Monday, April 8, 2013

မြောက်ကိုရီးယားမှ ပစ်ခတ်လာမည့် ဒုံးကျည်များကို ကြားဖြတ် တိုက်ခိုက်ရန်အတွက် ဂျပန်ပင်လယ်ပြင်တွင် Aegis ဖျက်သင်္ဘော များအား တပ်ဖြန့် ချထားသွားမည် ဖြစ်

မြောက်ကိုရီးယားမှ ပစ်ခတ်လာမည့် ဒုံးကျည်များကို ကြားဖြတ် တိုက်ခိုက်ရန် အတွက် ဂျပန် ပင်လယ်ပြင်တွင် Aegis ဖျက်သင်္ဘော များအား တပ်ဖြန့် ချထားသွားမည် ဖြစ်

ဂျပန်နိုင်ငံက ၎င်း၏ နယ်မြေသို့ ဦးတည်လာသည့် မြောက်ကိုရီးယား၏ ဒုံးကျည်များကို ပစ်ချ သွားရန် ၎င်း၏ လက်နက်ကိုင် တပ်ဖွဲ့များကို ညွှန်ကြား သွားမည် ဖြစ်ကြောင်း Yomiuri  သတင်းစာက ဖော်ပြခဲ့ ပါသည်။

ဂျပန် ကာကွယ်ရေး ဝန်ကြီး Itsunori Onodera သည် အဆိုပါ ညွှန်ကြားချက်အား တစ်ရက်၊ နှစ်ရက်အတွင်း ထုတ်ပြန် သွားဖွယ် ရှိသော် လည်း ပြည်သူများအား အသိပေး သွားမည် မဟုတ်ကြောင်း အစိုးရ အရင်းအမြစ် များ၏ ပြောကြားချက်ကို ကိုးကား၍ Kyodo  သတင်း ဌာနက ထုတ်ပြန် ခဲ့ပါသည်။ ဒုံးခွင်းဒုံးများ တပ်ဆင် ထားသော Aegis  ဖျက်သင်္ဘော များအား မြောက်ကိုရီးယားမှ ပစ်ခတ်လာမည့် ဒုံးကျည်များကို ကြားဖြတ် တိုက်ခိုက်ရန် အတွက် ဂျပန် ပင်လယ်ပြင်တွင် တပ်ဖြန့် ချထားသွားမည် ဖြစ်ပါသည်။ ဂျပန် နိုင်ငံအား ပစ်မှတ် ထား၍ ဒုံးကျည်ဖြင့် တိုက်ခိုက် နိုင်ဖွယ်ရာ အခြေအနေ များသည် မြင့်မား မနေသော်လည်း ကြိုတင် ပြင်ဆင်မှု များကို လုပ်ဆောင်ထားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အစိုးရ အရင်းအမြစ် တစ်ခုက ပြောကြား ခဲ့ပါသည်။

http://bit.ly/145FdA3
ဂျပန်နိုင်ငံက ၎င်း၏ နယ်မြေသို့ ဦးတည်လာသည့် မြောက် ကိုရီးယား ၏ ဒုံးကျည်များကိုပစ်ချသွားရန် ၎င်း၏လက်နက်ကိုင် တပ်ဖွဲ့များ ကို ညွှန်ကြားသွားမည် ဖြစ်ကြောင်း Yomiuri သတင်းစာက ဖော်ပြခဲ့ ပါသည်။

ဗြိတိန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မာဂရက်သက်ချာ ကွယ်လွန်


ဗြိတိန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ခဲ့ပြီး စစ်ပြီးခေတ် ဗြိတိန်နိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံရေးလောက၌ပါ အထင်ကရ ပုဂ္ဂိုလ်တစ်ဦးဖြစ်သော မာဂရက်သက်ချာသည် အသက် ၈၇ နှစ် အရွယ်တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း သူ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးက ဧပြီလ ၈ ရက်နေ့က ပြောကြားခဲ့သည်။

အဝလွန်သူများအတွက် လေယာဉ်လက်မှတ်ခ တိုးမြှင့်

Photo: အဝလွန်သူများအတွက် လေယာဉ်လက်မှတ်ခ တိုးမြှင့် 
Monday, April 8, 2013

နော်ဝေနိုင်ငံရှိ လေကြောင်းလိုင်း များတွင် စီးနင်း လိုက်ပါသော ခရီးသည်များ အနေနှင့် အဝလွန် သူများ ဖြစ်ပါက လေယာဉ် လက်မှတ်ခ တိုးမြှင့်ကောင်
ခံရန် လေကြောင်း ကုမ္ပဏီများအား နော်ဝေနိုင်ငံ ကျန်းမာရေး၊ ဘဏ္ဍာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ရေးရာ လေ့လာသူများက အကြံပြုချင် ထုတ်ပြန်ကြေ
ညာ ကြေညာသွားသည်။ နော်ဝေနိုင်ငံ Songnofjordane တက္ကသိုလ်မှ ပါမောက္ခ ဘဟာရတ် ဘဟာသာ၏ အဆိုအရ နော်ဝေ လေကြောင်းများတွင် စီနင်း လိုက်ပါသော ခရီးသည်များ အနက် အများစုမှာ အဝလွန်သူ
များ ဖြစ်ကြပြီး ထိုအဝလွန် သူများကြောင့် အခြား ခရီးသည် များကို စိတ်အနှေင့် ဖြစ်စေနိုင်သည့် အပြင် လေကြောင်း ကုမ္ပဏီများ၏ အကျိုးစီး
ပွား ကိုလည်း များစွာ ထိခိုက်နစ်နာ စေခဲ့သည်။

ပြင်သစ် လေကြောင်းလိုင်း အပါအဝင် အခြားနိုင်ငံများမှ နော်ဝေနိုင်ငံ
တွင် ဝန်ဆောင်မှု ပေးလျက်ရှိသော နိုင်ငံခြား လေကြောင်းလိုင်းများ
သည် ခန္ဓာကိုယ် အလေးချိန် အလိုက် လေယာဉ် လက်မှတ် များကို တိုးမြှင့် ကောက်ခံမှုများ ပြုလုပ်လျက် ရှိသည်ကို တွေ့ရှိရသည်။ 

