Wednesday, May 28, 2014

မိဘသဘောမတူသောသူနှင့်ခိုးယူပေါင်းသင်းသည့် ပါကစ္စတန်မိန်း ကလေးတစ်ဦးအား တရားရုံးအပြင်ဘက်တွင်မိသားစုတွေ ကခဲနှင့်ပေါက်သတ်


 
 
 
 
 
 
 
 
 
 
ပါကစ္စတန်နိုင်ငံ လာဟိုးရ်မြို့က တရားရုံးချုပ်အပြင်ဘက်မှာ အမျိုးသမီး တစ်ဦးကို သူ့မိသားစုဝင်တွေက ခဲတွေနဲ့ ပစ်ပေါက်ပြီး အသေသတ် ပစ်ခဲ့ကြ ပါတယ်။

အဲဒီ အမျိုးသမီးဟာ သူ့ မိသားစုဝင်တွေ သဘောမတူတဲ့ သူနဲ့ လက်ထပ်ခဲ့တာကြောင့်လို့ ဆိုပါတယ်။
ဖါဇာနာပါဗင်းဆိုသူ အမျိုးသမီးကိုမိသားစုဝင် (၂၀)ဦးခန့်ကလားဟိုးရ်မြို့ တရားရုံးချုပ်အပြင်ဘက်မှာခဲနဲ့ပေါက် သတ် လိုက်တဲ့ဖြစ်ရပ်ပါ။ သူမိသားစုဝင်တွေကတော့ အသက်(၂၅)နှစ်ရှိတဲ့

လူဦးရေတစ်သိန်းကျော်သည့် မြို့ကြီးများတွင် တန်ဖိုးမျှတအိမ်ရာများ ဆောက်လုပ်မည်

တန်ဖိုးမျှတအိမ်ရာများကို ပြည်နယ်နှင့်တိုင်းများတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် တိုင်းနှင့် ပြည်နယ် အစိုးရအဖွဲ့များနှင့် ဆွေးနွေးဆောင်ရွက်နေသည်ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က မဇိ္ဈမကို ပြောသည်။
မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက တန်ဖိုးမျှတအိမ်ရာများကို ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့တွင် တည်ဆောက်လျက်ရှိပြီး လူဦးရေတစ်သိန်းအထက်နေထိုင်လျက်ရှိသည့် မြို့ကြီးများတွင်လည်း တန်ဖိုး မျှတအိမ်ရာများကို တိုင်းဒေသအစိုးရအဖွဲ့များနှင့် ညှိနှိုင်းကာ တည်ဆောက်သွားရန် စီစဉ်လျက်ရှိခြင်းဖြစ် သည်။
ဒေါ်အေးအေးမြင့်က “ ရောင်းချမယ့် ပုံစံတွေက ရန်ကုန်လိုပုံစံမျိုးတော့ မဟုတ်ပါဘူး။ တန်ဖိုးမျှတ

အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောမှုကို သတိပေးရန် ရွေးကောက်ပွဲကော်မရှင် လုပ်ပိုင်ခွင့်မရှိဟု NLD တုံ့ပြန်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟောပြောမှုများကို သတိပေးရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် လုပ်ပိုင်ခွင့် NLD ပါတီ ဗဟိုကော်မတီဝင် ဦးထွန်းထွန်းဟိန်က တုံ့ပြန်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ များတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်း ဆိုင်ရာ ဥပဒေပါ သတ်မှတ်ချက် ဘောင်ကျော်သည့် ဟောပြောမှုများကို သတိထားရန် အသိပေးစာ တစ်စောင်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ မေလ ၂၂ ရက်နေ့ ရက်စွဲဖြင့် ပေးပို့ထားခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

နှစ်နှစ် ပြည့်ပြီ ဖြစ်တဲ့ ရခိုင်အရေး အစိုးရ ဘယ်လိုဖြေရှင်းမလဲ

ရန်ကုန်၊ မဇ္ဈိမ။ ။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော် ကျေးရွာအနားမှာ၊ ရခိုင်အမျိုးသမီးတစ်ဦးကို ဘင်္ဂါလီလူငယ် သုံးဦးက အဓမ္မပြုကျင့်
သတ်ဖြတ်ခဲ့တာက စတင်တယ်လို့ ပြောနိုင်တဲ့ ရခိုင်ပဋိပက္ခဖြစ်ပွားခဲ့တာ ယခုနှစ် မေလ ၂၈ ရက်ဆို နှစ်နှစ်ပြည့်ပါပြီ။

မြန်မာနိုင်ငံတွင် တရားမဝင် နေထိုင်သော တရုတ်နိုင်ငံသားများကိစ္စ တရုတ်အစိုးရ တာဝန်မယူဟုဆို

တရုတ်နယ်စပ် ဒေသများမှ တစ်ဆင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ရွှေ ထွက်ရာ၊ ဓာတ်သတ္တုထွက်ရာ ဒေသများသို့ တရားမဝင် လာရောက်ကာ အလုပ်လုပ်ကိုင် နေထိုင်နေကြသည့် တရုတ်နိုင်ငံသား များကို အရေးယူခြင်းနှင့် ပတ်သက်၍ တာဝန် မယူကြောင်း၊ ၄င်းတို့ကို တစ်စုံတစ်ရာ ကူညီဆောင်ရွက်ပေးမည် မဟုတ်ကြောင်း မန္တလေးမြို့တော် အခြေစိုက် တရုတ် ကောင်စစ်ဝန်ရုံး ကောင်စစ်ဝန်ချုပ် Wang Yu က ပြောကြားသည်။


တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ သာမက မည်သည့်နိုင်ငံသို့ မဆို တရားဝင် သွားရောက်နေထိုင်ခြင်း ကိုသာ ခွင့်ပြုထားပြီးတရုတ် နိုင်ငံသားများ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်သည်ကို ဖမ်းဆီးမိပါက မြန်မာနိုင်ငံရှိ ဥပဒေများဖြင့် လွတ်လပ်စွာ တရားစီရင်နိုင်ကြောင်း၊ အဆိုပါ နိုင်ငံသားကို အပြစ်ပေး အရေးအယူခြင်းကြောင့် တရုတ် ကောင်စစ်ဝန်ရုံးက အဆိုပါ အပြစ်ပေးခံ ရသူများကို တစ်စုံတစ်ရာ ကူညီ ဆောင်ရွက်ပေး မည်မဟုတ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

"ကျွန်တော်တို့နိုင်ငံ မှာလည်း တရားမဝင် လာရောက်နေထိုင်တဲ့ နိုင်ငံခြားသားကို ပြင်းပြင်းထန်ထန် အရေးယူပါတယ်"ဟု Wang Yu က ဆိုသည်။

ထွေအုပ်စာရေးအိမ်အတွင်းမှ ရတနာပစ္စည်း ကျပ်သိန်း၄၀၀ ကျော်ဖိုး ခိုးယူခံရ

ကျောက်တန်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးအဆင့်(၁) ဖြစ်သူ၏ အိမ်အတွင်းမှ ရတနာပစ္စည်း ကျပ်သိန်း ၄၀၀ ကျော်ဖိုးကို ၀င်ရောက်ခိုးယူခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၂၆ ရက်၊မွန်းလွဲ ၁ နာရီခွဲအချိန်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ကျောက်တန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးအဆင့်(၁)ဖြစ်သူ ကိုရန်ပိုင်ထွေး သည် နေအိမ်မှ “ရွှေတောင်” ထမင်းဆိုင်သို့ နေ့လယ်စာ သွားစားနေစဉ် တံခါးကိုဖွင့်၍ အိပ်ခန်းတွင်းရှိ ဗီရို အတွင်းမှ စိန်ထည်ပစ္စည်းများ၊ ရွှေထည်ပစ္စည်းများနှင့် ဖုန်းတစ်လုံး ခိုးယူသွားခြင်း ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့် မေးမြန်းခြင်း


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြတောင်းဆိုနေချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲများ ပြုလုပ်လာခဲ့သဖြင့် ယင်းဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီ ဗဟိုကော်မတီဝင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေနှင့် မေးမြန်းခဲ့သည်များအနက် အချို့ကို ကော်နုတ်ဖော်ပြပါသည်။
မေး- ဖွဲ့စည်းပုံပြင်ရေးနဲ့ပတ်သက်ပြီး NLD ဦးဆောင်လှုပ်ရှားမှုများလာတယ်။ အဲဒီတော့ NLD ပါတီက ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်ပြီး လူထုကိုဆွဲခေါ်လာတဲ့အပေါ်မှာ သဘောထား အမြင်လေး သိချင်ပါတယ်။

ကြည့်ရဲမှကြည့်ပါ၊ နှလုံးရောဂါရှိပါက မကြည့်ပါနဲ့


မြန်မာ အမျိုးသမီး ယူ-၁၉ အသင်း AFF U-19 Women 's Championship 2014 ပါဝင် ယှဉ်ပြိုင်မည်

