးရွာအုပ်စု ကျွန်းကြီးကျေးရွာတွင် လွန်ခဲ့သော လေးရက်က ဦးဘိုးသာ ပိုင်ဆိုင်သည်ဟု ဆိုသော လယ်မြေ ပေါ်တွင် EVER DEPELOPMENT ကုမ္ပဏီနှင့် မြေပိုင်ရှင်တို့အကြား မြေအငြင်းပွားမှုကြောင့် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားရာ ခုနစ်ဦး ဒဏ်ရာရရှိခဲ့မှုကို သောင်ကြီးနယ်မြေ ရဲစခန်းက အမှုဖွင့်မပေးဟု မြေပိုင်ရှင် ဦးဘိုးသာ၏ အဆိုအရ သိရသည်။
ဧပြီလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ကျောက်တံတားမြို့နယ်ရှိ Myanmar Journalist Network (MJN) ရုံးခန်းတွင် ကျင်းပပြုလုပ်သော ရုန်းရင်းဆန်ခတ်မှုနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် လယ်ပိုင်ရှင် ဦးဘိုးသာက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

မြန်မာတွေပါတဲ့ ရုရှား ငါးဖမ်းသင်္ဘော နစ်မြုပ်

ရုရှားနိုင်ငံမှာ မြန်မာနိုင်ငံသား အများအပြားပါဝင်တဲ့ ငါးဖမ်းသင်္ဘော ဗုဒ္ဓဟူးနေ့ညက နစ်မြုပ်သွားခဲ့ရာမှာ အနည်းဆုံး ၅၆ ဦး သေဆုံးခဲ့ပါတယ်။
အခုထိ ၆၃ ဦး ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁၃ ဦး ပျောက် ဆုံးနေဆဲဖြစ်ကြောင်း၊ ကယ်ဆယ်နိုင်ခဲ့သူတွေထဲ မှာ မြန်မာနိုင်ငံသား ၁၃ ဦး ပါဝင်ကြောင်း သိရပါတယ်။
အရှည် ပေ ၃၄၀ ၊ တန်ချိန် ၅၇၀၀ ရှိပြီး လူ ၁၃၂ ဦးပါ ရုရှနိုင်ငံလုပ် ငါးဖမ်းသင်္ဘောဟာ ရုရှားနိုင်ငံ အရှေ့ဖျား ဒေသ ရေခဲမှတ်နီးပါးအထိ အေးခဲနေတဲ့၊ မုဆိုးပင်လယ်လို့ အဓိပ္ပါယ်ရတဲ့ အော့ကဟော့ရှ် ပင်လယ်ပြင်မှာ နစ်မြုပ်သွားခဲ့တာပါ။ ရေယာဉ် နစ်မြုပ်ရတဲ့ အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။

ယီမင်သမ္မတ နောက်ဆုံး ခိုလှုံရာ အေဒန်မြို့ သမ္မတနန်းတော်ကို ဟိုသီ လက်နက်ကိုင်များ တိုက်ခိုက်

ယီမင်နိုင်ငံတွင် သမ္မတ နောက်ဆုံး ခိုလှုံရာ အေဒန်မြို့ သမ္မတ နန်းတော်ကို ဟိုသီ လက်နက်ကိုင် များက ကြာသပတေးနေ့တွင် အပြင်း အထန် တိုက်ခိုက်လျက် ရှိကြောင်း သိရသည်။

တရားရင်ဆိုင်ခြင်း မရှိသည့်အတွက် ဖမ်းဝရမ်း အထုတ်ခံထားရသော ဂရိတ်ဝေါလ်ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့မှာ ပြည်တွင်း၌ပင်ရှိနေဟု သတင်းများထွက်ပေါ်နေပြီး သုံးလကြာသည့်တိုင် ဖမ်းဆီးနိုင်ခြင်း မရှိသည့်အပေါ် မြို့ခံများ ဝေဖန်

မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံ တတိယအထပ်တွင် လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်လှစ်ခြင်း၊ နိုင်ငံခြားသား တရုတ်နိုင်ငံသား များမှာလည်း ခွင့်ပြုမိန့်မရှိဘဲနေထိုင်ခြင်း၊ ညစ်ညမ်းစာစောင်များနှင့် ဆေးရုံကြော်ငြာမှု တို့ကြောင့်ဆေးရုံပိုင်ရှင် ဦးတင်မောင်နှင့် ဇနီးတို့အား အမှုဖွင့်တရားစွဲဆိုထားခဲ့ရာ တရုတ်နိုင်ငံသားအပါအ၀င် ဦးတင်မောင်(ခ) လီ ဆန်ရှင်းနှင့်ဇနီးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တရားခံပြေးများအဖြစ် ကြေညာထားသည်။
ထိုသို့ မြို့နယ်တရားရုံးမှ တရားခံပြေးအဖြစ် သတ်မှတ်ပြီးနောက် ချမ်းအေးသာစံမြို့နယ် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း အမှုဖွင့်ပြီးသည့်နေ့မှစ၍ သုံးလကြာမြင့်နေသည့်တိုင် ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း သိရသည်။

အင်ဒိုနီးရှားရောက် မြန်မာတွေ ဌာနေပြန်ဖို့ ထိုင်းအဖွဲ့ ကူမယ်



အင်ဒိုနီးရှားနိုင်ငံ အမ်ဘွန်းကျွန်းမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား ငါးဖမ်းလှေလုပ်သားတွေ နေရပ် ပြန်နိုင်ရေးအတွက် ကူညီဆောင်ရွက်သွားမယ်လို့ ထိုင်းအခြေစိုက် NGO တခုဖြစ်တဲ့ LPN အလုပ်သမား အခွင့်အရေး မြှင့်တင်ရေး ကွန်ရက်က ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်လာသည့် မြန်မာအယောက်၂၀ ဖမ်းဆီးခံရ


ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများ (ဓာတ်ပုံ - http://www.banmuang.co.th)
ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ကန်ချနပူရီခရိုင်ထဲမှာ ဧပြီလ ၁ ရက်နေ့က တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာအလုပ်သမား ၂၀ ဦးကို ဖမ်းဆီးရမိတယ်လို့ သနေရှင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ကြိုတင်မဲ မသာမာမှု အတတ်နိုင်ဆုံး ကာကွယ်မည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကတိပေး


Election-2010

ရန်ကုန် (မဇ္ဈိမ)။ ။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကြိုတင်မဲမသမာမှုများကို အတတ်နိုင်ဆုံး အကာအကွယ် ပေးသွားမည်ဟုပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်က ဧပြီလ ၂ ရက် ရန်ကုန်မြို့ Summit Parkview  ဟိုတယ်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲကာလ မီဒီယာနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် မီဒီယာများ ဆွေးနွေးပွဲတွင် ပြောကြားသွားသည်။

ပြည်တွင်းငြိမ်းချမ်းရေးကို လွှတ်တော်က တကယ်လိုလားလျှင် မတရားအသင်း ဥပဒေ ပြင်ခြင်းကို လက်ခံသင့်


Parliament-4

နေပြည်တော် (မဇ္ဈိမ)။ ။ မတရားအသင်းများ အက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒိယဥပဒေ အမှတ် ၁၄) ကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် ပြည်သူ့ လွှတ်တော်ကို သင်္ဃန်းကျွန်းအမတ် ဦးသိန်းညွန့်က အဆိုတင်သွင်းခဲ့ရာ ပြည်တွင်း ငြိမ်းချမ်းရေးကို လွှတ်တော်က အမှန်တကယ် လိုလားပါလျှင် ယခုအဆိုကို လက်ခံဆွေးနွေး ပြင်ဆင်ပေးသင့်သည်ဟု ဧပြီ ၂ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့သည်။

အဓမ္မကျင့်ခံရကာ သေဆုံးသွားသည့် ဆရာမနှစ်ဦးအမှု မျက်မြင်ဟုယူဆရသူများကို ခေါ်မေးရန် ကေဘီစီ စီစဉ်