ထို့ပြင် ပြည်တွင်း လေကြာင်းလိုင်းများ အနေဖြင့် ခရီးသည်များ၏ ကိုယ်အလေးချိန် များကို သုံးမျိုးခွဲခြားကာ လေယာဉ်လက်မှတ်
ဈေးနှုန်းသတ်မှတ် ခြင်းဖြင့် ခရီးသည်များ၏ ကိုယ်အလေးချိန် လျော့ချမှုကို အားပေးစေသည့် အပြင် လေကြောင်း ကုမ္ပဏီများ အနေနှင့် အကျိုးခံစားခွင့်များ ပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းကပြောကြား သွားခဲ့သည်။ 

YOYARLAY
http://www.yoyarlay.com/international-news/asia/35088-2013-04-08-09-52-47 နော်ဝေနိုင်ငံရှိ လေကြောင်းလိုင်း များတွင် စီးနင်း လိုက်ပါသော ခရီးသည်များအနေနှင့် အဝလွန်သူများ ဖြစ်ပါက လေယာဉ် လက်မှတ် ခ တိုးမြှင့်ကောင်ခံရန် လေကြောင်း ကုမ္ပဏီ များ အား နော်ဝေနိုင်ငံ ကျန်းမာရေး၊ ဘဏ္ဍာရေးနှင့် သဘာဝ ပတ်ဝန်းကျင်ရေး ရာ လေ့လာ သူများက အကြံပြုချင်ထုတ်ပြန်ကြေ ညာ ကြေညာသွား သည်။ နော်ဝေနိုင်ငံ Songnofjordane တက္ကသိုလ်မှ ပါမောက္ခ

ရာဇဝတ်သားများ၏ ဦးနှောက်ကို Scan ဖတ်ပြီး နောက်ထပ်ကျူးလွန်နိုင်ဖွယ် ရှိမရှိသိနိုင်ပြီ

Photo: ရာဇဝတ်သားများ၏ ဦးနှောက်ကို Scan ဖတ်ပြီး နောက်ထပ်ကျူးလွန်နိုင်ဖွယ် ရှိမရှိသိနိုင်ပြီ 
Monday, April 8, 2013

အမေရိကန် နိုင်ငံမှ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ သိပ္ပံပညာ ရှင်များက အကျဉ်းကျ ခံနေရသော ရာဇဝတ် သားများ၏ ဦးနှောက်ကို ကွန်ပျူတာဖြင့် Scan ဖတ်ကြည့်ပြီး နောက်တစ်ကြိမ် ရာဇဝတ်မှု ကျူးလွန်နိုင်ဖွယ် ရှိမရှိ ခန့်မှန်းနိုင်ပြီဟု သိရသည်။ ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာ သိပ္ပံပညာ ရှင်များက ထောင်သားများ၏ ဦးနှောက် အလုပ်လုပ်ပုံကို အဆင့်မြင့် သိပ္ပံ ဆေးပညာကို အသုံး ချပြီး သုတေသန ပြုလုပ်ခဲ့သည်ဟု သိရ သည်။

၎င်းတို့၏ တွေ့ရှိချက်အရ ထောင် သားများသည် ကွန်ပျူတာမှ စေခိုင်း
ချက် များကို ပြန်လည် တုန့်ပြန်ခြင်း ပြုလုပ်ရာ တွင် တုန့်ပြန်မှု နှေးကွေး
သော သူများသည် နောက်တစ်ကြိမ် ရာဇဝတ်မှု ထပ်မံကျူး လွန်နိုင်ဖွယ် ရှ်ိကြောင်း တွေ့ရှိခဲ့ကြသည်။ Albuquerque မြို့ရှိ ဦးနှောက်နှင့် အာရုံကြော
ဆိုင်ရာ သုတေသန အဖွဲ့မှ သုတေသီ Kent Kiehl ဆိုသူက ထောင်မှ လွတ်သွားသော ထောင်ထွက် အမျိုးသား ၉၆ ယောက်ကို အခြေခံပြီး 
အဆိုပါ သုတေသန ကို ပြုလုပ်ခဲ့သည်ဟု သိရသည်။  

YOYARLAY
http://www.yoyarlay.com/international-news/asia/35088-2013-04-08-09-52-47 အမေရိကန် နိုင်ငံမှ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ သိပ္ပံပညာ ရှင်များက အကျဉ်းကျခံနေရသော ရာဇဝတ်သားများ၏ ဦးနှောက်ကို ကွန်ပျူတာဖြင့် Scan ဖတ်ကြည့်ပြီး နောက်တစ်ကြိမ် ရာဇဝတ်မှု ကျူးလွန်နိုင်ဖွယ်ရှိမရှိ ခန့်မှန်းနိုင်ပြီဟု သိရသည်။ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ သိပ္ပံပညာ ရှင်များက ထောင်သားများ၏ ဦးနှောက် အလုပ်လုပ်ပုံကို အဆင့်မြင့်သိပ္ပံဆေးပညာကို အသုံးချပြီး သုတေ သန ပြုလုပ်ခဲ့သည်ဟု သိရ သည်။

အပှုဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ

Photo: အပှုဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ
Monday, April 8, 2013

နွေရာသီမှာ ပူအိုက်ပြီး ရေဓာတ်ခမ်း ခြောက်မှုကို သက်သာစေကာ ဝမ်း
ဗိုက် ချပ်ရပ်တဲ့ အလှတရား ကိုပါ ရရှိစေမယ့် သရေစာ တွေကို ရေးသား လိုက်ရပါတယ်။

(၁) ဖရဲသီး

ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်တဲ့ ဖရဲသီးဟာ နွေရာသီ ရေဓာတ် ခမ်းခြောက် မှုမဖြစ်အောင် ကာကွယ် ပေးသလို ကိုယ် စေတာကြောင့် ဝမ်းဗိုက် ချပ်ရပ်စေပါ တယ်။ ဒါ့အပြင် ဗီတာမင်စီ အများအပြား ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု လျော့နည်း တာကြောင့် ကိုယ်အလေးချိန် ထိန်းလိုသူ တို့အတွက် အကောင်းဆုံး သရေစာပါ။

(၂) ဒိန်ချဉ်

ဒိန်ချဉ် တစ်ခွက်မှာ ပရိုတင်းဓာတ် ၂၀ ဂရမ် ပါဝင်တာကြောင့် ကယ်
လိုရီ အပိုမရရှိ စေဘဲ ချက်ချင်း ဗိုက်ပြည့်စေပါ တယ်။ ဒိန်ချဉ်မှာ ပိုတက်စီယမ်လည်း ပါ ဝင်တာကြောင့် ကိုယ်တွင်း ဆိုဒီယမ် အပို
တွေကို တွန်းထုတ် နိုင်သလို အကျိုးပြုဘက် တီးရီးယား ပါဝင်
မှုကြောင့် လေပွတာနဲ့ လေ ထတာကို လျော့ကျ စေပါတယ်။