Photo: မြန်မာ အမျိုးသမီး ယူ-၁၉ အသင်း AFF U-19 Women 's Championship 2014 ပါဝင် ယှဉ်ပြိုင်မည်
Wednesday, May 28, 2014

အာဆီယံ ဘောလုံး အဖွဲ့ချုပ်AFF ကြီးမှူး ကျင်းပမည့် AFF U-19 Women's Championship 2014 ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ သြဂုတ် ၁၆ရက်မှ ၂၆ရက် အထိ ကျင်းပ သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာ အသင်းသည် ဗီယက်နမ်၊ စင်ကာပူ၊ တီမောလက်စ် တေးနှင့် အိမ်ရှင် ထိုင်းအသင်း တို့နှင့် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီး အသင်းသည် ပြိုင်ပွဲဝင်ရန် အတွက် ထိုင်းနိုင်ငံသို့ သြဂုတ် ၁၄ရက် အရောက် သွားရမည် ဖြစ်သည်။

မြန်မာအသင်းသည် သြဂုတ် ၁၆ရက်တွင် ထိုင်း၊ သြဂုတ် ၂ဝရက်တွင် စင်ကာပူ၊ သြဂုတ် ၂၂ရက်တွင် တီမောလက်တေး၊ သြဂုတ် ၂၄ရက်တွင် ဗီယက်နမ် အသင်းတို့ နှင့် အုပ်စု ပွဲစဉ်များ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

အုပ်စု တတိယနှင့် စတုတ္ထ အသင်းတို့သည် သြဂုတ် ၂၆ရက် ညနေ ၄နာရီတွင် တတိယ လုပွဲ၊ အုပ်စု ပထမနှင့် ဒုတိယ အသင်း တို့သည် ၎င်းနေ့ ည ၇နာရီတွင် ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

မြန်မာ ယူ-၁၉ အမျိုးသမီး လူငယ်အသင်းသည် ပြီးခဲ့သော ၂ဝ၁၃ခုနှစ် အောက်တိုဘာလအတွင်း ကလည်း တရုတ်နိုင်ငံ နန်ကျင်းမြို့၌ ကျင်းပခဲ့သော AFF U-19 Women's Championship 2014 ဘောလုံး ပြိုင်ပွဲကြီး၏ နောက်ဆုံး အဆင့်များသို့ တက်ရောက်ယှဉ် ပြိုင်ခွင့် ရခဲ့ပြီး ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ တရုတ်၊ သြစတြေးလျ အစရှိသော အာရှ အမျိုးသမီး အင်အားကြီး အသင်းများနှင့် ထိပ်တိုက် ကစားခဲ့သည့် အတွေ့အကြုံကောင်း များစွာ ရရှိခဲ့သည်။

ကျော်လွင်

မြ၀တီ 
 အာဆီယံ ဘောလုံး အဖွဲ့ချုပ်AFF ကြီးမှူး ကျင်းပမည့် AFF U-19 Women's Championship 2014 ပြိုင်ပွဲကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ သြဂုတ် ၁၆ရက်မှ ၂၆ရက် အထိ ကျင်းပ သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာ အသင်းသည် ဗီယက်နမ်၊ စင်ကာပူ၊ တီမောလက်စ် တေးနှင့် အိမ်ရှင် ထိုင်းအသင်း တို့နှင့် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ယနေ့နံနက် ၁၁နာရီ ခွဲခန့်က နေထီးဆောင်းသည် ဖြစ်စဉ်တခု ဖြစ်ခဲ့

Photo: ယနေ့နံနက် ၁၁နာရီ ခွဲခန့်က နေထီးဆောင်းသည် ဖြစ်စဉ်တခု ဖြစ်ခဲ့ရာ ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင်တ၀ိုက်က လူများ မြင်တွေ့ရခဲ့တယ်လို့ သိရပါတယ်။ ဒီလို နေထီးဆောင်းခြင်း၊ လခမောက်ဆောင်းခြင်း၊ ဥက္ကာပျံကျခြင်း၊ တော်လဲခြင်း စတဲ့ အတိတ်နိမိတ်၊ ဘဝေါ စတဲ့ အယူတွေကို ကောက်ယူလေ့ရှိတဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုမျိုး နေထီးဆောင်းတယ်ဆိုတာ မြန်မာ ဘုရင် တွေ နန်းကျချိန် တို့ မင်းလောင်ပေါ် တဲ့ အချိန် တို့ တိုင်းပြည် မှာ အငတ် ဘေး တို့ ဆိုက် တဲ့ အချိန် မှာ ပေါ်တဲ့ နိမိတ်လို့ ရှေးပညာရှိများ ယူဆပါတယ်။

ဧရာဝတီ
ယနေ့နံနက် ၁၁နာရီ ခွဲခန့်က နေထီးဆောင်းသည် ဖြစ်စဉ်တခု ဖြစ်ခဲ့ရာ ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင်တ၀ိုက်က လူများ မြင်တွေ့ရခဲ့တယ်လို့ သိရပါတယ်။ ဒီလို နေထီးဆောင်းခြင်း၊ လခမောက်ဆောင်းခြင်း၊ ဥက္ကာပျံကျခြင်း၊ တော်လဲခြင်း စတဲ့ အတိတ်နိမိတ်၊ ဘဝေါ စတဲ့

မောင်တော မြို့နယ်တွင် ဓားပြအဖွဲ့မှ ခြိမ်းခြောက် ငွေတောင်းသူအား ငွေကျပ်နှစ်သိန်း လုပ်သေနတ် တစ်လက်နှင့် ကျည်နှစ်တောင့် တယ်လီဖုန်း ဆင်းကတ် တစ်ခု နှင့် အတူ ဖမ်းဆီး ရမိ

Photo: မောင်တော မြို့နယ်တွင် ဓားပြအဖွဲ့မှ ခြိမ်းခြောက် ငွေတောင်းသူအား ငွေကျပ်နှစ်သိန်း လုပ်သေနတ် တစ်လက်နှင့် ကျည်နှစ်တောင့် တယ်လီဖုန်း ဆင်းကတ် တစ်ခု နှင့် အတူ ဖမ်းဆီး ရမိ

နေပြည်တော် မေ ၂၇

ရခိုင်ပြည်နယ် မောင်တော ခရိုင် မောင်တောမြို့နယ် ဦးဒေါင်းကျေးရွာ အုပ်စု ဇုံမာရွာတွင် နေထိုင်သော ရွာသား တစ်ဦးထံသို့ တစ်ရွာတည်းနေ မာမောက်ရာဆိန်း ၃ဝ နှစ် (ဘ) အဒူလာကိန်းက မေ ၂၃ရက် နံနက် ၁ဝနာရီတွင် ''ဓားပြခေါင်းဆောင် အဒူလာ ကိန်းမှ ငွေကျပ်ငါးသိန်း ပေးရန် တောင်းခံခိုင်း ကြောင်းနှင့် မပေးပါက မိသားစု များကို သတ်ပစ်မည်'' ဟု ဖုန်းဖြင့် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း၊

ထို့အပြင် မေ ၂၄ရက် ညနေ ၅နာရီတွင် မာမောက် ရာဆိန်းက တောင်းခံထားသည့်ငွေ ပေးနိုင်/ မပေးနိုင် ဖုန်းဖြင့် ထပ်မံ၍ မေးမြန်းခဲ့ပြီး မေ ၂၅ရက် နံနက် ၇ နာရီ ခန့်တွင် ၎င်းသည် အဆိုပါရွာသား နေအိမ်သို့ ရောက်ရှိ လာပြီး ငွေကျပ် နှစ်သိန်း အား တောင်းခံသွားကြောင်းဖြင့် မေ ၂၅ရက် နံနက် ၁ဝနာရီတွင် နယ်ခြား စောင့်ရဲ ကွပ်ကဲမှုအဖွဲ့ အလယ်သံကျော် ရဲစခန်းသို့ လာရောက် တိုင်တန်းသဖြင့် ၎င်းအား ဝိုင်းဝန်း ရှာဖွေခဲ့ရာ မွန်းလွဲ ၂နာရီ ၂၅မိနစ်ခန့်တွင် တောင်းခံ ထားသည့် ငွေ နှစ်သိန်း နှင့်အတူ ဖမ်းဆီး မိသည်။

စစ်ဆေး ဖော်ထုတ်ချက်အရ တရားခံ မာမောက်ရာဆိန်း၏ နေအိမ်အား ယင်းနေ့ ညနေ ၅နာရီတွင် နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့၊ အလယ်သံကျော် ရဲစခန်းမှ တပ်ဖွဲ့ဝင် များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ ရာအိမ်မှူး အာရှော ဒူလာတို့ နှင့်အတူ ပူးပေါင်းအဖွဲ့ဖြင့် သက်သေများ နှင့်အတူ ဝင်ရောက် ရှာဖွေခဲ့ရာ ၎င်း၏ နေအိမ် အတွင်းမှ ပြောင်း အရှည် လေးလက်မခန့်၊ အချင်း ၃၂မီလီမီတာခန့်၊ အလျား(ဒင်မပါ) ငါးလက်မခန့်၊ ဒင် အရှည် ၃ဒသမ ၅လက်မခန့်ရှိ တစ်တောင့် ထိုးလုပ်သေနတ်တစ်လက် GFL 7.65 MM စာတန်းပါ ကျည်တစ်စောင့်၊ .32 PMC တံဆိပ်ပါ ကျည်တစ်တောင့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး Gramee ဆင်းကတ် တစ်ကတ်တို့အား သိမ်းဆည်း ရမိခဲ့သဖြင့် ညနေ ၆နာရီခန့်တွင် မာမောက်ရာဆိန်း (ဖမ်းမိ)အား အလယ်သံကျော် ရဲစခန်း၌ အမှုဖွင့် အရေးယူ ထားရှိသည်။

