Wednesday, January 7, 2015

ဝိုင်းမော်သစ်ခိုးထုတ်စခန်းမှ ဖမ်းမိသစ်များကို ၀န်ကြီးဌာနသို့ လွှဲပြောင်း

ကချင်ပြည်နယ်၊ ၀ိုင်း မော်မြို့နယ်အတွင်းရှိ တရားမ၀င် သစ်ခိုးထုတ်စခန်းတွင် လူနှင့်ယာဉ်များအပြင် သစ်နှင့် သစ်တော ထွက်ပစ္စည်းများပါ ဖမ်းဆီးရမိခဲ့ ပြီး ဖမ်းဆီးရမိသစ်များကို တပ်မ တော်က ပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနသို့ လွှဲပြောင်းလိုက်ကြောင်း သတင်း ရရှိသည်။
‘‘သစ်လုံးတွေ၊ ခွဲသားတွေ လည်း ပါတယ်။ တန်ချိန်ဘယ် လောက်လဲဆိုတာ တိုင်းတာနေ တုန်းအချိန်မို့ ပြောလို့မရသေးပါ ဘူး။ အခုလောလောဆယ်တော့ ၀န်ကြီးရုံးကို ကား ၁၂ စီးနဲ့ သယ် နေတာပါ’’ဟု ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန် ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အရေးပေါ် လူနာတင်ယာဉ် တိုက်မိ၍ နှစ်ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ မြို့နယ် (၇) ရပ်ကွက်၊ စနေမမှတ်တိုင် အနီးတွင် ဇန်နဝါရီလ ၅ရက် ည ၁၀နာရီ ၃၀ မိနစ်ခန့်က အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦး မောင်းနှင်လာသော အဖြူရောင် သုခအလင်း အရေးပေါ် လူနာတင်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့် အမှိုက်သိမ်းယာဉ်ကို ဝင်တိုက်မိရာမှ နှစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

မင်္ဂလာ တောင်ညွန့်တွင် အမျိုးသမီးအား ကြိုးတုပ် သတ်ဖြတ် လုယက်မှုကို ပူးပေါင်း အဖွဲ့ ဖြင့် တစ်တိုက်လုံး စစ်ဆေးမည်

မင်္ဂလာ တောင်ညွန့် မြို့နယ်တွင် အသက် (၇၀) ကျော် အဘွားအို တစ်ဦးကို ကြိုးတုပ် သတ်ဖြတ် လုယက်မှုအား ရဲတပ်ဖွဲ့မှ ပူးပေါင်း အဖွဲ့ ဖွဲ့က အခင်း ဖြစ်ပွားရာ တိုက်တစ်တိုက်လုံး စစ်ဆေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖွံ့ဖြိုးရေး အကူ၊ လုံခြုံရေး အကူ၊ ခွဲ (၂) တို့နဲ့ စစ်ဆေး နေပြီ။ အဆင့်ဆင့် စစ်မယ်၊ သူ့ သားပြန်လာလို့ ပိုက်ဆံတွေ ပါလာလို့ လုပ်တာ ဆိုတော့ ဓာတ်သိပဲ ဖြစ်မယ်လေ။ သိပ်ခက်ခဲတဲ့ အမှု မဟုတ်ဘူး၊ မကြာခင် ပေါ်မယ်၊ ထုတ်ပြောလို့ မရလို့ ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူး တစ်ဦးက The Messenger Media သို့ ပြောသည်။

ပြသရန်မသင့် မှတ်ချက်ပေးခံရသည့် “ဇာတ်သိမ်းထိမကြည့်နဲ့” ဇာတ်ကား ပရိသတ်များ စိတ်ဝင်စားမှုမြင့်တက်

Nay-Toe
ရန်ကုန်၊(မဇ္ဈိမ) ။ ။ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူပြီး နေတိုး၊ မင်းခ၊ အိချောပို၊ စိုးနန္ဒာကျော်တို့ ပါဝင် သရုပ်ဆောင် ထားသည့် ဇာတ်သိမ်းထိ မကြည့်နဲ့ ဗီဒီ ယိုဇာတ်ကားသည် ဇန်န၀ါရီ ၅ရက် ဖြန့်ချိသည့်နေ့၌ပင် ပရိသတ်များ စိတ်ဝင် တစားရှိခြင်းကြောင့် ဗီဒီယိုအငှားဆိုင်များ၌ ကြိုတင်မှာကြားကာ ငှားရမ်းရသည် အထိ ရှိနေသည်။ယင်းဇာတ်ကားကို အောင်တိုင်းကျော် ရုပ်ရှင်နှင့်ဗီဒီယို ထုတ်လုပ်ဖြန့်ချိရေးမှ ဖြန့်ချိခဲ့ခြင်းဖြစ်သည်။ ယင်းဇာတ် ကားသည် မိန်းကလေး တစ်ဦးကို အုပ်စုဖွဲ့ကာ အဓမ္မပြု ကျင့်သည့်ပြကွက် သုံးကြိမ်တိုင် ကွက်ကွက် ကွင်းကွင်း ပါရှိခြင်းကြောင့် အများပြည် သူသို့ ပြသရန် မသင့်ကြောင်း မှတ်ချက်နှင့်ဆင် ဆာ အဖွဲ့၏ဆင် ဆာ ထောက်ညွှန်ချက်ခံခဲ့ရသည်။

ကျွန်တော်သိသော ခွန်ဥက္ကာ


Photo: ကျွန်တော်သိသော ခွန်ဥက္ကာ

ဇန်န၀ါရီလ ၇ ရက်၊ ၂၀၁၅

အခုခေတ်စားနေတဲ့ ဖက်ဒရယ်တပ်မတာ် ဘယ်ကစလို့မေးရင်တော့ အားလုံးသိကြတဲ့အတိုင်း UNFC ကစလို့ပဲဖြေရ ပါတော့မယ်။ UNFC ဘယ်ကစဆိုရင်လည်း KIA ကစလို့ဖြေရလိမ့်မယ်။ UNFC ကို KIA ကချုပ်ကိုင်ထားတာကိုတော့ သိပြီးကြားပြီးဖြစ်ကြလိမ့်မယ်လို့လဲ ထင်ပါတယ်။ ၀မ်ပေါင်နိုင်ငံတော် အိပ်မက်မက်နေသူ ဦးအင်ဘန်လက UNFC ဥက္ကဌ ရာထူးယူထားတယ်ဆိုတာလဲ အားလုံးအသိပါ။ ထားပါတော့….ငြိမ်းချမ်းရေးမလိုချင်ဘူးဆိုတဲ့အချက်ကလွဲရင် KIA အကြောင်းကို ကျုပ်လဲကောင်းကောင်းမသိပါဘူး။ ဒါပေမယ့် UNFC အတွင်းရေးမှုးနေရာမှာ မိန့်မိန့်ကြီးထိုင်နေသူက ဗိုလ်မှုးကြီးခွန်ဥက္ကာနဲ့ပတ်သက်လို့ နည်းနည်းပြောချင်ပါတယ်။ခွန်ဥက္ကာဟာ နိုင်ငံရေးတွေလုပ်ကိုင်နေတဲ့အတွက် နိုင်ငံရေးသမားလား၊ UNFC ကအတွင်းရေးမှုး ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးသမားလား၊ သူ့ကိုသူ ဗိုလ်မှုးကြီးလို့ဆိုနေတဲ့အတွက် စစ်သားလားလို့မေးကြပါလိမ့်မယ်။ တကယ်တော့ ခွန်ဥက္ကကာဟာ နိုင်ငံရေးသမားလည်း မဟုတ်၊ ငြိမ်းချမ်းရေးသမားလည်း မဟုတ်၊ စစ်သားလည်းမဟုတ်တော့ပါဘူး။