Kachin-Two-Ladies-Rape-Sadness-Commemorate-Yangon

ချင်းမိုင် (မဇ္ဈိမ)။ ။ အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့သော ကချင်ကျောင်းဆရာမ နှစ်ဦး၏ အမှုနှင့် ပတ်သက်၍ မျက်မြင်များဟု ယူဆရသူများကို တွေ့ဆုံ မေးမြန်းရန် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) က စီစဉ်နေသည်ဟု မူဆယ်မြို့နယ် မုံမောင်ဇုံနယ်မှ KBC အထွေထွေအတွင်းရေးမှူး ဇော်ရာက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံ ကျောင်းသားများ ပြန်လွှတ်ပေးရေး လှည်းတန်းတွင် စတစ်ကာလှုပ်ရှားမှု ပြုလုပ်



ဖမ်းဆီးခံကျောင်းသားများ ပြန်လွှတ်ပေးရေးအတွက် ဧပြီ ၂ ရက်က လှည်းတန်းတွင် စတစ်ကာလှုပ်ရှားမှု ပြုလုပ်စဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

သာယာဝတီ အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကျောင်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်အတွက် ရန်ကုန်မြို့ လှည်းတန်းအနီးတစ်ဝိုက်တွင် ဧပြီ ၂ ရက် ညနေပိုင်းက စတစ်ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။

အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို အကြောင်းပြပြီး ရွေးကောက်ပွဲများ ရွှေ့ဆိုင်းသွားမည်ကို စိုးရိမ်မိကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီတို့ ဆွေးနွေး


ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စနန်စီပလိုစီဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ ကော်မတီဆောင် I-12 ၌ ဧပြီ ၁ ရက်က တွေ့ဆုံဆွေးနွေးစဉ် (Photo:NLD Chairperson facebook)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် မစ္စနန်စီပလိုစီ ဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော် ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ ကော်မတီဆောင် I-12 ၌ ဧပြီ ၁ ရက် ညနေ ၄ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ဗန်းမော်မြို့မှတစ်ဆင့် တရုတ်နိုင်ငံ လွယ်ဂျယ်နယ်စပ်သို့ ၁၀ ဘီးကားကြီးများဖြင့် တစ်ရက်လျှင် မီးသွေးတန် ၁၀၀ ခန့် ခိုးထုတ်နေ


ဗန်းမော်ဆိပ်ကမ်းတွင် တရုတ်နိုင်ငံသို့တင်ပို့မည့် မီးသွေးအိတ်များကို ဧပြီ ၁ ရက်က တွေ့ရစဉ်

ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ် ဂိတ်မှ တစ်ရက်လျှင် တန် ၁ဝဝ နီးပါးတင်ပို့နေမှုကို  မတ် ၂၃ ရက်က ကချင်ပြည်နယ် လွှတ်တော်တွင် မေးမြန်းဆွေးနွေးမှုများရှိခဲ့ကြောင်း သတင်းရရှိသည်။

ယင်းအဆိုကို ဗန်းမော်မဲဆန္ဒနယ်အမှတ် (၂) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရှိန်က  သစ်သားမီးသွေးကို နိုင်ငံခြား တိုင်းပြည်သို့ တရားဝင်တင်ပို့ရောင်းဝယ်ခွင့် ရှိ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။ ကချင်ပြည် နယ်လွှတ်တော်တွင် တင်ပြရသည့်အကြောင်း မှာ

ပူးတွဲစုံစမ်းစစ်ဆေးမှု သုံးသပ်ချက် ထွက်ပေါ်လာပြီးနောက် မြန်မာက ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရုတ်ငါးဦး သေဆုံးမှုကို တရားဝင်တောင်းပန်


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် လင်းချန်းခရိုင် မုန်တိမ်မြို့ တာ့ရွှေရှန်း တုကျွေးရွာအနီး ကြံခင်းတွင် မြန်မာစစ်လေယာဉ်က ဗုံးဆန်ကျရောက်မှုကြောင့် တရုတ်နိုင်ငံသားငါးဦး သေဆုံးခဲ့ပြီး ရှစ်ဦးဒဏ်ရာ ရရှိခဲ့သည့် ဖြစ်စဉ်နှင့်စပ်လျဉ်း၍ မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှု သုံးသပ်ချက် ထွက်ပေါ်လာပြီးနောက် မြန်မာက တရုတ်အား ဧပြီ ၂ ရက်က တရားဝင်တောင်းပန်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

