Wednesday, March 20, 2013
တိုင်းရင်းသားများ တောင်းဆိုမှုအားလုံးကို လက်ခံဆွေးနွေး ပေးမည်ဖြစ်ကြောင်း လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများနှင့် အစိုးရတာဝန်ရှိသူများ ပါဝင်သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောကြား
လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အစိုးရ တာဝန်ရှိ သူများ ပါဝင်သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း (ရှမ်းပြည်နယ်၊ ကယားပြည်နယ်) ဆွေးနွေးပွဲကိုမတ် ၂၀ ရက်က ရှမ်းပြည် နယ် လားရှိုးမြို့၌ ပြုလုပ်ခဲ့သည်။
ယင်းဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ဝင်များ တက်ရောက် ခဲ့သည်။
ငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစိုးရနှင့် တိုင်းရင်းသား များအကြား အပြန်အလှန် ယုံကြည်မှုများနှင့် နားလည်မှုများကို ဆက်လက်လုပ်ဆောင်နိုင်မည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် အင်အားများအဖြစ် ထည့်သွင်းစဉ်းစားပါက အပေါင်း လက္ခဏာဆောင်သော ရလဒ်များနှင် ညှိနှိုင်းအဖြေရှာမှုများ လုပ်ဆောင်နိုင်မည့် လမ်းကြောင်းပေါ်ကိုaရာက်ရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံတကာ ကုန်သွယ်ရေး မြှင့်တင်ရန် စီးပွားရေးသံမှူးများ ခန့်အပ်မည်
မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများကို နိုင်ငံတကာနှင့် ပိုမို
ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံနှင့် အဓိက ကုန်သွယ်ဘက် နိုင်ငံ
၁၀ နိုင်ငံရှိ သံရုံးများတွင်
ကုန်သွယ်ရေးနှင့်ဆိုင်သော စီးပွားရေးသံမှူးများ ခန့်အပ်ဆောင်ရွက်တော့မည်
ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန (စီးပွား/ ကူးသန်း) ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးတင့်သွင်က မီဒီယာများသို့ ပြောကြားသည်။
ဖေ့စ်ဘွတ်ခ်သည် ယောက်ျားလေးများအား ဖြားယောင်းအနိုင်ကျင့်မှု အများဆုံးဖြစ်ပွားရာ လူမှုကွန်ရက်ဖြစ်ကြောင်း လေ့လာတွေ့ရှိ
ဖေ့စ်ဘွတ်ခ်သည် အင်တာနက်မှတစ်ဆင့် လိင်ပိုင်ဆိုင်ရာ ဖြားယောင်း အနိုင်ကျင့်မှု အများဆုံးဖြစ်ပွားရာ လူမှုကွန်ရက်ဖြစ်ပြီး အနိုင်ကျင့်ခြင်း သည် ပြင်ပနေရာများထက် အွန်လိုင်းပေါ်တွင် ပိုမိုပျံ့နှံ့ ဖြစ် ပွား နေကြောင်း လေ့လာချက်တစ်ရပ်က ဆိုသည်။
ယင်းလေ့လာမှုကို အင်တာနက် အသုံးပြုသူများအတွက် အကြံပေး ၀က်ဘ်ဆိုက် Knowthenet က ဆယ်ကျော်သက် လူငယ်ပေါင်း၂၀၀၀ ကျော်နှင့် ဆွေးနွေးမေးမြန်းမှုများအပေါ် အခြေခံ ခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယတွင် မုဒိမ်းကျင့်ခံရမည်ကို ကြောက်စိတ်ဖြင့် ဗြိတိန်သူတစ်ဦး ဟိုတယ်ပေါ်မှ ခုန်ချ
မုဒိမ်းကျင့်ကြံ ခံရမည်ကို စိုးရိမ်ကြောက်ရွံ့စိတ်ဖြင့် အိန္ဒိယနိုင်ငံတွင် ဗြိတိန်သူ အမျိုးသမီး တစ်ဦး ဟိုတယ်ပေါ်မှ ခုန်ချခဲ့ကြောင်း သိရှိရသည်။ အင်္ဂါနေ့က ဟိုတယ် ပြူတင်းပေါက်မှ ခုန်ဆင်းလာသော ဗြိတိသျှ ကမ္ဘာလှည့် ခရီးသည် အမျိုးသမီး တစ်ဦးအား ဆေးရုံ တင်ပို့ခဲ့ ရသည်။
နာမည်ကျော် တာ့ဂ်ျမဟာ သင်္ချိုင်းဂူကြီး တည်ရှိရာ အဂ္ဂရာမြို့တွင် ဟိုတယ်တစ်လုံး၌ တည်းခိုနေသော အမျိုးသမီးသည် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု ခံရနိုင်သည့် အခြေအနေ ကို စိုးရိမ်ကာ ဟိုတယ်ပေါ်မှ ခုန်ချခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

