ပြီးခဲ့တဲ့ ဧပြီလအတွင်းက တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ တို့အကြား တိုက် ပွဲတွေ
ပြန်လည်ဖြစ်ပွားခဲ့မှု၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲများခပ်စိပ်စပ်ဖြစ်ပေါ်လာ မှုတွေကြောင့် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား တည်ဆောက်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ် အပေါ် စိုးရိမ်ပူပန်မှုတွေ
ပေါ်ပေါက်ခဲ့ရပါတယ်။ တိုက်ပွဲတွေ ဘာကြောင့် ပြန်လည်ဖြစ်ပွားခဲ့တယ်။
ပြည် တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
ပြင်ဆင်ရေးနှင့် ပတ်သက်လို့ တပ်မတော် ရဲ့ သဘောထားရပ်တည်ချက် ၂၀၁၅
အလွန်မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အနေ အထား တွေ နဲ့ ပတ် သက် လို့
ဒီမိုကရေစီတူဒေးက ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးကို
ဧပြီလ နောက် ဆုံးပတ်က ဆက်သွယ်မေးမြန်းခဲ့ရာမှာ မေလတွင် အောက်ပါ အတိုင်း
ပြန် လည် ဖြေကြားခဲ့ပါတယ်။
Monday, May 5, 2014
အမေရိကန်-တရုတ်-KIA နှင့် မြန်မာပြည်ငြိမ်းချမ်းရေးခရီးရှည်
မြန်မာနိုင်ငံအတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်နေကြတာ မကြာခင်မှာ အောင်မြင်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးမကြာမီမှာပဲ KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်ဟာ အမေရိကန်ပြည်ထောင်စုကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ယခင်က အားလုံးနားလည်ထားခဲ့ကြတာ KIA အနေနဲ့ နှစ်ပေါင်းများစွာ ရပ်တည်နေနိုင်ခြင်းဟာ တရုတ်နိုင်ငံရဲ့အထောက်အပံ့ ကူညီမှုတွေနဲ့ ဖြစ်တယ်ဆိုတာပါ။ အခုလို မထင်မှတ်ဘဲ တရုတ်နိုင်ငံရဲ့ သဘောတူညီချက်မရှိဘဲ အမေရိကန်နိုင်ငံကို ဗိုလ်ချုပ်ဂွမ်မော် သွားရောက်ခဲ့ခြင်းဟာ အားလုံးကို အံသြတသင့်ဖြစ်စေခဲ့ပါတယ်။
ခရီးသည်များက အငှားယာဉ်မောင်းထံမှ ငွေနှင့်ဖုန်းကို လုယက်မှုဖြစ်
၃.၅.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန် ကမာရွတ်မြို့နယ်နေ အငှားယာဉ်မောင်းဖြစ်သူ ဦးခိုင်ဇော်ဦးမှ ၎င်းသည် ၇က/--- ကိုရိုလာ အစိမ်းရောင်အငှားယာဉ်အား ဒဂုံမြို့နယ်၊ ပြည်လမ်းအတိုင်းမောင်းနှင်လာရာ စိန်ဂေဟာရှေ့ အရောက်တွင် အသက် (၂၅)နှစ် ခန့်ရှိ လူငယ်တစ်ဦးအပါအ၀င် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂)ဦးတို့မှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်၊ (၇/၈)လမ်းဆုံသို့ ငွေကျပ် (၆၀၀၀)ဖြင့် ငှားရမ်းခဲ့သဖြင့် လိုက်ပါပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ပို့ဆောင်ခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ နယ်၊ ပင်လုံလမ်းအတိုင်း