အဆိုပါ မြန်မာ-တရုတ် ပူးတွဲစုံစမ်းစစ်ဆေးမှုကို နှစ်ဖက်တပ်မတော်မှ ကျွမ်းကျင်ပညာရှင်များဖြင့် မတ် ၂၄ ရက်မှ ၂၆ ရက် အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည်တည်ဆောက်ပေးရေး ဆန္ဒပြခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးနှင့် တက်ကြွလှုပ်ရှားသူ တစ်ဦးကို စတင်ရုံးထုတ်သည့် နေ့မှာပင် ပြည်မြို့နယ် ဒုတိယတရားသူကြီး ဦးသောင်းထွန်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးလ ချမှတ်



ပဲခူးတိုင်း အနောက်ပိုင်းဒေသကြီး ပြည်မြို့မှ တရားလွှတ်တော်ရှေနေ့ ဦးမြင့်အေးနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ကိုမျိုးသူထွဋ်တို့ နှစ်ဦးအား ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ရုံးတင်စစ်ဆေးသည့် နေ့မှာပင် ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံသဖြင့် ဒုမြို့နယ် တရားသူကြီး ဦးသောင်းထွန်းက အလုပ်ကြမ်းနှင့် ထောင်ဒဏ် လေးလအမိန့် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

တရားရင်ဆိုင်ခြင်း မရှိသည့်အတွက် ဖမ်းဝရမ်း အထုတ်ခံထားရသော ဂရိတ်ဝေါလ်ဦးတင်မောင်နှင့် ဇနီးဒေါ်နန်းလှစိန်တို့မှာ ပြည်တွင်း၌ပင်ရှိနေဟု သတင်းများထွက်ပေါ်နေပြီး သုံးလကြာသည့်တိုင် ဖမ်းဆီးနိုင်ခြင်း မရှိသည့်အပေါ် မြို့ခံများ ဝေဖန်


မန္တလေးမြို့ရှိ တော်ဝင်နှင်းဆီဆေးရုံ တတိယအထပ်တွင် လိုင်စင်မရှိဘဲ ဆေးခန်းဖွင့်လှစ်ခြင်း၊ နိုင်ငံခြားသား တရုတ်နိုင်ငံသား များမှာလည်း ခွင့်ပြုမိန့်မရှိဘဲနေထိုင်ခြင်း၊ ညစ်ညမ်းစာစောင်များနှင့် ဆေးရုံကြော်ငြာမှု တို့ကြောင့်ဆေးရုံပိုင်ရှင် ဦးတင်မောင်နှင့် ဇနီးတို့အား အမှုဖွင့်တရားစွဲဆိုထားခဲ့ရာ တရုတ်နိုင်ငံသားအပါအ၀င် ဦးတင်မောင်(ခ) လီ ဆန်ရှင်းနှင့်ဇနီးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် တရားခံပြေးများအဖြစ် ကြေညာထားသည်။

အရည်အသွေးမရှိသည့် ပညာရေးပေးရန် အမျိုးသား လွှတ်တော် ဆုံးဖြတ်ဟု NNER ထုတ်ပြန်


ရန်ကုန် (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်၏ ဥပဒေကြမ်း ကော်မတီက ပြန်လည်ပြင်ဆင်ရေးသားပြီး အတည်ပြုလိုက်သည့် အချက်များကို ရည်ညွှန်းလျက် အမျိုးသားလွှတ်တော်သည် အရည်အသွေးမရှိသည့် ပညာရေးကို ပေးရန် ဆုံးဖြတ်ပေးလိုက်သည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER  က ထုတ်ပြန်လိုက်သည်။