(၃) သခွားသီး

သခွားသီးမှာ ရေဓာတ် ၉၆ ရာခိုင် နှုန်း ပါဝင်မှုကြောင့် ပူပြင်းတဲ့ အချိန်မှာ အေးမြ လန်းဆန်း သွားစေတဲ့ အစွမ်းရှိပါ တယ်။ ဒါ့အပြင် သခွားသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတဲ့ အတွက် ဝမ်းဗိုက်ချပ် ရပ်လိုသူတွေ စားသင့်တဲ့ သရေစာပါ။

ကြယ်စင်
Ref>>> Good Health
ပိုပိုဇော်(သဘာဝအားအင်) နွေရာသီမှာ ပူအိုက်ပြီး ရေဓာတ်ခမ်း ခြောက်မှုကို သက်သာစေကာ ဝမ်းဗိုက် ချပ်ရပ်တဲ့ အလှတရားကိုပါ ရရှိစေမယ့် သရေစာ တွေ ကို ရေးသားလိုက်ရပါတယ်။

(၁) ဖရဲသီး

အမျိုးသားတို့ ကြက်သွန်ဖြူစားသင့်သော အချက်သုံးရပ်

အမျိုးသားတို့ ကြက်သွန်ဖြူစားသင့်သော အချက်သုံးရပ်

08 APRIL 2013 | BY GOOD HEALTH

ကြက်သွန်ဖြူက လူ့ခန္ဓာကိုယ် ကျန်းမာရေး အတွက် ကောင်းမွန်တာ မှန်ပေမယ့် အမျိုးသားတွေ ရရှိနိုင်တဲ့ သီးသန့် အကျိုးကျေးဇူး သုံးမျိုး ရှိပါတယ်။

(၁) ဆီးကျိတ် ကင်ဆာ ကာကွယ်မှု

ပုံမှန် စားတာကြောင့် ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေကြောင်း လေ့လာမှု တွေအရ သိရပါတယ်။ ကြက်သွန် ဖြူက ဆီးကျိတ် ကင်ဆာ ဆဲလ်ကြီးထွားမှုကို နှေးကွေးစေကြောင်း လေ့လာမှုအ များအပြားက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ပြုလုပ်တဲ့ လေ့လာမှု တစ်ရပ်အရ ကြက် သွန်ဖြူကို များများ စားတဲ့ အမျိုးသားတွေ က ဆီးကျိတ် ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာ ခိုင်နှုန်း လျော့ကျ နေကြောင်း သိရပါ တယ်။ ကြက်သွန်ဖြူကို အစိမ်းလိုက်စား တာက ကင်ဆာ ကာကွယ်ပေးတဲ့ ကောင်း ကျိုးကို ရရှိစေပါတယ်။

(၂) နှလုံးကို ကျန်းမာစေခြင်း

ကြက်သွန်ဖြူမှာ ပါတဲ့ ဒြပ်ပေါင်း တွေက ဟိုက်ဒရိုဂျင် ဆာလ်ဖိုက် အဖြစ် ကူးပြောင်းပြီး သွေးကြောတွေကို အနားရစေ ကာ သွေးစီးဆင်းမှုနဲ့ သွေးလှည့် ပတ်မှုကို ကောင်းမွန် စေပါတယ်။ လေ့လာမှု အရ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်ဟာ နှလုံးရောဂါ မဖြစ်အောင် ကာကွယ် ပေးနိုင်ပြီး နှလုံး ရောဂါထမှု(Heart Attack) ကိုပါ ကာ ကွယ်ပေးကြောင်း သိရပါတယ်။ ကြက် သွန်ဖြူ မစားတဲ့ အမျိုးသား တွေနဲ့ ယှဉ်ရင် ကြက်သွန်ဖြူ စားသူတွေက သွေးကြော ထဲမှာ သွေးခဲဖတ် ပိတ်ဆို့မှု ၅၀ ရာခိုင် နှုန်း နှေးကွေးကြောင်း UCNA လေ့လာ မှုတစ်ရပ်အရ တွေ့ရပါတယ်။

(၃) အမျိုးသား မစွမ်းဆောင်နိုင်မှုကို ကုသပေးခြင်း

ကြက်သွန်ဖြူက တက်စတို စတီရုန်း ကျားဟော်မုန်း အဆင့်ကို တိုးစေပြီး သွေး လှည့်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါ့ အပြင် မစွမ်းဆောင် နိုင်မှုကို သက်သာ စေတဲ့ အင်ဇိုင်း ထုတ်လုပ်မှုကို လှုံ့ဆော် ပေးနိုင်ပါတယ်။ 

ကေအမ် ကြက်သွန်ဖြူက လူ့ခန္ဓာကိုယ် ကျန်းမာရေး အတွက် ကောင်းမွန်တာ မှန်ပေမယ့် အမျိုးသားတွေ ရရှိနိုင်တဲ့ သီးသန့် အကျိုးကျေးဇူး သုံးမျိုး ရှိပါတယ်။

(၁) ဆီးကျိတ် ကင်ဆာ ကာကွယ်မှု

၉၆၉ တရားခွေ ရဲက ဖမ်းသလား

ရန်ကုန်မြို့ ဆူးလေလမ်းမပေါ်တွင် ရောင်းချနေသည့် ၉၆၉ တရားခွေနှင့် အမှတ်တံဆိပ်များ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


သံဃာ အချို့က ဗုဒ္ဓဘာသာ၏ သင်္ကေတတံဆိပ် အဖြစ် သတ်မှတ်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော   ၉၆၉ အမှတ် တံဆိပ်ပါ တရားခွေ များကို သက်ဆိုင်ရာက ဖမ်းဆီးသိမ်းဆည်း အရေးယူနေသည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်း ကြောင့် ရောင်းအားနှင့် ၀ယ်အား သိသိသာသာ ကျဆင်းလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ထိုင်းနိုင်ငံသည် ဒေသတွင်း၌ အကြမ်းဖက် တိုက်ခိုက်ခံရမှု အများဆုံး ဖြစ်နိုင်သော နိုင်ငံဟု အမေရိကန် (FBI) ဖော်ပြခဲ့ခြင်းအား ထိုင်းကြည်းတပ် ဦးစီးချုပ်က ပယ်ချခဲ့ခြင်း