အဆိုပါ ဓားပြခေါင်းဆောင် အဒူလာကိန်း ဦးစီးသည့် ဓားပြအဖွဲ့သည် ဘင်္ဂလား ပင်လယ်အော် မြန်မာရေပိုင်နက် အတွင်း ငါးဖမ်းနေသူ များအား ပြန်ပေးဆွဲခြင်း၊ စက်လှေများအား ဓားပြတိုက်ခြင်း၊ ပင်လယ် ကမ်းစပ် အနီး ကျေးရွာများအတွင်း အလစ်အငိုက် ဝင်ရောက် ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲခြင်းများနှင့် လူသတ်ခြင်း စသည့် ပြစ်မှုများ ကျူးလွန်ခဲ့ကြောင်း သတင်းဖော်ထုတ် ရရှိပြီး ဓားပြအဖွဲ့မှ တရားခံများ ဖမ်းဆီးရမိရေးအတွက် သတင်းဖော်ထုတ် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
ရခိုင်ပြည်နယ် မောင်တော ခရိုင် မောင်တောမြို့နယ် ဦးဒေါင်းကျေးရွာ အုပ်စု ဇုံမာရွာတွင် နေထိုင်သော ရွာသား တစ်ဦးထံသို့ တစ်ရွာတည်းနေ မာမောက်ရာဆိန်း ၃ဝ နှစ် (ဘ) အဒူလာကိန်းက မေ ၂၃ရက် နံနက် ၁ဝနာရီတွင် ''ဓားပြခေါင်းဆောင် အဒူလာ ကိန်းမှ ငွေကျပ် ငါးသိန်း ပေးရန် တောင်း ခံခိုင်း ကြောင်းနှင့် မပေးပါက မိသားစု များကို သတ်ပစ်မည်'' ဟု ဖုန်းဖြင့် ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း၊

ထို့အပြင် မေ ၂၄ရက် ညနေ ၅နာရီတွင် မာမောက် ရာဆိန်းက တောင်းခံထားသည့်ငွေ ပေးနိုင်/ မပေးနိုင် ဖုန်းဖြင့် ထပ်မံ၍ မေးမြန်းခဲ့ပြီး မေ ၂၅ရက် နံနက် ၇ နာရီ ခန့်တွင် ၎င်းသည် အဆိုပါရွာသား နေအိမ်သို့ ရောက်ရှိ လာပြီး ငွေကျပ် နှစ်သိန်း အား တောင်းခံသွားကြောင်းဖြင့် မေ ၂၅ရက်

ယခုနှစ် မိုးရာသီမှစ၍ လမ်းပေါ် ရေလျှံမှုများ လျော့ပါးသွားမည်ဟု ရန်ကုန်မြို့တော် ဝန်ပြောကြား


Photo: ယခုနှစ် မိုးရာသီမှစ၍ လမ်းပေါ် ရေလျှံမှုများ လျော့ပါးသွားမည်ဟု ရန်ကုန်မြို့တော် ဝန်ပြောကြား
Wednesday, May 28, 2014

လမ်းပေါ် ရေလျှံမှုများသည် ဇွန်လမှစ၍ လျော့ပါးသွားမည် ဖြစ်ကြောင်း သိရသည်။ နှစ်စဉ်နှစ်တိုင်း ပြည်သူများ ခံစားနေရသည့် မိုးရွာသည့် အခါတိုင်း လျော့နည်းသွားအောင် ပြုလုပ်ေ နပြီ ဖြစ်ကြောင်း သိရသည်။

''တစ်နှစ်ထက် တစ်နှစ်တော့ ကောင်းလာပါပြီ။ အရင်က မိုးရွာပြီဆိုရင် နာရီနဲ့ချီပြီး ရေတင် ကျန်တယ်။ အခုနည်းလာပြီ။ မိုးရွာစဉ် ခဏတော့ ရေအိုင်သွားမယ်။ ပြီးရင်ပြန်ကျ သွားမှာပါ။ ကမ်းနား တစ်လျှောက်မှာတော့ ရေထွက်ပေါက်တွေ အကုန်လိုက်ဖွင့်ရတယ်။ တံခါးရွက်မကောင်း တာတွေကို ပြန်လဲနေသလို ရေမြောင်းတွေကိုလည်း သေသေချာချာ ရှင်းခိုင်း ထားပါတယ်။ မြောင်းဘေးမှာ လည်း အမှိုက်တွေ မပုံခဲ့ဖို့ကိုလည်း မှာထားပါတယ်။ အခုဌာန ဆိုင်ရာတွေနဲ့ ပေါင်းပြီး မြောင်းတွေကို အကုန်လိုက်ဖွင့်နေတယ်။ အသေးစား မြောင်းတူးစက်ဆိုရင် အလုံး ၄ဝ ကျော်သုံးပြီး အကြီးစားလည်း ၁ဝ လုံးကျော် ရှိပါတယ်။ ဒါကြောင့် ဒီမိုးရာသီမှာတော့ ရေလျှံတာတွေ လျော့ပါးသွားမှာပါ''ဟု မြို့တော်ဝန် ဦးလှမြင့်က ပြောကြားခဲ့သည်။

ရေကြောင်းနှင့် လမ်းနယ်မြေ အချို့၌ လူအများက နေရာကျူးကျော် ထားသည်များ ရှိသည့် အတွက် မြောင်းရှင်းရာတွင် အခက်အခဲများ ရှိပြီး လမ်းအချို့မှာ စက်ကြီးများ ဝင်ရောက်ရန် ခက်ခဲနေ သေးေ သာကြောင့် အပြီးသတ် ရေလျှံမှု မရှိတော့ဟု မပြောနိုင်သေးဘဲ ယခုနှစ် မိုးရာသီတွင် ရေလျှံမှုများ သက်သာသွားမည် ဖြစ်ကြောင်း သိရသည်။

မင်းသော်တာလွင်
မြ၀တီ 
 လမ်းပေါ် ရေလျှံမှုများသည် ဇွန်လမှစ၍ လျော့ပါးသွားမည် ဖြစ်ကြောင်း သိရသည်။ နှစ်စဉ်နှစ် တိုင်း ပြည်သူများ ခံစားနေရသည့် မိုးရွာသည့် အခါတိုင်း လျော့နည်းသွားအောင် ပြုလုပ်ေ နပြီ ဖြစ်ကြောင်း သိရသည်။

''တစ်နှစ်ထက် တစ်နှစ်တော့ ကောင်းလာပါပြီ။ အရင်က မိုးရွာပြီဆိုရင် နာရီနဲ့ချီပြီး ရေတင် ကျန်တယ်။ အခုနည်းလာပြီ။ မိုးရွာစဉ် ခဏတော့ ရေအိုင်သွားမယ်။ ပြီးရင်ပြန်ကျ သွားမှာပါ။ ကမ်းနား

