Wednesday, May 7, 2014

ကေအန်ယူနှင့် ၈၈ ပွင့်လင်းအဖွဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး သဘောတူ

ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ ကရင်မျိုးသားအစည်းအရုံး (ကေအန်ယူ) ဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့အဖွဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးအပါအ၀င် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ပါတယ်။
ကေအန်ယူဒုဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့အဖွဲ့ဟာ ဒီကနေ့ မနက်က ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးကို သွားရောက်ပြီး ဦးမင်းကိုနိုင်နဲ့ ဦးကိုကိုကြီးတို့အပါအ၀င် အဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။ဒီတွေ့ဆုံမှုမှာ အပစ်အခတ်ရပ်စဲရေး ခိုင်မာစွာဖြစ်ပေါ်လာဖို့၊ အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး နှစ်ဖက် သဘောတူခဲ့ကြတယ်လို့ တွေ့ဆုံရာမှာပါဝင်တဲ့ ကေအန်ယူ ဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက ပြောပါတယ်။“သဘောထားတူညီမှု ရှိတာက အပစ်အခတ်ရပ်စဲရေးကို ခိုင်မာစွာဖြစ်ပေါ်လာမှုနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်စဉ်တွေကို ကောင်းမွန်စွာ ဆက်လက်ချီတက်နိုင်ဖို့အတွက် ၈၈ ကလည်း ကောင်းစွာသဘောတူပြီး ဆက်လက် ကြိုးပမ်းဆောင်ရွက် အထောက်အကူ ပြုသွားပါ့မယ်လို့ သူတို့က သဘောတူတယ်။ နောက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံက အများပြည်သူ တိုင်းရင်းသားလူမျိုးတွေအတွက် အခွင့်အလမ်းမရှိတဲ့အပေါ်မှာ ဒါကိုလည်း ပြင်ဆင်ပြောင်းလဲသွားမယ်လို့ သဘောတူတယ်။ သဘောတူညီချက်က ၂ ခု ဖြစ်သွားတာပေါ့။ ”

ဒေါ်လာ တစ်သန်းကျော်တန်သည့် ရွှေများ ရှာဖွေတွေ့ရှိ

အမေရိကန်နိုင်ငံဖလော်ရီဒါပြည်နယ်ရှိပင်လယ်ရေမျက်နှာပြင်အောက်ရှားပါးပစ္စည်းများစုဆောင်းရှာ ဖွေရေး ကုမ္ပဏီမှသမိုင်းဝင်အတ္တလန်္တိတ်သမုဒ္ဒရာရှိ သင်္ဘောပျက်အားရှာဖွေစဉ် ကာလတန်ကြေး အမေရိကန်ဒေါ် လာ ၁ ဒသမ ၃သန်း တန်ကြေးရှိ ရွှေ ၁၀၀၀ အောင်စကို တွေ့ရှိခဲ့ရသည်ဟု မေလ ၆ ရက်က ရိုက်တာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။အဆိုပါ သင်္ဘောပျက်အား အခြားကုမ္ပဏီတစ်ခုမှ ပြန်လည်တူးဖော်မှု ကို ရပ်ဆိုင်းခဲ့ပြီးနောက် ၁၉၉၁ ခုနှစ် မှ စတင်၍ ရှာဖွေတူးဖော်ခဲ့ခြင်း မရှိတော့ကြောင်း Tempa-based Odyssey Marine ပင်လယ် ရေ အောက်ရှာဖွေရေးကုမ္ပဏီက မေလ ၅ ရက်က ပြောကြားသည်။ သင်္ဘော မှာ ၁၈၅၇ခုနှစ်တွင် ရွှေ ၂၁တန် နှင့်အတူ ကယ်ရိုလိုင်းနားတောင်ဘက်တွင် ဟာရီကိန်းမုန်တိုင်းကြောင့် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန် ဘဏ်လုပ်ငန်းများအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေခဲ့သည်။
တူးဖော်ရရှိခဲ့သော ရွှေများတွင် ရွှေချောင်း ငါးချောင်းနှင့် ၁၈၅၇ ခုနှစ်က ဆန်ဖရန်စ္စကိုနှင့် ၁၈၅၀ ခုနှစ် ဖီ လာဒဲလ် ဖီးရားမြို့တွင် ရိုက်နှိပ်သည့် ဒေါ်လာ ၂၀ တန် သိမ်းငှက်ညီနောင် ဒင်္ဂါးပြား နှစ်ပြား ပါဝင်ခဲ့သည်။ ရွှေချောင်းများ၌ ထုတ်လုပ်သူ၏ တံဆိပ်ဖြစ်သော “assay-mark”ကို ရိုက်နှိပ်ထားပြီး ၉၆ ဒသမ ၅ ထရိုင် အောင်စမှ ၃၁၃ ဒသမ ၅ ထိ အလေးချိန် ရှိသည်။ဒေါ်လာ ၂၀ တန် သိမ်းငှက်ညီနောင် ဒင်္ဂါးမှာ စုဆောင်းသူများထံတွင် ဒေါ်လာ ၅၀၀၀ တန်ကြေးရှိကြောင်းOdyssey ကုမ္ပဏီ၏ အရာရှိချုပ် မက်ခ်ဂေါ်ဒွန်က ပြောကြားခဲ့သည်။
Mizzima - News in Burmese

မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့်စနစ်အတွက် အကြံပြုချက်များ တောင်းခံ

 ပြည်တွင်းတွင် မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့်စနစ်များနှင့် ပတ်သက်ပြီး ပြည်သူများဘက်မှ အကြံပြုလိုသည့် အချက်များကို မေ ၅ ရက်မှ ၁၉ ရက်အထိ ကောက်ခံသွားမည်ဖြစ်သည်ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက နိုင်ငံပိုင်သတင်းစာများကတစ်ဆင့် ကြေညာထားသည်။
မိုဘိုင်းအော်ပရေတာများက ဆင်းမ်ကတ်များ ရောင်းချရာတွင် ကျင့်သုံးမည့် အချက်အလက်များ အပေါ် အများပြည်သူဘက်က အကြံပြုတင်ပြနိုင်မည်ဖြစ်ပြီး အကြံပြုတင်ပြလွှာများကို www.mcit.gov.mm တွင် ရယူနိုင်မည်ဖြစ်ကာ မေလ ၁၉ ရက်၊ ညနေ ၄နာရီ ၃၀ မိနစ်နောက်ဆုံးထားပြီး အကြံပြုချက်များ ပေးသွင်း နိုင်မည် ဖြစ်သည်ဟု ဖော်ပြထားသည်။ မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့် စနစ်နှင့်ပတ်သက်ပြီး လက်ရှိကျင့်သုံးနေသည့် အရောင်းစနစ်များကို ပြုပြင်ပြောင်းလဲရန် လိုအပ်ပြီး ပြည်သူလူထုထံ ပေးအပ်နိုင်မည့် ၀န်ဆောင်မှုကို အမှန်အတိုင်း ကြို တင် တင်ပြထားသင့်သည်ဟု စီးပွားရေးပညာရှင်တစ်ဦးက သုံးသပ်သည်။၎င်းက “လက်ရှိအစိုးရကျင့်သုံးနေတဲ့ မိုဘိုင်းဆင်းမ်ကတ် ရောင်းတဲ့စနစ်တွေကို ပြုပြင်ပြောင်းလဲပစ်ရမယ်။ ဘယ် Service (၀န်ဆောင်မှု) လိုချင်ရင် ဈေးနှုန်းဘယ်လောက်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားရမယ်။ ပြည်သူကို မျှော်လင့် ချက်ပေးထားပြီး ဖြစ်မလာရင် ယုံကြည်မှု လျော့သွားမယ်” ဟု ဆိုသည်။

မြန်ပြည်မြောက်ပိုင်း၊ ဒေသခံရှမ်း ပြည်သူတို့၏ ရင်ဖွင့်သံ


၁။ ၂၀၁၃-ခုနှစ်၊ အောက်တိုဘာလတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် KIOအဖွဲ့ ဦးဆွမ်လွတ်ဂမ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမတွင် လေ့လာသူ (observers)အဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Vijay Nambiar , တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Wang Ying Fan ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(၁၀)ဖွဲ့မှ ကိုယ်စားလှယ်များ၊ ကချင်ပြည်နယ်လွတ်တော်ကိုယ်စားလှယ်(၄)ဦး၊ ကချင်ပြည်နယ်တွင်းရှိ တရားဝင်နိုင်ငံရေးပါတီများဖြစ်သည့် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်များ၊ ကချင်လူမျိုးများရိုးရာယဉ်ကျေးမှုဗဟိုကော်မတီနှင့် ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများ စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ (Peace-talk Creation Group) အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့် မြို့မိ၊ မြို့ဖ(၁၀)ဦးတို့တက်ရောက်သည့် သက်သေများကို အတည်ပြု လက်မှတ်ရေးထိုးထားသော နှစ်ဦးနှစ်ဖက် သဘောတူစာချုပ်ပါ အချက်အလက်များတွင်-

နောက်ဆက်တွဲ ငလျင် ငါးကြိမ်ဆက်တိုက်လှုပ်

ထိုင်းတွင်သေဆုံး၊ ဒဏ်ရာရသူ ရှိသော်လည်း မြန်မာနိုင်ငံတွင် ထိခိုက်မှုမရှိ
ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ကို ဗဟို ပြု၍ လှုပ်ခတ်ခဲ့သော ငလျင်၏ နောက်ဆက်တွဲငလျင်ငယ်များ ငါးကြိမ်ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး ထိုင်းနိုင်ငံတွင် သေဆုံးဒဏ်ရာရ မှုများရှိသော်လည်း မြန်မာနိုင်ငံ တွင် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သတင်းရရှိသည်။
ဥရောပ-မက်ဒီတေးနီးယန်း မြေငလျင်တိုင်းတာရေးစင်တာ (EMSC) ၏ ထုတ်ပြန်ချက်များအ ရ မေလ ၅ ရက် ညနေ ၅ နာရီခွဲ တွင်လှုပ်ခတ်ခဲ့သော ချင်းရိုင်ခရိုင် မြေငလျင်အပြီး၌ အဆိုပါနေရာ ကို ဗဟိုပြု၍ မေလ ၆ ရက် ညနေ ၆ နာရီအချိန်ထိ အင်အား ရစ်ခ်ျ တာစကေး ၄ ဒသမ ၂ နှင့်အ ထက် မြေငလျင် ငါးခုဆက်တိုက် လှုပ်ခတ်ခဲ့သည်ဟု ဆိုသည်။ မိုးလေ၀သနှင့် ဇလဗေဒ ဦး စီးဌာန၊ ငလျင်ဌာနကလည်း မေ လ ၆ ရက် နံနက် ၅ နာရီကျော် နှင့် ၇ နာရီခန့်တွင် အင်အားသေး ငလျင်များ ဆက်တိုက်လှုပ်ခတ်ခဲ့ သည်ဟု အတည်ပြုပြောကြား သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် (၂၄)ကြိမ် မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပရန် ပြင်ဆင်ထားရှိမှုကို ကြည့်ရှု စစ်ဆေး



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန MICC ၌ (၂၄)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပရန် ပြင်ဆင် ထားရှိမှုကို လိုက်လံကြည့်ရှု စစ်ဆေးသည်။
ရှးဦးစွာ နိုင်ငံတော် သမ္မတသည် MICC အဝင် ခန်းမကြီး၌ အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည့် နိုင်ငံ့ ခေါင်းဆောင်များအား ကြိုဆို နှုတ်ဆက်ရန် စီစဉ် ထားမှုကို ကြည့်ရှုစစ်ဆေးသည်။

ကားတိုက်ခံရ တာတောင် စာကျက်မပျက်တဲ့ တရုတ်ကျောင်းသူ

Photo: ကားတိုက်ခံရ တာတောင် စာကျက်မပျက်တဲ့ တရုတ်ကျောင်းသူ
wednesday, May 7, 2014

တရုတ်နိုင်ငံ ဘေဂျင်းမှာတော့ Scooter နဲ့ ကုန်တင်ကား တိုက်မိခဲ့ပြီး Scooter စီးလာတဲ့ တရုတ်ကျောင်းသူ လမ်းမပေါ် ပြုတ်ကျခဲ့ပါတယ်။