ထိုင်းနိုင်ငံသည် အာရှ၌ အကြမ်းဖက် တိုက်ခိုက်ခံရမှု အများဆုံး ဖြစ်နိုင်သော နေရာ ဖြစ်ကြောင်း အမေရိကန် ဗဟိုစုံစမ်း စစ်ဆေးရေး ဗျူရို (FBI)က စာရင်းသွင်း ထားခြင်းကို ထိုင်းကြည်းတပ် ဦးစီး ချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန် အိုချာက ပယ်ဖျက် ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနီးကမိစ္ဆာနှင့်နိုင်ငံရေးတစှေ္ဆမှင်စာ ဗြုတ်စဗျင်းတောင်းများ

 ဒီမိုကရေစီလုံးဝဥဿုံအလုံး စုံဖျက်ဆီးခံခဲ့ရ၍ နိုင်ငံနှင့် လူမျိုး အပျက်စီးကြီးပျက်စီးခဲ့ရပြီ၊ တိုင်ပြည်ကလိုအပ်နေသော စစ်မှန်သော ဒီမိုကရေစီကိုမရသေး စစ်မှန်သောဒီမိုကရေစီပန်းတိုင် သို့ ဒေါ်အောင်ဆန်း စုကြည်ခေါင်း ဆောင်သော အမျိုးသား ဒီမိုကရေ စီအဖွဲ့ချုပ်ဟာ ဦးဆောင်

မိတ္ထီလာ ပဋိပက္ခဖြစ်စဉ် စုံစမ်းစစ်ဆေးမှု ရလဒ်အရ ပြည်တွင်း အဖွဲ့အစည်းမှ ပြုလုပ်ခဲ့ခြင်းဟု ယူဆပြီး လူ ၄၀ ကျော်အား ဖမ်းဆီးစစ်ဆေးလျက်ရှိ

matehtilararrest40people-april8မိတ္ထီလာမြို့နယ် အတွင်းရှိ အင်းကုန်းကယ်ဆယ်ရေး စခန်းအတွင်းရှိ ဒုက္ခသည်များအား ဧပြီ ၅ ရက်နေ့ မနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ - ၀ဏ္ဏ(မိတ္ထီလာ))
မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှု ရလဒ်မှာ ပြီးဆုံးခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို

ပိုက်လိုင်းဖြတ်သွားမယ့် ရှမ်းပြည်နယ်ဒေသခံတွေ စာတင်

တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းဖေါက်လုပ်နေတဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း လမ်းကြောင်းမှာရှိတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက ဒေသခံ တောင်သူလယ်သမားတွေရဲ့ နစ်နာချက်တွေအတွက် တောင်သူတွေကိုယ်စား မြောက်ပိုင်း ရှမ်းလယ်သမားကော်မတီက ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဆီ တောင်းဆိုချက် ၆ ချက်ပါ စာကို ဒီကနေ့ ပေးပို့လိုက်တယ်လို့ ကိုယ်စားလှယ်တွေက RFA ကို ပြောပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးပေါ် ဖုန်းနံပါတ်များနှင့် တိုင်ကြား နိုင်သော ဖုန်းနံပါတ်များ ထုတ်ပြန် ကြေညာ

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးပေါ် ဖုန်းနံပါတ်များနှင့် တိုင်ကြား နိုင်သော ဖုန်းနံပါတ်များ ထုတ်ပြန် ကြေညာ

နေပြည်တော် ဧပြီ ၇

ပြည်ထဲရေး ဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြည်သူတို့၏ လုံခြုံရေးအား ကူညီ ဆောင်ရွက်ရန်နှင့် ပြည်သူလူထုမှ ပူးပေါင်း ကူညီရန် အတွက်

ထူးခြားဖြစ်စဉ် သတင်းများ၊ ပြည်သူလူထု၏ နစ်နာချက်များ၊ ရဲတပ်ဖွဲ့များ၏ ဥပဒေနှင့် ညီညွတ်မှု မရှိသော ဆောင်ရွက်ချက်များ၊ လုပ်ပိုင်ခွင့် အလွဲသုံးစား ပြုလုပ်မှုများ၊ အဂတိ လိုက်စားမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ရဲတပ်ဖွဲ့များတွင် အရေးပေါ် Hot Line ဖုန်းနံပါတ် ၁၉၉ တယ်လီဖုန်းများ၊ အော်တို တယ်လီဖုန်းများ တပ်ဆင် ပေးထားကြောင်း သိရှိရသည်။

အရေးပေါ် Hot Line တယ်လီဖုန်း အမှတ် ၁၉၉ တပ်ဆင်ထားသော ရဲတပ်ဖွဲ့များမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နေပြည်တော် ရဲတပ်ဖွဲ့၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့များ၊ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့များ ဖြစ်ကြပြီး ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့တွင် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးများတွင် လည်းကောင်း၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့တွင် အမှတ်(၁) ရဲတပ်ဖွဲ့စခန်း၊ တောင်ကြီးမြို့၊ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ လားရှိုးမြို့နှင့် ကျိုင်းတုံ ရဲတပ်ဖွဲ့စခန်း ကျိုင်းတုံမြို့တို့၌ လည်းကောင်း တပ်ဆင် ထားကြောင်း သိရသည်။

ပြည်သူလူထုမှ နစ်နာချက်များ တိုင်ကြားနိုင်သော ဖုန်းနံပါတ်များမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ဝ၆၇-၄၁၂၂၂၂ နှင့် ဝ၆၇-၄၁၂၄၄၄၊ နေပြည်တော် ရဲတပ်ဖွဲ့ ဝ၆၇-၅၅ဝ၃၃၃၊ ကချင်ပြည်နယ် ရဲတပ်ဖွဲ့ ဝ၇၄-၂၁၄၄၄၊ ကရင်ပြည်နယ် ရဲတပ်ဖွဲ့ ဝ၅၈-၂၃၃၅၅၊ စစ်ကိုင်းတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဝ၇၁-၂၄၉၉၆၊ တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဝ၅၉-၂၃၉၉၈၊ ပဲခူးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဝ၅၂-၂၃၉၉၉၊ မကွေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဝ၆၃-၂၈ဝ၉၉၊ မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဝ၂-၆၁၄၄၄၊ မွန်ပြည်နယ် ရဲတပ်ဖွဲ့ ဝ၅၇-၂၄၉၈၇၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ ဝ၄၃-၂၂၈၃၃၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဝ၁-၂၃ဝ၂၁၉၉၊ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ ဝ၈၁ -၂၁၂၅၄၅၅၊ ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဝ၄၂-၂၃၈၄၄ တို့ ဖြစ်ကြ သည်။

