(၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဟော်ကီ အုပ်စုပတ်လည်ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်တွင် မြန်မာအသင်း က အင်ဒိုနီးရှားအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။ မြန်မာ အသင်းသည် အုပ်စုပတ်လည်ပွဲစဉ် တွင် ယှဉ်ပြိုင်ကစားခဲ့ပြီးသော လေးပွဲအနက် ယနေ့ယှဉ်ပြိုင်မှုတွင် ပထမဆုံးနိုင်ပွဲ စတင်ရရှိခဲ့ခြင်း ဖြစ်သည်။
Wednesday, December 18, 2013
မြန်မာအမျိုးသမီးဟော်ကီအသင်းအင်ဒိုနီးရှားကိုအနိုင်ရ
(၂၇)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဟော်ကီ အုပ်စုပတ်လည်ပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်တွင် မြန်မာအသင်း က အင်ဒိုနီးရှားအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရခဲ့သည်။ မြန်မာ အသင်းသည် အုပ်စုပတ်လည်ပွဲစဉ် တွင် ယှဉ်ပြိုင်ကစားခဲ့ပြီးသော လေးပွဲအနက် ယနေ့ယှဉ်ပြိုင်မှုတွင် ပထမဆုံးနိုင်ပွဲ စတင်ရရှိခဲ့ခြင်း ဖြစ်သည်။
နိုကီယာဖုန်း ကယ်လို့ အသက်မသေသူ
ကမ္ဘာ့အကြမ်းအခံဆုံး မိုဘိုင်းဖုန်း စာရင်းထဲမှာ နိုကီယာပါဝင်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ဖုန်းက Nokia X2 ပါ။ ၂၀၁၀ ဧပြီလောက်က စတင်မိတ် ဆက်ပြီး ၂၀၁၁ မှာ ရေပန်းစားခဲ့တဲ့ ဖုန်း ဖြစ်ပါတယ်။
ဆီရီးယားမှာပါ။ ၂၀၁၂ ခုနှစ် သြဂုတ်လက ပြည်တွင်းစစ် ဖြစ်နေဆဲ ကာလ ဖြစ်ပါတယ်။ ဆန္ဒပြသူများကို စစ်သားများက သေနတ်နဲ့ တကယ် ပစ်ခဲ့တဲ့ ပဋိပက္ခကြီးပါ။ X2 ဖုန်းတစ်လုံးနဲ့ ဆန္ဒပြနေနေတဲ့သူက ကင်မရာနဲ့ ဓာတ်ပုံရိုက်ပါတယ်။ မှတ်တမ်းတင်မှု လုပ်ပါတယ်။ ကင်မရာ 5 megapixel တောင် ရှိတာဆိုတော့ အရည်အသွေး အသင့်တင့်ရှိတဲ့ ဓာတ်ပုံတွေ ရပါတယ်။
ဘင်္ဂါလီ ခုနစ်ဦးကို ခေါ်ယူလာသည့် ယာဉ်မောင်းကို လူကုန်ကူးမှု အပါအဝင် ပုဒ်မနှစ်ခုဖြင့် အမှုဖွင့်
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ ဘင်္ဂါလီ ခုနစ်ဦးကို
ပါဂျဲရိုးယာဉ်ဖြင့် ရန်ကုန်မြို့တော်သို့ ခေါ်ဆောင် လာသော ယာဉ်မောင်းကို
လူကုန်ကူးမှု အပါအဝင် ပုဒ်မနှစ်ခုဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့က အမှုဖွင့်
စစ်ဆေး လျက် ရှိကြောင်း မှော်ဘီမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက
ပြောကြားသည်။
ဒလမြို့ နှစ်လုံးထီဒိုင် အမျိုးသမီးကို ထောင်ဒဏ်သုံးနှစ်၊ခြောက်လ ချမှတ်
နှစ်လုံးထီးဒိုင်ကိုင်နေသော အမျိုးသမီးတစ်ဦးကို ပြစ်မှုထင်ရှားကြောင်း
စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဒလမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ်
သုံးနှစ်ခြောက်လကျခံစေရန် ဒီဇင်ဘာ ၁၁ ရက်က အမိန့်ချမှတ်လိုက် သည်။
ပြိုင်ကားမောင်းသူတစ်ဦးက ရပ်ထားသည့် ကားကို ဖျက်ဆီးဟုဆိုကာ အမှုဖွင့်
ပြိုင်ကားမောင်းနှင်သူတစ်ဦးက နေအိမ်ရှေ့တွင် ညအိပ်ရပ်နားထားသည့်
ကားတစ်စီးအား ဖျက်ဆီးခဲ့မှု တစ်ခု ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းတွင်
ဒီဇင်ဘာ ၁၆ ရက် နံနက်က ဖြစ်ပွားခဲ့သည့်အတွက် အမှုဖွင့် တိုင်တန်းထားသည်ဟု
ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။
သူရိယနေ၀န်းဂျာနယ်နှင့် ပတ်သက်သည့် ပြန်ကြားရေးတောင်းဆိုမှု စာနယ်ဇင်းကောင်စီ လိုက်လျောမည်မဟုတ်
သူရိယနေ၀န်းဂျာနယ်တွင် ဖော်ပြမှုများသည်
စာနယ်ဇင်းကျင့်ဝတ်များနှင့်မညီညွတ်ဘဲ အစိုးရကို ထိခိုက် စေသည်ဟုဆိုကာ
ညှိနှိုင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနက စာနယ်ဇင်းကောင်စီ (ယာယီ)သို့
အကြောင်းကြားခဲ့သော်လည်း စာနယ်ဇင်းကောင်စီဘက်မှ
ဝင်ရောက်ညှိနှိုင်းပေးမည်မဟုတ်ဟု စာနယ် ဇင်းကောင်စီ
အတွင်းရေးမှူးဦးကျော်မင်းဆွေက ဒီဇင်ဘာ ၁၇ ရက်တွင် မဇ္ဈိမကို ပြောသည်။