အလွန်အမင်း ဆိုးဝါးတဲ့ ဒဏ်ရာ နာကျင်မှုတွေ မရခဲ့တဲ့ ကျောင်းသူ Wang Dafan ဟာ  ဆေးရုံကားစောင့်နေရင်း  သူမရဲ့ အဖိုးတန်တဲ့ အချိန်တွေကို အင်္ဂလိပ် အဘိဓါန်မှ စကားလုံးပေါင်း ၁၀၇ လုံးကို လေ့လာမှတ်သားရင်းနဲ့ ကုန်ဆုံးစေခဲ့ပါတယ်။

ရဲတစ်ဦးကတော့ ကျွန်တော်တို့ ယာဉ်တိုက်တဲ့ နေရာကို ရာက်သွားတဲ့အခါမှာ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ သူမဟာ နာကျင်နေပေမယ့်လည်း သူမဟာ တက္ကသိုလ် လေ့ကျင့်ခန်းစာတွေ အတွက် သူမရဲ့ လျှပ်စစ် အဘိဓါန်ကို သုံးပြီး အင်္ဂလိပ်ဝေါဟာရတွေကို ကျက်မှတ်လေ့လာနေတာ တွေ့ခဲ့ရပါတယ်လို့ ပြောပါတယ်။

သူမက ဒီမတော်တဆမှုက ကျွန်မကို ဘ၀ဟာ တိုတိုလေး ဖြစ်ပြီး ပညာရေးဟာ အရေကြီးကြောင်း အသိပေးနှိုးဆော်ခဲ့ပါတယ်။ ဒါကြောင့် အခြားအရာတွေကို တွေးပူပြီး အချိန်ကုန်ဆုံးစေမယ့် အစား ပညာပိုတိုးဖို့ က ပိုပြီး အရေးကြီးကြောင်း သိခဲ့ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အင်္ဂလိပ် စာလုံးတွေကို လေ့လာခြင်းက နာကျင်မှုကို သက်သာစေပြီး ကျွန်မကိုလည်း အကူအညီ ဖြစ်စေကြောင်း သူမသိခဲ့ရတယ်လို့ ပြောသွားပါတယ်။

အသက် ၁၈နှစ်အရွယ် မိန်းကလေးဟာ ကျူရှင်အသွားမှာ ယခုလို မတော် တဆမှု ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

သေချာစွာ လေ့လာကြည့်ရှုစစ်ဆေးပြီးနောက် သူမဟာ ပြင်းထန်တဲ့ ဒဏ်ရာ မရခဲ့ပေမယ့် ပြုတ်ကျတဲ့ အရှိန်ကြောင့် ဦးခေါင်း၊ ခြေထောက်နဲ့ လက်မှ ဒဏ်ရာများကို ဆေးထည့် ဆေးကုသဖို့ အတွက် လူနာတင်ကား အလာကို စောင့်ရင်း စာကျက်နေခဲ့တာ ဖြစ်ပါတယ်။

သူမဟာ ပညာတော်သင်ဆုများစွာ နဲ့ တခြား ပညာရေး ဆုတံဆိပ်များ ရရှိခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ဘေဂျင်းမှာ ရှိတဲ့ Capital Normal University မှာ တက်ရောက်နေတဲ့ ကျောင်းသူဖြစ်ပြီး နောင်မှာ အမေရိကမှာ ရှိတဲ့ Oxford ဒါမှမဟုတ် Cambridge တက္ကသိုလ်မှာ ပညာဆက်သင့်ခွင့်ရ ဖို့ မျှော်လင့်ချက်ရျိကြောင်း သိရပါတယ်။

World-Myanmar News (world-myanmar.com) တရုတ်နိုင်ငံ ဘေဂျင်းမှာတော့ Scooter နဲ့ ကုန်တင်ကား တိုက်မိခဲ့ပြီး Scooter စီးလာတဲ့ တရုတ်ကျောင်းသူ လမ်းမပေါ် ပြုတ်ကျခဲ့ပါတယ်။
အလွန်အမင်း ဆိုးဝါးတဲ့ ဒဏ်ရာ နာကျင်မှုတွေ မရခဲ့တဲ့ ကျောင်းသူ Wang Dafan ဟာ ဆေးရုံကားစောင့်နေရင်း သူမရဲ့ အဖိုးတန်တဲ့ အချိန်တွေကို အင်္ဂလိပ် အဘိဓါန်မှ စကားလုံးပေါင်း ၁၀၇ လုံးကို လေ့လာမှတ်သားရင်းနဲ့ ကုန်ဆုံးစေခဲ့ပါတယ်။ ရဲတစ်ဦးကတော့ ကျွန်တော်တို့ ယာဉ်တိုက်တဲ့ နေရာကို ရာက်သွားတဲ့အခါမှာ မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ သူမဟာ နာကျင်နေပေမယ့်လည်း သူမဟာ တက္ကသိုလ် လေ့ကျင့်ခန်းစာတွေ အတွက် သူမရဲ့ လျှပ်စစ် အဘိဓါန်ကို သုံးပြီး အင်္ဂလိပ်ဝေါဟာရတွေကို ကျက်မှတ်လေ့လာနေတာ တွေ့ခဲ့ရပါတယ်လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မျက်စိ ဝေဒနာရှင်များအား ကျန်းမာရေး စောင့်ရှောက် ပေးနေမှု လှည့်လည်ကြည့်ရှု အားပေး

Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မျက်စိ ဝေဒနာရှင်များအား ကျန်းမာရေး စောင့်ရှောက် ပေးနေမှု လှည့်လည်ကြည့်ရှု အားပေး
Wednesday, May 7, 2014

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မျက်စိ ဝေဒနာရှင်များအား ဇမ္ဗူသီရိ ဖောင်ဒေးရှင်းက အခမဲ့ မျက်စိခွဲစိတ် ကုသ ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နေသည့် ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီးသို့ ယနေ့ မွန်းလွဲ ၁ နာရီတွင် သွားရောက်၍ မျက်စိခွဲစိတ် ကုသမှု ခံယူသည့် ဝေဒနာရှင်များအား လှည့်လည်ကြည့်ရှု အားပေးသည်။

ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီး ခွဲစိတ်ဆောင်နှင့် လူနာဆောင် အမှတ်(၂) တို့၌ မျက်စိခွဲစိတ်ပြီး ဝေဒနာရှင်များနှင့် မျက်စိခွဲစိတ် ကုသမှု ခံယူကြမည့် သူများအား လှည့်လည်ကြည့်ရှုရာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသကြသည်။

ထို့နောက် နိုင်ငံတော် သမ္မတသည် မျက်စိခွဲစိတ်ပြီးသူများအား မျက်မှန်များ တပ်ဆင်ပေးပြီး မျက်စိခွဲစိတ် ကုသမှု ခံယူမည့် သူများအား အားပေးစကား ပြောကြားသည်။

ဇမ္ဗူသီရိ ဖောင်ဒေးရှင်း အနေဖြင့် ၂ဝ၁၄ ခုနှစ် မေ ၅ ရက်မှ စတင်ပြီး ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မျက်စိ ဝေဒနာရှင် ၁၈၈ ဦးအား နေပြည်တော် ခုတင်-၁ဝဝဝ ဆေးရုံကြီးနှင့် ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီးတို့မှ မျက်စိ အထူးကု ဆရာဝန်ကြီး သုံးဦးဖြင့် မျက်စိ စမ်းသပ်စစ်ဆေးပြီး ဝေဒနာရှင် ၈ဝ အား ပါဝါမျက်မှန်များ တပ်ဆင်ပေးခြင်း၊ မျက်စိခွဲစိတ်ကုသမှု ခံယူမည့်သူ ၃၅ ဦးအား စရိတ်ငြိမ်း ခွဲစိတ်ကုသပေးခြင်း တို့ကို မေ ၇ ရက်ထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖောင်ဒေးရှင်းကို ၂ဝ၁၂ ခုနှစ် ဇွန် ၁ ရက်တွင် စတင်တည်ထောင် ဖွဲ့စည်းခဲ့ပြီး နေပြည်တော် ကောင်စီနယ်မြေကို ဗဟိုပြု၍ မြန်မာနိုင်ငံ တစ်ဝန်းရှိ ဆရာတော် သံဃာတော်များ၊ သက်ကြီး ရွယ်အိုများနှင့် ဆင်းရဲနွမ်းပါးသူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆေးဝါး ထောက်ပံ့ လှူဒါန်းခြင်းနှင့် ဘာသာ ရေးဆိုင်ရာ ပွဲလမ်းများတွင် လိုအပ်သည်များ ပံ့ပိုးကူညီခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထို့အပြင် ဇမ္ဗူသီရိ ဖောင်ဒေးရှင်းသည် ဖွဲ့စည်းတည်ထောင်ချိန်မှ စတင်၍ နိုင်ငံတစ်ဝန်းရှိ သက်တော် ၇ဝ နှင့်အထက် ဆရာတော်ကြီးများနှင့် ချို့တဲ့သံဃာတော်များအား ဆေးဝါးနှင့် ပစ္စည်းလေးပါး ထောက်ပံ့ လှူဒါန်းခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိသည့်အပြင် ဘာသာရေးဆိုင်ရာ တရားပွဲများ ကျင်းပ ပေးခြင်း၊ တရားစခန်းနှင့် ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ ဒေသခံ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ပြည်တွင်းပြည်ပ ဆရာဝန်ကြီးများ၏ အကူအညီဖြင့် စောင့်ရှောက်မှု ပေးခြင်း တို့ကို ဆောင်ရွက်လျက် ရှိသည်။

ထိုကဲ့သို့ လူမှုရေး လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်နေသည့် ဇမ္ဗူသီရိ ဖောင်ဒေးရှင်းနှင့် စပ်လျဉ်း၍ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ''မျက်စိခွဲစိတ် ကုသပေးခြင်းက ဖောင်ဒေးရှင်း အနေနဲ့ ပထမဆုံး ဆောင်ရွက်တာပါ။ နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ်စလုံးမှာ အခုလိုမျိုး လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ မျက်စိကုသမှု ပြီးရင် လည်ပင်းကြီးရောဂါ၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ရောဂါသည်တွေကိုပါ ကုသပေးဖို့ ဆောင်ရွက်နေပါတယ်။ ဖောင်ဒေးရှင်း အနေနဲ့ လက်ရှိတွင် နေပြည်တော် ရှစ်မြို့နယ်မှာ လုပ်ငန်းများ ဆောင်ရွက် နေပေမယ့် မြန်မာတစ်နိုင်ငံလုံးက ကျေးလက်၊ မြို့ပြတွေမှာ အခုလိုမျိုး ဆောင်ရွက် နိုင်အောင် စီစဉ် နေပါတယ်''ဟု ပြောကြားခဲ့သည်။

မြ၀တီ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အတွင်းရှိ မျက်စိ ဝေဒနာရှင်များအား ဇမ္ဗူသီရိ ဖောင်ဒေးရှင်းက အခမဲ့ မျက်စိခွဲစိတ် ကုသ ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်နေသည့် ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီးသို့ ယနေ့ မွန်းလွဲ ၁ နာရီတွင် သွားရောက်၍ မျက်စိခွဲစိတ် ကုသမှု ခံယူသည့် ဝေဒနာရှင်များအား လှည့်လည်ကြည့်ရှု အားပေးသည်။ ရှေးဦးစွာ နိုင်ငံတော် သမ္မတသည် ဇမ္ဗူသီရိ အထူးကု ဆေးရုံကြီး ခွဲစိတ်ဆောင်နှင့် လူနာဆောင် အမှတ်(၂) တို့၌ မျက်စိခွဲစိတ်ပြီး ဝေဒနာရှင်များနှင့် မျက်စိခွဲစိတ် ကုသမှု ခံယူကြမည့် သူများအား လှည့်လည်ကြည့်ရှုရာ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက လိုက်လံ ရှင်းလင်း ပြသကြသည်။

MH370 ပျောက်ဆုံး သွားပြီးနောက်မှာ အလားတူ သမိုင်းတစ်လျောက် ထူးဆန်းစွာ ပျောက်ဆုံးသွား ခဲ့တဲ့၊ ပျက်ကျ ခဲ့ရတဲ့ လေယာဉ် ၁၀စင်း အကြောင်းကို တင်ပြ ပေးလိုက် ပါတယ်။