Re-Post By ACM  8-4-2013
အေးချမ်းမွန် Credit & Copy From > မြ၀တီ << Thank
ပြည်ထဲရေးဝန်ကြီးဌာနမန်မာနိုင်ငံရဲတပ်ဖွဲ့က ပြည်သူတို့၏လုံခြုံရေးအား ကူညီဆာင်ရွက်ရန်နှင့် ပြည်သူလူထုမှ ပူးပေါင်းကူညီရန်အတွက် ထူးခြားဖစ်စဉ်သတင်းများ၊ ပြည်သူလူထု၏ နစ်နာချက်များ၊ ရဲတပ်ဖွဲ့များ ၏ ဥပဒေနှင့်ညီညွတ်မှုမရှိသောဆာင်ရွက်ချက်များ၊ လုပ်ပိုင်ခွင့် အလွဲသုံးစားပုလုပ်မှုများ၊ အဂတိလိုက်စားမှုများနှင့် ပတ်သက်၍ တိုင်ကြားနိုင်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နှင့် တိုင်းဒေသကြီး / ပြည် နယ် ရဲတပ်ဖွဲ့များတွင် အရေးပေါ် Hot Line ဖုန်းနံပါတ် ၁၉၉ တယ်လီဖုန်းများ၊ အော်တိုတယ်လီဖုန်းများ တပ်ဆင် ပေးထားကြောင်း သိရှိရသည်။

နေ့စဉ်ထုတ် သတင်းစာများ အားကောင်းမောင်းသန် ဖြစ်ပါစေ

 
နှစ်ကာလများစွာ ပိတ်ပင်ထားခြင်း ခံခဲ့ရရာမှ ယခုအခါ နိုင်ငံတော်အစိုးရက ပုဂ္ဂလိက နေ့စဉ်ထုတ် သတင်းစာ ၁၆ စောင်ကို ထုတ်ဝေခွင့် ပေးလိုက်ပြီ။ မြန်မာပြည် မီဒီယာလောကအတွက် ဝမ်းမြောက်ဖွယ်ဖြစ်၏။

ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်း မြို့နယ် သုဝဏ္ဏမြို့ဦးစေတီမှ ဘူးဆရာတော်ဘုရားကြီးသည် အင်းစိန်မြို့နယ် ကံဦးကျောင်းတိုက် အတွင်းရှိ ကန်တော်မင်္ဂလာရေကန်တွင် ၈.၄.၂၀၁၃နေ့က ရေကသိုဏ်းရှုနေပုံ


ရဲဝတ္တရား နှောင့်ယှက်မှုဖြင့် လူ(၄)ဦးအား ကျောက်တံတားစခန်းမှ တရားစွဲ

ရဲဝတ္တရား နှောင့်ယှက်မှုဖြင့် လူ(၄)ဦးအား ကျောက်တံတားစခန်းမှ တရားစွဲ
Monday, April 8, 2013


ဧပြီလ(၄)ရက်နေ့ ကိုရဲမင်းဦးအားရုံးထုတ်လာစဉ် တာဝန်ယူထားရသည့် ရဲတပ်ဖွဲ့ဝင်များ၏  တာဝန်နှင့် ၀တ္တရားကို   နှောင့်ယှက်သည်ဆိုကာ ကျောက်တံတားမြို့နယ် ရဲစခန်းမှ အမျိုးသမီးတစ်ဦးအပါအ၀င် လူ(၄)ဦးကို ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုထားကြောင်း ကျောက်တံတားမြို့နယ်ရဲစခန်းက သိရှိရသည်။

 

တရားစွဲဆိုရာတွင် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲအုပ်ဦးသိန်းနိုင်မှ တရားလိုပြုလုပ်၍ (ပ) ၁၃၁/၂၀၁၃   ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၅၃/၅၀၆) ပြည်သူ့ဝန်ထမ်းအား ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် ရာဇ၀တ် မကင်းသော ခြောက်လှန့်မှုများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

 

တရားစွဲဆိုခံရသူ (၄)ဦးမှာ (၈၈)မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုချစ်ကိုလင်း၊ ကိုရဲမင်းဦး ၏ညီဖြစ်သူ ကိုရဲမင်းအောင်၊ ကျောင်းသားသမဂ္ဂဖြစ်မြောက်ရေး ကော်မတီမှ ကိုရဲမြတ်ဟိန်းနှင့် မနွဲ့နှင်းရည်(ခ) နိုးနိုးတို့ ဖြစ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့အနေနဲ့ အမှုဖွင့်ထားပြီးဖြစ်လို့ ထွက်ချက်ပေးရတယ်။ ကိုယ်ထိလက်ရောက် တွန်းထုတ်တယ် ခြိမ်းခြောက်တယ်၊ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုပြီး စွပ်စွဲတယ်၊ ပြန်လည် တရားစွဲဆိုမယ်ဆိုပြီး ခြိမ်းခြောက် စကားလုံးသုံးတယ်ဆိုပြီး ခေါ်စာမှာ ရေးထားတယ်၊ အဲဒါတွေကို ကျူးလွန်ခဲ့ခြင်းမရှိဘူးဆိုပြီး ထွက်ဆိုချက်မှာ ရှင်းလင်းပေးခဲ့တယ်”ဟု (၈၈) မျိုးဆက်ကျောင်းသား ကိုချစ်ကိုလင်းက ပြောသည်။

 

ဧပြီလ(၆)ရက်နေ့တွင် ကျောက်တံတားမြို့နယ်ရဲစခန်းမှ တရားစွဲဆိုခံရသူ(၄)ဦးကို ဆင့်ခေါ်စာဖြင့်ခေါ်ယူပြီး ရဲစခန်းတွင် ဧပြီလ(၇)ရက်နေ့၌ ထွက်ဆိုချက်ပေးခဲ့ရကြောင်း သိရှိရသည်။

 

 “ကိုယ်ပိုင်ခံဝန်နဲ့ ထွက်လာခဲ့တယ်၊ တရားရုံးကို ဘယ်နေ့စွဲတင်မလဲဆိုတာတော့ မသိသေးဘူး၊ ရဲစခန်းမှာ လာဖြေ ရှင်းတယ် ဆိုတာကလည်း ဥပဒေကို လေးစားတယ်ဆိုတာပြတဲ့အနေနဲ့ ဖြေရှင်းခြင်းဖြစ်တယ်၊ ဥပဒေကို လေးစားသလို ဥပဒေရဲ့ အကာအကွယ်ကိုလည်း လိုချင်ပါတယ်၊ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေမှာ သက်ဆိုင်ခြင်းမရှိဘူး ဆိုပြီးဖြေရှင်းခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။

