Sunday, September 27, 2015

ရည်းစားနှင့် အဆက်မဖြတ်သည့် မြေးမကို အိန္ဒိယအဘိုးက လည်လှီး

ပထမဆုံး ဖမ်းဆီးသူသည် နတ်ကွန်းဗုံးခွဲသည့် အဓိက တရားခံဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ကြေညာ



ဧရာဝဏ်နတ်ကွန်း ဗုံးခွဲမှုနှင့် ပတ်သက်၍ ပထမဆုံး ဖမ်းဆီးခဲ့သည့် သံသယတရားခံသည် ပြစ်မှု ကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန် သွားခဲ့သည်။

ပြီးခဲ့သည့်လက ဘန်ကောက်ရှိ လူစည်ကားရာ ဟိန္ဒူနတ်ကွန်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၀ သေဆုံးပြီး ရာနှင့်ချီ ထိခိုက် ဒဏ်ရာရခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါ အမှုနှင့် စပ်လျဉ်း၍ မသင်္ကာသူ နိုင်ငံခြားသား အချို့ကို ထိန်းသိမ်း စစ်ဆေးနေပြီးနောက် တစ်ဦးက အပြစ်ရှိကြောင်း ဝန်ခံခဲ့သည်ဟု စက်တင်ဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။

အခွန်ပုံစံမပါဘဲ မော်တော်ယာဉ် အမည်ပေါက် ပြောင်းလဲနိုင်မည်

လက်ဆင့်ကမ်း ရောင်းချနေသည့် မော်တော်ယာဉ်များအတွက် အခွန်ဦးစီးဌာန၏ အခွန်ပုံစ မပါသော်လည်း ပိုင်ရှင်အမည်ပေါက် အဖြစ် ပြောင်းလဲခြင်းကို မကြာခင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ထံမှ သိရသည်။

စူပါမော်ဒယ် မင်္ဂလာပွဲ ကောင်းကင်ယံ လေယာဉ်မပျံရဇုန် သတ်မှတ်ပေးဖို့ တောင်းဆိုလို့ ပြဿနာတွေတက်

အစ္စရေးနိုင်ငံသူ နာမည်ကြီး စူပါ မော်ဒယ် ဘာရာဖေးလီက သူ့မင်္ဂလာဆောင် ကျင်းပရာ ဟိုတယ် ကောင်းကင်ယံတွင် လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ပေးဖို့ မေတ္တာရပ်ခံမှုနှင့် ပတ်သက်ပြီး အစ္စရေး ပို့ဆောင်ရေး ၀န်ကြီးနှင့် လေကြောင်းပို့ဆောင်ရေး အဖွဲ့ ညွှန်ကြားရေးမှူးတို့ အငြင်းပွား စကားများစရာ ဖြစ်ခဲ့ရကြောင်း သိရသည်။

စစ်အာဏာရှင်စနစ် ပြန်ပေါ်မလာအောင် ဘယ်သူ လုပ်နိုင်သလဲ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သတင်းမီဒီယာသမားတွေနဲ့ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ ပါတယ်။ အဲဒီမှာ ယာယီ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဆရာဖေမြင့်က ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်အနေနဲ့ အသက် ၆၀ ပြည့်ရင် ပင်စင်ယူမှာလား၊ မယူဘူးလား၊ တပ်မတော် စစ်အရာရှိတွေ ဟာ အသက် ၆၀ ပြည့်ရင် ပင်စင် ယူကို ယူရမှာလား၊ မယူဘဲလည်း ရသလားဆိုတဲ့ မေးခွန်းတစ်ခု မေးမြန်းခဲ့ပါတယ်။ ဆရာဦးဖေမြင့် မေးတဲ့ မေးခွန်းဟာ စိတ်ဝင်စားဖို့ အလွန်ကောင်းသလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဥပဒေချုပ် ပြန်ရှင်းပြတာကလည်း အလွန် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တပ်မတော် အရာရှိတွေရဲ့ ပင်စင်ယူတဲ့ ကိစ္စ ဘယ်လိုလဲ၊ ဒါဟာ တိုင်းပြည်အ တွက် ဘယ်လို အကျိုးဆက်တွေ ရှိနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

တပ်မတော် နှင့် ရဲဝန်ထမ်း မိသားစုများ၏ မဲစာရင်း ရွေးကောက်ပွဲနီးမှ ကြေညာမည်

မဲပေးခွင့်ရှိသူ တပ်မတော်သားနဲ့ ရဲဝန်ထမ်းတွေရဲ့ မိသားစုဝင် မဲစာရင်းတွေကို ရွေးကောက်ပွဲကျင်းပကာနီးအချိန်မှ ကြေညာပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးရဲမြင့်က ဒီဗွီဘီကိုပြောပါတယ်။

နိုင်ငံရေးပါတီတွေအထက်မှာ RCSS/SSA ရှိနေသလား?