၁။ Amelia Earhart
အမေရိကန် စွန့်ဦး လေယာဉ်မှုး Amelia Earhart ကအတ္တလန္တိတ် သမုဒ္ဓရာကို တစ်ဦးတည်း ဖြတ်ကျော်ခဲတဲ့ ပထမဆုံး အမျိုးသမီး အဖြစ် ကျော်ကြားပြီး ပစိဖိတ် သမုဒ္ဓရာ အလယ်ပိုင်းက Howland ကျွန်းနားမှာ ပျောက်ဆုံး သွားခဲ့ပါတယ်။ ၁၉၃၇ ဇူလိုင်လ ၂ရက်နေ့မှာ သူမနဲ့ သူ မရဲ့ လမ်းပြ Fred Noonan တို့က ကမ္ဘာကို တစ်ပတ်ပတ်မယ့် ခရီးစဉ် စတင်ပြီး ၂၉ရက် အကြာမှာ ပျောက်ဆုံး သွားခဲ့တာပါ။ တစ်ချို့တွေက သူမကို သမ္မတ Franklin D Roosevelt ရဲ့စပိုင် တစ်ယောက် ဖြစ်တာကြောင့် ဂျပန်တွေက ဖမ်းဆီး သွားတာလို့ ကောလဟာလ တွေထွက်ခဲ့ ပါတယ်။ တချို့ကတော့ သူမက ကျွန်းပေါ်မှာ လေယာဉ် ပျက်ကျပြီး သေဆုံး သွားတယ်လို့ ဆိုပါတယ်။ နောက်၂နှစ် အကြာမှာ သူမကို သေဆုံး သွားပြီလို့ သတ်မှတ် ခဲ့ပါတယ်။

၂။ အင်္ဂလိပ် ရေလက်ကြားမှာ ပျောက်ဆုံးသွားခဲ့တဲ့ Glenn Miller
Glenn Miller ကဂန္တ၀င် Big band တေးဂီတ ပညာရှင် တစ်ယောက် ဖြစ်ပြီးတော့ ဒီဇင်ဘာ ၁၅၊ ၁၉၄၄မှာ စစ်သားတွေကို ဖျော်ဖြေဖို့ အတွက် UK ကနေ ပြင်သစ်ကို ထွက်လာ ခဲ့ပါတယ်။ သူရဲ့လေယာဉ်က Clapham ကနေ ထွက်လာ ခဲ့ပြီး English Channel အင်္ဂလိပ် ရေလက်ကြားကို အဖြတ်မှာ ပျောက်ဆုံး သွားခဲ့ပါတယ်။ ပျောက်ဆုံး သွားတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ထင်ကြေး ၃ခု ထွက်လာ ခဲ့ပါတယ်။ ပထမ တစ်ခုက Royal Air Force ရဲ့ဗုံးထိမှန် ခဲ့တာပါတဲ့။ ဒုတိယက friendly fire ပါတဲ့။ ရန်သူနဲ့ မှားယွင်းပြီး အချင်းချင်း ပစ်ခတ် ခံထိတာပါတဲ့။ နောက်ဆုံး ကတော့ Glenn Miller ကပြင်သစ်ကို ရောက်ခဲ့ပြီး နှလုံး တိုက်ခိုက်ခံ ရပြီး ကွယ်လွန် ခဲ့ပေမယ့် အမေရိကန် စစ်တပ်က ဒီသတင်းကို ဖုံးထား ခဲ့တာပါလို့ ဆိုပါတယ်။

၃။ နာမည်ကျော် Bermuda Triangle နဲ့ Flight 19
၁၉၄၅ ဒီဇင်ဘာလ ၅ရက်နေ့မှာ လေယာဉ် ၆စီးက ဘာမြူဒါ တြိဂံ ဒေသမှာ ရုတ်တရက် ပျောက်ဆုံး သွားပြီး လျို့ဝှက်တဲ့ ဘာမြူဒါ ပုံပြင်ကို စအသက် သွင်းခဲ့ ပါတယ်။ အတွေ့အကြုံ ရင့်ကျက် နေတဲ့ လေယာဉ် ညွှန်မှုး Charles Taylor ဦးဆောင်တဲ့ Navy Avenger လေယာဉ် ၅စီးက လေ့ကျင့်ရေး အတွက် Fort Lauderdale, Florida ကနေ ထွက်လာ ခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နာရီခွဲ အကြာမှာ လေယာဉ်မှုး တွေက သူတို့ ဦးတည်ချက် ပျောက်နေပြီး၊ သူတို့ အောက်က မြေပြင် အနေအထားကို စိမ်းနေတယ်လို့ သတင်းပို့ ခဲ့ကြပါတယ်။ Taylor ကသူရဲ့ သံ လိုက် အိမ်မြှောင် ကလည်း အလုပ် မလုပ်ဘူးလို့ စခန်းကို လှမ်းသတင်း ပို့ခဲ့ပါတယ်။ စခန်းက လမ်းညွှန်ချက် ပေးဖို့ ကြိုးစားခဲ့ ပေမယ့် လေ ယာဉ် တွေက ဆင်းသက်ဖို့ နေရာ ရှာမရဘဲ နောက်ဆုံးမှာ ပင်လယ်ထဲကို ထိုးကျခဲ့ပြီး လူအားလုံး ၁၄ယောက် သေဆုံး ခဲ့ပါတယ်။ ကယ် ဆယ် ရေးအတွက် လေယာဉ် တစ်စီး ထပ်မံ လွှတ်ခဲ့ပေမယ့် အဲ့လေယာဉ် ကပါ အစရှာ မရဘဲ ပျောက်ဆုံး သွားခဲ့ရ ပါတယ်။

၎။ Star Dust နဲ့လျို့ဝှက် ကုတ်နံပတ်
၁၉၄၇မှာ British South American Airways ရဲ့လေယာဉ် Star Dust ကအာဂျင်တီးနား နိုင်ငံ Buenos Aires ကနေ ချီလီနိုင်ငံ Santiago ကိုအသွား၊ Andes mountains တွေကို ဖြတ်အကျော်မှာ ပျောက်ဆုံး သွားခဲ့ ပါတယ်။ ဒါပေမယ့် မပျောက်ဆုံး ခင်မှာ radio operator က "STENDEC" ဆိုတဲ့ cryptic morse code message ကို နှစ်ကြိမ်တိုင်တိုင် ပြောပြီး နောက်ဆုံး ပေးခဲ့ပါတယ်။ လေယာဉ် ဘယ်လို ပျောက်ဆုံး သွားတာလဲ။ ဒီကုတ်က ဘာကို ဆိုလိုတာလဲ ဆိုတာကို နှစ်ပေါင်းများစွာ လူတွေက ဖော်ထုတ်ဖို့ ကြိုးစား ခဲ့ကြပါတယ်။ UFOတွေ၊ အဖျက် သမား တွေကြောင့်၊ ခရီးသည် တစ်ယောက်မှာ သယ်လာတဲ့ လျို့ဝှက်စာ တွေကို ဖျောက်ချင်လို့ ဖျက်ချတာ စတဲ့ ထင်ကြေးတွေ ထွက်ပေါ် လာခဲ့ပါတယ်။ နောက်နှစ်ပေါင်း ၅၀အထိ ရှာမတွေ့ ခဲ့ကြဘဲ ၁၉၉၈မှ အာဂျင်တီးနား တောင်တက် သမား ၂ယောက်က Mount Tupungato မှာအင်ဂျင် အပျက်အစီး တွေနဲ့ အ၀တ်စတွေ ရှာဖွေ တွေ့ရှိခဲ့ပြီး လူအလောင်း တွေပါ တူးဖော် တွေ့ရှိခဲ့ ရပါတယ်။ "STENDEC" ရဲ့အဓိပ္ပါယ် ကတော့ ခုထိ ပဟေဋ္ဌိ ဖြစ်နေဆဲပါ။

၅။ Bermuda Triangle မှာပျောက်ဆုံး ခဲ့တဲ့ Star Tiger
British South American Airways ရဲ့ Star Tiger လေယာဉ်က ၁၉၄၈၊ ဇန်န၀ါရီလမှာ Santa Maria ကနေ Bermuda ကိုပျံသန်းရင်း ထပ်မံ ပျောက်ဆုံး ခဲ့ရပါတယ်။ လေယာဉ် ပေါ်မှာ ခရီးသည် ၂၅ဦး ပါဝင်ခဲ့ပြီး ဒုတိယ ကမ္ဘာစစ်က Air Marshal သူရဲကောင်း Sir Arthur Con ingham လည်းအပါအ၀င်ပါ။ လေထန် နေပြီး ရာသီဥတု ဆိုးတာကြောင့် Lancastrian plane နောက်ကနေ ခပ်နိမ့်နိမ့်ပဲ ပျံသန်း လိုက်ခဲ့ပါ တယ်။ ဒါပေမယ့် ရှေ့က လေယာဉ်က ချောချောမွေ့မွေ့ ရောက်သွားခဲ့ပြီး Star Tiger ကတော့ ပျောက်ချင်းမလှ ပျောက်သွား ခဲ့ရပါတယ်။ ဖြစ် နိုင်ချေက လေထန် နေတာကြောင့် ပင်လယ်ထဲ ထိုးကျခဲ့ တာလို့ ဆိုပါတယ်။

၆။ Flight 191
Flight 191 ကတော့ အမေရိကန် လေယာဉ် သမိုင်းတလျောက်မှာ လူအသေအပျောက် အများဆုံး ဖြစ်ရပ်ဆိုး တစ်ခုပါ။ ၁၉၇၉ခုနှစ် မေလ ၂၅ရက်မှာ ချီကာဂိုက O'Hare International Airport ကနေ ထွက်ခွာပြီး မိနစ်ပိုင်းမှာပဲ ပျက်ကျခဲ့ပြီး ခရီးသည်ပေါင်း ၂၅၈ယောက်နဲ့ လေယာဉ် အမှုထမ်း ၁၃ယောက် အပြင် မြေပြင်မှာ ရှိနေတဲ့ လူ၂ယောက်၊ စုစုပေါင်း ၂၇၃ဦး သေဆုံး ခဲ့ပါတယ်။ လေယာဉ် စပျံတက်ဖို့ အရှိန်ယူ နေစဉ်မှာပဲ လေယာဉ်ရဲ့ အင်ဂျင် နံပတ်၁ pylon မှာမီးခိုး ထွက်နေတာကို တွေ့ရှိခဲ့ ပါတယ်။ အင်ဂျင်မှာ ပြဿနာ ရှိတာကို တွေ့ရှိပြီး နောက်မှာ Flight 191 ကိုလေဆိပ်ကို ပြန်လာဖို့ အကြောင်းကြား ခဲ့ပေမယ့် ဘာတုန့်ပြန်မှုမှ မလာတော့ ပါဘူး။ ပုံမှန်အားဖြင့် လေယာဉ်ရဲ့ အင်ဂျင် တစ်လုံးက အလုပ်မလုပ် တော့တဲ့ အခါ ကျန်တဲ့ ၂လုံးနဲ့ ထိန်းသွားလို့ ရပေမယ့် DC-10 လေယာဉ် အမျိုးအစားက separate mechanism မဟုတ်ဘဲ system ထဲက hydraulic pressure မှာပဲ မှီခိုပြီး အလုပ်လုပ် တာကြောင့် ပျက်ကျ ခဲ့ရပါတယ်။ maintenance ပိုင်းမှာ လစ်ဟာချက် တွေရှိတာကြောင့် ပျက်ကျ ခဲ့ရတာလို့ စစ်ဆေး တွေ့ရှိခဲ့ အပြီးမှာ အမေရိကန် အစိုးရက American Airlines ကိုဒေါ်လာ ငါးသိန်း ဒဏ်ရိုက်ခဲ့ ပါတယ်။ နောက်ထပ် 191 ဖြစ်ရပ် ဆိုးတွေ၊ ၁၉၆၇မှာ X-15 Flight 191 ပျက်ကျခဲ့မှုနဲ့ ၂၀၁၂မှာ JetBlue Airways flight 191 ရဲ့လေယာဉ်မှုး ရုတ်တရက် နှလုံး ထဖောက် ခဲ့တာကြောင့် ခရီးသည် တွေက လေယာဉ်ကို မောင်းပြီး ဆင်းသက် ခဲ့ရ တာတွေကြောင့် 191 ကိုလူတွေက အယူသီးပြီး မစီးရဲ ကြတာ တွေကြောင့် 191 flight တချို့ကို နားခဲ့ရ ပါတယ်။

၇။ Star Ariel လျို့ဝှက်စွာ ပျောက်ဆုံးမှု
British South American Airways ရဲ့နောက်ထပ် လေယာဉ် တစ်စီး Star Ariel က၁၉၄၉ခုနှစ်မှာ Bermuda ကနေ Jamaica ကိုအသွားမှာ ပျောက်ဆုံးသွား ခဲ့ပါတယ်။ Star Tiger လိုပါပဲ။ ရာသီဥတုက ကောင်းမွန် နေပေမယ့် communication problems တချို့ ရှိခဲ့ပြီး ခရီးသည် အယောက် ၂၀နဲ့အတူ ပျောက်ချင်းမလှ ပျောက်သွား ခဲ့ပါတယ်။

