“မပြောမပြီး…
မတီးမမည်” ဆိုတာရှိတယ်… “ဆိုရေးရှိက ဆိုအပ်ရာ”
ဆိုတာလည်းကြားဖူးတယ်… ဒီတော့ဗျာ… ရင်ထဲမှာကလိကလိဖြစ်နေတာကို နီးစပ်ရာလက်တို့ပြောနေမယ့်အစား
အင်တာနက်ခေတ် ကြီးမှာ တစ်သက်တွေးစရာကျန်အောင်ဖြင့် တစ်ချက်ရေးကာနှံလိုက်ပါတော့မယ်။
ယနေ့လူငယ်…နောင်ဝယ်လူကြီးမဟုတ်လားဗျာ… နောင်တစ်ချိန်ကျွန်တော်တို့
အားကိုးရမှာက ယနေ့ခေတ် လူငယ်တွေကိုပါ။ မျိုးဆက်သစ်တွေဟာ မျိုးဆက်ဟောင်းတွေထက်တော်မှ၊
ကောင်းမှ ကျွန်တော်တို့ နိုင်ငံလူစဉ်မှီမယ်။ အားကိုးချင်တယ်… မျှော်လင့်ချင်တယ်… ဒါပေမယ့်
အဲဒီလို အားကိုး ရမယ်လို့ မျှော်လင့်ထားသူ တွေက အရက်ကလေးတမြမြ… ဘီယာလေးတကြိုက်ကြိုက်၊
ကွမ်းလေးမြုံ့ လိုက်၊ ဆေးလိပ်လေးခဲလိုက် ဆိုရင်တော့ဖြင့် တိုင်းပြည်ရဲ့အနာဂတ်အတွက် ရင်ဘတ်ပေါ်ကျောက်တုံးကြီး
ဖိမိထားသလိုလေးလံလွန်းလှပါတယ်။
မျက်မှောက်ခေတ် လူငယ်တွေဟာ အသောက်အစား၊ အပျော်အပါး
မက်မောလာကြတယ်… ပိုက်ဆံရှိ သားသမီးတွေ ပိုဆိုးပါတယ်… သူတို့က ဖြုန်းနိုင်ကြတာကိုးဗျ…
အများသိကြတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ မဟာ သင်္ကြန်ပွဲတော်မှာဆိုရင်လဲ… မဟာအရက်သောက်ပွဲကြီးကျင်းပသလိုပဲ။
မူးကြ၊ ရူးကြ၊ ရန်ဖြစ် ကြ၊ ဆေးရုံရောက် ကြ၊ သေကြနဲ့ အခုဆိုရင်လူကြီးနဲ့ လူလတ်ပိုင်းတွေ သာမက
လူငယ်တွေပါ သောက် တတ်စားတတ်နေကြပြီ။ အဆိုးဆုံးကတော့ အမျိုးသမီးငယ်တွေဟာ ယဉ်ကျေးမှုနဲ့မလျှော်ညီစွာ
ဝတ်စား ဆင်ယင်ကြပြီး ယောက်ျားတွေ နည်းတူ လက်ရည်တစ်ပြင်တည်း သောက်စားနေကြခြင်းပါပဲ… အတော်ပဲ ရင်နာရပါတယ်
တချို့စားသောက်ဆိုင်တွေ၊ ကာရာအိုကေခန်းတွေ၊ နိုက်ကလပ်တွေမှာလည်း မိန်းကလေး ငယ်တွေဟာ အမျိုးသားတွေနဲ့အတူ
သောက်စား မူးယစ်နေကြပြန်ပါတယ်… အာဃမိန်းမများပါပဲ။