နိုင်ငံရေးနှင့် ငြိမ်ချမ်းရေးကိုခုတုံးလုပ်၍ စီးပွားရှာနေသော စီးပွားရေးသမားစစ်စစ်သာဖြစ်ပါတယ်။ UNFC မှာ ခပ် တည်တည်နဲ့ အတွင်းရေးမှုးရာထူးယူထားတဲ့ ခွန်ဥက္ကာကိုကြည့်ပြီး သူ့အကြောင်းကို အတွင်းအပြင်အူမချေးခါး မကျန် သိနေတဲ့ ကျွန်ပ်အဖို့ဘေးကထိုင်ကြည့်ပြီး တော်တော်စိတ်ပျက်ရပါတယ်။ ဒါကြောင့်လည်း ချက်မသိတော့ သူခိုးကို သမက်မထင်စေဘို့ ဒီစာကိုရေးရတာဖြစ်ပါတယ်။

ခွန်ဥက္ကာဆိုတာ တကယ်တော့ PNLO ကသင်းကွဲတစ်ယောက်ပါ၊ ငြိမ်းချမ်းရေးဆိုတာကို ဘယ်တုန်းကမှ စိတ်မ၀င် စားခဲ့ သူလည်းဖြစ်တယ်။ အရင်စစ်အစိုးရလက်ထက်က PNLO ငြိမ်းချမ်းရေးယူတော့ မငြိမ်းချမ်းချင်တဲ့ ခွန်ဥက္ကာဟာ ကရင် ပြည်နယ်၊ မာနယ်ပလောဒေသမှာရှိတဲ့၊ KNU စခန်းကိုပြေးပါတယ်။ အဲဒီတုန်းက KNU ကလည်း သနားကမားနဲ့ ခိုလှုံခွင့် လာတောင်းနေတဲ့ ခွန်ဥက္ကာကို မာနယ်ပလောမှာ တဲလေးဆောက်ပြီးကျွေးမွေးထားရပါတယ်။ ယနေ့ ငြိမ်းချမ်းရေးလို ချင်နေတဲ့ KNU အနေနဲ့ UNFC ကထွက်သွားတာလဲ ခွန်ဥက္ကာကြောင့်အများကြီးပါတယ်။ UNFC မှာ KIA ဗိုလ်ကျ စိုးမိုးနေတာကတစ်ကြောင်း၊ UNFC ဟာ ငြိမ်းချမ်းရေး မလိုချင်တဲ့အဖွဲ့ဆိုတာ သိသွားတာကတစ်ကြောင်း၊ နောက် တစ်ခုကအရင်တုန်းက သနားလို့ခေါ်ကျွေးထားတဲ့ ခွန်ဥက္ကာဆိုသူက UNFC အတွင်းရေးမှုးဆိုပြီး စကားကြီး စကား ကျယ်တွေပြောနေတော့ ကိုယ်မွေးတဲ့မျောက်ကိုယ့်ပြန်ခြောက်တယ်ဆိုပြီး မခံမရပ်နိုင်ဖြစ်တာကလဲ တစ်ကြောင်းပေါ့ဗျာ။

ပြီးတော့ခွန်ဥက္ကာဟာ UNFC ထဲမှာ ဘယ်သူ့ကိုကိုယ်စားပြုသလဲဆိုရင် ဘယ်သူ့မှကိုယ်စားမပြုပါဘူး၊ ဘယ်ပအို့ဝ်ကမှ လည်း ခွန်ဥက္ကာကို ခေါင်းဆောင်ခန့်မထားပါဘူး၊ ဗိုလ်မှုးကြီးလို့ဆိုပြီး ဘယ်စစ်တပ်ကမှလည်း မဟုတ်ပါဘူး၊ သူ့နောက် မှာလည်း ဘာတပ်မှမရှိပါဘူး။ သူချင်းကိုယ်ချင်း ပြန်ခန့်ထားတဲ့လူပေါ့ဗျာ။ ရှင်းရှင်းပြောရရင်တော့ CIA လက်သပ် မွေးထား တာခံနေရပြီး အထောက်အပံ့တွေနဲ့ ပျော်ပါးနေတဲ့ စီးပွားရေးသမားသာဖြစ်ပါတယ်။

ခွန်ဥက္ကာဆိုတာ မြန်မာပြည်မှာတောင်မနေတဲ့လူပါ။ မဲဆောက်မှာရုံးခန်းဖွင့်ပြီး ရုံးစောင့်တစ်ယောက်ထား၊ သူများ ခိုင်းတာ လုပ်၊ သူများပေးတာကျွေး တာစားနေရတဲ့ဘ၀ပါ။ နောက်ပြီးတော့ ခွန်ဥက္ကာဟာ မြန်မာနိုင်ငံသားလဲ မဟုတ်ပါဘူး၊ မဲဆောက်မှာနေပြီး ထိုင်းနိုင်ငံ သားခံယူထားတဲ့ ထိုင်းနိုင်ငံသားစစ်စစ်ကြီး ခွန်ဥက္ကာသာဖြစ်ပါတယ်။ မိန်းမကလည်း နှစ်ယောက်ယူထားတော့ နှစ်ယောက်စာရှာနေရတဲ့ ခွန်ဥက္ကာအတွက် UNFC သာလျှင်သူ့ရဲ့စီးပွားရေးတစ်ခု ဖြစ်နေတော့ တာပါပဲ။ သူ့အနေနဲ့က ငြိမ်းချမ်းရေးဆိုတာကို ယောင်လို့တောင်မှစိတ်မကူးခဲ့ပါဘူး၊ ငြိမ်းချမ်းရေးရသွားရင် သူထမင်း ငတ်သွားမယ်၊ ဂွင်ပျောက် သွားမယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါ့ကြောင့် ခွန်ဥက္ကာဟာ မြန်မာပြည် ငြိမ်းချမ်းရေး ရမှာကို အစိုးရိန်ဆုံးဖြစ် နေတဲ့လူတွေထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်နေတော့တာပါပဲ။
သူ့အလုပ်ကတော့ရှင်းပါတယ် UNFC မှာနေမယ်၊ သူများခိုင်းတာလုပ်မယ်၊ ငြိမ်းချမ်းရေမရအောင်အမြဲကြံစည်မယ်၊ အထောက်အပံ့မှန်သမျှယူမယ်၊ ဒါပါဘဲ။ ဒါ့အပြင် ခွန်ဥက္ကာဟာ နိုင်ဟံသာနဲ့ပေါင်းပြီး တရုတ်ကြီးဆီကိုလည်း ခဏခဏ သွားရပါသေးတယ်။ ရှင်းရှင်းပြောရရင်တော့ သွားလိမ်ရတာပေါ့ဗျာ။ မြန်မာပြည်ငြိမ်းချမ်းရေး မရသေးဘူးလားလို့ KIA တို့ UNFC တို့ကို တရုတ်ကြီးက တစ်ခွန်းမေးရင် ခွန်ဥက္ကာတို့တစ်ခါသွားရပါတယ်။ ရတော့မှာပါခင်ဗျ၊ လုပ်နေပါတယ် ခင်ဗျ၊ ငြိမ်းချမ်းတော့မှာပါခင်ဗျ၊ ရံပုံငွေကလည်းနည်းနေလို့ပါခင်ဗျဆိုပြီး မျက်နှာငယ်လေးနဲ့သွားသွား လိမ်ရရှာတာ ခွန်ဥက္ကာပါ။
အခုဆိုရင်တစ်ချို့တွေက UNFC ကိုငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်စေမယ့်အဖွဲ့အဖြစ် ထင်မြင်နေတာဟာ မဟာအမှားပါဘဲ။ ခွန်ဥက္ကာတို့လို နိုင်ငံရေးကိုစီးပွားရေးလိုလုပ်စားနေတဲ့ လူ့အနတ္တတွေဟာ UNFC ထဲမှာနေရာယူထား တာကလည်း တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ သူ့အကြောင်းကို လုံးစေ့ပတ်စေ့သိတဲ့ ကျုပ်တို့လိုလူတွေ အတွက် လည်း ဟာသတော်တော်မြောက်ပါတယ်။ ဒါ့ကြောင့် ခွန်ဥက္ကာတို့လို လူတွေကို အရှင်သခင်လိုထင်မြင်နေပြီး နေရာပေး ကိုးကွယ်နေအုံးမယ်ဆိုရင်တော့ အားလုံးလိုချင်တဲ့ ငြိမ်းချမ်းရေးဟာ ဆောင်းတွင်းအိပ်မက်တစ်ခုသာ ဖြစ်နေလိမ့်အုံးမယ် လို့သာ သတိပေးလိုက်ချင်ပါတယ်။