ခိုးမှု(၉)မှုကျူးလွန်ထားသည့် ခိုးမှုပြစ်ချက်ဟောင်းရှိသူ တစ်ဦးအား ဖမ်းဆီးရမိ
မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များသည် မန္တလေးခရိုင် အတွင်းရှိ မြို့နယ်/ရဲစခန်းများတွင် ဖြစ်ပွားခဲ့သော လုယက်မှု၊ ခိုးမှု များဖော်ထုတ်နိုင်ရေးအတွက် သတင်းစုံစမ်းနေစဉ် ခိုးမှုဖြင့်ပြစ် ဒဏ်ကျခံ ပြီးနောက် ထောင်မှလွတ်လာသူ တင်ကိုဆိုသူမှာ ၎င်း၏နေရပ်ဖြစ်သော
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဆတ်သွားကျေးရွာသို့
ပြန်လည်သွားရောက်နေထိုင်ခြင်းမရှိဘဲ မန္တလေး မြို့ပေါ်ရှိ တည်းခိုခန်းများတွင်
လှည့်လည်တည်းခိုနေထိုင် လျက် ရှိကြောင်း သတင်းရရှိခဲ့သည်။
ဦးပိုင်ရဲ့ ဆာလ်ဖျူရစ်အက်စစ်စက်ရုံ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ် အမြန်ရအောင်လုပ်ဖို့ ကော်မရှင်ဥက္ကဋ္ဌ တောင်းဆို
ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာအနီး မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်ပိုင် မိုးကြိုးဆာလ်ဖျူရစ်အက်စစ် စက်ရုံမှာ ပတ်ဝန်းကျင် ထိန်းသိမ်းမှု နိုင်ငံတကာအသိအမှတ်ပြု ISO Certificate မရှိသေးတဲ့ အတွက် အမြန်ဆုံးရအောင် လုပ်ပေးပါလို့
ကြေးနီစီမံကိန်း စုံစမ်း စစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က
ပြောပါတယ်။
အိုင်အက်စ်အိုရဖို့က အဓိကပါ၊ အိုင်အက်စ်အိုမရမချင်း ဒီစက်ရုံက စံမမီဘူးဆိုပြီး ရွာသားတွေပြောဆိုနေတယ်၊ ဒီလိုကိစ္စမျိုးက ယုံကြည်

ဘင်္ဂါလီလူမျိုး (၈၀) နီးပါးခန့်အား မြိတ်မြို့တွင် ဒုတိယ အကြိမ် ထပ်မံ ဖမ်းဆီးရမိ
ဘင်္ဂလာဒေ့်ရှ် နိုင်ငံမှ တရားမ၀င် ခိုးဝင်လာသော ဘင်္ဂါလီ လူမျိုး (၇၈) ဦးအား ပြည်သူများ၏ သတင်းပေးမှု၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်(ရေ) ၊ တပ်မတော် (ကြည်း) တို့၏
ပူးပေါင်းရှာဖွေဖမ်းဆီးမှုကြောင့် ၂၀၁၃ ခုနှစ်၊ မတ်လ (၁၇) ရက်နေ့နေ့ (၁၉)
ရက်နေ့များတွင် မြိတ်မြို့နယ် အတွင်း ထပ်မံ ဖမ်းဆီး ရမိကြောင်း သိရှိရသည်။

ထိုင်းတွင် မြန်မာအကျဉ်းသား ၃ဝဝဝ ကျော်ရှိ၊ နှစ်နိုင်ငံ အကျဉ်းသားလဲလှယ်ရေး ဆောင်ရွက်နေ
ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အကျဉ်းသား ၃ဝဝဝ ကျော် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲချုပ် ကျော်ကျော်ထွန်းက ပြောသည်။
ယခုလ ၁၉ ရက်တွင် ကျင်းပ သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ မေးမြန်းချက်ကို ရဲချုပ်က ပြန်လည်ဖြေ ကြားရာ၌ အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်းဖြစ် သည်။