ယာဉ်အားမောင်းနှင်လာစဉ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးလမ်းဆုံ မီးပွိုင့်အရောက် (၇/ ၈)လမ်းဆုံဘက်သို့မချိုးကွေ့စေဘဲ မီးပွိုင့် အား ဖြတ်သန်းမောင်းနှင်စေခဲ့ပြီး မီးပွိုင့်အလွန်အရောက် ယာဉ်ကိုရပ်တန့်ခိုင်းခဲ့ကြောင်း ၊ ယာဉ်အားရပ်ပေးစဉ် အမျိုးသမီး(၂)ဦး မှာဆင်းသွားခဲ့ ပြီး ယာဉ်ပေါ်တွင်ကျန်ရှိ သည့် အမျိုးသား(၃)ဦးအနက်(၂)ဦးမှ ၎င်းအား ချုပ်နှောင်ကာ ကျန်(၁)ဦးမှဘောင်းဘီ အိတ်ကပ်အတွင်းရှိငွေကျပ် (၂၃၇၀၀၀)နှင့် SIM ကတ်ပါ HUAWEI G-730 အမျိုးအစား လက်ကိုင်ဖုန်း(၁)လုံးတို့အားလုယူ ထွက်ပြေးသွားခဲ့ကြောင်းနှင့် ထိုသို့ကျူးလွန်ခဲ့ကြသူ အမျိုးသား(၃)ဦးအား အရေးယူပေးရန်တိုင်တန်းလာခဲ့ကြောင်း သိရှိရပါသည်။
တိုင်တန်းချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့ မရဲစခန်း (ပ)၂၃၄/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၈၂ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ အမျိုးသား (၃)ဦးကို ဖမ်းဆီးရမိရေး စုံစမ်းဖေါ်ထုတ်လျှက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
တိုင်တန်းချက်အရ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို
Yangon Police
ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသော လူတစ်စုက အနုကြမ်းစီး၍ ရွာသူကြီးမိသားစု သုံးဦးသေ၊ ရွာသားကိုးဦးဒဏ်ရာရ
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် မှ ခိုးဝင်လာသော လက်နက်ကိုင်လူတစ်စုက မောင်တောမြို့နယ်ရှိ သင်္ဘောကွေ့ ဘင်္ဂါလီရွာကို ၀င်ရောက် အနုကြမ်းစီးခဲ့ပြီး ရွာသူကြီးမိသားစုကိုသတ်ဖြတ်ကာ ရွာသားကိုးဦးမှာလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း အမှတ်(၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ သ တင်းရရှိသည်။မေလ ၃ ရက် နံနက် ၂ နာ ရီခန့်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရှိ နတ်မြစ်ကို အင်အား ၃၀ ခန့်ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ စက်လှေဖြင့် ခိုးဝင် လာခဲ့ပြီး ရွာသူကြီးနှင့် မိသားစု ၀င်နှစ်ဦးကို ဓားဖြင့် ခုတ်သတ် သွားခဲ့ကြောင်း၊ အမည်မဖော်လိုသည့် အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ပြန်လည်ခုခံသည့် ရွာသားကိုးဦးကိုလည်း ဓား၊ လှံတို့ဖြင့် ခုတ်ခဲ့ကြောင်းဆိုသည်။‘‘ဓားပြတိုက်တာလို့လည်း ကြားတယ်။ ရန်ငြိုးရန်စကြောင့် လာသတ် တာလို့လည်း ကြားနေရတယ်။ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေရောက်သွားတော့ တစ်ယောက်မှ မရှိတော့ဘူး။ ဘင်္ဂလားဒေ့ရှ်ဘက် စက်လှေနဲ့ ပြန်ထွက်ပြေးသွားတယ်လို့ သိရတယ်။ ဖြစ်စဉ်ကိုစုံစမ်းနေတုန်းပဲရှိသေးတယ် ’’ဟု အဆိုပါ ရဲအရာရှိကပြောသည်။ အဆိုပါရွာမှာ နတ်မြစ်သာခြားလျက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ထိစပ်နေပြီး ညအချိန် ခိုးဝင်၍ လုယက်မှုများ ရံဖန်ရံခါ ဖြစ်လေ့ရှိကြောင်း သတင်းရရှိသည်။ စက်လှေဖြင့် လာပါက နာရီဝက်ခန့်သာကြာပြီး ယခုဖြစ်စဉ်မှာမူ အလွန်ဆိုးရွားကြောင်း လုံခြုံရေးစောင့်ကြပ်နေ သည့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။လူသုံးဦး အသတ်ခံရကာ ကိုးဦးဒဏ်ရာရခဲ့သည့်ဖြစ်စဉ်ကို ပြည်ထဲရေးဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းကိုယ်တိုင် မေ ၃ ရက် နေ့လယ်က သွားရောက်စစ်ဆေးခဲ့ပြီး နယ်မြေခံစစ်တပ်နှင့် နယ် ခြားစောင့် တပ် အင်အားပါ တိုးမြှင့်ထားကြောင်း သတင်းရရှိသည်။မေလအတွင်း ပြုလုပ်မည်ဖြစ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ရေးရာဆွေးနွေး ပွဲတွင် သင်္ဘောကွေ့ရွာဖြစ်စဉ်၌ပြစ် မှုကျူးလွန်သူများကို ဖမ်းဆီးအ ရေးယူပေးရန် မြန်မာအစိုးရတာ ၀န်ရှိသူ များက ဘင်္ဂလားဒေ့ရှ်အ စိုးရထံ တောင်းဆိုသွားမည်ဖြစ် ကြောင်းလည်း သတင်းရရှိသည်။
7Day News Journal
7Day News Journal
လသာမှတ်တိုင်တွင် ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်ပြီး ယာဉ်သုံးစီးကို ဆင့်တိုက်၊ ကားစောင့်နေသူ အမျိုးသမီး သေဆုံး
လသာမြို့နယ်၊ အနော်ရထာလမ်းနှင့် ၂၄ လမ်းထိပ်ရှိ လသာမှတ်တိုင်တွင် မေလ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဆူးလေဘက်မှ လမ်းမတော်ဘက်သို့ မောင်းနှင်လာသော မထသ ၆၂ ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ယာဉ်သုံးစီးကို ဆင့်တိုက်မိပြီး လမ်းဘေးတွင် ကားစောင့်နေသူ အသက် ၅၁ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့ကြောင်း လသာမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂၂) ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ အရွယ် ဦးစိုးထိုက်ဦး (ခ) မောင်ဝင်း မောင်းနှင်လာသော ဖူဆိုအမျိုးအစား မထသ (၆၂) ခရီးသည်တင် ယာဉ်မှာ လသာမှတ်တိုင် အနီးတွင် ဘရိတ်ပေါက်ကာ ယာဉ်ရှေ့၌ ခရီးသည် အတင်အချ ပြုနေသော (၁၅၇) ခရီးသည်တင်ယာဉ်နှင့် လမ်းဘေးတွင် ရပ်ထားသည့် ပရိုဘောက် ယာဉ်နှစ်စီးကို ဝင်တိုက်မိခဲ့ကြောင်း၊ ယင်းနောက် ကြည့်မြင်တိုင် မြို့နယ်သို့ ပြန်ရန် ဘတ်စ်ကား စောင့်နေသူ ဒေါ်ခင်သန်းကို ယာဉ်၏ ရှေ့ဘီးဖြင့် ကြိတ်မိခဲ့ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
“မှတ်တိုင်ကို အရှိန်နဲ့ ဝင်လာချိန် ဘရိတ်ပေါက်ပြီး ရှေ့က ကားသုံးစီးကို ပွတ်တိုက်မိလို့ စီတီယာရင်တိုင်ကို လမ်းဘေးဆွဲချတာ ကားစောင့်နေတဲ့ အမျိုးသမီးကို ရှေ့ဘက်မှန်နဲ့ ဖြတ်တိုက်မိသွားတယ်။ အမျိုးသမီး လဲကျသွားချိန် ခြေထောက်ကို ဘီးနဲ့ ကြိတ်မိသွားတာကြောင့် ဆေးရုံ အမြန်ပို့ပေမယ့် အသက်မမီလိုက်ဘူး” ဟု ယာဉ်တိုက်မှုကို သွားရောက် စစ်ဆေးခဲ့သော လသာမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ အရာရှိတစ်ဦးက ရှင်းပြသည်။