သံခဲ (သို့မဟုတ်) တစ်ချိန်က စောထွဋ်အောင်
နေ့စဉ်သတင်း
အခုခေတ်စားနေတဲ့ ဖက်ဒရယ်တပ်မတာ် ဘယ်ကစလို့မေးရင်တော့ အားလုံးသိကြတဲ့အတိုင်း UNFC ကစလို့ပဲဖြေရ ပါတော့မယ်။ UNFC ဘယ်ကစဆိုရင်လည်း KIA ကစလို့ဖြေရလိမ့်မယ်။ UNFC ကို KIA ကချုပ်ကိုင်ထားတာကိုတော့ သိပြီးကြားပြီးဖြစ်ကြလိမ့်မယ်လို့လဲ ထင်ပါတယ်။ ၀မ်ပေါင်နိုင်ငံတော် အိပ်မက်မက်နေသူ ဦးအင်ဘန်လက UNFC ဥက္ကဌ ရာထူးယူထားတယ်ဆိုတာလဲ အားလုံးအသိပါ။ ထားပါတော့….ငြိမ်းချမ်းရေးမလိုချင်ဘူးဆိုတဲ့အချက်ကလွဲရင် KIA အကြောင်းကို ကျုပ်လဲ ကောင်းကောင်းမသိပါဘူး။ ဒါပေမယ့် UNFC အတွင်းရေးမှုးနေရာမှာ မိန့်မိန့်ကြီးထိုင်နေသူက ဗိုလ်မှုးကြီးခွန်ဥက္ကာနဲ့ပတ်သက်လို့ နည်းနည်းပြောချင်ပါတယ်။ခွန်ဥက္ကာဟာ နိုင်ငံရေးတွေလုပ်ကိုင်နေတဲ့ အတွက် နိုင်ငံရေးသမားလား၊ UNFC ကအတွင်းရေးမှုး ဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးသမားလား၊ သူ့ကိုသူ ဗိုလ်မှုးကြီးလို့ဆိုနေတဲ့အတွက် စစ်သားလားလို့မေးကြပါလိမ့်မယ်။ တကယ်တော့ ခွန်ဥက္ကကာဟာ နိုင်ငံရေးသမားလည်း မဟုတ်၊ ငြိမ်းချမ်းရေးသမားလည်း မဟုတ်၊ စစ်သားလည်းမဟုတ်တော့ပါဘူး။

MPT က ဖုန်းပြောခများလျှော့ချ၍ မက်ဆေ့ခ်ျနှင့် အင်တာနက်အသုံးပြုခ အသစ်များကို ဇန်နဝါရီ ၉ ရက်တွင် အသစ်ထုတ်ပြန်ကြေညာမည်

ရန်ကုန်၊ ဇန်နဝါရီ ၆- မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း MPT မှဖုန်းပြော ခများလျှော့ချ၍ မက်ဆေ့ခ်ျနှင့် အင် တာနက်အသုံးပြုခအသစ်များကို ဇန် နဝါရီ၉ရက်နေ့တွင် အသစ်ထုတ်ပြန် ကြေညာပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ပအော်ပရေတာနှစ်ခုဖြစ် သည့်အော်ရီဒူး၊ တယ်လီနောတို့နှင့် ယှဉ်ပြိုင် သည့်ပုံစံဖြင့်ဝန်ဆောင်မှု ပေးမည့် MPT မှနှုန်းထားသစ်၊ ဝန်ဆောင်မှုသစ်များကို စတင်မိတ်ဆက် မည့်အခမ်းအနားကို ဇန်နဝါရီ ၉ ရက်နေ့ ညနေ ၆နာရီခွဲ၊ Park Royal ဟို တယ်၌ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

လက်ပံတောင်း ပဋိပက္ခ အစိုးရထုတ်ပြန်ချက် ဒေသခံများကို စော်ကားရာ ရောက်နေသည်ဟု ပုလဲအမတ် ဝေဖန်

ရန်ကုန် (မဇ္ဈိမ)။ ။ ဒေသခံ တစ်ဦး သေဆုံးခဲ့ရသည်အထိ ဖြစ်ပွားခဲ့သော လက်ပံတောင်းတောင် စီမံကိန်း ပဋိပက္ခသည် ဒေသခံ က သွေးထိုးလှုံ့ဆော်မှုများကို နားယောင်သောကြောင့်ဖြစ်သည်ဟုဆိုသော အစိုးရ၏ ထုတ်ပြန်ချက်သည် လက်ပံတောင်းဒေသခံများ ကို စော်ကားရာရောက်နေသည်ဟု ပုလဲမြို့နယ်မှ ပြည်သူ့လွှတ်တော် အမတ် ဒေါ်ခင်စန်းလှိုင်က ဝေဖန်လိုက်သည်။“ကိုယ့်ဘက်က ဆောင်ရွက်မပေးနိုင်လို့ ပြဿနာ တွေဖြစ်ရတာကို အခြားဘက်ကို လက်ညှိုးထိုးပြီးတော့ စွပ်စွဲပြစ်တင်တာဟာ နိုင်ငံတော် အဆင့်အနေနဲ့ ဒီလို မပြောသင့်ဘူးလို့ ကျွန်မတို့မြင်တယ်။ နောက်တစ်ခု က ဒီလိုမျိုးပြောဆိုခြင်းအား ဖြင့်လည်း ဒေသခံပြည်သူတွေ ကို စော်ကားတယ်လို့ မြင်တယ်” ဟု ဒေါ်ခင် စန်းလှိုင်က မဇ္ဈိမကို ပြောသည်။