၈။ flight 571 အဖြစ်ဆိုး
ခရီးသည်ပေါင်း ၄၅ယောက် တင်ဆောင် ထားတဲ့ Uruguayan Air Force လေယာဉ်က ဆိုးရွားတဲ့ ရာသီဥတုကြောင့် Andes တောင်တန်းမှာ ပျက်ကျ ခဲ့ပါတယ်။ အဲ့အထဲမှာ Montevideo က Rugby အသင်းလည်း ပါဝင်ပါတယ်။ လေယာဉ် ပျက်ကျကျချင်း ၁၂ယောက် သေဆုံးခဲ့ပြီး ၆ယောက် ကတော့ နောက်ရက် တွေမှာ သေဆုံးခဲ့ ပါတယ်။ ကျန်တဲ့ ၁၆ယောက် ကတော့ လေယာဉ် အပျက်အစီးမှာ မှီခိုနေ ခဲ့ရပြီး သေ ဆုံးသွားတဲ့ သူတွေရဲ့ အလောင်း တွေကို စားသောက် နေထိုင် ခဲ့ရပါတယ်။ သူတို့ကို လေယာဉ် ပျက်ကျပြီး ၇၂ရက် ကြာပြီးတဲ့ အထိ ရှာမတွေ့ ခဲ့ကြဘဲ အဲ့ထဲက လူ၂ယောက်က တောင်တန်း တွေကို ဖြတ်ကျော်ပြီး အကူအညီ ရှာဖွေ ခဲ့ပါတယ်။ လူတစ်ယောက်နဲ့ တွေ့ပြီး အာဏာပိုင် တွေကို အကူအညီ တောင်းပြီး ကယ်ဆယ်ခံ ခဲ့ရပါတယ်။ သူတို့ အကြောင်းကို Alive (1993) ရုပ်ရှင်မှာ ကြည့်ရှု နိုင်ပါတယ်။

၉။ EgyptAir flight 990
၁၉၉၉ခုနှစ် အောက်တိုဘာလ ၃၁ရက်နေ့မှာ EgyptAir flight 990 လေယာဉ်က New York မြို့ JFK လေဆိပ် ကနေ Cairo ကိုအသွား အတ္တလန္တိတ် သမုဒ္ဓရာမှာ ပျက်ကျ ခဲ့ပြီး လူပေါင်း ၂၁၇ယောက် သေဆုံး ခဲ့ပါတယ်။ ဒီခရီးစဉ်ရဲ့ လက်ထောက် လေယာဉ်မှုး Gamil el-Batouty ကိုလိင်ပိုင်းဆိုင်ရာ နှောက်ယှက်မှုနဲ့ EgyptAir ကအကြီးပိုင်း အရာရှိ တစ်ယောက်ဖြစ်တဲ့ Hatem Rushdy ကစွပ်စွဲ ထားခဲ့ပြီး သူကိုယ်တိုင် လည်း ဒီလေကြောင်းနဲ့ လိုက်လာ ခဲ့ပါတယ်။ Hatem Rushdy က Gamil el-Batouty ကိုဒီခရီးစဉ်က မင်းအတွက် နောက်ဆုံး ခရီးပဲ လို့ ဆိုခဲ့ပြီး Gamil el-Batouty ကမင်းအတွက်လည်း နောက်ဆုံး ခရီးပဲလို့ ပြန်တုန့်ပြန် ခဲ့ပါတယ်။ နောက်တော့ လေယာဉ်မှုးက သန့်စင်ခန်းကို ခဏ အသွားမှာ Gamil el-Batouty ရဲ့ "I rely on God" လို့ရေရွတ်သံကို အသံသွင်းစက် ကတဆင့် ကြားခဲ့ ပါတယ်။ အဲ့အချိန်မှာ သူက လေ ယာဉ်ကို autopilot ပြောင်းပြီး လေယာဉ်က အောက်ဆိုက် ဆင်းနေပါပြီ။ ကတ်ပတိန်က အမြန် ပြန်သွားပြီး လေယာဉ်ကို ပြန်ထောင် မတ်ဖို့ ဆွဲတင် ခဲ့ပေမယ့် အချိန်မမှီ တော့ပါဘူး။

၁၀။ Air France flight 447
၂၀၀၉ခုနှစ်မှာ Air France ရဲ့ Airbus A330 လေယာဉ်က Rio ကနေ Paris ကိုအသွား၊ ခရီးသည် ၂၈၈ယောက်ကို သယ်ဆောင် လာပြီး အတ္တလန္တိတ် သမုဒ္ဓရာမှာ ပျက်ကျ ခဲ့ပြီး လူအားလုံး သေဆုံး ခဲ့ပါတယ်။ ဘာကြောင့် ပျက်ကျခဲ့ သလဲ ဆိုတာကို ၃နှစ်ကြာ စုံစမ်းစစ်ဆေး ခဲ့ရပြီး လေယာဉ် ပေါ်က black box ကိုရှာတာတင် အချိန် ၂နှစ် ပေးခဲ့ရ ပါတယ်။ စုံစမ်း စစ်ဆေးသူ တွေက ယာဉ်ပေါ်က pitot tube လို့ခေါ်တဲ့ speed sensor ကပျက်သွား တာကြောင့်လို့ ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။ လေယာဉ်က မုန်တိုင်းထန် နေတဲ့ အချိန်မှာ ပျံသန်း နေခဲ့ရပြီး pitot tube ကရေခဲနှင်း တွေနဲ့ တစ်ပြီး အလုပ် မလုပ်တော့ တာကြောင့် auto-pilot နဲ့မောင်းလို့ မရဘဲ လေယာဉ်မှုး တွေ ကိုယ်တိုင် ထိန်းချုပ် မောင်းနှင် ခဲ့ရပါတယ်။ ဒါပေမယ့် pitot tube လိုအဓိက ကျတဲ့ စက်ပစ္စည်း တစ်ခု အလုပ်မလုပ် တော့တာဟာ အခြေအနေကို ထိန်းချုပ်ရ ခက်ခဲ သွားစေခဲ့ပြီး ပြဿနာရဲ့ အတိမ်အနက်ကို ခန့်မှန်းရ ခက်ခဲသွား စေခဲ့ပါတယ်။ လေယာဉ်မှုး တွေက ယာဉ်ကို ရေနဲ့ စထိတော့မှ ရေထဲ ပျက်ကျပြီ ဆို တာကို သိခဲ့ကြပြီး အကူအညီ တောင်းတာမျိုး distress signal တွေတောင် မလုပ်ခဲ့ ရပါဘူး။ ပျက်ကျပြီး ပင်လယ်ထဲမှာ အလောင်း ၅၀ကို ရှာ ဖွေတွေ့ရှိခဲ့ပြီး ၂၀၁၁ မေမှာ black box နဲ့အတူ အလောင်း ၁၀၄လောင်းကို ထပ်မံ တွေ့ရှိခဲ့ပြီး ၇၄လောင်း ကတော့ ပျောက်ဆုံး နေဆဲပါ။
Ref: Myanmar Youth Club Media

မြန်မာအပေါ် ဆက်လက်ဒဏ်ခတ်ပိတ်ဆို့ရန် သမ္မတအိုဘားမားကို တောင်းဆို

Photo: မြန်မာအပေါ် ဆက်လက်ဒဏ်ခတ်ပိတ်ဆို့ရန် သမ္မတအိုဘားမားကို တောင်းဆို
Wednesday, May 7, 2014

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အရေးပေါ် အခြေအနေ နိုင်ငံစာရင်းထဲမှာ ဆက်လက်ထည့်သွင်းဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လုပ်ဖို့ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားကို လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။ဝါရှင်တန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှား သူများအဖွဲ့ (USCB) နဲ့ တခြား လူ့အခွင့်အရေး အဖွဲ့ပေါင်း ၂၈ ဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်တာပါ။

၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတမှု သေချာစေဖို့အတွက် ဒီမိုကရေစီပြောင်းလဲ တိုးတက်မှုတွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကို အမေရိကန်က ထောက်ခံ တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းလုပ်ဖို့ အိုဘားမားက မြန်မာရင်းနှီးမြှုပ်နှံမှု ဒဏ်ခတ်တားမြစ် ချက်ကို သက်တမ်းတိုးရမယ်လို့ USCB မူဝါဒရေးရာ ညွှန်ကြားရေးမှူး ရေချယ်လ် ၀ဂ်လေက ကြေညာချက်မှာ ပြောပါတယ်။

ဒီပိတ်ဆို့ဒဏ်ခတ်မှု လုပ်ပိုင်ခွင့်သက်တမ်းက မေလကုန်ရင် ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ အရင်တပတ်ကလည်း အမေရိကန် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ကော်မရှင် (USCIRF) က မြန်မာနိုင်ငံမှာ ဘာသာရေးဖိနှိပ်မှုတွေ ရှိဆက်ရှိနေတယ်ဆိုပြီး ပိတ်ဆို့မှု သက်တမ်းထပ်တိုးဖို့ ဖိအားပေးခဲ့ပါတယ်။

အရေးပေါ်အခြေအနေ သတ်မှတ်ထားတဲ့ နိုင်ငံတွေထဲမှာ မြန်မာကို ထည့်သွင်းလိုက်ရင်တော့ မြန်မာစစ်တပ်ထဲမှာ အမေရိကန်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို တားမြစ်နိုင်မှာ ဖြစ်သလို တာဝန်ယူတဲ့ ရင်းနှီးမြှပ်နှံမှုဖြစ်ဖို့ လိုအပ်ချက်တွေကို ထုတ်ပြန်နိုင်တဲ့ လုပ်ပိုင်ခွင့်ကို ရရှိမှာလည်း ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ သောင်းထွန်းကတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လတ်တလောမှာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်မယ့် အလားအလာ မမြင်ဘူးလို့ ပြောပါတယ်။

“သံတမန်ရေးအရ ပိုပြီးတော့ ညှိနှိုင်းမှု၊ ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဖို့ တွန်းအားပေးမှု လုပ်မယ်ဆိုတဲ့အနေအထားမျိုးပဲ လုပ်မယ်လို့ ကျနော် သုံးသပ်မိပါတယ်။”

အမေရိကန် လူ့အခွင့်အရေးအဖွဲ့တွေကတော့ မြန်မာနိုင်ငံမှာ ဆက်လက် ဖမ်းဆီးမှုတွေ ရှိနေတာနဲ့ ဆက်ဖြစ်နေတဲ့ ပဋိပက္ခတွေ အပါအ၀င် တိုင်းရင်းသား လူနည်းစုဒေသက လူအခွင့်အရေး ချိုးဖောက်မှုတွေ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းမှုကို တားမြစ်ချင်တာတွေနဲ့ မြန်မာစစ်တပ်နဲ့ မြောက်ကိုရီးယား စစ်ရေး ဆက်ဆံမှုတွေကို အိုဘားမား အစိုးရအဖွဲ့က စိုးရိမ်ပူပန်စရာအဖြစ် ပြောဆိုခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာလည်း သတင်းထောက်၊ လယ်သမား၊ တက်ကြွလှုပ်ရှားသူ၊ လူ့အခွင့်အရေး ကာကွယ်သူတွေနဲ့ တိုင်းရင်းသား လူနည်းစုတွေကို ဆက်လက် ဖမ်းဆီးနေတာကလည်း သတိပေးချက်တခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရက ထိခိုက်လွယ်တဲ့ လူနည်းစုတွေအပေါ် လူ့အခွင့်အရေး မတော်မတရား လုပ်ဆောင်တာတွေ ဆက်ရှိနေတယ်လို့ ရခိုင်၊ ကချင် ရှမ်းပြည်မြောက်ပိုင်းက အခြေအနေကို ကိုးကားပြီး ထုတ်ပြန်ချက်က ရေးပါတယ်။

ဒါ့အပြင် အစိုးရက မြောက်ကိုရီးယားသံတမန်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသလို စစ်ရေးလက်နက် အစီအစဉ်တွေကို မြောက်ကိုးရီးယားနဲ့ လုပ်ဆောင်နေတယ်လို့လည်း ထောက်ပြဝေဖန်ထားပါတယ်။