လူတို့၏အရိုးကို စေတီတည်ကောင်းပါသလား

မေး။ အရှင်ဘုရား...ရုပ်ရှင်မင်းသားတစ်ဦးရဲ့ အရိုးပြာနဲ့စေတီတည်မယ် လို့ ကြားမိပါတယ်။ အဲဒါ ပုထုဇဉ်လူသားတစ်ဦးရဲ့အရိုးပြာနဲ့ စေတီတည် ကောင်းပါသလားဘုရား။
ပိုင်မင်းဦး (USA)
ဖြေ။ လောကမှာ စေတီတည်ပြီး ကိုးကွယ်သင့်တဲ့ ပုဂ္ဂိုလ်လေးမျိုးရှိပါ တယ်။ သမ္မာသမ္ဗုဒ္ဓဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ စကြဝတေးမင်းတို့ဖြစ် ပါတယ်။ ဘုရားရယ်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများက ကိုးကွယ်သင့်တဲ့အ တွက် ထားပါတော့၊ လူပုဂ္ဂိုလ်တစ်ဦးသာဖြစ်တဲ့ စကြဝတေးမင်းက ဘာ ပြုလို့စေတီတည်ပြီး ကိုးကွယ်သင့်သလဲဆိုရင် သူ့ခေတ်သူ့အခါက လူ တို့ရဲ့စီးပွားချမ်းသာမှုကို ဆောင်ရွက်ပေးနိုင်ပြီး တရားနဲ့အညီ အုပ်ချုပ် မင်းလုပ်နေသူလည်းဖြစ်ပါတယ်။ လောကမှာ စကြဝတေးမင်းဟာ တစ်ဦး သာဖြစ်တဲ့အတွက် အံ့သြဖွယ်ရာလည်းဖြစ်၊ ထူးခြားတဲ့အရာလည်းဖြစ် ပါတယ်။ ဒါကြောင့် စေတီတည်ပြီးကိုးကွယ်သင့်တဲ့အထဲမှာ စကြဝတေး မင်းတစ်ဦးလည်းအပါအဝင်ဖြစ်ပါတယ်။
(ဒီ၊၂၊၁၁၇-၈။ အံ။၁။ ၇၆၊၅၆၇။ အံ၊ဋ္ဌ၊၂၊၅၁)
ယခုအခါ ပုထုဇဉ်ရဟန်းတော်များ ဆရာတော်များအား 'အရိုးအိုးစေတီ'တည်ထားကြတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီလရှိတဲ့ပုထုဇဉ်ရဟန်းတော်များရဲ့အရိုးကို အရိုးအိုးစေတီအဖြစ် တည် ထားဖို့ ဘုရားရှင်က ခွင့်ပြုခဲ့မယ်ဆိုရင် သီလရှိတဲ့ပုထုဇဉ်ရဟန်းတော်များ မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။ ပုထုဇဉ်အရှင်မြတ်များ ပျံတော်မူတဲ့အခါ အရိုးအိုးစေတီတည်ကြမယ်ဆိုရင် နေရာအနှံ့မရေမတွက် နိုင်လောက်အောင် များပြားလွန်းလှပါတယ်။

အသက် ၇၂ အရွယ်ပေမယ့် ထူးထူးခြားခြား အရွယ်တင်သူ

အမေရိကန်နိုင်ငံက Shea Vaughn လို့ အမည်ရတဲ့ အမျိုးသမီး တစ်ဦး ဖြစ် ပါတယ်။ တကယ် အသက် ၇၂ နှစ်ကျော်သွား ပါပြီ။ သို့ပေမယ့် အသက် ၄၀ အောက်လောက်သာ ရှိမယ်လို့ ထင်ရလောက်အောင် နုပျို နေပါတယ်။
Vince Vaughn လို့ အမည်ရတဲ့ ဟောလိဝုဒ် မင်းသားရဲ့ အမေလည်း ဖြစ် ပါတယ်။ သားသမီး လေးဦး ရှိပြီး မြေးတွေလည်း အများကြီး ရှိတဲ့ အဖွား ဖြစ်ပါတယ်။ သူမ အနေနဲ့ ယခုလို နုပျိုအောင် ယောဂ ကျင့်ခြင်း၊ ကိုယ်ခံ ပညာ သင်ကြားခြင်း နှင့် အခြားသော အားကစားနည်း ၂ မျိုးလောက် ထပ်လိုက်စား ပါသေးတယ်။ ဒါကြောင့်လည်း အသက် ၇၂ နှစ် လို့ ပြောရင် မယုံရလောက်အောင် သိသိ သာသာ နိုပျိုနေခြင်း ဖြစ်ပါ တယ်။

လွိုင်ကော်တွင် မီးလောင်၊ ၁ ဦး ဒဏ်ရာရ

fire burning
ကယားပြည်နယ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်ထဲမှာ မေလ ၂၇ ရက်နေ့ မနက်ပိုင်းက မီးလောင်မှုတခုဖြစ် ပွားပြီး ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက ပြောပါတယ်။
မီးလောင်ကျွမ်းတဲ့နေရာဟာ မော်ချီး-လွိုင်ကော်ကားဂိတ်က ဈေးဆိုင်ခန်းတွေ ဖြစ်ပြီး မနက် ၁၁ နာရီခွဲက စလောင်ကာ မီးသတ်ကား ၃ စီးနဲ့ သွားရောက် ငြိမ်းသတ်ခဲ့တဲ့အတွက် ၁၀ မိနစ်အကြာမှာ မီးညွန့်ကျိုး သွားတယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းထွေးက ဒီဗွီဘီကို ပြောပါတယ်။

ကျောင်းပျက်မှုများနေခြင်းကြောင့် အခမဲ့မူလတန်းပညာရေးစနစ် အကောင် အထည်ဖော်ရန် ခက်ခဲနေဟုဆို

ရန်ကုန်၊ မေ ၂၆- ကျောင်းတက်ရန် ပျက်ကွက်မှုများနေခြင်းကြောင့် အခမဲ့ မူလတန်းပညာရေး စနစ်အကောင် အထည်ဖော်ရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။ ၂၀၁၃-၂၀၁၄ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ မသင်မနေရ အခမဲ့မူလတန်း ပညာရေး ကို စမ်းသပ် အကောင်အထည်ဖော် ခဲ့သော် လည်း ကျောင်းသားများ ကျောင်းပျက်မှု များခြင်းနှင့် ကျောင်းသား မိဘများ၏ ပူးပေါင်းပါဝင်မှုမရှိခြင်းတို့ကြောင့် ခက်ခက်ခဲခဲ အကောင် အထည်ဖော် နေရကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

လအလိုက် တာဝါတိုင်လိုအပ်ချက်ကိုကြည့်၍ ကေဒီဒီအိုင်နှင့် မြန်မာ့ဆက်သွယ်ရေး ပူးပေါင်းတည်ဆောက်သွားမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)အနေဖြင့် ဂျပန်အခြေစိုက်ဆက်သွယ်ရေးကုမ္ပဏီ KDDI နှင့်ပူးပေါင်း ပြီး တာဝါတိုင် များကို တည်ဆောက်သွားမည်ဖြစ်ရာ လအလိုက် နေရာလိုအပ်ချက်များအပေါ် မူတည်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တည်ဆောက်သွားမည်ဟု MPT မှ မိုဘိုင်း အင်ဂျင်နီယာမှူး ဦးငွေသောင်းက မဇ္ဈိမကို ပြောသည်။
တာဝါတိုင်များ တည်ဆောက်ရာတွင် လိုအပ်နေသည့် မြို့ကြီးများဖြစ်သော ရန်ကုန်၊မန္တလေး၊နေပြည်တော် အပါအ၀င် အခြားမြို့များတွင်လည်း တည်ဆောက်သွားမည်ဖြစ်ကာ KDDI နည်းပညာအကြံ ဉဏ်များ ရ ယူတည်ဆောက်သွားမည်ဖြစ်သည်။ KDDI နှင့် ပူးပေါင်းရေးအတွက်ကိုမူ မေလအကုန်ပိုင်းတွင် လက် မှတ်ရေးထိုးသွားရန် ရှိနေသည်ဟုလည်း ဦးငွေသောင်းက ဆိုသည်။

တပ်မတော်ကို စိန်ခေါ်သည်ဆိုကာ သတိပေးမှု ရက်ပိုင်းအတွင်း တုံ့ပြန်မည်ဟု အင်န်အယ်ဒီပြော

မန္တလေးမြို့၊ အောင်ပင်လယ်ကွင်းတွင် မေလ ၁၈ ရက်က ပြုလုပ်သည့် ဖွဲ့စည်းပုံ ဥပဒေပါ ပုဒ်မ-၄၃၆ ပြင် ဆင်ရေးနှင့် ပတ်သက်သည့် လူထုဟောပြောပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၏ ဟောပြောမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတိပေးစာပေးပို့ ခဲ့ခြင်းကို မကြာမီရက်ပိုင်းတွင်း ပါတီက တုံ့ပြန်သွားမည်ဟု ပါတီ၏ပြောရေးဆိုခွင့်ရှိသူ (ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်) ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
ဦးဉာဏ်ဝင်းက “ဘယ်လိုပုံစံနဲ့ တုံ့ပြန်မယ် ဆိုတာ သေချာမဆုံးဖြတ်ရသေးဘူး၊ မူကြမ်းရေး ပုံစံတော့ ရေး နေတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အနုပညာရှင်များ ဒုတိယအကြိမ် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်

Photo: ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အနုပညာရှင်များ ဒုတိယအကြိမ် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်
Wednesday, May 28, 2014

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲသို့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာ နယ်ပယ်စုံမှ နာမည်ကျော် အနုပညာရှင် ၂၀ ကျော်ခန့် လာရောက် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

“နိုင်ငံရေးဆိုတာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့အရေးဖြစ်တဲ့အတွက် ကျွန်တော်တို့က တစ်တပ်တစ်အား ပါဝင်ပေးတာပါ။ ကျွန်တော်တို့က ပြည်သူတွေနဲ့အတူ မျှဝေခံစား ပေးချင်တဲ့စိတ်ပဲ ရှိပါတယ်။ နိုင်ငံရေးကို အဲဒီလောက်ကြီး နားလည်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပြည်သူတွေ၊ ပရိသတ်တွေ၊ နောင်လာမယ့် မျိုးဆက်တွေ ပြောင်းလဲဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ဖို့ လာရောက် လက်မှတ်ရေးထိုးတာပါ။ အနုပညာရှင်တွေရဲ့ ကျေးဇူးရှင်တွေက ပရိသတ်တွေ၊ တစ်နည်းအားဖြင့် ပြည်သူတွေ ပါပဲ။ ပြည်သူတွေ ကောင်းစားရေးက အနုပညာရှင်တွေနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့အတွက် ကျွန်တော်တို့က တစ်တပ်တစ်အား ပူးပေါင်း ပါဝင်ပေးတာပါ” ဟု ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့သည့် ဇာတ်မင်းသား ဟန်ဇာမိုးဝင်းက ပြောကြားသည်။ 