ရုပ်ရှင်နှင့် ဗီဒီယို ဟာသသရုပ်ဆောင် လူရွှင်တော်ပိစိ နှလုံးရောဂါဖြင့် ကွယ်လွန်


ရုပ်ရှင်နှင့် ဗီဒီယိုဟာသသရုပ်ဆောင် ဦးပိစိ(ခ)ဦးဌေးအောင်မှာ ဇန်နဝါရီ ၆ရက်၊ မွန်းလွဲ ၁၂နာရီမိနစ် ၂ဝတွင် နှလုံး ရောဂါဝေဒနာဖြင့် မန္တလေးမြို့တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ယင်းသည်ကွယ်လွန်ချိန်တွင် အသက် ၆၃နှစ်ခန့်ရှိပြီဖြစ်ကာ သားသမီး သုံးယောက် ကျန်ရစ်ခဲ့ပြီး ၄င်း၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ဇန်နဝါရီ ၈ရက် မွန်းတည့် ၁၂နာရီတွင် မန္တလေးမြို့ တောင်အင်း မြောက်အင်း သုဿန်သို့ပို့ဆောင်မီး သဂြိုဟ်မည်ဖြစ်သည်။
''ဦးမောစ်နဲ့ ညီအစ်ကိုလိုဖြစ် ပြီး သူရုပ်ရှင်လောကကို ရောက်ခဲ့ တယ်။ ၂ဝ၁၄ခုနှစ် မတ်လပိုင်း လောက်ကတည်းက စပြီးရောဂါ စဖြစ်တာပေါ့။ နှလုံးအဆို့ရှင် ကျဉ်းတဲ့ရောဂါပါ။ မန္တလေးအိမ် မှာပဲ ကွယ်လွန် တာပါ''ဟု ၄င်း၏ သား ဦးသူရဌေးက ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံရောက်ရှိ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီဟာ ဒီနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိပါတယ်။

ဇန်န၀ါရီ ၇ ရက်နေ့ကနေ ၁၆ ရက်အထိ ခရီးစဉ်အတွင်း ရခိုင်နဲ့ ရှမ်းပြည်နယ်က လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကို အဓိကထား ကောက်ခံသွားမယ်လို့ ယန်ဟီးလီက သတင်းထုတ်ပြန်ထားပါတယ်။

“ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ ဒုက္ခသည်စခန်းတွေနဲ့ ရခိုင်က အခြေအနေကို သုံးသပ်သွားမှာ ဖြစ်ပြီး ပထမအကြိမ် ခရီးစဉ်အတွင်း ရင်ဆိုင်နေရတဲ့ အရေးပေါ်အခြေအနေ တိုးတက်မှု ရှိမရှိ အကဲဖြတ်သွားမယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ ကိုယ်တိုင် သစ်မခုတ်ပါဘူး သစ်ခုတ်တဲ့သူတွေကိုပဲ ပါမစ်ပေးခဲ့တာပါ” ဟု KIO ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာမှ ပြောကြား

Photo: “ ကိုယ်တိုင် သစ်မခုတ်ပါဘူး သစ်ခုတ်တဲ့သူတွေကိုပဲ ပါမစ်ပေးခဲ့တာပါ” ဟု KIO ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာမှ ပြောကြား

ဇန်န၀ါရီလ ၇ ရက်၊ ၂၀၁၅

ကချင်ပြည်နယ်၊ ၀ိုင်းမော်ဒေသမှ တရုတ်နိုင်ငံဘက်သို့ တန်ပေါင်းများစွာသောသစ်များ တရားမ၀င်ခိုးထုတ် ရောင်းချမှုနှင့် ပတ်သက်၍ KIO/KIA အဖွဲ့မှဆက်နွယ်နေမှုအပေါ်တွင် ကေအိုင်အိုအနေဖြင့် ကိုယ်တိုင်သစ်ခုတ် ရောင်းချခြင်းမရှိပေမယ့် နယ်မြေဒေသဖွံ့ဖြိုးရေးအတွက် သစ်ထုတ်လုပ်ရောင်းချသူများကို ပါမစ်ပေးတာမျိုးရှိ ကြောင်း KIO ခေါင်းဆောင်ဟောင်းဒေါက်တာတူးဂျာမှ DVB သတင်းဌာနသို့ပြောကြားခဲ့သည်ဟုသိရှိရသည်။

“ တိုက်ရိုက်လုပ်တာတော့မရှိပါဘူး၊ ဖြတ်သန်းမှုပေါ်မှာ သစ်သယ်တဲ့ကားတွေကို ဂိတ်တွေမှာ အခွန်ကောက်ခံ တာတော့ရှိတာပေါ့။ တခါတလေ သူတို့အနေနဲ့ပါမစ်ပေးတာမျိုးရှိတယ်။ ပါမစ်ပေးတယ်ဆိုတာကလည်း ဒီဒေသ ဖွံ့ဖြိုးရေးအတွက်ပေါ့လေ၊ လမ်းလုပ်မယ်၊ တံတားလုပ်မယ်ဆိုလို့ရှိရင်တော့ ငွေလိုတယ်လေ။ အဲခါကျတော့ ပါမစ် ပေးတာတခါတလေရှိတယ်။ အများအားဖြင့်ကတော့ အခွန်ကောက်ခံတာလောက်ပါ။ သူတို့ကိုယ်တိုင် သစ်တွေ ခုတ်တင်ပို့ရောင်းချတာတွေကတော့သိပ်မရှိပါဘူး” ဟု ဒေါက်တာတူးဂျာကဒီဗွီဘီသို့ ပြောကြားခဲ့ကြောင်း သိရှိရ သည်။

ဇန်နဝါရီ ၂ ရက်မှ ၄ ရက်အထိ တပ်မတော်စစ်ကြောင်းများ နယ်မြေရှင်းလင်းဆောင်ရွက်ရာမှ မြန်မာနိုင်ငံ သား ၂၀ဦး၊ တရုတ်နိုင်ငံသား ၁၀၂ ဦး၊ စုစုပေါင်း ၁၂၂ ဦးနှင့် တရားမဝင် သစ်ခိုးထုတ်သည့် ကုန်တင်ယာဉ် ၄၅၅ စီး၊ တရုတ်ယွမ်ငွေ ၁၂,ဝဝဝ နှင့်အတူ မူးယစ်ဆေးဝါးအမြောက်အများကို ဖမ်းဆီးရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပြီး ဖမ်းဆီးရမိသောတရုတ်နိုင်ငံသားများထံမှ ကေအိုင်အေ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးချုပ် ဇောဘုတ်ထန်း လက်မှတ် ရေးထိုးထားသော သစ်ထုတ်လုပ်ခွင့်ပြုသည့် စာရွက်စာတမ်းများအား သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