ီDVB TV News မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အရေးပေါ် အခြေအနေ နိုင်ငံစာရင်းထဲမှာ ဆက်လက်ထည့်သွင်းဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆက်လုပ်ဖို့ အမေရိကန်သမ္မတ ဘားရတ်အိုဘားမားကိုလူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆို လိုက်ပါတယ်။ဝါရှင်တန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှား သူများအဖွဲ့ (USCB) နဲ့ တခြား လူ့အခွင့်အရေး အဖွဲ့ပေါင်း ၂၈ ဖွဲ့က ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်တာပါ။ ၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်မျှတမှု သေချာစေဖို့အတွက် ဒီမိုကရေစီပြောင်းလဲ တိုးတက်မှုတွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးကို အမေရိကန်က ထောက်ခံ တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းလုပ်ဖို့ အိုဘားမားက မြန်မာရင်းနှီးမြှုပ်နှံမှု ဒဏ်ခတ်တားမြစ် ချက်ကို သက်တမ်းတိုးရမယ်လို့ USCB မူဝါဒရေးရာ ညွှန်ကြားရေးမှူး ရေချယ်လ် ၀ဂ်လေက ကြေညာချက်မှာ ပြောပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင့်လတ်ကို ဖယ်ရှားပြီး ယာယီ ဝန်ကြီးချုပ်သစ်ခန့်

ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်ကို ထိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဖြုတ်ချလိုက်ပြီး ကုန်သွယ်ရေးဝန်ကြီး Niwatthamrong Bunsongphaisan ကို ယာယီ ဝန်ကြီးချုပ်အဖြစ် ယနေ့ ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် မစ္စ ယင့်လတ် ရှင်နာဝပ်ကို ထိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ၀န်ကြီးချုပ်အဖြစ် အုပ်ချုပ်ခွင့် မရှိတော့ကြောင်း မေလ ၇ ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
၂၀၁၁ ခုနှစ်က ထိုင်းအမျိုးသား လုံခြုံရေးဌာန အကြီးအကဲ အစားထိုး ပြောင်းလဲခန့်အပ်ခဲ့တာဟာ ရှင်နာဝပ် မိသားစုရဲ့ ဖွေထိုင်းပါတီအတွက် အကျိုးအမြတ်တွေရခဲ့ပြီး ဒါဟာ အာဏာကို အလွဲသုံးစား လုပ်ခြင်းဖြစ်ကြောင်း Paiboon Nititawan ဦးဆောင်တဲ့ ထိုင်း အထက်လွှတ်တော် အမတ်တွေက စွဲဆိုထားတာပါ။ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးက မစ္စ ယင့်လတ်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးက အာဏာ အလွဲသုံးစားမှုနဲ့ ယမန်နေ့က စတင်က ကြားနာ စစ်ဆေးခဲ့အပြီး အခုလို ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

မျိုးစောင့်ဥပဒေ မူကြမ်း အဖွဲ့အစည်း ၉၀ ကျော် ကန့်ကွက်

Photo: မျိုးစောင့်ဥပဒေ မူကြမ်း အဖွဲ့အစည်း ၉၀ ကျော် ကန့်ကွက်
Wednesday, May 7, 2014

မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲရန် ပြင်ဆင်နေခြင်းနှင့်ပတ်သက်ပြီး အမျိုးသမီး အဖွဲ့များနှင့် အရပ်ဘက် လူ့မှုအဖွဲ့အစည်း ၉၇ အဖွဲ့ က ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက် ကြသည်။

နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် မျိုးစောင့်ဥပဒေရေးဆွဲရေး အပါအဝင် ဘာသာရေးကို အခြေခံသော နိုင်ငံရေး လှုပ်ရှားမှု ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူလူထုကို အာရုံလွှဲသော ကိစ္စရပ်များထဲမှတခု ဖြစ်ကြောင်း မေလ ၅ ရက်က ထုတ် သည့် ကြေညာချက်၌ ဖော်ပြ ထားသည်။

ပြည်သူအများစု လိုလားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများအား အဟန့်အတား ဖြစ်စေပြီး ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းမှု အရှိန်ကို နှောင့်နှေးစေသည်ဟု အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

မျိုးစောင့်ဥပဒေ ထွက်ပေါ်လာရေးသည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူလူထုကို အာရုံလွှဲသော ကိစ္စရပ်များထဲမှ တခုဖြစ် သည်ဟု ပြောဆိုချက် အပေါ် မန္တလေးမြို့ မစိုးရိမ်ကျောင်း ဆရာတော် ဦးဝီရသူက“အစိုးရ အနေနဲ့ အာရုံလွှဲတာတော့ မမြင်ဘူး၊ အစိုးရဆိုတာ ကဏ္ဍအသီးသီး လုပ်ရမှာပဲ။ ငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ဖို့လည်း လိုအပ်ပါတယ်။ မျိုးစောင့်ဥပဒေက ပြည်သူ လိုအပ်ချက် အရ လုပ်တာပါ”ဟု ဧရာဝတီကို မိန့်သည်။

အဆိုပါ ကြေညာချက်တွင် အမျိုးသမီးများ၏ တန်းတူရေးနှင့် လွတ်လပ်မှုကို ကန့်သတ် ချုပ်ချယ်မှုများ ဖြစ်ပေါ်စေပြီး နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းများနှင့် လုံးဝ ကိုက်ညီမှု မရှိဘဲ နိုင်ငံတော် အစိုးရမှ ၁၉၉၇ ခုနှစ်တွင် သဘောတူ လက်မှတ် ရေးထိုး ထားသော အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူ စာချုပ် (စီဒေါ) ကို အတိအလင်း ချိုးဖောက် ရာ ရောက်သည်ဟုလည်း ပါဝင် ဖော်ပြထားသည်။

ထို့အပြင် အမျိုးသမီးများ လုံခြုံမှုနှင့် ကာကွယ်စောင့်ရှောက်မှု ပေးရန် အတွက် နိုင်ငံတဝန်း တရားဥပဒေ စိုးမိုးမှုရှိရေးနှင့် တရားမျှတမှုသည် အဓိကအကျဆုံး ဖြစ်ကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပေါ် အကြမ်းဖက်မှုအမျိုးမျိုး ကျူးလွန်နေမှုများ အတွက် ထိရောက်စွာ အပြစ်ပေး အရေးယူရန်နှင့် ကာကွယ်မှု ပေးနိုင်ရန် အရေးတကြီး လိုအပ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

“မျိုးစောင့်ဥပဒေက လူတယောက်ရဲ့ အခွင့်အရေးကို ချိုးဖောက်တယ်လို့ ခံစားရတယ်။ ပြီးတော့ စီဒေါကိုလည်း ချိုးဖောက်တယ်လို့ ခံစားရတယ်။ ဘာသာတရား ဆိုတာ ဥပဒေ ပြဌာန်းလို့ မရပါဘူး။ အဓိကက ယုံကြည် သက်ဝင်မှုနဲ့ ဆိုင်ပါတယ်။ မျိုးစောင့် ဥပဒေ က အမျိုးသမီးတွေကိုပဲ ကွက်ကွက်ကွင်းကွင်း စောင့်ကြဖို့ အတွက် ကျနော် သဘော မကျပါဘူး”ဟု Student Christian Movement (SCM) မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းထွန်းဦးက ဧရာဝတီသို့ ပြောသည်။

အမျိုးသမီးတိုင်းတွင် ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိရမည် ဖြစ်ကြောင်း၊ မျိုးစောင့်ဥပဒေတွင် အမျိုးသားများကို ကန့်သတ်ထားခြင်း မရှိကြောင်း၊ အမျိုးသမီးများကို ခွဲခြားဆက်ဆံသည်ဟု ယုံကြည်ကြောင်း၊ မျိုးစောင့်ဥပဒေသည် လူတယောက်၏ အိမ်ထောင်ရေးကိုကန့် သတ်ထားခြင်း မဟုတ်ဘဲ လူတယောက်၏ လွတ်လပ်ခွင့်ကို ပိတ်ပင်သည့် အတွက် မသင့်လျော်ကြောင်းလည်း ဦးထွန်းထွန်းဦး က  ဆက်လက် ပြောဆိုသည်။

အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ (Women’s League of Burma) မှ အကြံပေးအဖွဲ့ဝင် ဒေါ်သင်းသင်းအောင် က“ဒီဥပဒေက အမျိုးသမီးတွေကို ကာကွယ်ပေးနိုင်တဲ့ အနေအထားမရှိတဲ့အတွက် အမျိုးသမီးအဖွဲ့အစည်းနဲ့ လူမှုအဖွဲ့အစည်း အားလုံးက ကန့်ကွက် လိုက်တာပါ။ လူမျိုး ဘာသာမရွေး အမျိုးသမီးများကို စောင့်ရှောက်နိုင်တဲ့ ဥပဒေ ပြဌာန်းမှသာ အကျိုးရှိမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် သာသာရေးကို အခြေခံပြီး ပဋိပက္ခ ဖြစ်ပွားရန် လှုံ့ဆော်မှုများ ရှိနေကြောင်း၊ ယခုအခါ ဘာသာရေးကို အခြေခံပြီး လက်ထပ်ခြင်းသည် ဘာသာတခုနှင့်တခု ပိုမို အမြင်မှားစေကြောင်း၊ ငြိမ်းချမ်းရေးကိုလည်း ပိုမို ထိခိုက်စေသည့် အတွက် မျိုးစောင့် ဥပဒေကို ကန့်ကွတ်ရခြင်း ဖြစ်ကြောင်း Equality Myanmar မှ ဦးအောင်မျိုးမင်းက ဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံရှိ လူမျိုးစု တိုင်းရင်းသားများ အကြားတွင် ဘာသာရေး မတူညီမှုများ ရှိသည်ဖြစ်ရာ ဘာသာရေး အပေါ် အခြေခံ၍ ဦးတည် လုပ်ဆောင်နေခြင်းများသည် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် လက်ရှိ ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်အား အဟန့်အတား ဖြစ်စေကြောင်း၊ မြန်မာနိုင်ငံ အတွင်း မှီတင်း နေထိုင်သော အခြားဘာသာဝင်နှင့် တိုင်း ရင်းသူ အမျိုးသမီးများ အကြား တိုက်ရိုက် ခွဲခြားဆက်ဆံသည့် သဘောကို ဆောင်သည့်အပြင် အမျိုး၊ ဘာသာ၊ သာသနာနှင့် ယဉ် ကျေးမှုကို ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ကို အမျိုးသမီးများ အပေါ် လုံးဝ ပုံချလိုက်ခြင်း ဖြစ်သည်ဟု ရေးသား ဖော်ပြထား သည်။

သမ္မတ၏ ညွှန်ကြားချက်ဖြင့် ရေးဆွဲနေသည့် ကိုးကွယ်ရာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေနှင့် လူဦးရေ တိုးပွားနှုန်း ထိန်းညှိခြင်း ဆိုင်ရာ ဥပဒေကြမ်းများကို ရေးဆွဲ ပြီးစီးနေပြီ ဖြစ်ပြီး မကြာမီ ပြည်သူကို ချပြ အသိပေးသွားမည် ဖြစ်သည်ဟု သိရသည်။

ဧရာဝတီ မျိုးစောင့်ဥပဒေ မူကြမ်းရေးဆွဲရန် ပြင်ဆင်နေခြင်းနှင့်ပတ်သက်ပြီး အမျိုးသမီး အဖွဲ့များနှင့် အရပ်ဘက် လူ့မှုအဖွဲ့အစည်း ၉၇ အဖွဲ့ က ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက် ကြသည်။
နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် မျိုးစောင့်ဥပဒေရေးဆွဲရေး အပါအဝင် ဘာသာရေးကို အခြေခံသော နိုင်ငံရေး လှုပ်ရှားမှု ဖြစ်ကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူလူထုကို အာရုံလွှဲသော ကိစ္စရပ်များထဲမှတခု ဖြစ်ကြောင်း မေလ ၅ ရက်က ထုတ် သည့် ကြေညာချက်၌ ဖော်ပြ ထားသည်။
ပြည်သူအများစု လိုလားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းများအား အဟန့်အတား ဖြစ်စေပြီး ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းမှု အရှိန်ကို နှောင့်နှေးစေသည်ဟု အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

အခွန်ငွေပေါင်း ကျပ် ၃၅၈၂ ဘီလီယံရ၊ စည်းကြပ်ပုံအသစ်လာပြီ

ပြီးခဲ့တဲ့ ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်ထဲမှာ အခွန်ဝင်ငွေ စုစုပေါင်း ကျပ်ငွေ ၃၅၈၂ ဘီလီယံ ရရှိခဲ့ပြီး အခု ဘဏ္ဍာနှစ်သစ်မှာတော့ ဝင်ငွေခွန်နဲ့ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ စတင်အသက်ဝင်မှာဖြစ်တယ်လို့ မေလ ၆ရက်နေ့မှာ အကောက်ခွန်ဌာနက ပြောလိုက်ပါတယ်။ နှစ်သစ်မှာ စည်းကြပ်ပုံအသစ်က ဘာလဲ။
အရင်က ဝင်ငွေ ၁၂သိန်းကျော်တာနဲ့ အခွန်စကောက်ပေမယ့်အခုတော့ သိန်း ၂ဝကနေ ၅ဝအတွင်းဆို ၅%၊ သိန်း ၅ဝကနေ ၁ဝဝအတွင်းဆို ၁ဝ%၊ သိန်းတစ်ရာကနေ နှစ်အတွင်းဆို ၁၅%၊ သိန်းနှစ်ရာကနေ သုံးရာအတွင်း ၂ဝ%နဲ့ ၃ဝဝအထက်ကို ၂၅%ကောက်သွားမှာပါလို့ ဆိုပါတယ်။
အခြေခံသက်သာခွင့်၊ အိမ်ထောင်ဖက်ရှိသူတွေအတွက်နဲ့ သားသမီးရှိသူတွေအတွက်ဆိုပြီး ပြောင်းလဲပြင်ဆင်ခဲ့သလို ကုန်သွယ်လုပ်ငန်းခွန်ကိုလည်း သိန်း ၁၅ဝကျော်မှ စကောက်မှာဖြစ်ပြီး ကုန်ပစ္စည်း ၆ဝကို အခွန်ကင်းလွတ်ခွင့်ပေးမှာဖြစ်ပြီး ပြည်တွင်းထုတ်ကုန်ကို အားပေးမယ်လို့ ဆိုပါတယ်။ အခွန်ပေးဆောင်တာ ပျက်ကွက်ရင်တော့ ပျက်ကွက်မှုအလိုက်ကို ရာခိုင်နှုန်းနဲ့ ပေးဆောင်ရမှာဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ ၂၁အရ ဆောင်ရွက်မှာဖြစ်တယ်လို့ မေလ ၆ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ပါတယ်။
http://www.kamayutmedia.com/

Blu-ray disc ထက် အချက်အလက်သိုလှောင်နိုင်မှု အဆပေါင်း ၃၇၀၀ ပိုများတဲ့ ကက်ဆက်ခွေ မျိုးဆက်သစ် ကို Sony ချပြ

CD ခွေတွေ စတင်ပေါ်ထွက်လာပြီးကတည်းက နေရာပျောက်ခဲ့ရတဲ့ ကက်ဆက်ခွေတွေရဲ့ အခန်း ကဏ္ဍကို ပြန်လည်အသက်သွင်းဖို့ အတွက် Sony ကော်ပိုရေးရှင်းရဲ့ ကြိုးပမ်းချက်ပါ။
ဂျပန်စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ Sony ဟာ ၁၈၅ TB ( Gb ၁၈၉၄၄၀) ပမာဏ အချက်အလက် သိုလှောင်နိုင်တဲ့ ကက်ဆက်ခွေမျိုးဆက်သစ်ကို စတင်ဖန်တီးလိုက်ပါပြီ။
တစ်ကိုယ်ရည်သုံးသာမက အချက်အလက်ပမာဏအမြောက်အများကို သိုလှောင်ထားဖို့ လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အဖွဲ့ အစည်းတွေအတွက် အထူးဒီဇိုင်းပြုလုပ်ထားတာဖြစ်ပါတယ်။
သံလိုက်အမှုန့် တွေ ဖုံးအုပ်ထားတဲ့ ဒီ သံလိုက်တိပ်ခွေတွေကို လက်ရှိ လူထုဆက်သွယ်ရေးလမ်းကြောင်း တွေမှာ တွင်တွင်ကျယ်ကျယ်အသုံးပြုနေကြပြီး ဒေတာပမာဏ ၂.၅ TB ကို မှတ်သားထားနိုင်ပါတယ်။ အရင်တုန်းကတော့ ဒီလောက်များပြားတဲ့အချက်အလက်ပမာဏကို သိုလှောင်နိုင်ဖို့ အတွက် နည်းပညာကုမ္ပဏီတွေဟာ ဒေတာတွေကို သိမ်းထားမယ့် သံလိုက်ဓာတ်အမှုန်တွေရဲ့ အရွယ်အစားကို ချုံ့ ပစ် ဖို့ လိုအပ်ပြီး ဒါဟာ တော်တော်ခက်ခဲပြီး ငွေကုန်ကြေးကျများတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ဒီလုပ်ငန်းစဉ်တော်တော် များများကလည်း ထင်သလောက်အကျိုးမဖြစ်ခဲ့ပါဘူး။

မြန်မာနိုင်ငံ စီးပွားရေးမှာ အဂတိလိုက်စားမှု အဆိုးဝါးဆုံးလို့ စစ်တမ်းမှာဖော်ပြ

Photo: မြန်မာနိုင်ငံ စီးပွားရေးမှာ အဂတိလိုက်စားမှု အဆိုးဝါးဆုံးလို့ စစ်တမ်းမှာဖော်ပြ
wednesday, May 7, 2014

မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေ ရင်ဆိုင်နေရတဲ့ အခက် အခဲတွေထဲမှာ အဂတိလိုက်စားမှုဟာ အဆိုးဝါးဆုံးဖြစ်ကြောင်း မြန်မာ နိုင်ငံရဲ့ စီးပွားရေး ဆိုင်ရာ အချက်အလက်တွေကို ကောက်ခံပြီး ထုတ်ပြန်တဲ့စစ်တမ်းမှာ ဖေါ်ပြ ထားပါတယ်။

ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI ) ရုံးချုပ်မှာ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့လေ့လာတွေ့ရှိချက်တွေကို ဒီနေ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကုန်သည်စက်မှု အသင်းချုပ် ဒေါ်ခင်ခင်နွယ် က ဒီနေ့ ထုတ်ပြန်တဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်စစ်တမ်းအကြောင်း အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံရဲ့ စီးပွားရေး ကဏ္ဍ အလွှာအသီးသီးကို တိုင်နဲ့ပြည်နယ် အနှံ့ပေါ့နော်၊လုပ်ငန်းပေါင်းစုံအနှံ့ ကဏ္ဍစုံအောင်လေ့လာပြီး ဒီလုပ်ငန်း ဌါနပေါင်း ၃၀၅၅ ခုအထိ လေ့လာပြီးတော့ ထွက်လာတဲ့စစ်တမ်းဟာ ပထဆုံးအကြိမ် ဖြစ်ပါတယ်၊ဒါကြောင့်မို့လို့ ဒါကိုလုပ်နေစေချင်တဲ့ စိတ်ဝင်စားခဲ့တဲ့ ဒါကြောင့်မို့ ဒီနေ့လည်းဒါကို ရအောင်တက်ပြီးတော့ နားထောင်ခဲ့ခြင်းဖြစ်ပါတယ်"

ဒီစီးပွားရေးဆိုင်ရာ အချက်အလက် ကောက်ခံမှုစစ်တမ်း ကို မြန်မာနိုင်ငံ က အသေးစား၊ အလတ်စား နဲ့ အကြီးစား လုပ်ငန်းပေါင်း ၃၄၀၀ ကို မေးခွန်းတွေမေးမြန်းပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေအများစုက ဖြေဆိုတဲ့ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေမှာ အကတိလိုက်စားမှုက ထိပ်ဆုံးကဖြစ်ပြီး ကျွမ်းကျင်လုပ်သားရှားပါးမှု၊ နည်းပညာချို့တဲ့မှုနဲ့ စီးပွားရေးလုပ်ငန်း ရပ်တည်နိုင်ဖို့ မြေနေရာ အဆောက် အဦးရှားပါးမှုတွေကိုလည်း ရင်ဆိုင်နေရအကြောင်း စစ်တမ်းမှာ ဖေါ်ပြထား ပါတယ်။

အဲဒီစစ်တမ်းကို မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း UMFCCI ၊ ကုလသမဂ္ဂလက်အောက်ခံ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး အေဂျင်စီတစ်ခုဖြစ်တဲ့ UNESCAP ၊ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေ စုပေါင်းဖွဲ့စည်းထားတဲ့ OECD တို့က ပူးတွဲပြီး စစ်တမ်းကောက်ယူ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
RFA Burmese
မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာ အဂတိလိုက်စားမှုဟာအဆိုးဝါး ဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာအချက်အလက်တွေကို ကောက်ခံပြီး ထုတ်ပြန်တဲ့စစ်တမ်း မှာ ဖေါ်ပြ ထားပါတယ်။ရန်ကုန်မြို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI ) ရုံးချုပ်မှာ နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့လေ့လာတွေ့ ရှိချက်တွေကို ဒီနေ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပြောင်းဖူးခြံ အတွင်း တစ်ရက်တည်း ဗုံး နှစ်ကြိမ် ပေါက်ကွဲ တောင်သူ (၃) ဦးဒဏ်ရာ ရ

ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ် ၀မ်ဖွီးကျေးရွာအုပ်စု နှင့် စုံလောကျေးရွာအုပ်စု တို့တွင် မေလ (၄) ရက်နေ့ က ပြောင်းဖူးခြံအတွင်း ဗုံးပေါက်ကွဲ မှု (၂)ကြိမ်ဖြစ်ပွားခဲ့သည်။ဗုံးပေါက်ကွဲ မှုသည် ၀မ်ဖွီးကျေးရွာအုပ်စု၊ ၀မ်ဖွီးကျေးရွာ SSNA (ခွဲထွက်) မိုင်းယွန်း တပ်စခန်း ဟောင်းအနီး ပြောင်းဖူး စိုက်တောင်သူများက ပြောင်းခြံအတွင်း အလုပ်လုပ်နေစဉ် မေလ(၄)ရက်နေ့ နံနက် (၁၁)နာရီ အချိန်တွင် ဗုံးဟု ခေါ်ဆိုနိုင်သော အလုံးတစ်လုံးကို တွေ့သဖြင့် အိုက်ဂီး အသက်(၁၄)နှစ် အရွယ် ပလောင်တိုင်းရင်း သားတစ်ဦးက ဓါးဖြင့် ခုတ်လိုက်ရာ ပေါက်ကွဲသွားသဖြင့် အိုက်ဂီး မှာ ခြေသလုံးတွင် ဒဏ်ရာ ရရှိခဲ့ပါသည်။ အလားတူစွာ စုံလောကျေးရွာအုပ်စု၊ နမ့်မော်ပျဉ်ကျေးရွာ တွင်လည်း မေလ(၄)ရက်နေ့ ၊ နံနက် (၁၁း၄၀) အချိန်တွင် ပြောင်းဖူးခြံအတွင်း မြေပေါက်နေသော ပလောင်တိုင်းရင်းသူ အေးခမ်း နှင့် အေးဆီ တို့က ဗုံးဟုခေါ်ဆိုနိုင်သော အလုံးတစ်လုံးကို ပေါက်ပြားဖြင့် ပေါက်မိသဖြင့် ပေါက်ကွဲမှုဖြစ်ပွားရာ (၂)ဦးလုံး ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါဒဏ်ရာရသူ(၃)ဦးအား မိုင်းကိုင်မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေး ကုသမျှများခံယူလျှက်ရှိပါသည်။ ဒဏ်ရာရသူ(၃)ဦးစလုံး စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်း သိရှိရပါသည်။
 MOI Webportal Myanmar