“ပုဒ်မ ၄၃၆ က နိုင်ငံသား မဲဆန္ဒရှင်တွေ အားလုံးက ပြင်ချင်ရင်တောင် ပြင်လို့မရအောင် ပိတ်ပင် ကန့်သတ်ထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက်ကြောင့် ဒီဥပဒေကို ပြင်ဆင်ရေးဟာ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ ဂုဏ်သိက္ခာ ဖြစ်တယ်။ တပ်မတော် အတွက်လည်း ပြည်သူနဲ့ တစ်သားတည်း ဖြစ်အောင် ပူးပေါင်း ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းလည်း ဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။ 

“အစ်ကိုတို့က နိုင်ငံရေးကို သိပ်နားမလည်ပါဘူး။ လေ့လာမှုအားလည်း နည်းပါတယ်။ အခု လက်မှတ် လာထိုးတာလည်း နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ မဟုတ်ဘဲ ပြည်သူတစ်ယောက် အနေနဲ့ လာထိုးတာပါ။ အဓိက ကတော့ အစ်ကိုတို့ ပြည်သူတစ်ရပ်လုံး လုပ်သင့်လုပ်ထိုက်တဲ့ အရာတစ်ခုကို လုပ်ရဲဖို့ လိုပါတယ်။ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး ထိုင်နေလို့ မရတဲ့ အခြေအနေ ဖြစ်လာပါပြီ။ ဒီဥပဒေကိုသာ ပြင်လိုက်နိုင်ရင် နောက်ထပ် ဥပဒေတွေကိုလည်း ပြင်ဆင်လို့ရတဲ့ အခြေအနေ အများကြီး ဖြစ်လာနိုင်ပါတယ်” ဟု ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့သည့် ဒါရိုက်တာ ဝင်းထွန်းထွန်းက ဆိုသည်။

ယင်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ပွဲသို့ သရုပ်ဆောင် ဝေဠုကျော်၊ ရာဇာနေဝင်း၊ ဒေါင်း၊ လင်းဇာနည်ဇော်၊ ချစ်ချစ်ဇော်၊ ခင်ဇာခြည်ကျော်၊ သင်ဇာဝင့်ကျော်၊ ယုသန္တာတင်၊ ဒါရိုက်တာကိုပေါက်၊ ဝင်းထွန်းထွန်း၊ တေးသံရှင် Rဇာနည်၊ အဲလက်စ်၊ ချောစုခင်၊ ဇာတ်သဘင် ပညာရှင် ဦးမိုးမင်း၊ မိုးဝင်း၊ ဟန်ဇာမိုးဝင်း၊ တင်ဇာမိုးဝင်း စသည့် နာမည်ကျော် အနုပညာရှင်များ လာရောက်ကာ လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် မေလ ၂၃ ရက်နေ့ကလည်း ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမ၌ အနုပညာရှင် အချို့က လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော် ခဲ့ကြသေးသည်။

The Voice Weekly
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ မေလ ၂၇ ရက်နေ့ နံနက် ၉ နာရီက ပြုလုပ်ခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်ပွဲသို့ ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာ နယ်ပယ်စုံမှ နာမည်ကျော် အနုပညာရှင် ၂၀ ကျော်ခန့် လာရောက် လက်မှတ်ရေးထိုး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“နိုင်ငံရေးဆိုတာ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့အရေးဖြစ်တဲ့အတွက် ကျွန်တော်တို့က တစ်တပ်တစ်အား ပါဝင်ပေးတာပါ။ ကျွန်တော်တို့က ပြည်သူတွေနဲ့အတူ မျှဝေခံစား ပေးချင်တဲ့စိတ်ပဲ ရှိပါတယ်။ နိုင်ငံရေးကို အဲဒီလောက်ကြီး နားလည်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ပြည်သူတွေ၊

အခြေခံဥပဒေ ပြင်ဆင်ရေးသည် ကာကွယ်ရေးဦးစီးချုပ်နှင့် မသက်ဆိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: အခြေခံဥပဒေ ပြင်ဆင်ရေးသည် ကာကွယ်ရေးဦးစီးချုပ်နှင့် မသက်ဆိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Wednesday, May 28, 2014

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မေလ ၂၇ ရက်က နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် NLD ပါတီရုံးတွင် ပြုလုပ်သော အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒပြု လက်မှတ်ရေးထိုးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ ဆန္ဒအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းတာ မပြောင်းတာ ဖြစ်ရတယ်။ ပြည်သူလူထုရဲ့ သြဇာမလွှမ်းမိုးဘဲနဲ့ ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ သြဇာလွှမ်းမိုးနေတာ ဘယ်လိုမှ ဒီမိုကရေစီ နည်းမကျဘူး။ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်နဲ့လည်း မဆိုင်ဘူး၊ လက်ရှိ ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း မဆိုင်ဘူး၊ နောက်တက်မယ့် ကာကွယ်ရေး ဦးစီးချုပ်နဲ့လည်း မဆိုင်ဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အပြင် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြု လက်မှတ်များကို ဝန်ထမ်းများ မရေးထိုးရန် မည်သည့် ဥပဒေကမှ တားမြစ်ထားခြင်း မရှိသောကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် တပ်မတော်သား များလည်း ဝင်ရောက် လက်မှတ်ရေးထိုးရန် ၎င်းက တိုက်တွန်း ပြောဆိုသည်။
သို့သော် ယင်းနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မြန်မာ့နိုင်ငံရေးတွင် ခေတ်အဆက်ဆက် နိုင်ငံရေး ဦးဆောင်ကဏ္ဍမှ ရပ်တည်လာခဲ့သော တပ်မတော်ကို အာဏာချုပ်ကိုင်ရေး အဝန်းအဝိုင်း အတွင်းမှ ဆွဲထုတ်ရေးကို အတင်းအကျပ် လုပ်ယူမရကြောင်း ပြောကြားသည်။

“ကျွန်တော်တို့လည်း လွှတ်တော်ထဲမှာ တပ်မတော်သားတွေ ရှိတာကို မကြိုက်ပါဘူး။ ဒါပေမဲ့ ပြည်တွင်း ငြိမ်းချမ်းရေး မရသေးတဲ့အချိန်မှာ သူရဲ့ ချုပ်ကိုင်မှုကို အတင်းလျှော့ချလို့ မရပါဘူး၊ နားလည်မှုရှိရှိနဲ့ သူ့ဟာသူ ဆုတ်ခွာသွားမှာကို လမ်းကြောင်း ဖွင့်ပေးပို့ပဲ လိုတယ်” ဟု ၎င်းကဆိုသည်။
ထို့အပြင် မေလ တတိယပတ်အတွင်း မန္တလေးတိုင်းဒေသကြီး အောင်ပင်လယ်တွင် ပြုလုပ်သော အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ တပ်မတော်သား ကိုယ်စားလှယ်များကို ထိခိုက်ပြောဆိုမှု များသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံရေးပါတီ တည်ထောင်ခြင်း ဆိုင်ရာ ဥပဒေပါ သတ်မှတ်ချက် ဘောင်ကျော်သောကြောင့် ဟောပြောမှုများကို သတိထားရန် အသိပေး စာတစ်စောင်ကို မေလ ၂၂ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ လိပ်မူကာ ပေးပို့ထားသည်။

အဆိုပါပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဆန္ဒလက်မှတ် များကို မေလ ၂၇ ရက်မှ ဇူလိုင်လ ၁၉ ရက်နေ့အတွင်း တစ်နိုင်ငံ လုံးရှိ ပြည်သူလူထု ထံမှ ကောက်ယူ သွားမည် ဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ထံသို့လည်း ပေးပို့မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း (၁၂) ပါ ပုဒ်မ ၄၃၆ တွင် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံရန် လိုအပ်သော်လည်း လွှတ်တော်အတွင်း တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရှိသောကြောင့် အခြေခံဥပဒေ ပြင်ဆင်ရေးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဘောထားသည် အဓိက ဖြစ်နေကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ထောက်ပြ ပြောဆိုထားသည်။

The Voice Weekly
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မေလ ၂၇ ရက်က နေပြည်တော် ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် NLD ပါတီရုံးတွင် ပြုလုပ်သော အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒပြု လက်မှတ်ရေးထိုးပွဲတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ ဆန္ဒအရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းတာ မပြောင်းတာ ဖြစ်