KIA အနေဖြင့် လမ်းတံတားများ ဆောက်လုပ်ရန်နှင့် နယ်မြေဖွံ့ဖြိုးမှုများ လုပ်နေသည်ဟုဆိုသော်လည်း ကချင် ပြည်နယ်တွင် KIA မှဆောက်လုပ်ပေးထားသည့် လမ်းများ၊ တံတားများတစ်ခုမှမရှိကြောင်း၊ ရှိပြီးသားလမ်း၊ တံတားများကိုတောင် ဖောက်ခွဲဖျက်ဆီးနေကြောင်း၊ ယခုလို သစ်ခိုးထုတ်မှုများကိုလည်း ဒီတစ်ကြိမ်မှသာ ဖမ်းမိ ခြင်းဖြစ်ကြောင်း၊ KIA အနေဖြင့် ယခင်ကတည်းက တရုတ်မှောင်ခိုသမားများအား အခွန်ကောက်ခံ၍ သစ်ခိုးထုတ်ခွင့်များပြုကာ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေကြာင်းကို ၀ိုင်းမော်မြို့တွင်နေထိုင်သူ ကချင်လူမျိုး ဦးအော့န်ဘရန်နု မှပြောသည်။

KIA သည် လက်ရှိအခြေအနေတွင် အစိုးရနှင့် အပစ်အခတ်ရပ်စဲမှု ဆွေးနွေးပွဲများသို့ တက်ရောက်ခြင်းမရှိဘဲ သဘောထားတင်းမာလျက်ရှိသည်။ ၆၇ နှစ်မြောက်လွတ်လပ်ရေးနေ့တွင် ကျင်းပသော ဗိုလ်ရှုခံအခမ်းအနားသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတက ဖိတ်ကြားမှုအား KIA မှ ငြင်းဆန်ခဲ့ပြီးနောက်ပိုင်းတွင် ယခုလို ကိစ္စများ ဖြစ်ပေါ်လာခဲ့ခြင်းကြောင့် ပြည်သူများအကြားတွင် KIA ၏ ငြိမ်းချမ်းရေးမူဝါဒနှင့် သဘောထားအား ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။

Credit:ဇော်မြင့်ထွန်း ( ဗန်းမော်)
နေ့စဉ်သတင်း
ကချင်ပြည်နယ်၊ ၀ိုင်းမော်ဒေသမှ တရုတ်နိုင်ငံဘက်သို့ တန်ပေါင်းများစွာသောသစ်များ တရားမ၀င်ခိုးထုတ် ရောင်းချမှုနှင့် ပတ်သက်၍ KIO/KIA အဖွဲ့မှဆက်နွယ်နေမှုအပေါ်တွင် ကေအိုင်အိုအနေဖြင့် ကိုယ်တိုင်သစ်ခုတ် ရောင်းချခြင်းမရှိပေမယ့် နယ်မြေဒေသဖွံ့ဖြိုးရေးအတွက် သစ်ထုတ်လုပ်ရောင်းချသူများကို ပါမစ်ပေးတာမျိုးရှိ ကြောင်း KIO ခေါင်းဆောင်ဟောင်းဒေါက်တာတူးဂျာမှ DVB သတင်းဌာနသို့ပြောကြားခဲ့သည်ဟုသိရှိရသည်။

တောင်းဆိုချက် မလိုက်လျောပါက မကြာမီ ပိုပြင်းထန်သောသပိတ်များ စတင်မည်ဟု ကျောင်းသားသမဂ္ဂများဆို

အတည်ပြု ပြဋ္ဌာန်းပြီးသော အမျိုးသားပညာရေး ဥပဒေ ပြန်လည် ပြင်ဆင်ရန် ပညာရေး ဝန်ကြီးဌာနနှင့် တာဝန်ရှိသူများ ရက်ပေါင်း ၆၀ အတွင်း လေးပွင့်ဆိုင် တွေ့ဆုံရန် ကျောင်းသားသမဂ္ဂများ တောင်းဆိုထားမှုမှာ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သတ်မှတ်ရက် ပြည့်တော့မည် ဖြစ်သဖြင့် မကြာမီ ပိုမိုပြင်းထန်သော သပိတ်များ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကျောင်းသားသမဂ္ဂများက The Voice သို့ ပြောကြားသည်။

မီးတောင်ဝမှာ သကြားလုံး ကင်ဆားသူ


Photo: မီးတောင်ဝမှာ သကြားလုံး ကင်ဆားသူ
======================
ဇန်န၀ါရီလ ၇ ရက်၊ ၂၀၁၅

မီးတောင်ဝမှာ ကင်ဆာတဲ့ အကြောင်း မပြောခင် ကင်ဆားလို့ ရတဲ့ သကြားလုံး အကြောင်း အရင်ပြောဖို့ လိုမယ်လို့ ယုံကြည်ပါတယ်။ Marshmallow လို့ခေါ်တဲ့ Sugar Candy (သကြားလုံး) တစ်မျိုးကို အနောက်တိုင်းမှာ စားသုံးကြပြီး ယင်း သကြားလုံးကိုလည်း ထူးထူးခြားခြား ကင်ဆားတတ်ကြ ပါတယ်။ များသော အားဖြင့် camping သွားတဲ့အခါ ကင်ဆားတတ်ကြပါတယ်။

သူ့ဆီက ထွက်လာတဲ့ အရည်နဲ့ မီးကင်ထားတဲ့ အနံ့ကြောင့်မို့ ယင်း သကြားလုံးကို ပိုကြိုက်ကြသတဲ့။ ယင်း သကြားလုံးကို camping သွားချိန် ကင်ဆားတာ သူတို့အတွက် မထူးဆန်းပေမယ့် ပုံမှာ မြင်တွေ့နေရတဲ့ လူကတော့ မီးတောင်ဝကနေ ကင်ဆားနေတာကြောင့် ထူးဆန်းသွားပါတယ်။ သြစတေးလျနိုင်ငံ အရှေ့ဘက် ပစိဖိတ် သမုဒ္ဒရာအတွင်းမှာ မီးတောင်နိုင်ငံလို့ ထင်ရှားတဲ့ ဗနွားတူးနိုင်ငံမှာ ဖြစ်ပါတယ်။ မီးတောင်လေ့လာရေး ပညာရှင် နှစ်ဦးဟာ Ambrym ကမီးတောင် ထိပ်ဝအထိ တက်ခဲ့ပြီး ယခုလို camp ပြုလုပ်လို့ သကြားလုံး ကင်ဆားခဲ့ကြ ပါတယ်။