“မှတ်တိုင်ကို အရှိန်နဲ့ ဝင်လာချိန် ဘရိတ်ပေါက်ပြီး ရှေ့က ကားသုံးစီးကို ပွတ်တိုက်မိလို့ စီတီယာရင်တိုင်ကို လမ်းဘေးဆွဲချတာ ကားစောင့်နေတဲ့ အမျိုးသမီးကို ရှေ့ဘက်မှန်နဲ့ ဖြတ်တိုက်မိသွားတယ်။ အမျိုးသမီး လဲကျသွားချိန် ခြေထောက်ကို ဘီးနဲ့ ကြိတ်မိသွားတာကြောင့် ဆေးရုံ အမြန်ပို့ပေမယ့် အသက်မမီလိုက်ဘူး” ဟု ယာဉ်တိုက်မှုကို သွားရောက် စစ်ဆေးခဲ့သော လသာမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့မှ အရာရှိတစ်ဦးက ရှင်းပြသည်။
ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ် ၁၀ ခု နီးပါး လာမည့် ပညာသင်နှစ်တွင် ပေါင်းစည်း ဖွင့်လှစ်မည်
တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့မှ ကျောင်းသားဦးရေ နည်းပါးသော ကွန်ပျူတာ တက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် ၁၀ ခု နီးပါးကို ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျောင်းအဆောက်အအုံ ပေါင်းစည်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက The Voice သို့ ပြောကြားသည်။
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ ယင်းတက္ကသိုလ်များကို အဆောက်အအုံ ပေါင်းပြီး လစ်လပ်သွားသော နေရာများ တွင် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ ယင်းတက္ကသိုလ်များကို အဆောက်အအုံ ပေါင်းပြီး လစ်လပ်သွားသော နေရာများ တွင် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်းများ ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက The Voice သို့ ပြောကြားသည်။
မိမိ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်ရေး အတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် မောင်တို့ မယ်တို့ အားလုံးပါဝင်ဖော်ဆောင်
ယနေ့ အချိန်အခါတွင် နိုင်ငံတော် ကြီးသည် စည်းကမ်း ရှိသည့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံကို လျှောက်လှမ်း တည်ဆောက်နေပြီ ဖြစ်ကြောင်း၊ စည်းကမ်း ရှိမှု၊ တာဝန် သိမှု၊ တာဝန်ယူမှု၊ တရား ဥပဒေ လေးစား လိုက်နာမှုများသည် ဒီမိုကရေစီ လျှောက်လှမ်းရာတွင် မဖြစ်မနေ ဖော်ဆောင်ရမည့် လိုအပ်ချက် ဖြစ်ကြောင်း၊ တစ်ဆက်တည်း မှာပင် ဖွံ့ဖြိုး တိုးတက်အောင် ကြိုးစား လုပ်ဆောင် ကြရမှာ ဖြစ်ကြောင်း၊မိမိတို့ နိုင်ငံသည် တိုင်းရင်းသား လူမျိုး ပေါင်းစုံ စုစည်း ညီညွတ်စွာ အတူတကွ နေထိုင်ကြသည့် ပြည်ထောင်စု နိုင်ငံကြီး ဖြစ်ကြောင်း၊ အားလုံးသည် ညီရင်း အစ်ကိုပမာ ဥမကွဲ သိုက် မပျက်နှင့် မိမိနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး၊ ကမ္ဘာနှင့် ရင်ပေါင် တန်းနိုင်ရေးအတွက် စစ်မှန်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် မောင်တို့ မယ်တို့အားလုံး ပါဝင် ဖော်ဆောင်လုပ်ကိုင် သွားကြရမှာ ဖြစ်ကြောင်း။