ရှမ်းပြည်နယ်တောင်ပိုင်းမြို့ရွာတွေမှာ မဲဆွယ်စည်းရုံးရေးမဆင်းဖို့ RCSS/SSA က တားမြစ်ထားတယ်လို့ ဆိုပါတယ်။ RCSS/SSA က တိုက်ပွဲတွေဖြစ် ပွားနေတဲ့ အတွက် ၎င်းတို့ရဲ့ ထိန်းချုပ်နယ်မြေ ၁၆ မြို့နယ်ထဲမှာ မဲဆွယ်စည်းရုံးခွင့်ကို ပိတ်ပင်လိုက်တာပါ။ အဲဒီလို ပိတ်ပင်ထားမှုကြောင့် SNDP၊ SNLD၊ NLD နဲ့ ပြည်ခိုင်ဖြိုး ပါတီတွေဟာ မြို့ပေါ်မှာသာ စည်းရုံး ခွင့်ရပြီး ကျေးရွာတွေထိဆင်းပြီး မဲဆွယ်ခွင့်မရဘူးလို့ သိရပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမှာဖြစ်လို့ ရက်ပေါင်း ၄၀ ကျော်သာလိုပါတော့တယ်။ RCSS/SSA ရဲ့ပိတ်ပင်မှုကြောင့် ပါတီတွေဟာ ကျေးရွာတွေအထိ မဲဆွယ်ခွင့်မရခြင်းဟာ အလွန်ပဲနစ်နာလှ ပါတယ်။

မိမိနိုင်ငံ ကောင်းစားရေးကို ဦးထိပ်ထားနိုင်ကြစေဖို့

ခုတလော မဲဆွယ်နေကြသည့် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ၊ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများမှာ အနှောင့်အယှက်မျိုးစုံနှင့် ရင်ဆိုင်နေကြရကြောင်း သတင်းတွေ နားမ ဆန့်အောင် ကြားနေကြရသည်။

ရည်းစားဟောင်း မိန်းကလေး၏ ဓာတ်ပုံများကို ညစ်ညမ်းပုံများနှင့် ပေါင်းစပ်၍ Facebook ၌ ဖြန့်ဝေသည်ဟုဆိုသော တက္ကသိုလ်ကျောင်းသားတစ်ဦးအား အမှုဖွင့်

လွန်ခဲ့သည့် ၉ လခန့်က လမ်းခွဲခဲ့သည့် ရည်းစားဟောင်း မိန်းကလေး၏ ဓာတ်ပုံများကို ကွန်ပျူတာတွင် ညစ်ညမ်းပုံများနှင့် ပေါင်းစပ်၍ Facebook ၌ ဖြန့်ဝေသည်ဟုဆိုသော တက္ကသိုလ်ကျောင်းသားတစ်ဦးအား မရမ်းကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ စက်တင်ဘာ ၂၅ ရက်တွင် စုံစမ်းသိရှိရသည်။

ကွန်ပျူတာ သုံးစဉ် သင့်မျက်စိကို ဂရုစိုက်ပါ

ကွန်ပျူတာ ၊ ဖုန်းစခရင်မ်တွေကို အကြည့်များတာကြောင့် မျက်စိညောင်းညာ ဒဏ်ဖြစ်မှု လျော့ပါးစေဖို့. ၂၀-၂၀-၂၀. ဆိုတဲ့ စဉ်းမျဉ်းကို လိုက်နာပါလို့ မျက်စိအထူးကုဆရာဝန်တေက သတိပေး ထားပါတယ်

ဆေးလိပ်သောက်သူများ ထိပ်ပြောင်နိုင်

တစ်နေ့ကို ဆေးလိပ် အလိပ် ၂၀ နဲ့ အထက် သောက်တဲ့အမျိုးသားတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်ပြောင်နိုင်တယ်လို့သိရပါတယ်။ ဦးရေပြားဆီကို သွေးနဲ့ ဟော်မုန်း ရောက်ရှိမှု နည်းတဲ့အတွက်