၄၀၀ မီတာ အနက်ရှိတဲ့ လျှော်ရည်ပူထွက်နေတဲ့ မီးတောင်ဝမှာ Marshmallow ကို အေးအေးဆေးဆေး နားနားနေနေ ကင်သလို ကင်ပြီး စားနေတဲ့ ပုံကြောင့် အင်တာနက်မှာ ရေပန်းစားလာ ခဲ့ပါတယ်။
.
Ref: Metro, wiki
အောင်ခမ်း (ရိုးရာလေး)
မီးတောင်ဝမှာ ကင်ဆာတဲ့ အကြောင်း မပြောခင် ကင်ဆားလို့ ရတဲ့ သကြားလုံး အကြောင်း အရင်ပြောဖို့ လိုမယ်လို့ ယုံကြည်ပါတယ်။ Marshmallow လို့ခေါ်တဲ့ Sugar Candy (သကြားလုံး) တစ်မျိုးကို အနောက်တိုင်းမှာ စားသုံးကြပြီး ယင်း သကြားလုံးကိုလည်း ထူးထူးခြားခြား ကင်ဆားတတ်ကြ ပါတယ်။ များသော အားဖြင့် camping သွားတဲ့အခါ ကင်ဆားတတ်ကြပါတယ်။

အိုဘားမားခရီးစဉ်မတိုင်မီ အိန္ဒိယနှင့် ပါကစ္စတန် နယ်စပ်၌ တိုက်ပွဲများ ပြင်းထန်လာ

နှစ်နိုင်ငံ နယ်စပ်ဒေသတွင် အိန္ဒိယက အရပ်သားလေးဦးကို သတ်ဖြတ်ခဲ့ကြောင်း ပါကစ္စတန်က စွပ်စွဲလိုက်ပြီး နယ်ခြားစောင့်တစ်ဦး သေဆုံးခဲ့သည်ဟု အိန္ဒိယအစိုးရကလည်း ပြောကြားခဲ့ရာ အမေရိကန်သမ္မတ အိုဘားမား အလည်အပတ်ခရီးစဉ်မတိုင် မီ နျူကလီးယားအင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

အိန္ဒိယမြေပေါ်တွင် တိုက် ခိုက်မှုပြုလုပ်ရန် စီစဉ်နေသော ပါကစ္စတန်နိုင်ငံသားလေးဦးကို သတ်ဖြတ် လိုက်သည်ဟု အိန္ဒိယ အစိုးရက ပြောကြားသည်။

ဘင်္ဂါလီ ၂၅၀ ခန့်အား ဒုတိယအကြိမ် နိုင်ငံသား ဖြစ်ခွင့်ပြု

မြန်မာနိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ဘင်္ဂါလီ ၂၅၀ ခန့်အား နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံ သားပြုခွင့် ဒုတိယအကြိမ်ခွင့်ပြုခဲ့ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာနမှ သတင်း ရရှိသည်။

ရခိုင်ပြည်နယ်မြေပုံမြို့နယ် တွင် ပြုလုပ်သော နိုင်ငံသားပြု ရေးစီမံချက်၌ လျှောက်ထားသူ တစ်ထောင်ကျော် ရှိခဲ့သည့်အ နက် ၂၀၁၄ နှစ်ကုန်တွင် နိုင်ငံသား ဖြစ်ခွင့် ၅၇ ဦးနှင့် နိုင်ငံသား ပြုခွင့် ၁၉၁ ဦးအား ထပ်မံခွင့်ပြုပေးခဲ့ရာ နောက်ဆုံးစာရင်းအရ နိုင်ငံသား ဖြစ်ခွင့် ၉၇ ဦးနှင့် နိုင်ငံသားပြု ခွင့် ရရှိသူ ၃၆၀ ဦးရှိပြီး ဖြစ်သည်။

မောင်တောနယ်စပ်ဒေသသို့ တစ်ဖက်နိုင်ငံမှဝင်ရောက်ခိုလှုံလာသည့် ရခိုင်မျိုးနွယ်စုများအတွက် အိမ်အလုံး ၅၀အာရ်စီအိမ်များအဖြစ် တည်ဆောက်ပေးမည်

မောင်တောနယ်စပ် ဒေသသို့ တစ်ဖက်နိုင်ငံမှ ၀င်ရောက် ခိုလှုံလာသည့် ရခိုင်မျိုးနွယ်စုမိသားစုဝင်များ အတွက် နေအိမ်အလုံး ၅၀ ကို အာရ်စီအိမ်များအဖြစ် တည်ဆောက်ပေးမည်ဖြစ်ကြောင်း နယ်စပ် ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပြောကြားသည်။

အခြေခံမဲစာရင်း ပြုစုခြင်းနှင့် မဲဆန္ဒရှင် ပညာပေးလုပ်ငန်းများ ပြီးဆုံးချိန်တွင် ရွေးကောက်ပွဲ ကျင်းပမည့်ရက် ကြေညာနိုင်မည်ဟုဆို

အထွေထွေရွေးကောက် ပွဲ ကျင်းပမည့်ရက်ကို ကြေညာရန် ဇူလိုင်တွင် အခြေခံမဲစာရင်းပြုစုခြင်း ပြီးစီးမှုနှင့် မဲဆန္ဒရှင်ပညာပေးလုပ်ငန်း ပြီးစီးသည့်အချိန်တွင် မူတည်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတင်းရရှိသည်။

‘‘ဇူလိုင်မှာ အခြေခံမဲစာရင်း တွေ ပြုစုပြီးမလားဆိုတာ စောင့် ကြည့်နေပါတယ်။ ပြီးရင် မဲဆန္ဒ ရှင်ပညာပေးလုပ်ရပါဦးမယ်။ အဲ ဒီအဆင့်တွေပြီးမှပဲ ကျွန်တော်တို့ တရားဝင် ကြေညာနိုင်ပါ့မယ်။ ဒီတော့ အောက်တိုဘာလကုန်၊ နိုဝင်ဘာလဆန်းလို့ပဲ ပြောနိုင်ပါ မယ်’’ ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ညွှန်ကြား ရေးမှူးဦးသောင်းလှိုင်က ပြော သည်။

ရေနည်းကာလ မရောက်မီ ဇန်န၀ါရီမှာပင် မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ ၁၂ ပေအောက်အထိ ကျဆင်း

Photo: ရေနည်းကာလ မရောက်မီ ဇန်န၀ါရီမှာပင် မန္တလေးမြို့တွင် ဧရာဝတီမြစ်ရေ ၁၂ ပေအောက်အထိ ကျဆင်း 

ဇန်န၀ါရီလ ၇ ရက်၊ ၂၀၁၅

ယခုနှစ် ဧရာဝတီမြစ် ရေနည်းကာလတွင် မြစ်ရေလျော့ကျမှု စောကာ ကျဆင်းမှု မြန်ခြင်းကြောင့် ဇန်န၀ါရီလ အတွင်းမှာပင် မန္တလေးမြို့ ရေနည်းမှတ်မှာ ၃၇၀ ကျော် စင်တီမီတာ (၁၂ ပေ) အောက်အထိ ကျဆင်းလျက်ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဧရာဝတီမြစ် မြစ်ရေတိုးချိန် (ရေများကာလ)အတွင်း၌ နှစ်စဉ် ရေများမှတ်အထိ ရောက်ရှိမြင့်တက်လေ့ ရှိသော်လည်း ပြီးခဲ့သည့် ရေများကာလ၌ စိုးရိမ်ရေမှတ်အထိ ရောက်ရှိခဲ့ခြင်း မရှိသောကြောင့် မြစ်ရေလျော့ကျမှု စောခြင်းဖြစ်နိုင်ကြောင်း သိရသည်။