 

 ယခု တရားစွဲဆိုခံရသူများမှာ ၎င်းတို့ အကျဉ်းထောင်မှပြန်လည်လွတ်မြောက်လာစဉ် ပထမဦးဆုံးအကြိမ်အဖြစ် တရားစွဲခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အခင်းဖြစ်ပွားရာတွင် ကိုရဲမင်းဦးအား ရုံးထုတ်လာစဉ် မိသားစုနှင့်တွေ့ခွင့်ပေးရန် မိတ်ဆွေများနှင့် စကားပြောခွင့် ပေးရန် တောင်းဆိုရာမှ ပဋိပက္ခအသွင်စတင်ခဲ့ခြင်းခဲ့ခြင်းဖြစ်ကြောင်းကိုလည်း သိရှိရသည်။

 

“မိသားစုနဲ့တွေ့ခွင့်ဆိုတာကို ဥပဒေက ခွင့်ပြုပေးပြီးသား၊ သူ့ရဲ့ရှေ့နေ မိသားစု မိတ်ဆွေတွေနဲ့ တွေ့ဆုံခွင့်ကို ဥပဒေက ခွင့်ပြုပေးထားတယ် ၊ လာတဲ့သူတွေကလည်း မိတ်ဆွေနဲ့ သူ့ညီတောင်ပါတယ်။ ညီပါ တရားခံ ဖြစ်ရ တယ်ဆိုတော့ ၀မ်းနည်းစရာကောင်းတယ်၊ ဒီလောက်လူအုပ်ကြီးရှိနေတဲ့အချိန်မှာ ၃၅၃ ဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊  ကျွန်တော်တို့လူတွေဟာ မင်းမဲ့ဝါဒီတွေ မဟုတ်ဘူး ဥပဒေကို လေးစားတဲ့သူတွေဖြစ်တယ်၊ ဒါကိုပြန်ပြီး သုံးသပ်မယ်လိုတော့ ယုံကြည်တယ်။ အမှုဖွင့်စစ်ဆေးတဲ့ အဆင့်ဆိုတော့ ပြောရတာ နည်းနည်းတော့ စောသေး တယ်”ဟု အဆိုပါအမှုအားလိုက်ပါဆောင်ရွက်ပေးမည့် တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က သုံးသပ်သည်။

 

လက်ရှိတွင် တရားစွဲခံရသူ (၄)ဦးကို ကိုယ်ပိုင်ခံဝန်ဖြင့် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် လတ်မှတ်ထိုးထား ခဲ့ရပြီး တရားရုံး၌စွဲချက်တင်ရန်နေ့ အတိအကျ မသိရှိရသေးကြောင်းကိုလည်း သိရှိရသည်။

ထွန်းနေအောင် (မြစ်မခ)
by Myit Makha Mediagroup ဧပြီလ(၄)ရက်နေ့ ကိုရဲမင်းဦးအားရုံးထုတ်လာစဉ် တာဝန်ယူထားရသည့် ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်နှင့် ၀တ္တရားကို နှောင့်ယှက်သည် ဆိုကာ ကျောက်တံတားမြို့နယ် ရဲစခန်းမှ အမျိုးသမီးတစ်ဦးအပါအ၀င် လူ(၄)ဦးကို ပုဒ်မနှစ်ခုဖြင့် တရားစွဲဆို ထားကြောင်း ကျောက် တံတားမြို့ နယ်ရဲစခန်းက သိရှိရသည်။

ထားဝယ် ရေနက်ဆိပ်ကမ်းမှ ထိုင်းသို့ ပင်လယ်ရေအောက် ဖိုက်ဘာဆက်သွယ်ရေး ဆောင်ရွက်ရန် ထိုင်းကုမ္ပဏီတစ်ခု စိတ်ဝင်စား

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် ထိုင်းသို့ ဆက်သွယ်မည့် ပင်လယ်ရေအောက် ဖိုက်ဘာဆက်ကြောင်း ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံပိုင် CAT Telecom က စိတ်ဝင်စားနေကြောင်း သိရသည်။

မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ တရုတ်ပြည်ရဲ့ကဏ္ဍ တရုတ်သံရုံး ရှင်းလင်း

တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ ပြည်သူ့ မဟာခန်းမ အဆောက်အအုံကြီး ရှေ့တွင် အစောင့် တပ်သားတဦး တာဝန်ကျနေပုံ ဖြစ်ပါသည်။ (Photo: AFP)
မြန်မာနိုင်ငံအစိုးရနဲ့ KIO/KIA ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်ပြည်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ရှင်းလင်းထားတဲ့ ကြေညာချက်တစ်စောင်ကို ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့ နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေရှ့် အခြေစိုက် အဖွဲ့အစည်းတွေ ခြိမ်းခြောက်

မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်မှာ တည်ငြိမ်မှု မရှိအောင် ဘင်္ဂလားဒေရှ့် အခြေစိုက် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေက ခြိမ်းခြောက်နေတယ်လို့ မောင်တောခရိုင် အခြေစိုက် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး အောင်နိုင်ဦးက RFA ကို ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည် ပအော်ပရေတာ ၂၂ ခုမှ Pre-qualification Application တင်သွင်း

ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည်
ပအော်ပရေတာ ၂၂ ခုမှ Pre-qualification Application တင်သွင်း
Monday, April 8, 2013

ပြည်တွင်းရှိ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများအတွက် ဆက်
သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည်ပအော်
ပရေတာ ၂၂ ခုမှ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် Pre-qualification Application တင်သွင်းခဲ့ကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ
အကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတစ်ဝန်း ဆက်သွယ်ရေး ၀န်ဆောင်မှု ရရှိစေမည့် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းလိုင်စင်နှစ်ခု ခွင့်ပြုရန်အတွက် ဆက်သွယ်ရေး အော်
ပရေတာ တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီမှ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ ညနေ ၃ နာရီ၌ Pre-qualification Application များအား ဖွင့်ဖောက် စစ်ဆေး
ခဲ့ရာ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီ ၂၂ ခုမှ တင်သွင်းသည့်Document
 များအား စိစစ်ပြီး ကော်မတီအနေဖြင့် လက်ခံ အတည်ပြုခဲ့ကြောင်း သိရ
သည်။