တအာင်းပလောင် ဒေသထဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေ

ရှမ်းပြည် မြောက်ပိုင်း တအာင်း ပလောင်ဒေသ နေရာ အနှံ့မှာ အခုလ စက်တင်ဘာ ၁၉ ရက် နေ့ ကစပြီး ဒေသခံ တအောင်းပလောင် လက်နက်ကိုင် TNLA နဲ့ အစိုးရတပ်ကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပေါ် နေပါတယ်။
နမ္မတူ၊ နမ့်ဆန်၊ ကျောက်မဲ၊ မိုင်းတုံ၊ မူဆယ် နဲ့ ကွတ်ခိုင် မြို့နယ် တွေ မှာ အစိုးရ တပ်တွေ နဲ့ ကြား တိုက်ပွဲတွေ၊ ထိတွေ့ ပစ်ခတ်မှု တွေ ဖြစ်ပေါ် နေတယ် လို့ TNLA က ပြောပါတယ်။

အနိမ့်ဆုံးလုပ်ခ သတ်မှတ်ချက် ကို အလုပ်ရှင် မလိုက်နာ

ပဲခူးတိုင်း အင်းတကော် မှာရှိတဲ့ ဟုန်းကယူး Hung Kiu အထည်ချုပ် စက်ရုံမှာ ဖြစ်ပေါ်ခဲ့တဲ့ အလုပ်သမား သပိတ်ဟာ အလုပ်ရှင်ဘက်က အလုပ်ဝင်ကာစ အလုပ်သမား အသစ် တွေ ကို တစ်ရက် လုပ်ခ ၁၈၀၀ ကျပ် ပဲ ပေးနေတဲ့ အချက် အပေါ် မပြင်ဆင် နိုင်ခဲ့ပဲ ပြီးဆုံးခဲ့ ရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ က စလို့ ၃ ရက်တိုင် စက်ရုံရှေ့ ထိုင်သပိတ် မှောက်ခဲ့တဲ့ အလုပ်သမား ၂၀၀၀ ကျော် ဟာ အစိုးရ က သတ်မှတ် ပြဌာန်းထားတဲ့ အနိမ့်ဆုံး လုပ်ခ တစ်ရက် ၃၆၀၀ ကျပ် နှုန်း အတိုင်း အလုပ်သမား အားလုံး တပြေးညီ ရရှိနိုင်ရေး အပါအဝင် ၊ ရက်မှန်ကြေး နဲ့ လုပ်ငန်း ကျွမ်းကျင်ကြေး တွေ ကို ရရှိနေကျ အတိုင်း အလုပ်ရှင် ဘက်က ပေးဖို့ တောင်းဆို ခဲ့ကြတာ ဖြစ်ပါတယ်။

KIA အဖွဲ့မှ ကျေးရွာအ၀င်အထွက်လမ်းများတွင် မိုင်းထောင်ခြင်းများ ပြုလုပ်လျက်ရှိ

ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မိုင်းခေါင်ကျေးရွာ အ၀င်အထွက်လမ်းများ၌ စက်တင်ဘာလ ၂၄ ရက်နေ့တွင် KIA အဖွဲ့မှ အစိုးရတပ်များ ၀င်ရောက် သွားလာလှုပ်ရှားမှု မပြုလုပ်နိုင်စေရန် မိုင်းများထောင်ထားကြောင်း ယင်းဒေသခံများထံမှ သိရှိရပါသည်။
“ရွာကို KIA အဖွဲ့တွေရောက်လာတယ်၊ ကျေးရွာအ၀င်အထွက်လမ်းတွေမှာ မိုင်းတွေလိုက်ထောင်တယ်၊ သူတို့ ကတော့ အစိုးရတပ်တွေကို ထောင်တာ လို့ပြောတယ်၊ မိုင်းထိလိုက်ရင် ဒေသခံတွေပဲလေ၊ သေလိုက်၊ ပြတ် လိုက်၊

မရမ်းကုန်းမြို့နယ်၌ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၅၄ဝဝ ပိုင်ရှင်မဲ့ သိမ်းဆည်း ရမိ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် သမိုင်း(၁)ရပ်ကွက် မြို့သစ်(၁) လမ်းထိပ် ရိုးကြီးချောင်းအတွင်း စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီ က စိတ်ကြွရူးသွပ်ဆေးပြားများ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည်။

ဆင်းရဲတဲ့နိုင်ငံတွေကို တရုတ်က ကန်ဒေါ်လာ သန်း ၂၀၀၀ လှူမည်


တရုတ်နိုင်ငံက ဖွံဖြိုးဆဲနိုင်ငံတွေကို အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ လှူမယ်လို့ မနေ့က ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ရေရှည်တည်တံ့ ဖွံ့ဖြိုးရေးညီလာခံမှာ သမ္မတ ရှီကျင့်ဖျင်က ပြောဆိုလိုက်ပါတယ်။
ဒါအပြင် ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံတွေနဲ့ ကျွန်းနိုင်ငံငယ်လေးတွေအပေါ် မှာတင်ရှိနေတဲ့ ကြွေးမြီတွေကိုလည်း လျော်ပေးမယ်လို့လည်း ကတိပြုခဲ့ ပါတယ်။
ဧရာဝတီ