ပြစ်ဒဏ်ကျ ထောက်လှမ်းရေး ဟောင်းများကို နိုင်ငံရေး အကျဉ်းသားအဖြစ် လက်မခံဟုဆို
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ထိန်းသိမ်း အရေးယူ ခံရစဉ်တွင် တစ်ပါတည်း
ဖမ်းဆီး အကျဉ်းကျခံရပြီး မလွတ်မြောက်သေးသည့် ထောက်လှမ်းရေး
အဖွဲ့ဝင်ဟောင်းများကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ် ၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုမည် ဆိုပါက လုံးဝလက်မခံမည် မဟုတ်ကြောင်း နိုင်ငံရေး
အကျဉ်းသားဟောင်း များ အဖွဲ့က ထုတ်ပြန် ပြောကြားသည်။
KIO ဌာနချုပ် လိုင်ဇာမြို့တွင် ကချင်အမျိုးသားများ၏ အနာဂတ် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ
ကချင်အမျိုးသားများ၏ အနာဂတ်နှင့် ရှေ့ဆက် နိုင်ငံရေးလုပ်ငန်းစဉ်
ရှင်းလင်းရန်နှင့် ဆွေးနွေးတိုင်ပင် ရန် အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO
ဌာနချုပ်တွင် ကချင်ခေါင်းဆောင်များ လိုင်ဇာမြို့တွင် ဒီဇင် ဘာလ ၁၇ ရက်တွင်
စတင် ကျင်းပလျက်ရှိသည်။
တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ အလည်အပတ် လာရောက်ရန် တရားဝင် ဖိတ်ခေါ်ပြောကြားမှု မရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ပြောကြား
တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော လေ့လာရေး ခရီးစဉ်အတွင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား
တရုတ်နိုင်ငံသို့ လာရောက်ဖိတ်ခေါ်ခြင်းမျိုး တရုတ်နိုင်ငံ ဘက်က ပြော ကြားမှု
မရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက The
Daily Eleven သတင်းစာသို့ ပြောကြားသည်။
မြန်မာစစ်အရာရှိ ၁ ဦးနဲ့ စီးပွားရေးကုမ္ပဏီ ၃ ခုအပေါ် အမေရိကန် ပိတ်ဆို့မှုချမှတ်
မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ဆက်ဆံမှုရှိနေတဲ့အတွက် မြန်မာကုမ္ပဏီ ၃ ခုနဲ့ စစ်တပ်အရာရှိ တစ်ယောက်ကို အမေရိကန်က ပစ်မှတ်ထား အရေးယူလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံနဲ့ လက်နက် အရောင်းအဝယ် လုပ်တဲ့အတွက် Asia Metal Company Ltd., စိုးမင်းထိုက် Co. Ltd., နဲ့ Excellence Mineral Manufacturing Co. Ltd. တို့ကို အမေရိကန် ဘဏ္ဍာရေးဌာနက အရေးယူ ပိတ်ဆို့လိုက်တယ်လို့ အင်္ဂါနေ့ မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှားနှင့်ပွဲ မတိုင်မီ အစည်းအဝေး၌ ပတ်ဆောင်ဟွာက အင်ဒိုနီးရှားကို ရှုံးနိမ့်၍ မရဟု ပြောကြားခဲ့ကြောင်း မြန်မာအသင်းအုပ်ချုပ်သူ ဦးစိုးမိုး ပြောကြား
မြန်မာယူ-၂၃ အသင်း၏ အုပ်ချုပ်သူ ဦးစိုးမိုးက တောင်ကိုရီးယားလူမျိုး
ပတ်ဆောင်ဟွာ အနေဖြင့် အုပ်စုအဆင့်၌ Head to Head စည်းမျဉ်းဖြင့်
ဆုံးဖြတ်မည်ကို မသိရှိခဲ့ဟု ပြောကြားခြင်းမှာ မှန်ကန်မှုမရှိဘဲ
ယင်းပွဲမတိုင်မီ ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ၎င်းကိုယ်တိုင်က အင်ဒိုနီးရှားကို
ရှုံးနိမ့်၍မရကြောင်း သတိပေးခဲ့သည်ဟု ပြောကြားသည်။
တပ်သားသစ် ကောက်ယူမှုအား ရှုပ်ချ ဆန္ဒပြရန် သျှမ်းအသိုင်းအဝိုင်း စီစဉ်
ကချင်ပြည်နယ်
မန်စီမြို့နယ်အတွင်း သျှမ်းရွာသားများ တပ်သားသစ် စုဆောင်းခြင်း ခံရမှုအား
ရှုပ်ချသည့် အနေဖြင့် ဆန္ဒပြရန် သျှမ်းလူမှုအသိုင်းအဝိုင်းက စီစဉ်နေကြောင်း
တိုင်းလိုင် သျှမ်းနီအမျိုးသားများ ဖွံ့ဖြိုးတိုး တက်ရေးပါတီက ပြောပါသည်။
သျှမ်းပါတီ ပူးပေါင်းရေး ကမ်းလှမ်းမှု တလပြည့်သော်လည်း တိုးတက်မှု မရှိသေး
ပူးပေါင်းရေးအတွက်
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD က
သျှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီ SNDP ထံ ကမ်းလှမ်းထားမှု
တလပြည့်ပြီဖြစ်သော်လည်း တိုးတက်မှု မရှိသေး ကြောင်း နှစ် ပါတီလုံးက
ပြောပါသည်။
Subscribe to:
Posts (Atom)