ငြိမ်းချမ်းရေး အလင်းတန်း ဘယ်လောက် လင်းနိုင်မလဲ


ရန်ကုန်(မဇ္ဈိမ) ။ ။"ငြိမ်းချမ်းရေး အလင်းရောင်သာမက ငြိမ်းချမ်းရေး အလင်းတန်းတွေပါ လင်းလာပါပြီ" မတ်လ ၃၁ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်စာချုပ်မူကြမ်း NCA တွင်ပါရှိမည့် အချက်များကို နှစ်ဘက် သဘောတူ လက်မှတ်ထိုးပြီးနောက် သမ္မတ ဦးသိန်းစိန် ပြောဆိုခဲ့သည့် စကားဖြစ်သည်။ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေး ဗဟိုဋ္ဌာန MPC တွင် မတ်လ ၃၁ ရက်က ပြုလုပ်သည့် လက်မှတ်ထိုးပွဲသို့ သမ္မတကိုယ်တိုင် တက်ရောက်လာခဲ့ခြင်းသည် လက်မှတ်ထိုးမှုကို အထူးတလည် အလေးထားကြောင်း ထင်ရှားသည်။ 

ရွှေညဝါ ဆရာတော် တရားဟောခွင့် ပိတ်ပင်မှု Freedom House ရှုတ်ချ


ရွှေညဝါဆရာတော် တရားပွဲ။ (သတင်းဓာတ်ပုံ- ရွှေညဝါ တောရကျောင်း မှော်ဘီ)

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ရွှေည၀ါဆရာတော်ကို အကန့်အသတ်မရှိ တရားဟောခွင့် ပိတ်ပင်လိုက်တာကို အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးက ဝေဖန်ကန့်ကွက်လိုက်ပါတယ်။ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကို လူသိရှင်ကြား အသရေဖျက်ပြောဆိုခဲ့တဲ့ အရှင်ဝီရသူကိုတော့ အရေးယူ ပိတ်ပင်တာမျိုးမလုပ်ပဲ ရွှေည၀ါဆရာတော်ကိုပဲ မဟန အဖွဲ့ကြီးက အရေးယူခဲ့ကြောင်း ဧပြီလ (၂)ရက်နေ့က ထုတ်ပြန်တဲ့ Freedom House ရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

မြန်မာအသင်း၏ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တစ်ပွဲကို ထိုင်းနိုင်ငံတွင် ယှဉ်ပြိုင်ကစားမည်


ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က မြန်မာ့လက်ရွေးစင်အ သင်းအား အိမ်ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ထားမှုကြောင့်  လာမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် အိမ်ကွင်းပွဲတစ်ပွဲကို ကြားကွင်း၌ ယှဉ်ပြိုင်ရ မည်ဖြစ်ကာ ယင်းပွဲကို ထိုင်းနိုင်ငံတွင် ကစားရန် ရွေးချယ်ထား ကြောင်း သတင်းရရှိသည်။

၂၀၁၁ က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် မြန်မာနှင့် အိုမန် အသင်းတို့၏ ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် မြန်မာအသင်းပရိ သတ်များ အလွန်အကျူးအားပေး မှုကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ်က မြန်မာနိုင်ငံတွင် လက်ခံ ယှဉ်ပြိုင်ရမည့် အိမ်ကွင်းပွဲစဉ် ကမ္ဘာ့ဖလား ခြေစစ်ပွဲတစ်ပွဲကို ကြားကွင်း၌ကစားရန် ပြစ်ဒဏ် ချမှတ်ထားသည်။

အောက်လွှတ်တော်အမတ် နန်စီ ဦးဆောင်သောအဖွဲ့ ရွေးကောက်ပွဲ၊ အခြေခံဥပဒေ၊ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးတို့နှင့် ပတ်သက်၍ အဓိကဆွေးနွေး



သမ္မတဦးသိန်းစိန်နှင့် ကန်အောက်လွှတ်တော်အမတ် နန်စီပလိုစီ (ဓာတ်ပုံ −သမ္မတရုံး)

အမေရိကန်အောက် လွှတ်တော်အမတ် နန်စီပလိုစီ ဦးဆောင်သည့် ကိုယ်စားလှယ်အ ဖွဲ့သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လုံခြုံရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေး၊ လူ့အခွင့်အရေး၊  ကုန်သွယ်ရေးနှင့် မကြာမီကျင်းပတော့မည့် ရွေးကောက်ပွဲအရေးတို့ကို ဦးစားပေးဆွေး နွေးခဲ့ကြကြောင်း သတင်းထုတ်ပြန် သည်။

