စင်ကာပူနိုင်ငံတွင် ရုံးခွဲဖွင့်ထား သည့် ပြည်တွင်းကုမ္ပဏီတစ်ခု က ပြည်ပ
ကုမ္ပဏီ ၁၁ ခုအပေါ် ကန်ဒေါ်လာ ၂ ဒသမ ၃ မီလီယံ တန်ဖိုးအထိ လိမ်လည်မှုပြုလုပ်
သွားခဲ့သည်ဟုဆိုကာ အလိမ်ခံ လိုက်ရ သည့် ပြည်ပ ကုမ္ပဏီ များ က စုပေါင်း၍
နိုင်ငံတော်သမ္မတရုံး သို့ တိုင်တန်းလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်းမှ တာဝန်ရှိသူတစ်ဦး က အသင်းထံသို့လည်း ကုမ္ပဏီ ၁၁ ခုက တိုင်ကြားခဲ့ကြောင်း ပြောသည်။
ပဲတင်ပို့ပေးမည်ဆိုကာ ကြိုတင် ငွေများကို ပြည်တွင်းကုမ္ပဏီ တစ်ခုက ရယူခဲ့ပြီး မပို့သည့်အတွက် ထိုသို့တိုင် တန်းခြင်းဖြစ် သည်ဟု တိုင်ကြားမှုမှတ် တမ်းများအရ သိရသည်။