မြေနေရာနှင့် အခွန်လွတ်မော်တော်ယာဉ် တင်သွင်းခွင့်ရရေး ပါတီအများစု ထောက်ခံ

အစိုးရပိုင်မြေနေရာများတွင် ပါတီရုံးချုပ်များဖွင့်ခွင့်ပြုရန်နှင့် ပါတီတစ်ခုလျှင် အခွန်လွတ် မော်တော်ယာဉ် ငါးစီး တင်သွင်းခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သမ္မတရုံးထံ တင်ပြထားချက်သည် လက်သင့်ခံနိုင်သည်ဟု ပါတီအများစုက မဇ္ဈိမကို မေ ၂၇ ရက်တွင် ပြောသည်။

“လိုအပ်ချက်တစ်ခု ဖြစ်တဲ့အတွက် ပါတီတိုင်းက လိုအပ်ပါတယ်။ အခုလိုမျိုး စီစဉ်တာ ကောင်းပါ တယ်။ပါတီကြီးတွေလည်း ပိုပြီးတော့ စည်းရုံးရေးလုပ်ငန်းတွေ လုပ်လို့ရတာပေါ့” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူအချို့ကမူ ယင်းကိစ္စ အပေါ်သီးခြားမှတ်ချက်ပြုရန်မရှိ

ဘာသာသာသနာကို ဖျက်ဆီးရန် ဘာသာကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ်အထိ ချမှတ်နိုင်မည့် ဥပဒေကြမ်း အစိုးရ ထုတ်ပြန်

သာသာနာရေး ဝန်ကြီးဌာနမှ ရေးဆွဲထားပြီး လွှတ်တော်သို့ တင်သွင်းမည့် ဘာသာကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းတွင် ဘာသာသာသနာကို ဖျက်ဆီးရန် ရည်ရွယ်၍ ကိုးကွယ်ရာဘာသာ ကူးပြောင်းပါက ထောင်ဒဏ် ၂ နှစ် ချမှတ် နိုင်သောပုဒ်မများ ထည့်သွင်း ရေးဆွဲထားကြောင်း ယနေ့ (မေလ ၂၇ရက်နေ့) ထုတ် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် သာသနာရေး ဝန်ကြီးဌာနက ထုတ်ပြန်သည့် အဆိုပါ ဥပဒေမူကြမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ ဥပဒေမူကြမ်းတွင် ဘာသာသာသနာကို စော်ကားရန်၊ အကြည်ညို ပျက်စေရန်၊ ဖျက်ဆီးရန် (သို့မဟုတ်) အလွဲသုံးစားပြုရန် အကြံဖြင့် ဘာသာကူးပြောင်းပါက ၂ နှစ်ထက်မပိုသော ထောင်ဒဏ်နှင့်

ရွေးကောက်ပွဲ နည်းဥပဒေကြမ်းတွင် လေ့လာစောင့်ကြည့်ရေး အချက်များ ထည့်သွင်းသင့်ဟု ပါတီအချို့ပြော

ရွေးကောက်ပွဲများတွင် ပြည်တွင်း၊ ပြည်ပ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ လေ့လာခွင့်နှင့် ပတ်သက်၍ သီးသန့်ညွှန်ကြားချက် ထုတ်ပြန်ခြင်းထက် ပြင်ဆင်ရေး ဆွဲထားသည့် ရွေးကောက်ပွဲနည်းဥပဒေမူကြမ်းတွင် တိတိကျကျ ထည့်သွင်းဖော်ပြမှသာ ပိုခိုင်မာသည်ဟု နိုင်ငံရေးပါတီအချို့က ပြောဆိုလိုက်သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ပြင်ဆင်ရေးဆွဲထားသည့် ရွေးကောက်ပွဲနည်းဥပဒေတွင် မူလ က ရွေးကောက်ပွဲများ၌ ကြိုတင်မဲရေတွက်သည့် အခါတွင် နိုင်ငံတကာ လေ့လာစောင့်ကြည့် သူများအပြင် ပြည်တွင်းပြည်ပအရပ်ဘက် လူ့အဖွဲ့စည်းများကိုပါ မဲရေတွက်ချိန် ကြည့်ရှုလေ့လာနိုင်ရန် အချက်ကို ထည့် သွင်းထားသည်ဟု ရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲ ဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ဆို ထားသည်။

တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များအစည်းအဝေး တာချီလိတ်တွင် ဇွန်လကုန်၌ ပြုလုပ်မည်

ရန်ကုန်၊ မေ ၂၇- တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်များ၏ အစည်း အဝေးအား ဇွန်လတတိယ ပတ်အတွင်း တာချီလိတ်မြို့တွင်ကျင်း ပနိုင်ရန် စီစဉ်နေကြောင်း NCCT အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မှုန်း က ပြောသည်။
''လုပ်ဖြစ်မယ်ဆိုရင်တော့ ဇွန် လတတိယပတ်လောက်မှာ လုပ်ဖြစ် မှာပါ''ဟု ဒေါက်တာဆလိုင်းလျန် မှုန်းက ပြောသည်။

ကိုးကွယ်မှုကူးပြောင်းရေး ဥပဒေမူကြမ်းကို ပညာရှင်များ ဝေဖန်

သမ္မတဖွဲ့စည်းထားသော လူမှုရေး၊ ဘာသာရေးဆိုင်ရာ ဥပဒေကြမ်းများ ရေးဆွဲရေးကော်မရှင်က မေ ၂၇ ရက်တွင် အများပြည်သူသိရှိရန် ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်သော ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေမူကြမ်းပါ အချက်များသည် ဘာသာအားလုံးအတွက် တန်းတူအခွင့်အရေး ရနိုင်မည်မဟုတ်ဟု ဥပဒေပညာရှင်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ဝေဖန်လိုက်သည်။
“ကိုးကွယ်ရာ ဘာသာ ကူးပြောင်းခြင်း ဆိုင်ရာဥပဒေ” မူကြမ်းကို မေ ၂၇ ရက်က နိုင်ငံပိုင်သတင်းစာများ တွင် ထုတ်ပြန်လိုက် ခြင်းဖြစ်ပြီး ယင်းဥပဒေမူကြမ်းအရ ကိုးကွယ်ရာဘာသာတစ်ခုမှ အခြားဘာသာတစ်ခု ခုသို့ ကူးပြောင်းမည်ဆိုပါက အဖွဲ့ဝင်ခြောက်ဦးပါသည့် “မှတ်ပုံတင်ရေးအဖွဲ့” သို့ လျှောက်ထား ကာသက် သေခံလက်မှတ် ရယူရမည်ဖြစ်သည်။ အဆိုပါ “မှတ်ပုံတင် ရေးအဖွဲ့”သည် ဘာသာပေါင်းစုံ ပါဝင်ခြင်း မရှိ သည့်အတွက် ဘာသာတစ်ခုအတွက် အခြေခံထားသည့် ဥပဒေသာဖြစ် သည်ဟု ဝေဖန်လိုက်ခြင်းဖြစ် သည်။

ဘာသာရေးကို နိုင်ငံရေးတွင် ပြည်ခိုင်ဖြိုးပါတီ အလွဲသုံးနေဟု အင်န်အယ်လ်ဒီပါတီ တိုင်ကြား

ပုဒ်မ ၅၉(စ) မပြင်ဆင်ရေး ဆန္ဒထုတ်အပြီး ဗုဒ္ဓဆင်းတုတော်များမဲဖောက်ပေးခဲ့သည့် ဇလွန်မြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လှုပ်ရှားမှုသည် ဘာသာရေးကို အလွဲသုံးရာ ရောက်သည်ဟု သက်ဆိုင်ရာမြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲထံသို့ မေ ၂၆ ရက်တွင် အကြောင်းကြားစာပေးပို့ တိုင်ကြားလိုက်သည်။
NLD ၏ ပေးပို့စာတွင်
ပြည်ခိုင်ဖြိုးပါတီ၏ ဆန္ဒထုတ်ဖော်ပွဲမှာ“အစစ်အမှန်မဟုတ်ဘဲ ဘာသာရေးကို တမင်အကြောင်းပြ စည်းရုံး၍ ပြုလုပ်သည့်ပွဲ” ဖြစ်ကာ “ဖွဲ့စည်း ပုံအခြေခံဥပဒေပုဒ်မ ၄၀၇(ဃ) ပါ “ဘာသာရေးကို နိုင်ငံရေး အတွက် အလွဲသုံးစားပြုခြင်း”ဟူသော အချက်နှင့် ညှိစွန်းနေသည်” ဟု ထည့်သွင်းရေးသားထားသည်။
မေလ ၁၅ ရက်က ဇလွန်မြို့တွင် ပြည်ခိုင်ဖြိုးပါတီကပြုလုပ်ခဲ့သည့် ပုဒ်မ ၅၉(စ)မပြင်ဆင်ရေးဆန္ဒ ထုတ် ဖော်ပွဲ ရည်ညွှန်းကာ ယင်းသို့ စာပေးပို့ခြင်းဖြစ်သည်။ပုဒ်မ ၅၉(စ)မပြင်ရန်ပြည်ခိုင်ဖြိုး ပါတီဝင်များဦး ဆောင်ပြီး ဒေသခံငါးထောင်ခန့် ပူးပေါင်းပါဝင်သည့် ဆန္ဒပြပွဲအပြီး စီတန်းလှည့်လည်မှုတွင်

အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားလုပ်မယ်ဆို စဉ်းစားရမယ့် ၁၀ ချက်

စွန့်ဦးစီးပွားတီထွင်သူများအနေနဲ့ ကိုယ်ပိုင်စီးပွားရေး စတင်ဖန်တီးတော့ မယ်ဆိုရင် အချိန်ပေး ရပါတယ်။ အဲ့ဒီလို အချိန်ပေးဖို့ အတွက်ရင် လက်ရှိ အလုပ်မှာပေးထား တဲ့အချိန်ကို လျော့လိုက်ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်း တစ်ခု စတင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းက အလုပ်ထွက်လိုက်ခြင်းပါ။ ဒီတော့ အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်ဆိုရင် အောက်ပါ မေးခွန်း ၁၀ ချက်ကို ကိုယ့်ကိုယ် ကို မေးလို့ ဖြေကြည့်ဖို့ လိုအပ်ပါတယ်။
၁။ ပိုမို ပျော်ရွှင်စေမှာလား
ကိုယ်က ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု စတင်မှာတော့ ဟုတ်ပါပြီ။ လုပ်တတ်လို့စလိုက်မယ်သာ ဆိုတယ်။ တကယ်ကော လုပ်ပျော်မှာလား ဆိုတာကို သေချာ မေးဖို့လိုအပ်ပါတယ်။ အချို့ က ငွေအရင်းရှိလို့ ဖုန်းဆိုင်လေး ဖွင့်တော့မယ်ဆိုပြီး လုပ်ငန်းစပါတယ်။ သို့ပေမယ့် သူပျော်တာ ဖုန်းထိုင်ရောင်းနေဖို့လည်း မဟုတ်ပြန်ပါဘူး။ ဒီတော့ အလုပ်ထွက်ပြီး မှ ပျော်စရာမကောင်းတဲ့ လုပ်ငန်း တစ်ခုစမိရင် ကျရှုံးဖို့ လမ်းကို ပိုနီးစပ်နေပါတယ်။

မြန်မာနိုင်ငံနှင့် စစ်ရေးပြန်လည်ဆက်ဆံရာတွင် နှစ်နိုင်ငံ တည်ငြိမ်အေးချမ်းမှုသာမက အာဆီယံဒေသအပါအ၀င် နိုင်ငံအများ၏ တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုမည်ဟု ဂျပန်စစ်ဦးစီးချုပ် ယုံကြည်

ဒုတိယကမ္ဘာစစ်အပြီး မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် မေ ၂၆ ရက်က ရောက်ရှိနေသည့် ဂျပန်စစ်ဦးစီးချုပ် အီဝါဆာကီက မြန်မာနိုင်ငံနှင့် စစ်ရေးဆက်ဆံမှု ပြန်လည်စတင်ရာတွင် နှစ်နိုင်ငံ တည်ငြိမ်အေးချမ်းမှုသာမက အာဆီယံဒေသအပါအ၀င် နိုင်ငံအများ၏ တည်ငြိမ်အေးချမ်းမှုကို အထောက် အကူပြုမည်ဟု ယုံကြည်ကြောင်း ဂျပန်သံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံသည် တပ်မတော်အစိုးရ အုပ်ချုပ်မှုလက်အောက်တွင်ရှိစဉ်က ဂျပန်နိုင်ငံအနေဖြင့် စစ်ရေးဆက်ဆံမှုပြုလုပ်ရန် မဖြစ်နိုင်ခဲ့သည့်အတွက် မြန်မာတပ်မတော်နှင့် ဂျပန်တပ်မတော်အကြား ကူးလူးဆက်ဆံမှု ရပ်တန့်ခဲ့ကြောင်း ဂျပန်သံရုံး ဒုတိယအကြီးအကဲ အီချီရိုမာရူယာမာက ပြောကြားသည်။

ပါရာစီတမောဆေးနှင့် တွဲမသောက်သင့်သောအရာများ

Photo: ပါရာစီတမောဆေးနှင့် တွဲမသောက်သင့်သောအရာများ
Wednesday, May 28, 2014

ယခုတလော အင်တာနက်ပေါ်မှာ ပြန်နှံ့နေပြီး လူပြောများနေတဲ့ သတင်းတစ်ပုဒ်က စင်္ကာပူရောက်မြန်မာအချို့ ပါရာစီတမောဆေးသောက်ပြီး ရင်ပူလာလို့ဆိုပြီး ရေခဲသေတ္တာထဲက ကုတ်အေးအေးလေးကို မော့သောက်လိုက်ရာမှ ပါးစပ်မှာ အမြုပ်တစီစီထွက်လာပြီး ဆေးရုံအပို့ ကားပေါ်မှာတင် အသက်ဆုံးရှုံးသွားခဲ့ရတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ပါ။

အဲဒီသတင်းနှင့်ပတ်သက်ပြီး ပြောဆိုဝေဖန်နေကြတာလည်း လူပေါင်းများစွာက ထင်မြင်ချက်မျိုးစုံပါပဲ။ ဆရာဝန်တွေကအစ ကလေးငယ်တွေအဆုံး မတူညီတဲ့ ထင်မြင်ချက်တွေ အသီးသီးပေးကြပါတယ်။

တစ်ချို့က ဆေးကြောင့်၊ တစ်ချို့က ကုတ်ကြောင့်၊ တစ်ချို့က လူကြောင့်၊ ရာသီဥတုကြောင့်၊ မတည့်သည့်အစားကြောင့် စသဖြင့် စုံနေအောင် ပြောဆိုထားကြပါတယ်။

ဘယ်အရာကြောင့်ဆိုတာ အတိအကျမသိရပေမယ့် လူတစ်ယောက်ရဲ့ အသက်ကတော့ ဆုံးရှုံးသွားခဲ့ရတာ အမှန်ပါ။ ကိုယ်တွေ့ ဖြစ်ရပ်ကို လူအများလိုက်နာရှောင်ရှားနိုင်အောင် ပြန်လည်မျှဝေပေးတဲ့သူကိုလည်း ကျေးဇူးတင်ရမှာပါ။

ဒါ့ကြောင့် ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချို့ကို အများသိရှိရလေအောင် ထပ်မံမျှဝေလိုက်ပါတယ်။

၁။ ပါရာစီတမောကို ကိုကာကိုလာ၊ ပက်ပစီ စတဲ့ ဂတ်စ်ပါတဲ့ အရာများနဲ့ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။

၂။ ပါရာစီတမောကို ကဖင်းဓါတ်ပါတဲ့ အစားအသောက်များနဲ့ တွဲပြီး မသောက်သင့်ပါဘူး။ တစ်နေ့ကို (၂)လုံးထက် ပိုသောက်မိလျှင် အန္တရာယ်ရှိပါတယ်။

၃။ ပါရာစီတမောဟာ အရက်၊ ဘီယာတို့နဲ့လည်း မတည့်ပါဘူး။

၎။ ပါရာစီတမောကို အခြားပါရာဆေးပါတဲ့ Decolgen တို့လိုဆေးနဲ့ တွဲမသောက်သင့်ပါဘူး။

၅။ ပါရာစီတမောကို (၂၄) နာရီအတွင်း အများဆုံး (၈) လုံးထက် ပိုမသောက်သင့်ပါဘူး။ တခါသောက်ရင် အနည်းဆုံး (၄)နာရီခြားသင့်ပါတယ်။

၆။ ပါရာစီတမောကို အခြား အချိုရေ၊ အချဉ်၊ စတဲ့ အထက်က ဖော်ပြခဲ့တာတွေနဲ့ ရောမသောက်သော်လည်းပဲ အလွန်အကျွံ (အလုံး ၂၀ ခန့်) သာက်မိလျှင် ကျောက်ကပ်နဲ့ အသည်း ပျက်စီးပြီး သေတတ်ပါတယ်။

ပါရာစီတမောတင်မကပဲ အကိုက်အခဲပျောက်ဆေးများနဲ့ အင်္ဂလိပ်ဆေးတော်တော်များများဟာ ဂတ်စ်ပါတဲ့ အချိုရေများ၊ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။ ရိုးရိုးရေနဲ့သောက်ရင် အကောင်းဆုံးပါ။

ပါရာစီတမောနဲ့ ပတ်သက်ပြီး လေ့လာဖတ်မိသမျှကို ဇီဝိတဒါနအဖြစ် လူအများ သတိထားနိုင်ကြစေရန် ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါတယ်။ အခြားမည်သည့် ရည်ရွယ်ချက်မှ မရှိပါ။ ပို၍ တတ်သိနားလည်သူများလည်း လိုအပ်မှုများ၊ မှားယွင်းမှုများ ရှိနေပါက ထပ်မံဖြည့်စွပ်မျှဝေပေးနိုင်ပါတယ်။

အသက်ကို ဉာဏ်စောင့်ဆိုသလို ကိုယ့်အသက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဆင်ခြင်ပြီး လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ Panadol extra (paracetamol and caffeine)