Pre-qualification Application Process အောင်မြင်သည့် အော်ပရေတာ
များ၏ စာရင်းအား ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ကြေညာသွား
မည် ဖြစ်သည်။

အဆိုပါ ဆက်သွယ်ရေး ၀န်ဆောင်မှုအတွက် လိုင်စင်လျှောက်ထားရာတွင် အဆင့်သုံးဆင့် ခွဲခြားသတ်မှတ်ထားပြီး ပထမအဆင့် အနေဖြင့် ကော်မတီမှ မည်သည့်စီးပွားရေး လုပ်ငန်းစုကိုမဆို ၎င်းတို့ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားပါက ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့် လိုင်စင်အား လျှောက်
ထားနိုင်ကြောင်း၊ ဒုတိယအဆင့်တွင် ယင်းလုပ်ငန်းစုများ အနေဖြင့် ဆက်
သွယ်ရေး အော်ပရေတာများအဖြစ် လုပ်ကိုင်ဆောင်ရွက်ရန် အရည်အသွေး
ရှိ၊ မရှိနှင့် တတိယ အဆင့်အတွက် ဆက်လက်ပါဝင် အရွေးချယ်ခံနိုင်ခြင်းရှိ၊ မရှိ စသည့်အချက်များကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

လိုင်စင်လျှောက်ထားခွင့် ဒုတိယမြောက် အဆင့်တွင် ၎င်းလုပ်ငန်းစုများ အနေဖြင့် ဆက်သွယ်ရေး အော်ပရေတာများအဖြစ် လုပ်ကိုင် ဆောင်ရွက်
ရန် အရည်အသွေး ရှိ၊ မရှိနှင့် တတိယအဆင့်အတွက် ဆက်လက်ပါဝင် အရွေးချယ်ခံနိုင်ခြင်း ရှိ၊ မရှိ စသည့် အချက်များကို စစ်ဆေးသွား
မည်ဖြစ်ကြောင်း သိရသည်။ 

ဒုတိယမြောက် အဆင့်တွင် လာရောက် လျှောက်ထားသူ ကုမ္ပဏီများ
အနေဖြင့် သတ်မှတ်ထားသော အခြေခံ လိုအပ်ချက်များဖြစ်သည့် အရင်းအမြစ်၊ ဘဏ္ဍာရေး ခိုင်မာတောင့်တင်းမှု၊ လုပ်ငန်းလည်ပတ် နိုင်
စွမ်းရှိ၊ မရှိ၊ ဒီဇိုင်းအတွေ့အကြုံ၊ အကောင်အထည် ဖော်နိုင်စွမ်း ရှိ၊ မရှိ စသည့် အချက်များကို စစ်ဆေးသွားနိုင်ရန် ရည်ရွယ်ထားသည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများအရ ဆက်သွယ်ရေး ကဏ္ဍအတွက် Myanmar Telecom, Yatanarpon Telecom ကုမ္ပဏီ
နှစ်ခုနှင့်အတူ သီးခြားဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုတို့မှ ဆက်သွယ်ရေး ကဏ္ဍအတွက် အပြိုင်ဝန်ဆောင်မှု ပေးကြမည်ဖြစ်ပြီး ယင်းဆက်သွယ်ရေး ကုမ္ပဏီလေးခုမှ ၂၀၁၃ မှ ၂၀၁၆ ခုနှစ် အတွင်း၌ မိုဘိုင်းဖုန်း အလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရှိရပါသည်။

၂၀၁၂ ခုနှစ်က ကျပ်နှစ်သိန်းတန် မိုဘိုင်းဆင်းကတ်များကို ရတနာပုံ
တယ်လီကွန်ကုမ္ပဏီမှ ရောင်းချပေးနေစဉ်
Eleven Media Group ပြည်တွင်းရှိ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများအတွက် ဆက် သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည်ပအော်
ပရေတာ ၂၂ ခုမှ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် Pre-qualification Application တင်သွင်းခဲ့ကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ အကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧပြီ ၇ ရက် ည ၁၁း၅၀ အထိ ယှဉ်ပြိုင်ကစားပြီးသော အင်္ဂလန် ပရီးမီးယားလိဂ်၊ စပိန်လာလီဂါ၊ ဂျမန်ဘွန်ဒက်စ်လီဂါနှင့် အီတလီစီးရီးအေ ဘောလုံးပွဲရလဒ်များ


အင်္ဂလန်ပရီးမီးယားလိဂ်
=============
ရက်ဒင်း ၀ - ၂ ဆောက်သမ်တန်
နောဝစ်ခ်ျ ၂ - ၂ ဆွမ်ဆီး
စတုတ် ၁ - ၃ အက်စတန်ဗီလာ
ဝက်စ်ဘရွန်း ၁ - ၂ အာဆင်နယ်
လီဗာပူးလ် ၀ - ၀ ဝက်စ်ဟမ်း

မြောက်ကိုရီးယားက တာလတ်ပစ် ဒုံးကျည်နှစ်ခုကို နေရာရွှေ့ပြောင်း၊ တောင်ကိုရီးယားက အဆင့်မြင့်ရေဒါ စနစ်ပါသော ဖျက်သင်္ဘောများကို ကမ်းရိုးတန်းများသို့ စေလွှတ်

မြောက်ကိုရီးယားက တာလတ်ပစ် ဒုံးကျည်နှစ်ခုကို နေရာရွှေ့ပြောင်း၊ တောင်ကိုရီးယားက အဆင့်မြင့်ရေဒါ စနစ်ပါသော ဖျက်သင်္ဘောများကို ကမ်းရိုးတန်းများသို့ စေလွှတ်

Sunday, 07 April 2013 22:56 


မြောက်ကိုရီးယား နယ်စပ်အနီး ဟွာချီယွန်တွင် တောင်ကိုရီးယားတပ်များ စစ်ရေးလေ့ကျင့်နေစဉ် (Photo - AFP)