လိုင်စင်မရှိဘဲ ယာဉ်တိုက်မှု ဖြစ်ပါက ရာသက်ပန် လိုင်စင် ပိတ်သိမ်းမည်
မော်တော်ယာဉ် မတော်တဆမှု ဖြစ်သော ယာဉ်မောင်း အများစုမှာ တရားရုံး၌ ထွက်ဆိုရာတွင် လိုင်စင်မရှိဟုသာ ထွက်ဆိုမှု ပြုကြ၍ လိုင်စင်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်အပြင် ရာသက်ပန် လိုင်စင် ပိတ်သိမ်း အရေးယူမည် ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) ထံမှ သိရသည်။ယာဉ်မတော်တဆမှု များပြားခြင်းကြောင့် ကညနက မတ်လ ၃၁ ရက်နေ့မှ စတင်၍ ဥပဒေအသစ်များ ထပ်မံထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း အဆိုပါဌာနမှ အကြီးတန်း အရာရှိတစ်ဦး က ပြောကြားသည်။“၂၀၁၀ တုန်းက ဥပဒေကို အခုမှ ပြန်ပြင်လိုက်တာပါ။ ကျွန်တော်တို့က လိုင်စင်ပိုင်းပဲ လုပ်မှာ ပါ။ ထောင်ဒဏ်တွေ ဘာတွေကတော့ ပြစ်မှုဆိုင်ရာ ဥပဒေအရ တရားရုံးပိုင်းနဲ့ ဆိုင်တာပါ” ဟု ၎င်းကပြောဆိုသည်။
ယခုနောက်ပိုင်းတွင် ယာဉ်တိုက်မှု အများစုမှာ တရားရုံးအထိ ရောက်ရှိသူ နည်းပါးနေပြီး ထွက်ပြေးတိမ်းရှောင်သူ ပိုမို များပြားကြောင်း ၎င်းကဆိုသည်။“ကျွန်တော်တို့လည်း ယာဉ်မောင်းနေတာပါပဲ။ ဒါပေမဲ့ အခုနောက်ပိုင်း ယာဉ်တိုက်မှုဖြစ်ပြီ ဆိုတာနဲ့ ထွက်ပြေး တိမ်းရှောင်သွားတယ် ဆိုတာပဲ တွေ့နေ ကြားနေရပါတယ်။ ဒီလို မဖြစ်သင့်ပါဘူး။ ဥပဒေ ထုတ်ပြီးရင် ကြပ်မတ် လုပ်ဆောင်မှလည်း ထိရောက်မှု ရှိမှာပါ။ ဥပဒေထုတ်ပြီး ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ အသက် ၃၀ အရွယ် ယာဉ်မောင်း အမျိုးသားက ပြောဆိုသည်။၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ယာဉ်တိုက်မှု ၅၅ ဒသမ ၄၃ ရာခိုင်နှုန်း ရှိပြီး ၃၄ ဒသမ ၀၈ ရာခိုင်နှုန်းခန့်သည် စုံစမ်းစစ်ဆေးဆဲ ဖြစ်၍ ကျန် ၂၁ ဒသမ ၃၅ ရာခိုင်နှုန်းမှာ ပြီးပြတ်ပြီး အမှုများ ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ယခုနောက်ပိုင်းတွင် ယာဉ်တိုက်မှု အများစုမှာ တရားရုံးအထိ ရောက်ရှိသူ နည်းပါးနေပြီး ထွက်ပြေးတိမ်းရှောင်သူ ပိုမို များပြားကြောင်း ၎င်းကဆိုသည်။“ကျွန်တော်တို့လည်း ယာဉ်မောင်းနေတာပါပဲ။ ဒါပေမဲ့ အခုနောက်ပိုင်း ယာဉ်တိုက်မှုဖြစ်ပြီ ဆိုတာနဲ့ ထွက်ပြေး တိမ်းရှောင်သွားတယ် ဆိုတာပဲ တွေ့နေ ကြားနေရပါတယ်။ ဒီလို မဖြစ်သင့်ပါဘူး။ ဥပဒေ ထုတ်ပြီးရင် ကြပ်မတ် လုပ်ဆောင်မှလည်း ထိရောက်မှု ရှိမှာပါ။ ဥပဒေထုတ်ပြီး ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ အသက် ၃၀ အရွယ် ယာဉ်မောင်း အမျိုးသားက ပြောဆိုသည်။၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာအရ ယာဉ်တိုက်မှု ၅၅ ဒသမ ၄၃ ရာခိုင်နှုန်း ရှိပြီး ၃၄ ဒသမ ၀၈ ရာခိုင်နှုန်းခန့်သည် စုံစမ်းစစ်ဆေးဆဲ ဖြစ်၍ ကျန် ၂၁ ဒသမ ၃၅ ရာခိုင်နှုန်းမှာ ပြီးပြတ်ပြီး အမှုများ ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
The Voice Weekly
တောင်ကိုရီးယားကူးတို့သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၂၄၂ ဦးရှိလာ
ပြီးခဲ့သည့် သီတင်းသုံးပတ်က နစ်မြုပ်သွားခဲ့သည့် တောင်ကိုရီးယားကူးတို
့သင်္ဘော ဆူဝိုးလ်အတွင်းရှိ ခရီးသည်အခန်းများအတွင်း ဝင်ရောက်နိုင်ရန် ရေငုပ်သမားများမှာ တနင်္ဂနွေနေ့တွင် လည်း ကြိုးပမ်း
ခဲ့ကြပြီး သေဆုံးကြောင်း အတည်ပြုနိုင်သည့် လူဦးရေမှာ ၂၄၂ ဦးအထိ ရှိလာပြီဖြစ် သည်။
တနင်္ဂနွေနံနက်တွင် နောက် ထပ် အလောင်းခြောက်လောင်း တွေ့ခဲ့ရပြီး သင်္ဘောတွင် ပါသွားသောသူများမှ ရှာမတွေ့သေးသည့်သူ အရေအတွက်မှာ ၆၀ ခန့် ကျန်ရှိနေသေးသည်။
ပဲကုမ္ပဏီတစ်ခု ငွေကြေးပြဿနာတက်၍ တာဝန်ရှိသူများကို အကူအညီတောင်း
ပဲကုမ္ပဏီတစ်ခုက ပြည် တွင်း၊ ပြည်ပကုမ္ပဏီများနှင့် ကြို ပွိုင့်စနစ်ဖြင့် အရောင်းအ၀ယ် ပြုလုပ် ထား ပြီး ဈေးနှုန်း များ မြင့် တက်သွားသဖြင့် မဖြေရှင်းနိုင် တော့သောကြောင့် ပဲအသင်း နှင့် တာဝန်ရှိသူ များ ဖြေ ရှင်းပေးရန် အကူအညီတောင်းထားကြောင်း သတင်းရရှိသည်။
မလေးမှာ မြန်မာအလုပ်သမား ၄၀ ကျော် အဖမ်းခံရ
တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေ ရှင်းလင်းဖို့ ပြီးခဲ့တဲ့လပိုင်း ကစပြီး မလေးရှားအစိုးရက စီမံချက်ချ ဆောင်ရွက်လာရာမှာ စနေနေ့ ညဥ့်နက်ပိုင်း အချိန် ကွာလာလမ်ပူမြို့ဆင်ခြေဖုန်းက စားသောက် ဆိုင်တန်းမှာ ၀င်ရောက် ဖမ်းဆီးမှုတွေရှိခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား(၄၀)ကျော် အဖမ်းခံ လိုက်ရပါ တယ်။ အကြောင်းစုံကို ကိုဥာဏ်ဝင်းအောင်က တင်ပြပါမယ်။
ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ရန်ကုန် - မန္တလေး အမြန်လမ်းတွင် အမြန်နှုန်း တိုင်းတာရေးစက် အလုံး ၂၀ ထပ်မံတပ်ဆင်
သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင်သော မော်တော်ယာဉ်များကို ယာဉ်အန္တရာယ် ကင်းရှင်း စေရေး အတွက် ယာဉ်အမြန်နှုန်း တိုင်းတာရေး စက်များဖြင့် စောင့်ကြည့်မှုမှာ ထိရောက်သဖြင့် ရန်ကုန် - မန္တလေး အမြန် လမ်းမ ပေါ်တွင် မြန်နှုန်း တိုင်းတာရေး စက် အလုံး ၂၀ ကို ထပ်မံ တပ်ဆင် ဆောင်ရွက် နေကြောင်း ရန်ကုန် - မန္တလေး အမြန်လမ်းမ ရှိ ရဲတပ်ဖွဲ့မှ သိရသည်။
Subscribe to:
Posts (Atom)