“မြစ်ရေနှိုင်းယှဉ်ဇယားမှာ ဧရာဝတီမြစ်ရေက ရေများချိန်မှာဆိုရင် နှစ်စဉ်တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်အထိ ရေများအမှတ်ကို ရောက်ရှိတယ်။ ဒီနှစ်မှာ ရေများအမှတ် ရောက်ရှိခဲ့ခြင်း မရှိတဲ့အတွက် မြစ်ရေအကျ စောတာလို့ သုံးသပ်နိုင်ပါတယ်။ အခု ဇန်န၀ါရီလထဲမှာကို ခါတိုင်းနှစ် မတ်၊ ဧပြီလောက်မှ ကြုံတွေ့ရတဲ့ ရေအမှတ်ကို ရောက်ရှိနေပါပြီ” ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မန္တလေးမြို့ ဧရာဝတီမြစ်ရေ အမှတ်မှာ ဇန်န၀ါရီ ၁ ရက်တွင် ၃၈၅ စင်တီမီတာမှ ဇန်န၀ါရီ ၅ ရက်တွင် ၃၇၈ စင်တီမီတာအထိ ကျဆင်းခဲ့ကြောင်း၊ မြစ်ရေ ဆက်လက်လျော့ကျနိုင်ခြင်း ရှိသော်လည်း ယခုနှစ်တွင် စံချိန်တင် ရေနည်းအမှတ်အထိ ကျဆင်းနိုင်ခြင်း ရှိ၊ မရှိကိုမူ မခန့်မှန်းနိုင်သေးကြောင်း သိရသည်။ ရေနည်းကာလတွင် ရေယာဉ်များ သတိပြု မောင်းနှင်နိုင်ရန် ရေလမ်းကြောင်း တစ်လျှောက်ဖြစ်သော ဟင်္သာတမှ ပြည် ရေလမ်း ငါးပေကျော်၊ ပြည်မှ မန္တလေး ရေလမ်း ငါးပေ၊ မန္တလေးမှ ကသာ ရေလမ်း လေးပေ၊ ကသာမှ ဗန်းမော် ရေလမ်း သုံးပေကိုးလက်မနှင့် ဆင်ဘိုမှ မြစ်ကြီးနား ရေလမ်း နှစ်ပေ ခြောက်လက်မဟူ၍ ရေလမ်းကြောင်းအလိုက် ရေစူးကန့်သတ်ချက်များ ထုတ်ပြန်ထားပြီး ယင်းကန့်သတ်ချက်နှင့်အညီ မောင်းနှင်ပါက အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြစ်ရေလျော့ကျခြင်းကြောင့် မန္တလေးအထက်ပိုင်း ရေလမ်းဖြစ်သော မန္တလေး-ဗန်းမော်ရေလမ်းတွင် ရေလမ်းကြောင်းကျပ်ကာ ရေယာဉ်များ သောင်တင်ခြင်း၊ ပိတ်မိခြင်းများ စတင်ကြုံတွေ့နေရပြီဖြစ်ကာ ယင်းကဲ့သို့ ဖြစ်ပွားသည့် နေရာများတွင် ရေလမ်းကောင်းမွန်ရန် သောင်တူးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီမြစ် မန္တလေးရေအမှတ်မှာ ၁၉၉၄ ခုနှစ်တွင် ၃၉၇ စင်တီမီတာ၊ ၂၀၀၄ ခုနှစ်တွင် ၃၆၈ စင်တီမီတာအထိနှင့် ၂၀၁၄ ခုနှစ် ဧပြီ ၃ ရက်တွင် ၃၄၅ စင်တီမီတာအထိ အနိမ့်ဆုံး ရေအမှတ်သို့ ရောက်ရှိကျဆင်းခဲ့ဖူးကြောင်း သိရသည်။

Eleven Media Group
ယခုနှစ် ဧရာဝတီမြစ် ရေနည်းကာလတွင် မြစ်ရေလျော့ကျမှု စောကာ ကျဆင်းမှု မြန်ခြင်းကြောင့် ဇန်န၀ါရီလ အတွင်းမှာပင် မန္တလေးမြို့ ရေနည်းမှတ်မှာ ၃၇၀ ကျော် စင်တီမီတာ (၁၂ ပေ) အောက်အထိ ကျဆင်းလျက်ရှိကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ဧရာဝတီမြစ် မြစ်ရေတိုးချိန် (ရေများကာလ)အတွင်း၌ နှစ်စဉ် ရေများမှတ်အထိ ရောက်ရှိမြင့်တက်လေ့ ရှိသော်လည်း ပြီးခဲ့သည့် ရေများကာလ၌ စိုးရိမ်ရေမှတ်အထိ ရောက်ရှိခဲ့ခြင်း မရှိသောကြောင့် မြစ်ရေလျော့ကျမှု စောခြင်းဖြစ်နိုင်ကြောင်း သိရသည်။

တပ်မတော်က အခြေခံဥပဒေပြင်ရေး လုံးဝလက်မခံဟု မပြောကြောင်း ကာချုပ်ဆို

Photo: တပ်မတော်က အခြေခံဥပဒေပြင်ရေး လုံးဝလက်မခံဟု မပြောကြောင်း ကာချုပ်ဆို

ဇန်န၀ါရီလ ၇ ရက်၊ ၂၀၁၅

ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ရာတွင် ဥပဒေ၌ ဖော်ပြထားသည့် ပြင်ဆင်ရန် အ ချက်များနှင့်အညီ အများဆန္ဒအရ ပြင်ဆင်ရမည်ဖြစ်ပြီး တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကို လုံးဝလက်မခံဟု မပြောကြောင်းတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောကြားသည်။

ဇန်န၀ါရီ ၅ ရက်က ပြင်သစ် သံအမတ်ကြီး၊ ကိုယ်စားလှယ် အဖွဲ့တို့နှင့် တွေ့ဆုံစဉ် ကာကွယ် ရေးဦးစီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်သံအမတ်ကြီးက မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နက် ကိုင်များနှင့် ပဋိပက္ခပြ ဿနာ၊ ငြိမ်းချမ်းရေးနှင့် အပစ်အ ခတ် ရပ်စဲရေး ဆွေးနွေးမှုအခြေအ နေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားတို့ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံအတွက် ဖွဲ့ စည်းပုံအခြေခံဥပဒေခိုင်မာရန် လိုအပ်ပြီး ဖွဲ့စည်းပုံပြင်ဆင်ရန်မှာ အခြေခံဥပဒေအခန်း (၁၂) တွင် ဖော်ပြထားသည့် ပြင်ဆင်ရန်အကြောင်း အချက်များနှင့်အညီ အများဆန္ဒအရ ပြင်ဆင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ထို့ပြင် နိုင်ငံရေးအကျပ်အ တည်းကိုလည်း ဥပဒေနှင့်အညီ အပြုသဘောဆောင်သည့် တွေ့ဆုံ ဆွေးနွေးမှုများဖြင့် ဖြေရှင်းနေ ကြောင်း ကာကွယ်ရေးဦးစီးချုပ် က ပြောကြားသည်။ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများ၊ မြန်မာနိုင်ငံကိုလိုနီလက်အောက်ရောက် ကတည်းက တိုင်းရင်းသားအရေး၊ အယူဝါဒအရေး၊ ဘာသာရေးနှင့် လူပုဂ္ဂိုလ်အရေး အယူအဆကွဲပြားမှုများကြောင့် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အလွန်ရှုပ်ထွေးကြောင်းနှင့် လက်ရှိတွင် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ သဘောထားခြောက်ချက်ကို အလေးထားလုပ်ဆောင်ရန် တိုက်တွန်းထားကြောင်း ကာချုပ်ကပြောကြားသည်။