သမဝါယမ ဝန်ကြီးဌာန ယခုနှစ်အတွင်း ကျပ်ဘီလီယံ ၁၉၀ ကျော်ချေးမည်


ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် ရည်ရွယ်ကာ ကျေးလက်ဒေသ များတွင် ချေးငွေများ ထုတ်ချေးပေးနေသော သမဝါယမ ဝန်ကြီးဌာနက ယခုဘဏ္ဍာနှစ်အတွင်း ချေးငွေ ကျပ်ဘီလီယံ ၁၉၀ ကျော် ထုတ်ချေးမည် ဖြစ်ကြောင်း သမဝါယမ ဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးဇော်မျိုးက ပြောကြားသည်။
သမဝါယမ ဝန်ကြီးဌာနသည် ပြည်တွင်းတွင် အသေးစားချေးငွေများ ထုတ်ချေးရန် တရုတ်နိုင်ငံ EXIM ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော် ချေးယူထားပြီး ယခုနှစ် မိုးရာသီတွင် ထုတ်ပေးမည့် ကန်ဒေါ်လာ သန်း ၅၀ အပါအဝင် ယခုနှစ်အတွင်း ကျပ်ဘီလီယံ ၁၉၀ ကျော် ထုတ်ချေးမည် ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ EXIM ဘဏ်ထံမှ ချေးယူထားသည့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထဲမှ တစ်ဝက်ကို ပြီးခဲ့သည့် ဆောင်းသီးနှံ ကာလက ထုတ်ချေးခဲ့ပြီး ကျန်တစ်ဝက်ကို မေလမှ စ၍ နေပြည်တော်ကောင်စီ အပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် ထုတ်ချေးနေကြောင်း ၎င်းကဆိုသည်။ သမဝါယမ ဝန်ကြီးဌာနက ချေးငွေများ ထုတ်ချေးရာတွင် အမှန်တကယ် လိုအပ်နေသော ပြည်သူများကို ထုတ်ချေးရန်အရေးကြီးကြောင်း ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးသန့်စင်က ပြောကြားသည်။

အမြန်လမ်းတွင် သဲပုံစေတီတည်မည်

ယာဉ်မတော်တဆမှု များကြောင့် သေဆုံးမှု မြင့်တက်နေသော ရန်ကုန်- မန္တလေး အမြန်လမ်းပေါ်ရှိ ၁၁၆ မိုင်တွင် မေလ ၁၀ ရက် ည ၈ နာရီအချိန်နှင့် ၁၁ ရက်နေ့ နံနက်ခင်းများတွင် ပြုလုပ်မည့် အကျွတ်အလွတ် ဒါနပွဲ မကျင်းပမီ မေလ ၇ ရက်၊ နံနက်ပိုင်းတွင် ၃၁ ဘုံသားများ ဖူးမြော်နိုင်ရန် သဲပုံစေတီ တည်ထားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူ ဒေါက်တာမိုးမိုးခိုင်က ပြောကြားသည်။
“နတ်ရေကန် ဆရာတော်ကြီးက နံနက် ၈ နာရီလောက်မှာ ဦးဆောင်တည်မှာပါ။ ရည်ရွယ်ချက်ကတော့ ဒီလမ်းပေါ်မှာ မကျွတ်မလွတ်သေးတဲ့ သူတွေကို ကျွတ်လွတ်အောင် ဒါနပွဲ ကျင်းပပြီး အမျှဝေ ဆုတောင်းပေးချိန်မှာ တည်ထားတဲ့ စေတီကို ဖူးတွေ့ရပြီး သူတို့ ဘဝဟောင်းကို ပြန်အမှတ်ရစေရေး အတွက်ပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အဆိုပါ ဒါနပွဲကို ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ဖြူးမြို့နယ် မိုင်တိုင်အမှတ် ၁၁၆ အနီးတွင် ပြုလုပ်သွားမည် ဖြစ်ပြီး ပင့်သံဃာငါးပါးဖြင့် ယင်းနေရာတစ်ဝိုက်ရှိ တောစောင့်နတ်၊ တောင်စောင့်နတ် များကို ဆုတောင်း အမျှဝေခြင်း ပြုလုပ်ပေးရန် စီစဉ်ထားကြောင်း ဦးဆောင်စီစဉ်သူ အချို့ထံမှ စုံစမ်းသိရှိရသည်။

အမှိုက်ကောက်မည့် စည်ပင် ကတိမတည် နာရေးကူညီမှုအသင်း အမှိုက်ကောက်မည်

နာရေးကူညီမှုအသင်း (ရန်ကုန်)က စည်ပင်သာယာကော်မတီ၏ ကတိမတည်မှုကြောင့် မကြာမီ တစ်နိုင်ငံ လုံးအတိုင်းအတာနှင့် အမှိုက်ပြန်လည်ကောက်ယူတော့မည်ဖြစ်သည်ဟု နာရေးကူညီမှုအသင်း၊ ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်က မေ ၆ ရက်တွင် FFSS ရုံးချုပ်၌ ကျင်းပသည့် “သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အမှိုက်ကင်းစင်ဇုန်” အစည်းအဝေးတွင် ပြောသည်။ ၂၀၁၃ ခုနှစ်အတွင်းက နာရေး ကူညီမှုအသင်း(ရန်ကုန်)အနေဖြင့်ရန်ကုန်မြို့အတွင်းအမှိုက်ရှင်းလင်းရေးအတွက်ကောက်ယူမှုများလုပ်ဆောင် ရာတွင် စည်ပင်သာယာရေးကော်မတီ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက တားမြစ်ခဲ့ပြီး လပိုင်းအတွင်းအမှိုက်များကောက်ယူသွားမည်ဟုဆိုခဲ့ခြင်းကြောင့်တစ်နှစ်ခန့်ကြာသည်အထိလုပ်ဆောင်ခြင်း မရှိသည့်အတွက် နာရေးကူညီမှုအသင်းအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်သွားမည်ဖြစ် သည်ဟု ၎င်းက ပြောသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးတွင် ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း ကြားဝင်ညှိနှိုင်းမည်

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ယခုနှစ်အတွင်း အပြီးသတ် လုပ်ဆောင်မည် ဟု ပြောဆို ထားသည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းက ကြားဝင်စေ့စပ်ညှိနှိုင်းမည် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ဦးမြအေး က ပြောကြားသည်။ လက်ရှိအပစ်အခတ်ရပ်စဲရေး မူကြမ်း ရေးဆွဲနေမှု အခြေအနေနှင့် ပတ်သက်ပြီး မေလ ၆ ရက်နေ့ မြန်မာငြိမ်းချမ်းရေး စင်တာ (Myanmar Peace Center- MPC) တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့် ၈၈မျိုးဆက် ကျောင်း သားများ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် ယင်းသို့ ဆောင်ရွက်ရန် သဘောတူခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက MPC ၌ ပြောကြားသည်။ “ကျွန်တော်တို့ဘက်က တိုင်းရင်းသားတွေနဲ့ ထိတွေ့ဆက်ဆံတဲ့ အပိုင်းနဲ့ သူတို့ လက်ရှိ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို အပြန်အလှန် ဆွေးနွေးဖြစ်ပါတယ်” ဟု ဦးမြအေးက ရှင်းပြသည်။ ထို့အပြင် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူကြမ်းတွင် ပါဝင်သော ဝေါဟာရများနှင့် ပတ်သက်ပြီး တိုင်းရင်းသား တပ်ဖွဲ့များ၏ လိုလားချက် အချို့ကိုလည်း တင်ပြခဲ့ကြောင်း ၎င်းကဆိုသည်။

မြန်မာနိုင်ငံသားများ ပြည်ပနိုင်ငံများတွင် ဗီဇာလျှောက်ရာ၌ တင်းကျပ်သောအခြေအနေများနှင့် ရင်ဆိုင်နေရ

မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံခြားတိုင်းပြည်များသို့ ပြည်ဝင်ခွင့်လျှောက်ထားရာတွင် တင်းကျပ်သော အခြေအနေ နှင့် ရင်ဆိုင်နေရကြောင်း နိုင်ငံ တကာ ပြည်ဝင်ခွင့်စစ်တမ်းတစ် စောင်၌ ဖော်ပြသည်။ နိုင်ငံတ ကာ အဖွဲ့အစည်းတစ်ခုဖြစ်သော Henley & Part-ners က ထုတ်ပြန်ခဲ့သော ကမ္ဘာ့ နိုင်ငံအသီးသီး ၏ ပြည်ဝင်ခွင့် တင်းကျပ်မှု ညွှန်းကိန်းတွင် မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက် မှတ်မှာ ပြည်ပနိုင်ငံများသို့ ဝင်ရောက်ရာတွင် ဝင်ခွင့်ရရှိရန် ခက်ခဲနေခြင်း ဖြစ်သည်။ နိုင်ငံပေါင်း ၂၁၉ နိုင်ငံ၏ ပြည်ဝင်ခွင့်တင်းကျပ် မှုညွှန်းကိန်းကို အခြေခံ၍ အမှတ်ပေးထားသော စစ်တမ်းတွင် မြန်မာနိုင်ငံက အင်ဂိုလာ၊ အီရန်တို့နှင့်အတူ အဆင့်(၈၆)တွင် ရပ်တည်နေခြင်းဖြစ်ပြီး အီရတ်က အဆင့်(၉၂) နှင့် အာဖဂန်နစ္စတန်ကအဆင့် (၉၃)ဖြင့် နောက်ဆုံးနေရာတွင် ရပ်တည်နေကြသည်။ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများ သည် နိုင်ငံခြား ပြည်ဝင်ခွင့် လျှောက်ထားရာ၌ အခက်အခဲများရှိနေပြီး အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများသို့ သွားရောက်ရာတွင် ပိုမိုတင်းကျပ်သော စည်းမျဉ်းများနှင့် ရင်ဆိုင်နေရသည်။

ကမ္ဘာပျက်ရင် အမေရိကန် သမ္မတကို ကယ်ဆယ်မယ့် လေယာဉ်

Doomsday လို့ပဲ အမည်ပေးထားတဲ့ လေယာဉ် ဖြစ်ပြီးတော့ အမေရိကန် သမ္မတ၊ အမေရိကန် ကာကွယ်ရေး ဝန်ကြီး နဲ့ ထိပ်သီး ခေါင်းဆောင် ၃၊ ၄ ဦး အတွက် ရည်ရွယ်ပြီးတော့ တည်ဆောက်ထားတဲ့ လေယာဉ် ဖြစ်ပါတယ်။ အမေရိကန် Boeing ကုမ္မဏီက တည်ဆောက်ပြီး US Air Force ကို ပြန်လည်ရောင်းချခဲ့တာပါ။ ၁၉၇၄ ခုနှစ် တုန်းက ဖြစ်ပါတယ်။
တစ်စီးရဲ့ တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၂၂၃ ဝန်းကျင် ရှိပြီး ယင်းဟာ ၁၉၉၈ ခုနှစ်က ဒေါ်လာဈေးနဲ့ တွက်ခြင်း ဖြစ်ပါတယ်။ ယနေ့ဆိုရင် အတော် များမှာပါ။ စုစုပေါင်းလို့မှလည်း အစီးရေ ၄ စီးပဲ ရှိပါတယ်။ လေယာဉ်ရဲ့ ရည်ရွယ်ချက်ကလည်း ကမ္ဘာပျက်မတက် ပျက်ဆီးနေချိန်မှာ အမေရိကန် ထိပ်သီး ခေါင်းဆောင် များကို ကယ်ဆယ်ဖို့ ဖြစ်ပါတယ်။ အဓိက အားဖြင့် သမ္မတကို ကယ်မှာ ဖြစ်ပါတယ်။ တစ်စီး တစ်စီးမှာ လိုက်ပါ နိုင်တဲ့ လူဦးရေ ပမာဏ ကတော့ ၄၈ ဦးကနေ အများဆုံး ၁၀၀ ကျော်လည်း လိုက်ပါ နိုင်ပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်မည်

မိုးကြိုကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မေလပထမပတ်မှစ၍ မိုးစတင် ရွာသွန်းနေပြီ ဖြစ်သော်လည်း နေ့အပူချိန်များမှာမူ ဆက်လက် မြင့်တက်မည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
Photo: တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်မည်
wednesday, May 7, 2014

မိုးကြိုကာလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မေလပထမပတ်မှစ၍ မိုးစတင် ရွာသွန်းနေပြီ ဖြစ်သော်လည်း နေ့အပူချိန်များမှာမူ ဆက်လက် မြင့်တက်မည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ ဒုတိယပတ်အတွင်း ၃၅ ဒီဂရီစင်တီ ဂရိတ်မှ ၄၁ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိမည် ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း များမှာလည်း မကွေးမြို့တွင် ၁၄ ဒသမ ၁၊ ရန်ကုန်မြို့တွင် ၁၃ ဒသမ ၄၊ ကော့သောင်း မြို့တွင် ၁၃ ဒသမ ၈ နှင့် မော်လမြိုင် မြို့တို့တွင် ၁၃ ဒသမ ၂ အထိ မြင့်တက်နိုင်ကြောင်း ၎င်းကပြောဆိုသည်။

ယင်းအပြင် မေလ ၆ ရက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပျမ်းမျှ အပူချိန်ထက် ၆ ဒီဂရီ စင်တီဂရိတ်ပိုခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်း ဒေသကြီးတို့တွင် ၃ ဒီဂရီ စင်တီဂရိတ်အထိ အပူချိန်များ မြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