ပါ့စ်ပို့စာအုပ်ရရေး လျှောက်လွှာ စာရွက် ၃ ရွက်သာလိုတော့
ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ မြန်မာ နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ရုံးက မြန်မာ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အချိန်ကုန် ၊ ငွေကုန်သက်သာမှုတွေ ရှိစေဖို့ ဖြေလျှော့မှုတွေ လုပ်ပေးနေတယ်လို့
ယနေ့ မတ်လ ၂၀ ရက်နေ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထား ပါတယ်။
အရင်က မြန်မာ နိုင်ငံကူးလက်မှတ် လျှောက်ထားရာ မြန်မာ နိုင်ငံကူး လက်မှတ်လျှောက်လွှာ ပုံစံများနှင့် ပတ်သက်၍ ယခင်က ဖြည့် စွက် လျှောက်ထားရသည့် လျှောက်လွှာပုံစံ ၁၄ ရွက်တောင် ရှိခဲ့တာပါ။ ဒီအပြင် ယခင်က ပါ့စ်ပို့စာအုပ်ထွက်လာဖို့ ၃ လကြာ စောင့် ရပြီး နောက်ပိုင်း ၁ လ၊၃ ပတ် စသဖြင့် ဖြေလျှော့ပေး လာခဲ့ရာ အခုတော့ ၁၀ ရက်နဲ့ အပြီး လုပ်ပေးတော့ မှာလည်း ဖြစ်ပါတယ်။

ကလေးစစ်သားများ သုံးနေကြောင်း ABSDF ထုတ်ဖော်
ကလေးစစ်သားများ မြန်မာနိုင်ငံတွင် အသုံးပြုနေကြောင်း နိုင်ငံတကာ အဖွဲ့ အစည်းများ၊ ကလေးငယ်အခွင့်အရေးကာကွယ်သူများ၊ လူ့အခွင့် အရေးလှုပ် ရှားသူများက မကြာခဏ ပြစ်တင်ဝေဖန်မှုများ ရှိခဲ့သည်...
ယခုအခါ အဆိုပါစွပ်စွဲချက်များ မှန်ကန်ကြောင်း ABSDF မြောက်ပိုင်းမှ ဗိုလ်မှူးမင်းဌေးက သက်သေအထောက်အထားများဖြင့် အခိုင်အမာ ထုတ်ဖော်ဝန်ခံလိုက်သည်...

မကြာမီလာမည့် ထောင်ဂဏန်းဖုန်း မည်သို့ ရောင်းချပေးမည်ဆိုသည်ကို ဆက်သွယ်ရေးပင် မသိသေး
ဧပြီလ ၁ ရက်၌ စတင်၍ အထူးနှုန်းဖြင့် ချထားပေးမည့် ဖုန်းများအား မည်သို့ရောင်းချပေးမည် ဆိုသည်ကို ယနေ့အချိန်အထိ မသိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
''ဘယ်လိုပုံစံနဲ့ ရောင်းပေးမယ်ဆိုတာကို ဘာမှ ညွှန်ကြားစာ မလာသေးဘူး။
အထက်လူကြီးတွေ ဆုံးဖြတ်ပြီးမှသိရမှာပါ။ လူတစ်ယောက်ကို တစ်လုံးပဲ
ရောင်းမလား၊ လိုသ လောက်ရောင်း
ဧပြီလ ၁ ရက်၌ စတင်၍ အထူးနှုန်းဖြင့် ချထားပေးမည့် ဖုန်းများအား မည်သို့ရောင်းချပေးမည် ဆိုသည်ကို ယနေ့အချိန်အထိ မသိသေးကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။
''ဘယ်လိုပုံစံနဲ့ ရောင်းပေးမယ်ဆိုတာကို ဘာမှ ညွှန်ကြားစာ မလာသေးဘူး။ အထက်လူကြီးတွေ ဆုံးဖြတ်ပြီးမှသိရမှာပါ။ လူတစ်ယောက်ကို တစ်လုံးပဲ ရောင်းမလား၊ လိုသ လောက်ရောင်း

အစိုးရထိန်းချုပ်နယ်မြေရှိ ကချင်ဒေသ စစ်ဘေးရှောင်ဒုက္ခသည်တို့ နေရပ်ပြန်ပို့ရန် စီစဉ်
ကချင်စစ်ဘေးကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းပြီး အစိုးရထိန်းချုပ် နယ်မြေ၌ ခိုလှုံနေသူများကို မူလနေရပ်သို့ ပြန်လည်ပို့ဆောင်တော့ မည်ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
KIO နှင့် ပြည်ထောင်စုငြိမ်းချမ်း ရေးဖော်ဆောင်ရေးကော်မတီ တို့ ရွှေလီတွင် မတ်လ ၁၁၊ ၁၂ ရက်နေ့ များ၌ ဆွေးနွေးပြီးနောက် ငြိမ်းချမ်း ရေးေ ရာင်ခြည်သန်းနေပြီ ဖြစ်သည့် အတွက် ပြန်ပို့မည့် အစီအစဉ်ကို အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းများနှင့် ဆွေးနွေးမှု စတင်ပြုလုပ် နေပြီဟု ပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီးဒေါ်ဘောက်ဂျာ က ဆိုသည်။

အလှတရား
အလှတရား ဟူသည် သာယာသော လောကကို ဖန်တီးပေးကာ လူတို့၏ ပျော်ရွှင်
ချမ်းမြေ့မှုကို ဖန်တီး ပေးနိုင်သည်။ ပင်ပန်း နွမ်းနယ်သော စိတ်ကို
ပြေပျောက်စေသည် သာမက အားမာန် သစ်ကိုပင် ဖန်တီး ပေးနိုင်သည်။