ကျန်းမာရေးသတင်းများ
ယခုတလော အင်တာနက်ပေါ်မှာ ပြန်နှံ့နေပြီး လူပြောများနေတဲ့ သတင်းတစ်ပုဒ်က စင်္ကာပူရောက်မြန်မာ အချို့ ပါရာစီတမောဆေးသောက်ပြီး ရင်ပူလာလို့ဆိုပြီး ရေခဲသေတ္တာထဲက ကုတ်အေးအေးလေးကို မော့သောက်လိုက်ရာမှ ပါးစပ်မှာ အမြုပ်တစီစီထွက်လာပြီး ဆေးရုံအပို့ ကားပေါ်မှာတင် အသက်ဆုံးရှုံးသွားခဲ့ရတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ပါ။

ခုနစ်ရက်အတွင်း ကိုယ်အလေးချိန် ၁၅ ပေါင်အထိ ကျဆင်းနိုင်အောင်

အခုဖော်ပြမယ့် နည်းလမ်းဟာ ကနေဒါနိုင်ငံမှ ထိပ်တန်း ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ နည်းလမ်းတွေဖြစ်ပြီး သကြားစွဲလမ်းတဲ့ အခြေအနေကို အနိုင်ယူကာ ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ကိုလည်း လျှော့ချနိုင်တဲ့အတွက် ကိုယ်အလေးချိန် လျှော့ချလိုသူတွေ လိုက်နာသင့်ပါတယ်။ သကြားဓာတ်တွေ ခန္ဓာကိုယ်အတွင်း နေရာအနှံ့မှာ ရှိနေရင် ခန္ဓာကိုယ်ရဲ့ ဓာတုလုပ်ငန်းတွေ ပြောင်းလဲသွားပြီး ကိုယ်တွင်းအင်္ဂါထဲ အဆီတွေ တွယ်ကပ်နေသလို ဖြစ်သွားပါတယ်။ ဒါကြောင့် ကိုယ်တွင်းမှာ သကြားတွေ စုဆောင်းမှု မရှိအောင် Detox လုပ်ရပါမယ်။ Detox လုပ်တာကြောင့် တစ်ပတ်အတွင်း ကိုယ်အလေးချိန် ၁၅ ပေါင်အထိ လျော့ကျသွားနိုင်ပါတယ်။

မြန်မာပြည်မှာ ဒါမျိုးတွေ ရှိတယ်

Photo: မြန်မာပြည်မှာ ဒါမျိုးတွေ ရှိတယ်
Wednesday, May 28, 2014

မြန်မာပြည်မှာလည်း ဒါမျိုးတွေ ရှိတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးက အခု ဖော်ပြပါ ဓာတ်ပုံနဲ့ စာကို ရေးပြီး သူ့ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။ 

"ပြင်ဦးလွင် မြို့နယ် ထုံးဘိုကျေးရွာတွင် ဦးစီုးမြင့်အား ဖုန်းဆက်ခေါ်ပြီး ကြိုးဖြင့်တုတ် ရိုက်နှက်ခဲ့သော အာရောဂျံ ဆေးရုံပိုင်ရှင် ဒေါ်မိမိလေး၏ လူငှားများ အကြမ်းဖက်ထားသည့်ပုံ။" လို့ ဖော်ပြထားပါတယ်။ 

အဲဒီလို ကြိုးတုတ်ရိုက်နှက်ခံထားရတာနဲ့ပတ်သက်ပြီး မစုစုနွေးက အခုလို ရေးသား ထားပါတယ်။ 

(26 5 2014 ) နံနက်ပိုင်းတွင် ပြင်ဦးလွင် မြို့နယ် ထုံးဘိုကျေးရွာတွင် အာရောဂျံဆေးရုံပိုင်ရှင် ဒေါ်မိမိလေးမှ ခိုင်းစေချက်အရ လူငှား(၆)ယောက်မှာ(၁၉၉၀)ခုနှစ်က ဦးကျော်သန်း ကော်ဖီစီမံကိန်းဆိုပြီး သိမ်းစည်းထားသော လယ်မြေများအား ဒေါ်မိမိလေးမှ မြေကွက်များရိုက် ရောင်းချနေပြီး ခြံစည်းရိုးခတ်ရန် ကျောက်တိုင်/သဲ/အုပ်/များလာချသဖြင့် သိမ်းစည်းခံ လယ်သမားများမှ သွားရောက်ကြည့်ရှုခဲ့တာကို ဒေါ်မိမိအေး ငှားထားသော လူငှားများမှ တစ်ယောက်ချင်းစီ ဖမ်း/ကြိုးနဲ့တုတ် /ရိုက်ခဲ့သဖြင့် လယ်သမား(၆)ယောက်မှာ ဒဏ်ရာ ရရှိခဲ့ကြပါသည် (၃)ယောက်မှာ စိုးရိမ် ရတဲ့ အခြေအနေဖြစ်နေပါသည်။

Ph(0949284398)ဒေါ်စုစုနွေး
Ph(0973016130)တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှင်ဝင်း
ကိုအောင်ဇော်မင်းPh(0947140524) ပြင်ဦးလွင်
ကိုဇော်ထိုက်Ph(09403759742)ပြင်ဦးလွင်ကို ဆက်သွယ်ပါ ကျမတို့ တောင်သူလယ်သမားသမဂ္ဂဖွဲ့စည်းရေး ကော်မတီက မနက်ဖန်နံနက်(6:00)ရီကားနဲ့ ပြင်ဦးလွင်ကို လိုက်သွားပါမည် ။

Credit To : Irrawaddy Blog
မြန်မာပြည်မှာလည်း ဒါမျိုးတွေ ရှိတယ်။ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုစုနွေးက အခု ဖော်ပြပါ ဓာတ်ပုံနဲ့ စာကို ရေးပြီး သူ့ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။

"ပြင်ဦးလွင် မြို့နယ် ထုံးဘိုကျေးရွာတွင် ဦးစီုးမြင့်အား ဖုန်းဆက်ခေါ်ပြီး ကြိုးဖြင့်တုတ် ရိုက်နှက်ခဲ့သော အာရောဂျံ ဆေးရုံပိုင်ရှင် ဒေါ်မိမိလေး၏ လူငှားများ အကြမ်းဖက်ထားသည့်ပုံ။" လို့ ဖော်ပြထားပါတယ်။

အဲဒီလို ကြိုးတုတ်ရိုက်နှက်ခံထားရတာနဲ့ပတ်သက်ပြီး မစုစုနွေးက အခုလို ရေးသား ထားပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ၈၈ အဖွဲ့နဲ့ တိုင်းရင်းသားတွေ ပူးပေါင်းကြိုးပမ်းမည်

Photo: ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ၈၈ အဖွဲ့နဲ့ တိုင်းရင်းသားတွေ ပူးပေါင်းကြိုးပမ်းမည်
Wednesday, May 28, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ၄၃၆ ကို ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲတွေကို ပြည်နယ်တွေမှာလည်း လုပ်ဆောင်နိုင်ဖို့ အတွက် တိုင်းရင်းသားပါတီတွေအပြင် လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ဒီနေ့ ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းရုံးမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲ ကျင်းပစဉ် ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုမြအေးက အခုလို ပြောပါတယ်။

"တိုင်းရင်းသားများရဲ့ အခန်းကဏ္ဍကို ဖယ်လှပ်ပြီး ၄၃၆ ပြင်ဆင်ရေးတင် မဟုတ်ဘူး ဖွဲ့စည်းပုံပြင်ဆင်ရေးကို ကျနော်တို့ လုပ်လို့မရဘူးလို့ ကျနော်တို့ ယုံကြည်ပြီးသားဖြစ်ပါတယ်၊ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒ လက်မှတ်ရေးထိုးဖော်ထုတ်ပွဲဟာ တိုင်းရင်းသားများရဲ့ အခန်းကဏ္ဍကြီးမားစွာ ပါဝင်ပါတယ်ဆိုတာကို အတိအလင်းပြောချင်ပါတယ်"
ဒီနေ့ လက်မှတ်ရေးထိုးပွဲကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့( UNA) က ဦးအေးသာအောင် ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဦးခွန်ထွန်းဦးနဲ့ မွန်တိုင်းရင်း သား ခေါင်းဆောင်တွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အန်အယ်လ်ဒီနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲတွေကို တိုင်းနှင့်ပြည် နယ် အားလုံးနီးပါးမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

RFA
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ၄၃၆ ကို ပြင်ဆင်ရေး လက်မှတ်ရေးထိုး ပွဲတွေကို ပြည်နယ်တွေမှာလည်း လုပ်ဆောင်နိုင်ဖို့ အတွက် တိုင်းရင်းသားပါတီတွေအပြင် လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ၈၈ မျိုးဆက်အဖွဲ့က ဒီနေ့ ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းရုံးမှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ရေးထိုးပွဲ ကျင်းပစဉ် ၈၈ မျိုးဆက် ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုမြအေးက အခုလို ပြောပါတယ်။