The Voice Weekly ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ ဒုတိယပတ်အတွင်း ၃၅ ဒီဂရီစင်တီ ဂရိတ်မှ ၄၁ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိမည် ဖြစ်ပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း များမှာလည်း မကွေးမြို့တွင် ၁၄ ဒသမ ၁၊ ရန်ကုန်မြို့တွင် ၁၃ ဒသမ ၄၊ ကော့သောင်း မြို့တွင် ၁၃ ဒသမ ၈ နှင့် မော်လမြိုင် မြို့တို့တွင် ၁၃ ဒသမ ၂ အထိ မြင့်တက်နိုင်ကြောင်း ၎င်းကပြောဆိုသည်။

တိုင်းရင်းသားများကြောင့် တိုက်ပွဲများ ဖြစ်ပွားဟု စစ်တပ် ထုတ်ပြန်

ကချင်နှင့် ရှမ်းပြည်နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေရခြင်းမှာ တိုင်းရင်းသားများ၏ ကတိမတည်မှု၊ နယ်မြေ ချဲ့ထွင်မှုများကြောင့် ဖြစ်သည်ဟု အစိုးရ ကာကွယ်ရေး ၀န်ကြီးဌာန က ထုတ်ပြန်ပြောဆိုကြောင်း သိရသည်။ တိုင်းရင်းသားများက ထိုသို့ပြုလုပ်သဖြင့် တပ်မတော်အနေဖြင့် ပစ်ခတ်ထိန်းသိမ်းရန် တာဝန် ရှိသောကြောင့် ဆောင်ရွက်နေရခြင်းဖြစ် ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာနမှ အဆင့်မြင့်အရာရှိ တဦးက မေလ ၅ ရက်နေ့ထုတ် ဒီမိုကရေစီတူဒေး သတင်းစာသို့ ဖြေကြား ထားသည်ကို တွေ့ရသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)ဆိုသည်မှာလည်းဦးအိုက်မုန်းတို့ ငြိမ်းချမ်းရေးယူပြီးကတည်းက လုံးဝမရှိတော့ကြောင်း၊ တချို့ခွဲထွက်ပြီးကျန်ရစ်ခဲ့သည့် အနည်းစုက ဆက်ကြေးကောက်၊ ဓားပြတိုက်သည့်အဆင့်သာ  ရှိတော့ကြောင်း၊ သို့သော် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်း ရေးအဖွဲ့(NCCT) က ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ထဲသို့ ဆွဲသွင်းလိုက်သဖြင့် လူသူ သိလာသည့် သောင်းကျန်းသူ အဖွဲ့အစည်း အဖြစ်သို့ ရောက်ရှိသွားကြောင်း ဖော်ပြထားသည်။

လှည်းကူးမြို့နယ်တွင် ပုဒ်မ ၁၈၈ ပြန်လည်ရုပ်သိမ်း

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် မြို့မဈေးတွင် လွန်ခဲ့သော တစ်လကျော်ခန့်က ဖြစ်ပွားခဲ့သော ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခကြောင့် မြို့နယ် လုံခြုံရေးအတွက် ပုဒ်မ ၁၈၈ (ညမထွက်ရအမိန့်) ကို ထုတ်ပြန်ခဲ့ရာ မြို့နယ်တွင်း အခြေအနေ ပြန်လည် တည်ငြိမ်လာသောကြောင့် မေလ ၄ ရက်နေ့ ညပိုင်းက ပုဒ်မ ၁၈၈ ကို ပြန်လည် ရုပ်သိမ်းခဲ့ကြောင်း လှည်းကူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။လှည်းကူးမြို့မဈေး အောက်ထပ်ရှိ ဈေးဆိုင်နှစ်ဆိုင်တွင် ဧပြီလ ၄ ရက်နေ့က ဈေးရောင်းချသူ ဘာသာခြားနှစ်ဦး ခိုက်ရန် ဖြစ်ပွားရာမှ လူစုလူဝေး ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် ဘာသာရေး အသွင်ဆောင်သော ပဋိပက္ခပုံစံမျိုး ဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာက မြို့နယ်အတွင်း ည ၆ နာရီမှ နံနက် ၆ နာရီအထိ အပြင်မထွက်ရန် ပုဒ်မ ၁၈၈ ကို ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသို့ထုတ်ပြန်ပြီး တစ်လအကြာတွင် လုံခြုံရေး အခြေအနေ စိတ်ချရသောကြောင့် ပြန်လည် ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်ကြောင်း လှည်းကူး မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပေါင်းတည်တွင် ရဲနှင့် အရပ်သားရုန်းရင်းဆန်ခတ်ဖြစ် အရပ်သား သုံးဦး ဆေးရုံတင်ထားရဟုဆို

ပုဒ်မ ၅၀၅ (ခ) ဖြင့် မေ ၆ ရက်က ရုံးထုတ်စစ်ဆေးခံရသည့် ပြည်၊ သဲကုန်းမြို့နယ်မှ လယ်သမား ငါးဦး အနက် တစ်ဦးဖြစ်သည့် ကိုပေါက်စကို အာမခံမပေးဘဲ ပေါင်းတည်ထောင်သို့ ပြောင်းခဲ့ရာ ပေါင်း တည် ထောင်ရှေ့တွင် ရဲနှင့် အရပ်သား ရုန်းရင်းဆန်ခတ်ဖြစ်ပြီး အရပ်သားသုံးဦး ဆေးရုံတင်လိုက်ရ သည်ဟု လယ်သမားအရေး ကူညီလှုပ်ရှားသူများကပြောသည်။သဲကုန်းတရားရုံးတွင် ပုဒ်မ ၅၀၅(ခ) ဖြင့် သန့်ဇင်ထက်၊ ဒေါ်ညို၊ ဒေါ်မုန်း၊ကိုပေါက်စ၊ ကိုအောင် တို့ ငါးဦးကို ရုံးထုတ်စစ်ဆေးခဲ့ပြီး ကိုပေါက်စ ကို အာမခံမပေးဘဲ ပေါင်းတည်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ညနေ ၅ နာရီအချိန် ပေါင်းတည်ထောင်ရှေ့တွင် လယ်သမားများက ကိုပေါက်စအား ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ ရဲတပ်ဖွဲ့ဝင် သုံးဆယ်ကျော်နှင့် လယ်သမားရှစ်ဦး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးဖြစ်သည့် မာနော်နှင့် အမျိုးသမီးနှစ်ဦးဖြစ်သည့် ဒေါ်ဝင်း၊ဒေါ်ညိုတို့ ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့ပြီး ပေါင်းတည်ဆေးရုံကြီးသို့ တင်လိုက်ရသည်ဟု လယ် သမားအရေးကူညီလှုပ်ရှားသူ မဇင်မာဝင်း ကပြောသည်။

ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းပွဲ ယနေ့ပြုလုပ်မည်

ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များနှင့် ပတ်သက်၍ ရှင်း လင်းပွဲကို မေ ၇ ရက် (ယနေ့)တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဌာနမှ သိရသည်။

တရားဥပဒေစိုးမိုးမှု မရှိခြင်း၏ အကြောင်းရင်းကို တရားဥပဒေစိုးမိုးရေး စင်တာများက သုတေသန ပြုလုပ်မည်

မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် တရားဥပဒေစိုးမိုးရေး စင်တာများက နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု မရှိခြင်း၏ အကြောင်းရင်းကို သုတေသန ပြုလုပ် မည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် အစည်းအဝေးများ မေ ၂၈ ရက်တွင် ပြန်လည်ကျင်းပမည်

ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ဒသမပုံမှန် အစည်းအဝေးများအား ၂၀၁၄ ခုနှစ် မေ ၂၈ ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် တို့ မှ မေ ၆ ရက် ရက်စွဲဖြင့် အသီးသီးထုတ်ပြန် ကြေညာခဲ့သည်။

တစ်နှစ်ဝင်ငွေ ကျပ်သိန်း ၂၀နဲ့ အထက်ရှိသူတွေ အခွန်ဆောင်ဖို့ ကြေညာ

တစ်နှစ် ၀င်ငွေကျပ်သိန်း ၂၀ နဲ့ အထက် လစာငွေရရှိသူတိုင်း ၀င်ငွေခွန်ဆောင်ရမှာဖြစ်ကြောင်း အဲဒီ လို ပေးဆောင် ဖို့ အတွက် ၀င်ငွေခွန်နှုန်းအမျိုးအစား ၅ မျိုး သတ်မှတ်ထားကြောင်း အစိုးရက ဒီနေ့ ထုတ် ပြန်ကြေ ညာပါတယ်။

KNU ဒုဥက္ကဌရဲ့ ငြိမ်းချမ်းရေး သတင်းစာရှင်းလင်းပွဲ

Photo: KNU ဒုဥက္ကဌရဲ့ ငြိမ်းချမ်းရေး သတင်းစာရှင်းလင်းပွဲ
Wednesday, May 7, 2014

ငြိမ်းချမ်းရေး ခရီးစဉ်တွေ သွားရောက် ခဲ့တဲ့ အမျိုးသား အစည်းအရုံး(KNU)ဒုတိယ ဥက္ကဌ နော်စီ ဖိုးရာစိန်နှင့် အဖွဲ့ဟာ ရန်ကုန်မြို့ ငြိမ်းချမ်း ရေး စင်တာမှာ အင်္ဂ࿿ါနေ့ က သတင်းစာ ရှင်းလင်း ပွဲ ပြုလုပ် ခဲ့ပါတယ်။

ဝန်ကြီး ဦးအောင်မင်းနဲ့လည်း ငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံခဲ့ရာ၊ ကချင်ပြည်နယ် ဘက်က တိုက်ပွဲတွေ ကြောင့် အများ ပြည်သူတွေ စိုးရိမ် နေရတဲ့ အခြေ အနေ တွေကို ဆွေးနွေး ခဲ့တယ်လို့ နော်စီဖိုးရာစိန်က ပြောပါတယ်။

လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ နဲ့ ပတ်သက်ပြီး တဆင့်ပြီး တဆင့် သွားမှာ သာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကို ရမှာ ဖြစ်တယ်လို့ နော်စီ ဖိုးရာစိန်က ဘီဘီစီ ကို ပြောပါတယ်။

နော်စီ ဖိုးရာစိန်နှင့် အဖွဲ့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကရင် လူမျိုးတွေ နေထိုင်ရာ မြစ်ဝ ကျွန်းပေါ် ဒေသ၊ ပန်းတနော်၊ မြောင်းမြ၊ ပုသိမ် တို့ဘက်ကို သွားရောက် ပြီး ဒေသခံ ပြည်သူ လူထု နဲ့ တွေ့ဆုံ တာတွေ ရှိခဲ့ သလို၊ အင်္ဂ࿿ါနေ့ မနက်ပိုင်းမှာ ရှမ်း တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ခဲ့ပါတယ်။

သူရဲ့ ခရီးစဉ်ဟာ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ တခုတည်း အတွက် မဟုတ်ဘဲ၊ တပြည်လုံး အပစ် အခတ် ရပ်စဲရေး နဲ့ ပတ်သက်လို့ ပြည်သူ တွေရဲ့ အမြင် ကို နားထောင် တာ မျိုးတွေလည်း ပါတယ် လို့ ပြောပါတယ်။

ဗုဒ္ဓဟူးနေ့ ကျရင် အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဖို့ ရှိ သလို ရန်ကုန်မြို့ မြန်မာ ကွန်ဗန်းရှင်း စင်တာ MCC မှာ လူထု နဲ့ တွေ့ဖို့ ရှိပါတယ်။

ဒါ့ အပြင် ၈၈ ပွင့်လင်း လူ့အဖွဲ့ အစည်း လို အရပ်ဖက် အဖွဲ အစည်း တွေနဲ့ တွေဖို့ ရှိကြောင်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
ငြိမ်းချမ်းရေးခရီးစဉ်တွေ သွားရောက်ခဲ့တဲ့ အမျိုးသား အစည်းအရုံး(KNU)ဒုတိယ ဥက္ကဌ နော်စီ ဖိုးရာစိန်နှင့် အဖွဲ့ဟာ ရန်ကုန်မြို့ ငြိမ်းချမ်း ရေး စင်တာမှာ အင်္ဂ࿿ါနေ့ က သတင်းစာ ရှင်းလင်း ပွဲ ပြုလုပ် ခဲ့ပါတယ်။