စာရေးဆရာထင်လင်းဦး အမှု (၁၃)ကြိမ်မြောက် ရုံးထုတ်စစ်ဆေး



စာရေးဆရာထင်လင်းဦးအား ရုံးထုတ်စစ်ဆေးနေစဉ် (ဓာတ်ပုံ − မျိုးမင်းဦး)

 ချောင်းဦးမြို့နယ် ဟော ပြောပွဲတစ်ခုတွင် ဘာသာသာ သနာစော်ကားပြောဆိုသည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခြင်းခံရ သော စာရေးဆရာထင်လင်းဦး အား ချောင်းဦးမြို့နယ် တရားရုံး၌ ဧပြီ ၂ ရက်က (၁၃)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့သည်။

တရားမမှုများ သီးသန့်စစ်ဆေးသည့် တရားရုံးများ ဖွဲ့စည်းရန် အစီအစဉ်မရှိဟုဆို


 နှစ်နှင့်ချီ၍ ရင်ဆိုင်နေကြရသော တရားမမှုများကို သီးသန့်စစ်ဆေးစီရင်ရသည့် တရားရုံးများ ဖွဲ့စည်းဆောင်ရွက်ရန် မရှိသေးကြောင်း ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူ ကြီး ဦးစိုးညွန့်က ပြောကြားသည်။

‘‘တရားမမှုများကို သီးသန့် စစ်ဆေးရသော သီးခြားတရားရုံး များ ဖွဲ့စည်းဆောင်ရွက်ရင် တရားသူကြီးများရဲ့ ပြစ်မှုနဲ့ တရားမမှု နှစ်မျိုးစလုံး စစ်ဆေးစီရင်နိုင်တဲ့ အရည်အချင်း ထိခိုက်လာနိုင်ပါတယ်’’ဟု ဦးစိုးညွန့်ကဆိုသည်။

ဆံပင်မဖြူအောင် ကာကွယ်နိုင်တယ်ဆိုတဲ့ အစားအစာတွေ




ဆံပင်ဖြူတာဟာ ပုံမှန်အားဖြင့် အသက်အရွယ်နဲ့ ဆက်စပ်နေ တယ်ဆိုပေမယ့် စောစောစီးစီး ဆံပင်ဖြူတာ မဖြစ်ရလေအောင် အာဟာရပြည့်တဲ့ အစားအစာတွေ ဖြည့်စွက်စားပေးရင်းနဲ့ ကြိုတင် ကာကွယ်နိုင်ပါတယ်။ ဗီတာမင် တွေ၊ သတ္တုဓာတ်တွေပါတဲ့ ဆေးဝါးတွေ စားပေးရင်း ကာကွယ် တာမျိုးထက် ပုံမှန်စားနေတဲ့ အစားအစာတွေကလည်း ဆံပင် ဖြူတာ ကာကွယ်ပေးနိုင်တာမို့ ဘာတွေလဲသိထားရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။

ညစာမစားခင်နဲ့ ညစာစားပြီး သတိထားရမယ့် အချက်တွေ



ကျန်းမာကြံ့ခိုင်တဲ့ နေထိုင်မှု ဘ၀ကို ပိုင်ဆိုင်ဖို့ရာမှာ အစာစားသောက်ပုံ နည်းစနစ်တွေမှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။ မနက်စာက အရေးကြီးသလို အိပ်ပျော်နေစဉ်မှာ လိုအပ်တဲ့ အာဟာရတွေကို ထောက်ကူပေးတဲ့ ညစာကလည်း အရေးပါပြန်ပါတယ်။ ကျန်းမာရေး ပညာရှင်တွေက ညစာကို အိပ်ရာမ၀င်ခင် အနည်းဆုံး နှစ်နာရီလောက်အလိုမှာ နောက်ဆုံးစားသုံးဖို့ အကြံပြုထားတာကြောင့် ဆောင်ရန် ရှောင်ရန်လေးတွေကို မျှဝေလိုက်ပါတယ်။