SIM Card အကြောင်း သိကောင်းစရာ
SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူတာတွေလိုမျိုး စက်ပစ္စည်းတွေ မှာ
Subscriber တွေအသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ
key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို
လုံခြုံစွာထိန်းသိမ်းထားနိုင်တဲ့ 
Integrated Circuit တစ်ခုပဲဖြစ်ပါတယ်။ Subscriber Identity Module (
Subscriber Identification Module) ရဲ့အတိုကောက်ပါ။
လွယ်လွယ် ကူကူ သယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM (Global
System for Mobile Communications) network မှာသုံးတဲ့ cell

“အဆိပ်ပြင်းဂမုန်း”
ဒီအပင်ကို အိမ်တွေ၊ ရုံးတွေ ဟော်တယ် .... နေရာတော်တော် များများ မှာ တွေ့ဖူးကြမှာပါ။ နာမည်ဘယ်လိုခေါ်လဲလို့ကျွန်တော်လ ည်းအတိ အကျ နာမည်မသိဘူး (ကျွန်တော့်စိတ်ထင် ဂမုန်းထင်တယ်) တွေ့ဖူး တာတော့ တွေ့ဖူးတယ်။
တကယ်တော့ ဒီအပင်ဟာ အရမ်းကို အန္တရာယ် ရှိတဲ့အပင်ဖြစ်ပါတယ်။ အထူးသဖြင့်တော့
ခလေးတွေအတွက် စိုးရိမ်စရာ ပါ။ ၄င်းအပင်ရဲ့အစေးဟာ အလွန်အဆိပ်ပြင်းပြီး
ခလေးများကို မိနစ်ပိုင်း အတွင်းမှာ သေဆုံးစေနိုင်သလို့ အရွယ်ရောက်
လူကြီးဆိုရင်လည်း ၁၅ မိနစ်အတွင်းမှာ သေစေနိုင်လောက်အောင် အဆိပ်ပြင်းပါတယ်။
မျက်စိ
မြန်မာနိုင်ငံမှ အခွင့်အလမ်းများကို Google မျက်စိကျနေ
ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်လည်ပတ်သည့် နည်းပညာပိုင်းဆိုင်ရာ ကဏ္ဍမှ အဆင့်မြင့်ထင်ရှားကျော်ကြားသူတဦးအဖြစ် Google ဥက္ကဋ္ဌ အဲရစ်ချမစ်သည် ယခုသီတင်းပတ် နှောင်း ပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။
လစာတိုး သတင်းကြောင့် ရွှေနှင့် ဒေါ်လာဈေး မငြိမ်
အစိုးရက လာမည့် ဧပြီလမှစတင်ပြီး အစိုးရ၀န်ထမ်းများအားလုံးကို လစာ ၂၀၀၀၀ ကျပ်တိုးမြှင့်ပေးမည်ဟု တရားဝင် သတင်း ထုတ်ပြန် ပြီးနောက် ပြည်တွင်းစီးပွားရေးဈေးကွက်တွင် ရွှေဈေးနှုန်းနှင့် အမေရိကန်ဒေါ်လာ ဈေးနှုန်းများ အတက်အကျ မတည် မငြိမ်ဖြစ်နေကြောင်း သိရှိရသည်။
သမ္မတဦးသိန်းစိန်က တပ်မတော်သားများနှင့် နိုင်ငံ့ဝန်ထမ်းများ အားလုံး ကို လစာ၊ စရိတ်၊ နေ့စားလုပ်ခများကို ခေတ်ကာလ နှင့် အညီ တိုးမြှင့် ပေးမည်ဖြစ်ပြီး တိုးမြှင့်ပေးရန်အတွက် နိုင်ငံ့ဘဏ္ဍာကိုကျပ်ငွေ ၃၈၅ ဘီလီယံထိ သုံးစွဲသွားမည်ဟု မတ်လ ၁၃ ရက်နေ့က ကျင်းပသည့်

မြန်မာနိုင်ငံက တင်သွင်းတဲ့ ကုန်ပစ္စည်းတချို့ ပိတ်ပင်ခံရ
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ကို မြန်မာပြည်က တရားမဝင် တင်သွင်းတဲ့ စားသောက်ကုန် တချို့ ရောင်းချခွင့်ကို မဏိပူရပြည်နယ် ကျန်းမာရေးဝန်ကြီးဌာန အမိန့်နဲ့ မတ်လ ၁၈ ရက်နေ့က စပြီး ပိတ်ပင် လိုက်ပါတယ်။
Subscribe to:
Posts (Atom)