သို့ရာတွင် ဒေါ်အောင်ဆန်း စုကြည်တောင်းဆိုသည့် လေးပွင့် ဆိုင်တွေ့ဆုံမှု၊ ပြည်ထောင်စု လွှတ်တော်က အရေးကြီးအဆို တင်အတည်ပြုထားသည့် တိုင်း ရင်းသားကိုယ်စားလှယ်တစ်ဦးပါ ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုကို ကာကွယ်ရေး ဦးစီးချုပ်က လက်မခံကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU နှင့် တွေ့ဆုံစဉ် ပြောကြားထားသည်။

သို့သော် ရန်ကုန်တိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တို့က တိုင်းရင်းသား လူမျိုးစုအသီးသီးကို ကိုယ်စားပြုသည့် ကိုယ်စားလှယ်များပါဝင် သော ၁၂ ပွင့်ဆိုင်တွေ့ဆုံရေးပြုလုပ်ရန် အဆိုပြုတိုက်တွန်းထား သည်။

နိုင်ငံရေးအကျပ်အတည်း ကို ဖြေရှင်းရန် အပြုသဘော ဆောင်သည့် တွေ့ဆုံမှုများဖြင့် ဖြေရှင်းဆွေးနွေးနေကြောင်း ကာချုပ်က ပြောကြားသော်လည်း သမ္မတအိမ်တော်တွင် တွေ့ဆုံခဲ့သည့် ပထမဆုံးအကြိမ် နိုင်ငံရေးအစုအ ဖွဲ့ ငါးဖွဲ့ (၁၄ ပွင့်ဆိုင်)တွေ့ဆုံမှု မှာမူ အစိုးရက ဟန်ပြသက်သက် ပြုလုပ်ခဲ့ခြင်းသာဖြစ်ပြီး တကယ့် အကျပ်အတည်း ပြဿနာများ ကို ထင်ဟပ်ဖြေရှင်းနိုင်ခြင်းမရှိ ကြောင်း တက်ရောက်ခဲ့သူအများစုက သုံးသပ်ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအတွက် အဖြစ်သင့်ဆုံးမှာ နိုင်ငံရေးတွင် အဓိကကျသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးမှုဖြစ်ပြီး နိုင်ငံ ရေးအကျပ်အတည်းကို ၀ိုင်းဝန်း အဖြေရှာခြင်းသာဖြစ်ကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဒေါက်တာ ရန်မျိုးသိမ်းက ပြောသည်။

‘‘လွှတ်တော်ပြန်စတဲ့အခါ မှာ ဒီခြေဥပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လေးပွင့်ဆိုင်၊ ခြောက်ပွင့်ဆိုင်ကိစ္စအတွက် သမ္မတက သ၀ဏ် လွှာပါးရတော့မယ်။ ခန့်မှန်းရသ လောက်တော့ အခြေခံဥပဒေမှာ လွှတ်တော်အတွင်း အများစုနေ ရာယူထားတဲ့သူတွေ လိုလားတဲ့ ပုဒ်မတွေသာ ပြင်ဆင်နိုင်ပြီး ကျန် တဲ့ ၄၃၆ အပါအ၀င် ပြည်သူလို လားတဲ့ ဥပဒေတွေကတော့ ပြင် နိုင်လိမ့်မယ်လို့ မထင်ဘူး။ ဒါ ကြောင့် တွေ့ဆုံဆွေးနွေးမှုကနေ အဖြေတစ်ခုထွက်လာရင် လူထု ကလည်း ဒီအဖြေကို စောင့်ဆိုင်း ဖို့ စိတ်ရှည်လိမ့်မယ်လို့ မြင်တယ်’’ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အဓိကကျပြီး အရေးကြီးသည့် ပုဒ်မများ ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်၌ ၇၅ ရာခိုင်နှုန်းကျော်ထောက်ခံမှုရရှိမှသာ လူထုဆန္ဒခံယူပွဲကျင်းပ၍ ပြင်ဆင်နိုင်သည်ဆိုသည့် ပုဒ်မ ၄၃၆ ကြောင့်လွှတ်တော်အတွင်း ၂၅ ရာခိုင်နှုန်းရှိနေသော တပ်မတော်သားကိုယ် စားလှယ်အနည်းဆုံးတစ်ဦး၏ ထောက်ခံမှု ရရှိရန်လိုအပ်သည်။ သို့သော် ထိုပုဒ်မကို မပြင်လို ကြောင်း တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များက ပြည် ထောင်စုလွှတ်တော်တွင် ဆန္ဒပြု ခဲ့ပြီး ဖြစ်သည်

7Day Daily
ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်ရာတွင် ဥပဒေ၌ ဖော်ပြထားသည့် ပြင်ဆင်ရန် အ ချက်များနှင့်အညီ အများဆန္ဒအရ ပြင်ဆင်ရမည်ဖြစ်ပြီး တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရေး ကို လုံးဝလက်မခံဟု မပြောကြောင်းတပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ပြောကြားသည်။

ဇန်န၀ါရီ ၅ ရက်က ပြင်သစ် သံအမတ်ကြီး၊ ကိုယ်စားလှယ် အဖွဲ့တို့နှင့် တွေ့ဆုံစဉ် ကာကွယ် ရေး ဦးစီးချုပ်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြင်သစ်သံအမတ်ကြီးက မြန်မာနိုင်ငံအတွင်း တိုင်းရင်းသား လက်နက် ကိုင်များနှင့် ပဋိပက္ခပြ ဿနာ၊ ငြိမ်းချမ်းရေးနှင့် အပစ်အ ခတ် ရပ်စဲရေး ဆွေးနွေးမှုအခြေအ နေနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ တပ်မတော်၏ သဘောထားတို့ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကုလနှင့် နိုင်ငံကြီးအချို့ပါဝင်ရန် ငြိမ်းပွင့်နှင့် ကေအိုင်အိုလိုလား

ငြိမ်းချမ်းရေးဆွေးနွေးပွဲ များတွင် ကုလနှင့် နိုင်ငံကြီးအချို့ ပါဝင်နိုင်ရန် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းနှင့် ကေအိုင်အိုအလုပ်အဖွဲ့ (TAT)တို့ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီ ၅ ရက်ညနေတွင် ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) မှ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားရေးရာတာဝန်ခံ ဦးမြအေးဦးဆောင် သော အဖွဲ့နှင့် ကေအိုင်အေမှ ဒုဗိုလ်မှူးကြီး နောလီ ပါဝင်သောTAT တို့ မြစ်ကြီးနား မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။