မြောက်ကိုရီးယားသည် တာလတ်ပစ် ဒုံးကျည်နှစ်ခုကို ရွှေ့ပြောင်းပစ်ခတ်နိုင်သော လောင်ချာသို့ ထည့်သွင်းခဲ့ပြီး ပစ်ခတ်ရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက် သတင်းရင်းမြစ်များကို ကိုးကားပြီး တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဧပြီ ၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ပြီးခဲ့သော ရက်ပိုင်းအတွင်း မြောက်ကိုရီးယား အရှေ့ဘက်ကမ်းရိုးတန်းသို့ ဒုံးကျည်များနှင့် လောင်ချာများကို ရထားများဖြင့် ရွှေ့ပြောင်းခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် တာဝန်ရှိသူတစ်ဦးကလည်း ဧပြီ ၄ ရက်တွင် စီအင်န်အင်န်သို့ ပြောကြားခဲ့သည်။ ယခုအခါ အရှေ့ဘက် ကမ်းရိုးတန်းအနီး မဖော်ပြနိုင်သော နေရာတစ်ခု၌ ဒုံးကျည်နှစ်ခုကို မြောက်ကိုရီးယားက ၀ှက်ထားသည်ဟု ယွန်ဟပ်က ဖော်ပြခဲ့သည်။

ယင်းကို တုံ့ပြန်သောအားဖြင့် တောင်ကိုရီးယားက အဆင့်မြင့်ရေဒါစနစ် တပ်ဆင်ထားသော Aegis ဖျက်သင်္ဘော နှစ်စင်းကို ကမ်းရိုးတန်း နှစ်ခုစလုံးသို့ စေလွှတ်ခဲ့ကြောင်း ရေတပ်သတင်းရင်းမြစ်များကို ကိုးကားပြီး ယွန်ဟပ်က ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားတို့ ရွှေ့ပြောင်းနေသော လောင်ချာကိရိယာများမှာ မိုင် ၂၅၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်သော Musudan ဒုံးကျည်ကို ပစ်ခတ်ရာတွင် အသုံးပြုသော ပစ္စည်းများနှင့် တူညီမှုရှိကြောင်း သိရပြီး ယင်းကဲ့သို့ ဒုံးကျည်များ ရွှေ့ပြောင်းနေမှုမှာ မကြာမီ ပစ်လွှတ်ရန် စီစဉ်နေသည်ဟု ထင်မှတ်ရကြောင်း ခန့်မှန်းရသည်။ ယင်းပစ်ခတ်နိုင်သော အကွာအဝေးမှာ တောင်ကိုရီးယား၊ ဂျပန်နှင့် အရှေ့တောင်အာရှ နိုင်ငံများကို ခြိမ်းခြောက်နိုင်ကြောင်း သိရသည်။

သို့သော် ယင်းကဲ့သို့ ဒုံးကျည်များရွှေ့ပြောင်းမှုမှာ ပစ်မှတ်ထား တိုက်ခိုက်ရန်ဆိုခြင်းထက် စမ်းသပ်ပစ်ခတ်မှု ပြုလုပ်ရန် ဖြစ်နိုင်သည်ဟု ယုံကြည်ရသည်။ ဧပြီ ၃ ရက်တွင် အမေရိကန်သည် ပဲ့ထိန်းဒုံးခွင်းစနစ်ကို အမေရိကန် ရေတပ်နှင့် လေတပ်အခြေစိုက် စခန်းများ အခြေစိုက်ရာ ဂူအမ်သို့ ပေးပို့ခဲ့သည်။

ကျွမ်းကျင်ပညာရှင်အများစုက မြောက်ကိုရီးယားသည် ဒုံးကျည်တစ်ခုတွင် နျူထိပ်ဖူးတပ်ဆင်ကာ ပစ်လွှတ်နိုင်သော နည်းပညာရရှိရန် နှစ်ပေါင်းများစွာ အချိန်ယူရဦးမည်ဖြစ်ကြောင်း လက်ခံထားကြသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက မြောက်ကိုရီးယားသည် ဗြိတိန်အား တိုက်ခိုက်လာနိုင်သည်ဟု ဧပြီ ၄ ရက်တွင် အခိုင်အမာ ပြောကြားခဲ့သည်။ ကွန်မြူနစ် အာဏာရှင် ကင်ဂျုံအွန်တွင် ဗြိတိန်အထိ ရောက်နိုင်သော ဒုံးကျည်များရှိနေသည်ကို သူသိရှိထားပြီး ဖြစ်ကြောင်း ကင်မရွန်းက ပြောကြားခဲ့သည်။

ကင်မရွန်းက မိမိတို့အနေဖြင့် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် တရားမ၀င် ပိုင်ဆိုင်ထားမှုကို တန်ပြန်ခြိမ်းခြောက်နိုင်ရန်အတွက် မိမိတို့၏ နျူကလီးယားလက်နက်ကို မစွန့်လွှတ်ဘဲ ထိန်းသိမ်းထားရမည်ဖြစ်ကြောင်း စကော့တလန် အနောက်ကမ်းရိုးတန်းတွင် ကင်းလှည့်နေသော HMS Victorious အမည်ရှိ နျူကလီးယား ရေငုပ်သင်္ဘောအား သွားရောက်စစ်ဆေးစဉ် ပြောကြားခဲ့သည်။

အမေရိကန် B-52 နှင့် B-2 စတဲ့လ်သ် ဗုံးကြဲလေယာဉ်များ၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရေးအတွက် နျူကလီးယားလက်နက်များ အပါအ၀င် စစ်ရေးဖြင့် တုံ့ပြန်ရေးအတွက် နောက်ဆုံးအတည်ပြုချက်ကို ရရှိခဲ့ကြောင်း မြောက်ကိုရီးယား စစ်တပ်က ဧပြီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။  ဧပြီ ၅ ရက်တွင် မြောက်ကိုရီးယားက ပြုံယမ်းရှိ ပြည်ပသံရုံးများရှိ ၀န်ထမ်းများ၏ လုံခြုံရေးအတွက် ဧပြီ ၁၀ ရက်နောက်ပိုင်း အာမခံချက် မပေးနိုင်တော့ဟု သတိပေးချက် ထုတ်ပြန်ခဲ့ပြီး ၀န်ထမ်းများကို အရေးပေါ်ရွှေ့ပြောင်းရန် စဉ်းစားသင့်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

Ref:AFP
မြောက်ကိုရီးယားသည် တာလတ်ပစ် ဒုံးကျည်နှစ်ခု ကို ရွှေ့ပြောင်း ပစ်ခတ်နိုင်သော လောင်ချာသို့ ထည့်သွင်းခဲ့ပြီး ပစ်ခတ်ရန် အဆင်သင့် ရှိနေပြီဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက် သတင်းရင်းမြစ်များကို ကိုးကားပြီး တောင်ကိုရီးယား ယွန်ဟပ်သတင်းဌာနက ဧပြီ ၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။