လက်နက်ကိုင်အဖွဲ့များအားလုံးပါဝင်နိုင်ရေး ကျေနပ်လောက်သည့် လုပ်ဆောင်ချက်ရမှ NCA လက်မှတ်ထိုးမည်ဟု KNPP ဆုံးဖြတ်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်နက်ကိုင်အဖွဲ့အားလုံးပါဝင် နိုင်မှ (သို့မဟုတ်) အားလုံးပါဝင် ရေးအတွက် ကျေနပ်လောက် သည့် လုပ်ဆောင်မှုကို အစိုးရနှင့် တပ်မတော်က လုပ်ဆောင်ပြမှ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP)အနေဖြင့် NCA ကို လက်မှတ်ရေးထိုးမည်ဟု ကေအင်န်ပီပီအရေးပေါ်အစည်း အဝေးက ဆုံးဖြတ်လိုက်ကြောင်း သတင်းရရှိသည်။

ဆိုင်ကယ်လဲ၍ ဒဏ်ရာရသူကို ကူညီနေသော ရဲတပ်သား ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ ရန်ကုန်-မန္တ လေးလမ်းဟောင်းတွင် အမျိုးသား တစ်ဦး ဆိုင်ကယ်မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် သဖြင့် သွားရောက်ကူညီသည့်ရဲ တပ်သားကို အခြားဆိုင်ကယ်တစ် စီးက ဝင်ရောက်တိုက်မိ၍ သေဆုံး သွားကြောင်း သတင်းရရှိသည်။
ရန်ကုန်-မန္တလေးလမ်း ဟောင်းတွင် စက်တင်ဘာ ၂၅ ရက် ည ၁၁ နာရီခန့်က အမျိုးသားတစ်ဦး ဆိုင်ကယ်တိမ်းမှောက်၍ ဒဏ်ရာများရရှိနေသဖြင့် အမှတ် (၂)နယ်မြေရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်သုံးဦး သွားရောက်ကူညီ နေစဉ် အခြားဆိုင်ကယ်စီးသူတစ် ဦးက ဝင်ရောက်တိုက်မိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။

Breaking News: မက်ဆီအား ၂ လ ခန့် ကြာ လက်လွှတ်ရတော့မယ့် ဘာစီလိုနာ


ဘာစီလိုနာ အသင်း လက်စ်ပါးလ်မက်စ် အသင်းအား ၂-၁ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သော ပွဲစဉ်တွင် အဓိက ကစားသမား မက်ဆီ ဒဏ်ရာရ ရှိ သွားခဲ့သည်၊၊

တစ်ပြိုင်နက်တည်းဖြစ်ပွားမည့် စူပါမွန်းနှင့် လကြတ်မှုကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်မဟုတ်

စူပါမွန်းဖြစ်စဉ်နှင့် လ ကြတ်ခြင်းကို ဥရောပ၊ အမေ ရိကနှင့် အာဖရိကတိုက်နိုင်ငံများ မှ မြင်တွေ့ရမည်ဖြစ်သော်လည်း အာရှနိုင်ငံများအပါအဝင် မြန်မာ နိုင်ငံမှ မြင်တွေ့ရမည်မဟုတ် ကြောင်း ပညာရှင်များကဆိုသည်။
လကို ကမ္ဘာမှ အနီးဆုံးမြင်ရ သောကြောင့် ဖြစ်လာသည့် စူပါမွန်းဖြစ်စဉ်နှင့် လနှင့် နေကြား ကမ္ဘာက တစ်တန်းတည်း ရောက်သွားသည့် လကြတ်ခြင်းဖြစ်စဉ် (Supermoon Lunar Eclipse)ကို ဥရောပ၊ အမေရိကနှင့် အာဖရိကတိုက်တို့တွင် ယနေ့ (စက်တင်ဘာ၂၇ ရက် ည)တွင် မြင်တွေ့ရမည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။ မြန်မာနိုင်ငံစံတော်ချိန်အရ မူ စက်တင်ကာ ၂၈ ရက် နံနက်ပိုင်းဖြစ်သည်။ ၁၉၈၂ က နောက်ဆုံးအကြိမ်ဖြစ်ခဲ့ဖူးပြီး မြန်မာ နိုင်ငံတွင် လူပြောများနေသည့် သဘာဝဘေးအန္တရာယ်များကျ ရောက်နိုင်သည်ဟူသော ပြောစကားများမှာ ကောလာဟလသာဖြစ်သည်ဟု ဒေါက်တာထွန်းလွင် က ဆိုသည်။